← Chapters

နားလည်မှု အသစ်။

Vol. 42 Ch. 582

နားလည်မှု အသစ်။

Vol. 42 Ch. 582

လင်းယွန်၏ မျက်ဝန်းများ မှေးကျဉ်းကာ၊ ရှည်လျားသော အသက်ရှူ သံကို မုတ်ထုတ် လိုက်သည်။

သည်ဓားရေး၏ စွမ်းအားက သူ့ကို ထိတ်လန့် စေ၏။ လေ့ကျင့်ချိန် သုံးရက် တည်းဖြင့််၊ ဤမျှ ပြင်းထန် လိမ့်မည်ဟု မထင် ထားချေ။

သူ့ အတွက် ထူးဆန်း သလို ခံစား လာရ သည်။ ၎င်းကို သုံးရက်သာ လေ့ကျင့် ခဲ့ သော်လည်း၊ ဓားရေး၏ အနှစ် သာရအား၊ ဖမ်းဆုပ် နိုင်မိသည်။

အပြာဝတ် ဓားသမား မှတ်ဉာဏ်မှာ၊ သူ့ အပိုင် ဖြစ်လာ၏။ ထို့ကြောင့် အတွေး တစ်ချက်ဖြင့်၊ အလွယ် တကူ အသုံး ပြုနိုင် ခဲ့ခြင်း ဖြစ်သည်။

သည်ဓား ရေးမှာ သုံးနှစ်ကျော် လေ့ကျင့်ထား သကဲ့သို့ ကြေညက် နေပြန်၏။

သခင့်ဓားကို အချိန် အတော်ကြာ လေ့ကျင့် ခဲ့ရ သော်လည်း၊ ထို့သို့ မဟုတ်ချေ။

သည့်တင်မက မည်သည့် နည်းစနစ် များဖြင့် မဆို မတူကြောင်း သူ ပြောနိုင်သည်။ အတွေး များနှင့် ပန်းသင်္ချိုင်း ဓားကို ကြည့်ပြီး၊ မြေပြင် ကနေ ဆွဲထုတ် လိုက်၏။

ဓားမြည်သံ ကြားလိုက် ရချိန်၌၊

“ ဒီဓားရေးက တကယ်ကို အစွမ်း ထက်တယ်၊ ငါ့ရဲ့ ဓားရည်ရွယ် ချက်တောင် တိုးတက် လာပုံပဲ။ ”

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ၊ ငါ ဘယ်က လာတာလဲ။ ”

ထိုစဉ်က သည်မေးခွန်း များကို မဖြေ နိုင်ချေ။ ပန်းက သူ့ နှလုံးသားတွင် ပွင့်သည်။

ဆိုလို သည်မှာ၊ ပန်း ကဲ့သို့ မာန တရား လက်ဆုပ်ကိုင် ထားရှိ ရပေမည်။ ဘဝ၏ နေဝင်ချိန် ရောက်သည် အထိ၊ ဦးညွှတ် စရာ မလိုချေ။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ၊ ဒါက ဘာကြောင့် ဓားရေးကို လေ့ကျင့် ရတာ လဲလို့၊ မေးတာနဲ့ အတူတူ ပါပဲ၊ ... ”

( ငါ ဘယ်က လာတာလဲ။ )

“ ... ဒါက ဓားရဲ့ ဦးတည် ရာကို ရည်ညွှန်း တယ်၊ ဒါဆို ငါက ဓားကို ဘာလို့ ဆွဲရ တာလဲ။ ”

ထို့ကြောင့် နေဝင် ဆည်းဆာ ကဲ့သို့ အတွေးများ လင်းလက် လာပြီး၊ သူ့ စိတ်နှလုံး ကို၊ ထပ်မံ သန့်စင် လာစေသည်။

ဓားနှင့် ပတ်သတ်၍ သေခြင်း တရားကို မကြောက်ဘဲ၊ တွန်းလှန် နိုင်သော စွမ်းရည် ရှိရ မည်ဟု ဆိုလိုသည်။

အပြာဝတ် အမျိုးသား၏ ရည်ရွယ် ချက်ကို မသိ သောကြောင့်၊ ယင်းမှာ သူ၏ ကောက်ချက်သာ ဖြစ်သည်။

