ပြင်ဆင်ခြင်း။
Vol. 42 Ch. 585
“ အဲ့ဒီမှာ ရပ်စမ်း။ ”
ဟန့်တားသံ နှင့်အတူ ကောင်းကင်မှ ဆင်းသက် လာသော လူငယ်ကို မြင်လိုက် ရချိန် တွင်၊ ရပ်ကြည့် နေသော အတွင်း တပည့် လေးဦး၏ မျက်နှာမှာ၊ ချက်ချင်း ပြောင်းလဲ သွားသည်။
“ စီနီယာ အစ်ကို ကျန်း။ ”
လေးယောက်သား အနား တိုးကပ် သွားပြီး နှုတ်ဆက် လိုက်သော်လည်း၊ မူချန် တစ်ယောက် မှာမူ တွန့်ဆုတ် သွား၏။
မုရွယ် ဘေးရှိ အမာခံ တပည့် လူငယ်က၊ ခေါင်းညိတ် အသိအမှတ် ပြုလိုက်ကာ၊ မူးချန်ကို လှည့်ကြည့် လိုက်သည်။
“ မူချန်၊ ငါတို့ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့ အကူ အညီကို လိုတယ် ဆိုတာ၊ ဒီမလာခင် အကြီး အကဲ တွေက ပြောခဲ့တယ် မဟုတ်လား၊ ... ”
“ ... မင်းက သူတို့ရဲ့ တပည့် တွေနဲ့၊ ယှဉ်ပြိုင် တာနဲ့ ပတ်သက်ပြီး၊ ငါ့မှာ အမြင် မရှိ ပါဘူး၊ ဒါပေမယ့် မင်းရဲ့ ဓားကိုတော့ ဆွဲစရာ မလို ဖူးလို့ ငါ ထင်တယ်။ ”
လူငယ်၏ စကားကြောင့်၊ အငွေ့ အသက် များကို သူ့ ခန္ဓာကိုယ် ထဲ ပြန်လည် စုပ်ယူ လိုက်ပြီး၊ မူချန်က ပြုံး လိုက်၏။
“ ဟုတ်တယ် မင်းပြောတာ မှန်တယ်။ ”
သို့သော် သူ့ အကြည့် များက၊ လင်းယွန်ထံ ကျရောက် သွားချိန်တွင်၊ အထင်သေး ဟန်ဖြင့် နှာခေါင်း ရှုတ်သွား လေသည်။ သူ့ လေသံတွင် နောင်တ မရှိ သည်မှာ၊ ထင်ရှား လှ၏။
မုရွယ်က အလျင် အမြန် ရှေ့လှမ်း တက် လာပြီး၊
“ လင်းယွန်၊ ဒါက ကောင်းကင် ဓားဂိုဏ်းရဲ့ အမာခံ တပည့် အစ်ကိုကြီး ကျန်းယွမ်ပါ။ ”
“ ညီအစ်ကို လင်း၊ မင်း နာမည်ကို ငါ ကြားဖူး ထား ပါတယ်။ ”
ကျန်းယွမ်က ပြုံးလျက်ဖြင့်၊ ရှေ့သို့ လှမ်းတက်ကာ၊ နှုတ်ဆက် လိုက်၏။
အမာခံ တပည့် ဆိုသော ကျန်းယွမ်ကို လင်းယွန်က စစ်ဆေး မိသည်။
အလယ် အလတ် ယန် အဆင့်တွင် ဆိုသော်လည်း၊ အထွတ် အထိပ် ယန် အဆင့်ထံ၊ အချိန် မရွေး တက်လှမ်း နိုင်တော့မည့် ပုံရ ၏။
ယင်းမှာ လင်းယွန် သတိထား မိသော အရာ တစ်ခုတည်း မဟုတ်ခေျ။ ပြင်းထန်သော ဖိအားများ ပေးစွမ်း နေသည့်၊ ဓားသုတ္တန် တစ်ရပ် ကိုလည်း သတိ ပြုမိ လိုက်သည်။
ဓားသုတ္တန်ဖြင့် သန့်စင် ထားသော မူလ စွမ်းအင်မှာ၊ သာမန် ကျင့်ကြံမှု နည်းစနစ် များနှင့် သန့်စင် ထားသည့်၊ မူလ စွမ်းအင်များ ကဲ့သို့ မဟုတ်ချေ။
တူညီသော အဆင့်တွင် ကြီးမားသော ကွာဟချက် ရှိလေသည်။ အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊ လင်းယွန်က ခေါင်းညိတ်ကာ၊ အသိ အမှတ် ပြုလိုက်၏။
