ထူးဆန်းသည့် ဖြစ်ရပ်
Vol. 55 Ch. 822
“ ဘယ်ဟာတွေ အမွှေခံလိုက်ရတာ…”
လင်းရီ သာမန်အတိုင်း မေးမြန်းလိုက်၏။
“ငါ့ရဲ့ စာရွက်တစ်ချို့နဲ့ လက်တွေ့ စမ်းသပ်ချက် မှတ်တမ်း တစ်ချို့ပါ…”
“ အဲ့တာတွေ အပြင်….”
“ ပြီးတော့ ငါ့ကွန်ပျူတာကောပဲ…” လီချူးဟန် ပြောလိုက်ပြီး “ မောက်ရဲ့ နေရာက ရွေ့ခံထားရတယ်…”
“ အိုကေ.. ငါဖွင့်ကြည့်လိုက်မယ်..”
လင်းရီ ကွန်ပျူတာကို ဖွင့်ကြည့်လိုက်၏။ Desktop ကတော့ လီချူးဟန်၏ စရိုက်နှင့် ကိုက်ညီစွာ ရှင်းလင်းလို့နေသည်။
သူ ဒီတိုင်း D drive အပေါ်သို့ နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်၏။
အထဲတွင်တော့ “ လေ့လာရေး ပစ္စည်းများ “ ဟူသည့် နာမည်နှင့် folder တစ်ခုတည်းသာ ရှိနေသည်။
လင်းရီ မေးစေ့ပွတ်လိုက်၏။ ကြည့်ရသလောက်တော့ မိန်းကလေးများက ယောက်ျားလေးများနှင့် ကွာခြားနေဟန်ပင်။
သူတို့ ယောက်ျားလေးများတွင်လည်း ယခုလို ‘ လေ့လာရေး ပစ္စည်းများ ‘ ရှိကြ၏။
သို့သော်လည်း လီချူးဟန်က အမေရိကန်၊ ဂျပန်၊ ဥရောပ မည်သည်ကို နှစ်သက်လဲတော့ သူမသိချေ။
“ ငါ ဖွင့်ကြည့်လို့ရလား..”
“ အင်း…” လီချူးဟန် ခွင့်ပြုစွာဖြင့် ခေါင်းညိမ့်ပြလိုက်၏။
လင်းရီ လက်နှစ်ဖက်ကို ပွတ်ဆွဲလိုက်ပြီး ‘ လေ့လာရေး ပစ္စည်းများ ‘ ဖိုဒါကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်သည်။
သို့သော်လည်း အထဲ၌ ရှိနေသည့် အကြောင်းအရာများကတော့ သူ့အတွက် တကယ့်ကို မျက်စိပွင့်နားပွင့် ဖြစ်စရာကြီးပင်။
နှလုံး သွေးကြော ခွဲစိတ်မှုဆိုင်ရာ ရောဂါများအတွက် အရည်အသွေး ညွှန်းကိန်းစနစ်အား လေ့လာခြင်း။
ဉာဏ်ရည်တု နှလုံးအစို့ရှင်များနှင့် ထိတွေ့ပြီးနောက် Platelets cells များ၏ လုပ်ဆောင်မှုကို လေ့လာခြင်း။
နှလုံး ခွဲစိတ်မှုနှင့် ဆက်ဆိုင်သည့် မျိုးရိုးဗီဇပေါင်းစည်းခြင်းနှင့် ရောဂါများ၏ အာရုံခံနိုင်စွမ်းကို လေ့လာခြင်း။
ဘယ်ဘက်နှလုံးအတွင်းပိုင်း ရောင်ရမ်းခြင်းနှင့် နားတစ်သျှူး…………
Folder ထဲရှိ ဖိုင်များကို ကြည့်ရင်း လင်းရီ ခံစားချက်တို့ ရောပြွမ်းနေခဲ့၏။
ထိပ်တန်း ကျောင်းသားနဲ့ ဘာသောက်သုံးမှ မကျတဲ့ ကျောင်းသားကြားက အခြေခံကွာခြားမှုတော့ ရှိနေတာပဲဟ….
