ကောင်းကင် ဓားဂိုဏ်း၏ အမာခံ တပည့်။
Vol. 42 Ch. 584
ငရဲ ရင်ပြင်၏ အလယ် ဗဟိုတွင်၊ အထက်တန်း ကျကျ ဝတ်ဆင် ထားသော လူငယ် လေးယောက် ရပ်နေ၏။
ထိုသူများက စင်မြင့် ပေါ်၌ တိုက်ပွဲ ဝင်နေသော လူငယ် နှစ်ယောက်ကို၊ ဂုဏ်ယူစွာ ပြုံးကြည့် နေ ကြသည်။
သူတို့၏ စိတ်နေ စိတ်ထားမှာ၊ အကယ်ဒမီ တပည့် များနှင့်၊ မတူကြောင်း ထင်ရှား လေသည်။
တူညီ ဝတ်စုံကို ဝတ်ဆင် ထားပြီး၊ ရင်ဘတ်တွင် တိမ်တိုက်အား ထိုးဖောက် နေသော ဓားတစ်လက် သဏ္ဍာန်၊ ရေးဆွဲ ထား၏။
ယင်းကို မုရွယ် ဝတ်ရုံ၌ မြင်ထား ဖူးသည် ဖြစ်ရာ၊ ကောင်းကင် ဓားဂိုဏ်းမှ ဖြစ်ကြောင်း၊ သဘာဝ ကျကျ နားလည် လိုက်သည်။
သို့သော် ၎င်းတို့မှာ ကောင်းကင် ဓားဂိုဏ်း၏ အတွင်း တပည့် များသာ ဖြစ်ပြီး၊ အမာခံ တပည့် များအား မတွေ့ ရှိ ရချေ။
ကောင်းကင် ဓားဂိုဏ်းမှ စစ်မှန်သော ကျွမ်းကျင် သူမှာ၊ မုရွယ်နှင့် အတူ၊ ဧကရာဇ် သင်တန်း ခန်းမတွင် ရှိနေ ပုံ ရ၏။
ထို့ကြောင့် မိန်ဇီယန်နှင့် တိုက်ခိုက် နေသော စင်မြင့် ပေါ်ရှိ၊ လူငယ် ထံသို့ အာရုံ ရောက်သွား သည်။
လူငယ်မှာ အသက် ဆယ့်ရှစ်နှစ် မျှသာ ရှိ သော်လည်း၊ ထုတ်လွှတ် ထားသော ဓားရောင်ဝါ အရ၊ မိန်ဇီယန်ကို ဖိနှိပ် ထားနိုင် ခဲ့သည်။
“ ဒါက မင်းမှာ ရှိတာလား အကုန်လား၊ မလုံလောက် သေးဘူး ... ။ ”
လူငယ်က မိန်ဇီယန်ကို မျက်ခုံး ပင့်ကာ၊ ဆိုလိုက်၏။ သူ့ အပြုံးတွင် အထင်သေး မှုများ၊ ကပ်ညိ နေပေသည်။
မိန်ဇီယန် အနေဖြင့် နာကျင် ကြေကွဲ ရသော်လည်း၊ စကား တစ်ခွန်းမျှ မဆို ခဲ့ချေ။ ယင်းအစား၊ ရှေ့တစ်လှမ်း တိုးကာ၊ လက်သီး ဖြင့်၊ ထိုးချ လိုက်သည်။
မထိုးခင် မှာပင် မူလ စွမ်းအင်ကို၊ ခန္ဓာကိုယ် အနှံ့ ဖြန့်ကျက်ကာ၊ အကုန် အစင် ပို့လွှတ် လိုက်၏။
“ နောက်ဆုံးတော့ မင်းရဲ့ ကနဦး ယန် အဆင့် ခွန်အားကို ထုတ်တော့ မှာလား၊ ဒါပေမယ့် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့၊ အရည် အချင်း မမှီသေး ပါဘူး။ ”
မိန်ဇီယန်၏ လက်သီး ချက်အား လှမ်းမြင် လိုက်ရ သဖြင့်၊ လူငယ်က ပြုံးကာ ဖမ်းဆုပ်ပြီး ဆိုလာ လေသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ … ။ ”
လက်သီးကို ဖမ်းချုပ် ခံလိုက်ရ သောကြောင့်၊ မိန်ဇီယန် တစ်ယောက် ထိတ်လန့် သွားသည်။
