← Chapters

ပုံပန်းသွင်ပြင်ကို အပြစ်ရှာခြင်း

Vol. 55 Ch. 811

ပုံပန်းသွင်ပြင်ကို အပြစ်ရှာခြင်း

Vol. 55 Ch. 811

လက်ဖက်ရည်အိမ်တော်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ သူ့ကားထဲသို့ ဝင်လိုက်သည်။

ထို့နောက် ဖုန်းကို ထုတ်ကြည့်လိုက်၏။ ထိုအခါ ကျီချင်းရန်ထံမှ မက်ဆေ့ချ်ရောက်နေကြောင်း မြင်တွေ့လိုက်ရလေသည်။ သူအလုပ်ပြီးသည်နှင့် ချက်ချင်း ဖုန်းဆက်ဖို့ ပြောထားခြင်းပင်။ ထို့ပြင် ကျန်းရှောင်ယွီထံမှလည်း ဖုန်းဝင်ထားသေး၏။

သို့နှင့် သူ ချင်းရန်ထံ ဖုန်းဆက်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးရှင်းပြလိုက်ပြီး သူ အန္တရာယ်ကင်းနေကြောင်းနှင့် ဘာမျှ စိတ်မပူရန် ပြောကြားလိုက်၏။

သို့သော်လည်း သူမ စိုးရိမ်မည်ကို စိုးရွံ့သောကြောင့် လင်းရီ မစ်ဆူအုပ်စုကလည်း ဝင်ရောက် စွက်ဖက်လာခြင်းကိုတော့ ပြောမပြလိုက်ချေ။

ပြီးနာက် သူ ကျန်းရှောင်ယွီထံသို့ ဖုန်းခေါ်လိုက်၏။

“ အစ်ကိုရီ… လိုက်စထွင်းက မနက်ဖြန်ညနော်… ပလတ်ဖောင်းက အစ်ကိုရီ စထွင်းလုပ်မယ့် နေရာကို စီစဉ်ပေးပြီးသွားပြီလား…ပေးထားရင် အဲ့နေရာကို အရင်သွားပြီး တစ်ချက် ကြည့်သင့်တယ်…”

“ လီလင်းက ငါ့စိတ်ကြိုက် လုပ်ဖို့ ပြောထားပြီးထား… အချိန်ကျလာရင် သူတို့ဘက်က လူတစ်ချို့ လွှတ်ပြီးတော့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပေးသွားမှာ…”

“ ဒီတော့ ကျွန်မတို့က စထွင်းလုပ်မယ့် နေရာကို ကိုယ့်ဘာကိုယ် ရှာရမယ်ပေါ့….”

“ အင်း… မင်း အဆင်ပြေမယ်လို့ တွေးထားတဲ့နေရာ ရှိလား…” လင်းရီ မေးလိုက်ပြီး “ဒါမှမဟုတ် လှေပေါ်မှာ စထွင်းရင်ကော …”

“ ခစ်ခစ်ခစ်…. အစ်ကိုရီ… အစ်ကိုလျန်က ရှင့်လက်ထဲမှာ လှည့်ကွက်တွေ အများကြီး ရှိတယ်လို့ ပြောတာ မဆန်းတော့ပါဘူး… ရှင်က တကယ်ကြီး ပင်လယ်ထဲမှာ လိုက်စထွင်းလွင့်ချင်နေတယ်ပေါ့…”

“ အိုင်ဒီယာ အသစ်လေ….”

“ အသစ်တော့ အသစ်ပဲ… ဒါပေမယ့် အဆင်မပြေပါဘူး.. မပြောကောင်းမဆိုကောင်း ပင်လယ်ပြင်မှာ မတော်တဆမှုတွေ ဖြစ်လာခဲ့ရင် ကိုင်တွယ်ဖို့ ခက်ခဲမှာ… ဒါကြောင့်မို့ ပိုပြီး တည်ငြိမ်တဲ့ နေရာလေးတွေ ရှာသင့်တယ်… ဟိုတယ်.. ဒါမှမဟုတ် တစ်ခုခုပေါ့… အဲ့လို နေရာမျိုးတွေက ကြီးမားပြီးတော့ အထက်တန်းလည်း ဆန်တယ်..”

