← Chapters

ဆည်းဆာ အလင်းဓား။

Vol. 42 Ch. 581

ဆည်းဆာ အလင်းဓား။

Vol. 42 Ch. 581

ပန်းချီ ကားတွင် မှတ်တမ်း တင်ထားသော ဓားရေးမှာ၊ ကြောက်စရာ ကောင်းသော်လည်း ၎င်းနှင့် ပတ်သက်သည့်၊ အချက် အလက် တစ်စုံ တစ်ရာ မရှိပေ။

ဥပမာ အားဖြင့်၊ အမည် သို့မဟုတ် အဆင့်ကို မသိ နိုင်ဘဲ၊ အမျိုး သမီးမှာ စိတ်ကူးယဉ် ဆန်သော အချစ် ကဗျာ များကို အခြေ ခံ၍ ဖန်တီး ခဲ့ကြောင်းသာ၊ ခန့်မှန်း နိုင်သည်။

ဤသည်မှာ အပြာရောင် ၀တ်ဆင် ထားသော အမျိုး သား၏ မှတ်ညာဏ် အပိုင်း အစ တစ်ခု မျှသာ ဖြစ်၏။

အပြာဝတ် ဓား သမားထက်၊ အမျိုး သမီး၏ ဓားရေးမှာ ပိုထက် နိုင်သည်။ သူမကို လွမ်းဆွတ် သတိ ရခြင်း အတွက်၊ ဓားဖြင့် အမှတ် တရများ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤသည်ပင် ရင်သပ် ရှုမောဖွယ် ဓားရေး တစ်ရပ် ဖြစ်လာ၏။

“ လောလော ဆယ်တော့ ...၊ ဒါကို ဆည်းဆာ အလင်းဓား ပညာရပ် လို့ပဲ ခေါ်ရ အောင် …။ ”

အပြာဝတ် ထားသော အမျိုး သား၏ နောက်ဆုံး စကား များမှ စိတ်ကူး ရလာပြီး၊ အမည် တစ်ခု သတ်မှတ်ပေး လိုက်သည်။

သူ၏ လက်ရှိ အဆင့် အတန်းဖြင့်၊ ဤဓားရေး အပေါ် ထပ်မံ မသုံးသပ် နိုင်ပေ။ သို့သော် သခင့်ဓားနှင့် နှိုင်းယှဉ် နိုင်သည်။

အလွန် အစွမ်းထက် လွန်းပြီး၊ အပြာဝတ် အမျိုးသား ကဲ့သို့ ဆန္ဒရှိ သလို၊ ပေါ့ပေါ့ ပါးပါး အသုံး မပြု နိုင်သည်။

သခင့်ဓား နှင့် နှိုင်းယှဉ် ပါက ဆည်းဆာ အလင်း ဓားမှာ၊ စိတ်ခံစား ချက်ကို အလေးပေး လေသည်။

အပြာဝတ် ဓား သမားမှာ၊ ရိုးရှင်းသော အကြည့် တစ်ချက်ဖြင့်၊ အကန့် အသတ်မဲ့ လွှမ်းမိုး နိုင်သော ရောင်ဝါကို၊ ထုတ်လွှတ် နိုင်သည်။

ထို့ကြောင့် ဤဓားရေး ဖြင့် နှလုံးသားကို ကောင်းစွာ တိုးတက်စေ နိုင်ကြောင်း၊ ရိပ်မိ သည်။

အထွတ် အထိပ်သို့ ရောက်ချိန်၌၊ အတွေး တစ်ချက် ဖြင့်ပင် တောင်ကြီး တစ်လုံးအား၊ ဖျက်ဆီး ပစ်နိုင်၏။

ဤသည်မှာ သင့်လျော်သော စွမ်းအား ရရှိရန်၊ အလုံးစုံ လေ့ကျင့် ရသော နည်းစနစ် တစ်ရပ် ဖြစ်သည်။

