← Chapters

နှင်းပန်းဖြူ။

Vol. 42 Ch. 580

နှင်းပန်းဖြူ။

Vol. 42 Ch. 580

ပန်းချီ ကားမှာ တဖြည်းဖြည်း ဖြည်ကျ လာသည်။ ခဏ အတွင်း မှာပင်၊ ရက်စက် ကြမ်းကြုတ်သော ကျားတစ်ကောင်က၊ သူ့ရှေ့ ခုန်ချ လာ၏။

ကျားကြီးက ပန်းချီကား၊ တစ်ချပ်လုံး နီးပါးကို ဖုံးကွယ် ထားပြီး၊ ဂရု တစိုက် မကြည့် မိပါက၊ အပြာ၀တ် ဓား သမားအား သတိပြု မိမည် မဟုတ်ပေ။

ပို၍ တိကျစွာ ဆိုရ ပါလျှင်၊ လူတိုင်းက ပန်းချီကား အချိန်မှီ မပိတ် မိသော်၊ ကျား၏ တိုက်ခိုက်ခြင်း ခံရ ပေမည်။

နောက်ဆုံးတွင် ကျားမှာ၊ အုပ်စိုးရှင် အဆင့် အရှိန် အဝါကို၊ ထုတ်လွှတ် ထားသော သားရဲ တစ်ကောင် ဖြစ်သည်။

ကျား၏ ဖိအားကို ခံနိုင်ရည် ရှိသူ များသာ၊ အပြာဝတ် ဓားသမား လက်ထဲရှိ နှင်းဆီ ပန်းအား သတိထား မိ ပေမည်။

ဤမြင်ကွင်းမှာ အကြိမ်ကြိမ် မြင်ခဲ့ ဖူးသော မြင်ကွင်း တစ်ရပ် ပေပင်။ အပြာဝတ် ဓား သမားက၊ လက်ထဲရှိ နှင်းဆီ ပန်းကို မြောက် လိုက်သည်။

ဤလူမှာ ပန်းချီ ကား၏ အဓိက ရည်ရွယ်ချက် ဖြစ်၏။ သို့သော် ပန်းချီ ကားက၊ ရုတ်တရက် မှုန်ဝါး လာပြီး၊ အမြင် အာရုံမှ ကွယ်ပြောက် သွားသည်။

ဝိညာဉ် ရေးရာ ရူရ်များ အပေါ်၊ အောင်မြင်မှု မရရှိ ထားပါက၊ ယင်းသို့ ယူဆ မိမည် ဖြစ်သည်။

ခဏ အကြာတွင် လင်းယွန်၏ ပုံရိပ်ပါ၊ ဝိုးတဝါး လှုပ်ခတ် သွားပြီး၊ မြူမှုန် များဖြင့် ဖုံးလွှမ်း လာသည်။

အပြာဝတ် ဓားသမားကို လှမ်းကြည့် လိုက် ချိန်၌၊ စိတ်ဝိညာဉ် နန်းတော်ရှိ ဝိညာဉ် အမှတ် အသားမှာ၊ တောက်ပ လာပြီး လှိုင်းများ ထုတ်လွှတ် ပေးလာသည်။

ထို့ကြောင့် အမြင် အာရုံမှာ၊ တဖြည်းဖြည်း ပိုမို ရှင်းလင်း လာ၏၊ နောက်ဆုံးတွင် မြင်ကွင်းများ အားလုံး ပြတ်ထင် သွားသည်။

နှင်းဆီ တစ်ပွင့် ကိုင်ထားသော အပြာဝတ် ဓားသမားအား ပြန်မြင် လိုက် ရသည်။

နှင်းဆီ ပန်းက ဓားဖျား ပေါ်သို့ ကျရောက် သွားချိန်၌၊ ကျားထက် ပို၍ သိပ်သည်းသော အရှိန် အဝါကို ရုတ်တရက် ထုတ်လွှတ် လာသည်။

တစ်ချိန်တည်း မှာပင် တောင်တန်းနှင့် ရေကန်များ တုန်ခါ လာပြီး၊ ကြယ်ရောင်စုံ ကောင်းကင်ကြီး တစ်စင်း ဖြစ်တည် လာ၏။

ထို့နောက်တွင် အပြာဝတ် ဓားသမားက၊ သူ့ဓားကို ခုတ်ပိုင်း လိုက်ရာ၊ နှင်းဆီ ပွင့်လွှာ များ၊ ဝဲလွင့် သွားတော့သည်။