တစ်ဖက် လူမှာ အရွယ်ဖြင့် မလိုက်အောင် တည်ငြိမ် လှသဖြင့်၊ ကျန်းယီက ခေါင်းညိတ် ကျေနပ် သွားပြီး၊
“ အစ်ကိုလင်း၊ ဒါကို စိတ်ထဲ မထား ပါနဲ့၊ ဂျူနီယာ ညီလေး မူက ငယ်သေးတဲ့ အတွက်၊ သူက မင်းလောက် အတွေ့ အကြုံ မရင့်ကျက် သေးလို့ပါ၊ ဒါကြောင့် သူ့ကို ခွင့်လွှတ် ပေးပါ။ ”
“ ရတယ် ... စိတ်မပူ ပါနဲ့၊ သူ ဓားဆွဲ ရင်တောင် ပြဿနာ မရှိ ပါဘူး။ ”
ကျန်းယွမ်မှာ သူ့ကို ရန်ငြိုးဖွဲ့ လိုပုံ မရ သောကြောင့်၊ လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။
ကောင်းကင် ဓားဂိုဏ်း အနေဖြင့်၊ ကျန်းယွမ်ကို ဦးဆောင် စေရသည့်၊ အကြောင်း ရင်းအား နားလည် နိုင်ပြီ ဖြစ်သည်။
ကျန်းယွမ်နှင့် ပတ်သတ်ပြီး၊ သဘော သဘာဝကို အလေး အနက် တွေးတော နေမိ သည်။
“ မင်း ငါတို့နဲ့ လိုက်ခဲ့မယ် ဟုတ်လား။ ”
ကျန်းယွမ်က ပြုံးကာ မေးလာ၏။
“ ဖြစ်မယ် ထင်ပါတယ်။ ”
“ ဒါဆို ရင်တော့ ညီအစ်ကို လင်းရဲ့ အကူ အညီ ရနိုင် ပြီပေါ့၊ နောက်ဆုံးတော့ ရှေးဟောင်း သင်္ချိုင်း နယ်မြေရဲ့၊ အသွင်အပြင်က အုပ်စိုးရှင် တေွကိုတောင် အများကြီး ထိတ်လန့် စေတယ်။ ”
“ မင်းက မြောက်ပင့် လွန်းနေ ပါပြီ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ လှည့်ထွက် လာခဲ့ သည်။ ရုတ်တရက် လှည့်ထွက် သွားသော လင်းယွန် နောက်ကျောကို ကြည့်ပြီး၊ မုရွယ် တစ်ယောက် အမြန် ပြေးလိုက် သွားမိ ၏။
ကျန်ရစ် ခဲ့သော ကျန်းယွမ်က လင်းယွန်နှင့် မုရွယ် နောက်ကျောကို ကြည့်ကာ၊ အတွေးနက် သွားသည်။
တစ်ဖက် လူ၏ စိတ်နေ စိတ်ထားနှင့် တည်ငြိမ်မှု မျိုးမှာ၊ သူ့အသက် အရွယ်တွင် တွေ့ရန် ရှားပေသည်။
ဆောင်းကျန် ကဲ့သို့သော ပါရမီရှင် တစ်ဦးကို အနိုင်ယူ နိုင်ခဲ့ ပါက၊ ထိုသူမှာ ယခု အချိန်၌ မောက်မာမှု များဖြင့်၊ ပြည့်နှက် နေမည် ဖြစ်၏။
“ ဒီလူကို လျှော့ မတွက်နဲ့ ။ ”
ကျန်းယွမ်က ပြုံးကာ သတိပေး လိုက်သည်။
“ သူ့ကို အထင်ကြီး စရာ မရှိ ပါဘူး၊ ဆောင်းကျန်ကို ကံတရားနဲ့ အနိုင်ယူ နိုင်ခဲ့ တာလို့ ငါ ကြားမိတယ်…။ ”
ကျန်းယွမ်၏ သတိ ပေးမှု အပေါ်၊ မူချန် တစ်ယောက် သဘာဝ အတိုင်း၊ မပျော်မရွှင် ဖြစ်သွား ရ၏။
မူချန်၏ အမြင်ကို ကျန်းယွမ်က အပြုံး ဖြင့်သာ တုံ့ပြန် လေသည်။