သူ၏ ကနဦး ယန် အဆင့် ခွန်အားကို၊ ဤမျှ လွယ်ကူစွာ ဖမ်းယူ နိုင်လိမ့် မည်ဟု၊ မထင် မိချေ။
“ ပြန် ဆင်း လာခဲ့။ ”
လေထဲရှိ မိန်ဇီယန်ကို လက်သီးမှ ဆွဲချ လိုက်ပြီး၊ လူငယ်က ရယ်သည် ။ ထို့နောက် သူက၊
“ မင်းက ... နည်းနည်းတော့ အားနည်း နေသေးတယ်။ ”
-ဟု ဆိုကာ လက်သီးဖြင့်၊ ပြန်လည် ထိုးနှက်ရန် အားယူ လိုက်၏။
ကောင်းကင် ပြည်နယ် အကယ် ဒမီ တပည့် များမှာ၊ သူတို့၏ စီနီယာ အစ်ကိုကြီး လျင်မြန်စွာ ရှုံးနိမ့် သွားသည့် အတွက်၊ ပျက်ယွင်းသော အမူအရာ များဖြင့်၊ ကြည့်လာ ကြသည်။
“ ဒါကို အဆုံးသတ် လိုက်ရအောင်။ ”
လူငယ်က ညာ လက်သီးဖြင့်၊ မိန်ဇီယန်၏ ဓားရောင်ဝါကို ထိုးဖောက် ပစ်လိုက်သည်။
လက်သီးမှာ ဓား တစ်လက် ကဲ့သို့ ပြေးသွားပြီး၊ မိန်ဇီယန် ရင်ဘတ်ပေါ် ကျရောက် သွား၏။
သွေးများ စီးကျ လာပြီး၊ စွမ်းအင် အကာ အကွယ် အလွှာမှာ၊ ချက်ချင်း ပြိုကျ လာ၏။
သူ့ကိုယ်သူ တည်ငြိမ် စေရန် အတွက်၊ နောက်သို့ ခြေလှမ်းပေါင်း များစွာ၊ ဆုတ်ခွာ လျက် ထိန်းညှိ ယူလိုက် ရသည်။
“ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့၊ ခြေခံ အုတ်မြစ်က အားနည်း လွန်းတယ်၊ ဒီလောက်ဆို ငါတို့ ဆက်သွားဖို့ လိုသေးလား။ ”
လူငယ်က စိတ်ပျက် လက်ပျက်ဖြင့် ညည်းတွား လိုက်၏။
ထိုလူငယ် အမည်မှာ မူချန် ဖြစ်ပြီး၊ ကောင်းကင် ဓားဂိုဏ်း၏ အတွင်း တပည့်များ ထဲတွင်၊ ထိပ်ဆုံး သုံးဦး စာရင်း ဝင်သည်။
ထို့အပြင် သူ့ အသက်မှာ၊ ဆယ့်ရှစ် နှစ်သာ ရှိပြီး၊ ထိတ်လန့်ဖွယ် စွမ်းရည်မျိုး ပိုင်ဆိုင် ထား လေသည်။
ကောင်းကင်ဓား ဂိုဏ်း အနေဖြင့်၊ သူ့ကို ပါရမီရှင် အဖြစ် အလေးပေး ထားသောကြောင့်၊ သဘာဝ အတိုင်း မိန်ဇီယန် အပေါ် ငဲ့ညှာ ထောက်ထား နေစရာ အကြောင်း မရှိချေ။
“ ကောင်းကင်ဓား ဂိုဏ်းက၊ တပည့် တစ်ယောက် အနေနဲ့၊ တကယ်ကို အထင်ကြီး စရာ ပါပဲ၊ ဒါပေမယ့် မင်းက ငါတို့ရဲ့ အကယ် ဒမီ မှာတော့၊ ဘာမှ မဟုတ် ပါဘူး၊ ငါတို့မှာ ... ”
“ ... မြောက်ပိုင်း နှင်းစံအိမ်က ဆောင်းကျန်ကို အနိုင်ယူ ခဲ့တဲ့၊ မင်းနဲ့ ရွယ်တူ တစ်ယောက် ရှိတယ်။ ”
-ဟုဆိုကာ အဆင် မပြေသော အပြုံးဖြင့်၊ မိန်ဇီယန်က တုန့်ပြန် လိုက်သည်။
“ ငါ သိတယ်၊ ငါ သူနဲ့ တွေ့ဖို့ ...၊ ဒီကို လာခဲ့ တာပဲ၊ အခု သူ ဘယ်ရောက် နေလဲ မင်း သိလား။ ”
မူချန်၏ မျက်ဝန်း များတွင်၊ ပြင်းစွာသော တိုက်ခိုက်ရေး စိတ်ဓာတ်များ လောင်ကျွမ်း လာ သည်။
