အဆင်မပြေမှုက မြန်မြန်ရောက်လာသည် (၁)
Vol. 9 Ch. 133
"မာနကြီးတဲ့ကောင်ပဲ”
ယန်တောင်သည် သူ့သွားများကို အံကြိတ်ကာ စင်မြင့်ပေါ်ရှိ လင်းရှန်ကို စိုက်ကြည့်ရင်း နဖူးပေါ်ရှိ သွေးကြောများ တင်းမာ ထွက်လာသည်။
လင်းရှန်သည် မြေကမ္ဘာအဆင့် တပည့်တစ်ဦးကို စိန်ခေါ်ရဲရုံသာမက သူ့ကိုပါ စိန်ခေါ်လိုသည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
လင်းရှန်က သူ့ကို လုံးဝ လျှော့တွက်နေသည်။
"ငါ့ကို လွယ်လွယ်နဲ့ ပစ်မှတ်ထားလို့ရတယ်လို့ မင်းထင်နေတာလား။"
ယန်တောင်သည် အေးစက်စွာ အော်ဟစ်
လိုက်ပြီး မြင့်မားသော စင်မြင့်ဆီသို့ လျှောက်သွားသည်။
သူ့နောက်မှာတော့ ပိုင်ရှောင်ထုံနဲ့ကျန်းဝေ့ရုန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်နေသည်။
"လင်းရှန်က ဘာလို့ စီနီယာအကိုယန်ကို စိန်ခေါ်တာလဲ"
"မသိသာဘူးလား? ဖီရွန်တောင်က ကိစ္စမပြောနဲ့၊ လင်းရှန်က ယန်မိသားစုနဲ့တောင် ပဋိပက္ခများစွာရှိနေပြီးသားလေ ။ယန်ရှင်းကလည်း အခုထိ သတိမရသေးဘူး”
"ဟုတ်တယ်…"
နှစ်ယောက်သား တိုးတိုးလေး ပြောနေသည်။
အိုက်ကျင့်ထင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ရှိနေသည်။ လင်းရှန်၏ လုပ်ဆောင်ချက်များသည် သူမမျှော်လင့်ထားသည်ထက် များစွာကျော်လွန် သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ယန်တောင်က မြင့်မားသော စင်မြင့်ပေါ်သို့ တက်သွားတာကြောင့် ရင်ပြင်ရှိ လေထုသည် အမြင့်ဆုံးနေရာသို့ ချက်ချင်းရောက်သွားသည်။
"လင်းရှန်က ယန်မိသားစုကို အဆုံးထိ တိုက်ခိုက်သွားမှာပဲ”
"ယန်တောင်က ယန်မိသားစုကလား။ စီနီယာ အကိုယန် ရဲ့ အစွမ်းသတ္တိကို တစ်ယောက်ယောက် ပြောပြနိုင်မလား။”
"စီနီယာအကိုယန်က ကြာရှည်စွာအသက်ရှုခြင်းသတ္တမအဆင့်မှာ ရှိနေတယ်ဆိုတာတော့ ငါသိတယ်”
"သတ္တမအဆင့်လား ၊ အဲဒါဆို သူ့က အညံ့ဆုံး မြေကမ္ဘာအဆင့် တပည့်တွေထဲက တစ်
ယောက် ဖြစ်မှာပေါ့”
မြေကမ္ဘာအဆင့် တပည့်များသည် ယေဘူယျအားဖြင့် ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်နှင့် နဝမအဆင့်ကြားတွင် ရှိကြသည်။
လူအနည်းစုသည်သာ နဝမအဆင့်သို့ရောက်ရှိခဲ့ပြီး အရေအတွက်မှာ (၂၀)ထက်မကျော်လွန်ခဲ့ပေ။
အများစုမှာ အဋ္ဌမအဆင့်တွင်သာ ရှိကြသည်။
သတ္တမအဆင့်ရှိသူများသည် အားနည်းသူများဖြစ်သည်။
