အဆင်မပြေမှုက မြန်မြန် ရောက်လာသည် (၂)
Vol. 9 Ch. 134
လင်းရှန်၏အမူအရာမှာ ငြိမ်သက်နေဆဲဖြစ်သည်။
တစ်ဖက်မှာတော့ ယန်တောင်က အံ့သြသွားသည်။
အထူးယန်စွမ်းအားဓားသွား
ထို့အပြင် ၎င်းသည် အထူးယန်စွမ်းအားဓားသွား ပြီးပြည့်စုံခြင်းအဆင့်
ဖြစ်သည်။
ယန်တောင် မျက်လုံးများသည် အနည်းငယ် ကျုံ့သွားကြသည်။
သူသည် အထူးယန်စွမ်းအားဓားသွားကို အထူးကျွမ်းကျင်အဆင့်သို့ရောက်ရှိခဲ့သော မြေကမ္ဘာအဆင့် တပည့်တစ်ဦးနှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး ၎င်းနှင့် အတော်လေး ရင်းနှီးသည်။
လင်းရှန်၏ တိုက်ခိုက်မှုအရ ဓား၏ ပြင်းထန်သော အရှိန်အဝါသည် ထိုမြေကမ္ဘာအဆင့် တပည့်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
လင်းရှန်၏ အထူးယန်စွမ်းအားဓားသွားက ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
ယန်တောင်က အံ့ကြိတ်ကာ လင်းရှန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။
လင်းရှန်သည်လည်း မဆိုင်းမတွပင် တိုက်ခိုက်ရန်အတွက် သူ၏ဓားကို မြှောက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဘက်စလုံးသည် မြင့်မားသော စင်မြင့်အလယ်၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ဓားနှင့်ဓားသွားများ ထိပ်တိုက်တွေ့သောအခါ သတ္တုသံများက ပဲ့တင်ထပ်နေသည်။
ကျင့်ကြံမှုအရ ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်ရှိသော ယန်တောင်သည် လင်းရှန်ထက် အဆင့် ပိုမြင့်သည်။
အခြားပြိုင်ဘက်သာဆို ကျင့်ကြံမှုတွင် ဤကွာခြားချက်သည် ရလဒ်ကို ဆုံးဖြတ်ရန် လုံလောက်သည်။
ကံမကောင်းစွာပဲ ၎င်းသည် လင်းရှန်နှင့် အဆင်မပြေပေ။
ယန်တောင်သည် တောက်လောင်နေသော ဝိညာဉ်တိမ်တိုက်ဓားသွားတွင် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိခဲ့ပြီး လင်းရှန်သည်
အထူးယန်စွမ်းအားဓားသွားတွင် ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်ရှိခဲ့သည်။
ယန်တောင်သည် ကြယ်ပွင့်ရွေ့လျားခြင်းအဆင့်တွင် ပြီးပြည့်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး လင်းရှန်၏အရိပ်များသည်လည်း ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။
ထို့အပြင် လင်းရှန်သည် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာတွင်လည်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ
ပြီးပြည့်စုံခြင်းအဆင့်နှင့် ယန်စွမ်းအား ဝတ်ရုံတို့မှ သယ်ဆောင်လာသော ခုခံမှုကြောင့် လင်းရှန်သည် ကာကွယ်ရေးတွင် စွမ်းအင်များစွာ မြှုပ်နှံရန် မလိုအပ်ပေ။ ပြိုင်ဘက်ကို အပြင်းအထန်တိုက်ခိုက်ဖို့သာ အာရုံစိုက်ခဲ့သည်။
တစ်ဖက်တွင် ယန်တောင်က ယန်စွမ်းအား ဝတ်ရုံကို ၀တ်ဆင်ထားသော်လည်း လင်းရှန်ကဲ့သို့ နေခြောက်စင်းအဆောင်ဓားကို
ထိပ်တိုက် ရင်ဆိုင်ရန် မဝံ့ရဲပေ။ သူလိုချင်သလောက် လွတ်လွတ်လပ်လပ် မတိုက်နိုင်ပေ ။
အချိန်တွေကြာလာတာနဲ့အမျှ သူက တကယ်ကို စိတ်မကောင်းစရာ အခြေအနေတွင် ရှိနေမိသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ပရိသတ်တွေက ထူးထူးခြားခြား တိတ်ဆိတ်သွားခဲ့သည်။