တစ်ချိန်တည်း မှာပင်၊ အချိန် အတော်ကြာ သည့်တိုင်၊ လင်းယွန်မှ စကားပင် မဆိုခဲ့ သောကြောင့်၊ မုရွယ် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံး လိုက်သည်။
“ စောစောက နင်နဲ့ ရန်ဖြစ်တဲ့၊ သူက ဘယ်သူလဲ သိလား၊ အတွင်း တပည့် တွေထဲ မှာ တောင်၊ ထိပ်ဆုံး သုံးဦး အဆင့် ဝင်ထားတဲ့ မူချန် ပဲ၊ ... ”
“ ... ဒါက ရွယ်တူ ချင်းမှာ၊ သူ့ရဲ့ ပထမဆုံး ရှုံးပွဲ ဆိုတာ ငါပြော နိုင်တယ်။ ”
“ ကျန်းယွမ်ကို ...၊ ငါ ပို စိတ်ဝင် စားတယ်။ ”
လင်းယွန်က တည်ကြည်သော အမူ အရာ ဖြင့် တုန့်ပြန် လာသည်။
“ ဟဲ ဟဲ၊ နင်က အမြင် စူးရှတယ်၊ ကောင်းကင် ဓားဂိုဏ်းက အမာခံ တပည့် တွေသာ၊ ‘မဟာ စီးဆင်းခြင်း ဓားသုတ္တန်’ကို လေ့ကျင့်ခွင့် ရှိတယ်၊ ... ”
“ ... စီနီယာ အစ်ကို ကျန်းက၊ ဒါကို အဋ္ဌမ အဆင့်ထိ၊ ကျင့်ကြံ ထားနိုင်တယ်၊ သူက အမာခံ တပည့်တွေ ကြားမှာ၊ အထက် တန်းစား တစ်ယောက်ပဲ၊ တိမ်နဂါး အဆင့်မှာ မပါဝင် ပေမယ့်၊ ... ”
“ အဆင့် သတ်မှတ်ချက် (၆၀) ဝန်းကျင်က ပါရမီရှင် တွေနဲ့ ယှဉ်နိုင် ပါတယ်။ ”
ကျန်းယွမ် အကြောင်းကို ပြန်ပြော ပြနေသော မုရွယ်၏ လေသံတွင်၊ ကြည်ညို လေးစား မှုများ ပါရှိ နေလေသည်။
“ မဟာ စီးဆင်းခြင်း ဓားသုတ္တန် လား။ ”
အုပ်စိုးသူ တပ်ဖွဲ့ များ၏ အခြေခံ အုတ်မြစ် အပေါ်၊ သူ အမှန် တကယ် လျှော့တွက်၍ မရနိုင် ပုံရ သည်။
သစ်သား စိတ်ဝိညာဉ် တောင်ကုန်းသို့ ရောက်ခါ နီးတွင်၊ မုရွယ် တစ်ယောက် ရုတ်တရက် ချီတုံ ချတုံ ဖြစ်လာ သောကြောင့်၊ လင်းယွန်က ပြုံးကာ၊
“ ကျန်းယွမ်က ငါ့အတွက် သတင်း စကားပါး လိုက်လို့ လား။ ”
-ဟု စကားကြောင်း ပေးလိုက်သည်။
မုရွယ်မှာ အနည်းငယ် အံ့အား သင့်သွား ပြီးနောက်၊ ကူကယ်ရာ မဲ့စွွာ ပြုံးလိုက်ပြီး၊
“ ငါ မင်းကို ဘာမှ ဖုံးကွယ် ထားလို့ မရ ပါလား၊ ဟုတ်တယ် စီနီယာ အစ်ကို ကျန်းက မင်းကို ကောင်းကင်ဓား ဂိုဏ်းမှာ ပါဝင်ဖို့ ဖိတ်ခေါ် လိုက်တယ်၊ ... ”
“ ... သွေးစွန်းသော ဧည်ခံ ပွဲက လာမဲ့ ကိုးလ အတွင်း စတင် လိမ့်မယ်၊ အုပ်စိုးရှင် ဂိုဏ်းတွေ အားလုံးက၊ ပါရမီရှင် အဖြစ် သတ်မှတ် ထားတဲ့ သူတွေကို မြင့်မားတဲ့ အကဲဖြတ် မှုတွေနဲ့ စောင့်ကြည့် နေကြတယ်၊ ... ”
“ ... နင်က ဆောင်းကျန်ကို အနိုင်ယူ နိုင်ခဲ့တဲ့ အတွက်၊ ဓားသမား တစ်ယောက် မဟုတ် ရင်တောင်၊ အကြီးအကဲ များစွာရဲ့ စိတ်ဝင်စား မှုကို ခံရမှာ သေချာ ပါတယ်၊ ဒါပေမယ့် ...”
