နက်နဲသော ‘ယင်’ ရေ။
Vol. 42 Ch. 583
လင်းယွန် မျက်နှာ ပေါ်ရှိ စူးစမ်း လိုသော အမူ အရာ များကို ကြည့်ပြီး၊ မိုလင်းက ပြုံးကာ၊
“ မိုးပြာ စီရင်စုနဲ့ တိမ် စီရင်စု တို့ ကြားမှာ၊ အန္တရာယ် အရှိဆုံး နယ်မြေ တစ်ခု အဖြစ် သတ်မှတ် ထားတဲ့၊ မြောက်ပင်လယ်လို့ ခေါ်တဲ့၊ နယ်မြေ တစ်ခု ရှိတယ် ဆိုတာ မင်းသိလား။ ”
အကယ် ဒမီတွင် ရှိနေစဉ် တစ်လျှောက်၊ အချိန် များကို လင်းယွန်က မဖြုန်းတီး ခဲ့ပေ။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို နားလည်ရန် အချိန် ပေး ခဲ့သည်။
ထို့ကြောင့် မြောက်ဘက် ဒေသရှိ အပျက် အစီး နယ်မြေ အကြောင်းကို၊ အနည်းငယ် သူ သိ၏။
ယင်းမှာ၊ ပုံမှန် ပင်လယ်မျိုး မဟုတ် ချေ။ ပင်လယ်တွင် ရေရှိ ရမည့် အစား၊ သဲများဖြင့် ပြည့်နှက် နေသော ကန္တာရ တစ်ခုသာ ဖြစ်သည်။
ဗဟို နယ်မြေသို့ ဝင်ရောက် သွားပြီးနောက်၊ အသက် ရှင်လျက် ပြန်ထွက် နိုင်ခြင်း မရှိ အောင်ပင်၊ ကျယ်ပြော လှလေသည်။
မြောက်ဘက် လွင်ပြင် ဒေသ ကြီးတွင်၊ တစ်ချိန်က ဂိုဏ်း ပေါင်းစုံ၊ တည်ရှိရာ နေရာ ဖြစ်ပြီး၊ လူမျိုးတုန်း စစ်ပွဲကြီး များကြောင့်၊ သဲကန္တာရ တစ်ခု ဖြစ်လာ ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုကြ ၏။
မြောက်ပင်လယ်မှာ၊ အန္တရာယ် များသော နယ်မြေ ဖြစ်သော်လည်း၊ အချို့သော ရှေးဟောင်း ရတနာ များကို၊ ၎င်း နယ်မြေ၌ ရှာဖွေ တွေေ့ရှိ နေဆဲ ဖြစ်သည်။
ထို့ကြောင့် ယင်းပင်လယ်တွင် တစ်စုံ တစ်ရာ ဖြစ်ပွား လာ ခဲ့လျှင်ပင်၊ အံ့သြ မိမည် မဟုတ်ပေ။
“ တစ်ယောက် ယောက်က၊ ရှေးဟောင်း ရတနာ တစ်မျိုးကို ရှာတွေ့ ခဲ့လို့လား၊ ဒါမှ မဟုတ် ... ရတနာ သိုက်လား။ ”
-ဟု လင်းယွန်က တည်ငြိမ်စွာ ပြန်မေး လိုက်၏။
“ မင်း ထင်တာတွေ တစ်ခုမှ မဟုတ်ဘူး။ ”
မိုလင်းက လျှို့ဝှက်သော အပြုံးဖြင့်၊ ခေါင်းယမ်း လိုက်သည်။
“ မဟုတ် ဖူးလား၊ ဒါဆို ဘာလဲ။ ”
မိုလင်း၏ ငြင်းဆို မှုကြောင့်၊ စူးစမ်းလို စိတ်များ၊ ဖြစ်ပေါ် လာ၏။
“ တစ်စုံ တစ်ယောက်က၊ မြောက် ပင်လယ်မှာ၊ ရှေးဟောင်း သင်္ချိုင်း တစ်ခုကို၊ တွေ့ရှိ ခဲ့တယ်။ ”
“ ရှေးဟောင်း သင်္ချိုင်းဂူ။ ”
အတွေးထဲ နစ်မျော သွားသော်လည်း၊ လင်းယွန်၏ အမူ အရာမှာ ပြောင်းလဲခြင်း မရှိပေ။