“ သူက ဟိုမှာ ...။ ”
မိန်ဇီယန်က မျက်ဝန်းများ မှေးကျဉ်းလျက်၊ လင်းယွန်ကို လှည့်ကာ ညွှန်ပြ လိုက်သည်။
ဤအကျပ် အတည်း အတွင်းမှ ရုန်းထွက်ရန်၊ လင်းယွန်အား အသုံးချ လိုက်ခြင်း ဖြစ်၏။
“ လင်း ယွန်။ ”
“ သင်းထောက်လင်း။ ”
အကယ် ဒမီ၏ တပည့်များ အားလုံး၊ လင်းယွန်ကို ချက်ချင်း သတိထား မိလာသည်။
အစော ပိုင်း အချိန်က သူ၏ အသွင် အပြင်မှာ၊ ခပ်လျှို လျှိုသာ ဖြစ်သော်လည်း၊ မိန်ဇီယန် ပြောပြီး နောက်တွင်၊ အာရုံ စူးစိုက်မှု ဗဟိုချက် ဖြစ်လာ ခဲ့သည်။
“ မင်းက ... သတင်းကြီး နေတဲ့၊ ပန်းသင်္ချိုင်း ဓားသမား လင်းယွန်လား။ ”
မူချန်က လင်းယွန်ကို စိတ်ဝင် တစား လှမ်း မေးသည်။ တစ်ချိန်တည်း မှာပင် တစ်ဖက် လူ၏ ကျင့်ကြံမှု အပေါ်၊ အကဲခတ် လိုက်၏။
အထွတ် အထိပ် ယင် အဆင့် တွင်သာ ရှိနေ သောကြောင့်၊ မျက်ခုံးပင့် လိုက် မိသည်။
ထွက်ပေါ် နေသော အရှိန် အဝါမှာ၊ အားကောင်း လှသော်လည်း၊ ပုရွတ်ဆိတ်သည် ပုရွတ်ဆိတ်သာ ဖြစ်၏။
“ ဆောင်းကျန်က ကြောက်စရာ ကောင်းတာ ကြောင့်၊ ငါက သူ့နဲ့ တိုက်ချင် နေခဲ့တာ၊ ဒါပေမယ့် မဟာချင် အင်ပါယာက ဓားသမားက၊ သူ့ကို အနိုင်ယူ နိုင်ခဲ့လိမ့် မယ်လို့ မထင်ထား မိဘူး၊ မင်း ဒီကို ရောက်လာ မှတော့ ... တိုက်ဖို့ စိတ်ဝင် စားလား။ ”
မူချန်မှာ လင်းယွန်နှင့် အသက် အရွယ်ချင်း မတိမ်း မယိမ်း ဆိုသော်လည်း၊ စိတ်နေ စိတ်ထားခြင်း ကွာခြား လေသည်။
မူချန်၏ အရှိန် အဝါမှာ၊ အထိန်း အကွပ် မရှိဘဲ၊ လင်းယွန် တစ်ယောက် ရှန်ရှင်း ဓားကို ဆုပ်ကိုင် နိုင်ခဲ့ချိန် ကနှင့်၊ တူ၏။
“ စိတ်မဝင် စားဘူး။ ”
အကြည့် များကို ပြန်ရုတ် လိုက်ပြီး၊ လင်းယွန်က ပြတ်သားစွာ ပြန်ဖြေ လိုက်သည်။ အမာခံ တပည့် မဟုတ်သော မူချန်ဖြင့်၊ အချိန် မဖြုန်း ချင်ပေ။
ဤလူတွင် ဆောင်းကျန်နှင့် တူညီသော ခွန်အား မျိုး ရှိနိုင်သည်။ သည့်ထက် ပို၍လည်း အနည်းငယ် သန်မာ နိုင်မည်၊ သို့မဟုတ် အားနည်း နိုင်မည် ဖြစ်သော ကြောင့်၊ ၎င်းကို စိတ် မဝင်စား မိချေ။
ဆောင်းကျန်းဖြင့် ထပ်မံ တိုက်ခိုက် ရပါက၊ သုံးကွက် အတွင်း အနိုင်ယူ နိုင်မည်ဟု ယုံကြည် ထားသည်။
ထို့ကြောင့် ဆောင်းကျန်ကို ပြိုင်ဘက် အဖြစ် မှတ်ယူ ထားသော၊ ဤချာတိတ် အပေါ် အာရုံ မလာခြင်း ဖြစ်၏။
