← Chapters

မာကျောသော အခွံ့မာသီး

Vol. 9 Ch. 132

မာကျောသော အခွံ့မာသီး

Vol. 9 Ch. 132

ဒါကို လင်းရှန်မြင်လိုက်တော့ ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ ဖြစ်နိုင်ရင် သူ့ပုံစံကို ထိန်းသိမ်းထားသင့်သည်။ သူ့အစွမ်းသတ္တိကို ဖုံးကွယ်ပြီး အရည်အသွေးအမှတ်တွေရဖို့ နောက်လူတွေစင်ပေါ် တက်လာအောင် လှည့်စားသင့်တာမလား။

"ထားလိုက်ပါ၊ ဒီလူတွေက အရူးတွေ မဟုတ်ဘူး၊ ငါက နှစ်ယောက်လောက် ကိုပဲအများဆုံး လှည့်စားနိုင်လိမ့်မယ်။ အဲဒါက အားထုတ်ရကျိုးနပ်မှာ မဟုတ်ဘူး။"

လက်ထောက်၏ အချက်ပြမှုတွင် လင်းရှန်ကလှည့်ကာ စင်မြင့်မှ ထွက်သွားသည်။

"မင်း ငါတို့ကို လျှို့ဝှက်ထားပြန်ပြီ”

လူအုပ်ထဲပြန်ရောက်တာနဲ့ ယန်ကျုံးရီက လင်းရှန် ပုခုံးကို လက်သီးနဲ့ထိုးလိုက်သည်။

လင်းရှန်က ပြုံးပြီး "ဒါက ပြဿနာမဟုတ်ဘူးလို့ ငါအမြဲပြောဖူးတယ်လေ”

ယန်ကျုံးရီက စဉ်းစားပြီး သဘောတူလိုက်သည်။ လင်းရှန်က လူတိုင်းကို ထိတ်လန့်စေချင်ပြီး အဲ့တာကိုလည်း သူတကယ်လုပ်ခဲ့တာပင်။

"ဂုဏ်ယူပါတယ် လင်းရှန်” စုနျန်က ပြုံးပြီးပြောသည် ။

လင်းရှန်း ပြုံးလိုက်သည်။ "နောက်မှ ထပ်

ဂုဏ်ပြုပေးဦး။"

ထိုစကားများကြောင့် ယန်ကျုံးရီနဲ့ စုနျန် နှစ်ယောက်စလုံးက အံ့သြသွားကြသည်။

သို့သော်လည်း လင်းရှန်က ဆက်လက်ရှင်းပြခြင်းမရှိပေ။ သူက ပြုံးပြီး စင်မြင့်ကို ကြည့်နေသည်။

အနက်ရောင်အဆင့်တပည့် စိန်ခေါ်မှုက ဆက်လက် ရှိနေသည်။

တစ်ချိန်တည်းမှာပဲ

စင်မြင့်၏ မြောက်ဘက်ရှိ မြေကမ္ဘာအဆင့် တပည့်များစုဝေးရာ နေရာမှာတော့

အိုက်ကျင့်ထင်၊ ပိုင်ရှောင်ထုံနဲ့ ကျန်းဝေ့ရုန်တို့သည် တဖြည်းဖြည်း အာရုံပြန်ရလာကြသည်။

"ဒါ အံ့ဩစရာပဲ”

ပိုင်ရှောင်ထုံ၏ မျက်လုံးများက တောက်ပလာသည်။

“လင်းရှန်က နေခြောက်စင်းအဆောင်ဓားကို ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်မထားဘူး။ သူက အရမ်းသန်မာတာပဲ”

ကျန်းဝေ့ရုန်က အံ့အားသင့်စွာ ခေါင်းညိတ်လိုက်သည်။

"လင်းရှန်က အတော်လေး အစွမ်းထက်တဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာတစ်မျိုးကို ကျင့်ကြံထားတယ်လို့ ကြားသိရတယ်။ ကြည့်ရတာတော့ ကောလဟာလတွေက အမှန်တွေပဲ။ သူက နေခြောက်စင်း အဆောင်ဓားကိုတောင် ခံနိုင်ရည်ရှိတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှု ကိုယ်ခံပညာက ကြက်သွေးရောင် တိမ်တိုက် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုထက် ပို အားကောင်းတယ်”

