နားမလည် နိုင်သော။
Vol. 42 Ch. 588
လန်းဟွာယု၏ မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့် ချိတ်ဆွဲ ထားသော်လည်း၊ ကျန်းယွမ်ကို ဒေါသဖြင့် စိုက်ကြည့် လိုက်သည်။
ကောင်းကင်ဓား ဂိုဏ်း၏ အမာခံ တပည့် တစ်ဦးအား၊ ထိုစကား များကို မည်သူ မဆို သတ္တိ ရှိရှိ ပြောဆို ဝံ့မည် မဟုတ်ချေ။
သို့သော် တိမ်နဂါး အဆင့် (၈၇) ရှိ၊ လန်းဟွာယုက ပြောဝံ့ နေပေသည်။
ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်ပြီး၊ လင်းယွန် တစ်ယောက် အတွေးနက် သွားမိ၏။
ကျန်းယွမ် မည်ကဲ့သို့ တုံ့ပြန် မည်ကို သူ မြင်ချင် သည်။ ထို့အပြင် အုပ်စိုးရှင် ဂိုဏ်း၏ အမာခံ တပည့်နှင့်၊ တိမ်နဂါး အဆင့်ရှိ ပါရမီရှင် တို့ အနက်၊ မည်သူက ပို၍ သန်မာ မည်ကို သိလို၏။
လင်းဇီယွမ် မှာမူ၊ အနည်းငယ် အံ့အားသင့် သွားပြီး၊
“ အရှုံး သမားက ထွက်သွား ရမှာလား၊ ဟား ဟား ... အစ်ကို လန်း၊ မင်း ဒီလောက် အထိ သွားဖို့ လို လို့လား။ ”
“ ဒါက အရေး မကြီး ပါဘူး၊ ငါ အရှက်ကွဲ ခဲ့ရင် တောင်၊ ကောင်းကင်ဓား ဂိုဏ်းရဲ့ အမာခံ တပည့် တစ်ယောက် လက်မှာပဲ မဟုတ်လား။ ”
လန်းဟွာယုက လင်းဇီယွမ်အား၊ ခေါင်းညိတ် ပြကာ ပြန်ဖြေသည်။
ကျန်းယွမ်က တန်ယုကို ပြန်လှည့် ကြည့်လိုက်၏။ တန်ယုမှ ခေါင်းညိတ်ပြ သည်ကို မြင်သော အခါ မှသာ၊ ပြန်လှည့် လာပြီး၊
“ မင်းနဲ့ ငြင်းခုန် နေမဲ့ အစား၊ ဒါက အကောင်းဆုံး ပါပဲ၊ လှုပ်ရှားမှု တစ်ခု တည်းနဲ့ အနိုင် အရှုံး ဆုံးဖြတ် ရအောင်။”
-ဟု ဆိုလိုက်သည်။
ထို့ကြောင့် လန်းဟွာယုက ရှေ့လှမ်း တက် လာပြီး၊
“ မင်း ...၊ အကောင်းဆုံး လုပ်ဆောင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်၊ မဟုတ်ရင် ငါ အရမ်း စိတ်ပျက် သွားမိမှာ သေချာတယ်။ ”
ချက်ချင်းပင် လူတိုင်း ပြန်လည် ဆုတ်ခွာ ပေးလိုက်ပြီး၊ တိုက်ပွဲ မြေပြင် အဖြစ် သတ်မှတ် ပေးလိုက်၏။
သွေးတောင်ပံ ခန်းမ၏ တပည့် များက၊ သူတို့ စီနီယာ အစ်ကိုမှာ၊ အုပ်စိုးရှင် အမာခံ တပည့် တစ်ဦးကို စိန်ခေါ် ရဲလိမ့် မည်ဟု၊ မထင် ထားသော ကြောင့် စိတ်လှုပ်ရှား နေခဲ့ ကြသည်။
ဤပွဲတွင် လန်းဟွာယုသာ အနိုင် ရခဲ့သော်၊ သွေးတောင်ပံ ခန်းမ အနေဖြင့်၊ ဂုဏ် ကျက်သရေ တိုးလာမည် ဖြစ်၏။
