← Chapters

အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း

Vol. 55 Ch. 825

အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း

Vol. 55 Ch. 825

“ ကွန်ပျူတာတွေ ဖောက်ဝင်ခံထားရတယ်…”

အဆိုပါ သတင်းကို ကြားတော့ လင်းရီ အံ့အားသင့်သွားခဲ့တော့၏။

သုတေသန စင်တာမှာ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းကြီးဖြစ်ပြီး ထိုနေရာက မည်သည့် ဝန်ထမ်း တစ်ဦးတစ်ယောက်ကမဆို နတ်ဘုရားသဖွယ် ကျွမ်းကျင်သည့် အရည်အချင်းတို့ကို ပိုင်ဆိုင်ထားကြသည်။

ကွန်ပျူတာ လုံခြုံရေးမှာ ၎င်းတို့အတွက် အရေးကြီးဆုံး တစ်ခုလို့ ပြောလျှင်တောင် မမှားချေ။

အကယ်၍ ထိုအရာကိုမှ ဖောက်ဝင်သွားခဲ့သည်ဆိုပါက နာကျင်မှုမှာ မယား လင်ငယ်သွားခဲ့သည်ထက်ပင် ခံစားရခက်ပေလိမ့်မည်။

“ ဘော့စ် … အဲ့လောက်ထိလည်း မစိုးရိမ်ပါနဲ့… ကျွန်တော်တို့ဘက်က ထိုးဖောက်ချင်နေတဲ့ အရိပ်အယောင်တွေ ရှာတွေ့ထားလို့ပါ… မကျိုးပေါက်သေးပါဘူး… ဒါပေမယ့် ဒီကိစ္စ ဘော့စ်ကိုလည်း အသိပေးသင့်တယ်ထင်လို့ အကြောင်း ကြားလိုက်တာပါ….”

“ ကောင်းပြီ… ငါ့ကို သုတေသန စင်တာမှာ စောင့်နေ… ခုချက်ချင်း လာခဲ့မယ်…”

“ နားလည်ပါပြီ…”

လင်းရီ ဖုန်းချပြီးနောက် ချောင်ရှင်း မသိစိတ်မှ အလိုအလျောက် မေးမြန်းရင်း “ အစ်ကိုရီရဲ့ ကွန်ပျူတာက အဟက်ခံလိုက်ရတာလား…”

“ ဟက်ခံလိုက်ရတာ ငါ့ကွန်ပျူတာတော့ မဟုတ်ဘူး… စင်တာက ကွန်….”

ထိုနေရာကို ရောက်တော့ လင်းရီ ရုတ်ချည်း စကားပြောရပ်တန့်သွားခဲ့ပြီး ချောင်ရှင်းကို ကြည့်လိုက်၏။

နှစ်ဦးစလုံးမှာ တူညီသည့် အဖြေကို တစ်ပြိုင်တည်း စဉ်းစားမိသွားကြသည်။

“ ခု ဆန်းကြယ်တဲ့ လူက အစ်ကိုရီကို ပစ်မှတ်ထားနေတာ ဖြစ်လောက်တယ်… ညီမနဲ့ ဒါရိုက်တာလီက ဒီတိုင်း ဘေးကနေ မဆီမဆိုင် ရောပါသွားခဲ့တာ…”

စွန်းဖုယွီ၏ ဖုန်းခေါ်ဆိုမှုက လင်းရီအား အဆိုပါ ဖြစ်နိုင်ချေကို အတည်ပြုရန် ပို၍ အားသန်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခု သူက ချောင်ရှင်းတို့နှင့် မတူညီသည့် လယ်ဗယ်တစ်ခု၌ ရှိနေသည်။ ထို့ကြောင့် သူ ထိတွေ့ဆက်ဆံနေသူတို့ကလည်း ခြားနား၏။ ထိုသူများက ယခုလို ပြုလုပ်ရန် အမှန်စင်စစ် စွမ်းပကား ရှိကြသည်။

