← Chapters

ဆဌမမြောက်ကိုယ်ပွါး၊ ကျွမ်းကျင်တတ်မြောက်မှု (၂)

Vol. 9 Ch. 136

ဆဌမမြောက်ကိုယ်ပွါး၊ ကျွမ်းကျင်တတ်မြောက်မှု (၂)

Vol. 9 Ch. 136

[ကိုယ်ပွားအရေအတွက်- ၆ (၉%)]

“ပြီးပြည့်စုံခြင်း အဆင့် ကိုယ်ခံပညာတစ်ခုက ၂၅% တိုးစေတာပဲ”

"အဲ့တော့ အမျိုးအစားတူတဲ့ ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာငါးခုကပဲ ပိုမိုအဆင့်မြင့်တဲ့ ကိုယ်ခံပညာကို ဖန်တီးနိုင်တာ”

လင်းရှန်က သူ့ဘာသာတွေးပြီး ရေရွတ်လိုက်သည်။

ဒီအခြေနေက သိပ်ပြီး ရက်စက်ရာတော့ မကျပေ။

သို့သော် သာမန် ကျင့်ကြံရေးသမားများအတွက် ကိုယ်ခံပညာငါးခုကို ပြီးပြည့်စုံခြင်းသို့ ရောက်အောင်ကျင့်ကြံဖို့က ကောင်းကင်ဘုံသို့တက်သလိုပဲ ခက်ခဲမည်မှာ သေချာသည်။

ဒါက ခုနစ်နှစ်မှ ရှစ်နှစ်ကြာအောင်ပင် လုပ်နိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင် ကျွမ်းကျင်အဆင့်နဲ့ အထူးကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် လွယ်ကူသော်လည်း လုံလောက်သော စွမ်းရည်နှင့် အခွင့်အလမ်းအချို့မရှိဘဲ ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်ရှိရန် အလွန်ခက်ခဲသည်။

သို့သော် သူကတော့ မတူပေ ။ သူ၏ကိုယ်ပွါးများနဲ့ဆို ကိုယ်ခံပညာများကို ကျင့်ကြံဖို့က အတားအဆီးမရှိပေ။

ကျင့်ကြံမှုတွင် အချိန်ရင်းနှီးနိုင်သရွေ့ သူ့အဆင့်ကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ပြီးပြည့်စုံခြင်းအဆင့်ကို မဖြတ်ခင် အချိန်လေးပဲ လိုသည်။

သူ၏စွမ်းရည်နဲ့ဆို မြန်မြန်ဆန်ဆန်ပဲ ကိုယ်ခံပညာကို ကျင့်ကြံနိုင်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ပဲ လင်းရှန်သည် အဲ့တာကို တစ်ချက်စစ်ဆေးခဲ့ပြီးဖြစ်သည်။

ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာနည်းစနစ်များ၏ တိုးတက်မှုသည်

ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာများကို ပေါင်းစပ်ရုံဖြင့် တိုးတက်နိုင်သည်။

ထို့အပြင် သူကျင့်ကြံချိန် မည်မျှပင်ရှိပါစေ ၊ အရည်ပျော်ခြင်း ကိုယ်ခံပညာအသစ်က တစ်ရာခိုင်နှုန်းပင် တိုးလာမည်မဟုတ်ပေ။

“အရည်ပျော်ခြင်းကို ဖြတ်ကျော်နိုင်ဖို့ နောက်ထပ် ကိုယ်ခံပညာနှစ်ခုကို ပေါင်းစပ်

ထားဖို့ လိုတယ် ။ တားမြစ်ထားတဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာက ၃ခု လိုတယ်”

“ကိုယ်ခံပညာ ၅ခုမှာ ၁ခုကို နှစ်လအတွင်း ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင်ကျင့်ကြံရမယ်”

"ခဏလေး… သတ်ဖြတ်ခြင်းကို အားပေးတဲ့ စွမ်းရည်ကနေ ကိုယ်ခံပညာကို တိုးတက်

အောင်လုပ်ဖို့ဆို နဂါးချောက်နက်တောင်တန်းကို သွားတာ ပိုမြန်နိုင်တယ်။"

လင်းရှန်က ရုတ်တရက် တွေးလိုက်မိသည်။

နောက်ကျ သူ၏ ကိုယ်ခံပညာအဆင့်ကို မြှင့်တင်ဖို့အတွက် ကိုယ်ခံပညာများစွာကို ကျိန်းသေလိုအပ်မည်ဖြစ်ပြီး အရည်အသွေးအမှတ်များစွာ လိုအပ်မည်ဖြစ်သည်။

