မာကျောသော အခွံ့မာသီး
Vol. 9 Ch. 131
လင်းရှန်သည် နေခြောက်စင်းအဆောင်ဓား မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ နားလည်ခဲ့သည်။
နောက်ဆုံးတော့ သူ့မှာလည်း တစ်ခုရှိနေသည်။
အလယ်အလတ်တန်းစားမှော်လက်နက်ကောင်းတစ်ခုသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူ၏ ခွန်အားကို အနည်းဆုံး ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးစေသည်။
လမ်းပြတိုက်ပွဲအတွင်းမှာ ယန်ရှင်းက နေခြောက်စင်းအဆောင်ကို ကိုင်ထားပြီး သူရဲ့ ကျင့်ကြံမှုအဆင့်က ဒုတိယ အဆင့်မှာရှိနေခဲ့ရင်တော့ လင်းရှန်၏ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို အမှန်တကယ် ချိုးဖျက်နိုင်တာ ဖြစ်နိုင်သည်။
လင်းရှန်၏ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာသည် ထိုအချိန်က အစပြုသူအဆင့်တွင်သာရှိသေးပြီး ယန်စွမ်းအား ဝတ်ရုံကဲ့သို့ ခံစစ် မှော်လက်နက်လည်း မရှိသေးပေ။
သို့သော် ယခုအရာများသည် ကွဲပြားသွားသည် ။လင်းရှန်၏တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာသည် ပြီးပြည့်စုံခြင်း အဆင့်ရောက်နေရုံသာမကဘဲ ယန်စွမ်းအား ဝတ်ရုံကိုလည်း ၀တ်ဆင်ထားသည်။ သူ၏ ခံစစ်သည် သာမန်ထက်သာလွန်သည်။
ယန်ရှင်းသည် ယခုထက် တစ်ဆင့် သို့မဟုတ် နှစ်ဆင့် ပိုမြင့်နေလျှင်ပင် သူသည် လင်းရှန်ကို မထိခိုက်စေနိုင်ပေ။
ရင်ပြင်သည် တိတ်ဆိတ်နေ၏။
လူတိုင်းက အိပ်မက်ထဲ ရောက်သွားသလို ခံစားကြရသည်။ သူတို့ အသိပြန်ဝင်ဖို့ အချိန်အတော်ကြာခဲ့သည်။ စင်မြင့်ပေါ်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူတို့ အသက်ရှုကြပ်သွားကြသည်။
သူတို့ ဘာမြင်ခဲ့တာလဲ
လင်းရှန်သည် သူ၏ကိုယ်ခန္ဓာနှင့် ထိပ်တိုက်ထိတွေ့သော နေခြောက်စင်းအဆောင်ဓား၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိခဲ့ပြီး အဲ့တာက အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
မယုံနိုင်စရာပပဲ
"ငါမြင်နေတာတွေက ဟုတ်ရော ဟုတ်လား”
"အဲ့တာက နေခြောက်စင်းအဆောင်ဓားပဲ ၊ သူ့ခန္ဓာကိုယ်နဲ့ ခုခံနိုင်ပါ့မလား”
"သူဟာ ခံစစ် မှော်လက်နက်တစ်မျိုးကို ဝတ်ဆင်ထားတာလား"
"အဲ့တော့ရော ဘာဖြစ်လဲ။ ယန်စွမ်းအား ဝတ်ရုံကို ၀တ်ထားရင်ရော နေခြောက်စင်းအဆောင်ဓားကို တားဆီးရဲမှာလား”
“ မျက်နှာချင်းဆိုင်တောင်မှလေ”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
သူတို့ရှေ့က မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ယန်ရှင်းစိတ်သည်လည်း လွတ်သွားသည်။
"ဟင် ဘယ်လိုဖြစ်နိုင်မှာလဲ”
ယန်ရှင်းသည် သူ့လက်ထဲတွင်ရှိသော ဓားရှည်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူ့ခေါင်းတွေ တုန်လှုပ်သွားပြီး စိတ်လွတ်သွားသလို ခံစားလိုက်ရသည်။
သူနားမလည်နိုင်ခဲ့ပေ။
ဤသည်မှာ နေခြောက်စင်း အဆောင်ဓားဖြစ်သည်။
အားကောင်းသည့် အလယ်အလတ်တန်းစားမှော်လက်နက်တစ်ခုပင်။