သို့သော် သူပြောပြီးသည်နှင့် တစ်စုံတစ်ယောက်သည် ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
"မင်းမှားတယ်။ စီနီယာ အကိုယန်က သတ္တမအဆင့်မှာပဲ ရှိပေမဲ့ သူ့ကိုယ်ခံပညာတွေက မြေကမ္ဘာအဆင့်ရှိတဲ့ တပည့်များစွာထက် အားကောင်းတယ်။ သူ့ရဲ့ကြယ်ပွင့်ရွှေ့လျားခြင်းနည်းစနစ်နဲ့ တောက်လောင်နေတဲ့ ဝိညာဉ်တိမ်တိုက်ဓားက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီလို့ ငါကြားတယ်။”
ဒီလိုပြောပြီးတာနဲ့ လူအုပ်ထဲက လူတော်တော်များများက အံ့သြတကြီး အော်ဟစ်ကုန်ကြသည်။
ကြယ်ပွင့်ရွှေ့လျားခြင်းနည်းစနစ်နဲ့ တောက်လောင်နေတဲ့ ဝိညာဉ်တိမ်တိုက်ဓား
တို့သည် နိုင်ယန်းကျောင်းတွင် သာမာန်ကိုယ်ခံ ပညာရပ်များဖြစ်သည်။ တပည့်တော်တော်များများက သူတို့ကို ကျင့်ကြံကြသည်။
သို့သော် ၎င်းတို့အနက်မှ ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ
အထူးကျွမ်းကျင့်အဆင့်ကိုရောက်ရှိနိုင်သည်။
ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နိုင်သူ နည်းပါးလွန်းသည်။
ကိုယ်ခံပညာနှစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခြင်းကြောင့် စီနီယာအကိုယန်သည် သူ၏ကိုယ်ခံပညာတွင် အမှန်တကယ်ပင် အရည်အချင်းပြည့်မီသည်။
"ကိုယ်ခံပညာအရတော့ လင်းရှန်ကလည်း စီနီယာအကိုယန်ထက် မနိမ့်ပါဘူး ဟုတ်တယ်မလား?"
“ လင်းရှန်က စီနီယာအကိုယန်ထက် ပိုကောင်းတယ်လို့ ထင်တယ်။။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှု ကိုယ်ခံပညာက နေခြောက်စင်းအဆောင်ဓားကိုတောင် တားဆီးနိုင်တယ်ဆိုတာ မင်း မမြင်ဘူးလား။"
“ဒါပေမဲ့ လင်းရှန်က အခွင့်အရေး မရနိုင်ဘူး။ အမှန်တော့ အကိုယန်ရဲ့ ကျင့်ကြံမှု အဆင့်က သူ့ထက်တောင် ပိုမြင့်တယ်”
လူတော်တော်များများက နောက်ဆုံးအချက်ကို သဘောတူကြသည်။
လင်းရှန်၏ စွမ်းဆောင်မှုအရ သူသည် ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်အထိ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
ဤအရာသည်ပင် အလွန်တုန်လှုပ်စရာကောင်းနေပြီဖြစ်သည်။
လင်းရှန်သည် ကျောင်းတွင် သုံးလသာရှိသေးသည်။
ထိုသို့သောအချိန်တိုလေးမှာတော့ တပည့်များစွာက ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ဖြတ်ကျော်ရန်သာ လုံ့လစိုက်ထုတ်နေကြဆဲဖြစ်သည်။
သူသည် ကြာရှည်စွာ အသက်ရှုခြင်းပဉ္စမအဆင့်တွင်ရှိနေသော်လည်း သတ္တမအဆင့်ရှိ ယန်တောင်ကို အနိုင်ယူနိုင်ခြေမှာ အလွန်နည်းပါးနေသေးသည်။