အိုက်ကျင့်ထင်ကဲ့သို့ အေးဆေးနေတတ်သော တစ်စုံတစ်ယောက်ပင်လျှင် အံ့သြသွားရသည်။

သူမသည် နိုင်ယန်းကျောင်းတွင် သုံးနှစ်ကျော်နေခဲ့သော်လည်း လင်းရှန်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ကို မမြင်ဖူးပေ။

ယန်တောင်က အိုက်ကျင့်ထင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရတော့ မနာလိုစိတ်ဖြင့် လှောင်ပြောင်လိုက်သည်။

“လင်းရှန်မှာ ခုခံဖို့ မှော်လက်နက်တစ်ခုခုရှိရမယ်”

“မဟုတ်ရင် သူ့ကိုယ်ခန္ဓာနဲ့ အလယ်အလတ်တန်းစား မှော်လက်နက်ကို ဘယ်လိုခုခံနိုင်မလဲ။ ကောင်းကင်အဆင့် တပည့်တောင်မှ အဲဒီလို မလုပ်နိုင်ဘူး။”

ပိုင်ရှောင်ထုံနဲ့ ကျန်းဝေ့ရုန်တို့သည် ဘာစကားမှ မပြောနိုင်ကြပေ။ သူတို့က ကြည့်သာ ကြည့်နေကြသည်။

ခုနကပြောသလိုပဲ လင်းရှန်က ခုခံမှုမှော်လက်နက်ကို ဝတ်ထားတယ်ဆိုတဲ့စကားကို ဘာမှ ပြန်မပြောဘဲ ပါးစပ်ပိတ်ထားရင်တောင် ရင်ထဲမှာတော့ စကားပြန်ပြောမိကြမည်ပင်။

သူပြောခဲ့သည့်အတိုင်းပင် လင်းရှန်သည် ယန်စွမ်းအား ဝတ်ရုံကဲ့သို့ ခုခံကာကွယ်နိုင်သော မှော်လက်နက်ကို ၀တ်ဆင်ထားသော်လည်း နေခြောက်စင်း အဆောင်ဓားဆီကနေ မထိမခိုက်အောင် တားဆီးနိုင်ခဲ့တာကပင် အလွန် စွဲမက်ဖွယ်ကောင်းနေပြီဖြစ်သည်။

ယန်တောင်က အဲ့တာကို မကြိုက်ရင် သူကိုယ်တိုင် လုပ်နိုင်အောင် ကြိုးစားကြည့်လို့ ရသည်။

သို့သော်လည်း ယန်တောင်သည် လင်းရှန်အပေါ် မလိုမုန်းတီးမှုများ ရှိနေကြောင်း သူတို့နှစ်ဦးလည်း သိထားတာကြောင့် သူတို့ဘာပြောပြော သူက စိတ်ပြောင်းသွားမည်မဟုတ်ပေ။ ထို့ကြောင့် တိတ်တိတ်သာနေခဲ့ကြသည်။

အိုက်ကျင့်ထင်သည် ယန်တောင်ကို စိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ယန်ထောင်အတွက် ခံစားချက်တစ်စုံတစ်ရာမရှိသော်လည်း အနည်းဆုံးတော့ သူသည် နှိမ့်ချတတ်ကာ တည်ငြိမ်ပြီး ကြီးမြတ်သည်ဟု သူမခံစားခဲ့ရသည်။

သို့သော် ယခုတော့ သူမသည် သူ့ကို အထင်မှားနေပုံရသည်။

ယန်တောင် အတိတ်တွင်ပြသခဲ့သော နှိမ့်ချမှုနှင့် ကြီးကျယ်မှုတို့သည် သူ၏ခွန်အားနှင့် မိသားစုနောက်ခံကြောင့် ဖြစ်ပေါ်လာသော သာလွန်မှုအပေါ်