လင်းရှန်သည် နေခြောက်စင်း အဆောင်ဓား၏ ခွန်အားအပြည့်နဲ့ တိုက်ခိုက်ခြင်းကို ဒဏ်ရာမရဘဲ ဟန့်တားနိုင်ဖို့အတွက် သူ၏ခန္ဓာကိုယ်ကို ဘယ်လိုတောင် အသုံးပြုရဲတာလဲ”
ယန်ရှင်းက ခေါင်းမော့ပြီး လင်းရှန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူ့မျက်နှာက ယုံကြည်မှုမရှိတော့ဘဲ ထိတ်လန့်မှု၊စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ လင်းရှန်က သူ့သံသယတွေကို ရှင်းပြဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက တောက်ပစွာ ပြုံးလိုက်ပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
တခဏချင်းမှာပဲ ပေါက်ကွဲသံကြီး ထွက်လာသည်။ ယန်ရှင်းသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ အဝေးကို လွင့်ပျံသွားပြီး
မြေကြီးပေါ်သို့ လဲကျသွားသည်။ သူ့တစ်ကိုယ်လုံး ပြုတ်ထားတဲ့ ပုဇွန်လို နီရဲနေသည်။
အရည်ပျော်ခြင်း ပြီးပြည့်စုံခြင်းအဆင့်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။
ယန်စွမ်းအား ဝတ်ရုံသည် တောက်လောင်နေသော အင်အားအများစုကို ချေမှုန်းနိုင်သော်လည်း ကျန်အင်အားမှာ ပြင်းထန်နေတာကြောင့် ယန်ရှင်းက ဒဏ်ရာရခဲ့သည်။
ပြင်းထန်သော နာကျင်မှုက သူ့မျက်နှာကို မဲ့ရွဲ့သွားစေပြီး မျက်လုံးများ ထွက်
လုမတတ် ဖြစ်သွားသည်။ ခေါင်းကို ဘေးသို့ မစောင်းမီ အကြိမ်အနည်းငယ် လှုပ်ခါပြီး မေ့လဲသွားသည်။
လင်းရှန်က သူ့လက်ဖဝါးကို ဖြည်းညှင်းစွာ ချလိုက်သည် ။ သူ့အကြည့်တွေက
မြေပြင်ပေါ်သို့ ကျသွားသော နေခြောက်စင်းအဆောင်ဓားဆီ ရောက်သွားပြီး အနည်းငယ်နောင်တရသွားသည်။
အားလုံးက စောင့်ကြည့်နေတာကြောင့်သာ မဟုတ်ရင် ဒီနေခြောက်စင်းအဆောင်ဓားကို ကျေနပ်စွာ လက်ခံမိမှာပင်။
ဓား.. အဲ့တာက သူ့ကိုယ်ပွါးသုံးဖို့ သင့်တော်သည်။
ကိုယ်ပွါးငါးယောက်လုံးသာ နေခြောက်စင်းအဆောင်ဓားများကို ကိုင်ဆောင်ထားလျှင် ထိုမြင်ကွင်းသည် အံ့သြဖွယ်ကောင်းပေလိမ့်မည်။
သို့သော် လင်းရှန်သည် ချက်ချင်းပင် အသိပြန်ဝင်လာကာ ခေါင်းယမ်းလိုက်သည်။
သူသည် သတ်ဖြတ်မှုနှင့် စစ်ပွဲ၏ လုယူမှုများကို စွဲလန်းနေမိတာလား။ ဒါကို သူဘာလို့ အခုမှ တွေးနေတာလဲ။
လင်းရှန် အတွေးများ ပျံ့လွင့်နေချိန်တွင် စင်မြင့်တစ်ဝိုက်မှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဖြစ်သည်။
ပြိုင်ပွဲ၏ရလဒ်သည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။
ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်တွင်ရှိပြီး နေခြောက်စင်းအဆောင်ဓားကဲ့သို့ မှော်လက်နက်ကို ရရှိထားသော ယန်ရှင်းသည် လင်းရှန်၏ ပြိုင်ဘက် ဖြစ်မလာနိုင်ဘူးဟု မျှော်လင့်မထားကြပေ။
လူအုပ်ထဲမှာတော့
သွမ်ဟောင်နဲ့ ချန်ရှီဖမ်းတို့သည် ကြောက်ရွံ့နေသော အရိပ်အယောင်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
“မင်းပြောတာမှန်တယ်။ လင်းရှန်က သူ့အစွမ်းအစကို ဖုံးကွယ်ထားတာ”
