← Chapters

လုံလောက်သော ရိတ်သိမ်းမှု။

Vol. 42 Ch. 578

လုံလောက်သော ရိတ်သိမ်းမှု။

Vol. 42 Ch. 578

အက်ကွဲ ကြောင်းကို ကျော်ဖြတ်ကာ မီတာ ရာဂဏန်း အကွာသို့၊ တိုးကပ် လျှောက်လှမ်း လာခဲ့သည်။

ပလ္လင် အလယ် ဗဟိုတွင် ကျောက်ရည် ပူများ ကဲ့သို့၊ ရွှေရောင် အရည်များ ပွက်ပွက် ဆူ နေ ပြီးနောက်၊ နတ် ဘုရား ရူရ် များ၏ စွမ်းအင်မှာ၊ ရွှေရောင် အခိုး အငွေ့များ အဖြစ် ပြောင်းလဲ သွားသည်။

သူ၏ ဓားအရှိန် အဝါမှာ ထိုရွှေရောင် စွမ်းအင် ဖိအားကို ချိုးဖျက် နိုင်သော် လည်း၊ ရုပ်ခန္ဓာက ယင်းကို မကိုင်တွယ် နိုင်ပေ။

ထို့ကြောင့် မီတာ သုံးရာ အကွာ တွင်သာ ရပ်လျက်၊ မျက်မှောင် ကြုတ်ကာ လှမ်းကြည့် မိသည်။ နတ်ဘုရား ရူရ် ထံမှ ဖိအား များမှာ၊ သူ မျှော်လင့် ထားသည်ထက်၊ ကျော်လွန် နေ၏။

အခြား တစ်ဖက်တွင် နောက်ထပ် အကျိုး ကျေးဇူးများ ထပ်မံ ရရှိရန် နည်းလမ်း မရှိဟု ထင်လာ မိသည်။

နတ်ဘုရား ရူရ်၏ စွမ်းရည်ကို အပြည့် အဝ မရိတ်သိမ်း နိုင်သေး သော်လည်း၊ ကျင့်ကြံမှု နည်းစနစ်တွင် အောင်မြင်မှု ရယူ နိုင်ခဲ့သည်။

ဓားသုတ္တန်တွင် အောင်မြင် မှုများ ရရှိ ခဲ့ပြီး ဖြစ်သောကြောင့်၊ နောက်ထပ် စွန့်စားရန် မလို အပ်တော့ချေ။

ဆုတ်ခွာ ရန်မှ တပါး ရွေးချယ် စရာ မရှိ ကြောင်း၊ သူ သိသည်။ သို့သော် ထိုအချိန်တွင် ဒရာကိုဖီ ခန္ဓာ ကိုယ်မှ၊ သားရဲ ဟောက်သံများ ပဲ့တင်ထပ် လာကာ၊ အလိုလို အသက်ဝင် လာ၏။

ခရမ်းရောင် အလင်းများ လွှမ်းခြုံ လာပြီး၊ ပတ်ဝန်း ကျင်ရှိ ရွှေရောင် အခိုး အငွေ့ များဖြင့်၊ ရောနှော သွားသည်။

ထိုအချိန်တွင် သူ့ခန္ဓာ ကိုယ်က ရွှေရောင် အခိုး အငွေ့ များကို လောဘ ကြီးစွာ မျိုချ ပစ် လိုက်၏။

ခရမ်းရောင်နှင့် ရွှေရောင် စွမ်းအင်များ သူ့ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ လာပြီး၊ အရေ ပြားကို စတင် ပြောင်းလဲ လာစေ သည်။

တစ်ချိန်တည်း မှာပင်၊ ရှေးဟောင်း အရှိန် အဝါ အချို့ ပျံ့နှံ့ လာပြီး၊ နိုးကြား လာသော ရှေးဟောင်း နဂါး တစ်ကောင် ကဲ့သို့၊ ခံစား လိုက်ရ၏။