တိုက်ပွဲအခြေအနေက ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ မျှော်လင့်မထားပေ။ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသည့် ယန်တောင်သည် အမှန်တကယ်ပင် အားနည်းချက် ရှိလာသည်။
သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့်အချက်ကြောင့်သာ မဟုတ်ပါက ဤကဲ့သို့ ရယ်စရာကောင်းသည့်အရာကို ယုံလိမ့်မည်မဟုတ်ပေ။
ပိုင်ရှောင်ထုံနဲ့ ကျန်းဝေ့ရုန်တို့သည် ထူးဆန်းသောအကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ယခုပင် ယန်တောင်သည် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာကို ရှုံ့ချခဲ့ပြီး ၎င်းကို ကျင့်ကြံခြင်းသည် အလွန်ကျေးဇူးတင်စရာ အလုပ် မဟုတ်ကြောင်း အရှက်မရှိ ကြွားဝါနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရှန်၏ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့် ကိုယ်ခံပညာဖြင့် အရိုက်ခံရမည်ဟု ဘယ်သူက ထင်မှာလဲ။ အရှက်တရားက မကြာခင်ရောက်လာတော့မည်။
ယန်တောင်သည် သူ့ပတ်ဝန်းကျင်မှအံ့အားသင့်နေသော အကြည့်များကို သတိပြုမိသွားပုံရသည်။ သူ့မျက်နှာက နီရဲလာပြီး အလွန်ရှက်ရွံ့နေသလို ခံစားနေရသည်။
သူသည် ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်သွားခဲ့သည်။ ဒါက သူ့ကိုယ်သူ အမြဲတမ်း အထင်ကြီးတတ်တဲ့ ယန်တောင်အတွက်တော့ ကြီးမားတဲ့ အရှက်ရမှုတစ်ခုထက် မနည်းပေ။
ဒေါသကြောင့် သူသည် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို လက်ထဲရှိ လက်နက်ထဲသို့ အသဲအသန် ဖြန့်ထုတ်လိုက်ပြီး လင်းရှန်ကို တိုက်ခိုက်ရန် တောက်လောင်နေသော မီးတောက်များအဖြစ် ဖန်တီးခဲ့သည်။
မြေကမ္ဘာအဆင့် တပည့်ဖြစ်လာသူများသည် တိုက်ခိုက်ရေးအတွေ့အကြုံ ရှိသူများဖြစ်သည်။
စိတ်မကောင်းစရာ အခြေအနေတွင် ရှိသော်လည်း ယန်တောင်သည် အနိုင်ရရန်နည်းလမ်းကို အမြန်စဉ်းစားခဲ့သည်။
သူသည် ကိုယ်ခံပညာတွင် မယှဉ်နိုင်သောကြောင့် ကျင့်ကြံမှုအဆင့်ကို အားသာချက်အဖြစ် အသုံးပြုခဲ့သည်။
ကျင့်ကြံမှုအဆင့်မြင့်လေ လူတစ်ဦး၏ ဝိညာဉ်ရေးရာအနှစ်သာရ၏ အရည်အသွေးနှင့် အရေအတွက်က မြင့်မားလေဖြစ်သည်။
ဝိညာဉ်ရေးအနှစ်သာရအရ လင်းရှန်သည် သူ့ပြိုင်ဘက် မဖြစ်လာပေ။
မှော်လက်နက်ကို အသက်သွင်းခြင်းသည် ဝိညာဉ်ရေးအနှစ်သာရများစွာကို ဆုံးရှုံးစေသည်။ လင်းရှန်၏ ဝိညာဉ်ရေးအနှစ်သာရ ကုန်ဆုံးသွားလျှင် နေခြောက်စင်းအဆောင်ဓား၏ အကျိုးကျေးဇူးများကို ဆုံးရှုံးသွားမည်ဖြစ်ပြီး ထိုအချိန်ကျ အသနားခံရဖြစ်သည်။
လင်းရှန်သည် သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုပြောင်းလဲသွားရာမှ လွဲမှားနေသည့် အရာတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ ခဏလောက်စဉ်းစားပြီးမှ သူနားလည်သလို ပြုံးလိုက်သည်။
“ဝိညာဉ်ရေးအနှစ်သာရအရ ငါ့မှာ အကျိုးကျေးဇူး အများကြီးမရှိဘူး .. ကံမကောင်းစွာပဲ ငါမင်းနဲ့အတူ ဒီဂိမ်းကို ဆက်ကစားဖို့ အစီအစဉ်မရှိဘူး။”