ပြီးနောက် လင်းယွန်ကို လှည့်ကာ ပြုံးပြ လာသည်။ ထိုပြုံးကြောင့် နှလုံးသား တစ်ခုလုံး အေးချမ်း သွား သကဲ့သို့၊ ခံစား လိုက်ရ၏။

ပန်းချီကား ထဲမှ မြင်ခဲ့ ဖူးသော၊ ဓားတစ်လက် လာနေ ပြီကို သူ သိသည်။ ယခင် အချိန်က ထိုဓားကို ကာကွယ်ရန် ပျက်ကွက်ခဲ့ သဖြင့်၊ မဖမ်းဆုပ် နိုင်ခဲ့ချေ။

နှလုံးခုန် သံများ မြန်ဆန် လာပြီး၊ နဖူးမှ ချွေးသီးများ လှိမ့်ဆင်း လာ၏။ ဓားကို မြင်ချိန်တိုင်း ကြောက်လန့် နေမိ သောကြောင့်၊ အပြစ် မဆို သာချေ။

သည်အခြေ အနေ ရောက်ဖို့ပင်၊ များစွာ ကြိုးစား ခဲ့ရသည်။ မအောင်မြင် ခဲ့သော်၊ အားထုတ် ထားသမျှ၊ မြောင်းထဲ ရောက်သွား ပေလိမ့်မည်။

သူ့ကိုယ်သူ ယုံကြည်ချက် ပြင်းထန် ခြင်းမှာ၊ ကြီးမားသော အားနည်းချက် တစ်ရပ်လည်း ဖြစ်လေသည်။

သူ့ အနေဖြင့် အရာ များစွာကို၊ ဂရုစိုက်ခြင်း မရှိ သော်လည်း တစ်စုံ တစ်ရာပေါ်၊ အာရုံစိုက် လိုက်ချိန်တွင်၊ မာနနှင့် ရဲဝံ့မှုအား မည်သူမျှ ယှဉ်နိုင် မည် မဟုတ်ချေ။

အပြာဝတ် ဓားသမားက ပြုံးရယ် လာပြီး၊ လေထဲသို့ ခုန်တက် လိုက်သည်နှင့်၊ ပန်းချီကား ထံမှ အက်ကွဲ သံများ ထွက်ပေါ် လာသည်။

စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ ပန်းချီကားထဲ ရောက်ရှိ သွားသလို ခံစား လိုက်ရ၏။

ပန်းချီကား အက်ကွဲ သွား ချိန်တွင်၊ မှန် တစ်ချပ် ကွဲကြေ သကဲ့သို့၊ ပတ်ဝန်း ကျင်၌ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာသော ကြောင့်၊ မျက်စိ မှိတ်ချ မိသည်။

အတွေးများ ရပ်တန့် အေးခဲ သွား၏။ ပါးစပ်ကို ပိတ်ချင် သော်လည်း၊ မဖြစ်နိုင် တော့ ချေ။ အချိန်များ ရပ်တန့် သွားကာ၊ လှုပ်ရှား မရ၊ အသက်ရှူ မရ ဖြစ်လာ၏၊

အမှောင် ထုထဲ တိုးဝင် နေမိ သလို၊ ခံစား လိုက်ရ သောကြောင့်၊ အကန့် အသတ် မရှိ သည့်၊ အကြောက် တရားများ၊ လွှမ်းခြုံ လာသည်။

( အခု ငါ သေတော့ မှာလား။ )

သူ့ ခွန်အားမှာ ပြောင်းလဲ သွားသော်လည်း၊ ပန်းချီကား နှင့်ပတ်သော ထိတ်လန့် ခြင်းမှာ၊ လုံးဝ မပြောင်း လဲခဲ့ချေ။

ထို့ကြောင့် အနည်းငယ် အံ့အားသင့် သွားပြီး၊ ပြင်းထန်သော တွန့်ဆုတ်မှု များက၊ နှလုံးသား ထဲတွင် ပေါက်ဖွား လာတော့၏။

ဤသည်မှာ သေချင်း တရား မဟုတ် ကြောင်း၊ သူ့ကိုယ်သူ ပြန်လည် အော်ပြော နေ မိသော်လည်း၊ ဝါးမြို လာသည့် အမှောင်ထုကို၊ ငြင်းဆန် နိုင်ရန် နည်းလမ်း မရှိချေ။

အသိ စိတ်မှ လွဲ၍ မည်သည့် အရာ ကိုမျှ၊ မခံစား နိုင်တော့ဘဲ၊ ရုတ်တရက် ချောက်ထဲ ထိုးကျ နေ သကဲ့သို့၊ ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ် သွား၏။