ဤတစ်ကြိမ် အသွင် ပြောင်းခြင်း အောက်တွင် ရုပ်ခန္ဓာ၌၊ ကြီးမားသော ပြောင်းလဲ မှုများ ကြုံတွေ့ လာ၏။

ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်သော ဒရာကိုဖီ နည်းစနစ်မှာ၊ နောက် တစ်ဆင့် တက် လှမ်းရန်၊ အရိပ် အယောင် ပြသ နေသည်။

“ ဒါက …”

နှလုံးသား ထဲရှိ ပျော်ရွှင် မှုကို မျိုသိပ် လိုက်ပြီး၊ တဖြည်းဖြည်း ငြိမ်သက် သွား၏။

ဒရာကိုဖီ နည်းစနစ်မှာ ဆုံးခန်းတိုင် သွားပြီ ဖြစ်သော်လည်း၊ ၎င်း အထက်တွင် အခြား အဆင့် တစ်ဆင့်၊ အမှန် တကယ် ရှိနေခဲ့ ပုံ ရသည်။

အထွတ် အထိပ် ဆဋ္ဌမ အဆင့် အထိ ကျင့်ကြံရန်၊ ကောင်းကင် ဝိညာဉ် နယ်မြေ သားရဲ အမြုတေကို အသုံးပြု ခဲ့ရ ခြင်းကြောင့် လိုအပ် ချက်မှာ အံ့မခန်း ပေပင်။

ရလာဒ် အနေဖြင့် လက်သီး တစ်ချက်တွင်၊ အိုးနှစ်ဆယ် ခွန်အားကို ထုတ်လွှတ် နိုင်ခဲ့သည်။ အခြား အဆင့် ရှိနိုင် ဦးမည်ဟု၊ တစ်ကြိမ်ပင် မတွေး မိခဲ့ပေ။

အချက် အလက်များ အပေါ်၊ ပြန်လည် သုံးသပ် လိုက် ချိန်တွင်၊ မဖြစ်နိုင်ဟု မဆို နိုင်ကြောင်း တွေးမိ လာ၏။

ကျင့်ကြံမှု နည်းစနစ် များစွာမှာ မပြည့်စုံ လှဘဲ၊ သခင့်ဓား ကဲ့သို့သော ချို့ယွင်း ချက်များ ရှိနေ ကြသည်။

ဒဏ္ဍာရီ အရ သခင့်ဓားတွင်၊ ဓားကိုး ချက်သာ မဟုတ်ချေ။ ၎င်းနှင့် အတူ၊ လိုက်ဘက် ညီသော ဓားသုတ္တန် တစ်ရပ်ပင် ပါရှိ နေသေး သည်။ သို့သော် ဒဏ္ဍာရီမှာ ဒဏ္ဍာရီသာ ဖြစ် ပေ၏။

ထို့ကြောင့် ဤခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်တွင်၊ အခြားသော အဆင့် တစ်ခု ရှိနေ သည်မှာ ဖြစ်နိုင် ပေမည်။

ဒရာကိုဖီ ခန္ဓာ ကိုယ်မှာ၊ ရှေးဟောင်း သားရဲ ဖြစ်ပြီး၊ နတ်ဘုရား ရူရ် သည်လည်း၊ ကမ္ဘာဦး ခေတ်နှင့် သက်ဆိုင် ၏။

ထို့ကြောင့် နတ်ဘုရား ရူရ်မှ မီး စွမ်းအင်မှာ၊ ဒရာကိုဖီ ခန္ဓာကိုယ်၏ စစ်မှန်သော အလား အလာကို တွန်းထုတ် လာခဲ့သည်။

