ဆဌမ ကိုယ်ပွား ၊ကျွမ်းကျင်တတ်မြောက်မှု(၁)
Vol. 9 Ch. 135
အဆင့်စိန်ခေါ်မှုသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားသည်။
ဒုတိယနေ့မှာတော့ ကောင်းကင်အဆင့် တပည့်စိန်ခေါ်မှုသည် နေ့ဝက်သာ ကြာခဲ့သည်။
မြေကမ္ဘာအဆင့် တပည့်ငါးဦးက အဆင့်တက်သွားခဲ့သည်။
သုံးရက်မြောက်သောနေ့မှာတော့ အထက်အိမ်တော် တပည့်များ၏ စိန်ခေါ်မှုသည်လည်း နေ့တစ်ဝက်အတွင်း ပြီးဆုံးသွားခဲ့သည်။
ကောင်းကင်အဆင့် တပည့်နှစ်ယောက်ကသာ စိန်ခေါ်မှုတွေကိုလုပ်ခဲ့ပေမဲ့ သူတို့နှစ်ယောက်စလုံးက မအောင်မြင်ခဲ့ပေ။
အဆင့်စိန်ခေါ်မှု ပြီးဆုံးသွားသော်လည်း ၎င်းကြောင့် ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲကတော့ ဖြစ်နေဆဲပင်။
နိုင်ယန်းကျောင်းက ကျောင်းအုပ်ကတောင် အဲ့တာကို ကြားသည်။
လင်းရှန်သည် နိုင်ယန်းကျောင်းတည်ထောင်ပြီး သုံးလအကြာတွင် မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်သည့် ပထမဆုံး ပါရမီရှင်လည်း ဖြစ်ခဲ့သည်။
ဤကိစ္စကြောင့် ပြင်ပကမ္ဘာမှာ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာတော့ လင်းရှန်သည် သူ့အိမ်တွင်သာ နေခဲ့သည်။
စိန်ခေါ်မှုကို အနိုင်ရပြီး ဒုတိယနေ့မှာတော့ လင်းရှန်သည် ၎င်း၏ ခြောက်ခုမြောက် ကိုယ်ပွားကို ရရှိခဲ့သည်။
သို့သော် သူက တွေးခေါ်မှုစွမ်းရည်ကို ရသလိုမျိုး ကံမကောင်းခဲ့ပေ။ ။ ပထမဆုံးအကြိမ်ရခဲ့သောစွမ်းရည်သည် လင်းရှန်၏အကြိုက်မဟုတ်သောကြောင့် စွမ်းရည်အသစ်များရရှိရန်အတွက် သူ၏ကိုယ်ပွားကို အသစ်ထပ် ခေါ်ခဲ့သည်။
အဲ့တာက ခြောက်ရက်ကြာသွားသည်။
[တမူထူးခြားဓား - ဓားသိုင်းများ၏ စွမ်းအားသည် ၅၀% တိုးမည်။ ဓားနဲ့ပတ်သက်သော ကိုယ်ခံပညာကျင့်ကြံမှုအရှိန်သည် ၅၀% တိုးလာမည်။]
[နိမ့်ကျသောစွမ်းရည်- ကျင့်ကြံမှုအမြန်နှုန်း -၅၀%]
[သန့်ရှင်းသောနှလုံးသားနှင့်လျော့နည်းသော ဆန္ဒ - ထင်ယောင်ထင်မှားအကျိုးသက်ရောက်မှုများကို ခုခံနိုင်မှု +၃၀%, လူသားဆန္ဒ -၃၀%, စွမ်းအား +၃၀% |
[သွေးအေးပြီး နှလုံးသားမဲ့- တိုက်ခိုက်ရေးစွမ်းအား +၁၀%, ညှို့ဓာတ် -၅၀%]
[ဘယ်တော့မှ မသောက်ရ- အရက်ကို ခံနိုင်
ရည်အား +၂၀၀%]
လင်းရှန်သည် သူပထမငါးကြိမ်ဆွဲခဲ့သော စွမ်းရည်များကို သဘောမကျပေ။
နည်းနည်းပိုကောင်းတာက တမူထူးခြား ဓားပဲရှိသည်။
သို့သော် ၎င်းသည် ၅၀% ဘောနပ်စ်သာဖြစ်ပြီး ဓားနည်းစနစ်အတွက် ကန့်သတ်ထားသည်။ ၎င်းသည် သာလွန်ကိုယ်ခံပညာနှင့် သန့်စင်သော ယန်ခန္ဓာကိုယ်ထက် များစွာနိမ့်ကျသည်။
အဲဒါကို စဉ်းစားပြီးနောက် လင်းရှန်က ထိုအရာကို စွန့်လွှတ်လိုက်ပြီး ပိုကောင်းတဲ့ စွမ်းရည်တွေကို ရှာဖွေဖို့ ရွေးချယ်လိုက်သည်။
ဆဌမအကြိမ် ပြန်လည် ရှင်သန်ပြီး နောက်ဆုံးမှာတော့ သူသည် အထူးစွမ်းရည်ကို ရရှိခဲ့သည်။
[ကျွမ်းကျင်တတ်မြောက်မှု : တူညီသော ကိုယ်ခံပညာ အမျိုးအစားကို ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံပြီးနောက် ပိုမိုမြင့်မားသော အဆင့်သို့ ဖြတ်ကျော်ရန် အတူတကွ ပေါင်းစည်းနိုင်သည်။ ]
“ကိုယ်ခံပညာတွေကို ပေါင်းစည်းတာ…”
လင်းရှန်က အရမ်းသိချင်နေခဲ့သည်။ သူသည် မျက်နှာပြင်ကို မကြည့်ခင် စဉ်းစားပြီး ဒီစွမ်းရည်ကို ပြောင်းလိုက်သည်။