ချန်ရှီဖမ်းက တံတွေး မျိုချလိုက်ပြီး စိတ်မကောင်းဖြစ်နေပုံရသည်။
ကံကောင်းထောက်မစွာပဲ သူသည် သွမ်ဟောင်စကားကို နားထောင်ပြီး လင်းရှန်၏ ခွန်အားကို စမ်းသပ်ဖို့ ယန်ရှင်းကို အရင်စင်ပေါ်တက်ခွင့်ပေးခဲ့သည်။ မဟုတ်ရင် သူက မြေကြီးပေါ်မှာ လဲလျောင်းနေရတာ ဖြစ်
နိုင်သည်။
သွမ်ဟောင်လည်း အနည်းငယ်ကံကောင်းသွားသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။
“လင်းရှန်က ကြာရှည်စွာ အသက်ရှုခြင်း စတုတ္ထအဆင့်ကို ကျော်လွန်သွားခဲ့ပြီ ။ သူ့ရဲ့
ကိုယ်ခံပညာအောင်မြင်မှုတွေနဲ့ဆို ငါတို့မပြောနဲ့၊ ကြာရှည်စွာ အသက်ရှုခြင်း ပဉ္စမအဆင့် တပည့်တစ်ဦးတောင် သူ့ပြိုင်ဘက်မဖြစ်
နိုင်ဘူး ။ ဒီတစ်ခါပဲ ငါတို့ စွန့်လွှတ်ရမဲ့ပုံပဲ”
ချန်ရှီဖမ်းက မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
သူတို့က ယန်ရှင်းလို စိတ်ပျက်စရာ မဖြစ်ချင်ပေ။
"...တကယ်တော့ ငါသိသင့်တယ်”
ယန်ကျုံးရီက စုနျန်ကို စိုက်ကြည့်လျက် သက်ပြင်းချသည်။
“လင်းရဲ့ကိုယ်ရည်ကိုယ်သွေးအရ အေးအေးဆေးဆေးနေနေပုံထောက်ရင် သူက ပွဲအတွက် ယုံကြည်မှုရှိရမယ်။ အဲဒါကို တွေးကြည့်တော့ ငါတို့က သူ့အတွက် စိုးရိမ်နေမိတာပဲ။”
စုနျန်က အာရုံတွေပြန်ရလာပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။
စာမေးပွဲကြီးတွင်ဖြစ်စေ၊ လမ်းပြတိုက်ပွဲတွင်ဖြစ်စေ လင်းရှန်သည်
တုန်လှုပ်စရာကောင်းသော ခွန်အားကို ပြသခဲ့သည်။
တကယ်တော့ သူတို့က ဒါကို မျှော်လင့်ထားသင့်သည်။ အခြားသူများအနေနဲ့ အဆင့်တစ် အဆင့် သို့မဟုတ် နှစ်ဆင့်ကို သုံးလအတွင်း တိုးတက်တာက လျင်မြန်သောတိုးတက်မှုဟု ယူဆထားကြသည်။
သို့သော် လင်းရှန်လို တစ်စုံတစ်ယောက် အတွက် အဆင့်တစ်ခု သို့မဟုတ် နှစ်ခုသည် အစဖြစ်နိုင်သည်။
ဒီလူကို သာမန်အသိနဲ့ တိုင်းတာလို့ မရပေ။
ဆရာ ထိုင်ခုံမှာတော့
ခယ်ယာသည် လင်းရှန်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး မချမီ အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။
“ဆရာ စစ်က တော်တော် ဉာဏ်ကောင်းတယ်…”
ဤအချိန်တွင် ပိုင်းခြားသောမျက်လုံးရှိသူတိုင်းက လင်းရှန်သည် အနက်ရောင်တပည့်အဆင့်ကို သေချာပေါက် ထိန်းထားနိုင်မည်ဟု ပြောနိုင်သည်။
သူတို့မှန်သည်။
စိန်ခေါ်မှုကို လက်ခံကျင်းပတဲ့ လက်ထောက်က တုန်လှုပ်သွားရာမှ အသိဝင်လာပြီး ဘယ်သူက လင်းရှန်ကို စိန်ခေါ်ချင်သေးလဲဟု မေးလိုက်သည်။ အားလုံး နှုတ်ဆိတ်သွားကြသည်။
သူက ဘယ်သူတွေကို နောက်နေတာလဲ။
ဘယ်သူမှ ဒီလိုလုပ်မှာ မဟုတ်ပေ။
လင်းရှန်သည် လွယ်ကူသောပစ်မှတ်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ၎င်းကိုကြည့်
ခြင်းအားဖြင့် သူသည် မာကျောသောအခွံ့မာသီးဖြစ်ကြောင်း ထင်ရှားသည်။ သူ့အရိုးတွေက သံမဏိတွေလို မာကျောသည်။
အဲဒီလို ပြိုင်ဘက်ကို စိန်ခေါ်တာဟာ အရည်အသွေးအမှတ်တွေ အလကားပေးလိုက်ရတာနဲ့ ဘာမှမထူးပေ။
ထို့ကြောင့် စိန်ခေါ်သူအားလုံး လက်လျှော့လိုက်ကြသည်။