လက်ရှိ အသွင် ကူးပြောင်း မှုမှာ၊ သူ၏ ထိန်းချုပ်မှု အောက်တွင် မရှိ တော့ချေ။ အသွင် ကူးပြောင်း ပြီးနောက်၊ မီတာ သုံးရာ အကွာမှ ပလ္လင်ကို လှမ်းကြည့်ပြီး၊ မျက်လုံးများ မှေးကျဉ်း သွားသည်။

များမကြာမီ ပလ္လင် အနီးသို့ ချဉ်းကပ် နိုင်ခဲ့၏။ ဆုံးဖြတ်ချက် တစ်ခု ချပြီး၊ ရွှေရောင် ရေဝဲ အတွင်း လှမ်းဝင် လိုက်သည်။

အကန့် အသတ် မရှိသော မီးတောက် များ စီးဝင် လာ သဖြင့်၊ ခရမ်းရောင် အလင်း များနှင့် အတူ၊ သားရဲ ဟောက်သံ တစ်သံ၊ ထွက်ပေါ် လာသည်။

မီတောက်များ ပို၍ အားကောင်း လာသည်နှင့် အမျှ၊ ဒရာကိုဖီ အရှိန် အဝါမှာ ပို၍ အားကောင်း လာခဲ့သည်။

“ ငါ ခံနိုင်ရည် ရှိ လာပြီ။ ”

လင်းယွန်က ဝမ်းမြောက် သွားသည်။ သူ့ခန္ဓာ ကိုယ်မှာ အရည်ပျော် သွားခြင်း မရှိ သောကြောင့်၊ မှန်ကန်သော လောင်းကြေး ဖြစ်လာ ခဲ့၏။

မဆိုင်း မတွဘဲ ပလ္လင် ဆီသို့ ဆက်လက် ဦးတည် သွားမိသည်။ ခဏ အကြာတွင် မီတာ သုံးဆယ် အကွာ ထိတိုင်၊ တိုးကပ် နိုင်ခဲ့၏။

အဆုံး၌ ပုရပိုက်မှာ လက် တစ်ကမ်း အကွာ၌ ရှိလာပြီ ဖြစ်သည်။ သို့သော် ၎င်းကို မော့ကြည့် လိုက်သော အခါ တွင်၊ တောင်ကြီး တစ်လုံးအား ကြည့်နေရ သကဲ့သို့၊ ခံစား လာရ၏။

ပုရပိုက် ပေါ်ရှိ ရူရ် များကို၊ မရေတွက် နိုင်သော အဖျက် စွမ်းအား ပြင်းသည့် ရူရ် များ ဖြင့်၊ ဖွဲ့စည်း ထားကာ၊ အဆုံး မရှိ တွင်းနက်ကြီး တစ်တွင်း နှင့် တူပေသည်။

“ သူတို့ကို ဘယ်လိုလုပ် ...၊ ငါ မှတ်မိ နိုင် မှာလဲ။ ”

ဦးခေါင်း တစ်ခုလုံး နာကျင် ကိုက်ခဲ လာသည်။ အကယ် ဒမီကို တည်ထောင် သူ အနေဖြင့်၊ ဤမပြည့် စုံသော နတ်ဘုရား ရူရ် များ အပေါ်၊ နားမလည် နိုင်ခဲ့ သည်မှာ၊ အံ့သြ စရာ မရှိချေ။

ဝိညာဉ် ရေးရာ ရူရ် များနှင့် နှိုင်းယှဉ် ပါက၊ များစွာ ရှုပ်ထွေး လှပေသည်။

ထို့ကြောင့် သူ၏ လက်ရှိ ကျင့်ကြံ မှုဖြင့်၊ နတ်ဘုရား ရူရ်များကို နားလည်ရန် မဖြစ် နိုင်ကြောင်း သိလိုက် ရသည်။

သို့သော် သည်နေရာ အထိ ရောက်ရှိရန်၊ သူ့ အတွက် များစွာ ခက်ခဲ ခဲ့သည်။ လက်လျှော့ လိုက်ပါက၊ နှမျော စရာ ကောင်းပေမည်။