တည်ဆောက်ထားသည်။

သူ့ထက် နိမ့်ကျတဲ့သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့ ကြီးပြင်းလာမှုကို ပြသဖို့အတွက် နှိမ့်ချပြီး ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ကို ဆောင်နေတတ်သည်။

သို့သော် သူ့မိသားစုနောက်ခံကို ဂရုမစိုက်ဘဲ သူ့ထက် အရည်အချင်းပိုရှိသူနှင့် တွေ့ဆုံသောအခါတွင် သူ၏ ဟန်ဆောင်မှုက ပျက်ပြားသွားကာ အမြင်ကျဉ်းမြောင်းသော သဘောသဘာဝ ပေါ်လာသည်။

ဒီလိုလူနဲ့ ပေါင်းသင်းဆက်ဆံဖို့ မထိုက်တန်ဘူးဆိုတာ သိသာသည်။

"ဝိညာဉ်မီးတောက်ဆေးလုံးတွေကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးနီးပါးကို ငါစုဆောင်းပြီးပြီ။ ဝိညာဉ် မီးတောက်ဆေးလုံးကို သန့်စင်တဲ့ အတောအတွင်း သူအကူအညီပေးတာတွေကို ကျေးဇူးတင်တဲ့အနေနဲ့ သူ့ကို တစ်လုံးပေးလိုက်မယ်။ အဲဒါပြီးရင် သူနဲ့ ခပ်ဝေးဝေးမှာ နေတော့မယ်။"

အိုက်ကျင့်ထင်က သူမဘာသာ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ယန်တောင်ကတော့ သူကြိုက်တဲ့ ကောင်မလေးက သူ့ကို ထုတ်ပယ်လိုက်ပြီဆိုတာ မသိပေ။ သူသည် လင်းရှန်ကို ဆက်လက်ဝေဖန်ခဲ့သည်။

“ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာ နည်းစနစ်တွေကို ကျင့်ကြံတာက အခက်ခဲဆုံးပဲ၊ ဒါပေမဲ့ အလယ်အလတ် ဒါမှမဟုတ်အဆင့်မြင့် ခံစစ်အသွင်ဆောင်တဲ့လက်နက်တစ်ခုလောက်ကကို ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှု ကိုယ်ခံပညာများစွာနဲ့ ယှဉ်လို့ရပြီ။ ပြီးတော့ ကိုယ်ခံပညာကို ဘယ်လောက်ကောင်းကောင်း ကျင့်ကြံနေပါစေ ၊အဲ့တာက အသုံးမဝင်ဘူး။ နောက်ဆုံးတော့ သူတို့က အမှန်တကယ် အစွမ်းထက်တဲ့ မှော်လက်နက်ကို မခံနိုင်ကြဘူး”

"လင်းရှန်က နေခြောက်စင်းအဆောင်ဓားကို တားဆီးနိုင်ပေမယ့်

နေကိုးစင်းအဆောင်ဓားကို တားဆီးနိုင်ပါ့မလား။"

ပိုင်ရှောင်ထုံနဲ့ ကျန်းဝေ့ရုန်က မျက်လုံးပြူးသွားသည်။

အဲဒီလိုဆိုရင် ဘယ်သူမှ ကိုယ်ခံပညာကို ကျင့်ကြံဖို့ မလိုတော့ပေ။ ဘယ်သူမှာ မှော်

လက်နက်တွေ ပိုရှိလဲပဲ ယှဉ်ပြိုင်တော့မှာပင်။

သူတို့က အကျယ်ကြီးတော့ မပြောပေ။

အိုက်ကျင့်ထင်ကဲ့သို့ပင် သူတို့နှစ်ဦးသည် ယန်တောင်က အမြင်ကျဉ်းသောစိတ်ကို ဖုံးကွယ်ထားသည်ကို သဘောပေါက်လိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် ယန်တောင်က သူတို့ထက် အဆင့်တစ်ဆင့်မြင့်ပြီး သြဇာရှိတဲ့ မိသားစုက ဆင်းသက်လာတဲ့ မြေကမ္ဘာအဆင့် တပည့်

