← Chapters

ပန်းတွေ ဘယ်မှာ ပွင့်လဲ။

Vol. 42 Ch. 579

ပန်းတွေ ဘယ်မှာ ပွင့်လဲ။

Vol. 42 Ch. 579

“ သွား ကြည့် ရ မယ် ...။ ”

တစ်ခုခု လွဲချော် နေပြီ ဖြစ်သော ကြောင့်၊ ဌာနမှူးက မျက်မှောင်ကြုတ် လိုက်မိသည်။

သူ့ စကားကြောင့်၊ လူတိုင်း မျက်နှာများ ပျက်ယွင်း သွားမိ၏။

လင်းယွန် တစ်ယောက် တစ်စုံ တစ်ရာ ချွတ်ချော် သွားခဲ့ခြင်း ဖြစ်မည်ဟု၊ လွဲမှားစွာ ယူဆ မိလာ ကြသည်။

ဤသို့ ချွတ်ချော် ခဲ့သော်၊ ရလဒ်ကို တွေးကြည့် ရုံဖြင့် လူတိုင်း၊ စိုးရိမ်စိတ် ဝင်လာ ရသည်။

“ အဖိုး ...၊ လင်းယွန် အဆင် ပြေတယ် မဟုတ်လား။ ”

မုရွယ်က ကြေးတံခါးကို စိုက်ကြည့်ကာ၊ ဌာနမှူးအား လှည့်မေး လိုက်၏။ ဌာနမှူးက သက်ပြင်း တစ်ချက် ချလိုက် ပြီးနောက်၊ လေးနက်သော အမူ အရာဖြင့်၊

“ မ သေချာဘူး၊ မပြည့်စုံတဲ့ နတ်ဘုရား ရူရ် တွေက စွမ်းအား ကြီးတယ်၊ သခင် ချင်းယန် တောင်မှ မသန့်စင် နိုင်ခဲ့ဘူး၊ ... ”

“ ... ဒါပေမယ့် လင်းယွန်သာ လောဘ မကြီးရင်၊ အဲဒီမှာ ‘လ’ ဝက်လောက် နေပြီး မှတော့ သူ့ အတွက် အကျိုး ရှိလာ မှာပါ။ ”

ဌာနမှူး ဆိုလိုသော အဓိပ္ပါယ်ကို လူတိုင်း နားလည် မိ၏။ လင်းယွန်သာ နတ်ဘုရား ရူရ် အပေါ် အတင့် မရဲ ပါက၊ အသက် ရှင်မည် ဖြစ်သည်။

သို့သော် လဝက် မဆိုနှင့်၊ လူတိုင်းက တစ်ပတ် ကျော်သည် အထိ၊ နေနိုင်မည် မဟုတ် ချေ။

“ မင်းတို့ ဒီမှာ ပဲနေ ... ။ ”

ဌာနမှူးက အားလုံးကို ဝေ့ကြည့်ကာ ဆိုပြီးနောက်၊ လှိုဏ်ဂူထဲ ဝင်ရန် ပြင်လိုက် သည်။

သို့သော် ရုတ်တရက် ကြေးတံခါး ပွင့်လာပြီး၊ လေ ပူများ ပြေးထွက် လာသောကြောင့်၊ မျက်နှာကို လက်ဖဝါးဖြင့် ကာလိုက် ရသည်။

ထို့ကြောင့် ခြေလှမ်းကို ရပ်လိုက်ကာ၊ ဝင်ပေါက်ထံ လက်ဖဝါး ကြားမှ ချောင်းကြည့် လိုက် မိ၏။

ကြေးတံခါးကြီး နှစ်ချပ် ဖြည်းညှင်းစွာ ပွင့်လာ ပြီး၊ အပြာရောင် ပုံရိပ် တစ်ရိပ် လှမ်း ထွက်လာ၏။

ယင်းကို မြင်လိုက်ရ သည်နှင့်၊ အားလုံးက ရွှင်မြူး သော မျက်ဝန်း များဖြင့်၊ စူးစမ်း လာကြ သည်။