ဤဓားရေးကို လေ့ကျင့် ခြင်းဖြင့်၊ သူ့နှလုံး သားကို ပိုမို ရှင်းလင်းစွာ ပြန်ကြည့် နိုင်သည်။

ဆိုလို သည်မှာ သူ့ဓား ရည်ရွယ် ချက်သည်၊ ဒေါသပေါ် အခြေ တည်၏။ ထို့ကြောင့် ရှန်ရှင်း ဓားကို ပြီးဆုံး ချင်ပါက၊ ဒေါသအား ပို၍ သွေးယူ ရပေမည်။

သည်းခံ ခြင်းမှာ သူ့ ‘မူ’ မဟုတ် တော့ချေ။ ဒေါသ ထွက်လျှင် သတ်မည်။ သတ်ပြီးနောက် ဒေါသ ပြေပေမည်။

ဤသည်မှာ သူ၏ ဓားတာအို ဖြစ်လာ ပေ၏။ သူ့ နေရာ၌ အမျိုးသမီး တစ်ဦး ဆိုပါက၊ ဤဓားရေးနှင့် ပတ်သတ်၍၊ အမြင်များ ကွဲပြား နိုင်သည်။

ဥပမာ အားဖြင့်၊ ‘ဤလောက၌ အရာ အားလုံးကို မည်သူမျှ မပိုင်ရ၊ သခင့်အား နှင်းပန်းဖြူ တစ်ပွင့်ကို ငါပေးမည်’ ဟူသော ကဗျာ အပေါ် အာရုံစိုက် မိမည် ဖြစ်သည်။

နှင်းပန်းဖြူ ဆိုသည်မှာ၊ ချစ်ခြင်း မေတ္တာ အပေါ်၊ ကိုယ်စား ပြုသည့် ပန်း တစ်မျိုး ပေပင်။

ထို့ကြောင့် ပန်းချီကား ထဲရှိ၊ အမျိုးသမီး အနေဖြင့် အပြာဝတ် အမျိုးသား အပေါ် ထားရှိသော၊ သူမ၏ အချစ်ကို နှင်းပန်းဖြူနှင့် တင်စား လိုက်ခြင်း ဖြစ်သည်။

မျက်စိ တစ်မှိတ် အတွင်း၊ ခုနစ် ရက် ကုန်လွန် သွားပြီးနောက်၊ တောင်ကုန်း တစ်ခု ပေါ်တွင် ထိုင်နေသော လင်းယွန်က၊ မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်း များမှာ၊ ကောင်းကင်ရှိ တိမ်တိုက်များ ကိုပင်၊ ပုံရိပ် ထင်ဟပ် လာစေသည် အထိ၊ အနက်ရောင်များ တောက်ပ နေသည်။

ယင်းမှာ တိမ်များသာ ရောင်ပြန်ဟပ် နေခြင်းမျိုး မဟုတ်ချေ။ အဆုံး မရှိသော ဓားရည် ရွယ်ချက် များလည်း၊ ပါဝင် နေသည်။

ထုတ်လွှတ် ထားသော ဓားရည်ရွယ် ချက်များ အားလုံးကို၊ ခန္ဓာကိုယ် ထဲသို့ ပြန်ရုတ် သိမ်း လိုက်ပြီး၊ မတ်တပ် ထရပ်ကာ၊

“ ငါ့ရဲ့ ရှန်ရှင်း ဓားက ...၊ ဒီ ခုနစ်ရက် အတွင်း ပြီးမြောက် သွားပြီ။ ”

လွန်ခဲ့သော ခုနစ်ရက် လုံးလုံး၊ အလင်း ဆည်းဆာ ဓား ပညာရပ်ကို လေ့ကျင့် ခဲ့သည်။ ဓားရေးနှင့် ပိုနီးစပ် လာသည်မှ လွဲ၍၊ တိုက်ပွဲဝင် စွမ်းအားများ တိုးလာခြင်း မရှိ ခဲ့ချေ။

သို့သော် သူ့ နှလုံးသားမှာ၊ ကြည်လင် ပြတ်သား လာသောကြောင့်၊ နစ်နာခြင်း မရှိဟု ဆိုနိုင်သည်။