ဆိုလို သည်မှာ ကဗျာ တစ်ပုဒ် ကဲ့သို့၊ ဓားချက် တိုင်းက၊ ကာရန် မိ ရပေမည်။

သခင့်ဓား အတွက်မူ၊ ၎င်းကို ပုံစံ များစွာ ခွဲခြား ထားပြီး၊ ဓားချက် တိုင်းမှာ၊ သီးခြား ဖြစ်တည် နေ၏။

တစ်ကြိမ်ထက် တစ်ကြိမ် ပို၍၊ အားကောင်း လာမည် ဖြစ်သည်။

ထို့နောက် အတွေးများ စုစည်းကာ၊ ပန်းချီကား အပေါ် စိတ် လှုပ်ရှားစွာ ပြန်ကြည့် မိ၏။

ပန်းချီ ကားတွင် အပြာဝတ် ဓားသမား၏ အတွေး အမြင်နှင့်၊ လွမ်းဆွတ် မှုများ ပါရှိ နေသည်။

စီနီယာ ဟောင်၏ စကားများ အရ၊ ပန်းချီကား ထဲမှ လူ တစ်ယောက်မှာ၊ တောင်ပိုင်း ဧကရာဇ် ဖြစ်၏။

သို့သော် ၎င်းကို စီနီယာ ဟောင်မှ လွဲ၍ မည်သူမျှ မကြား ဖူးချေ။ တောင်ပိုင်း ဧကရာဇ်၏ နောက်ကွယ်တွင်၊ ခြေရာ လက်ရာ များ မကျန်ရစ် ခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။

“ ဒါက ငါ့ရဲ့ နယ်ပယ်နဲ့၊ သက်ဆိုင် လို့ပဲ ဖြစ်ရမယ် …။ ”

ပန်းချီ ကားကို ဖယ်လိုက်ပြီး၊ ဆည်းဆာ အလင်း ဓားအား လေ့ကျင့်ရန်၊ နေရာ တစ်ခု ရှာဖွေ မိသည်။ သည် ခြံဝန်း၌ မသင့် တော်လှ ချေ။

သုံးရက် အကြာတွင်။ သစ်သား စိတ် ဝိညာဉ် တောင်ကုန်း ထိပ်၌၊ မြူခိုး များဖြင့် ဖုံးလွှမ်း နေဆဲ ဖြစ်သည်။

တပည့်များ အနေဖြင့် သာမန် နေ့ရက် များတွင်၊ ဤနေရာ၌ ကျင့်ကြံ ကြသော်လည်း၊ နတ်ဆိုး သားရဲများ ရှိနေ ခြင်းကြောင့်၊ အတွင်း ထိတိုင် တိုးဝင် ရဲမည် မဟုတ်ချေ။

ကောင်းကင်တွင် နေမင်း ကြီးက မြင့်တက် လာပြီးနောက်၊ ရောင်ခြည် များက မြူခိုးများ အတွင်း၊ ရွှေရောင် အဆင်း သဏ္ဍာန် ပြိုးပြက် တောက်ပ လာ၏။

တပည့် တစ်ဦးက ဤမြင်ကွင်းကို မြင်ပါလျှင် ရှောင်ရှား ကြပေ လိမ့်မည်။

၎င်းမှာ ယန်နှင့်၊ ယင်-ယန် အဆင့်ရှိ၊ နတ်ဆိုး သားရဲများ ရှင်သန်ရာ၊ သစ်သား စိတ်ဝိညာဉ် တောင်တန်း ကြီး၏ ဗဟို နယ်မြေ ဖြစ်သည်။

အကြီး အကဲ များပင်၊ ဤနေရာသို့ ရူးမိုက်စွာ တိုးဝင် ရဲမည် မဟုတ်ချေ။

သို့သော် ဓားသေတ္တာ တစ်လုံးအား ထမ်းပိုး ထားသော၊ လူငယ် တစ်ယောက်က တောင်ကုန်းငယ် တစ်ခု ပေါ်တွင်၊ ငြိမ်သက်စွာ ရပ်နေ ခဲ့သည်။

ဤနေရာတွင် အန္တရာယ် ထူပြော လှသော် လည်း၊ ဆည်းဆာ အလင်းဓား လေ့ကျင့်ရန် အကောင်းဆုံး ဖြစ်သည်။