အပြင် ရောက်ရောက်ချင်း လင်းယွန် တစ်ယောက်၊ ကောင်းကင်ကို ဦးစွာ မော့ကြည့် လိုက်ပြီးနောက်၊ အသက် ပြင်းပြင်း ရှူ လိုက် မိသည်။

ပြင်ပ လေထုမှာ လတ်ဆတ် လွန်းပေသည်။ မြေအောက် နန်းတော် အတွင်းတွင်၊ နတ်ဘုရား ရူရ် ၏ ဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော်လည်း၊ မွန်ကျပ် နေသေးသည်။

သဘာဝ လတ်ဆတ်သော လေထု ကဲ့သို့၊ ဖြေလျော့မှု မရှိချေ။ မိုလင်းနှင့် ကျန်သူ များထံ ပြုံးလျက်၊ လှည့်ကြည့် လိုက်မိသည်။

သို့သော် မိုလင်းတို့ စိတ်လှုပ်ရှား နေကြ သည်ကို မြင်သော အခါတွင်၊ သူ၏ အပြုံးမှာ အေးခဲ သွား တော့၏။

သည်လူအုပ် အနေဖြင့်၊ သူ့ထက် ပို၍ စိတ်လှုပ်ရှား နေပုံ ရသည်။

“ မင်းတို့ ဘာလုပ်ဖို့ ကြိုးစား နေကြ တာလဲ။ ”

လင်းယွန်က မျက်ခုံး ပင့်ကာ ပြုံးလျက် မေးမိသည်။

“ နောက်ဆုံးတော့ ... မင်း ထွက်လာပြီ။ ”

လင်းယွန်ကို ခေါင်းညိတ် ပြကာ၊ မိုးလင်းက ပြန်လည် နှုတ်ဆက် လာသည်။ မြေအောက် နန်းတော် ထဲတွင် အချိန် အကြာကြီး မနေရန်၊ သတိ ပေးခဲ့ သော်လည်း၊ ထုံစံ အတိုင်း လဝက် ကြာအောင် နေခဲ့သည်။

“ နောက်ဆုံးတော့ မင်း ... ထွက်လာပြီ၊ အားလုံးက မင်းအတွက် ဘယ်လောက် စိတ်ပူ နေမှန်း၊ မင်း မသိ ပါဘူး။ ”

မုရွယ်က ပြုံးကာ လင်းယွန်ကို နှုတ်ဆက် လာသည်။ ပြီးနောက် ဌာနမှူးထံ ပြန်လှည့် ကြည့်ကာ၊

“ နင်သာ ဆက်နေ ဦးမယ် ဆိုရင် ...၊ ငါ့ အဖိုးက နင့်ကို ရှာဖို့၊ သီးသန့် ခန်းထဲ ဝင်သွား လိမ့်မယ်။ ”

မုရွယ် စကားကို လျူယွမ်ယန်က ခေါင်းညိတ်ပြီး၊ ထောက်ခံ လိုက်၏။ လင်းယွန် ပြန်ထွက် လာနိုင်သည့် အတွက်၊ သူမလည်း စိတ်သက် သာရာ ရ လေပြီ။

လင်းယွန် အတွက်မူ ခါးသီးသော အပြုံးကို ထုတ်ဖော်ကာ ခေါင်းကုတ် လိုက်မိ၏။

မြေအောက် နန်းတော်တွင် ခွန်အားကို တို့မြှင့်ရန် အတွက်သာ လုံးလ စိုက်ထားမိသည်။

ထို့ကြောင့် လူတိုင်းကို စိုးရိမ် ပူပန် စေခဲ့ ပုံ ရ၏။ သည့်အတွက် သူ့တွင် အပြစ်ရှိ သည်ဟု ခံစား မိသည်။

အဆုံးတွင် သူအား ပြုံးပြ နေသော ဌာနမှူးကို ပြန်ကြည့်ကာ၊ အမြန် တောင်းပန် ရုံသာ တက်နိုင် လေသည်။

လျင်မြန်စွာ ခေါင်းငုံ့ ချလိုက်ပြီး၊

“ မင်္ဂလာပါ စီနီယာ တန်နဲ့၊ ဌာနမှူး ။ ” -ဟု နှုတ်ဆက် မိ၏။

“ ဒါက ... ငါတို့ကို တကယ် စိတ်ပူ စေတာပဲ၊ ဒါပေမယ့် နေခဲ့တဲ့ နှစ်ပတ် အတွင်း မင်းလည်း အများကြီး အကျိုး ရှိမယ်လို့၊ ငါ ယုံကြည် ပါတယ်။”