မုရွယ်က လင်းယွန်ကို ကြည့်ကာ၊ စကား ခေတ္တရပ် လိုက်ပြီး၊
“ မင်း သဘော တူမှာ မဟုတ်ဖူး ဆိုတာ ငါသိတယ်၊ အခုတော့ ငါ မင်းကို သတင်း စကား ပါးပြီး ပြီမို့ ကျန်တာ မင်း သဘောပါ။ ”
လင်းယွန်၏ စိတ်နေ စိတ်ထားကို၊ အကြမ်းဖျင်း နားလည် နေပြီ ဖြစ်သော မုရွယ် အနေဖြင့်၊ ကျန်းယွမ် ဖိတ်ခေါ် မှုကို စိတ်ဝင်စား လာမည် မဟုတ်ကြောင်း ယုံကြည် ထားသည်။
“ ငါ နားလည်ပြီ၊ ဆုံးဖြတ်ချက် ချပြီး တာနဲ့၊ မင်းကို အကြောင်းပြန် ပေးပါမယ်။ ”
လင်းယွန်က ခေါင်းညိတ်ပြီး ပြန်ဖြေ၏။
“ ဟဲ ဟဲ ...၊ ဒါဆို ငါ အရင် သွားနှင့်မယ်၊ အခု ကစ ငါးရက် နေရင် ပြန်တွေ့မယ်။ ”
မုရွယ်က မျက်ဝန်းထောင့် ကပ်ကာ၊ ညစ်ကျယ်ကျယ် ပြုံးရယ် လိုက်ပြီး၊
“ ရှေးဟောင်း သင်္ချိုင်း ဂူကို ...၊ မင်း လက်လွတ် ခံမှာ မဟုတ် ဖူးလို့ ငါယုံတယ်။ ”
-ဟု ဆိုလိုက် လေသည်။
***
ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင်များ တိုးဝင် လာမှု ကြောင့်၊ အခန်း ထဲရှိ ဖယောင်းတိုင် မီးညွှန့်မှာ၊ တစ်ဖျပ်ဖျပ် ခတ်နေ ခဲ့သည်။
အစီရင် အလယ်၌ လင်းယွန် တစ်ယောက် ဓား သုတ္တန်ကို ဖြန့်ကာ၊ မျက်လုံးမှိတ် ကျင့်ကြံ နေ၏။
သူ့အောက်တွင် ပန်းတစ်ပွင့်် ဖြည်းညှင်းစွာ ပွင့်လာပြီး၊ ဝိညာဉ် စွမ်းအင် များကို လောဘ ကြီးစွာ စုပ်ယူ သွန်းလောင်း ပေးလေသည်။
နာရီ အနည်းငယ် အကြာ၌၊ မျက်လုံးများ ပြန်ဖွင့်ကာ၊ အသက် ဝဝ ရှူလိုက်၏။
ကျင့်ကြံ မှုမှာ အထွတ် အထိပ် ယင် အဆင့်သို့ ရောက်ရှိပြီး နောက်တွင်၊ ဆက်လက် တက်လှမ်း နိုင်မည့် နည်းလမ်း မရှိ သေးချေ။ အောင်မြင်မှု ထပ်မံ ရယူရန် အခွင့် အရေး တစ်ရပ် လိုနေ ခဲ့၏။
ကျန်းယွမ် ပြောသလိုပင်၊ ရှေးဟောင်း သင်္ချိုင်း နယ်မြေမှာ၊ ကျွမ်းကျင်သူ များကို ဆွဲဆောင် နိုင်ပြီး၊ ရက်စက်သော စစ်မြေပြင် တစ်ခု ဖြစ် လာပေ လိမ့်မည်။
သူ့ အနေဖြင့် အုပ်စုဖွဲ့ တိုက်ခိုက် ခံရခြင်း အပေါ်၊ စိုးရိမ်မှု မရှိချေ။ ရှင်သန်ရန် အတွက် လွတ်မြောက်အောင် ထွက်ပြေး နိုင်သည်။
သို့သော် ၎င်းမှာ အဖြေ မဟုတ်ချေ။ မသွားခင် ခွန်အားကို ဖြည့်စွက် လို၏။
