← Chapters

ထွက်ခွာခြင်း။

Vol. 42 Ch. 586

ထွက်ခွာခြင်း။

Vol. 42 Ch. 586

နှစ်ရက် အကြာတွင်၊ အင်ပါရီယန် သင်္ချိုင်းနှင့် ပတ်သက်သည့် သတင်းမှာ၊ တောမီး ကဲ့သို့ တဟုန်ထိုး ပျံ့နှံ့ သွားခဲ့သည်။

ယန် နန်းတော်မှ တပည့် အများမှာ၊ ရှေးဟောင်း သင်္ချိုင်းမြေ ဆီသို့ စောလျင်စွာ ဦးတည် သွား ကုန်သည်။

အင်ပါရီယန် ဆိုသည်မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံးတွင်၊ အသန် မာဆုံး စွမ်းအား ရှင်များ ဖြစ်လေရာ၊ လူတိုင်း အတွက် ဆွဲဆောင် နိုင်ပေ၏။

ထို့ပြင် ရွှေခေတ်၌ ရှင်သန် ခဲ့သော အင်ပါရီယန်မှာ ယနေ့ အင်ပါရီယန် များကို အလွယ် တကူ ချေမွှ နိုင်သည်။

ထို့ကြောင့် မည်သူ မဆို အင်ပါ ရီယန်၏ အမွေ အနှစ်အား ရယူ နိုင်ပါက၊ စိတ်ကူး မယဉ် နိုင်သော အမြင့်သို့၊ တက်လှမ်း နိုင်မည် ဖြစ် သည်။

အဆုံးတွင် ရတနာ တချို့ ရရှိ ရုံဖြင့်၊ လက်ရှိ နယ်ပယ်၌ အသန် မာဆုံး လူတစ်ဦး ဖြစ်လာ နိုင် လေသည်။

နေသာ စီရင်စု မြို့တော် တခွင်၊ လှုပ်ခတ် နေချိန်၌၊ ဖီးနစ် မီးလျှံ ပန်းချီ ကားကို လင်းယွန် တစ်ယောက် အာရုံစိုက် ရေးထိုး နေခဲ့သည်။

နှစ်ရက် လုံးလုံး အနား ယူခြင်း မရှိ ခဲ့ချေ။ သို့သော် ပန်းချီကား ကိုးချပ်ကို မြင်ပြီး နောက်တွင်၊ မောပန်း နွမ်းနယ် မှုများ ချက်ချင်း ပျောက်ကွယ် သွားလေသည်။

“ နောက်ဆုံးတော့ ငါလုပ်နိုင် ခဲ့ပြီ။ ”

ကျေနပ်သော အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ ပန်းချီ ကားအား ဂရုတစိုက် သိမ်းဆည်း လိုက်၏။

နောက်ထပ် ဝှက်ဖဲ တစ်ချပ် တိုးလာသည့် အတွက်၊ သူ့ကိုယ်သူ ယုံကြည်မှု ပိုမြင့်မား လာ ခဲ့သည်။

အခြား သူများနှင့် မတွေ့ ဆုံခင်၊ အကယ် ဒမီ၏ သားရဲ ဉယျာဉ် ဆီသို့၊ ဦးစွာ ထွက်ခွာ လာ ခဲ့သည်။

ဂိုဏ်း အသီးသီးတွင် ကိုယ်ပိုင် သားရဲ ဥယျာဉ်များ ရှိပြီး ၎င်းတို့ အားလုံးမှာ၊ အရွယ် အစားချင်း မတူညီ ကြချေ။

အကယ်ဒမီ၌ နဂါးသွေး မြင်းကို လွှတ်ထားရန် အဆင် မပြေလှ သဖြင့်၊ သားရဲ ဥယျာဉ်ထံ ပို့ထား ခဲ့ရသည်။

ရေှးဟောင်း သင်္ချိုင်း နယ်မြေသို့ သွားရာ လမ်းတွင်၊ နဂါးလေးကို လိုအပ်လှ ပေရာ၊ လာရောက် ရှာဖွေခြင်း ဖြစ်၏။

သားရဲ ဥယျာဉ်၏ သင်းထောက် တစ်ယောက်က၊ လင်းယွန်ကို မြင်သည်နှင့် ပြုံးရွှင် သွားပြီး၊

“ သင်းထောက် လင်း၊ မင်း ဒီနတ်ဆိုးကို လာခေါ် တာလား။ ”