စစ်မြေပြင် တစ်ခု ဖြစ်သော ကြောင့်၊ သင်္ချိုင်းဂူ တစ်လုံးအား တွေ့ရှိ ရသည်မှာ၊ သဘာဝ သာ ဖြစ်သည်။ သူ့အား မည်သို့မျှ၊ မဆွဲဆောင် နိုင်သေးချေ။
ထိုသင်္ချိုင်း မျိုးမှာ များသော အားဖြင့်၊ ဂိုဏ်း တစ်ဂိုဏ်း၏ ဆေးခန်းမ များသာ ဖြစ်တက် ပေရာ၊ တန်ဖိုး ရှိမည် မဟုတ်ကြောင်း၊ သူပြော နိုင်သည်။
သို့သော် ယင်းကို မိုလင်းက ကြီးကျယ်သော အဖြစ် အပျက်များ သဖွယ်၊ ပြောဆို လာနေသည့် အတွက်၊ သည်သင်္ချိုင်း ပိုင်ရှင်တွင်၊ ထူးခြားမှု တစ်စုံ တစ်ရာ ရှိရ ပေမည်။
“ သင်္ချိုင်း ပိုင်ရှင်ကို၊ အင်ပါရီယန် တစ်ယောက်လို့ ယူဆ နေကြတယ်။ ”
“ ဘယ်လို ... မင်း တကယ် ပြောနေ တာလား။ ”
လင်းယွန်မှာ မျက်နှာ ပြောင်းလဲ သွားသည်။
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ အလွန် ရှားပါး လှ၏။
အမည်ခံ အုပ်စိုးရှင် ဖြစ်သော ကောင်းကင် ပြည်နယ် အကယ်ဒမီ တွင်ပင်၊ ဤအဆင့် ပညာရှင် (၃) ဦးသာ ရှိလေသည်။
အကယ် ဒမီ အနေဖြင့်၊ ကျင့်ကြံမှု အစား ရူရ် များ အပေါ် တွင်သာ၊ အဓိက ထားသော ကြောင့်ဟု၊ ဆင်ခြေ ပေးနိုင်၏။
ဤသို့ ဆိုသော် ကျန်သည့် အမည်ခံ အုပ်စိုးရှင် များ တွင်လည်း၊ ကျွမ်းကျင်သူ များစွာ မရှိပေ။
အုပ်စိုးရှင် တပ်ဖွဲ့များ တွင်သာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို၊ အထိ အတွေ့ များ ကြလေ သည်။
သို့သော် ထိုဂိုဏ်းများ ၌ပင် အနည်း ငယ်သာ ရှိ၏။ ကောင်းကင် ဝိညာဉ် နယ်မြေကို၊ မတူ ညီသော အဆင့်များ၊ ထပ်မံ ခွဲခြား ထားသည်။
ထို့ကြောင့် မိုလင်း ပြောပြ ခဲ့သော အင်ပါ ရီယန် နယ်မြေ မျိုးမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ အထက်တွင် ရှိနေပြီး၊ လက်လှမ်း မမှီ နိုင်သော အဆင့်မျိုး ဖြစ်သည်။
အဆိုပါ တည်ရှိမှု မျိုးသည် ရှေးဦး ခေတ်တွင်၊ ရှင်သန် ခဲ့သော ဂိုဏ်း အသီးသီး၏ ကြီးကျယ် ခန်းနားသော အကြီး အကဲများ ဖြစ်ရ ပေမည်။
ယင်းမှာ အလွန် မြင့်မြတ်သော နယ်ပယ် ဖြစ်ပြီး၊ အုပ်စိုးရှင် ကိုးပါး တွင်ပင်၊ တစ်ဦးမျှ မရှိချေ။
အမြင့် ဆုံးမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေသာ ဖြစ်သည်။ ထို့ကြောင့် အင်ပါရီယန် သင်္ချိုင်း ဂူမှာ၊ လင်းယွန်အား အံ့သြမိ စေသည်။
အင်ပါရီယန် အဆင့် များနှင့် ပတ်သတ်၍၊ နကန်း တစ်လုံးမျှ မသိချေ။
“ ဟုတ်တယ် ... ကြားကြားချင်း၊ ငါလည်း မင်းလိုပဲ အံ့သြ မိသေးတယ်။ ”