ဌာနမှူးက ပြုံးပြီး ဆိုလိုက်သည်။ သူ့ သုံးသပ် ချက်ကြောင့် လူတိုင်းက လင်းယွန်ကို ပြန်ကြည့် လာမိ၏။

ကျင့်ကြံ မှုတွင် အပြောင်း အလဲ မရှိ သော်လည်း၊ သူ့ ထံမှ ထွက်လာသော ရောင်ဝါ မှာ၊ ယခင် ကထက် ပို၍ပင် ကြောက်စရာ ကောင်း နေသည်။

သည့်တင် မက စိတ်နေ စိတ်ထား သည်လည်း၊ အနည်းငယ် ပြောင်းလဲ နေကြောင်း၊ သတိ ပြုမိ လာ၏။

လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ၊ ကြောက်မက်ဖွယ် စွမ်းအားကို မည်သူ မဆို ရှင်းရှင်း လင်းလင်း ခံစား နိုင်သည်။

“ မပြည့်စုံတဲ့ နတ်ဘုရား ရူရ် တွေကို၊ လေ့လာခွင့် ရတဲ့ အတွက် အကယ် ဒမီ အပေါ်၊ ကျေးဇူးတင် ပါတယ်။ ”

လင်းယွန်က အားနာ ရှက်ရွံ့ ဟန်ဖြင့် ပြုံးကာ ဆိုလိုက်သည်။ ဓားသုတ္တန်တွင် ဒဿမ အဆင့် အထိ အောင်မြင် သွားရုံသာ မက၊ ရုပ်ခန္ဓာ သည်လည်း၊ နောက် တစ်ဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။

အရေး အကြီး ဆုံးမှာ၊ သူ့အား ပို၍ပင် အကျိုးပြု စေသည့်၊ အခြေခံ နတ်ဘုရား ရူရ် တစ်လုံးကို သန့်စင် နိုင်ခြင်း ဖြစ်သည်။

ထိုအကြောင်းကို ဌာနမှူးသာ သိခဲ့ ပါလျှင်၊ အံ့ဩ တုန်လှုပ်သွား မည်မှာ အမှန် ပေပင်။ ဌာနမှူးက ရယ်မော သွားပြီး၊

“ မင်း ... နောက်နေ တာပဲ ဖြစ်ရမယ်၊ မပြည့် မစုံသော နတ်ဘုရား ရူရ် ကို၊ မင်းကြောင့်သာ အကယ် ဒမီက ဆက်ထိန်းထား နိုင်ခဲ့ တာပါ၊ ဒါကြောင့်မို့ ... ”

“ ... ငါနဲ့ ဂျူနီယာ ညီလေးတန် တို့က အလေး အနက် ဆွေးနွေး ထားပြီး ပါပြီ၊ အကယ် ဒမီ ကနေ မင်း ထွက်သွားတဲ့ အချိန် ကျရင်၊ လက်ဆောင် ပေးဖို့ စဉ်းစား ထားပါ တယ်။ ”

ထိုစကားကို ကြားလိုက် သည်နှင့် လင်းယွန်က၊ အံ့သြ သွားသည်။ ဌာနမှူး အနေဖြင့်၊ အကယ် ဒမီမှ ထွက်ခွာ တော့မည့် သူ့ စိတ်ကူးကို၊ နားလည် ထားပုံ ရ၏။

“ ဒါဆို ကြိုပြီး ကျေးဇူး တင် ပါရစေ၊ ဒါက အံ့အားသင့် ဖွယ် လက်ဆောင် ဖြစ်လိမ့် မယ်လို့ ယုံကြည် ပါတယ်။ ”

လင်ယွန်က ပြုံးလျက် ခေါင်းညိတ် မိသည်။

“ သေချာတာပေါ့၊ ဒါက ကောင်းမွန်တဲ့ အရာ တစ်ခုပါ၊ နောက်ဆုံးတော့ မင်းပေး ခဲ့တဲ့ အကူ အညီနဲ့၊ မယှဉ် နိုင်ရင်၊ ငါ ရှက်ရ လိမ့်မယ် ဟား ...ဟား ဟား ။ ”