-ဟု မေးလိုက် လေသည်။

“ ငါ့ရဲ့ နဂါးသွေး မြင်း ဘယ်လို နေလဲ။ ”

လင်းယွန်က ခေါင်းညိတ်လျက် ပြန်မေး လိုက်သည်။ သင်းထောက် မျက်နှာမှာ ဖြေရခက် ဟန်ဖြင့်၊ လက်ကို ညွှန်ပြ လာ၏။

“ မင်း ...၊ ကိုယ်တိုင်သာ ဝင်ကြည့်လိုက်။ ”

ထိုအမူ အရာကြောင့်၊ တစ်စုံ တစ်ရာ ဖြစ်ပျက် ခဲ့မည်ကို၊ သူ ခန့်မှန်း နိုင်သည်။

သားရဲ ဥယျာဉ် တစ်နေရာ၌၊ နဂါးသွေး မြင်းမှာ၊ သားရဲ အမြုတေ များကို လောဘ တကြီး၊ ကြိတ်ဝါး နေ၏။

ထို အမူ အရာကြောင့်၊ ပတ်ဝန်း ကျင်ကို ဝေ့ကြည့် လိုက်ရာ၊ နဂါးလေး မည်သည့် အရာကို ဆိုချင် နေမှန်း၊ သိလိုက် ရသည် ။

“ ဒီကောင်က အရမ်း လောဘ ကြီးတယ်၊ ပုံမှန်ထက် နှစ်ဆ ပေးခဲ့ ပေမယ့် မကျေ နပ်ဘူး၊ အခြား နတ်ဆိုး သားရဲ တွေရဲ့၊ ခွဲတမ်းကို လုယူ ပြီးမှသာ၊ ကျေနပ် သွားတက်တယ်၊ ... ”

“ ... ဒီကောင်က မြင်းတစ်ကောင် ဖြစ်ပေမယ့်၊ ကြောက်စရာ ကောင်းလွန်းတယ်၊ ဒီဥယျာဉ်က နတ်ဆိုး သားရဲ တိုင်းကို ယဉ်ပါးအောင် ပြုလုပ် ထားနိုင်တယ်။ ”

သင်းထောက်က နဂါးသွေး မြင်းကို ကြည့်ကာ ဆိုသည်။ ယင်းကြောင့် လင်းယွန်က အဆင် မပြေသော အမူ အရာဖြင့်၊ ပြန်လည် ပြုံးပြ လိုက်မိ၏။

သားရဲ အမြုတေ များမှာ အဖိုးတန် လှသောကြောင့်၊ အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲများ ကိုသာ၊ ကျွေးမွေး မည် ဖြစ်သည်။

ဤသည်မှာ အကယ်ဒမီ အနေဖြင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် များ၏ ချမ်းသာ ကြွယ်ဝမှု အပေါ်၊ ပြသရာ ရောက်ပေ၏။

ထို့ကြောင့် ဤနေရာ၌ အုပ်စိုးသူ တစ်ဦး ဖြစ်လာ ပြီးနောက်၊ နဂါးသွေး မြင်း ပျှော်ရွှင် နေခဲ့ သည်မှာ၊ အံ့သြ စရာ မရှိချေ။

“ မင်းကို ဒုက္ခရောက် စေတဲ့ အတွက် တောင်းပန် ပါတယ်။ ”

“ ဟား ဟား ဟား၊ မိန်းကလေး မိုက ကောင်းကောင်း ထားဖို့ ညွှန်ကြား ထားပြီး သားပါ၊ နောက်ပြီး မင်းက အကယ် ဒမီရဲ့ ကျေးဇူး ရှင်ပဲ၊ ဒါက ဘာမှ မဟုတ် သေးပါဘူး။ ”

သင်းထောက်က ပြုံးရယ်ကာ၊ အရေး မကြီးဟန် တုန်ပြန် လာ၏။ ထိုအချိန် မှာပင် နဂါးလေးက မှော်ခြင်္သေ့ ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း သွားနေ သည်ကို တွေ့လိုက် ရသည်။

