← Chapters

သူ၏ စစ်မှန်သည့် သွင်ပြင်ကို ထုတ်ဖော်ခြင်း

Vol. 55 Ch. 817

သူ၏ စစ်မှန်သည့် သွင်ပြင်ကို ထုတ်ဖော်ခြင်း

Vol. 55 Ch. 817

“ ဒီလိုကိုး… ကျုပ် နားလည်ပြီ..”

ယနေ့ခေတ်က ရုပ်ရည် ကြည့်ကောင်းသူများသာ အရေးပေးခံရသည့် ခေတ်တစ်ခေတ်ဖြစ်၏။ စထွင်မာလောက၌ မိန်းကလေး ဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ၊ တစ်စုံတစ်ယောက်က ကြည့်ကောင်းသည့် ရုပ်ရည် မပိုင်ဆိုင်ထားဘူးဆိုပါက အသက်မွေးဝမ်းကြောင်း ပြုရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ထို့ကြောင့် သူ၏ ရုပ်ရည်ကို ဆက်လက် အပြစ်ရှာနေသရွေ့ လင်းရီကို အနိုင်ယူနိုင်မည်ဖြစ်၏။

ဤနည်းဖြင့် ပြဿနာကို အမြစ်ပါမကျန် ခုတ်ထွင် ရှင်းလင်းနိုင်ပေလိမ့်မည်။

၎င်းကို တွေးမိတော့ ကော်ရှစ်ပေါ်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားခဲ့ကာ အေးစက်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာလေသည်။

“ မင်းကိုယ်မင်းတော့ ဒီလိုမျိုး အဆုံးသတ်ရလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်လောက်ဘူး…”

……………..

တစ်ချိန်တည်းတွင် လင်းရီ ဘက်ခြမ်း၌ ကျန်းရှောင်ယွီမှာ ပစ္စည်းများကို ရွှန်းရွှန်းဝေအောင် မိတ်ဆက်ပေးနေသော်ငြား ရောင်းအားကတော့ ကောင်းမနေချေ။

အဘယ်ကြောင့်ဆိုသော် လိုက်စထွင်းထဲရှိ ဂယက်က စတင်ထုတ်လွင့်သည့် အချိန်ကထက်ပင် ပို၍ ကြီးမားနေသောကြောင့်ပင်။

“ ငါခု ဒီကောင်က ပိုက်ဆံရှာဖို့ စထွင်မာလုပ်နေတယ်ဆိုတာ အတည်ပြုနိုင်သွားပြီ… မင်းတို့ကောင်တွေကတော့ ရုပ်ဆိုးဆိုးကြီး တစ်ယောက် ပလေးတာကို ခံလိုက်ရတာပဲ… ဘယ်လိုတောင် အထင်ကြီးဖို့ ကောင်းသား….”

“ အဲ့ကောင် စောနက ပြတဲ့ အမျိုးသမီးဆိုတာလည်း သေချာပေါက် ငှားရမ်းထားတဲ့ မော်ဒယ်ပဲ ဖြစ်လောက်တယ်… “

“ ဒီနေ့ခေတ် အင်တာနက်က တော်တော်လေး ကြောက်ဖို့ကောင်းနေပါရောလား.. ဘယ်သူမဆို ရှေ့ထွက်ပြီး စထွင်မာလုပ်လို့ရနေပြီ… ငါလည်း မနက်ဖြန်ကျရင် မျက်နှာဖုံးနဲ့ နေကာမျက်မှန်ကြီးတပ်ပြီး ကိုယ့်ကိုယ်ကို ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပါဆိုပြီး အမွှန်းတင်လိုက်ဦးမယ်… အဲ့လိုသာဆို လူတိုင်းဆီကနေ ပိုက်ဆံတွေ လိမ်လို့ကောင်းပြီ…”

“ သွားစို့ သွားစို့.. ငါ ဘယ်အကုသိုလ်ကံကြောင့်နဲ့မို့ ဒီလိုမျိုး ရုပ်ဆိုးတဲ့ကောင် လွင့်တဲ့ လိုက်စထွင်းကို ကြည့်နေရတာ… ပြီးတော့ သူ ရောင်းတဲ့ ပစ္စည်းတွေကလည်း ဈေးကြီးသေး…. ဘယ်သူက ဝယ်မှာ….”