“ တကယ်လို့ နင် ဒါတွေ စိတ်ဝင်စားရင် ငါ နင့်ကို ကော်ပီကူးပေးမယ်လေ…”
“ အာ…. နေ နေ… မလိုဘူး… ငါက ဒီတိုင်း ဖတ်ကြည့်ရုံတင်ပဲ…”
လင်းရီ စိတ်တည်ငြိမ်ချင်ယောင် ဆောင်လိုက်ပြီး “ မင်းရဲ့ သုတေသနတွေကကော ကွန်ပျူတာထဲမှာပဲလား…”
“ အွန်း..”
လင်းရီ ထိုင်ခုံနောက်သို့မှီရင်း အတွေးနက်နေသည့် အမူအရာနှင့် “ အဲ့တာတွေက အရေးကြီးလား…”
“ ငါရေးထားတဲ့ SCI စာရွက် ခြောက်ခုတော့ ရှိတယ်… သူတို့ ကူးသွားနိုင်ခြေတော့များတာပေါ့…”
“ ဒါကတော့ အသေးမွှားလေးပါ… တကယ်လို့ တစ်ယောက်ယောက်က မင်းရဲ့ အရေးအသားနဲ့တူတဲ့ စာတမ်း ထုတ်ခဲ့ရင် ငါ့ကို ပြောလိုက်… ငါ ကူပြီး ကိုင်တွယ်ပေးမယ်…”
“ ဒါပေမယ့် ငါတော့ ထူးဆန်းတယ်လို့ ထင်တယ်… ကူးရေးချင်တယ်ဆိုရင်တောင် စာရွက် လေးငါးခြောက်ရွက် အတွက်လောက်နဲ့ ဒီလောက်ထိ ရဲတင်းတာကြီးကတော့ မဖြစ်သင့်ဘူးလို့တော့ ထင်တာပဲ…”
“ အင်း… တကယ်ထူးဆန်းတယ်.. ငါလည်း ဘာကြောင့်မှန်း စဉ်းစားမရဘူး…” လင်းရီ ပြောလိုက်ပြီး “ မင်းရဲ့ အိမ်ကို အသံတစ်သံ မပေးဘဲ ဝင်ထွက်နိုင်တာကိုက အံ့အားသင့်ဖို့ ကောင်းနေပြီ…”
“ ဒါဆို ငါတို့ ခု ဘယ်လိုလုပ်ကြမှာ…” လီချူးဟန်မှ အားကိုးကြီးစွာဖြင့် မေးလိုက်သည်။
သူမမှာ ဆေးပညာရပ်၌ ပါရမီရှင် တစ်ယောက် ဖြစ်လင့်ကစား အခြား နယ်ပယ်များတွင်တော့ သာမန်လူနှင့်ပင် မယှဉ်သာနိုင်ချေ။
“ ဘာလုပ်ရဦးမှာ.. အိပ်ကြတာပေါ့…” လင်းရီပြောလိုက်ပြီး “ တကယ်လို့ ခု ချိန် မအိပ်ဘူးဆို ခဏနေကျ နေထွက်လာတော့မှာ….”
“ ဒါဆို နင် ငါ့အခန်းထဲမှာ အိပ်လိုက်.. ငါ ကိုယ်လက် သွားသန့်စင်လိုက်ဦးမယ်..”
“ ဘာကြီး….”
လီချူးဟန် အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့ပြီး “ တကယ်လို့ နင်က အဲ့ဒီအကြောင်း စဉ်းစားနေတယ်ဆိုရင် ငါ နင်နဲ့အတူ အိပ်ပေးမယ်… မဟုတ်ရင်တော့ ငါ ဆိုဖာပေါ်မှာပဲ အိပ်လိုက်တော့မယ်…”
“ အဲ့ဒါဆိုလည်း ဘာစောင့်နေတာ…. သွားပြီး ရေချိုးတော့လေ..”
“ အိုး… အိုကေ…”
………………………………..