ယန်တောင်နှင့် အပြန်အလှန် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ လင်းရှန်သည် ဖြတ်ကျော်မှုအပြီး သူ၏ခွန်အားကို အကြမ်းဖျင်းနားလည်လာခဲ့သည်။
စွမ်းရည်တစ်စုံတစ်ရာမဖွင့်ဘဲ ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်မှ ပြိုင်ဘက်များကို အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်သည်။
သူသည် ကြာရှည်စွာအသက်ရှုခြင်း အဋ္ဌမအဆင့်မှ တစ်စုံတစ်ဦးကိုပင် တွန်းလှန်နိုင်ခဲ့သည်။
သူ့စွမ်းရည်ကိုသာ အသုံးချရင်တော့
လင်းရှန်၏ မျက်လုံးများက တောက်ပလာပြီး သန့်စင်သော ယန်ခန္ဓာကိုယ်သို့ ချက်ချင်းပြောင်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် ယန်တောင်သည် လင်းရှန်၏ဓားနည်းစနစ်စွမ်းအားမှ တစ်ခုခုရုတ်တရက်တိုးလာသည်ကို ခံစားလိုက်ရသည်။
တောက်လောင်နေသော ဓားစွမ်းအင်နှင့် တဟုန်းဟုန်းတောက်နေသော မီးတောက်များသည် ရုတ်တရက် ပိုမိုပြင်းထန်လာပြီး လူတွေကို အသက်ရှူမဝ ဖြစ်စေသည်။
"ဘာဖြစ်တာလဲ?"
ယန်တောင်က အံ့သြသွားသည်။
လင်းရှန် ခွန်အားက ဘာလို့ ဒီလောက် တိုးလာတာလဲ။
သို့သော် ပြင်းထန်သောတိုက်ပွဲက သူ့အား စဉ်းစားရန် အချိန်များစွာမပေးပေ။
သန့်စင်သော ယန်ခန္ဓာကိုယ်သည် ယန်စွမ်းအား ရှိသော ကိုယ်ခံပညာစွမ်းအားကို +၁၀၀% အကျိုးသက်ရောက်မှုရှိစေပြီး လင်းရှန်၏ ယန်စွမ်းအား ဓားသွား စွမ်းအားသည် အလွန်ကြောက်စရာကောင်းသောအဆင့်သို့ရောက်ရှိသွားသည်။
အနီးနားရှိ တပည့်များသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လျင်မြန်စွာ သဘောပေါက်ကြသည်။
မူလက မြင့်မားသော စင်မြင့်ပေါ်တွင် အပူလှိုင်းနှင့် မီးတိမ်တိုက်တို့သည် အညီအမျှ ဖြစ်နေသော်လည်း တစ်ဖက်က ရုတ်တရက် ပိုမိုအားကောင်းလာပြီး မျက်စိတစ်မှိတ်
အတွင်း တစ်ဖက်ကို ဖြိုခွင်းလိုက်သည်။
အားလုံး အံဩသွားပြီး နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အော်သံကို ကြားလိုက်ရသည်။ လူတစ်ယောက်က မီးတိမ်ကိုဖြတ်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။
အားလုံးက အနီးကပ်ကြည့်နေကြသည်။ အဲ့တာက ယန်တောင်ပင်။
ယခုအချိန်တွင် သူသည် အလွန်စိတ်မကောင်းစရာ အခြေအနေတွင် ရှိနေသည်။ သူ့တစ်ကိုယ်လုံးမှာ ဓားဒဏ်ရာတွေရှိပေမယ့် ဒဏ်ရာတွေက အပူချိန်မြင့်မြင့်နဲ့ လောင်ကျွမ်းထားတာကြောင့် သွေးမထွက်ပေ။
ဒါက ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပင်။
ရွှမ်
လေကိုထိုးဖောက်သံထွက်လာပြီး လင်းရှန်က ယန်တောင်၏ ရှေ့သို့ တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။ သူ့လက်ကို အနည်းငယ် မြှောက်လိုက်ပြီး ယန်တောင် လည်ချောင်းတွင် ဓားဖျားကို ထောက်လိုက်သည်။
သူ့ရှေ့က အေးစက်နေတဲ့ ဓားထိပ်ကို ကြည့်လိုက်တော့ ယန်တောင်က အလွန်ဖျော့တော့သွားတော့သည် ။
ဘယ်သူမှ အသံထွက်မလာရဲပေ။
အားလုံးက သူတို့ရှေ့က မြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြသည်။ အားလုံးက အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက် လူအုပ်အတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"လင်းရှန် အနိုင်ရသွားပြီလား?"