အဆင့်နှစ်ဆင့်ကြား ခြားနားချက်သည် ကိုယ်ခံပညာဖြင့် ထိန်းနိုင်သော အရာမဟုတ်ပေ ၊ ဒါတောင် ယန်တောင်၏ ကိုယ်ခံညာရပ်များက အလွန်မြင့်မားနေတာကို ထည့်မတွက်ထားပေ။
အကြိမ်ပေါင်းများစွာ အငြင်းအခုံဖြစ်ပြီးနောက် လူအများစုက လင်းရှန်အနိုင်ရနိုင်ခြေနည်းပါးသည်ဟု ခံစားခဲ့ရသည်။
လင်းရှန်သည် မြေကမ္ဘာအဆင့် တပည့်တစ်ဦးကို စိန်ခေါ်ရန် သတ္တိရှိတာကြောင့် လူများစွာက တော့ သဘောကျခဲ့ကြသည်။ အနိုင်ရဖို့ အခွင့်အလမ်းနည်းပေမယ့် အဲ့တာက သူ့ကိုယ်သူ သဘောကျစရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုပင်။
ရှုံးခဲ့ရင်တောင် ကြီးကြီးမားမားတော့ မဖြစ်ပေ။
မြင့်သောစင်မြင့်ပေါ်တွင် ယန်တောင်ကငြိမ်သက်နေပြီဖြစ်သည်။
သူ့ဘေးနားက စကားပြောသံတွေကို ကြားတော့ သူက အေးစက်စွာ ပြောလိုက်သည်။ လင်းရှန်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။
"မင်းငါ့ကို စိန်ခေါ်ရဲတဲ့သတ္တိ ဘယ်က ရှိလာလဲဆိုတာ ငါတကယ် နားမလည်နိုင်ဘူး"
သူ၏ အေးစက်သော စကားလုံးများသည် လင်းရှန်အမူအရာကို လုံးဝမပြောင်းလဲနိုင်ပေ။ အဲဒီ့အစား သူက ဖျတ်ခနဲ ပြုံးလိုက်သည်။
“နိုင်ယန်းကျောင်းက တပည့်တွေကို တွန်းအားပေးနိုင်ဖို့အတွက် အချင်းချင်းပြိုင်ဆိုင်ခိုင်းပြီး အခက်အခဲတွေကို ရင်ဆိုင်နိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အဆင့်စိန်ခေါ်တဲ့ စနစ်တစ်ခုကို တည်ထောင်ခဲ့တာ မဟုတ်ဘူးလား။”
ခေတ္တနားပြီးနောက် ယန်တောင် ပြန်ဖြေတာကို မစောင့်ဘဲ လင်းရှန်က ခပ်ဖျော့ဖျော့ပြုံးကာ ထပ်ပြောသည်။
"ဟုတ်တယ်။ မင်းကို စိန်ခေါ်တာက ထူးထူးခြားခြားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး”
ယန်တောင်က လင်းရှန် ဘာကိုဆိုလိုသည်ကို နားမလည်မီ စက္ကန့်အနည်းငယ်မျှ
ကြောင်သွားသည်။ သူက ချက်ချင်း ဒေါသတကြီးနဲ့ ပြေးသွားသည်။
သူ့ဒေါသကြောင့် ယန်တောင်က တခြားဘာမှ မပြောပေ။ ချွမ်ကနဲ အသံနှင့်အတူ သူသည် ဓားကိုဆွဲထုတ်ကာ လင်းရှန်ကို ခုတ်ချလိုက်သည်။
မြေကမ္ဘာအဆင့်တပည့်တစ်ယောက်အနေဖြင့် ယန်တောင်သည် အဝါရောင်အဆင့်နှင့် အနက်ရောင်အဆင့်တပည့်များထက် များစွာချမ်းသာသည်။ သူ့လက်ထဲတွင်ရှိသော လက်နက်မှာ နေခြောက်စင်း အဆောင်ဓားကဲ့သို့ အားကောင်းသည့် ဓားရှည်ဖြစ်သည်။ ၎င်းသည် အလယ်အလတ်တန်းစား မှော်လက်နက်တစ်ခုလည်းဖြစ်သည်။
