အရှုံး ပေး၍ လှည့်စားခြင်း။
Vol. 42 Ch. 587
တိမ်မီးလျှံ တောင်တန်းမှာ၊ နတ်ဆိုး သားရဲ များနှင့် ပြည့်နှက် နေသော်လည်း၊ ကောင်းကင် ပြည်နယ် အကယ် ဒမီကို ခြိမ်းခြောက် နိုင်ခြင်း မရှိ ခဲ့ချေ။
မိုလင်းနှင့် ကျန်းယွမ် တို့က၊ အလွယ် တကူ ဖြေရှင်း နိုင်ခဲ့ သောကြောင့်၊ တန်ယုပင် ငြိမ်သက်စွာ၊ လိုက်ပါ လာခဲ့သည်။
မူချန်နှင့် အခြားသော အတွင်း တပည့် များမှာ၊ ကောင်းကင်ဓား ဂိုဏ်းမှ ထွက်ခွာခဲ သောကြောင့်၊ ဤခရီးစဉ် အတွက် စိတ် လှုပ်ရှား မှုများ၊ ပြည့်နှက် နေ၏။
လက်စွမ်း ပြခွင့် ရချိန်၌၊ တုန့်ဆိုင်းခြင်း မရှိဘဲ၊ ရှေ့လှမ်း တက်ကာ တိုက်ပွဲ အတွင်း ပါဝင် လာကြ သည်။ ဆန့်ကျင်ဘက် အနေဖြင့်၊ လင်းယွန် မှာမူ၊ တည်ငြိမ် နေခဲ့ သည်။
ဤသည်မှာ သူ၏ ပထမဆုံး ခရီးစဉ် မဟုတ် သောကြောင့်၊ မလိုအပ် ပါက လှုပ်ရှား မိမည် မဟုတ် ချေ။
ဗဟို နယ်မြေသို့ ဝင်ရောက် လာချိန်၌၊ တောင်တန်း ပေါ်ရှိ အဖွဲ့ တိုင်းမှာ တရွေ့ ရွေ့သာ ခရီးနှင် နိုင်တော့၏။
ကောင်းကင် တပြင်လုံး၊ မိုးကြိုး တိမ်တိုက် များဖြင့်၊ ပြည့်နှက် နေပြီး၊ ပတ်ဝန်းကျင် လေထုက၊ ကြမ်းရှ လာလေပြီ။
တစ်ချိန်တည်း မှာပင် ၎င်းတို့ထံ ပြေးဝင် လာသော နတ်ဆိုး သားရဲများ သည်လည်း၊ ပို၍ ကြောက်စရာ ကောင်းလာ ခဲ့၏။
ယင်-ယန် အဆင့် အကြီး အကဲများ ပင်လျှင်၊ တိုက်ပွဲ အတွင်း စတင် ပါဝင် လာရ တော့သည်။
ထို့ကြောင့် လင်းယွန် အမြင်ကို၊ များစွာ ကျယ်ပြန့် လာစေ၏။ ဤသည်မှာ ယင်-ယန် အဆင့် ကျွမ်းကျင် သူ၏ စွမ်းအားနှင့်၊ သန်မာ လွန်းသော နတ်ဆိုး သားရဲ များစွာကို၊ ပထမဆုံး အကြိမ် တွေ့မြင် ရခြင်း ဖြစ်သည်။
သို့သော် နတ်ဆိုး သားရဲ များကို ယင်-ယန် အဆင့် အကြီး အကဲ များက၊ အလွယ် တကူ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်။
သူ့ အနေဖြင့် အထွတ် အထိပ် ယင်အဆင့် တွင် ရှိနေပြီး၊ ယန် အဆင့်ဖြင့် ထိတွေ့ နေပြီ ဖြစ်သော်လည်း၊ ယင်-ယန် အဆင့် မှာမူ၊ အလှမ်းဝေး နေဆဲ ဖြစ်သည်။
စီနီယာများ စကား အရ၊ ယင်-ယန် အဆင့်သို့ ရောက်ရှိ ချိန်တွင်၊ သိုင်းဝိညာဉ် အသွင် ပြောင်းကာ၊ ပို၍ သန်မာလာ မည်ဟု ဆိုသည်။
ဤအဆင့်၌ သိုင်းဝိညာဉ် များကို ကျင့်ကြံ ပေးခြင်းဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ထိုးဖောက် ဝင်ရောက် ရပေမည်။