“ ကောင်းပြီ… မင်းခု အိမ်ပြန်လိုက်တော့… ဒါပေမယ့် အချိန်တစ်ခုလောက်အထိတော့ မင်းတို့ နှစ်ယောက်လုံး အိမ်မှာ မနေကြနဲ့ဦး… ငါမင်းတို့နှစ်ယောက်အတွက် ပန်နီဆူလာဟိုတယ်မှာ ဘွတ်ကင်လုပ်ထားပေးမယ်… အဲ့မှာ အချိန်တစ်ခုလောက်အထိ သွားနေလိုက်…”

“ ဟုတ် အစ်ကိုရီ…”

သတိပေးပြီးနောက် လင်းရီ သုတေသန စင်တာသို့ ထွက်လာခဲ့လိုက်၏။

လင်းရီ ရောက်လာသည်ကို မြင်တော့ စွန်းဖုယွီမှ လာရောက်ကြိုဆိုလေသည်။

“ ဘော့စ်လင်း…”

“ လုံခြုံရေး ဒေတာကို ပြ….”

စွန်းဖုယွီ ဓာတ်ခွဲခန်းထဲရှိ ကွန်ပျူတာကို ဖွင့်ပြီး firewall ထဲရှိ ဒေတာများကို ဆွဲထုတ်လိုက်၏။

အထဲ၌ ဒေတာပေါင်း များမြောင်စွာ တည်ရှိနေသော်လည်း လင်းရီ မျက်လုံးထဲတွင်တော့ အဆိုပါ ဒေတာများက သာမန်သာ။ မည်သည့် ပုံမှန်မဟုတ်သည်တို့မျှ ရှိမနေချေ။

စွန်းဖုယွီ ထိုအထဲမှ တစ်ခုကို ဖွင့်လိုက်၏။ အဆိုပါ ကုတ်တို့မှာ အနည်းငယ် မူမမှန် ဖြစ်ပေါ်နေသော်ငြား ကြီးကြီးမားမား ပြဿနာတော့ ဟုတ်မနေချေ။

“ ဒီရဲ့ ကုတ်က တော်တော်လေးကို မူမမှန်လို့… ဒါကြောင့်မို့ ကျွန်တော် ကော်ပီကူးလိုက်တယ်… ဒီကောင်က drive တစ်ခုလုံးကို အပြည့်အဝ စကန်ဖတ်တဲ့ ထရိုဂျန် ဖိုင်လိုမျိုးပဲ… ကံကောင်းချင်တော့ ကျွန်တော်တို့ရဲ့ firewallက ပိတ်ဆို့မိလိုက်တယ်… ဒါကြောင့်မို့ ဘာမှတော့ ဖြစ်ပျက်မသွားဘူး….”

စက္ကန့် အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းရီမှ “ ဒီ အတောအတွင်း အခြေအနေတွေက နည်းနည်းတော့ ထူးခြားတယ်… ဒီတော့ မင်း လုံခြုံရေးပိုင်းကို သေချာလေး အာရုံစိုက်ထားပေး….”

“ နားလည်ပါပြီ ဘော့စ်…”

ညွှန်ကြားချက်တစ်ချို့ ပေးပြီးနောက် လင်းရီ ရှန်းထျန်းကျိုးထံသို့ မောင်းနှင်လာခဲ့သည်။

လုံရှင်းနှင့် နှိုင်းယှဉ်ရသော် လီတိုဂရပ်ဖီစက် ပရောဂျက်ကသာ အရေးကြီးဆုံး ဖြစ်လေသည်။

လင်းရီ ရောက်လာသည်ကိုမြင်တော့ ရှန်းထျန်းကျိုး ပြုံးလိုက်ပြီး “ မနေ့ညက ဘာပြဿနာမှတော့ မတက်ဘူးမလား…”

လင်းရီ ခါးသီးစွာ ရယ်မောလိုက်ရင်း “ ဒါရိုက်တာရှန်း … ခုက အဲ့ဒီအကြောင်း ပြောရမယ့် အချိန် မဟုတ်သေးဘူးလေ… စင်တာရဲ့ လုံခြုံရေး စနစ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်ဦး… တစ်ယောက်ယောက်များ ဟက်ခ် ဝင်ထားသေးလားလို့…..”