-ဟု မိုလင်းက ဆို၏။
“ ရှေးဟောင်း ရတနာ မျိုးက မြောက်ပင်လယ်မှာ၊ မကြာ ခဏ ဆိုသလို ပေါ်လာ တက်တယ်၊ ... ”
“ ... ရှေးဟောင်း ဂူသင်္ချိုင်း တွေလည်း ထိုနည်း ၎င်းပဲ၊ ဒါပေမယ့် အင်ပါရီယန် တွေရဲ့ သင်္ချိုင်း ဂူမျိုးကို၊ ဘယ်သူ ကမှ ရှာမတွေ့ ခဲ့ဖူးဘူး၊ အခု ... ”
“ ... ကြည့် ရတာ အမှန် ဖြစ်ပုံ ရတယ်၊ ပြီးတော့ သင်္ချိုင်း ဂူ တစ်လုံးတည်း မဟုတ်ဘူး၊ သင်္ချိုင်းမြေ တစ်ခု လုံးပါ ရှိနိုင်မယ်။ ”
မိုလင်းက ရှင်းပြ ပေးလာသည်။ ထိုသတင်းကြောင့် သူမ အလွန် တုန်လှုပ် သွားခဲ့ ရဖူး သည်။
“ အင်ပါရီယန် သင်္ချိုင်း နယ်မြေ ကြီးလား၊ ... ”
လင်းယွန်က အသက် ပြင်းပြင်း ရှူ လိုက်ပြီး၊
“ ... ဒါက တကယ်ပဲ ကိစ္စကြီး တစ်ခုပဲ၊ ငါပြန်လာ တာကို စောင့်နေတဲ့ လူတစ်ယောက် ရှိနေ ခဲ့တာ၊ အံ့သြ စရာတော့ မဟုတ် ပါဘူး။ ”
လင်းယွန်၏ ဆိုဟန်ကြောင့် မိုးလင်းက သဘော ကျစွာ ပြုံးလိုက်သည်။ ဤလူငယ်တွင် အရိုး ထိတိုင်၊ မာန တရားများ ဖုံးလွှမ်း နေပုံ ရသည်။
“ ဒီသတင်းက အမှန် ဖြစ်မယ်လို့ ငါ ထင်တယ်၊ ကောင်းကင် ဓားဂိုဏ်း အပါ အဝင်၊ အနီး နားမှာ ရှိတဲ့ စီရင်စု (၃)က၊ အုပ်စိုးရှင် တွေတောင် လှုပ်ရှား လာကြတယ်၊ ... ”
“ ... ရွှယ်လေးက ... ၊ အခု ကောင်းကင် ဓားဂိုဏ်းက သူရဲ့ စီနီယာ တွေကို ဦးဆောင် ဧည့်ခံ နေတယ်။ ”
မိုလင်းက အလေး အနက် ဆိုသည်။
“ ကောင်းကင် ဓားဂိုဏ်းက၊ သူတို့ တပည့် တွေကို စေလွှတ် လာပြီလား။ ”
အကယ် ဒမီတွင် သည်မျှ လူရှင်း နေသည်မှာ၊ အံ့သြ စရာ မရှိ တော့ချေ။ ကောင်းကင် ဓားဂိုဏ်းမှ တပည့် များ ရောက်ရှိ လာပြီး နောက်၊ လူတိုင်း၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင် သွားခြင်း ဖြစ်သည်။
၎င်းတို့မှာ အုပ်စိုးရှင်၏ တပည့်များ ဖြစ်ပေ သည်။
“ မင်း ... ထွက်သွားဖို့၊ အလျင် စလို မရှိ သေးရင်၊ စူးစမ်း နိုင်ပါတယ်၊ ကောင်းကင် ဓားဂိုဏ်းနဲ့ လိုက်ပါ တာက၊ ပို အန္တရာယ် ကင်းလိမ့်မယ်၊ ဘယ်သူ သိမလဲ၊ မင်းက နက်နဲတဲ့ ယင်ရေ ကိုတောင် ရှာတွေ့ နိုင်တယ်။ ”
“ နက်နဲတဲ့ ယင်ရေ၊ ဒါက ဘာလဲ။ ”
မိုလင်း စကားကြောင့်၊ လင်းယွန်က စိတ်ဝင် စား လာသည်။
“ ဒါက အလွန် ရှားပါးတဲ့ သဘာဝ ရတနာပဲ၊ အုပ်စိုးရှင် တပ်ဖွဲ့တွေ မှာသာ တွေ့နိုင်တယ်၊ သူတို့ရဲ့ ခမ်းနားတဲ့ ပါရမီရှင် တပည့်တွေ အတွက်၊ ဆု အဖြစ် ချီးမြှင့် ကြတယ်၊ ... ”