မှော် ခြင်္သေ့ ကြီးမှာ၊ တင်ပါးကို ရုတ်တရက် ကန်ထုတ် ခံလိုက် ရသောကြောင့်၊ အခြား တစ်နေရာသို့ ပြေးထွက် သွားကာ၊ တုန်ယင် နေခဲ့ လေသည်။

သူ့ ခွဲတမ်းကို စိမ်ပြေနပြေ ကြိတ်ဝါး နေသော နဂါးသွေး မြင်းအား ကြည့်ကာ၊ မှော်ခြင်္သေ့ ကြီးက မျက်ရည်များ စီးကျ လာခဲ့ သည်။

အသံ တစ်ချက်ပင် မထွက် ဝံ့ဘဲ၊ မြင်း တစ်ကောင်မှ၊ အနိုင်ကျင့် ခံရခြင်း အပေါ်၊ သူ့ကိုယ်သူ များစွာ နာကျည်း နေပုံ ရ၏။

လင်းယွန်က လက်ချောင်း များကို တောက်ထုတ် လိုက်ရာ၊ ငွေရောင် ဓား တစ်လက် ပြေးထွက် သွားပြီး၊ နဂါးသွေး မြင်းအား ထိမှန် သွားသည်။

ပူခနဲ နာကျင် သွားသောကြောင့်၊ ကဆုန်ပေါက်ကာ ပြန်လှည့် ကြည့်လာ၏။

လင်းယွန်ကို မြင်မှ သာလျှင်၊ အထင်ကရ ခေါနေသော သွားလေးကို ထုတ်ဖော်၊ ရယ်ပြ လာ လေသည်။

***

ငရဲ ရင်ပြင်တွင် ကျန်းယွမ်၊ မူချန်နှင့် ကောင်းကင် ပြည်နယ် အကယ် ဒမီမှ အခြားသော တပည့်များ စုဝေး နေခဲ့ ကြ၏။

၎င်းတို့ အပြင် လျူယွမ်ယန်၊ မုရွယ်နှင့် မိုလင်း တို့လည်း ရှိနေသည်။

သူတို့ လူအုပ် အနေဖြင့်၊ ဤနေရာသို့ ရောက်ရှိ နေသည်မှာ၊ ကြာမြင့် လှပြီ ဖြစ် သော်လည်း၊ အလျင် စလို ထွက်ခွာ သွားဖို့ရန်၊ ဆန္ဒ ရှိပုံ မရ သေးချေ။

နောက်ဆုံးတွင် မူချန်က သည်းမခံ နိုင်တော့ဘဲ၊

“ ဒီကောင်က လာရဲမယ် မထင်ဘူး၊ သူ့မှာ ဒီလောက် ရန်သူတွေေ အများကြီး ရှိနေတာ၊ သွေးတောင်ပံ ခန်းမ ကလည်း သူ့ကို ဆုကြေး ထုတ်ထား တယ်လို့ ကြားတယ်။ ”

-ဟု လှောင်ပြောင် ပြောဆို လိုက်၏။

သူ့ စကားကြောင့် မိုလင်းက တင်းမာ စွာဖြင့်၊ ပြန်လှည့် ကြည့် လာသည်။ ပြီးနောက်၊

“ သူ မလာရင် ... မလာချင် လို့ပဲ၊ ကြောက်လို့ မလာ တာတော့ မဟုတ်ဘူး။ ”

-ဟု ဆိုလိုက် လေသည်။

“ ဟုတ် လား ...။ ”

မူချန် မျက်နှာမှာ မိုလင်း စကား အပေါ်၊ ယုံကြည်ပုံ မရဘဲ၊ ရွှတ်နောက် နောက်ဖြင့် ပြုံးရယ် လိုက်၏။

“ ဒီမှာ ... ဘာပြောဖို့ ကြိုးစား နေတာလဲ၊ မင်း မစောင့် ချင်ဖူး ဆိုရင်၊ ထွက်သွား နိုင်တယ်၊ မင်းကို ဘယ်သူမှ မတားဘူး။ ”

လျူယွမ်ယန်က စိတ် အနှောက် အယှက်ဖြစ် ဟန်ဖြင့်၊ ဆိုသည်။

“ ဟို မှာ လာပြီ ... ။ ”

မူချန်က ပြန်လည် တုန့်ပြန် ခါနီးတွင်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လူငယ် တစ်ယောက်က၊ ကြက်သွေးရောင် မြင်း တစ်ကောင် နှင့်အတူ ရောက်ရှိ လာ၏။