ရှန်ရှင်း ဓား ရည်ရွယ် ချက်မှာ၊ ပေါက်ကွဲ နေသော မီးတောင်ကြီး တစ်လုံး ကဲ့သို့၊ မျက်ဝန်း များ၌၊ တောက်ပ လာ၏။

ပြီးနောက် မီတာ ထောင်ဂဏန်း အကွာတွင်၊ တိုက်ခိုက် နေသော နတ်ဆိုး သားရဲ နှစ်ကောင် ထံ၊ မျှော်ကြည့် လိုက်သည်။

၎င်းသားရဲ နှစ်ကောင်မှာ၊ ယန် အဆင့် အုပ်စိုးရှင် နတ်ဆိုး သားရဲများ ဖြစ်လေသည်။

ဆိုလို သည်မှာ သူတို့၏ နယ်မြေ အတွက် ကာကွယ် လိုသော ဆန္ဒများ ရှိ ကြကာ၊ ကျူးကျော် ဝင်ရောက်လာ သူတိုင်းကို သတ်ပစ် ရန်၊ ကြိုးစားမည် ဖြစ်သည်။

ထို ကဲ့သို့သော တိုက်ပွဲ မျိုးကို ရှာဖွေ နေခြင်း ဖြစ်သော ကြောင့်၊ သူ့ အမူ အရာမှာ ပြောင်းလဲခြင်း မရှိပေ။

ကြည့်နေ ဆဲမှာပင်၊ ငွေရောင် ခွေး တစ်ကောင်က၊ အရေ ပြားများ တွန့်လိမ် လာပြီး၊ ဆူးချွန် များဖြင့် သူ့ကိုယ်သူ ဖုံးအုပ် ပစ်လိုက်သည်။

ထိုသို့ အသွင် ပြောင်းလဲ နေချိန်တွင်၊ ကောင်းကင်ရှိ တိမ်တိုက်များ လှုပ်ခါ သွား သည်ကို၊ သတိပြု မိ လိုက်သည်။

သူသာ မမှား ပါလျှင်၊ ဤသားရဲမှာ သံမဏိ အရိုး၊ အမဲလိုက် ခွေးကြီးမျိုး ဖြစ်သည်။

ဤနတ်ဆိုး ခွေး များမှာ၊ ၎င်း၏ အရိုးများ ပေါ်တွင် အသား မရှိဘဲ၊ အရေ ပြားများ ကပ်နေ သောကြောင့်၊ သာမန် စကြာဝဠာ လက်နက်များ ဖြင့်ပင်၊ ဒဏ်ရာ မပေး နိုင်ချေ။

ဆန့်ကျင်ဘက် အနေနှင့်၊ သူတို့၏ တိုက်ခိုက်မှု များမှာ၊ ကြောက်စရာ ကောင်း လောက်အောင် ရက်စက် ပေသည်။

ထို့အပြင်၊ ၎င်းမှာ လှည့်လည် ကျက်စား တက်သော သားရဲမျိုး ဖြစ်၏။ ထို့ကြောင့် အမဲလိုက် ခွေး တစ်ကောင် အဖြစ်၊ သတိထား ကြပေသည်။

နောက် တစက္ကန့်တွင်၊ သံမဏိ အရိုး အမဲလိုက် ခွေး၏ ပြိုင်ဘက် သားရဲ ရင်ဘတ် တွင်၊ လှံဖြင့် ထိုးခံ လိုက်ရ သကဲ့သို့၊ နာကျင်စွာ အော်ဟစ်သံ တစ်သံ ထွက်ပေါ် လာသည်။

ပြီးနောက် သံမဏိ အရိုး အမဲလိုက် ခွေးကြီးက၊ ပြိုင်ဘက် သားရဲ လည်မြိုကို ငုံကိုက် ပစ်လိုက်၏။

ထို့ကြောင့် သံမဏိ အရိုး အမဲလိုက် ခွေးကြီးမှာ၊ အသက်ရှင် ကျန်ရစ်သော သားရဲ အဖြစ် ရပ်တည် နိုင်ခဲ့သည်။