နှစ်ဘက် စလုံး အချိန် အတော် ကြာအောင် အသက် ပြင်းပြင်း ရှူ ပြီးနောက်၊ ကျန်းယွမ် ခန္ဓာ ကိုယ်မှ ခရမ်းရောင် အရှိန် အဝါများ၊ စတင် ထွက်ပေါ် လာသည်။
၎င်းအား အလေး အနက် ထားကြည့် ပါက၊ ခရမ်းရောင် အရှိန် အဝါ အတွင်း၌ ပျံ့ဝဲ နေသော ဓားရှည် များကို မြင်ရ နိုင်၏။
ပို၍ သန်မာ သူများ အတွက်မူ၊ ဓားခုတ်သံ များကိုပင် ကြားနိုင်သည်။ ထိုသူ များ သည်သာ ဤကျင့်ကြံမှု နည်းစနစ်၊ မည်မျှ အစွမ်းထက် မည်ကို သိမြင် နိုင်၏။
ထို့ရောင် ခရမ်းရောင် အရှိန် အဝါကို မြင်ချိန်၌၊ သူတို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ကောင်းကင်ဓား ဂိုဏ်းရဲ့၊ အမာခံ တပည့် တိုင်းက အားနည်းတဲ့ သူ ရှိပုံ မရ ပါဘူး။ ”
ကြက်သွေးရောင် အရှိန် အဝါကို ထုတ်လွှတ် လျက်ဖြင့်၊ လန်းဟွာယုက ပြုံးကာ ဆိုလိုက် သည်။
လေပြေများ တိုးဖြတ် လာချိန်တွင်၊ ထုတ်လွှတ် ထားသော ကြက်သွေးရောင် အရှိန် အဝါ ထံမှ တရှဲရှဲ မြည်သံများ ပြုလာ၏။
“ သွေးဆာ နေသော ဓားစွမ်းအင်။ ”
ဤမြင်ကွင်းကို ကြည့်ပြီး မိုလင်း မျက်နှာမှာ၊ ပျက်ယွင်း သွားသည်။
‘သွေးသောက် ဓား သုတ္တန်’ မှာ၊ နေသာ စီရင်စု မြို့တော်တွင် ကျော်ကြား လှပြီး၊ ‘သွေးဆာ နေသော ဓား စွမ်းအင်’ ကို ဖန်တီး နိုင်၏။
သတ္တမ အဆင့်သို့ ရောက်သော အခါတွင်၊ ဓား စွမ်းအင်မှာ၊ ပြိုင်ဘက်၏ မူလ စွမ်းအင်ကို အလွယ် တကူ ခွဲပစ် နိုင်မည်။
ဆိုလို သည်မှာ လန်းဟွာယု အနေဖြင့်၊ ဤတိုက်ပွဲ အတွက် အသင့် ပြင်ထားပြီး ဖြစ် လေသည်။
ထို့ကြောင့် ရှေ့သို့ တိုးဝင်ကာ၊ လန်းဟွာယုက လက်ဖဝါးဖြင့် ရုတ်တရက် ရိုက်ချ လိုက်၏။
လက်ဖဝါး အတွင်းမှ စွမ်းအင်ကို၊ အာရုံခံ မိသော လူအုပ် ကြီးမှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
ကြက်သွေးရောင် အရှိန် အဝါ များက၊ ကြီးမား လှသော လက်သည်းကြီး အသွင်၊ လန်းဟွာယု လက်ကို ဖုံးအုပ် သွား၏။
ကျန်းယွမ် အတွက်မူ၊ ထိုကြက်သွေးရောင် လက်ဖဝါး ကြီးကို၊ ရန်ဆိုင်ရန် သူ့ လက်ဖဝါး အား ရှေ့သို့ တွန်းထုတ် လိုက်၏။
ယင်းမှာ အမြင်တွင် ရိုးရှင်း လှသော်လည်း၊ မည်မျှ ထိတ်လန့် စရာ ကောင်းမည်ကို တွေးကြည့် နိုင်သည်။
ညင်သာစွာ ရွေ့လျား နေခြင်း ဖြစ်သော်လည်း၊ လက်ဖဝါး တစ်ဝိုက်ရှိ လေဟာ နယ်မှာ၊ ပြင်းထန်စွာ တုန်ခါ သွား၏။