ရုတ်တရက် ခေါင်းယမ်းကာ၊ အတွေး များကို ရှင်းထုတ် လိုက်၏။ ခရီးမှာ အလှမ်းဝေး လွန်းနေ သေးသည်။
ငါးရက်ကြာ ပြီးနောက်၊ တိမ်မီးလျှံ တောင်တန်းရှိ အတား အဆီး တစ်ခုနှင့်၊ ထပ်မံ ကြုံလာ ရ ပြန်သည်။
ယင်-ယန် အဆင့် အကြီးအကဲ အများ အပြားက၊ တိုက်ပွဲ အတွင်း ပါဝင် လာခဲ့ ကြ သော်လည်း၊ ၎င်းတို့ဖြင့် မလုံ လောက် ခဲ့ချေ။
အတင်း အကြပ် ဆက်လက် တိုက်ပွဲ ဝင်နေ ပါက၊ အသက် အန္တရာယ်ပင် ရှိလာ နိုင်သည်။ ထို့ကြောင့် တန်ယုက ထိုနတ်ဆိုး သားရဲ ကောင်ကို အမြန် သတ်ပေး ခဲ့ရ၏။
ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ယောက်၏ စွမ်းအားကို ကြည့်ကာ၊ လူတိုင်း ထိတ်လန့် ကုန်ကြသည်။
လင်းယွန် မှာမူ ခေါင်းညိတ် ရုံသာ ပြုမူ မိ၏။ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ များကို၊ နဂါး တံခါး ပြိုင်ပွဲ၌ တွေ့မြင် ထားဖူးကြောင့်၊ ထူးထွေ နေစရာ မရှိချေ။
ယင်-ယန် အဆင့် အကြီး အကဲ များမှာ၊ သန်မာ လှသော်လည်း၊ ၎င်းတို့ အနေဖြင့် သူ့ကို မသတ် နိုင်ချေ။
သူသာ ထွက်ပြေး လိုပါက၊ အမြီးသာ မြင်ရ ပေမည်။ သို့သော်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူဖြင့် ဆိုပါက၊ ထိုသို့ မဟုတ် တော့ချေ။
တန်ယုက နတ်ဆိုး သားရဲကို လက်စသတ် လိုက်ပြီး၊
“ အနား ယူရအောင်၊ မနက် ဖြန်မှ ငါတို့ ခရီး ဆက်ကြမယ်၊ အခု မြောက်ပင်လယ်နဲ့ မဝေး တော့ပါဘူး။ ”
တိမ်မီးလျှံ တောင်ကုန်းသို့ ဝင်ရောက် လာ ကတည်းက အနား ယူခြင်း မပြု ခဲ့ရ သဖြင့်၊ လူတိုင်း နွမ်းနယ် နေပေသည်။
လင်းယွန် ပင်လျှင် အနည်းငယ် မောပန်း နေ၏။ ထို့အပြင်၊ ဤနေရာ၌ စခန်း ချရန်၊ အသင့် တော်ဆုံး ဖြစ်သည်။
ဝိညာဉ် စွမ်းအင်များ သိပ်သည်းကာ၊ သေဆုံး နေသော နတ်ဆိုး သားရဲ ကြီး၏ ပိုင်နက် ဖြစ်သော ကြောင့်၊ လက်ရှိ အချိန်၌ ကျန်သည့် နတ်ဆိုး သားရဲများ လက်မှ၊ လွတ်ကင်း စေမည် ဖြစ်သည်။
မူချန်က ရှေ့ကို လှမ်းတက် လာပြီး၊
“ အကြီးအကဲ တန်၊ ငါတို့ နောက်ကျ နေပြီ ထင်တယ်၊ အခုသာ ရပ်နား လိုက်ရင် တခြား သူတွေက၊ ငါတို့ကို ကျော်တက် သွားလိမ့်မယ်။ ”
အထူး သဖြင့် တန်ယု၏ ခွန်အားကို မြင်ပြီး နောက်တွင်၊ မူချန် လေသံ၌၊ ရိုသေ လေးစား မှုများ ပြည့်နှက် လာခဲ့သည်။