သူထိုသို့ ပြောလိုက်တော့ ရှန်းထျန်းကျိုး၏ အမူအရာမှာ လေးနက်သည့် အသွင်သို့ တစ်မဟုတ်ချင်း ကူးပြောင်းသွားခဲ့တော့၏။

သူလည်း ဤကိစ္စ၏ အကျိုးဆက်များက မည်မျှ ပြင်းထန်လဲဆိုတာကို ကောင်းကောင်းကြီး နားလည်ပေသည်။

အကယ်၍များ တကယ်ကြီး ဟက်ခံလိုက်ရမည်ဆိုပါက ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု အလုံးစုံမှာ သဲထဲ ရေသွန် ဖြစ်သွားပေတော့မည်။

အင်တာနက် ကမ္ဘာကြီးက ဘယ်တော့မှ ငြိမ်းချမ်းတယ်ရယ်ကို မရှိသေးချေ။

ရှန်းထျန်းကျိုး ကွန်ပျုတာဖွင့်၍ ဂရုတစိုက်နှင့် စစ်ဆေးကြည့်လိုက်၏။ အချက်အလက်တိုင်းကို သေချာစစ်ဆေးပြီးနောက် မည်သည့် ပြဿနာကိုမျှ ရှာမတွေ့ချေ။

“ မရှိဘူး..”

လင်းရီ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်မော ချလိုက်သည်။ ဤနေရာ၌ ပြဿနာ မရှိသရွေ့ လင်းယွမ်အုပ်စု၏ အုတ်မြစ်မှာလည်း ထိခိုက်လာနိုင်လိမ့်မည် မဟုတ်ချေ။

“ ဘယ်အချိန်တုန်းက ဖြစ်သွားခဲ့တာ… ဒီရဲ့ ဟွာရှမှာ မင်းကို ပစ်မှတ်ထားရဲတဲ့သူဆိုတာ များများစားစား ရှိလောက်မယ် မထင်ဘူး…”

“ ကျုပ်လည်း ဘာဖြစ်နေမှန်း မသိဘူး… ဒါပေမယ့် ကျုပ်ကို စောင့်ကြည့်နေကြတယ်ဆိုတာတော့ သေချာတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါရိုက်တာရှန်း … ခင်များ အချိန်တစ်ခုလောက်အထိတော့ စင်တာက လုံခြုံရေးအပေါ် မျက်စိဒေါက်ထောက် ကြည့်ထားမှ ဖြစ်မှာ… တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် ကျုပ်တို့ရဲ့ ကြိုးပမ်းမှုတွေက အကုန် အချည်းနှီး ဖြစ်ကုန်လိမ့်မယ်….”

“ ငါနားလည်တယ်.. ဘာမှ စိတ်မပူနဲ့… တခြား ဘာမှ မပြောဝံ့ဘူးဆိုပေမယ့် ဒီလို အသေးအမွှားကိစ္စလေးကတော့ ပြဿနာ မဟုတ်ဘူး..”

လင်းရီ ခေါင်းညိမ့်လိုက်၏။ ဒါရိုက်တာရှန်း၏ အမြော်အမြင်ကြီးမှု အောက်၌ စင်တာက မည်သည့် ပြဿနာတို့မျှ မရှိနိုင်ချေ။

အရည်အချင်းလော။အတွေ့အကြုံလော။ သူက စွန်းဖုယွီထက် တစ်ဆင့်မြင့်မားနေသည်။

ယခုလို ကိစ္စရပ်မျိုးကို ကိုင်တွယ်ရန် အခက်အခဲ မရှိနိုင်ချေ။

“ ဒါဆို ကျုပ်အရင် သွားနှင့်တော့မယ်.. ဒါရိုက်တာရှန်း ပိုက်ဆံလိုတယ်ဆိုရင် လှမ်းပြီး အသိပေးလိုက်..”