လက်ဝါး နှစ်ဖက် ထိပ်တိုက် တွေ့ချိန်၌၊ မြောက်များ စွာသော ခရမ်းရောင် ဓားအလင်း များက၊ ကျန်းယွမ် နောက်တွင် စက်ဝိုင်း သဏ္ဍာန် ထွက်ပေါ် လာသည်။
တစ်ဆက်တည်း မှာပင်၊ လှည့်ပတ် သွားကြပြီး၊ ခရမ်းရောင် ဓားကြီး သုံးစင်း အဖြစ် ပေါင်းစပ် သွားတော့၏။
ပေါက်ကွဲမှု တစ်ခုနှင့် အတူ မြေပြင် ပေါ်တွင် အက်ကွဲ ကြောင်းများ စတင် ပျံ့နှံ့ လာသည်။ ပတ်ဝန်း ကျင်ရှိ သစ်ပင်များ ကိုပင် အပိုင်းပိုင်း ပြတ်တောက် ပစ်လိုက်၏။
ပျံလွင့် လာသော စွမ်းအင်လှိုင်း များကို ဖြိုခွဲ ရန်၊ လူတိုင်းက သူတို့၏ လက်ဖဝါး များအား၊ အလျင် အမြန် တွန်းထုတ် ခဲ့ရသည်။
အများ စုမှာ ဤနည်းဖြင့်၊ ဖြေရှင်း နိုင်ခဲ့ သော်လည်း၊ အနည်းငယ် နောက်ကျ သွားသူ များမှာ လွင့်စင် ကုန်ကြသည်။
လင်းယွန် အတွက်မူ၊ တစ်ချက်ပင် မလှုပ်ရှား ခဲ့ချေ။ စွမ်းအင် လှိုင်းများ သူ့ထံ ရောက်လာ ချိန်၌၊ ဓား ရောင်ဝါ တစ်ခု ထွက်ပေါ် လာပြီး၊ ပြန့်ကျဲ သွားစေ လိုက်၏။
သို့သော် ၎င်းသူတို့ နှစ်ဦး မည်မျှ သန်မာကြောင်း၊ မြင်လိုက် ရသဖြင့် အံ့သြသွား မိသည်။
တိမ်နဂါး နောက်ဆုံး အဆင့်၌ ဖြစ်စေ ကာမူ၊ အားနည်းခြင်း မရှိ သည်ကို သတိ ပြုမိ လိုက်သည်။
လှုပ်ရှားမှု တစ်ခု တည်းသာ ယှဉ်ပြိုင် ကြခြင်း ဖြစ်သောကြောင့်၊ အနိုင်နှင့် အရှုံးကို သတ်မှတ်ရန်၊ သဘာဝ အားဖြင့် မဖြစ် နိုင်ပေ။
သို့သော် ပြန်လည် ဆုတ်ခွာ ခဲ့ ရသော၊ ခြေလှမ်း တိုင်းကို ရေတွက် ခြင်းဖြင့်၊ ဆုံးဖြတ် နိုင်ပေမည်။
ကျန်းယွမ်မှာ စုစုပေါင်း ခြေလှမ်း ဆယ့်နှစ်လှမ်း ဆုတ်ခွာ ခဲ့ပြီး၊ လန်းဟွာယုက စုစုပေါင်း ဆယ့်သုံးလှမ်း လှမ်းခဲ့ ရသည်။
ခြေတစ်လှမ်း အသာဖြင့် ကျန်းယွမ် အနိုင် ရသွား၏။ ဤရလဒ်ကြောင့် သွေးတောင်ပံ ခန်းမ၏၊ တပည့်များ မျက်နှာမှာ၊ ပျက်ယွင်း သွားသည်။
လန်းဟွာယုပင် အနည်းငယ် ငြိမ်သက် သွား ပြီးနောက်၊ သဘောကျစွာ ပြုံးရယ် လိုက်၏။
“ ကောင်းကင်ဓား ဂိုဏ်းရဲ့၊ မဟာ စီးဆင်းခြင်း ဓားသုတ္တန်က အထင်ကြီး စရာ ပါပဲ၊ ဒါပေမယ့် တကယ် တမ်းသာ တိုက်ကြမယ် ဆိုရင်၊ ငါတို့ ထဲက ဘယ်သူက နိုင်မလဲလို့ တွေးမိတယ်၊ ... သွား ကြ ရ အောင်။ ”
သို့သော် လှည့်ထွက် ခါနီး အချိန်တွင်၊ လင်းယွန်ကို လေးနက်သော အပြုံးဖြင့် တစ်ချက် ကြည့် လိုက်၏။