ကျန်းယွမ်က လင်းယွန်အား တစ်ချက် ကြည့်လိုက် ပြီးနောက်၊ နဂါးသွေး မြင်းထံ အကြည့် ရွေ့လိုက် ချိန်တွင်၊ မျက်ခုံးပင့် လိုက်မိ လေသည်။

လူတိုင်းက ခရီး ထွက်ရန် အတွက်၊ မြင်း များကို သဘာဝ အတိုင်း၊ ယူဆောင် လာခဲ့ ကြ သော်လည်း၊ ၎င်းသားရဲ များမှာ လင်းယွန်၏ နဂါးသွေး မြင်းထက် နိမ့်ကျ နေ၏။

လင်းယွန်၏ မြင်းကို ဖုံးလွှမ်း ထားသော ရောင်ဝါ အရ၊ ရှားပါး မျိုးကွဲ ဖြစ်ကြောင်း၊ သူ ပြော နိုင်သည်။

လင်းယွန်က မိတ်ဆွေ များကို နှုတ်ဆက် ပြီးနောက်၊ တန်ယုကို အရိုအသေ ပြုလိုက်၏။ တန်ယုက ခေါင်းညိတ် အသိ အမှတ် ပြုပြီး၊

“ ငါတို့ မကြာခင် ထွက်ရ လိမ့်မယ်၊ ဒါပေမယ့် မသွားခင် ငါ့မှာ ပြောစရာ စကား ရှိတယ်၊ မြောက်ပင်လယ်က ရှေးဟောင်း စစ်မြေပြင် တစ်ခု ဖြစ်ပြီး၊ ... ”

“ ... ရတနာတွေ မကြာ ခဏ ထွက်ပေါ် လာ တက်တဲ့ နယ်မြေပဲ၊ ယင်-ယန် အဆင့် ကျွမ်းကျင်သူ တွေတောင် အသက် ဆုံးရှုံး နိုင်တဲ့ တားမြစ် နယ်မြေ ကြီးပါ၊ ... ”

“ ... ဒါ့အပြင် ဒီခရီးက အင်ပါရီယန်ရဲ့ သင်္ချိုင်း ဖြစ် တာကြောင့်၊ အရမ်း အန္တရာယ် များတယ်။ ”

မြောက်ပင်လယ် ဒေသမှာ အန္တရာယ် များပြွန်း သည်ဟု နာမည်ကြီး လှသောကြောင့်၊ ၎င်းမှာ အသစ် အဆန်း မဟုတ်ပေ။

သို့မဟုတ် ပါလျှင် ရှေးဟောင်း သင်္ချိုင်း နယ်မြေ သတင်းမှာ၊ ဤမျှ မြန်မြန် ပျံ့နှံ့ နေမည် မဟုတ်ကြောင်း လူတိုင်း သိသည်။

တန်ယု သတိ ပေးသည် ထက်ပင်၊ ပို၍ အန္တရာယ် များမြောင် နိုင်၏။

ခဏ အကြာတွင် လူအုပ်ကြီးမှာ၊ စတင် ထွက်ခွာ လာကြသည်။ အကယ်ဒမီ အနေဖြင့်၊ ဤခရီး အပေါ် အလွန် အာရုံ စိုက်ပေ၏။

တန်ယု ကဲ့သို့ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး အပြင်၊ ယင်-ယန် အဆင့်် အကြီး အကဲ များစွာ ကိုလည်း၊ စေလွှတ် ပေးခဲ့ သည်။

သည်မျှ ကြီးမားသော အစု အဖွဲ့မျိုး၊ လိုအပ်သည့် ခရီးမှာ၊ အန္တရာယ်များ မည်ကို သံသယ ဖြစ်စရာ မလိုချေ။

အကယ် ၍သာ ယင်း နယ်မြေ၌၊ အခြားသော အင်အားစု များနှင့် ထိပ်တိုက် တွေ့ဆုံ မိ ပါက၊ ကောင်းကင်ဓား ဂိုဏ်း၏ တပည့်များ ဟူသော ဂုဏ်ပုဒ် ဖြင့်ပင်၊ အာမခံချက် မရှိချေ။