ရက်စက် ကြမ်းကြုတ်လှ သော်လည်း၊ နတ်ဆိုး သားရဲများ အနေဖြင့် တောတွင်း ဥပဒေ များကို အမြဲ လိုက်နာ ကြသည်။

ထို့ကြောင့် အောင်ပွဲခံ ဟစ်ကြွေး လိုက် ပြီးနောက်၊ သံမဏိ အရိုး အမဲလိုက် ခွေးပေါင်း များစွာကို၊ ခေါ်ယူ လိုက်၏။

သူတို့ အားလုံးမှာ အလယ် အလတ် ယန် အဆင့်တွင် ရှိနေ ကြ သော်လည်း၊ ၎င်းတို့တွင် အုပ်စိုးရှင် အဆင့် စွမ်းအားမျိုး မရှိ လှချေ။

ဆိုလို သည်မှာ တိုက်ပွဲ ဝင်ခဲ့သော ငွေရောင် အမဲလိုက် ခွေး ကြီး အနေဖြင့်၊ အဖွဲ့၏ တစ်ဦး တည်းသော ခေါင်းဆောင် ဖြစ်သည်။

“ မင်းရဲ့ ပြိုင်ဘက် သားရဲကို လွယ်လွယ်နဲ့ သတ်နိုင် မှတော့၊ မင်းက ငါ့ရန်သူ ဖြစ်ထိုက် ပါတယ်။ ”

လင်းယွန်က တီးတိုး ရေရွတ် လိုက်သည်။ သူ့စကား များကို တခြား သူများ ကြား ပါက၊ လှောင်ရယ် ကြမည်မှာ သေချာသည်။

အလယ် အလတ် ယန် အဆင့်ရှိ၊ အုပ်စိုးရှင် နတ်ဆိုး သားရဲ တစ်ကောင်၏ ခွန်အားမှာ၊ ပြောစရာ မလို လောက်အောင်၊ ကြောက်စရာ ကောင်း လေသည်။

အလယ် အလတ် ယန် အဆင့်၊ ပါရမီရှင် တစ်ယောက် ပင်လျှင်၊ ပေါ့ပေါ့ တန်တန် ရန်စ ဝံ့မည် မဟုတ်ချေ။

ခွေး ဘုရင်က နတ်ဆိုး သားရဲ အလောင်းကို၊ သူ့ နောက်လိုက် များထံ ကျွေးမွေး ခါနီးတွင်၊ ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။

ထိုလူရိပ်မှာ မြေပြင်ပေါ် ဆင်းသက် လိုက် ပြီးနောက်၊ ထိုးစိုက် ထားသော ဓား တစ်လက် ကဲ့သို့၊ မြဲမြံစွာ ရပ်နေ၏။

မရေတွက် နိုင်သော ကြက်သွေးရောင် မျက်လုံး များက သတိပေး သံများ ထုတ်လွှတ် ပစ်ကာ၊ လင်းယွန်ကို လှည့်ကြည့် လာသည်။

ငွေရောင် အမဲလိုက် ခွေးကြီးက၊ မီးတောက်များ ကဲ့သို့သော မျက်ဝန်း တစ်စုံဖြင့်၊ ရန်သူကို အကဲခတ် လိုက်၏။

သူ၏ အောင်ပွဲကြောင့် ပတ်ဝန်းကျင် အပေါ်၊ အနည်းငယ် လျစ်ဟင်း သွားခဲ့သည်။ အသိစိတ် များအရ၊ ရန်သူမှာ အလွယ် တကူ အနိုင် ယူ၍ ရသူ မဟုတ်ကြောင်း ပြောနိုင်သည်။

သို့သော် တိုက်ပွဲကို မရှောင် နိုင်သည့် နောက်တွင်၊ ဤလူအား တတ်နိုင် သမျှ မြန်မြန် သတ်ပစ် ရပေ လိမ့်မည်။

ငွေရောင် အမဲလိုက် ခွေးကြီးက မလှုပ်ရှား ခဲ့သော်လည်း၊ နောက်လိုက် ခွေးပေါင်း များစွာမှ၊ ဒေါသ တကြီး ဟိန်းဟောက် လာသည်။