ယနေ့တွင်၊ သူ၏ အလေး အနက် ထားရာ၊ ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့ ဆောင်ယူ နိုင်ခဲ့သည်။

ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို အဆင့် ကိုးဆင့် ခွဲခြား ထားပြီး၊ သူ့ ဓားမှာ ပထမ အဆင့် ၌သာ ရှိပေ သေးသည်။

ရှန်ရှင်း ဓား ရည်ရွယ်ချက် အထက်တွင်၊ ဝိညာဉ် ရေးရာ ဓားရည်ရွယ်ချက် ရှိသည်။

သို့သော် ဝိညာဉ် ရေးရာ ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထားနိုင်သူ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ အများ အပြား မရှိ ပေ။

အရာ ခပ်သိမ်း ချောမွေ့စွာ ဖြတ်သန်း လိုသော ကြောင့်၊ ထို အဆင့်သို့ သွားရန် အလျင် မလိုမိ သည်မှာ၊ သဘာဝ ပေပင်။

“ အလင်း ဆည်းဆာ ဓားရေးက တကယ့်ကို လေးနက် ပါတယ်၊ ဒါပေမယ့် အခုတော့ ပြန်ဖို့ အချိန် တန်ပြီ။ ”

သစ်သား စိတ်ဝိဉာဉ် တောင်ကုန်း ဆီမှ၊ တရွေ့ရွေ့ ဆင်းသက် လာခဲ့သည်။ ရုတ်တရက် တောင်ကုန်းထိပ် ဆီသို့ ပြန်လှည့်ကြည့် လိုက်ရာ၊ တိမ်တိုက်များ နှစ်ပိုင်း ကွဲထွက် သွား၏။

ယင်းကြောင့် ကျေနပ်စွာ ပြုံးရယ် လိုက်ပြီး၊ အကြည့် များကို ပြန်ရုတ်သိမ်း ပစ်မှ သာလျှင်၊ တိမ်လွှာ များက ပြန်လည် စုစည်း သွား တော့သည်။

အကြည့် တစ်ချက်ကြောင့် တိမ်များ ကွဲထွက် သွားခြင်း အတွက်၊ လူတိုင်း ပေျာ်ရွှင် သွားမိမည် ဖြစ်သည်။

သို့သော် လင်းယွန် အတွက်မူ၊ ကူကယ်ရာ မဲ့စွာ ခေါင်းယမ်း လိုက်မိ၏။

အပြာဝတ် ဓားသမားနှင့် အတူ၊ သူ့ အမြင်များ ကျယ်ပြန့် လာပြီးနောက်၊ ရှန်းရှင်း ဓား ကိုးဆင့်ကို ပြီးမြောက် လိုခဲ့သည်။

စိတ်နေ စိတ်ထား ပြောင်းလဲ ခြင်းမှာ၊ အရေး မကြီးဟု ထင်ရ သော်လည်း၊ ခရီးလမ်း ရှည်လာ သည်နှင့် အမျှ၊ ကြီးစွာသော ခြားနား ချက်များ ရှိလာ ပေမည်။

တောင်တန်းမှ ပြန်လည် ဆုတ်ခွာ လာသော လမ်းတွင်၊ လူနှစ်ယောက် သစ်ပင် ပေါ်မှ ခုန်ချ လာ၏။ ထိုသူ နှစ်ဦးမှာ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ တပည့်များ ဖြစ်သည်။

“ မင်းက တကယ့် လေးစား စရာ ပါပဲ၊ ငါတို့ နှစ်ယောက်က တားမြစ်ဇုန် ထဲကို မဝင်ဝံ့ ပေမယ့် မင်းကတော့ ဆန္ဒ ရှိသလို၊ သွားလာ နေတယ်။ ”

တပည့် နှစ်ဦး အနက် တစ်ဦးက၊ ရိုသေ လေးစားသော လေသံဖြင့် ပြောသည်။

အကယ်ဒမီ ငါးခု ပြိုင်ပွဲ ပြီးနောက် လင်းယွန်မှာ၊ အကယ် ဒမီ၏ သူရဲကောင်း တစ်ဦး ဖြစ်လာ ခဲ့၏။ တပည့်တိုင်းက ကြည်ညို လေသည်။