“ အဲဒါကို စိတ်မပူ ပါနဲ့၊ မြောက်ပင်လယ် ဆိုတာ၊ သဲ မုန်တိုင်းတွေ အမြဲ ဖြစ်ပေါ် နေတက်တဲ့ နေရာပါ၊ သဲမုန်တိုင်း ငြိမ်သက် နေချိန် ဆိုလို့ ၊ ရက် အနည်းငယ် လောက်သာ ရှိပါတယ်၊ ... ”
“ ... သူတို့က သေမှာကို မကြောက်ရင် တောင်မှ၊ ရှေးဟောင်း သင်္ချိုင်း နယ်မြေကို ဒီလောက် မြန်မြန် ရှာတွေ့ နိုင်မှာ မဟုတ် ပါဘူး။ ”
“ ဘာလို့လဲ ... ထူးခြားတာ တစ်ခုခု ရှိနေ လို့လား။ ”
“ ဒါပေါ့ ... မြောက်ပင်လယ်ကို ဘာလို့ ပင်လယ် ခေါ်လဲ မင်းသိလား၊ အဲ့ဒီ သဲကန္တာရ ထဲမှာ၊ သဲ စီးကြောင်းတွေ အမြဲ ဖြစ်ပေါ် နေလို့ပဲ၊ ... ”
“ ... မင်းက တစ်နေရာ တည်းမှာ ရပ်နေ ရင်တောင်၊ ဘယ်ကို ရောက်မှန်း မသိ ရောက်သွား လိမ့်မယ်၊ ဒါပေမယ့် ... ”
“ ... အဲဒါကို မဖြေရှင်း နိုင်ဖူးလို့ မဆိုလို ပါဘူး၊ ဟိုရောက်ရင် ဒီအကြောင်းကို ပိုသိ လိမ့်မယ်။ ”
တန်ယု၏ ဝေမျှ ပေးလာ မှုကြောင့်၊ လင်းယွန်မှာ အတွေးထဲ နစ်မျော သွားသည်။
“ သဲ စီး ကြောင်း ...။ ”
မြောက်ပင်လယ်မှာ စိတ်ဝင်စား စရာ ကောင်းလာ ပေ၏။ သဲ ပင်လယ်ကို တစ်ကြိမ်မျှ မဖြတ်သန်း ဖူးသော သူ့အတွက်၊ အတွေ့ကြုံ အသစ်များ ရရှိ မည်ဟု ထင်သည်။
ကောင်ကင်တွင် မှောင်ရိပ် ပျိုးလာ ချိန်၌၊ တိမ်မီးလျှံ တောင်တန်းကြီး တစ်ခုလုံး ငြိမ်သက် သွား၏။
တစ်ခါ တစ်ရံ အဝေးမှ ထွက်လာသော သားရဲ ဟောက်သံများ ကိုပင် ကြားနေ ရသည်။ ရုတ်တရက် ဆူညံသော တောတိုး သံများနှင့် အတူ၊ လူ တစ်စု ချဉ်းကပ် လာ၏။
ခြေသံများ အရ လူအုပ်မှာ၊ အတော် များကြောင်း ခန့်မှန်း နိုင်သည်။
လမ်း တစ်လျှောက်တွင် အဖွဲ့ပေါင်း များစွာ ဖြင့်၊ ဝင်တိုး မိသော်လည်း တန်ယု၏ ခွန်အား ကြောင့်၊ လူတိုင်းက ရှောင်ကွင်း သွားကုန် ကြသည်။
သို့သော် ဤတစ်ကြိမ် ခြေသံ များမှာ၊ သူတို့ထံ ရည်ရွယ်ချက် ရှိှရှိ ဦးတည် လာနေ ပုံရ၏။
လူရိပ်များ အလျိုလျို တိုးထွက် လာကြ သောကြောင့်၊ မိုလင်းက ခေါင်းမော ကြည့်လိုက်ကာ၊ မျက်နှာ ပြောင်းလဲ သွားသည်။
လျူယွမ်က လင်းယွန် အနား တိုးကပ် လာပြီး၊
“ ဒါက သဏ္ဍာန် သုံးပါး စံအိမ်နဲ့၊ သွေးတောင်ပံ ခန်းမပဲ၊ သူတို့က အတူတူ ခရီးထွက် လာတယ်။ ”
-ဟု ဆိုလိုက်သည်။