ခဏ အကြာတွင် လင်းယွန်၏ မျက်လုံးများ တောက်ပ လာ၏။ နားမလည် နိုင်သောကြောင့်၊ အတင်း အကြပ် ဖမ်းဆုပ် ရန်၊ စိတ်ကူး မိသည်။

ခန့်မှန်းချက် အရ တစ်စုံ တစ်ရာကို၊ ကောက်ယူ နိုင်မည်ဟု ထင်၏။ ထို ပမာဏမှာ သစ်ပင်ကြီး တစ်ပင်မှ၊ သစ်ရွက် တစ်ရွက်ကို ဖယ်ထုတ်လိုက် သကဲ့သို့ ပေပင်။

ယင်းကြောင့် မပြည့် စုံသော နတ်ဘုရား ရူရ်၏ လက်ရှိ အခြေ အနေကို ထိခိုက်မည် မဟုတ် သော်လည်း၊ သူ့ အတွက် ကြီးမားသော အသွင် ပြောင်းမှု ဖြစ်လာ နိုင်သည်။

ဓားသုတ္တန်ကို ကန့်သတ်ချက် အထိ ဖြန့်ကျက် ပြီး၊ သူ့ဓား ရည်ရွယ်ချက်အား၊ လွှတ်ထုတ် လိုက်သည်။

ထို့နောက်တွင် မျက်လုံးများ မှေးစင်းလျက်၊ လက်ချောင်း များကို တောက်ထုတ်ကာ၊ ငွေရောင် အလင်း များဖြင့် ပစ်လွှတ် မိ၏။

ပလ္လင်နှင့် ဆယ်မီတာ အကွာသို့ အရောက်တွင်၊ ဓား ရောင်ခြည်များ ပြန်ကန် ထွက်လာ သည်။

ဒဏ်ပြန် မှုကြောင့် သူ့ နှုတ်ခမ်းမှ သွေးများ စိမ့်ထွက် လာကာ၊ ညည်းတွား လိုက်မိ၏။

ထို့နောက် ပလ္လင်ကို လှမ်းကြည့်ကာ၊

“ ထင်တာထက် ပိုခက်တယ် ...၊ ဒါပေမယ့် ဆက်ကြိုး စားရ မှာပဲ၊ ငါ မအောင်မြင် ရင်တောင်၊ ဒါက ငါ့ ဓား ရည်ရွယ်ကို လေ့ကျင့်မှု တစ်ခုလို့၊ သဘောထား နိုင်တယ်။ ”

ဒုတိယ အကြိမ် မကြိုး စားမီ၊ အချိန် အနည်းငယ် အနားယူ လိုက် ပြီးနောက်၊ သူ့ ဓားကို လက်ချောင်း ထဲသို့၊ လောင်းထည့် လိုက်ကာ၊ ထပ်မံ ပစ်လွှတ် မိပြန်သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ အကြိမ်ကြိမ် ကျရှုံး နေခဲ့သည်။ သို့သော် သူ၏ ဓား ရည်ရွယ် ချက်မှာ၊ တဖြည်းဖြည်း ပို၍ အားကောင်း လာသဖြင့်၊ အချည်းနှီး မဖြစ် ခဲ့ချေ။

မအောင်မြင် ခဲ့လျှင်ပင်၊ ရှန်ရှင်း ဓားကို ပြီးမြောက် နိုင်မည် ဟူသော၊ မရေ မရာ ခံစား ချက်များ၊ ဝင်ရောက် လာခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ နတ်ဘုရား ရူရ်၏ မီးစွမ်းအင် များကြောင့် ရုပ် ခန္ဓာမှာ၊ အဆက် မပြတ် ပြောင်းလဲ နေသည်။

သုံးရက် အကြာတွင်၊ ပုရပိုက်ကို ကာကွယ် ပေးထားသော နတ်ဘုရား ရူရ်၏ အရှိန် အဝါ၌၊ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ် လာခဲ့သည်။