အကယ်၍ လေ့ကျင့်ရန် နဂါးချောက်နက်တောင်တန်းသို့သွားပါက မစ်ရှင်များ

ပြီးမြောက်ပြီး အရည်အသွေးအမှတ်များကို ရယူနိုင်သည်။ အဲ့တာဆို ခဲတစ်လုံးနဲ့ ငှက်နှစ်

ကောင်ကို သတ်နိုင်တာပင်။

ဒါကိုတွေးပြီး လင်းရှန်က ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်သည်။

လေ့ကျင့်ရန် နဂါးချောက်နက်တောင်တန်းသို့ သွားဖို့ လုပ်ခဲ့သည်။

"ကိုယ်ခံပညာကို အရင်လဲလှယ်ဖို့ အရည်အသွေးခန်းမကို သွားအုံးမယ်။"

ဒါကိုတွေးပြီး လင်းရှန်က ချက်ချင်းထွက်သွားကာ အရည်အသွေးခန်းမဆီကို ပြေးသွားသည်။

သတ္တမမြောက်ကိုယ်ပွါး၏ တိုးတက်မှုသည် တစ်ရက်လျှင် ၀.၅% ဖြစ်သည်။

တစ်နည်းဆိုရသော် ကိုယ်ပွါးအသစ်ဖြစ်ပေါ်ရန် ရက်ပေါင်း ၂၀၀ ကြာမည်ဖြစ်သည်။

ဒါက လင်းရှန်ရဲ့မျှော်လင့်ချက်ထက် မကျော်လွန်ပေ။

ယခင် ကိုယ်ပွါးများ၏ ကြာချိန်ကို ပြသထားပြီးဖြစ်သည်။

ယခု တစ်ခုသည် ယခင်အရာများထက် အချိန်ပိုလိုအပ်သည်။

အဋ္ဌမ ဒါမှမဟုတ် နဝမမြောက် ကိုယ်ပွါး ရဖို့ဆို တစ်နှစ်လောက်ကြာမည်ပင်။

မကြာခင်မှာပဲ လင်းရှန်က လဲလှယ်ရေးခန်းမကိုရောက်လာသည်။

ကောင်တာရှိ တာဝန်ကျဝန်ထမ်းထံမှ လဲလှယ်စာရင်းကို လက်ခံရရှိပြီးနောက် သူသည် ကိုယ်ခံပညာစာရင်းကို သေချာကြည့်ရှုခဲ့သည်။

နှစ်တစ်ထောင် သက်တမ်းရှိသော ဂိုဏ်းတစ်ခုအနေဖြင့် နေကိုးစင်းဂိုဏ်းသည် တုနှိုင်းမရလောက်အောင် နက်နဲသော အုတ်မြစ်တစ်ခု ရှိပြီး ထောင်ပေါင်းများစွာသော ကိုယ်ခံပညာများကို စုဆောင်းခဲ့သည်။

ကျောင်းမှာ တပည့်တွေ လဲလှယ်ဖို့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ထည့်ထားတာတောင်မှ သူတို့မှာ တစ်ထောင်ကျော်လောက် ရှိသေးသည်။

သို့သော် ဒါတောင် ကိုယ်ခံပညာ အမျိုးအစားများစွာ ရှိနေခဲ့သည်။

လက်နက်မဟုတ်သော အမျိုးအစားတစ်ခုထဲတွင် လက်ဖဝါး၊ လက်သီး၊ လက်ချောင်း၊ ခြေထောက်၊ လှုပ်ရှားမှုနည်းပညာ၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှု၊ အသံလှိုင်း အစရှိသည်တို့ ပါဝင်သည်။

လက်နက်များနှင့် ပတ်သက်၍ အံသြဖွယ်ရာ အခင်းအကျင်းများလည်းရှိသည်။

ဓား၊ ဓားရှည်၊ လှံ၊ လှံရှည်၊ ပုဆိန်၊ ကြာပွတ်၊ တုတ်၊ တူ၊ခက်ရင်းခွ ဒါတွေသာမက

ဝှက်ထားသော လက်နက်မျိုးစုံလည်း ရှိခဲ့သည်။

ကိုယ်ခံပညာကျွမ်းကျင်မှု ထောင်ချီရှိလျှင်ပင် အမျိုးအစားတူသော ကိုယ်ခံပညာကျွမ်းကျင်မှုများစွာ မရှိပေ။

ကိုယ်ခံပညာ လဲလှယ်မှုစာရင်းတစ်ခုလုံးကို ဆယ်မိနစ်ကျော်ကြာ ကြည့်ရှုပြီးနောက် လင်းရှန်သည် လက်ဖဝါးနည်းစနစ် (၄၂)ခုနှင့် ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ရေး ကိုယ်ခံပညာ(၂၃)ခုကိုသာ တွေ့ရှိခဲ့သည်။

ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်သည် သူလဲလှယ်လိုသော ကိုယ်ခံပညာကို အမြန်ရွေးချယ်လိုက်သည်။