သဘောကျ စွာဖြင့်၊ ဌာနမှူးက ရယ်မော လိုက်သည်။

“ ကျေးဇူး တင်ပါတယ်။ ”

“ ငါ့ကို ကျေးဇူးတင် စရာ ဘာများ ရှိလို့လဲ၊ ပြီးခဲ့သော နှစ်ပတ် အတွင်း ရရှိ ခဲ့တဲ့ နားလည် မှုကို၊ ကြေညပ်ဖို့ အချိန် လိုဦး မယ်လို့ ငါ ယုံကြည် တယ်၊ ... ”

“ ... မြင့်မြတ်သော ရူရ် ကို ပထမဆုံး အကြိမ် ကြည့်ရှု ရတာမို့၊ မထင်မှတ် ထားလောက်အောင် ရိတ်သိမ်း နိုင်ခဲ့တယ် မဟုတ်လား၊ ဒါကို မဖြုန်းတီး ပါနဲ့။ ”

ဌာနမှူးက ရိုးရိုး ရှင်းရှင်း စကား စမြည် ပြောဆို ပြီးနောက်၊ လင်းယွန်ကို သွားခွင့် ပြု သည်။

ထို့ကြောင့် တချိန်လုံး သူတို့ စကားဝိုင်း အပေါ်၊ စောင့် နားထောင် နေသော လူအုပ် ကြီးမှာ၊ အံ့ဩ ကုန်ကြ၏။

ဌာနမှူး ဆိုသည်မှာ အကယ် ဒမီ၏ ကြီးမြတ်သော လေးစား ထိုက်သူ တစ်ဦး ဖြစ်သည်။ သူနှင့် စကား စမြည် ပြောဆိုရန်၊ လူများ စွာ၌၊ သတ္တိ မရှိ ကြချေ။

သို့သော် ဤလင်းယွန်မှာ ကြောက်ရွံ့မှု မရှိဘဲ၊ ပေါ့ပေါ့ ပါးပါး မိတ်ဆေွ တစ်ဦး ကဲ့သို့၊ ပြောဆို ဆက်ဆံ သွားသည်။

“ အဘိုး၊ ဘာလို့ သူ့ကို ... ဆက်နေဖို့ မကြိုးစား ရတာလဲ။ ”

လင်းယွန် ထွက်ခွာ သွား ပြီးနောက်၊ မုရွယ်က ဌာနမှူး အပေါ်၊ အပြစ်တင် လိုက် သည်။

“ သူက ဆောင်းကျန် ကိုတောင် အနိုင်ယူ ခဲ့တဲ့ သူ တစ်ယောက်ပါ၊ သွေးစွန်းသော ဧည့်ခံပွဲ အတွင်းမှာ၊ တောက်ပ နေမှာ သေချာတယ်။ ”

ချက်ချင်း ပြန်မဖြေ သောကြောင့်၊ မျက်မှောင် ကြုတ်လျက် သူ့ အဖိုးအား ထပ်မံ ဆိုလိုက်သည်။

“ သူ ... နေမယ်လို့ မင်း ထင်လား။ ”

ဌာနမှူးက ပြုံးလိုက်ကာ မုရွယ်ကို ပေါ့ပေါ့ ပါးပါးပင် ပြန်မေး လာသည်။

“ ဒါ က ... ။ ”

မုရွယ် တစ်ယောက် တုန့်ဆိုင်း သွား၏။

“ အကယ် ဒမီကို မပြောနဲ့၊ ကောင်းကင် ဓားဂိုဏ်း ကတောင်၊ သူ့ကို ဆက်နေဖို့ မတား နိုင်ဘူး၊ သွေးစွန်းသော ဧည့်ခံပွဲမှာ ဓားနန်းတော် အတွက်သာ၊ ကိုယ်စားပြု လိမ့်မယ်၊ သူက ပေါင်းသင်း ဆက်ဆံ ရေးကို အရမ်း တန်ဖိုး ထားတဲ့ သူပါ။ ”

ဌာနမှူးက လေးနက်သော လေသံဖြင့် ရှင်းပြ လိုက်သည်။ ထို့ကြောင့် လျူယွမ်ယန်က ခေါင်းညိတ် လိုက်ပြီး၊

“ ဟုတ်တယ်၊ သူက တခြား သူတွေနဲ့ မတူဘူး၊ ” -ဟု ဆိုမိ၏။

“ ဒီ ကောင်လေးက ...”