ယင်းကို သတိထား မိပြီး၊ မျက်လုံးများ တောက်ပ လာကာ၊ လက်သီးနှင့် ထိုးပစ် လိုက် ၏။

လက်သီး ချက်ကြောင့်၊ အတား အဆီး အလွှာ အက်ကွဲ သွားသည် ဖြစ်ရာ၊ လက်ကို ဆန့်တန်းလျက် ပုရပိုက် ဆီသို့၊ အမြန် ပြေးဝင် သွားမိသည်။

ချဉ်းကပ်လာ နေစဉ်၊ လက်ဖဝါး အရွယ် အစားရှိ ပုရပိုက်မှာ၊ ရုတ်တရက် ပြန့်ကား လာပြီး၊ သူ့ လက်ကို စုပ်ယူ လာ၏။

ပုရပိုက် ပေါ်ရှိ တစ်စုံ တစ်ရာအား၊ ဆုပ်ကိုင် မိသည့် အချိန်တွင်၊ တွင်းနက်ကြီးထဲ ကျရောက် တော့မည်ဟု ခံစား လိုက်ရ သောကြောင့်၊ ချက်ချင်း နောက်ပြန် ဆုတ်လိုက် ရသည်။

နောက်ဆုတ် နေချိန် မှာပင်၊ အတား အဆီး အလွှာမှာ ပုရပိုက် ပတ်ပတ် လည်ကို ပြန်လည် ပြင်ဆင် ကာကွယ် ပေးလိုက်သည်။

အနည်းငယ် တုန့်ဆိုင်း သွားပါက၊ ထို အလွှာ အတွင်း၌ ပိတ်မိ သွားမည် ဖြစ်သည်။

ပိတ်မိရန် မဆိုနှင့်၊ ခဏတာ ခံစား ခဲ့ ရသော၊ တွင်းနက်ကြီး သည်ပင်၊ သူ့အား ကျောချမ်းရန် လုံလောက် လေသည်။

သို့သော် လက်သီး ဆုပ်ကို ပြန်ဖွင့် လိုက် ချိန်တွင်၊ တောက်လောင် နေသော ဆံချည်မျှဉ် အရွယ်၊ ရွှေရောင် မီးတောက်လေး တစ်စအား၊ တွေ့လိုက် ရသောကြောင့်၊ ပြုံးရယ် မိ၏။

“ ဘယ်လောက်တောင် လှလိုက်လဲ ... ။ ”

သူကိုယ်သူ တည်ငြိမ်အောင် လုပ်ယူ လိုက်ပြီး၊ ပုရပိုက်ထံ ပြန်မော့ကြည့် မိရာ၊ ပလ္လင် တွင် ဖုံးအုပ် ထားသော မီးတောက်များ၊ တောက်လောင် နေဆဲ ဖြစ်ကြောင်း၊ တွေ့လိုက် ရသည်။

တစ်ယောက် ယောက်မှ လာရောက် စစ်ဆေးမည် ဆိုလျှင်ပင်၊ မူလနှင့် ကွဲပြားသော အရာ များကို မြင်နိုင်မည် မဟုတ်ချေ။

“ ဒါက ...၊ ခြေရာခံ ရူရ် တစ်ခု ဆိုရင်တော့၊ ငါ အဲဒါကို သန့်စင် နိုင်မှာပါ။ ”

ဝိညာဉ် အမှတ် အသား ဖြစ်သော၊ မီးလျှံ ငှက်မွေး ရူရ်ကို ထုတ်ဆောင်ကာ၊ လက်ထဲရှိ ရွှေရောင် မီးတောက် နှင့် ပေါင်းစပ် လိုက်သည်။