“ ပန်နီဆူလာ ဟိုတယ်ဆိုရင်ကော….”

“ ပန်နီဆူလာ ဟိုတယ်… အဲ့မှာ စထွင်းနိုင်မယ်ဆိုရင်‌တော့ ကောင်းတာပေါ့….…” ကျန်းရှောင်ယွီမှ ၀မ်းသာအားရ ပြောလိုက်ပြီး “ ဒါပေမယ့် ပန်နီဆူလာဟိုတယ်က အမြဲတမ်း နေရာလပ်တာမဟုတ်ဘူး… ရှင် အသုံးပြုချင်တယ်ဆိုရင်တော့ ကြိုတင် ဘွတ်ကင်လုပ်ထားမှပဲ ရမှာ…”

“ အဲ့ဟိုတယ်ကလည်း ငါ့အပိုင်ပဲ… ဘာ ဘွတ်ကင်မှလုပ်စရာ မလိုဘူး…”

“ အာ…. အစ်ကိုရီ… ရှင့်ကို အရမ်းအံ့ဩဖို့ ကောင်းတယ်ဆိုတာကလွဲပြီး တခြား စကားလုံးတွေ ကျွန်မ မစဉ်းစားတတ်တော့ဘူး သိလား…” ကျန်းရှောင်ယွီ အလွန်အမင်း ချဲ့ကားသည့် လေသံဖြင့် ပြောလိုက်ပြီး “ ကျွန်မတို့ ပွဲကျင်းပမယ့် နေရာကိုကော ကိုယ့်ဘာသာ ပြင်ဆင်လို့ ရလားတဲ့….”

“ ကြည့်ရတာတော့ စပွန်ဆာ တစ်ချို့ရှိတယ်နဲ့ တူတယ်… လီလင်းက ငါ့ကို နေရာပဲ ရွေးခိုင်းပြီးတော့ ကျန်တာ သူမလက်ထဲ အပ်ခဲ့လိုက်တဲ့…”

“ အိုကေ အိုကေ… ဒီလောက်ဆို သဘောပေါက်ပြီ…”

ရိုးရှင်းစွာ စကားပြောပြီးနောက် လင်းရီ ဖုန်းချ၍ လီလင်းထံ ဆက်သွယ်ကာ ယခု ကိစ္စကို ရှင်းပြလိုက်လေသည်။

ကျန်သည့် အသေးအမွှား ကိစ္စလေးများကိုတော့ သူမ ထံသို့ လက်လွှဲပေးရင်း သူကတော့ ပျော်ပျော်ကြီး အားလပ်နိုင်ပေမည်။

ကိစ္စများကို တစ်ခုပြီး တစ်ခု စီစဉ်ပြီးနောက် လင်းရီ ချောင်ရန် အုပ်စုသို့ မောင်းနှင်လာခဲ့လိုက်၏။

ထိုနေရာ၌ ချစ်ပ် ၃.၀ အတွက် အလုပ် ခဏများရင်း ကျီချင်းရန်နှင့်အတူ အိမ်သို့ ပြန်လာခဲ့လိုက်သည်။

အိမ်သို့ ပြန်ရောက်လာပြီးနောက် နှစ်ယောက်မှာ သာမန်စုံတွဲများ၏‌ နေထိုင်မှု ပုံစံအတိုင်း အချိန် ကုန်ဆုံးကြ၏။ မည်သည့် တင်းမာ ခက်ထန်မှုတို့ကမျှ နှစ်ယောက်ကြား ရှိမနေချေ။

မနက်ဖြန် လိုက်စထွင်းအတွက်လည်း လင်းရီ အထူးတလှယ် တွေးတော၍ စိတ်လှုပ်ရှားမနေချေ။ သူ၏ နေ့ရက်များက သာမန်အတိုင်း လည်ပတ် ကုန်ဆုံးနေပြီး လင်းရီကလည်း အေးအေးဆေးဆေးပင်။

သို့သော်လည်း အမှောင်ထဲတွင်တော့ လူပေါင်းများစွာမှာ လိုက်စထွင်းအတွက် ပြင်ဆင်ရင်း အလုပ်များနေခဲ့လေသည်။

..............