“ လောက်ပါတယ်… အဲ့လောက်ထိ ရက်ရောနေစရာ မလိုပါဘူး…” ရှန်းထျန်းကျိုးမှ ပြောလိုက်ပြီး “ ငါ အစက မင်းနဲ့ ပြန်လိုက်ခဲ့တယ်ဆိုတာ မင်းက လူကောင်းဖြစ်နေလို့ပဲ… ဒါပေမယ့် ဒီအတောအတွင်း ဒီမှာ အလုပ်လုပ်ရတာ ပျော်တယ်.. ဒီတော့ မင်းငါ့ကို ပိုက်ဆံ အများကြီးပဲ ပေးပေး… နည်းနည်းလေးပဲ ပေးပေး… ပြဿနာ မရှိတော့ဘူး…”

“ အဲ့လိုတော့ ဘယ်ရမှာ… ကျုပ်ဘက်က ရန်ပုံငွေ လုံလုံလောက်လောက် ထောက်ပံ့ပေးပါ့မယ်လို့ ကတိခံထားတယ်လေ… ကတိဖျက်လို့တော့ ဘယ်ရမှာ…”

ရှန်းထျန်းကျိုး လင်းရီ၏ ပခုံးကို ပုတ်လိုက်ပြီး “ မင်း စကားနဲ့တင် လုံလောက်နေပါပြီကွာ….”

“ ကောင်းပြီ ဒါရိုက်တာရှန်း .. ကျုပ် အရင် သွားနှင့်တော့မယ်…”

“ သွားစို့… ငါမင်းကို လိုက်ပို့ပေးမယ်…. ဆေးလိပ်ထွက်သောက်မှာနဲ့ အတော်ပဲ.……”

ယခုအချိန်ထိ လူပေါင်းများစွာမှ လင်းရီအား ဆေးလိပ် ကမ်းပေးခဲ့သော်လည်း သူ ရှန်းထျန်းကျိုး တိုက်သည့် ဆေးလိပ်ကိုယ်သာ စိတ်လိုလက်ရ လက်ခံဖူးလေသည်။

“ ဟမ်….”

နှစ်ယောက်သား အပြင်သို့ ထွက်လာတုန်း လင်းရီ၏ ခြေလှမ်းတို့ ခေတ္တရပ်တန့်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ တစ်ကြိမ်တစ်ခါမှ မျက်နှာမရင်းနှီးသည့် သူအား မြင်တွေ့လိုက်ရသောကြောင့်ပင်။

ထိုအချိန်တွင် ရှန်းထျန်းကျိုးမှ အဆိုပါ သူစိမ်းအား လက်ဝှေ့ယမ်း ခေါ်လိုက်ပြီး “ ရှောင်ချိုး….ဒီကို ခဏလောက် လာဦးကွာ….”

“ ဆရာရှန်း…”

လင်းရီ ရင်းနှီးသူများထဲတွင် လျန်ရူရွှယ်ကသာ ပရော်ဖက်ဆာရှန်းဟု ခေါ်ဝေါ်လေသည်။

ကျန်သူများကတော့ လေးစားသမှုဖြင့် ဆရာရှန်းဟုသာ ခေါ်ဝေါ်သုံးနှုန်းကြ၏။

“ မင်းကို မိတ်ဆက်ပေးမယ်.. ခု မင်းရှေ့မှာ ရှိတဲ့သူက ငါတို့ သုတေသန စင်တာရဲ့ တည်ထောင်သူ … လင်းရီပဲ… မင်းသူ့ကို ဒါရိုက်တာလင်းဆိုပြီး ခေါ်လို့ရတယ်…”

“ ဟယ်လို ဒါရိုက်တာလင်း….”