မိုလင်းက သူ့ စကားကို ခဏရပ် ပစ်ကာ၊ လင်းယွန် ပျောက်ကွယ် သွားရာ အရပ် ဆီသို့၊ မျှော်ကြည့် လိုက်ပြီးနောက်၊

“ သွေးစွန်းသော ဧည့်ခံပွဲက တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခု လုံးရဲ့၊ ထိပ်တန်း ပါရမီ ရှင်များ စုစည်းရာ နေရာပဲ၊ ... ”

“ ... သူ့ အသက် အရွယ်နဲ့ဆို၊ အဆင့် ကောင်းကောင်း ချိတ်နိုင် မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ရဲ့ စိတ်နေ စိတ်ထား ကတော့ ထူးခြား ပါတယ်၊ ဘယ်သူ နဲ့မှ မတူဘူး။ ”

မိုလင်းက တိမ်နဂါး အဆင့်ရှိ ပါရမီ ရှင်များ အကြောင်းကို သဘာဝ ကျကျ ရည်ရွယ် ပြောပြ နေခြင်း ဖြစ်သည်။

ယခင် ပြိုင်ပွဲ အတွင်းတွင်၊ သည့်ထက် ထူးချွန်သော လူငယ် များစွာကို မြင်တွေ့ ခဲ့ရ သည်။ သို့သော် လင်းယွန် ကဲ့သို့ ခေါင်းမာပြီး၊ မာန ကြီးသော လူငယ်မျိုး၊ တစ်ကြိမ်ပင် မမြင် ခဲ့ဖူးချေ။

ဆန္ဒ ရှိပါလျှင် အုပ်စိုးရှင် ဂိုဏ်း များသို့ ဝင်ရောက် ရန်၊ အရည် အချင်း ပြည့်မှီ ပေ၏။ သို့သော် သူ့ဗီဇ အရ၊ ဓားနန်းတော်ကို ထားခဲ့ မည် မဟုတ်ကြောင်း၊ သူမ ပြော နိုင်သည်။

“ သူ့ဆန္ဒ အတိုင်း ထားလိုက်ပါ၊ သူ လျှောက်တဲ့ လမ်းက ခက်ခဲတယ်၊ သူ့အသက် အရွယ်နဲ့ တစ်ချိန်လုံး မာနကြီး နေဖို့ ဆိုတာ မလွယ်ဘူး၊ ဒါပေမယ့် ... ”

“ ... သူရဲ့ အောင်မြင်မှု တွေကိုသာ ထုတ်ပြော ပြခဲ့မယ် ဆိုရင်၊ ဘယ်လောက်တောင် အံ့အား သင့်စရာ ကောင်းလိုက် မလဲ ဆိုတာ၊ ခန့်မှန်း လို့တောင် မရဘူး၊ ... ”

“ ... ဘာပဲ ဖြစ်ဖြစ် အခု အချိန် မှာတော့ ငါတို့ရဲ့ အကယ် ဒမီက၊ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ရပ်ကို၊ တည်ဆောက် ထားနိုင် ခဲ့ပါပြီ။ ”

ဌာနမှူးက စိတ်ရှည် လက်ရှည် ပြောကြား လာခဲ့ သည်။

ဌာနမှူး ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး တွင်ပင်၊ ထိပ်ဆုံး၌ ရပ်တည် ထားနိုင်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။

ထို့ကြောင့် ဌာနမှူး အနေဖြင့် လင်းယွန် အပေါ်၊ အကဲဖြတ် ပေးသော စကားလုံး များမှာ၊ လူတိုင်း၏ နှလုံး သားကို တုန်လှုပ် သွားစေ သည်။