“ မင်းတို့ ငါ့ကို စောင့်နေကြ ပုံပဲ၊ တစ်ယောက် ယောက် ငါ့ကို တွေ့ချင် နေလို့ လား။ ”

လင်းယွန်က ပြန်မေး လိုက်၏။ တပည့် နှစ်ယောက်က အချင်းချင်း ပြန်ကြည့် လိုက်ကြြပီး၊

“ စီနီယာ အစ်မ မိုရဲ့၊ အမိန့် အရ လာခဲ့ တာပါ၊ တားမြစ်ဇုန်က ဒီလောက် အန္တရာယ် မရှိရင် ...၊ မင်းနောက်ကို လိုက်လာ မိမှာ အမှန်ပဲ။ ”

“ စီနီယာ အစ်မက မင်းကို ...၊ သူ့ဆီ လာစေချင် နေတယ်။ ”

ထို့ကြောင့် လင်းယွန်က ခေါင်းညိတ်ကာ၊ သတင်း လာပါးသော တပည့် နှစ်ယောက်ကို နှုတ်ဆက်ပြီး၊ ဆက်လက် ထွက်သွား လာခဲ့၏။

မကြာခင် အကယ် ဒမီသို့၊ ပြန်ရောက် လာခဲ့ပြီး၊ လူတိုင်းကို ဆွဲဆောင် နိုင်သော တစ်စုံ တစ်ရာ၊ အကယ်ဒမီ၌ ဖြစ်ပျက် နေကြောင်း၊ ခန့်မှန်း မိသည်။

လေထုမှာ ထူးဆန်း နေသော်လည်း ယင်း အပေါ်၊ သိပ် စဉ်းစား မနေ ချေ။ နောက်ဆုံးတွင် အကယ် ဒမီမှ၊ ထွက်ခွာ သွား တော့မည် ဖြစ်ရာ၊ သူနှင့် သက်ဆိုင်ခြင်း မရှိဟု ယူဆ မိသည်။

မိုလင်း နေအိမ်သို့ တန်းသွား လိုက်သည်။ ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင် ထားသော သူမက၊ စိတ်ပျက် နေဟန်ဖြင့်၊

“ မင်းက ... တစ်နေရာ တည်းမှာ မနေနိုင် ဖူးလား ဟမ့်၊ ချင်းယန် လှိုဏ်ဂူ ကနေ ထွက်လာ ပြီး တာတောင်၊ သစ်သား စိတ်ဝိညာဉ် တောင်ထိပ် တက်သွားတယ်၊ ငါ မင်းကို ရှာဖို့ အများကြီး ကြိုးစား ခဲ့ရတယ်။ ”

သူတို့ နှစ်ဦးမှာ တစ်ဦးကို တစ်ဦး၊ ကောင်းကောင်း သိနေ ကြပြီ ဖြစ်ရာ၊ အပြစ်တင် မာန်မဲ လာခြင်း အပေါ်၊ စိတ်မဆိုး မိချေ။

“ အစ်မကြီး ... မင်းက ဒေါသ ထွက်ရင် မလှဘူး။”

-ဟု လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

“ မင်း ... ပေါက်တက်ကရ တွေ ပြောတက် နေပြီ၊ အခု ဘယ် အချိန်မှာ ဘယ်ကို သွားဖို့ စိတ်ကူး ထားလဲ။ ”

ထိုမေးခွန်းက လင်းယွန်ကို အံ့ဩ သွားစေ သည်။ ဤသို့ မေးလာ လိမ့်မည်ဟု မထင် ထားချေ။

နှုတ်ဆက်ပွဲ တိုင်းတွင်၊ အမြဲတမ်း ဝမ်းနည်းမှု များနှင့်၊ ပြည့်နှက် နေတက်၏။ လောက၌ မည်သည့် အရာမျှ ထာဝရ မမြဲ နိုင်ပေ။

အကယ်ဒမီမှ လိုအပ်သော အရာ မှန်သမျှ ရယူ ခဲ့ပြီး ပြီမို့၊ ထွက်သွားဖို့ အချိန် တန်ပြီ ဖြစ်သည်။