နောက် တစက္ကန့် အတွင်း မှာပင်၊ မှော်ဆန်သော အချင်း အရာ ဖြစ်ပွား လာခဲ့ သည်။

မီးလျှံ ငှက်မွေး ရူရ်က ကြီးမား ကျယ်ပြန့် လာပြီး၊ ဖီးနစ် တောင်ပံ အဖြစ်၊ အသွင်ပြောင်း သွားသည်။

မီးလျှံ ငှက်မွေးမှာ အစွမ်း ထက်သော တတိယတန်း ဝိညာဉ် ရေးရာ ရူရ် တစ်လုံး ဖြစ်၏။

ထို့ကြောင့် နတ်ဘုရား ရူရ်ဖြင့် ပေါင်းစပ် နိုင်ခဲ့သော်၊ မည်သို့ ပြောင်းလဲ လာမည်ကို မပြော နိုင်ချေ။

မည်သို့ပင် ဆိုစေ ကာမူ၊ နှင်းဆီ ပန်းချီ ကားရှိ၊ ဓားရေးကို နားလည် နိုင်တော့ မည်မှာ သေချာသည်။

ချင်းယန် လှိုဏ်ဂူ အပြင် ဘက်တွင် လူများစွာ တို့က မျက်မှောင် ကြုတ်လျက်၊ စောင့်ဆိုင်း နေကြ၏။

မိုလင်း ပြန်ထွက်လာ သည်မှာ လဝက် ရှိပြီ ဖြစ်သည်။ ဆိုလို သည်မှာ ချင်းယန် လှိုဏ်ဂူ အတွင်း၊ လင်းယွန် တစ်ယောက် လဝက်ကြာ နေခဲ့ ပြီဟု အဓိပ္ပါယ် ရ၏။

ထို့ကြောင့် တန်ယုကို ထိတ်လန့် စေခဲ့သည် သာမက၊ ဌာနမှူးပင် အံ့သြ သွားမိ လေပြီ။

အကယ်ဒမီ၏ အကြီး အကဲများ အနေဖြင့်၊ ချင်းယန် လှိုဏ်ဂူ အတွင်း၌၊ လေးရက်မှ ငါးရက် အထိသာ နေနိုင်သည်။

အားနည်းသော အကြီး အကဲများ အတွက် ဆိုသော်၊ နေ့ တစ်ဝက်ဖြင့် ပြန်ထွက် လာ ရမည် ဖြစ်၏။

စီနီယာ တန်ယု မှာမူ၊ မီတာ သုံးရာ အကွာ၌၊ ခုနစ် ရက်သာ ကြာအောင် နေနိုင် လေသည်။

သို့သော် ယခု လင်းယွန်က၊ လဝက် ကြာအောင် စံချိန် ချိုးပြ လာ၏။ ပလ္လင်နှင့် မီတာ သုံးထောင် အကွာ တွင်ပင်၊ ဤစံချိန်မှာ စိုးရိမ် စရာ ဖြစ်သည်။

“ မိုလင်း၊ မင်း သူ့ကို သတိပေး ခဲ့လား။ ”

ဌာနမှူးက လေးနက်သော အမူ အရာဖြင့် မေးမြန်း လာသည်ကြောင့်၊ မိုလင်း တစ်ယောက် ခေါင်းညိတ်ကာ တုံ့ပြန် မိသည်။

သူမ အနေဖြင့် လင်းယွန်အား၊ အသေ အချာ ပင်၊ မှာကြား ခဲ့သည်။

“ သွား ကြည့် ရ မယ် ...။ ”

တစ်ခုခု လွဲချော် နေပြီ ဖြစ်သော ကြောင့်၊ ဌာနမှူးက မျက်မှောင်ကြုတ် လိုက်မိသည်။

ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ ကယ်တင် ရှင်မှာ၊ သူတို့ လက်၌ သေဆုံး ခဲ့သော်၊ လူ ရယ်စရာ ဖြစ်လာ ပေလိမ့်မည်။

***

All Chapters