“ သပပဲ… ဒါဆို ငါတကယ်ကြီး ရုပ်ဆိုးဆိုးနဲ့ စထွင်မာဆီကနေ ဒီပစ္စည်းတွေ ဝယ်လိုက်တယ်ပေါ့… သောက်ရှီးလိုမှပဲ...”

လိုက်စထွင်းထဲရှိ ကွန်းမန့် ကဏ္ဍ၌ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်သည့် မှတ်ချက်များဖြင့် ပြည့်နှက်နေသည်ကို မြင်တော့ ကျန်းရှောင်ယွီ မည်သို့မျှ သည်းမခံနိုင်တော့ပဲ “ နင်တို့ အင်တာနက် ထရိုးတွေ ရေးတဲ့ စာတွေကြောင့် အလွှမ်းမိုး မခံရစေနဲ့…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ငါ ၊ ကျန်းရှောင်ယွီ ငါ့ရဲ့ နာမည် ဂုဏ်သတင်းအပေါ် တိုင်တည်ပြီးတော့ မျက်နှာဖုံး အစ်ကိုကြီးက ငါတွေ့ခဲ့ဖူးသမျှ ယောက်ျားလေးတွေထဲမှာ အချောဆုံးဆိုတာ ကျိန်ရဲတယ်….”

“ ဆက်ပြီး ဂျင်းမကျွေးနဲ့တော့… ငါတို့ကလည်း အချဉ်မဟုတ်ဘူး… တကယ်လို့ သူသာ တကယ်ကြီး ကြည့်ကောင်းနေတယ်ဆိုရင် ဘာလို့ သူ့မျက်နှာကို မပြလဲ… ဘာလို့ ဆန်းကြယ်တဲ့ ပုံစံမျိုးကြီး လုပ်ထားတာ….”

“ သူက မင်းတွေ့ခဲ့ဖူးသမျှ ယောက်ျားလေးတွေထက် ပိုချောတယ်လို့ တကယ်ကြီး ပြောဝံ့နေတယ်… ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတာ အလှဆင်ပစ္စည်းသပ်သပ်များ ထင်နေတာလား…”

“ ငါ ပြောနိုင်တာတော့ မျက်နှာဖုံး အစ်ကိုကြီး မျက်နှာမပြတဲ့ ကိစ္စက သူ့အကြောင်းအရင်းနဲ့သူ ရှိတယ်… ပြီးတော့ အဲ့တာကလည်း သူ့ရဲ့ ကိုယ်ပိုင်စတိုင်ပဲ… ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ ဘာမှ မဆိုင်ဘူး… လူတိုင်းပဲ အဓိကနဲ့ သာမညကို ခွဲခြားသိမြင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…”

“ ရှောင်းယွီ…. မင်း ရှင်းပြမနေနဲ့…. အလကားပဲ….” လင်းရီ၏ အမာခံ ပရိသတ် တစ်ဦးမှ ပြောလိုက်ပြီး “ ငါတို့လည်း လိုက်စထွင်းကြည့်လာတာ ကြာကြာလှပြီ.. အမှန်အတိုင်း ဝန်ခံရရင် မျက်နှာဖုံး အစ်ကိုကြီးရဲ့ ရုပ်ရည် ဘယ်လိုရှိလဲဆိုတာ တကယ် သိချင်မိတယ်….”

“ အစ်ကိုကြီး… ဒီနေ့လို ပွဲနေ့ရက်ကြီးမှာ ငါတို့တောင်းဆိုတာကို လိုက်လျောပေးပြီးတော့ နင့်ရဲ့ မျက်နှာကို ပေးကြည့်ပါလားဟင်….”