ကျင့်ကြံ မှုတွင် နောက်ထပ် မတိုးတက် နိုင်တော့ပြီ ဖြစ်သော ကြောင့်၊ ဓားသုတ္တန် ၌သာ အာရုံ စိုက် ရပေ တော့မည်။
မီးတောက် နေသော ပန်း တစ်ပွင့်ကို သိုလှောင်အိတ် အတွင်းမှ ညင်သာစွာ ထုတ်ယူ လိုက်၏။
မီးစွမ်းအင်များ လှုပ်ခတ် နေသော ပွင့်ချပ် ဆီမှ၊ စွမ်းအင်များ စီးဆင်း နေသည်ကို မြင်နေ ရသည်။
ယန် အဆင့်သို့ ရောက်ပြီး နောက်မှသာ၊ ဤပန်းကို သန့်စင်ရန် စီစဉ်ထား သော်လည်း၊ ထိုအချိန် အထိ မစောင့်နိုင် တော့မည့် ပုံ ပေပင်။
ယင်းမှာ ငရဲပန်း တစ်ပွင့်ကို သန့်စင် ပစ်ရန် မလိုချေ။ ယန်အဆင့် ရောက်ပြီး ချိန်တွင်၊ ထပ်မံ သန့်စင် ပေး နိုင်သည်။
ရှေးဟောင်း ဂူသင်္ချိုင်း အတွက်၊ သူ၏ ပစ်မှတ်မှာ နက်နဲယင် ရေ ဖြစ်ပြီး၊ ၎င်းမှာ ယန် အဆင့်တွင် အကျိုး မရှိဟု မိုလင်းက ဆိုသည်။
ထို့ကြောင့် ငရဲပန်းဖြင့် ယန် အဆင့်သို့ တက်လှမ်း ခြင်းမှာ၊ နှစ်ခါ နစ်နာ နိုင်ပေမည်။
ပွင့်ချပ် တစ်ချပ်ကို ဖြုတ်ယူပြီး၊ ၎င်း ရနံ့ကို ငုံ့နမ်းလျက် ကြေနပ်စွာ ခေါင်းညိတ် လိုက် မိ၏။
ပွင့်ချပ် တစ်ချပ်တည်း သည်ပင်၊ စတုတ္ထတန်း မှော်ဆေးလုံးနှင့် ယှဉ်နိုင်ဖွယ် ရှိ၏။
ဓားသုတ္တန်အား ဖြန့်ဝေ လျက်ဖြင့်၊ ဖြုတ်ယူ ထားသော ပွင့်ချပ်ကို၊ ပါးစပ် ထဲသို့ ပစ်ထည့် လိုက်သည်။
ပါးစပ်ထဲ ရောက်သည်နှင့်၊ နက်နဲ သွေးပြန်ကြော များ ဆီသို့၊ ဝိညာဉ် စွမ်းအင်များ ချက်ချင်း စိမ့်ဝင် လာ၏။
တစ်ချိန်တည်း မှာပင် ခရမ်းရောင် နန်းတော်ရှိ အိုင်းရစ် ပန်းမှာ ပွင့်လန်း လာပြီး၊ ငရဲပန်း ပွင့်ချပ်မှ ထွက်လာသော စွမ်းအင်ကို စုပ်ယူ လိုက်သည်။
ငရဲပန်း ပွင့်ချပ် စွမ်းအင်ကို သန့်စင် နေချိန် အတွင်း၊ ခရမ်းရောင် ပန်းမှာ တဖြည်းဖြည်း တောက်ပ လာ၏။
အချိန် ကြာလာ သည်နှင့် အမျှ၊ ခရမ်းရောင် ပန်း ထံမှ၊ တချွမ်ချွမ် မြည်သံများ ထွက်ပေါ် လာ သည်။
ထိုသို့သော အသံ များကို နှစ်ရက် တိတိ မြည်သံ ပြုပြီးနောက်၊ အဆုံးတွင် စူးရှသော အလင်း များနှင့် အတူ၊ ပြောင်းလဲ မှုများ စတင် လာခဲ့ သည်။
ခရမ်းရောင် နန်းတော် တစ်ခုလုံး တုန်ခါပြီး၊ မီးတောင်ကြီး တစ်လုံး ကဲ့သို့ ရုတ်တရက် ပေါက်ကွဲ သွားကာ၊ ပွင့်ချပ် တစ်ချပ် ထပ်မံ ဖြစ်တည် လာသည်။