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ အိပ်ယာမှ ခေါင်းကိုက်ကိုက်နှင့် နိုးလာခဲ့၏။ သူ ဘေးကို စမ်းကြည့်လိုက်တော့ လီချူးဟန်က မရှိတော့။
ထိုအစား မီးဖိုချောင် ဘက်ခြမ်းရှိ အိုးခွက်ပန်းကန်သံတို့ကိုသာ ကြားနေရသည်။
လီချူးဟန်က ဘောင်းဘီအတို၊ အမျိုးသမီးဝတ် လက်ပြတ် ခါးတိုအင်္ကျီနှင့် အဖြူအမည်းကွက်ကြား အေပရွန်ကို ခါးတွင် စည်းလျက် နံနက်စာ ပြုလုပ်နေလေသည်။
“ အယ်… နင်နိုးလာပြီလား… ငါ့ အသံတွေ တအားဆူသွားတယ်ထင်တယ်…”
“ ဘာမှမဖြစ်ဘူး… မင်းအလုပ်သာ မင်းဆက်လုပ်… ငါ ရေသွားချိုးလိုက်ဦးမယ်…”
လင်းရီ ဖုန်းကို ဖွင့်ကြည့်လိုက်၏။ နံနက်ငါးနာရီလောက်တုန်းက ပို့ထားသည့် ကျီချင်းရန်ထံမှ စာတစ်စောင်ရောက်နေလေသည်။
ပို့လာခဲ့သည့် အကြောင်းအရာကတော့ ရိုးစင်း၏။ သုတေသန စင်တာရှိ အခြေအနေများကို မေးမြန်းထားခြင်းပင်။
သူမကို စာပြန်ပြီးနောက် လင်းရီ ရေသွားချိုးလိုက်သည်။ သူ အဝတ်အစားလဲ ပြန်ထွက်လာခဲ့တော့ လီချူးဟန် ပြင်ဆင်ထားသည့် နံနက်စာမှာ စားပွဲပေါ်၌ အဆင်သင့် ဖြစ်နေချေပြီ။
သို့သော်လည်း စားသောက်နေစဉ်အတွင်း လင်းရီ စကားတစ်ခွန်းမျှ မပြောချေ။
သူ ခေါင်းထဲ၌ အတွေးတစ်ခုတည်းသာ ရှိနေသည်။
ယခုတော့ တစ်ဖက်သူမှာ သော့နှင့် ဝင်လာခဲ့ကြောင်း ပို၍ သေချာသွားတော့၏။ ထို့ကြောင့် ချောင်ရှင်းက အဓိက သော့ချက်ပင်။
“ ချောင်ရှင်း ဒီနေ့ အလုပ်နားလား…” လင်းရီ မေးလိုက်၏။
“ မနေ့က သူ့ရဲ့ ညဆိုင်းဆိုတော့ ဒီနေ့ နားလောက်တယ်…” လီချူးဟန်မှ လိုရင်းတိုရှင်း ပြောဖြေသည်။
“ ကောင်းပြီ.. ငါခဏကျရင် သူမဆီ ဖုန်းဆက်လိုက်မယ်…”
“ အွန်း…. “ လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး “ တကယ်လို့ နင်အိပ်ရေး မဝရင် စားပြီး ခဏလောက် အိပ်လိုက်လေ…”
“ အဆင်ပြေတယ်.. ကိုယ်ထဲ အားအင်တွေက အပြည့်ပဲ.. နောက်တစ်ချီလောက် ထပ်နွှဲချင်တောင် အဆင်ပြေသေး…”