"မယုံနိုင်စရာပဲ။ သူက စိန်ခေါ်မှုမှာ တကယ်အောင်မြင်ခဲ့တယ်”
"ဟင်း အဲဒါက မယုံနိုင်စရာပဲ”
အားလုံးက တအံ့တသြ အော်ဟစ်ကြသည်။
ထိတ်လန့်မှု၊ မယုံကြည်မှု၊ လေးစားမှု၊ အံ့အားသင့်မှု... အမျိုးမျိုးသော အကြည့်
များသည် လင်းရှန်ကို အာရုံစိုက်ကုန်ကြသည်။
ဤအခိုက်အတန့်တွင် လင်းရှန်သည်
ရင်ပြင်တစ်ခုလုံး၏ ဗဟိုချက်ဖြစ်လာခဲ့သည်မှာ သေချာသည်။
“စီနီယာ အစ်ကိုယန် ရှုံးသွားပြီ…”
ကျန်းဝေ့ရုန်က ကြောင်တောင်တောင်ဖြစ်နေပုံရပြီး တုန်လှုပ်ချောက်ချားနေရာကနေ အသိပြန်ဝင်မလာသေးပေ။
ယန်တောင် အခြေအနေ မကောင်းကြောင်းကို ခံစားခဲ့ရသော်လည်း ယန်တောင်သည် သူတို့ရှေ့တွင် အမှန်တကယ် ရှုံးနိမ့်သွားသောအခါ အိပ်မက်မက်နေသလို ခံစားရသည်။
နောက်ဆုံးတွင် ကျောင်းသို့ ဝင်ရောက်တာ သုံးလခန့်သာကြာသေးသော
တပည့်တစ်ဦးသည် မြေကမ္ဘာအဆင့် တပည့်တစ်ဦးကို စိန်ခေါ်တာမှာ အောင်မြင်ခဲ့သေးသည်။ ဒါက မယုံနိုင်စရာပင်။
ပိုင်ရှောင်ထုံ၏ မျက်လုံးများသည် တောက်ပနေပြီး လင်းရှန်၏ ကျောပြင်ကို လေးစားမှုဖြင့် စိုက်ကြည့်နေသည်။
အိုက်ကျင့်ထင်ပင်လျှင် အနည်းငယ် ကြောင်နေလေသည်။ သူမသည် လင်းရှန်ကို ကြောင်တက်တက်နဲ့ ကြည့်နေရင်း ဘာတွေးနေမှန်းမသိပေ။
ရင်ပြင်၏ထောင့်တစ်နေရာတွင် ဆရာများက သက်ပြင်းချကြသည်။
"ဒီလူငယ်က အရမ်းတော်တာပဲ”
"ဟုတ်တယ်။ သုံးလအတွင်း မြေကမ္ဘာအဆင့် တပည့်တစ်ယောက်ဖြစ်လာတာကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးတွေ့ဖူးတာပဲ”
“ဒါကို ပြောရရင် ဆရာစစ်က အမြင်အတော်ကောင်းတယ်။ ဆရာစစ်က လင်းရှန်ကို အနက်ရောင်အဆင့်တပည့်အဖြစ် ရာထူးတိုးမြှင့်ပေးတော့ ကန့်ကွက်ခဲ့ကြတယ်။ လင်းရှန်က သူ့အဆင့်ကို စောင့်ရှောက်နိုင်တဲ့အပြင် ရှေ့ကို နောက်တလှမ်းတောင် လှမ်းလိုက်နိုင်တယ်”
သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ အာမေဋိတ်အသံတွေကို နားထောင်ရင်း ခယ်ယာသည်လည်း ရှုပ်ထွေးတဲ့ အမူအရာတွေနဲ့ ရှိနေသည်။
လင်းရှန်သည် ဤမျှအထိ ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