“ ကျိန်တယ်ကွာ…. ငါဆိုတဲ့ ကောင်က ရုပ်ဝါဒီသမားမဟုတ်ဘူး… မင်းဘာမင်း ဘာရုပ်ကြီး ဖြစ်နေပါစေ…. ဆက်ပြီးတော့ ထောက်ပံ့ပေးသွားမှာ…”

“ နင်တို့ လူတွေ စက်ဆုပ်ဖို့ ကောင်းလိုက်တာ… ဘာလို့ ရုပ်ဆိုးဆိုးကြီးကို ထောက်ပံ့ရမှာလဲ….”

အဆိုပါ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှု များကို မြင်တော့ ကျန်းရှောင်ယွီ ဒေါသမီး တောက်လောင်စွာဖြင့် အံကို တင်းတင်းကြိတ်လိုက်၏။

အကယ်၍ သူမ လက်ထဲ၌သာ စက်သေနတ် တစ်လက် ရှိမည်ဆိုပါက အဆိုပါ လူတွေအားလုံးကို တရစပ် ပစ်ခတ်ပစ်လိုက်ချင်သည်။

ကံဆိုးစွာဖြင့် သူမ မလုပ်နိုင်သလို ထိုလူများကိုလည်း ရပ်တန့်ရန် မစွမ်းသာခဲ့ချေ။

သေစမ်း.. စိတ်တိုဖို့ကောင်းလိုက်တာ….

ထိုအခြေအနေကို မြင်တော့ လီလင်း မျက်မှောင်ကြုတ်နေမိ၏။

လင်းရီ၏ မျက်နှာကိစ္စမှာ ပပျောက်သွားခဲ့ချေပြီဟု တွေးထင်ထားခဲ့သော်လည်း ယခုလို အခြေအနေမျိုးထိ ဆူပွက်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် ၎င်းက ဂယက် အကြီးကြီးကို ဖြစ်နေစေတော့သည်။

အမာခံ ပရိသတ်တွေက ပစ္စည်းတွေကို အော်ဒါတင်ပြီးသွားပြီ… ဖြတ်လျှောက်တွေက ထရိုးတွေရဲ့ လွှမ်းမိုးမှုကို ခံထားရပြီးတော့ စိတ်ကျေနပ်တဲ့ ပုံလည်း မပေါ်ဘူး…. ခု ဘာဆက်လုပ်သင့်လဲ…

ကလင် ကလင် ကလင် …

ထိုအခိုက်အတန့်တွင် လီလင်း ဖုန်းသံ မြည်လာခဲ့လေသည်။

သူမ၏ အထက်လူကြီး ချိန်ထျန်းကျောင်းထံမှပင်။

“ ဘာတွေဖြစ်နေတာတုန်းကွ… မင်းတို့ကောင်တွေ ဘာတစ်ခုမှ ရောင်းမထွက်တဲ့အပြင် လိုက်စထွင်းထဲမှာလည်း ပွဲကို ဖြစ်လို့…. ငါမင်းကို တာဝန်ပေးထားတာ ဘာအတွက်လဲ….”

“ ဘော့စ်ချိန်…အရင်ဆုံး စိတ်အေးအေးထား… “ လီလင်းမှ ရှင်းပြလိုက်ပြီး “ ကျွန်မလည်း အခြေအနေတွေက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး.. သူတို့ဘက်က အဟုန်နဲ့ တိုက်ခိုက်လာတော့ ခုလောလောဆယ် ကျွန်မတို့ဘက်လည်း ထိန်းလို့ မနိုင်သေးဘူး…”

“ မင်းက ကျွမ်းကျင်သူပဲလေ… ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင် ခန့်မှန်းပြီးသား ဖြစ်ရမှာပေါ့ကွ.. မင်း ကြိုမတွေးထားဘူးလား…”