ညက အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်မိတော့ လီချူးဟန် မျက်နှာပူဟန်ဖြင့်ခေါင်းမဖော်တမ်း တိတ်ဆိတ်စွာ ပြန်ငုံ့စားနေလိုက်၏။ ထိုအကြောင်း ပြန်မြင်ယောင်ကြည့်ရုံမျှနှင့် သူမ အရှက်ကြီး ရှက်နေမိတော့သည်။
‘ အဲ့တာကြီးက ငါ့ထဲ ဘယ်လိုလုပ်ပြီး ဝင်နိုင်သွားပါလိမ့်…’
စားသောက်ပြီးနောက် လင်းရီ အဝတ်အစားလဲပြီး အပြင်ထွက်တော့မည့် အချိန်တွင် သူ့ အဝတ်များကို လီချူးဟန်မှ လျှော်ဖွပ် မီးပူတိုက်ထားပေးကြောင်း သတိပြုမိလိုက်သည်။ လိုင်းကြောင်းလေးကပင် ဖြောင့်ဖြူးလို့နေသည်။
အဝတ်စားလဲပြီးနောက် နှစ်ယောက်သား ကားကိုယ်စီထဲသို့ ဝင်ရောက်လိုက်ကြ၏။ လီချူးဟန်ကတော့ ဆေးရုံသို့ ဦးတည်လိုက်ပြီး လင်းရီကတော့ ချောင်ရှင်းထံ သွားတွေ့လေသည်။
“ အစ်ကိုရီက ညီမအိမ်ကို လာနေပြီ…”
လင်းရီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်တော့ ချောင်ရှင်း ရှော့ခ်ရသွားခဲ့တော့၏။
“ ငါ ခု လာတဲ့လမ်းပေါ်မှာ.. နောက် ဆယ်မိနစ်ဆို မင်းအိမ်ရောက်ပြီ…”
“ ဒါဆိုလည်း ဖြေးဖြေးလေးပဲ မောင်းခဲ့… ညီမအိမ်က ရှုပ်ပွနေတော့ အရင်ဆုံး သန့်ရှင်းရေး လုပ်လိုက်ဦးမယ်…”
“ မင်းရဲ့ အဲ့ဒီ အတွင်းခံနဲ့ တခြားဟာတွေသာ ဘေးဖယ်ထားလိုက်… ကျန်တာက ကိစ္စမရှိဘူး…”
“ ခစ်ခစ်… အစ်ကိုရီက အရမ်းသိတာပဲ… ဒီလိုမျိုးတွေတောင် သိနေတယ်ပေါ့..” ချောင်ရှောင်း အပြုံးလေးဖြင့် ပြောလိုက်၏။
“ အဲ့လို ဒရာမာတွေက TV တွေပေါ်မှာ မြင်နေကြမို့လို့လေ…”
“ ဟီးဟီး… ဒါနဲ့ အစ်ကိုရီ စားပြီးသွားပြီလား…. လမ်းအောက်မှာ မနက်စာ ဆိုင်အသစ်ဖွင့်ထားတာ သူတို့ရဲ့ မုန့်တွေဆို အရမ်းအရသာရှိတာပဲ…”
“ စားခဲ့ပြီ… အဲ့အကြောင်း စိတ်ပူမနေနဲ့…”
“ အိုကေ.. အိုကေ… လောလောဆယ် အဲ့အကြောင်း ဘေးချိတ်ထားလိုက်ဦးမယ်… ခုတော့ အဝတ်တွေ သွားသိမ်းလိုက်ဦးမယ်…”
သို့သော်လည်း ထိုသို့ပြောပြီးနောက် ချောင်ရှင်းမှ ရုတ်ချည်း ထရယ်ရင်း “ အစ်ကိုရီ…. တကယ်လို့ ညီမ ဘယ်လို စတိုင်တွေ ဝတ်လဲဆိုတာ စိတ်ဝင်စားရင် စိတ်မရှိပါဘူးနော်…”
“ ဟမ်.. ကောင်မစုတ်လေး… မင်းက လီချူးဟန်ရဲ့ မုန့်ကို လုစားချင်နေတယ်ပေါ့….”