အလယ် အလတ် ယန် အဆင့်၊ နတ်ဆိုး သားရဲ များမှာ၊ တကယ်ပင် ကြောက်စရာ ကောင်းလှ လေသည်။

တွန်းထုတ် လိုက်သော နတ်ဆိုး ရောင်ဝါ များ ဖြင့်ပင်၊ သူ့ကို ဝါးမျိုနေ သကဲ့သို့၊ ခံစား လိုက်ရ ၏။

သို့သော် ခွေးမှာ ခွေးသာ ဖြစ်၏၊ မည်မျှပင် ဒေါသ တကြီး ဟိန်းဟောက် နေကာမူ၊ ‘တဝုတ်ဝုတ်၊ တဂီးဂီး’ သာ အော်နိုင် ပေမည်။

နတ်ဆိုး အရှိန် အဝါဖြင့် ဖုံးအုပ် ထား သော်လည်း၊ တစ်ဖက် ရန်သူတွင် အနည်းငယ် ပြောင်းလဲ သွားခြင်း မရှိချေ။

ဆံချည် တစ်မျှဉ်ပင် မလှုပ်ခတ် ခဲ့သော ကြောင့်၊ ငွေရောင် အမဲလိုက် ခွေးကြီးမှာ၊ အံ့အားသင့် သွားသည်။

နတ်ဆိုး သားရဲ အလောင်းထံ တွန့်ဆုတ် စွာဖြင့် ငုံကြည့် ပြီးနောက်၊ လင်းယွန်ထံ ပြန်မော့ ကြည့်မိသည်။

ဆုလာဘ်ကို လက်လွှတ် မခံချင် သော်လည်း၊ ယခု အချိန်တွင် ရွေးချယ်ခွင့် မရှိကြောင်း ထင်ရှား နေ၏။

လှည့်ထွက် သွားတော့မည် ဟန်ဖြင့်၊ ရုတ်တရက် ပြန်လှည့် လာပြီး၊ ခုန်ဝင် ကိုက်ခဲ လိုက်သည်။

ငွေရောင် အလင်းအသွင်၊ ပြောင်းလဲ ပြေးဝင် လာသော အရှိန်မှာ၊ ကြောက်စရာ ကောင်းလေ သည်။

သံမဏိ အရိုး အမဲလိုက် ခွေးပေါင်း များစွာ၊ တိုက်ခိုက် လာ သကဲ့သို့၊ ထင်မှား မိလာ၏။

“ ကောင်လေး ... ၊ မင်းက သေမင်းနဲ့ ကစားချင် နေတာပဲ။ ”

ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်သည်နှင့်၊ ရှန်ရှင်း ဓားက ပေါက်ကွဲ ထွက်လာသည်။

လက်ကို လွှဲလိုက် ချိန်၌၊ ငွေရောင် အလင်း အဖြစ် ပြေးဝင် လာသော ခွေးဘုရင်ကို၊ ဝင်လာချိန် ကထက် ပို၍ မြန်သော အဟုန်ဖြင့် ပြန်ကန် ထွက်သွား စေသည်။

မြေပြင်ပေါ် ပြုတ်ကျ သွားသော အခါ၊ ကြီးမားသော တွင်းနက်ကြီး ဖြစ်ပေါ် လာပြီး၊ ထပ်မံ လှိမ့်ထွက် သွားရ ပြန်သည်။

မီတာ ရာဂဏန်း အထိတိုင်၊ တလိမ့်ခေါက်ကွေး လွင့်စင် သွား ပြီးနောက်၊ ဧရာမ သစ်ပင်ကြီး တစ်ပင်ဖြင့် ဝင်တိုက်ကာ၊ ရပ်တန့် သွား၏။

ဝင်တိုက် ခံရသော သစ်ပင် ကြီးမှာ၊ မြေပြင်ကို ထိလု မတက် ကွေးညွှတ် သွားရ သည်။

အာရုံပြောင်း သွားသော လင်းယွန်ထံ၊ ခွေးအုပ်က ပြေးဝင် လာ၏။ ယင်း ကြောင့်၊ ခြေထောက်အား မြေပြင်၌ အသာ ပုတ်ကာ၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။

“ ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။ ”

သူ့ဓား ဖျားတွင် နှင်းဆီပန်း တစ်ပွင့် ပွင့်လာ ပြီး၊ ပန်းသင်္ချိုင်း ဓားမှာ နဂါးကြီး တစ်ကောင်လို ရွေ့လျား သွား၏။

သံမဏိ အရိုး အမဲလိုက် ခွေးအုပ်မှာ ပြန်လည် လွင့်စင် သွားရသည်။ ဤဓား ချက်က၊ သူတို့၏ ခန္ဓာကိုယ် ပေါ်၌၊ နက်ရှိုင်းသော ပြတ်ရှ ရာများ၊ ပေးစွမ်း နိုင်လေသည်။

အချို့သော ခွေးများမှာ၊ အရိုး များစွာ ကျိုးသွား ရ၏။ မြေပြင် ပေါ်သို့ လဲကျ ကုန်ပြီး၊ နာကျင်စွာ ညည်းတွား မိကြသည်။

၎င်းတို့အား ခုတ်ပိုင်း ပစ်ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း နေစဉ်တွင်၊ ငွေရောင် အမဲလိုက် ခွေးကြီးက၊ မျက်ကွယ် အရပ် ဆီမှ၊ အလစ် ဝင် လာ၏။

“ ငါ ဘယ်က လာတာလဲ။ ”

ပန်းသင်္ချိုင်း ဓားကို နောက်ပြန် ဆွဲယူလျက်၊ ပြုံးလိုက် မိ၏။ ထို့နောက်တွင် ဓားဖျားရှိ နှင်းဆီ ပန်းက၊ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ လင်းယွန်အား ဖုံးလွှမ်း ပစ်လိုက်သည်။

“ ဝှစ် ..... ။ ”

ပွင့်လွှာ များက လေဆင် နှာမောင်း အသွင် ပြောင်းလျက်၊ စူးရှသော ဓားမြည် သံများ ထုတ်လွှတ် လာသည်။

ထို့နောက်တွင် ပြေးဝင် လာ နေသော၊ ငွေရောင် အမဲလိုက် ခွေးကြီးကို ပန်းမုန်တိုင်းက ဝါးမြို ပစ်လိုက် တော့၏။

“ အာ ... အု ။ ”

ပန်းမုန်တိုင်း အတွင်းရှိ၊ ပွင့်လွှာ များက ထက်ရှသော ဓားများလို၊ ခန္ဓာကိုယ် အနှံ့ လှီးဖြတ် လာသော ကြောင့်၊ နာကျင်စွာ အော်ဟစ် လျက်၊ နောက်ပြန် လွင့်စင် လာရ သည်။

“ အဆုံးမဲ့ တောင်တန်း ကြီးနဲ့ ရေကန်၊ ကြွေကျ နေသော သစ်ရွက် တွေနဲ့ လေပြေ။ ”

မြေပြင်ပေါ် မဆင်းသက် နိုင်ခင် မှာပင်၊ လေပြင်းများ တိုက်ခတ် လာပြီး၊ တစ်ဖက်လူ ထံမှ ဓား အလင်းများ၊ ထပ်မံ ပြေးထွက် လာပြန် ၏။

ဓား အလင်းက၊ ငွေရောင် အမဲလိုက် ခွေးကြီး၏ အရိုး များကို ဖြတ်တောက် ပစ်လိုက် သည်။

“ အိပ်မက်လို ပန်းကလေး တွေက လွင့်မျော နေတယ်၊ ဝမ်းနည်းခြင်း တွေက၊ မိုးရေနဲ့ အတူ ရွာလာပြီ။ ”

“ ဒီလောကကို ဘယ်သူမှ မပိုင်ဘူး၊ သခင့် အတွက် နှင်းပန်းဖြူ တစ်ပွင့်ကို ငါ ပေး ပါရစေ။ ”