၎င်းအပြင် လန်းဟွာယု နောက်တွင်၊ ရပ်နေသော ကောင်းကင် ဝိညာဉ် နယ်မြေ အကြီး အကဲ ကလည်း၊ လင်းယွန်အား လှမ်းကြည့် လာ၏။
ဤလူ များမှာ တိမ်မိစ္ဆာ၏ တပည့်ကို၊ လင်းယွန် သတ်ခဲ့ ကြောင်းကို မေ့ပုံ မရခေျ။
တိမ်မိစ္ဆာ ထုတ်ပြန် ထားသော ဆုကြေး ကြောင့်၊ သူ့ ခေါင်းကို လိုချင် နေကြ ပေသည်။
တစ်ဖက်တွင် ကျန်းယွမ်၏ အောင်ပွဲကြောင့်၊ မူချန်နှင့် အဖွဲ့မှာ ပျော်ရွှင် လာကြသည်။
အလယ် အလတ် ယန်အဆင့် တွင်သာ ရှိသော ကျန်းယွမ် အနေဖြင့်၊ အထွတ် အထိပ် ယန် အဆင့်ရှိ၊ လန်းဟွာယုကို အနိုင်ယူ နိုင်ခဲ့ သည်။
ယင်းမှာ မဟာ စီးဆင်းခြင်း ဓားသုတ္တန် ကြောင့်၊ ဖြစ်ကြောင်း သိသာ၏။ ထို့ကြောင့် ကောင်းကင် ဓားဂိုဏ်း အနေဖြင့်၊ အမာခံ တပည့် များ ကိုသာ၊ သင်ယူခွင့် ပြုလေသည်။
မဟာ စီးဆင်းခြင်း ဓားသုတ္တန် ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရှိ၊ ဓားသမား များစွာ၏ အိပ်မက် ဖြစ်သည်။
အခြားသော ကျင့်ကြံမှု နည်းစနစ် များနှင့် နှိုင်းယှဉ် ပါက၊ ဓားသုတ္တန် သည်သာ ဓားသမား များ အတွက်၊ အသင့် လျော်ဆုံး ဖြစ်ချေပြီ။
ထို့ပြင် ဓားသုတ္တန်၏ စွမ်းအား အစစ် အမှန်ကို၊ ပါရမီ ရှင်များ လက်၌သာ ဖော်ထုတ် နိုင်ပေသည်။
အခြားသော တစ်စုံ တစ်ဦးသာ ဆိုပါလျှင်၊ ကျန်းယွမ် ကဲ့သို့ လက်စွမ်း ပြနိုင်မည် မဟုတ် ချေ။
အိုင်းရစ် ဓားသုတ္တန်ကို ပိုင်ဆိုင် ထားသော လင်းယွန်မှာ၊ ကျန်းယွမ်ကို အနည်းငယ် မနာလို ဖြစ်သွား မိသည်။
“ သွေးတောင်ပံ ခန်းမနဲ့၊ သဏ္ဍာန် သုံးပါး စံအိမ်က လက်တွဲ ထားတဲ့ အတွက်၊ ငါတို့ အဆင် ပြေမယ် မထင်ဘူး။ ”
လျူယွမ်ယန်က အမှောင်ထဲ မျှော်ကြည့်ကာ၊ ညည်းတွား လိုက်သည်။
ရှေးဟောင်း သင်္ချိုင်း နယ်မြေ ခရီး စဉ်တွင်၊ အုပ်စိုးသူ တပ်ဖွဲ့ဝင် များစွာ ရှိမည် ဖြစ်ပြီး၊ တိမ်နဂါး အဆင့် ကျွမ်းကျင် သူများလည်း ပါရှိ လာမည် ဖြစ်သည်။
“ ဒီလိုမှ လက် မတွဲရင် ...၊ သူတို့ ဘာမှ ရမှာ မဟုတ် ပါဘူး။ ”
လျူယွမ်ယန် စကားကို ကျန်းယွမ်က ပြုံးလျက် တုန့်ပြန် လိုက်သည်။
“ ထိပ်ဆုံး ဆယ်ယောက် လာမယ် ထင်လား။ ”
လင်းယွန်က ရုတ်တရက် ဝင်မေး လိုက်သည်ကြောင့်၊ ကျန်းယွမ်မှ ခေါင်းယမ်းပြ လိုက်သည်။
“ သူတို့ မလာဘူး၊ အောက်ခြေ အဆင့်က သူတွေသာ သင်္ချိုင်းကို စိတ်ဝင်စား ကြတယ်၊ တကယ်လို့ လာခဲ့ ရင်တောင် များမယ် မထင်ဘူး။ ”