***

တစ်ချိန်တည်း မှာပင် လင်းယွန် တစ်ယောက်၊ မြင့်မြတ်သော ရူရ်ကို ကြည့်ရှု ခြင်းမှ များစွာ အကျိုး အမြတ် ရရှိ ခဲ့သည်။

အတွေး တစ်ချက် ဖြင့်ပင်၊ ခရမ်းရောင် အလင်းများ ခန္ဓာ ကိုယ်မှ ဖြာထွက် လာပြီး၊ သားရဲ အော်သံ တစ်သံ ထွက်ပေါ် လာသည်။

လက်သီး ဆုပ်လျက်၊ ကြမ်းရှသော စွမ်းအင် များကို စိတ်လှုပ် ရှားစွာ အာရုံခံ မိ၏။

“ ဒါက အိုး အလုံး သုံးဆယ်နဲ့ ညီမျှတဲ့ ခွန်အားပဲ။ ”

လေ ထဲသို့ ထိုးချလိုက် သည်နှင့်၊ ပေါက်ကွဲ သံများ ဆူညံ လာပြီး၊ လှိုင်းလုံးများ ပြန့်ကျဲ သွားသည်။

ယင်းမှာ ပေါ့ပေါ့ ပါးပါး လက်သီးချက် ဖြစ်၏။ ခရမ်းရောင် လှိုင်းများ တဖြည်းဖြည်း ငြိမ်သက် သွားသော အခါတွင်၊

“ ဒါက ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ် အစစ် အမှန်ပဲ။ ”

ယခု အချိန်၌ ဆောင်းကျန်နှင့် ထပ်မံ တိုက်ခိုက် ရပါ၊ ယင်းသို့ ခက်ခက် ခဲခဲ အနိုင်ယူ ရတော့မည် မဟုတ်ကြောင်း၊ ယုံကြည် သည်။

လက်ကို ဝှေ့ယမ်း လိုက် သည်နှင့် သူ့ လက်ဖဝါး ပေါ်တွင်၊ ရွှေရောင် မီးတောက် တစ်ခု ထွက်ပေါ် လာ၏။

၎င်းမှာ မီးလျှံ ငှက်မွေး ရူရ်ဖြင့် ဖွဲ့စည်း ထားသော သူ၏ ဝိညာဉ် အမှတ် အသား ဖြစ် သည်။

ဖီးနစ် အတောင် အဖြစ် ပြောင်းလဲ လာခဲ့ ပြီးနောက်၊ ကမ္ဘာ ပေါ်ရှိ မည်သည့် အရာကို မဆို၊ ပြာချ ပစ်နိုင်သော အကန့် အသတ်မဲ့ စွမ်းအားများ ပါရှိ လေသည်။

အလယ် အလတ် ယန် အဆင့်ရှိ တစ်စုံ တစ်ယောက် ကိုပင်၊ အမှုန့် အဖြစ် ပြောင်းလဲ ပစ်နိုင် ၏။

အကယ်၍ ဖီးနစ် မီးလျှံ ပန်းချီ ကားတွင်၊ ဤအမွေး အတောင်ဖြင့်၊ ဖန်တီး ခဲ့သော် ပို၍ အားကောင်း လာမည်ဟု ယုံကြည်သည်။

သို့သော် အကယ် ဒမီကို လာရသည့် ရည်ရွယ် ချက်အား မမေ့ ခဲ့ချေ။ ဝိညာဉ် အမှတ် အသားကို ရုပ်သိမ်း လိုက်ပြီး၊ နှင်းဆီ ပန်းချီ ကားကို ထုတ်ယူ လိုက်သည်။

ပန်းချီ ကားအား ဖြည်းညှင်းစွာ ဖြည်းညှင်းစွာ ဖြည်ချနေ ချိန်တွင်၊ သူ့မျက်လုံး များ၌ ယုံကြည်မှု အပြည့်ဖြင့် တောက်ပ လာသည်။

ဤတစ်ကြိမ်တွင်၊ အပြာဝတ် ဓားသမားကို မြင်လိုပြီး၊ ၎င်း၏ လျှို့ဝှက် ချက်အား ထုတ်ဖော် နိုင် မည်ဟု ထင်သည်။

***

All Chapters