ကျိုးဟိုင်ရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီးများထဲမှ တစ်ခုဖြစ်သည့် လေးရာသီ ဟိုတယ်။

၎င်းနေရာမှာ အတော်လေး အထက်တန်း ဆန်လှသော်လည်း ပန်နီဆူလာဟိုတယ်နှင့်တော့ သိသိသာသာ ဝေးကွာနေသေး၏။

ဟိုတယ် ရှစ်လွှာမြောက်ရှိ ဇိမ်ခံအခန်းတစ်ခုတွင် လူငါးဦး ခြောက်ဦးခန့်မှာ စုဝေးထိုင်နေကြလေသည်။

ထိုလူထဲမှ အများစုကိုတော့ လင်းရီ ရင်းနှီးထားပြီးဖြစ်၏။

သူတို့ထဲက တစ်ယောက်မှာ လင်းရီနှင့် ယခင်က ပဋိပက္ခတစ်ချို့ ရှိခဲ့ဖူးသည့် လီဝေ့ချန်းဖြစ်သည်။

အခြား တစ်ယောက်ကတော့ Dou yu မှ ထွက်ခွာသွားခဲ့သည့် ကော်ရှစ်ပေါ်ပင်။ ထိုသူက အလုပ်ဖြုတ်ခံရပြီးနောက် ခွိုက်ရှုံသို့ ရောက်ရှိလာခဲ့၏။

၎င်းတို့နှစ်ယောက်အပြင် ဘေးရှိ ဆိုဖာပေါ်၌ ဂါဝန်အရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကလည်း ထိုင်နေလေသည်။

သူမ၏ ဆံနွယ်တို့က ရှည်လျားပြီး လှိုင်းကဲ့သို အတွန့်အတွန့်လေးများ ဖြစ်ပေါ်နေကာ အဆိုပါ ဆံနွယ်တို့ကို နောက်သို့ စုစည်း၍ မြင်းမှီးသဏ္ဌာန် ချည်နှောင်ထား၏။ သူမ၏ မျက်နှာအမူအရာမှာတော့ ပကတိ အေးစက်တည်ငြိမ်နေပြီး မည်သူကမျှ သူမ မည်သည်ကို အတွေးနက်နေကြောင်း မှန်းဆ၍ မရနိုင်ချေ။

ထိုအမျိုးသမီး၏ နာမည်ကတော့ ကျိုးပင်းရန်ပင်။ သူမက ခွိုက်ရှုံပေါ်၌ ရန်ရန်ဟူသည့် အမည်နှင့် ထိပ်တန်း အမျိုးသမီး စထွင်မာ တစ်ဦးဖြစ်ပြီး ကုန်ပစ္စည်းများကို အလွန်လျင်မြန်စွာဖြင့် ရောင်းချသည့် နေရာ၌ ထူးချွန်ပြောင်မြောက်၏။ သူမ ထုတ်လွင့်သည့် မည်သည့် လိုက်စထွင်းကမဆို ရောင်းအား ၅၀ မီလီယမ်ယွမ် ရှိသောကြောင့် ပလတ်ဖောင်းမှ ယခုလိုက်စထွင်းပွဲ၌ အရောင်းစထွင်မာ လုပ်ရန် စီစဉ်ခဲ့ခြင်းပင်။

“အဘိုးကြီးကော်… အဲ့ဒီ မျက်နှာဖုံးနဲ့ကောင်ရဲ့ အရောင်းစွမ်းရည်က ဘယ်လိုရှိလဲ…” လီဝေ့ချန် မေးမြန်းလိုက်၏။

“ ကျုပ်လည်း မသိဘူး… သူ စထွင်မာ စလုပ်တာ တစ်လ လောက်ပဲ ရှိသေးတယ်… ပြီးတော့ သူ့စထွင်အကုန်လုံးကလည်း ဩချရလောက်တာချည်းပဲ….… ဒါကြောင့်မို့ အဲ့ကောင် ဒီခု လိုက်စထွင်းမှာ ထင်မှတ်မထားတာတွေ လုပ်ပြသွားမှာကို စိုးရိမ်နေတာ….”