“ ... ဒါက သူတို့ရဲ့ ပါရမီ ရှင်တွေ၊ အစွမ်းထက် ရတဲ့ အကြောင်းရင်း ထဲက တစ်ရပ်ပဲ၊ ခမ်းနားတဲ့ စွမ်းရည် တွေကြောင့််၊ ထိတွေ့ခွင့် ရတဲ့၊ အရင်း အမြစ် တွေပါ။ ”
“ နက်နဲ ယင်ရေက ပါရမီ ရှင်တိုင်း လိုချင်တဲ့ ရတနာပဲ၊ သူတို့က ယင် အဆင့်က သူတွေ အတွက်သာ သန့်စင် နိုင်တာကြောင့်၊ အလွန် အဖိုး တန်တယ်၊ ဝိညာဉ် ကျောက်စိမ်း တွေနဲ့တောင် ဝယ်ယူလို့ မရဘူး။ ”
နက်နဲယင် ရေမှာ၊ အလွန် ရှားပါး လှသည့် အတွက်၊ အုပ်စိုးရှင် တပည့် တိုင်းပင် မသိခဲ့ ကြပေ။
မိုလင်း သိနေ ရသော အကြောင်း ရင်းမှာ၊ ‘မို’ မိသား စုနှင့် ဆက်စပ်မှု ရှိသော ကြောင့်သာ ဖြစ်သည်။
မို မိသားစုသည် နေသာ စီရင်စု မြို့တော်တွင်၊ ရှေးကျသော မျိုးနွယ်စု တစ်စု ဖြစ်ပြီး၊ ၎င်းတို့၏ သားစဉ် မြေးဆက် များကို၊ အုပ်စိုးရှင် ဂိုဏ်း အသီးသီးသို့ ဖြန့်ကျက် ထားခဲ့ ကြသည်။
မိသားစု တစ်စု အနေဖြင့်၊ မည်သည့် အရာမျှ မတက်နိုင် သော်လည်း၊ အနာဂတ်တွင် အခွင့် အရေး တစ်ရပ် ရှိလာ နိုင်မည်ဟု၊ မျှော်လင့် ထားသည်။
ဥပမာ အားဖြင့်၊ မိုလင်း၏ အရည် အချင်းကြောင့်၊ အနာဂတ်တွင် အကယ် ဒမီကို ချုပ်ကိုင် နိုင်မည် ဖြစ်သည်။
ကံကောင်း ထောက်မ စွာဖြင့်၊ ‘မို’ မိသားစု ထဲတွင် သူမ ကဲ့သို့၊ အရည် အချင်း ရှိသူ များစွာ ရှိခဲ့သည်။
“ သင်္ချိုင်း နယ်မြေမှာ နက်နဲယင် ရေကို ရှာတွေ့ဖို့ အခွင့် အလမ်း ရှိတယ်၊ ဒါကြောင့် မင်း သွားမယ် ဆိုရင် ရနိုင် လိမ့်မယ်။ ”
သင်္ချိုင်း နယ်မြေ အတွင်း၌ နက်နဲယင် ရေများ ရှိလျှင်၊ လင်းယွန်၏ အရည်အချင်း အရ၊ သဘာဝ အတိုင်း၊ ခွဲယူနိုင် လိမ့်မည်ဟု ယုံကြည်သည်။
ဤသို့သော ရှေးဟောင်း ဂူသင်္ချိုင်း များ၏၊ အဓိက ရတနာမှာ သဘာဝ အားဖြင့်၊ ပညာရပ် ဆိုင်ရာ အမွေ အနှစ်များ၊ ရတနာ များနှင့် အလောင်း များသာ ဖြစ်လေသည်။
ထို့ကြောင့် တိမ်နဂါး အဆင့် ကျွမ်းကျင် သူများကို၊ သေချာပေါက် ဆွဲဆောင် နိုင်မည် ဖြစ်၏။
လင်းယွန် အနေဖြင့်၊ အမွေ အနှစ်များ အတွက်၊ တိုက်ခိုက်ရန် လွယ်ကူခြင်း မရှိ သော်လည်း၊ နက်နဲယင် ရေ ကိုမူ သေချာပေါက် ရယူ နိုင်ပေ လိမ့်မည်။
သူ့ ခွန်အားမှာ၊ ကျင့်ကြံ မှုထက် အဆပေါင်း များစွာ ကျော်လွန် နေသဖြင့်၊ လူတိုင်းကို အငိုက်ဖမ်း နိုင်မည် ဖြစ်သည်။