၎င်းတို့ နှစ်ဖွဲ့မှာ အမည်ခံ အုပ်စိုးရှင်များ ဖြစ်ပြီး၊ ဤသို့ ပူးပေါင်း လိုက်ခြင်း ဖြင့်၊ အုပ်စိုးရှင် များကိုပင် ရင်ဆိုင် နိုင်မည် ဖြစ်သည်။
သွေးတောင်ပံ ခန်းမနှင့် အပြာရောင် မီးကြာပန်း တိုက်ပွဲတွင်၊ ရန်ငြိုး ဖွဲ့ထား မိသော လင်းယွန်က၊ မျက်မှောင်ကြုတ် လိုက်မိ၏။
အဖွဲ့ကို ဦးဆောင် နေသည့် လူငယ် နှစ်ဦးမှာ၊ အထွတ် အထိပ် ယန် အဆင့်တွင် ရှိနေ ကြပြီး၊ လူတိုင်း၏ အာရုံအား ဆွဲယူထား လေသည်။
“ အဲ့ဒါ သွေးတောင်ပံ ခန်းမရဲ့ လန်းဟွာယုနဲ့၊ သဏ္ဍာန် သုံးပါး စံအိမ်က လင်းဇီယွမ် ပဲ။ ”
လျူယွမ်ယန်၏ မျက်ဝန်း များတွင်၊ ကြောက်ရွံ့ မှုများ ထင်ဟပ် လာပြီး လင်းယွန်ကို တိုးတိုးလေး ဆိုသည်။
ထိုနာမည် များဖြင့် ရင်းနှီး နေခဲ့ပြီး၊ နေသာ စီရင်စု၏ ပါရမီ ရှင်များ ဖြစ်ကြောင်း၊ လင်းယွန် တစ်ယောက် သတိရ လာသည်။
၎င်းတို့ လေးယောက် ထဲတွင်၊ လန်းဟွာယုမှာ အဆင့် (၈၇)၌ ရှိပြီး၊ လင်းဇီယွမ် မှာမူ၊ အဆင့် (၉၇) ၌ ရှိ၏။
ထို့ကြောင့် လင်းယွမ်ဇီမှာ အနည်းငယ် အားနည်းနေ သည်ဟု ဆိုနိုင်သည်။
သို့သော် အဆင့် သတ်မှတ် ချက်များ မည်သို့ပင် ရှိစေ ကာမူ၊ သူတို့ နှစ်ဦးမှာ တိမ်နဂါး အဆင့် ဝင်သူများ ဖြစ်၏။
တိမ်နဂါး အဆင့် ဝင်သူ များကို၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ ခမ်းနားသော ပါရမီ ရှင်များ အဖြစ်၊ သတ်မှတ် ထားလေသည်။
တိမ်နဂါး တိုင်းတွင်၊ ကြောက်စရာ ကောင်းသော ဝှက်ဖဲများ ပိုင်ဆိုင် ထားကြ သည်မှာ၊ သဘာဝ ပေပင်။
ထို့ကြောင့် ၎င်းတို့ နှစ်ဦးကို၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ နှစ်ဦးက၊ နောက်ခံ ပြုပေး လာပြီး နောက်တွင် ဆိုဖွယ် မရှိ တော့ချေ။
ဆိုလို သည်မှာ သူတို့ တစ်ဦးချင်း စီက၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ တစ်ဦး စီအား၊ ခေါ်ဆောင် လာ၏။
“ ဒီလို ကျယ်ပြန့်တဲ့ တောင်တန်းကြီး ထဲမှာ၊ ကောင်းကင် ပြည်နယ် အကယ်ဒမီနဲ့ တွေ့ရတယ် ဆိုတာ တိုက်ဆိုင်မှု တစ်ခု ပါပဲ၊ မတွေ့ ရတာ ကြာပြီနော် မိန်းကလေး မို။ ”
လန်းဟွာယုက ကောင်းကင် ပြည်နယ် အကယ် ဒမီကို မြင်လိုက် ရချိန်တွင်၊ မျက်ဝန်းများ မှေးကျဉ်း သွား၏။
“ တောင်းပန် ပါတယ် ...၊ ငါတို့က ဒီကို အရင် ရောက်လာ ခဲ့တဲ့ အတွက်၊ မင်းတို့ အခု ထွက်သွား လို့ရပြီ။ ”