ယခု အချိန်၌ ခရမ်းရောင် ပန်းတွင်၊ စုစုပေါင်း ပွင့်ချပ် (၈၃)ချပ် အထိ၊ ရှိလာပြီ ဖြစ်၏။
မျက်လုံးများ ပြန်ဖွင့် လိုက် ချိန်တွင်၊ စူးရှသော အလင်းတန်း နှစ်စ လှစ်ခနဲ ပြေးထွက် သွားသည်။
ခရမ်းရောင် ပန်းတွင် ပွင့်ချပ် တစ်ချပ် မျှသာ တိုးလာခြင်း ဖြစ်သော်လည်း၊ များစွာ အသုံးဝင် လေသည်။
ဤသည်မှာ ယန် အဆင့်သို့ အောင်မြင်မှု ရရှိ ခြင်းထက်၊ နိမ့်ကျမည် မဟုတ်ကြောင်း သူ ပြောနိုင် သည်။
ရှင်းရှင်း ဆိုရ ပါမူ၊ လက်ရှိ မူလ စွမ်းအင်ကို နှစ်ဖြင့်၊ မြှောက် လိုက်ခြင်း မည်၏။
ယင်းကို တွေးမိ လာသော အချိန်၌၊ မျက်နှာ တစ်ပြင်လုံး အပြုံးများ ဖုံးလွှမ်း သွားရ လေသည်။
“ အိုင်းရစ် ဓားသုတ္တန်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ”
မတ်တပ် ပြန်ထရပ် လိုက်ပြီး၊ ကျေနပ်စွာ ရေရွတ် မိ၏။
“ အခု ငါ့ရဲ့ လက်ရှိ အင်အားနဲ့၊ တိမ်နဂါး အဆင့်က ပါရမီရှင် ဆိုတဲ့ သူ တွေကို ရင်ဆိုင်နိုင် လောက်ပြီ။ ”
၎င်းတို့၏ တိုက်ခိုက်မှု တိုင်းကို ခုခံနိုင် လိမ့်မည်ဟု ဆိုလို ခြင်းမျိုး မဟုတ်ဘဲ၊ လိုအပ် ပါက ကောင်းမွန်စွာ ဆုတ်ခွာ နိုင်ပေမည်။
ဤသည်မှာ လုံလောက်ခြင်း မရှိ သေးချေ။ နောက်ထပ် ဝှက်ဖဲ တစ်ချပ်မျှ၊ လိုအပ် နေသေး သည်။
အစီရင် ထဲမှ ထွက် လာပြီးနောက်၊ အခန်းထဲ ပြန်ရောက် သည်နှင့်၊ ဝိညာဉ်ရေး စုတ်တံကို ကောက်ယူ လိုက်၏။
မိုလင်း ကိုပင် ခြောက်ခြား စေနိုင်သော၊ ဖီးနစ် မီးလျှံ ပန်းချီ ကား တစ်ချပ်ကို ရေးထိုးချင် ခဲ့သည်။
အတွေး တစ်ချက် တည်းဖြင့်၊ စိတ်ဝိညာဉ် နန်းတော်ရှိ ဝိညာဉ် အမှတ် အသားကို ဆင့်ခေါ် လိုက်သည်။
လေထုထဲ ရွှေရောင် မီးတောက်များ လောင်ကျွမ်း လာခဲ့ပြီး၊ နတ်ဘုရား ရူရ်၏ စွမ်းအားက၊ ပန်းချီကား တစ်ချပ် လုံးကို ဖြည်းညှင်းစွာ ဖုံးလွှမ်း သွားသည်။
ယခု အချိန်၌ မီးတောက် များမှာ၊ အားပျော့ နေသော်လည်း၊ ပန်းချီကား တစ်ချပ် အဖြစ်၊ ပေါင်းစပ် သွားပြီး နောက်တွင်၊ ဆန့်ကျင်ဘက် အဓိပ္ပါယ် ဆောင်လာ ပေလိမ့်မည်။။
***