သို့သော် သူ့ စိတ်ဝိညာဉ်ကို အမှာင် ထုက ဝါးမျိုခါ နီးတွင်၊ စိတ်ဝိညာဉ် နန်းတော် အတွင်းရှိ မီးလျှံ ငှက်မွေးမှာ၊ ရုတ်တရက် လောင်ကျွမ်း သွားပြီး၊ နတ်ဘုရား ရူရ် ၏ စွမ်းအားများ ထုတ်လွှတ် ပေးလာသည်။

မီးလျှံ ငှက်မွေေး လောင်ကျွမ်း လာသည်နှင့် အမျှ၊ အမှောင် ထုမှာ ချက်ချင်း ပြန့်ကျဲ သွားပြီး၊ အမြင် အာရုံများ ပြန်လည် ရရှိ လာ၏။

ထို့နောက်တွင် သူ့အား၊ ထိတ်လန့် တုန်လှုပ် စေသော မြင်ကွင်း များဖြင့်၊ လွှမ်းခြုံ လာလေပြီ။

မှင်တက် နေစဉ် မှာပင်၊ လက်ကောက် ဝတ်ကို ဆွဲကိုင် ခံလိုက် ရပြီး၊ ရှေ့သို့ ဆွဲယူခြင်း ခံလိုက် ရ၏။

သူ့ ဝိညာဉ်ကို ခန္ဓာကိုယ် အတွင်းမှ၊ ဆွဲထုတ် သွားခြင်း ဖြစ်လေသည်။

ပတ်ဝန်း ကျင်အား ဝေ့ကြည့် လိုက်ရာ၊ သူ့ရေှ့တွင် အမျိုးသား တစ်ယောက်နှင့် အမျိုး သမီး တစ်ယောက်ကို တွေ့လိုက် ရသည်။

ထိုသူမှာ အပြာဝတ် ဓားသမား ဖြစ်ပြီး၊ ပြီးပြည့် စုံသော အသွင် အပြင်ဖြင့်၊ တည်ရှိ နေ ခြင်း ဖြစ်၏။

“ သူ ပဲ ...။ ”

သည်လူကို ပန်းချီကား ထဲမှာ၊ အကြိမ်ပေါင်း များစွာ မြင်ဖူး သော်လည်း၊ ဤမျှ အံ့မခန်း အသွင် အပြင်မျိုး ရှိနေ လိမ့်မည်ဟု၊ မထင်ထား မိချေ။

သူ့ အကြည့်ကို ထိုအမျိုးသား ဘေးရှိ၊ အမျိုး သမီး ထံသို့ ရွေ့လိုက် ချိန်တွင်၊ ပို၍ အံ့သြ သွားမိ သည်။

အမျိုး သမီး၏ အလှမှာ၊ စွဲမက်ဖွယ် ကောင်းလွန်းပြီး၊ ၎င်းကို မည်သူမျှ လွန်ဆန် နိုင်မည် မဟုတ်ချေ။

ထိုသူ နှစ်ဦးမှာ၊ သေမျိုး များနှင့် မတူဘဲ၊ နတ်ဒေဝါ များ အလား၊ ထင်မှား မိစေသည်။

ကြည့်နေ ချိန်မှာပင် အပြာ၀တ် ဓားသမားက၊ အမျိုးသမီး လက်ကို ဆွဲကာ၊ အမြန် လျှောက်လှမ်း လာသည်။

“ ဒါဆို သူက ငါ့လက်ကို ဆွဲဖို့ ကြိုးစား ခဲ့တာ မဟုတ် ဘူးပေါ့၊ ... ချေးပဲ၊ သူတို့က ငါ့ဆီလာ နေပြီ။ ”

သို့သော် မရွေ့လျား နိုင်ခင် မှာပင်၊ ထို စုံတွဲက သူ့အား ဖြတ်ကျော် သွားသည်။

ထို့ကြောင့် သူ့ကိုယ်သူ ပန်းချီကား ထဲသို့ ရောက်ရှိ နေကြောင်း၊ ချက်ခြင်း နားလည် လာမိ ၏။

သူ့အား ကျော်ဖြတ် သွားသော ထိုစုံတွဲ ထံ၊ လှည့်ကြည့် လိုက်ချိန်တွင် အပြာဝတ် ဓားသမားက၊ သူ့ ဓားကို လွှဲယူ နေပြီ ဖြစ်သည်။