မိုလင်းက ဖော်ရွယ်မှု မပြဘဲ၊ တုန့်ပြန် လိုက်သည်။
“ အရင် ဦးဆုံး ဆိုတဲ့ အရာ တွေက၊ ဒီကမ္ဘာမှာ အလုပ် မဖြစ် ပါဘူး၊ မဟုတ်ရင် ဒီမှာ ရှိနေ ခဲ့တဲ့ နတ်ဆိုး သားရဲ ကောင်ကို၊ မင်း ဘာလို့ သတ်ရ တာလဲ။ ”
လန်းဟွာယု ဘေးရှိ လင်းဇီယွမ်က၊ မိုလင်းကို ကြည့်ပြီး၊ ပြုံးကာ တုန့်ပြန် သည်။
သူ့ ခွန်အား အပေါ်၊ သူ ယုံကြည်မှု ရှိသော ကြောင့်၊ လေသံတွင် မောက်မာမှု အပြည့် ပါဝင်နေ ပေသည်။
လေထုမှာ ရုတ်တရက် တင်းကြပ် လာပြီး၊ အကယ်ဒမီရှိ လူတိုင်းကို မသက် မသာ ဖြစ်လာ စေ၏။
သိုင်းပညာ အခြေခံ အုတ်မြစ် အရ၊ အကယ်ဒမီ အနေဖြင့် အဆိုပါ အင်အားစု နှစ်ခု လုံးထက် နိမ့်ကျကာ၊ ၎င်းတို့ နှစ်ဖွဲ့ လက်တွဲပြီး နောက်တွင်၊ ဆိုဖွယ် မရှိ တော့ခေျ။
ထို့ကြောင့် သူတို့ကို အတင်း အကြပ် မောင်းထုတ် လာပါက၊ တွန်းလှန် နိုင်မည် မဟုတ်ကြောင်း နားလည် ထားသည်။
“ မင်းတို့က ငါတို့နဲ့ ပတ်သက်ပြီး၊ အတွေးတွေ ရှိနေပုံ ရတယ်။ ”
ကျန်းယွမ်က မိုလင်းဘေး လှမ်းတက်ကာ၊ ဝင်ရောက် ပြောဆို လိုက်သည်။
“ မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ဒီမှာ စကား ပြောဖို့ အရည် အချင်း ပြည့်မီ တယ်လို့ ထင်နေလား ... ဟမ်။ ”
လင်းဇီယွမ် အနေဖြင့် သူ စကားပြော နေချိန်တွင်၊ တစ်စုံ တစ်ယောက်မှ နှောက်ယှက် လာသည်အား သဘော မကျချေ။
နှစ်ဦး နှစ်ဖက် ထိပ်တိုက် တွေ့ဆုံ မှုတွင်၊ ကေင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ များက၊ မျိုးဆက်သစ် လူငယ် များထံ ထားခဲ့ရန် ဆုံးဖြတ်ခဲ့ ကြသည်။
ထို့ကြောင့် တစ်စုံ တစ်ယောက်မှ၊ စကား ဝိုင်းကို နှောက်ယှက် လာခြင်းမှာ၊ သဘာဝ အတိုင်း မထီ မဲ့မြင် ပြုရာ ရောက်ပေ သည်။
“ ငါရဲ့ စီနီယာ အစ်ကိုက ကောင်းကင်ဓား ဂိုဏ်းရဲ့ အမာခံ တပည့်ပဲ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ဟမ် ... ။ ”
မူချန်က ဒေါသ တကြီး ဟိန်းဟောက် လိုက်သည်။ ၎င်းနှင့် အတူ ကောင်းကင်ဓား ဂိုဏ်းမှ အခြားသော တပည့်များ မျက်နှာမှာ၊ မည်းမှောင် လာ၏။
ကျန်းယွမ် ရင်ဘတ် ပေါ်ရှိ တံဆိပ်ကို၊ လှမ်းကြည့် လိုက် ပြီးနောက်၊ လင်းဇီယွမ် တစ်ယောက်၊ အံ့သြ သွားရသည်။
နောက်ဆုံးတွင်၊ အမည်ခံ အုပ်စိုးရှင်များ အနေဖြင့်၊ စစ်မှန်သော အုပ်စိုးရှင် များကို ရင်ပေါင်တန်း နိုင်ခြင်း မရှိ သေးချေ။