သူအံ့အားသင့်တာက ပြီးပြည့်စုံသော ကိုယ်ခံပညာများ အားလုံးကို ပေါင်းစပ်
နိုင်သည်ဟု ဆိုပေမဲ့ ၎င်းတို့နောက်ကွယ်တွင် စကားလုံးများ ပါရှိနေသည်။
လင်းရှန်က ခဏလောက် စဉ်းစားကြည့်သည်။ အဆုံးမှာတော့ သူသည် သူ၏ သိချင်စိတ်ကို မထိန်းနိုင်ဘဲ အရည်ပျော်ခြင်းနဲ့ နေမီးတောက်လက်ဝါးကို ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။
နောက်တစ်စက္ကန့်တွင် နေမီးတောက်လက်ဝါး(ပြီးပြည့်စုံခြင်း) နှင့် အရည်ပျော်ခြင်း (ပြီးပြည့်စုံခြင်း)သည် ကော်လံတွင် တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားပြီး အသစ်အဆန်းတစ်ခုနဲ့ အစားထိုးလာသည်။ “အမည်မဖော်နိုင်သော ကိုယ်ခံပညာ (ပြီးပြည့်စုံခြင်း ၂၅%)”
"ပြီးပြည့်စုံတဲ့ အဆင့်ကနေ ဆက်ပြီး တိုးတက်အောင်လုပ်နိုင်တာလား?"
လင်းရှန်က အံ့သြသွားသည်။
ဒီတော့ ဒါက ပိုမြင့်တဲ့ အဆင့်ကို ဖြတ်ကျော်နိုင်မယ်လို့ ဆိုလိုတာပင်။
သူသည် ကိုယ်ခံပညာများကို ဆက်လက် ပေါင်းစပ်နေသရွေ့ ၎င်းတို့သည် ပြီးပြည့်စုံခြင်းထက် မြင့်မားသောအဆင့်သို့ ဖြတ်ကျော်သွားနိုင်သည်။
အံ့အားသင့်ရာမှ ပြန်လည်အသိဝင်လာသောအခါ လင်းရှန်သည် ကိုယ်ခံပညာအသစ်ကို အသုံးပြုရန် မစောင့်နိုင်တော့ပေ။
အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက်တွင် သူ့ကိုယ်ခံပညာအသစ်၏ စွမ်းအားသည် သိသိသာသာ တိုးလာကြောင်း သဘောပေါက်ခဲ့သည်။
ထို့အပြင် လှုပ်ရှားမှုများသည် အရည်ပျော်ခြင်းနှင့် ပို၍တူသည်။ နေမီးတောက်
လက်ဝါး၏ လက္ခဏာများသည် အရည်ပျော်ခြင်းထဲသို့ ရောနှောသွားပြီး အသက်သွင်းလိုက်သောအခါ ပိုမိုမြင့်မားသောအပူချိန်ကို ထုတ်ပေးနိုင်သည်။
“ ကိုယ်ခံပညာတွေကို ပေါင်းစပ်တဲ့အခါ ပိုအားကောင်းတဲ့ ကိုယ်ခံပညာက ပိုထင်ရှားလာတာပဲ”
“ပိုအားကောင်းပြီး ဖြတ်ကျော်နိုင်ဖို့ ရောနှောပစ်တာထက် အဆင့်နိမ့်ကိုယ်ခံပညာတွေကို အဆင့်မြင့်ကိုယ်ခံပညာက ဝါးမျိုသွားတာ”
လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။
မည်သို့ပင်ဆိုစေ ကိုယ်ခံပညာရပ်များ အားကောင်းလာသည်မှာ ကောင်းသောအချက်ဖြစ်သည်။
ပိုအရေးကြီးတာက တွေးခေါ်မှုသို့ပြောင်းပြီးနောက် သူ၏စွမ်းရည် အကျိုးသက်ရောက်မှုသည် အားနည်းသွားတာမျိုး မဖြစ်ပေ။
ဆိုလိုသည်မှာ ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာရပ်များကို ပေါင်းစပ်ခြင်းသည် တွေးခေါ်နိုင်မှု၏ အကျိုးသက်ရောက်မှုကို လျော့ပါးစေမည်မဟုတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ အရည်အချင်းနှစ်ခုကြားတွင် ပဋိပက္ခမရှိနိုင်ပေ။
လင်းရှန်က သက်ပြင်းချလိုက်သည်။
ကျွမ်းကျင်တတ်မြောက်မှုသည် ကိုယ်ခံပညာများ၏အကန့်အသတ်များကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် ကြီးမြတ်သောစွမ်းရည်တစ်ခုဖြစ်သည်မှာ သေချာသည်။
ဒီလို စွမ်းရည်ကောင်းတွေကို လက်လွှတ်မခံနိုင်ပေ။
ထို့အပြင် ကျွမ်းကျင်တတ်မြောက်သော စွမ်းရည်သည်လည်း တွေးခေါ်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