“ တွေးထားပြီးသားပါ… ဒါပေမယ့် သူတို့ဘက်က ဒီလောက်ထိ အင်အားသုံးလာလိမ့်မယ်လို့ ထင်မထားလို့…” လီလင်း အရှက်ရစွာဖြင့် ပြန်ပြောလိုက်သည်။

“ ဘော့စ်ချိန်.. ရှင် ဘာမှ စိတ်တိုစရာမလိုဘူး… မျက်နှာဖုံး အစ်ကိုကြီးက လိုက်စထွင်းမှာ ရောင်းတဲ့ ပစ္စည်းတွေအကုန်လုံးအတွက် ပိုက်ဆံပေးပြီးသား.. တကယ်လို့ တစ်ခုမှ ရောင်းမထွက်ဘူးဆိုရင်တောင် သူ့ကိုယ်တိုင် ပြန်ဝယ်လိမ့်မယ်…”

သူမ စကားလုံးများက တော်တော်လေး တစ်ကိုယ်ကောင်းဆန်နေကြောင်း လီလင်း သတိထားမိလေသည်။

သို့သော်လည်း ဘော့စ်ချိန်၏ အမျက်ကို ပြေပျောက်စေရန်အတွက် ယင်းက ယခုလောလောဆယ် သူမ စဉ်းစားမိသည့် တစ်ခုတည်းသော ဖြေရှင်းချက်ပင်။

“ သူ ပေးမှာ မပေးမှာ အရေးမကြီးဘူး… ဒါက ငါတို့ ပလတ်ဖောင်း သုံးခုရဲ့ နာမည် ဂုဏ်သတင်းအတွက်ပဲ… တကယ်လို့ ရလဒ်တွေသာ မကောင်းခဲ့ဘူးဆိုရင် Dou Yu က ပြက်လုံး တစ်ခု ဖြစ်လာလိမ့်မယ်… အဲ့ခါကျရင် တခြား ရင်းနှီးမြုပ်နှံမှုတွေကိုလည်း တာ့တာပြလိုက်တော့….” ချိန်ထျန်းကျောင်း၏ လေသံမှာ အလွန်အမင်း ဒေါသူပုန် ထနေပြီး “တကယ်လို့ ဒီလိုမျိုး ဖြစ်မယ်မှန်း ကြိုသိရင် အစကတည်းက စထွင်မာ လဲခဲ့ပါတယ်ကွာ…. ခုတော့ ယီးတွေ ဖြစ်ကုန်ရော…”

“ ဘော့စ်ချိန်က ရင်းနှီးမြုပ်နှံမှုအကြောင်း ပြောမှ ကျွန်မတစ်ခုကို လှမ်းသတိရသွားတယ်….”

“ ဘာကိုလဲ….”

“မျက်နှာဖုံးအစ်ကိုကြီးက လင်းယွမ်အုပ်စုနဲ့ ဆက်နွယ်နေလားဆိုပြီး ကျွန်မတို့ သံသယဝင်နေတယ်မလား…. ဒီနေ့ သူက လင်းယွမ်အုပ်စုရဲ့ ဥက္ကဌဆိုတာ မထင်မှတ်ပဲ သိလိုက်ရတယ်.. သူက ယွမ် ၂၀၀ မီလီယမ်ကျော်တဲ့ ရင်းနှီးမြုပ်နှံမှုကို ဆုံးဖြတ်ချက်ချခဲ့တဲ့သူပဲ…”

“ အာ………….”

ချိန်ထျန်းကျောင်း ခေတ္တကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ အဟမ်း.. တစ်မျိုး ကြည့်ပြန်တော့လည်း ဒီလိုမျိုး ပွဲဖြစ်နေတာက ဆိုးတော့မဆိုးပါဘူး… ဘာပဲဆိုဆို ပိုပြီး လူသိများတာပဲ မဟုတ်လား…. ငါတို့ စိတ်ကူးယဉ်ထားသလောက်လည်း ဆိုးရွားမနေပါဘူး….”