တစ်ယောက်ပင်။အသေးအမွှားလေးနဲ့ ဒီစီနီယာအစ်ကိုကို မစော်ကားချင်ကြပေ။

ပိုင်ရှောင်ထုံနဲ့ ကျန်းဝေ့ရုန်တို့ နှုတ်ဆိတ်နေကြတာကို သူ့စကားတွေကြောင့် ပြောစရာမရှိဖြစ်နေသည်ဟု ယန်တောင်က တွေးလိုက်မိသည်။ ချက်ချင်းပင် သူက ပို၍ ညစ်ပတ်လာသည်။

မြင့်မားသော စင်မြင့်ပေါ်တွင်

တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် တက်ပြီး ဆင်းလာကြသည်။

စိန်ခေါ်မှုကို အောင်နိုင်သူတွေကတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ တောက်ပစွာ ပြုံးနေကြသည်။

စိန်ခေါ်မှုကို ကျရှုံးသူတွေ၊ ဒါမှမဟုတ် အဆင့်ကျတဲ့သူတွေကတော့ စိတ်ပျက်အားငယ်နေပုံရသည်။

နေ့ခင်းဘက်တွင် အနက်ရောင်အဆင့်တပည့်စိန်ခေါ်မှု ပြီးဆုံးခဲ့သည်။

အနက်ရောင်အဆင့် တပည့် ၅၀ ကျော်ကို စိန်ခေါ်ခဲ့သည်။

၎င်းတို့အနက် သုံးပုံနှစ်ပုံကျော်သည် ၎င်းတို့၏ အဆင့်များကို ထိန်းထာရနိုင်သည်။

ကျန်တစ်ဒါဇင်လောက်ကတော့ အနက်ရောင်အဆင့်တပည့်များအဖြစ် နေရာပျောက်ခဲ့ပြီး အဝါရောင်အဆင့်တပည့်များအဖြစ်သို့ ပြန်ရောက်သွားကြသည်။

စိန်ခေါ်မှုတွင် အောင်မြင်ခဲ့သော တပည့်များထဲတွင် သွမ်ဟောင်နဲ့ ချန်ရှီဖမ်းတို့လည်း ပါသည်။

အဆင့်စိန်ခေါ်မှုက အလယ်တွင် ခေတ္တရပ်ထားခြင်းမရှိပေ။ ဒီမှာရှိတဲ့လူတွေအားလုံးဟာ သန်မာတဲ့ ကျင့်ကြံသူတွေပေ။ ထမင်းတစ်နပ် မစားရတာက သူတို့ကို ထိခိုက်စေမှာမဟုတ်ပေ။ ထို့ကြောင့် အနက်ရောင်အဆင့် တပည့်စိန်ခေါ်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် မြေကမ္ဘာအဆင့် တပည့်စိန်ခေါ်မှုကို ချက်ချင်းစတင်ခဲ့သည်။

ယခင်အဆင့်နှစ်ခုနှင့် နှိုင်းယှဉ်ပါက မြေကမ္ဘာအဆင့် တပည့်စိန်ခေါ်မှုတွင် ပါဝင်သူအရေအတွက်မှာ အလွန်နည်းပါးသည်။

နောက်ဆုံးမှာတော့ အနက်ရောင်အဆင့်တပည့်က နှစ်ရာမျှသာ ရှိသည်။

အဆင့်မြင့်တက်လာသောသူတို့သည် တိတ်တဆိတ်ဝမ်းမြောက်ကြ၏။

နောက်ဆုံးမှာတော့ ၎င်းတို့၏ အနက်ရောင် တပည့်အဆင့်များကို ထိန်းထားနိုင်သူများသည် ကံကောင်းသည်ဟု ခံစားရပြီး မည်သူ့ကိုမျှ စိန်ခေါ်ရန် ရည်ရွယ်ချက်မရှိပေ။