“ ရှင်တို့က မလိုအပ်ပဲ စိုးရိမ်နေကြတာပဲ… ကျွန်မတို့ဘက်က ဒီလောက်ထိ ဈေးပေါတဲ့ ပစ္စည်းတွေ ပြင်ထားတာကို ... ပြောရရင် အင်တာနက်ပေါ်မှာ ကျွန်မတို့ ရောင်းတဲ့ ပစ္စည်းက ဈေးအပေါဆုံးပဲ… လက်ကားရောင်းတဲ့‌နေရာမှာ ဘယ်သူကမှ ကျွန်မထက် ဈေးလျှော့ပေးနိုင်မှာ မဟုတ်ဘူး…”

“ ငါမင်းရဲ့ စွမ်းရည်ကို ယုံကြည်ပြီးသား… ဒါပေမယ့် အဲ့ကောင်ကလည်း အထင်သေးလို့ ရတဲ့ လူစားမျိုးထဲမှာ မပါဘူး…” လီဝေ့ချန် ပြောလိုက်ပြီး “ သူ့အရင် လိုက်စထွင်းမှာတုန်းက ကြည့်ရှုသူ တစ်ဆယ် မီလီယမ်ကျော်သွားတာကိုပဲကြည့်… အဲ့တာက တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ ပမာဏပဲ… မင်းက လွှမ်းမိုးမှု ရှိပြီးသားဆိုရင်တောင် သူကလည်း အားနည်းမနေပြန်ဘူး… မဟုတ်ရင် အဲ့ကိစ္စဆွေးနွေးဖို့နဲ့ လူတိုင်းလည်း ဒီလိုမျိုး စုစည်းနေရမှာ မဟုတ်ဘူး…”

“ ဥက္ကဌလီ ပြောတာမှန်တယ်…” ကော်ရှစ်ပေါ် သဘောတူလိုက်ပြီး “ သူက နင့်ပြိုင်ဘက် ဟုတ်ချင်မှ ဟုတ်မယ်… ဒါပေမယ့် ပိုပြီး စိတ်ချလို့ရအောင် ကျုပ်တို့ဘက်က အာမခံကတ် တစ်ခုတော့ ကိုင်ထားမှ ဖြစ်မှာ… တကယ်လို့ တစ်ခုခု လွဲချော်သွားခဲ့ရင် ကျုပ်တို့ကောင်တွေပဲ ခေါင်းခံရလိမ့်မယ်…”

ကျိုးပင်းရန် သူမခေါင်းကို လက်တစ်ဖက် ထောက်လျက်သားဖြင့် နားထောင်နေရင်း ထို အဘိုးကြီး နှစ်ယောက် ပြောသမျှကို ဂရုစိုက်မနေချေ။

တစ်ဖက်သူမှာ နာမည်ကြီး စထွင်မာ တစ်ဦးဖြစ်သော်ငြား Dou yu နှင့် ခွိုက်ရှုံမှာ လုံးဝ မတူညီသည့် ပလတ်ဖောင်းနှစ်ခု ဖြစ်၏။ ကုန်ပစ္စည်းများ ရောင်းချရမည် ဆိုလျှင်တော့ မည်သူကမျှ သူမထက် မသာလွန်နိုင်ကြောင်း အပြည့်အဝယုံကြည်မှု ရှိလေသည်။

ထို့ကြောင့် သူမ စကားဝိုင်းတွင် ဆက်လက်ပါဝင်လိုစိတ် မရှိတော့ချေ။

“ သူ လိုက်စထွင်း ဘယ်မှာလွင့်မယ်ဆိုတာ ကောကြားပြီးပြီလား..” လီဝေ့ချန်း မေးလိုက်၏။

“ ကျုပ် ခုလေးတင် လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးဆီ ဖုန်းဆက်မေးကြည့်တာတော့ ပန်နီဆူလာ ဟိုတယ်မှာ ကျင်းပမယ်ဆိုပဲ… Dou yu က ဒီကောင့်ကို တော်တော်လေး အလိုလိုက်ထားတာ… ရောင်းမယ့် ပစ္စည်းတွေကိုလည်း သူ့ဘာသူ ရွေးချယ်ခိုင်းထားတယ်..”