တွေးခေါ်နိုင်မှု၏ အကျိုးသက်ရောက်မှုကိုတိုးမြှင့်ရန်အတွက် ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာများစွာကို ကျင့်ကြံရန်လိုအပ်သည်။ ဤ ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာများကို ပေါင်းစပ်ပြီး ဖြတ်ကျော်နိုင်သည်။
"အတော်မိုက်တယ်”
လင်းရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဤနည်းအားဖြင့် ရွှေရောင်ချပ်ဝတ်တန်ဆာ၊ အရိပ်နှင့် အခြားသော ကိုယ်ခံပညာရပ်များကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ကြိုတင်လိုအပ်ချက်မှာ သူသည် အမျိုးအစားတူသော ကိုယ်ခံပညာကို ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံရန် လိုအပ်သည်။
လင်းရှန်သည် ကျင့်ကြံနည်းစနစ်ကော်လံတွင် သံမဏိ အကြေးခွံ့နည်းစနစ်နှင့် ဝံပုလွေဝိညာဉ်လက်သည်းကို ကြည့်ရှုခဲ့သည်။
ဤကိုယ်ခံပညာရပ်နှစ်ခုကို ပြီးပြည့်စုံအောင် ကျင့်ကြံပြီးနောက် တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် အရည်ပျော်ခြင်းကို အဆင့်မြင့်လာစေရန်အတွက် လိုအပ်သော ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည်။
"အရည်ပျော်ခြင်း ကိုယ်ခံပညာနည်းအသစ်လို့ပဲ ခေါ်ရမယ်”
ကိုယ်ခံပညာအသစ်ကို နာမည်ပေးပြီးနောက် လင်းရှန်သည် ငြိမ်သက်သွားပြီး ချက်ချင်းပင် ကျင့်ကြံရန် အားထုတ်ခဲ့သည်။
ကိုယ်ခံပညာရပ်များ ပေါင်းစပ်ရာတွင် လွယ်ကူချောမွေ့စေရန် လင်းရှန်သည် ရွှေကျီးကန်းကျမ်းစာ ကျင့်ကြံတာကို ဘေးဖယ်ထားပြီး သံမဏိအကြေးခွံ့နည်းစနစ်နဲ့ ဝံပုလွေဝိညာဉ် လက်သည်းကို အစွမ်းကုန် ကျင့်ကြံခဲ့သည်။
နောက်ထပ်ကိုယ်ပွါးတစ်ခုနဲ့ဆိုတော့ လင်းရှန်၏ ကျင့်ကြံမှုအရှိန်သည်
အခြားအဆင့်သို့ တိုးလာခဲ့သည်။
သူနှင့်ကိုယ်ပွါးခြောက်ယောက်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံခိုင်းခဲ့ပြီး သူ၏ကိုယ်ခံပညာရပ်များက ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။
ငါးရက်အတွင်းမှာပဲ သံမဏိအကြေးခွံ့က ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားသည်။
ထို့နောက် လင်းရှန်သည် ဝံပုလွေဝိညာဉ် လက်သည်းကို ပြီးပြည့်စုံခြင်းအဆင့်
သို့ရောက်ဖို့ နောက်ထပ် ခုနစ်ရက်သာ ကျင့်ကြံခဲ့ရသည်။
တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်းတို့၏ ကိုယ်ခံပညာနှစ်ခုကို ပေါင်းစပ်ပြီးနောက် ကိုယ်ခံပညာအဆင့်တွင် ပြောင်းလဲမှုအသစ်တစ်ခု အမှန်တကယ်ရှိခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် :ကျွမ်းကျင်တတ်မြောက်မှု]
[အဆင့်-ဆဌမအဆင့်၊ ၁၅ %]
[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း ကျမ်းဂန် (အထူးကျွမ်းကျင်မှုအဆင့် ၄၂%)၊
အရည်ပျော်ခြင်း ( ပြီးပြည့်စုံခြင်းအဆင့် ၅၀%) ၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ ( ပြီးပြည့်စုံခြင်းအဆင့် ၂၅%) အရိပ်( ပြီးပြည့်စုံခြင်းအဆင့်)၊တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ပြီးပြည့်စုံခြင်းအဆင့် )၊ အထူးယန်စွမ်းအား ဓားသွား (ပြီးပြည့်စုံခြင်းအဆင့် )၊ အဆီအနှစ် ဓားသွားလက်ချောင်း (ပြီးပြည့်စုံခြင်းအဆင့် ) ၊ သေခြင်းအတားအဆီး (ကျွမ်းကျင်အဆင့် ၇၈%)]