မြင့်မားသောအဆင့်များကို စိန်ခေါ်ဖို့အတွက်လုံလောက်သော ခွန်အားမရှိဘူးဟု ယူဆသူများလည်း ရှိခဲ့သည်။

မြေကမ္ဘာအဆင့် တပည့်တစ်ဦးကို စိန်ခေါ်ရန် အမှန်တကယ် သတ္တိနှင့် ခွန်အားရှိသူက

တစ်ဒါဇင်ခန့်သာ ရှိသည်။

သူတို့တွေက အနိုင်ရသူမရှိခင်မှာ အချိန်အတာ်ကြာ တိုက်ပွဲဝင်ရလေ့ရှိသည်။

ဆယ့်လေးကြိမ်မြောက် စိန်ခေါ်မှု ပြီးဆုံးချိန်မှာတော့ ကောင်းကင်ကြီးက အဝါရောင်ဖျော့ဖျော့ ဖြစ်နေပြီပင်။

တာဝန်ခံ လက်ထောက်က ကောင်းကင်ကို မော့ကြည့်ပြီး စကားသံထွက်လာသည်။

“တခြားတပည့်တွေရောစိန်ခေါ်ချင်သေးတာလား”

ဤသို့ပြောသည်နှင့်အမျှ လက်ထောက်သည် ယနေ့အဆင့်စိန်ခေါ်မှု

၏အဆုံးသတ်ကိုကြေငြာရန်ပြင်ဆင်ထားပြီးဖြစ်သည်။

သူ့အတွေ့အကြုံအရ စိန်ခေါ်သူတွေ ကုန်လုနီးပါး ဖြစ်နေသည်။

ထိုအချိန်တွင် မထင်မှတ်ပဲ အေးဆေးတည်ငြိမ်တဲ့ အသံတစ်ခု ထွက်လာသည်။

“ကျွန်တော် စိန်ခေါ်ချင်ပါတယ်”

နောက်အခိုက်အတန့်မှာတော့ လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသကဲ့သို့ ရုပ်ပုံလွှာတစ်ခုက မြင့်မားသောစင်မြင်မှာ ပေါ်ထွက်လာသည်။

ပရိတ်သတ်က ဘယ်သူလဲ ဆိုတာမြင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"လင်းရှန်”

“သူက မြေကမ္ဘာအဆင့် တပည့်တစ်ယောက်ကို စိန်ခေါ်ချင်တာလား”

"သူရူးနေတာလား? အနက်ရောင်အဆင့်တပည့်ဖြစ်တာ ဘယ်လောက်ကြာသေးလို့လဲ။”

စင်မြင့်သည် ချက်ချင်းပင် ဆူညံလာသည်။ လင်းရှန်၏ ရုတ်တရတ် လုပ်ရပ်ကြောင့် လူတိုင်း ထိတ်လန့်သွားပြီး ချက်ချင်းဆွေးနွေးကြသည်။

လင်းရှန်သည် ယန်ရှင်းကို ခဏလေးအတွင်း အနိုင်ယူခဲ့ပြီး မထင်မှတ်ထားသော ခွန်အားကို ပြသထားကာ အနက်ရောင်အဆင့် တပည့်တစ်ဦးအဖြစ် သူ့နေရာကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်မှာ အလွန်အံ့သြစရာပင်။

ဒါကို မကျေနပ်သေးဘဲ မြေကမ္ဘာအဆင့် တပည့်တစ်ယောက်ကို စိန်ခေါ်ချင်နေတယ်လို့ ဘယ်သူထင်မှာလဲ။

သူ သိပ်ယုံကြည်မှု ရှိလွန်းနေတာတော့ မဟုတ်ဘူးမလား?