“ ငါ့ရဲ့ ရိုင်းစိုင်းမှု အတွက် တောင်းပန် ပါတယ်၊ ကောင်းကင်ဓား ဂိုဏ်းနဲ့ ရန်ငြိုး မရှိ ပါဘူး၊ မင်း နာမည်ကို မေးလို့ ရမလား။ ”
လင်းဇီယွမ်က လျင်မြန် စွာပင် တောင်းပန် လိုက်သည်။ နောက်ဆုံး၌ ခေါင်းငုံ့ရန် ရွေးချယ်ခဲ့ ပုံရ ၏။
“ ငါ့နာမည် ကျန်းယွမ်ပါ၊ ငါတို့ ရှေးဟောင်း သင်္ချိုင်း နယ်မြေ မရောက်ခင်၊ ဒီမှာ တိုက်ခိုက်ဖို့ မလို သေးဖူးလို့ ထင်ပါတယ်၊ ... ”
“ ... ဒီနေရာကို အရင် သိမ်းပိုက် ခဲ့တာ ကြောင့်၊ ဘာလို့ နောက်တစ်လှမ်း ဆုတ်ပြီး ကောင်းကင်ဓား ဂိုဏ်းကို မျက်နှာသာ မပေးကြ တာလဲ၊ ... ”
“ ... မင်းတို့ရဲ့ စီနီယာ နှစ်ယောက် ကလည်း ဒီမှာ ငါတို့နဲ့ ဖက်ပြိုင် အငြင်းပွား နေမှာ မဟုတ် ဖူးလို့ ငါ ယုံကြည်တယ်။ ”
ကျန်းယွမ်က ပြုံးကာ၊ ဆိုလိုက်သည်။
တိမ်မီးလျှံ တောင်တန်းမှာ၊ ကြီးမားလွန်း လှသည် ဖြစ်ရာ၊ ဤအရာကို လက်ခံ ခြင်းဖြင့်၊ မျက်နှာသာ ပေးခြင်း မည်လာ ပေမည်။
ထို့ကြောင့် ကျန်းယွမ်က ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ အကြီး အကဲ နှစ်ဦးကို စိုက်ကြည့်ကာ၊ ဆိုလိုက်ခြင်း ဖြစ်၏။
လူငယ် များမှာ မာန်မာန ကြောင့်၊ ရန်ဖြစ် နိုင်သော်လည်း အကြီး အကဲများ အတွက်မူ ထိုမျှ စိတ်မြန်မည် မဟုတ်ချေ။
ဤနေရာ၌ တိုက်ခြင်းမှာ၊ သူတို့ အတွက် မည်သည့် အကျိုး အမြတ်မှ မရှိကြောင်း၊ သိကြ ပေသည်။
“ မင်း ပြောတာ မှန်ပါတယ်၊ ယာယီ စခန်းချ ဖို့လေး အတွက် နဲ့တော့၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ ကျွမ်းကျင် သူတွေ မလို ပါဘူး၊ ဟုတ်တယ် မလား ...။ ”
လင်းဇီယွမ် ဘေးတွင် ရပ်နေသော လန်းဟွာယုက ရုတ်တရက် ပြုံးကာ ရှေ့လှမ်း တက်လာပြီး၊
“ ငါတို့ နှစ်ယောက်လုံး သိုင်းကွက် တစ်ကွက်လောက် ဖလှယ် ရအောင်၊ အောင်နိုင် သူက ဆက်နေမယ်၊ ရှုံးနိမ့် သူက ထွက်သွား ရလိမ့်မယ်၊ စိတ်၀င် စားလား။ ”
လန်းဟွာယုမှာ ပြုံးနေ သော်လည်း၊ ကျန်းယွမ်ကို ဂရု စိုက်ဟန် မပြ ခဲ့ချေ။ အထူး သဖြင့် ဒေါသ များနှင့် ပြည့်နှက် နေသော နောက်ဆုံး စကား လုံးများ ဖြစ်လေသည်။
ဆိုလို သည်မှာ ကောင်းကင် ဓားဂိုဏ်းမှ၊ အမာခံ တပည့် ဆိုသော ဝိသေသကို၊ မျက်စိထဲ မရှိဟု အဓိပ္ပါယ် ရ၏။
***