ထို့ကြောင့် လင်းယွန် အတွက်၊ ဤအခွင့် အရေးကို လက်လွတ် မခံစေ ချင်ပေ။
“ အခုက စပြီး သုံးရက် နေရင် ဆုံးဖြတ် ချက်ကို ပြန်ပေး ပါမယ်၊ ဒီ အကြောင်းကို ပြောပြ ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က ခေါင်းညိတ်ကာ၊ မယုတ် မလွန် ဆိုသည်။
နှင်းဆီ ပန်းချီကို နားမလည် ထားပါလျှင်၊ ဤခရီး၌ စွန့်စား ရဲမည် မဟုတ်ချေ။
နှင်းဆီ ပန်းချီကား အပေါ်၊ ရိတ်သိမ်း နိုင်ပြီး နောက်တွင်၊ သည့်အတွက် လုံလောက် မည်ဟု ထင်သည်။
အခြေခံ အုတ်မြစ်ကို သည့်ထက် တည်ငြိမ်အောင် လုပ်ရန်သာ လို၏။ ထိုအချိန်တွင် ယှဉ်ပြိုင်ရန် အရည် အချင်း၊ ပြည့်မှီ လာမည် ဖြစ်သည်။
ထို့အပြင် နှင်းဆီ ပန်းချီ ကား၏ လျှို့ဝှက်ချက် များကို၊ နားလည် သဘောပေါက် ထားသော်လည်း၊ သူ့ အတွက် အနည်းငယ် အန္တရာယ်များ လွန်းနေ သေးသည်။
တစ်ခုခု လုပ်ဆောင်ရန် ဆုံးဖြတ် လိုက်သည့် အချိန် တိုင်းတွင်၊ အရာ အားလုံး ပေးဆပ် မည့်သူ ဖြစ်သည်။
အကယ်၍ ဂူ သင်္ချိုင်း အတွင်း၊ ဝင်ရောက် ခဲ့ပါက၊ နက်နဲယင် ရေဖြင့်၊ ကျေနပ် နိုင်စရာ အကြောင်း မရှိချေ။
“ မင်း ဒီလောက်ထိ ... တွန့်ဆုတ် ပြနေရင်၊ ငါ ဒေါသ ထွက်မိ တော့မယ်။ ”
မိုလင်းက ရယ်ကာ မောကာဖြင့်၊ ငေါက်လိုက်သည်။ လင်းယွန် အနေဖြင့်၊ မချိပြုံး ဖြင့်သာ တုန့်ပြန် မိ၏။ ပြီးနောက် နှုတ်ဆက်ကာ၊ ပြန်လည် ထွက်ခွာ လာခဲ့သည်။
မိုလင်း၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသော အချိန် မှသာ၊ အသက် ပြင်းပြင်း ရှူ လိုက်၏။
“ မြောက်ပင်လယ်၊ အင်ပါ ရီယန်ရဲ့ ဂူ သင်္ချိုင်းနဲ့၊ နက်နဲယင် ရေ …။ ”
အင်ပါရီယန် နယ်မြေမှာ၊ သူနှင့် ဝေးလွန်း လေသည်။ ထို့အပြင်၊ ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူများ နှင့်ပင်၊ မယှဉ် နိုင်ချေ။
သင်္ချိုင်းဂူမှာ အင်ပါ ရီယန်နှင့် အမှန် တကယ် သက်ဆိုင် ပါက၊ ၎င်းကို တွေ့ရှိ သင့်သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
ဤသို့သော သင်္ချိုင်းဂူ မျိုးမှာ၊ မြောက်ပင်လယ် သဲလွှာ ပြင်များ အောက်၌၊ တိမ်မြုပ် နေတက် ပြီး၊ ယခုမှ ထွက်ပေါ် လာခြင်းမှာ၊ အနည်းငယ် ထူးဆန်း နေပေ၏။