“ လင်းယွန် ...၊ မင်း ကြောက်နေ တာလား။ ”
မိန်ဇီယန်က အထင် သေးသော လေသံဖြင့် ဝင် မေးလိုက်၏။ မူချန်မှာ သူနှင့် တိုက်ခိုက် ရာတွင်၊ ခွန်အား အပြည့် အဝ၊ အသုံး မချရ သေးကြောင်း၊ သူ သိသည်။
ဆိုလို သည်မှာ မူချန် တစ်ယောက်၊ ဆောင်းကျန်ထက် သေချာပေါက် အားကောင်း ပေသည်။
“ မင်းလို ... အမှိုက်ကို၊ ငါ ရှင်းပြဖို့ လို သလား၊ မင်း ဘာလို့ ... ခွေး တစ်ကောင်လို ရိုက်နှက်ခံ လိုက်ရ သလဲ ဆိုတာ၊ စဉ်းစား နေသင့် တယ် ... ဟား ဟား ဟား ။ ”
လင်းယွန်ကာ ရယ်မောလျက်၊ လှည့်ထွက် သွားသည်။
“ မင်း ထွက်သွား ချင်တာလား၊ ငါ့က ခွင့်ပြု လို့လား။ ”
သူ့အား လျစ်လျူရှု သွားသော လင်းယွန်ကို၊ မူချန်က လက်သီးဖြင့် ရုတ်တရက် ထိုးချ ပစ်လိုက်သည်။
ပြင်းထန် လွန်းသော လေခွင်း သံကြောင့်၊ လင်းယွန်က လှည့်ကြည့် လာပြီး၊ လက်သီး တစ်လုံးနှင့်၊ ပြန်လည် ရင်ဆိုင် လိုက်သည်။
တစ်ဖက်လူ လှုပ်ရှား လာချိန်တွင်၊ မူချန်မှာ လေထဲ၌ အေးခဲ သွား၏။ ပြီးနောက် မြေပြင် ပေါ်သို့ ပြန်လည် လွင့်စင် သွားလေပြီ။
“ ဘယ်လိုတောင် သန့်စင် လိုက်တဲ့၊ မူလ စွမ်းအင် မျိုးလဲ။ ”
ကောင်းကင်ဓား ဂိုဏ်းမှ၊ ရပ်ကြည့် နေသော ကျန်တပည့် များ သည်လည်း၊ ဤမြင် ကွင်းကြောင့် ထိတ်လန့် သွားမိ၏။
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ တပည့်များ ပင်လျှင်၊ မူချန်ကို အလွယ် တကူ တွန်းထုတ် နိုင်ခဲ့သော လင်းယွန်အား၊ ထိတ်လန့်စွာ ပြန်ကြည့်လာ ကြသည်။
တစ်ဖက် တွင်မူ မိန်ဇီယန်၏ မျက်နှာမှာ၊ ရုတ်ချည်း မည်းတက် သွား၏။ လဝက် အတွင်း လင်းယွန် တစ်ယောက်၊ မည်သို့ ကြီးထွား လာသည်ကို၊ တွေးမရ နိုင်တော့ချေ။
အကယ်ဒမီ ငါးခု ပြိုင်ပွဲ ပြီးနောက်တွင်၊ ဤသင်းထောက် ကောင်မှာ လုံးလုံး လျားလျား ပြောင်းလဲ သွားကြောင်း ကိုသာ၊ သူ ပြောနိုင် သည်။
မူချန်ကို အေးစက်စွာ ပြန်ကြည့်ပြီး လင်းယွန်က၊
“ ငါ ပြောတယ် မဟုတ်လား၊ မင်းကို ငါ စိတ်မဝင်စား ပါ ဖူးလို့၊ မင်းရဲ့ ခွန်အား လေနဲ့ မင်းကိုယ်မင်း အရှက် မခွဲ မိပါ စေနဲ့။ ”
“ ဘယ်လိုတောင် မောက်မာ လိုက်တဲ့ ကောင်လဲ။ ”
“ ဂျူနီယာ ညီလေး မူက၊ သူ့ ဓားကိုတောင် မဆွဲ ရသေးဘူး။ ”
ကောင်းကင် ဓားဂိုဏ်းမှ တပည့် လေးယောက်၏၊ မျက်နှာများ ပျက်ယွင်း လာ သည်။