“ ဟုတ်တယ်နော်ဘော့စ်….”

“ ဒါဆို ခု မင်းရဲ့ တာဝန်က အဲ့ဒီ ထရိုးအုပ်စုကို နှိမ်နင်းပြီးတော့ ဥက္ကဌလင်းကို အေးအေးချမ်းချမ်းနဲ့ စထွင်းခွင့်ရအောင် လုပ်ပေးဖို့ပဲ .. နားလည်တယ်မလား….”

“ ဟုတ်… နားလည်ပါပြီ… ခုချက်ချင်း လုပ်လိုက်ပါ့မယ်..”

ချိန်ထျန်းကျောင်း၏ ဖုန်းကို ချပြီးနောက် လီလင်း စိတ်သက်သာရာရစွာဖြင့် လေတစ်ချက် မှုတ်ထုတ်လိုက်သည်။

ကံကောင်းစွာဖြင့် သူမဘက်မှ လျင်မြန်စွာ တုံ့ပြန်နိုင်လိုက်ပြီး လင်းရီ၏ အထောက်အထားကို သတိရသွားသောကြောင့်ပင်။ မဟုတ်ပါက ဆိုးဆိုးရွားရွားကြီး အဆူခံရလောက်လေသည်။

ထိုအခိုက်အတန့်တွင်တော့ ကျန်းရှောင်ယွီမှာ ဈေးရောင်းရန် စိတ်မဝင်စားတော့ပဲ ထိုအကြောင်းကိုသာ အသည်းအသန် ဖြေရှင်းနေတော့၏။

“ နင်တို့ ဘာလို့ ငါပြောတာကို နားမထောင်ပဲ သူများတွေ မဟုတ်တမ်းလျားပြောတာကို နားယောင်နေကြတာ….”

“ ဘာလို့ဆို မျက်နှာဖုံး အစ်ကိုကြီးက အချိန်ပြည့် မျက်နှာဖုံး တပ်ထားလို့လေ… အဲ့တာက တော်တော်လေး သံသယဖြစ်ဖို့ကောင်းတယ်…”

“ တကယ်လို့ မင်းမှာ ယုံကြည်ချက် ရှိတယ်ဆိုရင်လည်း မျက်နှာဖုံးချွတ်လိုက်… ငါတော့ သူ့မျက်နှာကို မပြရဲတဲ့ စထွင်မာကို ပထမဆုံး မြင်ဖူးတာပဲ…. ဧကန္တ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ရာဇဝတ်ကောင်မို့လို့များလား မသိဘူး…”

“ ငါတော့ ပစ္စည်းတွေ ပြန်အပ်တော့မယ်… ရုပ်ဆိုးကများ ပစ္စည်းတွေကို ဈေးတင်ပြီးတော့ ရောင်းဝံ့နေတယ်.. ငါ ဘယ်လိုတောင် ပိန်းခဲ့မိပါလိမ့်….”

“ ဒီလူတွေက ဘာဖြစ်ချင်နေကြတာလဲတဲ့.. အတည်ကြီးလား..” ကျီချင်းရန် ဒေါသထွက်စွာဖြင့် သူမဖုန်းကို ကြမ်းပြင်သို့ ကောက်ပေါက်လိုက်တော့၏။ သူမ၏ ကြမ်းကြုတ်နေသည့် အမူအရာက ကျားသစ်မကြီးအလားပင်။

ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ကတော့ ဘေးတွင်ထိုင်ရင်းဖြင့် မှင်တက်နေမိကြ၏။

သူတို့ ပထမဆုံးအကြိမ် လေဒီဘော့စ်မှ ထိုမျှ ဒေါသထွက်နေသည်ကို ကြုံဖူးခြင်းပင်။

“ ဘော့စ်နဲ့ အတူစထွင်းနေတဲ့ ကောင်မလေးက ကျန်းရှောင်ယွီလို့ ခေါ်တာမလား…” ဟော်ယွမ်ယွမ် တိုးတိုးလေး မေးလိုက်ပြီး “ နင့်မှာ သူ့ဖုန်းနံပါတ်ရှိလား…”