ကျန်းယွမ်က ယုံကြည်မှု ရှိရှိ ပြုံးကာ၊ ပြန်ဖြေ သည်။
တိမ်နဂါး အဆင့်ကို အတွင်း အဆင့် (၅၀)နှင့်၊ ပြင်ပ အဆင် (၅၀) အဖြစ် ခွဲခြား ထား၏။
ကျန်းယွမ် အဆို အရ၊ အတွင်း အဆင့် (၅၀) မှာ၊ အနိမ့်ဆုံး ယင်-ယန် အဆင့်၌ ရှိပြီး၊ ထိပ်ဆုံး ဆယ်ယောက် အနေဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကိုပင်၊ ထိတွေ့ နေပြီဟု ဆိုသည်။
ထို့ကြောင့် ၎င်းတို့ အတွက်၊ အင်ပါရီယန် သင်္ချိုင်း နယ်မြေမှ ရရှိ နိုင်မည့် အကျိုး အမြတ်မှာ၊ ကာမိမည် မဟုတ်ပေ။
အတိ အကျ ဆိုရ ပါလျှင်၊ အတွင်း အဆင့်တွင် ပါဝင် သူများမှာ၊ အခွင့် ထူးခံ လူတန်း စားများ ဖြစ်ပြီး၊ ရရှိသော အရင်း အမြစ်များ အရ၊ အင်ပါရီယန် သင်္ချိုင်း ဂူထက်၊ ယုတ်လျော့မည် မဟုတ်ချေ။
ထိပ်ဆုံး ဆယ်ယောက်မှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့် ထိတွေ့ နေပြီဟု ဆိုသော ကြောင့်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားသည်။
ထို့အပြင် ၎င်းတို့ အနက်မှ မည်သူမျှ၊ အသက် နှစ်ဆယ့် ငါးနှစ်ထက် မကျော်လွန် ကြဘဲ၊ သူနှင့် သက်တူ ရွယ်တူ များသာ ဖြစ်၏။
“ ဒါကြောင့် အင်ပါရီယန်ရဲ့ သင်္ချိုင်းက၊ ပြင်ပ အဆင့် ပါရမီ ရှင်တွေ အတွက်သာ ဆွဲဆောင်မှု ရှိတယ်၊ ဒါက နောက်တစ်ဆင့်၊ တက်လှမ်း နိုင်မဲ့ အခွင့် အရေးပဲ။ ”
ကျန်းယွမ်က ခေတ္တ ရပ်ပြီး လင်းယွန်ကို လေးလေး နက်နက် ပြန်ကြည့်ကာ၊
“ မင်း အတွက် ... ၊ ပြင်ပ အဆင့်ကို ရောက်ဖို့၊ သွားရမယ့် အကွာ အဝေး တစ်ခု ရှိနေ သေးတယ်၊ ဒါပေမယ့် ဒါက မခက် ပါဘူး၊ ... ”
“ ... အထွတ် အထိပ် ယန် အဆင့်က လန်းဟွာယုတောင် ငါ့ထက် အားနည်းတယ်၊ ဒါက အုပ်စိုးရှင် အင်အားရဲ့ အခြေခံ အုတ်မြစ် ပါပဲ။ ”
သူ့ စကား နောက်ကွယ်ရှိ အရိပ် အမြွက်မှာ၊ ကောင်းကင်ဓား ဂိုဏ်းသို့ ဝင်ရောက် ခဲ့မည် ဆိုပါလျှင်၊ တိမ်နဂါး အဆင့် ထိုပါရမီ ရှင်များနှင့် ရင်ဆိုင် နိုင်မည်ဟု၊ ဆိုနေခြင်း ဖြစ်သည်။
သို့သော် လင်းယွင်က အပြုံး ဖြင့်သာ တန့်ပြန် လိုက်၏။
“ စီနီယာ အစ်ကို ပြောချင် တာက၊ နင်သာ ကောင်းကင်ဓား ဂိုဏ်းမှာ ပါဝင်မယ် ဆိုရင်၊ မဟာ စီးဆင်းခြင်း ဓားသုတ္တန်ကို ကျင့်ကြံခွင့် ရနိုင်တယ်၊ သူက မင်းကို အရမ်း သဘောကျ နေတယ်။ ”