အုပ်စိုးရှင် တပ်ဖွဲ့၏ တပည့်များ ဖြစ်သော သူတို့ အားလုံးမှာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ အထက်တွင်၊ ရှိနေ သည်ဟု ခံယူ ထားကြ၏။
သို့သော် ဤလင်းယွန်က မျက်စိ ထဲပင် မထည့် ခဲ့ချေ။
“ မင်း ... ဆောင်းကျန်ကို အနိုင်ယူ ခဲ့တာ အံ့သြ စရာ မရှိ ပါဘူး၊ ဒီနေ့ မင်း ထွက်သွားခွင့် မရှိတဲ့၊ အကြောင်း ပြချက်တွေ ပိုများ လာပြီ။ ”
မူချန်က နှုတ်ခမ်းမှ သွေးများကို သုတ်ကာ၊ မတ်တပ် ထရပ် လိုက်၏။
သူ့ မျက်ဝန်း များတွင် ပြင်းပြသော တိုက်ပွဲ ဝင်လို စိတ်များဖြင့် တောက်ပ လာပြီး၊ အလယ် အလတ် ယန်အဆင့် အရှိန် အဝါကို၊ ထုတ်လွှတ် လိုက်လေသည်။
“ ဂျူနီယာ ညီလေး ... ဖမ်း၊ အဲ့ဒီ ကောင်ကို သင်ခန်းစာ တစ်ခု သင်ပေးလိုက်။ ”
ကောင်းကင် ဓားဂိုဏ်၏ တပည့် တစ်ဦးက၊ မူချန် ဆီသို့ ဓား တစ်လက် လှမ်းပစ် ပေးလျက် ဖြင့်၊ ဆိုသည်။
ဓားကို ဖမ်းယူ လိုက်ပြီးနောက်၊ မူချန်က မြေပြင်အား ခုတ်ချ လိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံနှင့် အတူ၊ မြေပြင် ပေါ်၌ အက်ကြောင်းများ၊ ချက်ချင်း ပျံ့နှံ့ လာသည်။
တစ်ချိန်တည်း မှာပင်၊ မူချန်၏ အရှိန် အဝါ များက၊ များစွာ မြင့်တက် သွားပြီး၊
“ ဒီတော့ ... မင်းပြောတဲ့၊ အရှက် ရစေမယ် ဆိုတာ ...၊ ဘာလဲ ငါ ကြည့်ပါ ရစေ။ ”
ဤအခိုက် အတန့်တွင် မူချန် ထံမှ ကြောက်မက်ဖွယ် ကောင်းသော အေးစက်စက် အငွေ့ အသက် များကို၊ လူတိုင်း ခံစား နိုင်သည်။
သည်တိုက်ပွဲကို ရှောင်လွှဲ နိုင်မည့်၊ နည်းလမ်း မရှိ တော့ကြောင်း၊ လင်းယွန်က နားလည် မိ၏။
နောက်တဖန် ဆောင်းကျန်မှာ သန်မာ သော်လည်း၊ ဓားဂိုဏ်းမှ ဆင်းသက် လာသော မူချန် နှင့် မတူချေ။
“ အဲ့ဒီမှာ ရပ်စမ်း။ ”
လင်းယွန်၏ နှလုံးသား ထဲတွင်၊ တိုက်ပွဲဝင် ဆန္ဒများ ပွက်ပွက်ဆူ လာချိန်၌၊ အော်ဟစ် ဟန့်တားသံ တစ်သံနှင့် အတူ၊ ကောင်းကင်မှ ပုံရိပ် နှစ်ရိပ် ဆင်းသက် လာသည်။
ထိုပုံရိပ် များမှာ၊ အမျိုးသား တစ်ဦးနှင့် အမျိုး သမီး တစ်ဦး ဖြစ်ပြီး၊ အမျိုး သမီး အနေဖြင့် သဘာဝ အတိုင်း မုရွှယ် ဖြစ်၏။
သူမ ဘေးရှိ အမျိုး သား၏၊ ရင်ဘတ် ပေါ်တွင်၊ တိမ်တိုက်ကို ဖောက်ထွင်း နေသော ဓား နှစ်လက်ပုံ၊ ရေးဆွဲ ထားသည်။
တစ်ချက် ကြည့်လိုက် ရုံဖြင့် ထိုသင်္ကေတမှာ၊ ကောင်းကင် ဓားဂိုဏ်း၏ အမာခံ တပည့် ဖြစ်ကြောင်း သူ ပြော နိုင်၏။
***