“ ရှိတယ်…” ကောင်းကျုံးယွမ် ခေါင်းညိမ့်လိုက်ပြီး “ ဘာလို့ …. မကြိုက်လို့လား… မင်းမကြိုက်ရင် ငါခုချက်ချင်းဖျက်ပစ်လိုက်မယ်…”

“ ငါ ဖျက်ဖို့ မပြောမိပါဘူး…” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ သူမဆီ မက်ဆေ့ချ်ပို့ပြီးတော့ ဘော့စ်ရဲ့ မျက်နှာဖုံးကို ချွတ်ခိုင်းလိုက်… ငါတော့ ဒီငကြောင်တွေကို တော်တော်လေး ဩချမိသွားပြီ…အဲ့ကောင်တွေက သူများတွေ ပြောသမျှဆို အကုန်ယုံ …. သက်သေအခိုင်အမာ မရှိဘဲနဲ့ သူတို့ကို စိတ်ကျေနပ်အောင် လုပ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲမှာ…. “

“ ငါတော့ အကြံကောင်းဖြစ်မယ် မထင်ဘူးနော… မရီးရဲ့ သဘောထားကို မေးကြည့်ပါဦးလား…”

“ အဆင်ပြေတယ်… ငါပြောတဲ့ အတိုင်းသာလုပ်လိုက်….”

“ ကောင်းပြီလေ… ငါအခုပဲ သူမကို ပြောလိုက်မယ်….”

ကောင်းကျုံးယွမ် သူ့ဖုန်းကို ထုတ်၍ ကျန်းရှောင်ယွီထံ ဝီချက်မှ တစ်ဆင့် မက်ဆေ့ချ် လှမ်းပို့လိုက်၏။

သို့သော်လည်း လိုက်စထွင်းထဲရှိ လူများနှင့် ရန်တွေ့ရင်း အလုပ်များနေသည့် ကျန်းရှောင်ယွီမှာ ကောင်းကျုံးယွမ် ပို့လာသည့် စာကို မမြင်တွေ့လိုက်ပေ။

ကောင်းကျုံးယွမ် သူမကို မခေါ်ခင်အထိ ဝီချက်ထဲ စာဝင်နေကြောင်း မသိသေးချေ။

ကျန်းရှောင်ယွီ “ အစ်ကိုကောင်း…. အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလားနော်..”

ကောင်းကျုံးယွမ် “ ဘာမှ ဆိုးရွားစရာအကြောင်း မရှိဘူး…. မရီးဆီက ခွင့်ပြုချက် ရထားပြီးသား…”

ကျန်းရှောင်ယွီ “ ဟားဟား…. ဒီလို အခါမျိုးကို စောင့်နေတာကြာပြီ..”

စကားတစ်ခို့ ပြောပြီးနောက် ကျန်းရှောင်ယွီ သူမဖုန်းကို ဘေးသို့ ပို့လိုက်ပြီး လိုက်စထွင်းထဲရှိ လူများကို ကြည့်၍ “ နင်တို့ ထရိုးတွေ အမြဲတမ်း မျက်နှာဖုံး အစ်ကိုကြီးရဲ့ မျက်နှာကို စိတ်ဝင်စားနေကြတယ်မလား.. ဒီနေ့တော့ သူ့ရဲ့ မျက်နှာအစစ်အမှန်ကို နင်တို့သိအောင် ပြပေးမယ်…”

“ ဟမ်… “

လင်းရီ အေးခဲသွားပြီ ကျန်းရှောင်ယွီကို လှည့်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းရှောင်ယွီမှ သူ၏ မျက်နှာဖုံးကို စကားတစ်ခွန်းမျှ ပြောဆိုချင်းမရှိပဲ ဆွဲချွတ်လိုက်လေသည်။

All Chapters