ယင်းကို စိုက်ကြည့် နေသော အမျိုး သမီးက၊

“ ပန်းတွေ ဘယ်မှာ ပွင့်နေ တာလဲ၊ ”-ဟု ပြုံးကာ မေးလိုက်၏။

သူမ အသံမှာ၊ သာယာ နာပေျာ်ဖွယ် ကောင်းလှပြီး၊ အဆုံး မရှိအောင် ဆွဲဆောင်မှု ရှိလေသည်။

အပြာဝတ် အမျိုးသားက စကားဖြင့် ပြန် မဖြေ ခဲ့ဘဲ၊ သူ့ ဓားအား ခုတ်ပိုင်း ပြ လိုက်၏။

“ ဝှစ် ...။ ”

တစ်ချိန် တည်းမှာပင်၊ ဓားဖျား ပေါ်သို့၊ ကောင်းကင်မှ နှင်းဆီပန်း တစ်ပွင့် လွင့်ဝဲ ကျလာသည်။

နှင်းဆီက ဓားဖျားပေါ် ရပ်နား လိုက်ပြီးနောက်၊ လျင်မြန် လာစွာ ပွင့်အာ ၏။

ထို အချိန်၌ ဤကမ္ဘာ ပေါ်ရှိ၊ အခြားသော ပန်းများ အားလုံး မှိန်ဖျော သွားသည်။ သူ့ဓါး မှာမူ တောင်တန်း များကို ခွဲပစ် နိုင်၏။

“ ငါ ဘယ်က လာတာလဲ။ ”

အမျိုး သမီးက အပြုံးကာ၊ နောက် တစ်ခွန်း မေးလိုက် ချိန်တွင်၊ အပြာဝတ် အမျိုးသားက ဓားကိုင် လျက်ဖြင့်၊ ပျောက်ကွယ် သွားသည်။

ဓားဖျားရှိ နှင်းဆီ ပွင့်မှာ၊ ပွင့်ချပ်များ အဖြစ် ကြေမွ သွားပြီးနောက်၊ လေဆင် နှာမောင်း တစ်ခု အသွင်၊ ရုတ်တရက် ဖြစ်တည် လာသည်။

လေဆင် နှာမောင်း ပြင်းထန်စွာ တိုက်ခတ် လာသော အခါတွင်၊ ဓားသွား မြည်သံများ ပဲ့တင် ထပ် လာသည်။

“ အဆုံး မရှိသော တောင်တန်း ကြီးနဲ့ ရေကန်၊ ကြွေကျ နေတဲ့ သစ်ရွက်ခြောက် တွေနဲ့ လေပြေ။ ”

လေဆင် နှာမောင်း ငြိမ်သက် သွားသော အခါတွင်၊ ဓားရောင်ခြည် တစ်ဖန် ထွက်ပေါ် လာသည်။

ဤအခိုက် အတန့်တွင် အပြာဝတ် ဓား သမားမှာ၊ မူလ နေရာ၌ တစ်ချိန်လုံး ရှိနေ ခဲ့ပြီး၊ ဓား အလင်း အတွင်း၌ ရိုးရှင်းစွာ ပုန်းအောင်း နေခဲ့ ကြောင်း၊ ချက်ချင်း နားလည် မိသည်။

ထိုလူ၏ လက် အတွင်းရှိ ဓား တွင်၊ သန်မာသော ဓား ရည်ရွယ် ချက်ကို မြင်လိုက် ရ၏။

လေပြေများ တိုးဝင် လာပြီး၊ သစ်ရွက် များက လေနှင့် အတူ၊ မျောပါ သွားသည်။

သစ်ရွက်က သေးငယ် ပါးလွှာ သော်လည်း၊ လေထဲ၌ ဆူညံသော မြည်သံ များကြောင့်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာစေ သည်။

“ အိပ်မက်လို ပန်းတွေက လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက မိုးနဲ့ အတူ ရွာချတယ်။ ”

အပြာဝတ် အမျိုးသားကို စိုက်ကြည့်ပြီး၊ အမျိုး သမီး ထံမှ ကဗျာ ရွတ်သံ၊ မှန်မှန် ထွက်ပေါ် လာ နေသည်။

တစ်ချိန်တည်း မှာပင် အပြာဝတ် အမျိုးသား၏ အရှိန် အဝါများ၊ ကြီးစိုး လာ သဖြင့်၊ သူမ၏ အသံက ရုတ်တရက် ကျယ်လောင် သွားသည်။

“ ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့၊ အရာရာ တိုင်းကို ဘယ်သူမှ မပိုင်ဘူး၊ သခင့်ကို နှင်းပန်းဖြူ တစ်ပွင့် ငါ ပေးမယ်။ ”

“ .... ဝှစ် ။ ” (ဓား လွှဲယမ်း နေသံ။)