ဓါးက လေထဲကို ထိုးဖောက်သွားသည်နှင့် တောက်လောင်နေသော မီးတောက်လှိုင်းတစ်ခု က ချက်ချင်းပေါ်လာသည်။တောက်လောင်နေသော ဝိညာဉ်တိမ်တိုက်ဓား၏ စူးရှထက်မြက်သော စွမ်းအားနဲ့အတူ အရှိန်က တကယ်ကို ထိတ်လန့်တုန်လှုပ်စရာပင်။
သို့သော် ဓားဖြင့် ခုတ်ချလိုက်သောအခါ တောက်လောင်နေသော လှိုင်းလုံးကြီးများကို ဖြတ်ကျော်သွားပုံရပြီး ၎င်းက ပြင်းထန်လှသော ဓားစွမ်းအင်များပင် ရှိနေသည်ကို ရတွေ့ရှိလိုက်ရသဖြင့် ယန်တောင်က တုန်လှုပ်သွားလေသည်။
ဘုန်း
အားကောင်းသော လှိုင်းလုံးကြီးနှစ်ခုသည် အမြန်ရထားကဲ့သို့ မြင့်မားသော စင်မြင့်အလယ်တွင် ပြင်းထန်စွာ တိုက်မိသွားသည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သောလေလှိုင်းများ ရုတ်တရက်ထွက်ပေါ်လာပြီး လွင့်
ထွက်သွားကာ နောက်ဆုံးတွင် စင်မြင့်အစွန်းနှင့် ပြင်းထန်စွာ တိုက်မိသွားသည့် ပုံပျက်ပန်းပျက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘုန်း
စင်မြင့်ပတ်လည်တွင် စိုက်ထူထားသော ကျောက်တိုင်များသည် ရုတ်တရက် ထွန်းတောက်လာပြီး လေဖိအားနည်းရပ်ဝန်းမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရင်ပြင်တစ်ခုလုံးကို ကျောက်စိမ်းပန်းကန်လုံးကဲ့သို့ ဖုံးအုပ်ထားသည်။
ပြင်းထန်သော လေလှိုင်းသည် အစိမ်းရောင် အလင်းတန်းနှင့် တိုက်မိကာ သဲလွန်စမရှိဘဲ ချက်ချင်း ပျောက်သွားသည်။
သို့သော် နားကွဲမတတ်အသံက ကျယ်လောင်စွာ ပေါ်လာပြီး စင်မြင့်အနီးရှိ တပည့်များစွာက ရင်ဘတ်ထဲတင်းကျပ်သွားသလို ခံစားလိုက်ရသည်။
သို့သော် သူတို့ ဂရုမစိုက်နိုင်ပေ။ သူတို့သည် စင်မြင့်ကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေကြပြီး မြင်ကွင်းကို လွဲချော်မည်ကို စိုးရိမ်ကြသည်။
ဖူး
လေလှိုင်းများ လွင့်စင်သွားကာ ဖုန်မှုန့်များက မြေပြင်ပေါ်သို့ ကျသွားသည်။ ထိုမှသာပလက်ဖောင်းပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကို ပြန်မြင်နိုင်ကြသည်။
လင်းရှန်နဲ့ ယန်တောင်သည် ဆယ်မီတာကျော် ကွာခြားနေသေးသည်။ သူတို့နှစ်ဦးကြားရှိ မြေပြင်သည် အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး မီးလောင်ကျွမ်းသွားခဲ့သည်။ ဒါက အစောက ထိပ်တိုက်ရင်ဆိုင်မှုရဲ့ စွမ်းအားက ဘယ်လောက်ထိ တုန်လှုပ်စရာကောင်းတယ်ဆိုတာကို ပြသခဲ့တာပင်။