မည်သည့် အန္တရာယ် မျိုးဖြင့်၊ ရင်ဆိုင် ရမည်ကို မသိသေး သော်လည်း၊ ပြိုင်ဘက် များမှာ၊ အနည်းဆုံး ဆောင်းကျန် အဆင့်တွင် ရှိနေ မည်ဟု၊ သေချာပေါက် ပြောနိုင် လေသည်။
သည့်အပြင်၊ တိမ်နဂါး အဆင့် ပါရမီရှင် များဖြင့်၊ ရင်ဆိုင်ရ နိုင်မည်။ ဆောင်းကျန်မှာ သန်မာ သော်လည်း၊ ၎င်းတို့နှင့် နှိုင်းယှဉ် ပါက၊ များစွာ လိုအပ် နေသေး၏။
အပြန် လမ်းတွင် ငရဲ ရင်ပြင် ရှေ့မှ၊ ဖြတ်လျှောက် လာခဲ့၏။ ဤသည်မှာ အတွင်း တပည့်များ ကျင့်ကြံ တက်သော နယ်မြေ ဖြစ်သည်။
သို့သော် ယနေ့တွင်၊ ဤနေရာရှိ လူအုပ်မှာ၊ ကေျာက်စိမ်းဖြူ အကယ်ဒမီ လာရောက်ချိန် ကထက်၊ ပို၍ များပြား နေ၏။
လူအုပ် ကြီးကို ကြည့်ကာ၊ တစ်စုံ တစ်ရာ ဖြစ်ပွား နေပြီဟု၊ ချက်ချင်းပင် ရိပ်မိ လိုက်သည်။
အကယ် ဒမီသို့ အပြင် လူများ ရောက်ရှိ လာချိန်တွင်၊ သိုင်းပညာ ဖလှယ် ပွဲများ ရှိလာ တက်ပြီး၊ ကောင်းကင် ဓားဂိုဏ်း သည်လည်း၊ ခြွင်းချက် မဟုတ် နိုင်ချေ။
သို့သော် သူ့ အတွက် စိတ်ဝင်စား စရာ မရှိ သောကြောင့် ခေါင်းယမ်းကာ၊ ရှောင်ကွင်း သွားမိ သည်။
အကယ် ဒမီ၏၊ သိုင်းပညာ ဆိုင်ရာ အခြေခံ အုတ်မြစ်မှာ၊ အတော်ပင် အားနည်း နေ သော်လည်း၊ ကောင်းကင် ဓားဂိုဏ်းမှ သန်မာသော တပည့် များကို မစေလွှတ် သရွေ့၊ အခက် အခဲ ရှိနိုင်မည် မဟုတ်ချေ။
၎င်းတို့၏ အမာခံ တပည့် များဖြင့်၊ ပြန်လည် တွန်းလှန် နိုင်မည် ဖြစ်သည်။
“ ဘယ်လောက် တောင် အစွမ်းထက် လိုက်လဲ၊ စီနီယာ အစ်ကို မိန် တောင်မှ ကြာကြာ ခံနိုင်မယ် မထင်ဘူး။ ”
“ စီနီယာ အစ်ကို မိန်က၊ သူတို့ ထဲက (၃) ယောက်ကို ဆက်တိုက် အနိုင်ယူ ခဲ့ပေမယ့် ...၊ ဒီလူငယ် လက်မှာ၊ အခြေ အနေ ကောင်းပုံ မရ ဘူး။ ”
“ စီနီယာ အစ်ကို မိန် ...၊ ကြာကြာ မခံတော့ မှာကို ကြောက်တယ်။ ”
လူအုပ် ထံမှ ဆေွးနွေး သံ များကြောင့်၊ လင်းယွန်မှာ တုန့်ခနဲ ရပ်လိုက် မိသည်။ မိန်ဇီယန် တစ်ယောက် တိုက်ပွဲ ဝင်နေလိမ့် မည်ဟု မထင်ထား လေရာ၊ အံ့သြ သွားရ၏။
မိန်ဇီယန် ဆိုသူမှာ၊ ခပ်လျှိုလျှို နေတက်သူ တစ်ဦး ဖြစ်ပြီး၊ မိုလင်းထက် အနည်း ငယ်သာ၊ အားနည်းသူ ဖြစ်သည်။
ထို့ကြောင့် ကောင်းကင် ဓားဂိုဏ်း လက်တွင်၊ ဤမျှ သနားစရာ ကောင်းသော အခြေ အနေသို့ ရောက်ရှိ နေလိမ့် မည်ဟု၊ မထင်ထား မိချေ။
ငရဲ ရင်ပြင်သို့ တိတ်တဆိတ် ပြန်လှည့် လာစဉ်၊ စူးစမ်း လိုစိတ်များ တဖွားဖွား ဖြစ်ပေါ် လာခဲ့သည်။
***