ထို့ကြောင့် ၎င်းတို့မှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး၏၊ အကူ အညီ လိုအပ် သောကြောင့်၊ အကယ် ဒမီနှင့် လာရောက် ပူးပေါင်းခြင်း ဖြစ်သည်။

အင်ပါရီယန် သင်္ချိုင်း နယ်မြေမှာ၊ အမျိုး မျိုးသော အင်အားစု များကို ဆွဲဆောင် နိုင်ရုံသာ မက၊ လမ်းလွဲ ကျင့်ကြံသူ များကိုလည်း ဆွဲဆောင် နိုင်ခဲ့ သည်။

၎င်းတို့ကို အင်အားစု အသီးသီးမှ၊ ဆုကြေး ထုတ်ထား သကဲ့သို့၊ ထိုသူတို့ အနေ ဖြင့်လည်း အခွင့် အရေး ရခဲ့သော်၊ ဂိုဏ်း၏ တပည့် များကို သတ်ပစ်ရန် တွန့်ဆုတ်ခြင်း မရှိ ကြခေျ။

နှစ်နာရီ အကြာတွင် မြောက်ပင်လယ် သွားရာ လမ်း၌၊ မဖြစ် မနေ ဖြတ်ကေျာ် သွားရ မည့်၊ တိမ်မီးလျှံ တောင်တန်းသို့ ရောက်ရှိ လာ၏။

အင်ပါရီယန် သင်္ချိုင်း၏ အသွင် အပြင်ကြောင့်၊ တိမ်မီးလျှံ တောင်တန်းတွင်၊ ခရီးသွား များဖြင့် ပြည့်နှက် နေသည်။

ထိုတောင်တန်းမှာ စီရင်စုများ စွာဖြင့် ထိစပ် နေသဖြင့်၊ အချက် အခြာ ကျသော တောင်တန်း ကြီး တစ်ခု ဖြစ်လေသည်။

နေသာ စီရင်စု သာမက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး ကပင်၊ တိမ်မီးလျှံ တောင်တန်းကို သိရှိ ထား၏။

အစွမ်း ထက်သော နတ်ဆိုး သားရဲ များစွာက၊ ဤတောင်တန်း ပေါ်တွင် ရှင်သန် ကျက်စား တက်ပေရာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ များ၏ အသက်ပင်၊ အာမခံချက် မရှိ နိုင်ချေ။

သို့သော် အကြောက် တရားကို ခဏတာ လျစ်လျူရှု ခဲ့ကြ ပြီး၊ တောင်တန်းကြီး အပေါ်၊ လူတိုင်း ဖြတ်ကျော် နေကြ၏။

တောင်တန်း နယ်နိမိတ်တွင်၊ တဖွဲဖွဲ ကျရောက် လာသော လူအုပ် ကြီးကို မြင်ချိန်၌၊ သက်ပြင်းချ သံများ အလီလီ ထွက်ပေါ် လာတော့သည်။

လူတိုင်း၏ ဦးတည် ရာမှာ မြောက်ပင်လယ်ရှိ၊ အင်ပါရီယန် သင်္ချိုင်း ဖြစ်သော ကြောင့်၊ လူမည်မျှ ပြန်လာ နိုင်မည်ကို မခန့်မှန်း နိုင်ကြခေျ။

ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး ဖြင့်ပင်၊ လုံခြုံမှု မရှိသော ဤခရီးတွင်၊ တောင်တန်းသို့ ဝင်ရောက် လာသူ ပမာဏ၏၊ သုံးပုံ တစ်ပုံခန့် အနည်းဆုံး သေဆုံး ရပေမည်။

“ ဒါက ကောင်းကင် ပြည်နယ် အကယ် ဒမီပဲ ...။ ”

“ သူက မကြာ သေးခင် ကမှ၊ လှုပ်ခတ် လာတဲ့ လင်းယွန်ပဲ ဖြစ်ရမယ်။ ”

“ ကောင်းကင်ဓား ဂိုဏ်း ကလည်း၊ သူတို့နဲ့ လိုက် လာတယ်၊ အိုး ... စီနီယာ တန် ရောပဲ၊ ဒါက ကြောက်စရာ ကောင်းတဲ့၊ ဖွဲ့စည်းမှု ပါပဲ။ ”