ပြန် မဖြေခင် အနည်းငယ် စဉ်းစား လိုက်ပြီးနောက်၊

“ ခုနစ်ရက် အတွင်း၊ ငါ သွားတော့မယ်၊ ဘယ်သွားမယ် ဆိုတာတော့ ဦးတည်ချက် မရှိ သေးပါဘူး၊ သွေးစွန်းသော ဧည့်ခံပွဲ မတိုင်ခင် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အနှံ့၊ တတ်နိုင် သမျှ ခရီး ထွက်နိုင်ဖို့ စဉ်းစား ထား ပါတယ်၊ ... ”

“ ... ဖြစ်နိုင်ရင် ဓားဂိုဏ်းရဲ့ အပျက် အစီး နယ်မြေကို သွားလည် ဖြစ်မယ် ထင်တယ်။”

ဓားဂိုဏ်း ဆိုသည်မှာ၊ တစ်ချိန်က တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး၏ ဘုရင် တစ်ပါး ဖြစ်သည်။

သခင့်ဓားမှာ ဓားဂိုဏ်းမှ ဆင်းသက်လာ သောကြောင့်၊ အပျက် အစီး နယ်မြေတွင် ကျန်အပိုင်း များကို ရှာတွေ့ နိုင်ရန်၊ မျှော်လင့် ထားသည်။

သို့သော် ယင်းအတွက် များစွာ မတောင့်တ မိချေ။ ဓားဂိုဏ်း ပျက်စီး ခဲ့သော အချိန် ကာလမှာ၊ များစွာ ကြာညောင်း နေပြီ ဖြစ်သည်။

“ ခုနစ်ရက် အတွင်းလား၊ ဒါက တကယ်ကို မြန်လွန်းတယ်။ ”

မိုလင်းက သက်ပြင်းချ လိုက်၏။ ပြီးနောက် လင်းယွန်ကို ပြန်ကြည့်ပြီး၊၊

“ ဒါပေမယ့် ... မင်းဒီလို ထွက်သွားရင်၊ ယွမ်ယန် ဘယ်လို ခံစား ရမလဲ။ ”

“ ဟမ် ...။ ”

ထိုစကားကြောင့် လင်းယွန် တစ်ယောက် အံ့သြ သွားမိ သည်။ လျူယွမ်ယန်မှာ သူ ထွက်သွား ခြင်းနှင့် ပတ်သက်ပြီး၊ အဘယ်ကြောင့် ခံစား ရမည်ကို နားမလည် မိချေ။

သို့သော် မိုလင်းက သူ့ကို ရှင်းပြ ပြီးနောက်၊ ဆိုလိုသည့် အရာ အပေါ်၊ လင်းယွင် နားလည် သွား၏။

ထို့ကြောင့် ကျမ်းဆောင် ခန်းမ ရှေ့တွင်၊ ပြောခဲ့သော စကား များနှင့် ပတ်သတ်၍၊ မိုလင်း တစ်ယောက် နားလည်မှု လွဲနေခြင်း ဖြစ်ကြောင်း၊ သိလိုက် ရသည်။

ထို့ကြောင့် လျူယွမ်ယန်ကို စိတ်ဝင်စား ခြင်း မရှိဟု ငြင်းဆို လိုက်ရာတွင်၊ မိုလင်း ထံမှ ရွှင်မြူးသော ရယ်သံများ ထွက်ပေါ် လာသည်။

“ ခစ် ... ခစ် ခစ်၊ ငါတို့ ယွမ်ယန်က အရမ်း လှတယ်၊ မင်း သူ့ကို တကယ် မကြိုက် ဖူးလား။ ”

မိုလင်းတွင် ယခင်က ရှိ ခဲ့ဖူးသော ခံစားချက် မဲ့သည့်၊ အေးစက်မှုမျိုး ရှိမနေ တော့ချေ။ ဆယ်ကျော်သက် တစ်ဦး ကဲ့သို့ မြူးကြွ လာပြီး၊

“ မြန်မြန် ဖြေ၊ မဟုတ်ရင် ငါ မင်းကို စိတ်ရှည် တော့မှာ မဟုတ်ဘူး။ ”