လင်းရှန်သည် ကျောင်းတွင် သုံးလသာရှိသေးသည်။

ခဏလောက်ကြာတော့ တပည့်တော်တော်များများက လင်းရှန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။

ယန်ကျုံးရီနဲ့ စုနျန်တို့လည်း ထိတ်လန့်သွားကြသည်။

သူတို့နှစ်ဦး မတုံ့ပြန်မီတွင် လင်းရှန်က စင်မြင့်ပေါ်သို့ တက်နေပြီဖြစ်သည်။

“နောက်မှ ဂုဏ်ပြုပေးပါ” ဟူသော လင်းရှန်၏ ဆိုလိုရင်းကို သူတို့ နားလည်သွားသည်။

သူသည် မြေကမ္ဘာအဆင့် တပည့်တစ်ဦးကို စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည် ။

“အဲဒါ လင်းပဲ။ သူက ငါတို့ကို အချိန်တိုင်း သေလုမတတ် လန့်အောင် လုပ်တယ်

၊ တကယ် မယုံနိုင်စရာပဲ” ယန်ကျုံးရီက သက်ပြင်းချလိုက်သည်။

စုနျန်သည် တစ်စုံတစ်ရာကို မပြောမီ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

အချိန်အတော်ကြာ စကားမပြောနိုင်ပေ။

ဒီလူငယ်လေးဟာ အချိန်တိုင်း မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ လုပ်ခဲ့သည်။

"မင်း အဲဒါကို လုပ်တော့မှာပဲ”

အခြားတစ်ဖက်မှာတော့

ဆရာတွေလည်း အံ့ဩသွားသည်။

လင်းရှန် ဒီလိုလုပ်မယ်လို့ မျှော်လင့်မထားပေ။

ခယ်ယာသည် စင်မြင့်ပေါ်မှ လင်းရှန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေပြီး အတော်ကြာသည်အထိ စကားမပြောနိုင်ပေ။

ဒီလူငယ်လေးဟာ အချိန်တိုင်း မထင်မှတ်ထားတဲ့ လုပ်ရပ်တွေ လုပ်တတ်သည်။

ဒုတိယအကြိမ်မြောက် စင်ပေါ်မှာရှိနေပြီဖြစ်တဲ့ လင်းရှန်ကိုကြည့်ရင်း လက်ထောက်က အနည်းငယ် အံ့ဩသွားသည်။ သူ မပြောခင် ခဏလောက် ထိတ်လန့်သွားပြီး

"မင်းက မြေကမ္ဘာအဆင့် တပည့်တစ်ယောက်ကို စိန်ခေါ်ချင်တာ သေချာလား"

“ဟုတ်ကဲ့။” လင်းရှန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းဘယ်သူကို စိန်ခေါ်မှာလဲ"

လင်းရှန်သည် ခပ်ဖျော့ဖျော့ပြုံးကာ စင်မြင့်၏ မြောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အနက်ရောင်အဆင့် တပည့် လင်းရှန်က မြေကမ္ဘာအဆင့် တပည့် ယန်တောင်ကို စိန်ခေါ်ချင်ပါတယ်”

သူ၏ ရှင်းလင်းသော အသံသည် ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကျန်းဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့ပါ အံသြသွားကြသည်။ သူတို့က ပါးစပ်အဟောင်းသားနဲ့ မြေကြီးပေါ်မှာ အမြစ်တွယ်သလို ရပ်နေကြသည်။

ခဏအကြာတွင် သူတို့နှစ်ဦး အသိပြန်ဝင်လာပြီး ယန်တောင်ကို လှည့်ကြည့်လိုက်သည်။ စီနီယာ အကိုယန်က သွားတွေ ကြိတ်နေပြီဆိုတာ သူတို့ သဘောပေါက်သွားပြီး သူ့အမူအရာက ရေတွေစီးကျလာတော့မဲ့အတိုင်း မဲမှောင်

နေသည် ။

All Chapters