လီဝေ့ချန်း ခြေတင်ချိတ်၍ စီးကရက် မီးညှိလိုက်ရင်း “ Dou yu က ဒီလို အခြေအနေမျိုးတောင် သဘောတူထားတယ်ဆိုတော့ အဲ့ကောင်ကို တကယ်ကြီး ထောက်ပံ့ချင်နေတဲ့ပုံပဲ…”

“ အမှန်ပဲ… အရင်းအမြစ်တွေ အလုံးလိုက် အရင်းလိုက်ကြီး သူ့ဘက် ရောက်သွားတယ်ဆိုရင်တောင် သူကိုယ်တိုင်ကလည်း ခုတလော ရေပန်းစားနေတော့ နှစ်ဘက်လုံး အရှုံးမရှိတဲ့ အခြေအနေပဲလေ…” ကော်ရှစ်ပေါ် မကျေမနပ် ဖြစ်စွာ ပြောလိုက်၏။

“ ကြည့်ရသလောက်တော့ ဒီကောင်ကို အကုန်လုံး တော်နေတာချည်းပဲ… သူ့ကို တစ်ခုခု လုပ်ဖို့ဆို တော်တော်လေး ခက်ခဲလောက်တယ်..”

“ မဟုတ်သေးဘူး… အဲ့လိုပြောကြေးဆို သူ့မှာ အကြီးမားဆုံး ချို့ယွင်းချက်တစ်ခုက ရှိထားပြီးသား.. တကယ်လို့ ကောင်းကောင်းလေး အသုံးချလိုက်မယ်ဆိုရင် သူ့ကို ဟိုး အောက်ထိ ဆွဲချသွားလို့ရတယ်…”

၎င်းကိုကြားတော့ လီဝေ့ချန်း စိတ်ဝင်စားသည့် အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

“ ဘာအကြံ ရှိလို့လဲ…”

“ သူ လိုက်စထွင်းလုပ်ရင် ဘာကြောင့် မျက်နှာဖုံးကြီး ဝတ်ထားလဲဆိုတာ သိချင်စိတ် မဖြစ်မိဘူးလား…” ကော်ရှစ်ပေါ် အပြုံးလေးဖြင့် မေးမြန်းလိုက်ပြီး “ ပြီးတော့ လိုက်စထွင်း လွင့်တဲ့ အချိန်တင်ပဲ မဟုတ်သေးဘူး… ကျုပ်နဲ့ လူချင်းတွေ့တော့တောင် သူ့ဘက်က မျက်နှာဖုံကြီး နဲ့ ရောက်လာခဲ့တာ… ဒီတော့ အဲ့ကိစ္စကို ဆွေးနွေးဖို့ လိုအပ်လာပြီ မဟုတ်လား..”

လီဝေ့ချန်း မျက်လုံး အရောင် လက်သွားခဲ့၏။

“ ငါတို့ ရာဝမ်းကျွမ်းမှာတုန်းက တွေ့တုန်းကလည်း အဲ့ဒီအတိုင်းပဲ… သူ့ဘက်က မျက်နှာကို လုံးဝ မပြဘူး..”

“ ဒါကြောင့်မို့ ကျုပ်ကတော့ မျက်နှာဖုံး အစ်ကိုကြီးက တော်တော်လေး ရုပ်ဆိုးတဲ့သူ ဖြစ်ရမယ်လို့ ထင်တယ်…. မဟုတ်ရင် အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး..” ကော်ရှစ်ပေါ် ပြောလိုက်ပြီး “ ဒါကြောင့်မို့ ကျုပ်တို့ဘက်က ဒီကိစ္စကို မီးရှို့ပေးလိုက်ရုံပဲ.. ဘာပဲဆိုဆို လိုက်စထွင်း ကြည့်တဲ့သူတွေက အမျိုးသမီးတွေ ခပ်များများပဲလေ… နောက်ပြီးတော့ အကုန်လုံးက ရုပ်ရည်သွင်ပြင်ကိုပဲ ကြည့်ကြတာ…. တကယ်လို့ ပစ္စည်းတွေ ရောင်းနေတဲ့ စထွင်မာက ရုပ်ဆိုးတဲ့သူ ဖြစ်နေမှန်း သူတို့ သိသွားခဲ့ရင် ဘာဖြစ်မယ်ထင်လဲ….”

All Chapters