“ အိုက်ယား…. သူများက ဒီတိုင်း စကားအဖြစ်ပြောတာကို… ညီမက ဘယ်လိုလုပ်ပြီး ဒါရိုက်တာလီဆီကနေ လုရဲမှာလဲလို့… အိုကေ အိုကေ..ဒါပဲ.. အဝတ်တွေ သိမ်းလိုက်ဦးမယ်…”
“ အင်း…”
ဆယ်မိနစ် ကြာပြီးနောက် လင်းရီ ချောင်ရှင်း၏ အိမ်သို့ ရောက်လာခဲ့၏။
နှိုင်းယှဉ်ရသော် ချောင်ရှင်း၏ အိမ်အရည်အသွေးက လီချူးဟန်ထက်ပင် ပို၍ ကောင်းမွန်နေသည်။
အကြောင်း ပြချက်ကတော့ ရှင်းရှင်းလေးပင်။ လီချူးဟန်မှ အိမ်ကို အပိုင်ဝယ်ထားပြီး ချောင်ရှင်းကတော့ ငှားယမ်းထားသောကြောင့်ပင်။
လင်းရီ တံခါး ခေါက်လိုက်တော့ ချောင်ရှင်း၏ အသံက အထဲမှ ထွက်ပေါ်လာလေသည်။
ပီကာချူးပုံ ညအိပ် အဝတ်အစားများနှင့် မျက်နှာမှာလည်း ဝိတ်အနည်းငယ် တက်လာပုံရကာ ဝဝလုံးလုံးနှင့် ချစ်စဖွယ်လေး ဖြစ်နေတော့၏။
ချောင်ရှင်းမှ တံခါးဖွင့်၍ ကြိုဆိုလိုက်ပြီး စီးရန် ညှပ်ဖိနပ် တစ်ရံ ချပေးသည်။ သို့သော်လည်း အမျိုးသမီး ညှပ်ဖိနပ်များက ဆိုဒ်သေးလွန်းသောကြောင့် လင်းရီ ခြေဗလာဖြင့် အထဲဝင်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
“ ဘာကိစ္စရှိလို့လဲ အစ်ကိုရီ…”
“ ဘာကိစ္စမှ မရှိရင် မင်းဆီ လာလို့ မရဘူးဆိုတဲ့ သဘောလား…”
“ သေချာပေါက် လာလို့ ရတာပေါ့… ဒါပေမယ့် အဲ့လိုဆိုရင်တော့ ဒီက ဘဝင်လေဟပ် ဖြစ်မိတော့မှာ…”
ချောင်ရှင်းမှ ပါးစပ်လေးအုပ် ရယ်မောရင်း ပြောဆိုလိုက်၏။
လင်းရီ ပြုံးလိုက်ပြီး “ ငါဒီလာတာ မင်းကို မေးစရာ တစ်ခုရှိလို့…. မင်း ဒီရက်ပိုင်း အိမ်ပြန်တော့ မင်းနောက်ကနေ တစ်စုံတစ်ယောက် နောက်ယောင်ခံလိုက်နေတယ်ဆိုတဲ့ ခံစားချက်မျိုး မခံစားမိဘူးလား.. ဒါမှမဟုတ်.. မင်းအိမ်ကို အပြင်လူတွေ လာခဲ့သေးလား…”
“ အမ်….”
အဆိုပါ မေးခွန်းက ချောင်ရှင်းကို အနည်းငယ် ဆွံ့အသွားစေခဲ့သည်။
“ ညီမနောက် လိုက်နေတဲ့သူလည်း ရှိမယ် မထင်ပေါင်… ပြီးတာ့ ဒီရက်ပိုင်း ဘယ်အပြင်လူကမှလည်း ညီမအိမ်ကို အလည်မလာဘူး… ဘာလဲဖြစ်လို့… ဘာလို့ ဒီလိုမျိုး ထူးဆန်းတဲ့ မေးခွန်းကြီး လာမေးနေတာ….”
လင်းရီ ချောင်ရှင်း၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေပဲ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှ “ မင်းဆီမှာ လီချူးဟန်ရဲ့ အိမ်သော့ ရှိသေးတယ်မလား….”
“ အွန်း…” ချောင်ရှင်း မလှမ်းမကမ်းရှိ အံဆွဲထဲမှ သော့ကို ထုတ်ပြလျက် “ ဒီမှာလေ…”
“ ငါ စောန ဝင်လာတုန်းက ကော်ရစ်ဒါနားမှာ ကင်မရာ တပ်ထားတာ တွေ့မိပါတယ်…. မင်းနေတဲ့ ရပ်ကွက်ရဲ့ ထောင်နေရာတိုင်းမှာ လုံခြုံရေး ကင်မရာတွေ ရှိတယ်မလား….”