မုရွယ်က ရှေ့လှမ်းတက် လာပြီး၊ ကျန်းယွမ် အစား ဝင်ရောက် ရှင်းပြ ပေးလေသည်။
“ လင်းယွန်၊ ဒါက မင်းအတွက် အခွင့် အရေး ပဲ၊ စီနီယာ အစ်ကို ကျန်းက ဆိုလာ မှတော့၊ သူရဲ့ အကြီး အကဲက၊ ခွင့်ပြုမှာ သေချာတယ်၊ အဲဒါကို နည်းနည်းလောက် စဉ်းစား ပေးလို့ ရမလား။ ”
ငြိမ်သက် နေသော လင်းယွန်ကြောင့်၊ မုရွယ် တစ်ယောက် မဝံ့ မရဲ ကြိုးစားလာ ပြန်သည်။ လင်းယွန်က အဖြေပြန် မပေး ခဲ့ဘဲ၊
“ တိမ်နဂါး အဆင့်က ပါရမီရှင် တွေနဲ့၊ ငါနဲ့ ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိတယ်လို့၊ မင်း ... ထင်လား။ ”
“ ဒါပေါ့ ရှင်းနေ တာပဲ၊ မင်းတို့ ကြားမှာ ကွာဟချက် ရှိပါ သေးတယ်၊ လန်းဟွာယုက အဆင့် (၈၇) မှာ ရှိပြီး၊ အထွတ် အထိပ် ယန် အဆင့် ရောက်နေပြီ၊ ... ”
“ ... စောစောက စီနီယာ အစ်ကို ကျန်းတောင်၊ အရမ်း စိတ်ပူခဲ့ ရတယ်၊ ဒါပေမယ့် ငါတို့ရဲ့ မဟာ စီးဆင်းခြင်း ဓားသုတ္တန်က ကယ်တင် ပေးခဲ့တယ်၊ ... ”
“ ... မင်းရဲ့ အရည် အချင်းနဲ့၊ ကောင်းကင်ဓား ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ကို ထိတွေ့ခွင့် ရရင် ခြောက်လ အတွင်း၊ စီနီယာ အစ်ကို ကျန်းကို သေချာပေါက် လိုက်မှီ လာ လိမ့်မယ်။ ”
မုရွယ်က လင်းယွန် အပေါ် မြင့်မားစွာ၊ အကဲဖြတ် ပေးခဲ့ သော်လည်း၊ လင်းယွန်က ပြုံးရုံသာ ပြုံးလိုက်သည်။
“ အခု ... ငါ့ကို ခွင့်ပြု ပါဦး။ ”
စကားဆုံး သည်နှင့် လင်းယွန် တစ်ယောက်၊ အမှောင် ထဲသို့ တရွေ့ရွေ့ တိုးဝင်ကာ သူ့ တဲဆီ ပြန်သွား ခဲ့သည်။
လင်းယွန် ထွက်ခွာ သွားပြီးနောက်၊ ကျန်းယွန်နှင့် မူချန်က မုရွယ်ထံ လျှောက်လှမ်း လာသည်။
“ အကိုကြီး ... မင်း သူ့ကို စွန့်လွှတ် သင့်တယ်၊ မင်းရဲ့ ကမ်းလှမ်း မှုကို သူ တန်ဖိုး ထားပုံ မပေါ် ဘူး။ ”
မူချန်မှာ မဟာ စီးဆင်းခြင်း ဓားသုတ္တန်ကို ကျင့်ကြံရန် အရည် အချင်း မရှိ သော်လည်း၊ လင်းယွန်မှာ အခွင့် အရေး ရှိနေ၏။
ထို့ကြောင့် တစ်ဖက် လူ၏ ငြင်းပယ် မှုမှာ၊ သူ့မာန အတွက် ကြီးစွာသော ထိုးနှက်ချက် ဖြစ်သည်။
ကျန်းယွမ်က ခေါင်းခါ လိုက်၏။ နောက်ဆုံးတွင် သူ့ အနေဖြင့် လင်းယွန် အပေါ် ထွင်းဖောက် မမြင် နိုင်ပေ။
မဟာ စီးဆင်းခြင်း ဓားသုတ္တန်၏ စွမ်းအား ကို၊ တွေ့မြင် ပြီးနောက် တွင်ပင်၊ တစ်ဖက် လူမှာ တုန်လှုပ်ခြင်း မရှိကြောင်း၊ သတိ ထားမိ သည်။
***