စီနီယာ တန်၏ ပုံရိပ်ကြောင့်၊ လူတိုင်း အာရုံမှာ ကောင်းကင် ပြည်နယ် အကယ်ဒမီသို့၊ ချက်ချင်း ကျရောက် လာခဲ့သည်။

အကယ်ဒမီ ငါးခု ပြိုင်ပွဲ ပြီးနောက် လင်းယွန်၏ ဂုဏ်သတင်းမှာ၊ ကျော်ကြား လာခဲ့ သည်။

ထို့ကြောင့် စီနီယာ တန် ပေါ်ရှိ အာရုံ များက၊ လင်းယွန်ထံ ပြောင်းလဲ ရောက်ရှိ လာ၏။

ပတ်ဝန်းကျင်မှ တီးတိုး ဝေဖန် သံများကို ကြားနေရ သော်လည်း၊ လင်းယွန်မှာ စိတ်လှုပ် ရှားခြင်း မရှိ ခဲ့ချေ။

ယင်းကို သတိထား မိလာသော မူချန်မှာ၊ တိတ်တဆိတ် ကျိန်ဆဲ လိုက်ပြီး၊ မထီ မဲ့မြင် ဟန်ဖြင့်၊ နှုတ်ခမ်း တွန့်ရုံ ပြုံး လိုက်သည်။

ကေျာ်ကြား မှုကို နှစ်သက်သူ တစ်ဦး ဖြစ် သောကြောင့်၊ လူ အများက တစ်ဖက်လူ အပေါ် အာရုံ စိုက်လာသည့် အတွက်၊ မပျော် မရွှင် ဖြစ်နေ သည်မှာ၊ သဘာဝ ပေပင်။

“ ဂျူနီယာ ညီလေး မူ၊ သူ့ အတွက် စိတ်မပူ ပါနဲ့၊ ဆောင်းကျန် ကြောင့်သာ နာမည်ကြီး လာ တာပါ။ ”

“ ဟုတ်တယ် ...၊ ဆောင်းကျန်ကို ကံတရားနဲ့ အနိုင် ရခဲ့လို့ သာပဲ၊ မဟုတ်ရင် သူ့ကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ”

“ မင်း ... သူ့ကို အနှေးနဲ့ အမြန် ကျော်ဖြတ် နိုင် လိမ့်မယ်၊ သူက မဟာချင် အင်ပါယာက လာတဲ့ ပုရွတ်ဆိတ် လေးပါ၊ ငါတို့ရဲ့ ကောင်းကင် ဓားဂိုဏ်းနဲ့၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ”

အခြားသော ကောင်းကင်ဓား ဂိုဏ်း၏ အတွင်း တပည့် များက၊ တိုးတိုးလေး အားပေး လာသည်။

အဖွဲ့ကို ဦးဆောင် နေသည့် ကျန်းယွမ်က၊ ရုတ်တရက် ပြန်လှည့် ကြည့် လာသောကြောင့်၊ ပါးစပ် ပိတ်လိုက် ရ၏။

မုရွယ် သည်လည်း အဆင် မပြေသော အနေ အထားတွင် ရှိနေသည်။ ကောင်းကင်ဓား ဂိုဏ်းမှ တပည့်များ အနေဖြင့်၊ နောက်ကွယ်တွင် လင်းယွန်အား မကောင်း ပြောနေသည့် အပေါ်၊ သဘော ကျခြင်း မရှိချေ။

မလှမ်း မကမ်းတွင် ရှိနေသော လင်းယွန်ကို မျက်ဝန်း ထောင့်ကပ်ကာ၊ ခိုးကြည့် မိသည်။

သို့သော် စကား သံများ အပေါ် လျစ်လျူရှု ထားသော လင်းယွန်၏ အမူအရာ ကြောင့်၊ သက်ပြင်းချ လိုက်မိသည်။

တစ်ဖက် လူမှာ ဒေါသဖြင့်၊ လူ သုံးဦးအား ရက်ရက် စက်စက် သတ်ပစ်ခဲ့ သည်ကို၊ မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရသည်။

မူချန်နှင့် အတွင်း တပည့် လေဦးမှာ၊ လင်းယွန်၏ ဒေါသကို ခံနိုင်ရည် ရှိမည် မဟုတ် ကြောင်း၊ သူမ ပြောနိုင်၏။

***

All Chapters