ရှန်ထျန်းကျိုးမှ တစ်ဖက်သို့လှည့်လိုက်ရင်း “ သူက ချိုးရွှီချိန်…. လုံရှင်းကနေ ပြောင်းလာခဲ့တဲ့ စီနီယာအင်ဂျင်နီယာ…. သူ့အသက်အရွယ်ကြောင့် အရူးမလုပ်ခံရစေနဲ့… တော်တော်လေး အရည်အချင်း ရှိတယ်…”

“ ချိုးရွှီချိန်….”

လင်းရီ စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ‘ အဲ့တာက ယွမ်ယွမ်ရဲ့ ရည်စားဟောင်းကြီး မဟုတ်ဘူးလား…’

‘ လခွမ်းပဲ… သူ့ရုပ်ရည်က ဒီလိုပုံစံကြီး ဖြစ်နေလိမ့်မယ်လို့ တောင် ထင်မထားဘူး…. သူက ဟော်ယွမ်ယွမ်နဲ့ လိုက်ကို မလိုက်တာ … အိုကေ…’

‘ ဒါတောင် သူမရဲ့ ငွေကြေးအင်အားက မပါသေးဘူး… ကိုယ်လုံးကိုယ်ပေါက်နဲ့တင် ဒီကောင်နဲ့ ဆယ်လမ်းလောက် ခြားနေပြီ….’

“ အင်း…. အကောင်းဆုံး ကြိုးစားကွာ…”

လင်းရီ သာမန် အတိုင်းသာ စကားပြောလိုက်ပြီး ရှန်းထျန်းကျိုးပေးသည့် ဆေးလိပ်ကို လက်ခံရင်း လမ်းဆက်လျှောက်လိုက်၏။

“ ကျုပ် သူ့ကို မှတ်မိပါတယ်… သူ အရင်က လုံရှင်းက မဟုတ်ဘူးလား… ဘာလို့ ဒီကို ရောက်လာခဲ့တာ…”

“ တကယ်တမ်းကျတော့ ငါရယ် ၊ ဒါရိုက်တာစွန်းရယ်… ရှောင်လုရယ် သုံးယောက်သား ထမင်းအတူစားရင်း စင်တာနှစ်ခုရဲ့ လမ်းကြောင်းကို တစ်သီးတစ်သန့် ဆွေးနွေးခဲ့ကြတယ်.. ဒါရိုက်တာစွန်းက ငါ့ဘက်မှာ လူအင်အား မလောက်ဘူး ဆိုတာသိတော့ သူ့ကို အကြံပြုပေးလိုက်တာပဲ… ငါလည်း စစ်ဆေးကြည့်လိုက်တော့ တော်တော်လေး မဆိုးဘူး… ဒါကြောင့် ဒီမှာ နေခွင့်ပြုလိုက်တာ…”

ရှန်းထျန်းကျိုးမှ ဆေးလိပ်ပြာကို တောက်ခါလိုက်ရင်း “ ဘာလို့လဲ… သူ့အပေါ် တခြား အမြင်တွေ ရှိနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ပြောလေ…”

“ ကျုပ်က သူနဲ့လည်း မရင်းနှီးပဲကို ဘာအမြင်ရှိရမှာ…ဒီတိုင်း မေးကြည့်တာပါ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လီတိုဂရပ်ဖီစက်က ကျုပ်တို့ရဲ့ အဓိက လျှို့ဝှက်ပရောဂျက်… ဒီ‌တော့ သဘောတူညီမှု ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမယ်….”

“ မပူနဲ့… ငါနားလည်တယ်… ငါ့ရဲ့ စောင့်ကြည့်မှုအောက်မှာ ဘယ်လိုအချက်အလက်မျိုးကမှ မပေါက်ကြားစေရဘူး…”

All Chapters