“ ငါ့မှာ ... သဘော ကျတဲ့ သူ ရှိပါတယ်။ ”

“ အို့ ... တကယ်လား။ ”

“ အင်း ... ။ ”

လင်းယွန်က အတည် ပြု လိုက်၏။

“ လှ လား။ ”

“ ... ယွမ်ယန် ထက်တော့ ပိုလှတယ်။ ”

မဆိုင်း မတွပင်၊ လင်းယွန်က ခေါင်းညိတ်လျက် ဝန်ခံ လိုက်သည်။

“ အဲ့ဒါဆို ငါနဲ့ ရော ... ။ ”

မိုလင်းက ပြုံးရယ် သွားကာ၊ လင်းယွန် အပေါ် အထင် ကြီးမှု၊ အသစ် အသစ်များ ပေါက်ပွား လာခဲ့ သည်။ သို့သော် အလွှတ် ပေးချင်ပုံ မရ သေးချေ၊

ဆုစီယာနှင့် မိုလင်းတို့ နှစ်ဦးကို၊ ချိန်ထိုး ကြည့် ပြီးနောက်၊ အတော်ကြာ ငြိမ်သက် သွား သည်။

မည်သူက ပိုလှ မည်ကို၊ သူ မပြော နိုင်ချေ။ အမျိုး သမီး နှစ်ဦးမှာ၊ စိတ်နေ စိတ်ထားချင်း မတူကြ သောကြောင့် ဖြစ်သည်။

ထို့ပြင် မိုလင်းမှာ နေသာ စီရင်စုတွင် ကြီးပြင်းသော၊ တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦး ဖြစ်၏။

ဆုစီယာ မှာမူ မဟာချင် အင်ပါယာ၏ ဧကရီ တစ်ပါး မျှသာ ဖြစ်သည်။ သို့သော် လင်းယွန်က ခေါင်းညိတ် ပြကာ၊

“ သူက မင်းထက် ပိုလှတယ်။ ” -ဟု ပြတ်သားစွာ ပြန်ဖြေ လိုက်လေသည်။

မိုလင်း၏ အပြုံးများ ပျောက်ကွယ် သွားပြီးနောက်၊

“ အံ့သြ စရာတော့ မရှိ ပါဘူး၊ ဒါပေမယ့် အခု သူမ ဘယ်လို ပုံစံ ရှိလဲ ဆိုတာကို၊ ငါ တကယ်ပဲ သိချင် လာပြီ။ ”

“ ဒါနဲ့ ပတ်သက်ပြီး ခဏရပ် လိုက်ကြ ရအောင်၊ မင်း ငါ့ကို ဘာလို့ ရှာနေ တာလဲ။ ”

မိုလင်း ထံမှ ခက်ခဲသော မေးခွန်းများ ထပ်မံ ထွက်ပေါ် မလာ စေရန်၊ အကြောင်း အရာကို အမြန် ပြောင်းယူ လိုက်သည်။

“ ကောင်းပြီ ... ငါ မင်းကို လွှတ် လိုက်မယ်၊ ဒါပေမယ့် သူက ငါ့လောက် မလှဖူး ဆိုတာ သိတဲ့ တစ်နေ့ ...၊ ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ”

မိုလင်းက လင်းယွန်ကို ပြုံးကာ၊ စိုက်ကြည့် လိုက်သည်။ သူမ အကြည့်ကြောင့် လင်းယွန်က၊ နှာခေါင်း ပွတ်လိုက် မိ၏။

“ ထားတော့ ...၊ နေသာ စီရင်စုမှာ ကိစ္စ ကြီး တစ်ခု ဖြစ်ပွား ခဲ့တယ်၊ ဒါပေမယ့် မင်းက မကြာခင် ထွက်သွားဖို့၊ စိတ်ကူး ထားပြီ ဆိုတော့၊ ဒါကို စိတ်ဝင်စား ပါ့မလား မသေချာ တော့ဘူး။ ”

“ ဘာများလဲ။ ”

လင်းယွန်က ပြန်မေး မိသည်။ ယင်းမှာ လမ်းတစ်လျှောက်တွင်၊ သူ သတိပြု မိ ခဲ့သော လေထုပင် ဖြစ်ပေမည်။

***

All Chapters