“ ငါက ကောင်းကင် ဘုံက လာခဲ့ တာပဲ။ ” (ကဗျာ ရွတ်သံ။ )

“ ခွျမ် ..... ။ ” ( ဓား ခုတ်သံ။ )

အပြာဝတ် အမျိုး သား၏ ရုပ်သွင်မှာ၊ ဓားရောင်ဝါ အောက်တွင် ရုတ်တရက် ကြည်လင် လာပြီး၊ လျင်မြန်စွာ ခုတ်ပိုင်း ပစ်လိုက် သည်။

ကောင်းကင်မှ ဆင်းသက် လာသည့် ၎င်းဓား ချက်တွင်၊ သူ့ လမ်းကြောင်း ပေါ်ရှိ အရာ ရာတိုင်းကို ဖျက်ဆီး ပစ်ရန် လုံလောက်သော စွမ်းအားများ ပါရှိ လေသည်။

“ ငါ့ လက်ထဲမှာ ပန်းပွင့်တယ်။ ”

ဓားကို ဆုပ်ကိုင် ထားသော အပြာဝတ် အမျိုးသားက၊ ဘယ်လက်ကို မြှောက်ပြ လိုက်ရာ၊ ပန်း တစ်ပွင့် ထွက်ပေါ် လာ၏။

ပန်းဖူး ပွင့်လာသော အခါတွင်၊ ကြောက်မက်ဖွယ် ဓားတစ်လက်၊ သူ့ခန္ဓာ ကိုယ်မှ ကောင်းကင် ယံသို့၊ ထိုးတက် သွား၏။

“ အလင်းက ဆည်းဆာ အောက်မှာ၊ အစက် ကလေး တစ်စက် လိုပါပဲ ...။ ”

ပန်းဖူးက ရုတ်တရက် အကုန် အစင် ပွင့်လာ ချိန်တွင်၊ အပြာဝတ် အမျိုးသားမှာ၊ မျက်ခုံးပင့် လိုက်၏။

“ တောင်တန်းနဲ့ မြစ်ပြင်ကို ဖြတ်ပြီး၊ ငါတို့ တောက်ပ ရအောင် ...။ ”

- ဟု မာန်ပါပါ ရွတ်ဆိုကာ၊ နောက်ဆုံး ဓားကို ပင့်တင် လိုက်သည်။

သူ့လက် ဖဝါးရှိ ပန်းပွင့်မှ၊ ခမ်းနားသော အလင်းများ ထွက်ပေါ် လာပြီး၊ အပြာဝတ် အမျိုးသားကို လွှမ်းခြုံ ပစ်လိုက်သည်။

ထို့ကြောင့် နေမင်းကြီး တစ်စင်း ကဲ့သို့ တောက်ပသော အလင်း များက၊ လင်းယွန်အား မျက်လုံး မှိတ်ရန် အတင်း အကြပ် ဖိအား ပေးလာ ခဲ့သည်။

ထိုအခိုက် အတန့်တွင် အကန့် အသတ် မရှိသော အမည်မဲ့ စွမ်းအား တစ်ခုက၊ သူ့အား တွန်းထုတ် လိုက်သလို ခံစား လိုက်ရ၏။

ခဏချင်း မှာပင် လေဝဲ တစ်ခု ထွက်ပေါ် လာ ပြီးနောက်၊ ပန်းချီကား အတွင်းမှ ရုတ်တရက် လွင့်စင် သွားရ ပြန်သည်။

ထို့ကြောင့် ထိတ်လန့် စွာဖြင့်၊ လက်ကို အမြန် ဝှေ့ယမ်းလျက် ပန်းချီ ကားအား၊ မှင်တက်စွာ ဆုပ်ကိုင် မိလေ သည်။

ခဏ အကြာတွင် သူ့မျက်နှာ ပေါ်၌၊ စကား လုံးများ ပျောက်ဆုံး သွားသော အမူ အရာမျိုး ဖြစ်ပေါ် လာသည်။

ပန်းချီကား ထဲသို့ ကိုယ်တိုင် ဝင်၍ ဓားရေးကို၊ သင်ကြားခွင့် ရလိမ့် မည်ဟု မမျှော်လင့် ထားချေ။

ထို့ကြောင့် သူ့ကို များစွာ တုန်လှုပ် သွားစေ ခဲ့သည်။

“ ဒီ ဓားရေးကို ငါ သင်ယူ ရမယ်။ ”

စိတ်ပိုင်းဖြတ် လိုက်သော အမူ အရာဖြင့်၊ ပြုံးကာ ရေရွတ် လိုက်မိ လေသည်။

***

All Chapters