စုလျူရင် ကျောင်းမှာ ရှိတုန်းကကို ပြန်ကြည့်လျှင် သူသည် အနှစ်တစ်ရာမှာ တစ်ကြိမ်သာ ပေါ်ထွန်းခဲ့တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံခဲ့ရသည်။
ဒါတောင်မှ စုလျူရင်သည် မြေကမ္ဘာအဆင့် တပည့်တစ်ယောက်ဖြစ်ဖို့ တစ်နှစ်နီးပါး အချိန်ယူခဲ့ရသည်။
နှိုင်းယှဉ်ကြည့်လျှင် လင်းရှန်သည် စုလျူရင်ထက် သာလွန်သည်မှာ သံသယရှိစရာမဟုတ်ပေ ။
“တကယ့် ပါရမီရှင်ပဲ”
ခယ်ယာ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်တစ်ခု လင်းလက်လာသည်။
စိန်ခေါ်မှုပြီးဆုံးပြီးတဲ့နောက် လင်းရှန်သည် မြေကမ္ဘာအဆင့် တပည့်တစ်ဦးအဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
မရေမတွက်နိုင်သော အံ့အားသင့်စရာအကြည့်များအောက်တွင် သူသည် စင်မြင့်ပေါ်မှ အေးအေးဆေးဆေး ဆင်းလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ယန်ကျုံးရီနဲ့ စုနျန်တို့က သူ့ကို တအံ့တသြကြည့်နေသည်။
"ငါ အဲ့တာကို ခန့်မှန်းထားပြီးသား ဆိုပေမဲ့ တုန်လှုပ်မိနေတုန်းပဲ” ယန်ကျုံးရီကသက်ပြင်းချလိုက်သည်။
စုနျန်က "လင်းရှန် အခု မင်းဘယ်အဆင့်ရောက်နေပြီလဲ"
လင်းရှန်က ဖုံးကွယ်မထားဘဲ "ဆဌမအဆင့်” ဟု ရိုးရိုးသားသားပြောသည်။
ယန်ကျုံးရီနဲ့ စုနျန်တို့က ချက်ချင်း အသက်ပြင်းပြင်းရှူပြီး ထိတ်လန့်သွားသည် ။
သုံးလအကြာတွင် သူသည် ပထမအဆင့်မှ ဆဌမအဆင့်သို့ တိုးလာခဲ့သည်။ ထိုအရှိန်သည် မယုံနိုင်လောက်အောင်ပင်။
သို့သော်လည်း ယန်ကျုံးရီနဲ့ စုနျန်တို့သည် စိတ်တည်ငြိမ်မှုကို အလျင်အမြန် ပြန်လည်ရရှိခဲ့ကြသည်။
သူတို့တွေ့တိုင်း လင်းရှန်က သူတို့ကို ထပ်ခါတလဲလဲ တုန်လှုပ်စေခဲ့သည်။ အခုတော့ သူတို့ နည်းနည်း ထုံနေပြီပင်။
လင်းရှန်သည် လအနည်းငယ်အကြာတွင် တောက်ပသော ဝင်ပေါက်အဆင့်သို့ ဖြတ်ကျော်သွားကြောင်း ရုတ်တရက် ပြောခဲ့လျှင်ပင် ၎င်းတို့သည် အံ့အားသင့်မည် မဟုတ်ပေ။
လင်းရှန်ပြီးတော့ စိန်ခေါ်ရန် အခြားမည်သူမျှ စင်မြင့်ပေါ်သို့ တက်မလာတော့ပေ။ မြေကမ္ဘာအဆင့် တပည့် စိန်ခေါ်မှုက ချက်ချင်း ပြီးဆုံးသွားသည်။
နောက်တစ်နေ့တွင် ကောင်းကင်အဆင့် တပည့်စိန်ခေါ်ပွဲ ကျင်းပခဲ့သည်။
ဆဌမမြောက်ကိုယ်ပွားကို ရနေပြီ ဖြစ်တာကြောင့် လင်းရှန်သည် ၎င်းကို ကြည့်ရှုရန် မသွားတော့ပေ။