ပွင့်ချပ် များက လွင့်ဝဲ နေပြီး၊ တဖွဲဖွဲ ကျနေသော မိုးရေများ နှင့်အတူ၊ လင်းယွန်၏ ဓား ရောင်ဝါမှာ ပြောင်းလဲ လာသည်။

ထိုရောင်ဝါက အမဲလိုက် ခွေး၏ အရိုးကို သင်တုန်း ဓားဖြင့်၊ အရိတ် ခံ ရသော မုတ်ဆိတ် မွေးများ ကဲ့သို့၊ အဆက် မပြတ် လှီးဖြတ် သွားခဲ့ သည်။

တစက္ကန့် အတွင်း မှာပင်၊ ငွေရောင် အမဲလိုက် ခွေး၏ တည်ရှိ မှုက၊ ပျောက်ကွယ် သွားခဲ့၏။

လှီးဖြတ် ခြင်းကြောင့် အပိုင်းပိုင်း ပြတ်သွားသော၊ အရိုး အပိုင်း အစ များမှာ၊ လေထဲတွင် လွင့်မျော နေသည်။

သို့သော် လွှမ်းမိုး ကြီးစိုး နိုင်လွန်းသော ရောင်ဝါ တစ်ခု ချက်ချင်း ပျံ့နှံ့ လာပြီး၊ ထိုအရိုး များကို ‘ပြာ’ အဖြစ်သို့ ပြောင်းလဲ ပစ်လိုက် တော့၏။

အမဲလိုက် ခွေးအုပ်မှာ ပြာများ အဖြစ် ပျောက်ကွယ် သွားသော၊ သူတို့ ခေါင်းဆောင်ကို မြင်လိုက် ရချိန်တွင် ကြောက်လန့် သွားသည်။

သို့သော် များမကြာ မီတွင်၊ အော်ဟစ် လိုက်ပြီး၊ ခွေး ရူးများ ကဲ့သို့ လင်းယွန်ထံ ပြေးဝင် လာ၏။

“ ငါက ...၊ ကောင်းကင် ဘုံက လာတာပါ။ ”

ဓားကို ဖြန့်ခုတ် လိုက်ကာ၊ လေထဲတွင် ရှိနေသော ခွေး ငါးကောင်အား ထက်ပိုင်း ဖြတ်တောက် ပစ်သည်။

“ ငါ့ လက်မှာ ပန်းတွေ ပွင့်တယ်။ ”

ပန်းသင်္ချိုင်း ဓားကို မြေပြင်ထံ ဦးတည်ကာ၊ တွဲလျောင်း ဆုပ်ကိုင်ပြီး၊ သူ့ လက်အား ဖြန့်လိုက်၏။

လက်ဖဝါး ပေါ်၌၊ နှင်းဆီပန်း တစ်ပွင့် ထွက်ပေါ် ပြီးနောက်၊ ဖြည်းညှင်းစွာ ပွင့်လာ တော့သည်။

ထိုဖြစ်စဉ် အောက်တွင်၊ ဓား ရည်ရွယ် ချက်မှာ မြင့်တက် လာပြီး၊ မြေလွှာပင် တုန်လှုပ် သွားရ၏။

ယင်းကြောင့် အမဲလိုက် ခွေးအုပ်က၊ အလွန် ထိတ်လန့် သွားကာ၊ လျှင်မြန်စွာ ပြန်လှည့် ပြေး လေသည်။

“ တောင်တန်း ကြီးနဲ့ မြစ်ပြင် တစ်လျှောက်မှာ၊ ကောင်းကင်က တိမ်တောက် နေတယ်။ ”

လက်ဖဝါးတွင် နေရောင် ကဲ့သို့၊ တောက်ပ လွန်းသည့် ဓား တစ်လက် ထွက်ပေါ် လာသည်။

ကန့်သတ် ချက်သို့ ရောက်သွားသော အခါတွင်၊ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ မီတာ ငါးထောင် အတွင်း၊ အရာ အားလုံး ‘ပြာ’များ အဖြစ်၊ ပြောင်းလဲ သွားကုန်၏။

***

All Chapters