ကြေးလက်ကိုင်တူ ၊ သာမန်အရည်အသွေးအမှတ် နှစ်ခု။

ကောင်းကင်သက်တန့်လက်ဝါး၊ သာမန်အရည်အသွေးအမှတ် နှစ်ခု။

အရိုးသတ္တုနည်းစနစ်၊ သာမန်အရည်အသွေးအမှတ် သုံးခု။

မဟာကျောက်တုံးကျမ်း၊ သာမန်အရည်အသွေးအမှတ် ငါးခု

ဆင်နတ်ဘုရား ၊ သာမန်အရည်အသွေးအမှတ် ငါးခု

အစက လင်းရှန်တွင် သာမန်အရည်အသွေးအမှတ် ၁၅ ခုရှိသည်။ အဆင့်

စိန်ခေါ်မှုအတွင်း သူသည် ယန်ရှင်းထံမှ သာမန် အရည်အသွေးအမှတ် တစ်ခုကို ရရှိခဲ့သော်လည်း ယန်တောင်ကို စိန်ခေါ်သောအခါတွင် သာမန် အရည်အသွေးအမှတ်

နှစ်ခုကို ပေးခဲ့ရသည်။ အဲဒီနောက် သူ့မှာ သာမန် အရည်အသွေးအမှတ် ၁၄ ခုပဲ ကျန်တော့သည်။

သို့သော် မြေကမ္ဘာအဆင့်တပည့်တစ်ဦးအဖြစ် အဆင့်တိုးလာပြီးနောက် သူ၏ လစဉ်

ရရှိမှုသည် သာမန် အရည်အသွေးအမှတ် ငါးခုထိ တိုးလာခဲ့သည်။

ထို့အပြင် သူသည် ယခုလ၏ သာမန်အရည်အသွေးအမှတ်ကို ရရှိထားပြီးဖြစ်သောကြောင့် ယခုအခါ စုစုပေါင်း သာမန် အရည်အသွေးအမှတ် ၁၉ ခု

ခုရှိနေသည်။

ကိုယ်ခံပညာငါးခုသည် စုစုပေါင်း သာမန် အရည်အသွေးအမှတ် ၁၇ ခု ကုန်ကျသည်။ လဲလှယ်ပြီးနောက်တွင် သူ့မှာ သာမန် အရည်အသွေးအမှတ်နှစ်ခုသာ ကျန်တော့သည်။

ဒါတောင် လင်းရှန်က စျေးနည်းသော ကိုယ်ခံပညာများကို ရွေးချယ်ထားသောကြောင့် ဖြစ်သည်။ မဟုတ်ရင် သာမန် အရည်အသွေးအမှတ် (၁၉)ခုက မလုံလောက်ပေ။

"ကြည့်ရတာ သာမန် အရည်အသွေးအမှတ်တွေ မြန်မြန်ရဖို့လိုတယ်”

ကိုယ်ခံပညာငါးခုသည် အရည်ပျော်ခြင်းနဲ့ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာတို့ကိုသာ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ထို့နောက်တွင် အရိပ်နဲ့ အထူးယန်စွမ်းအားဓားသွားကဲ့သို့သော ကိုယ်ခံပညာများ ရှိနေဆဲဖြစ်သည်။

အဲ့အခါကျ သာမန် အရည်အသွေးအမှတ်တွေ အများကြီး လိုအပ်မည်ပင်။

လဲလှယ်ရေးခန်းမမှ ထွက်သွားပြီးနောက် လင်းရှန်သည် အရည်အသွေးခန်းမဆီသို့ လျှောက်သွားကာ မစ်ရှင်တစ်ခုကို ရွေးချယ်ရန် ပြင်ဆင်နေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူသည် သင့်လျော်သောမစ်ရှင် ခုနစ်ခု၊ ရှစ်ခုကို ရွေးချယ်ခဲ့သည်။ လင်းရှန်သည် ကောင်တာသို့ သွားပြီး စာရင်းသွင်းကာ တိုကင်ယူလိုက်သည်။ထိုအခါ ကျောင်းယု၏ တောက်ပသော အပြုံးကို မြင်လိုက်ရသည်။

လင်းရှန် ခန်းမထဲကို ဝင်လာကတည်းက ကောင်မလေးက သူ့ကို သတိထားမိပြီးသားပင်။ သူက လင်းရှန်ကိုသာ စိုက်ကြည့်

နေသည်။ လင်းရှန် ကောင်တာသို့ရောက်သောအခါတွင် သူမသည် ပြုံးပြီး "အစ်ကိုလင်း၊ မြေကမ္ဘာအဆင့် တပည့်ဖြစ်လာတဲ့ အတွက် ဂုဏ်ယူပါတယ်" ဟု ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။" လင်းရှန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ကျောင်းယု ဘယ်လိုသိတာလဲလို့ သူမမေးပေ။

မစ်ရှင်ခန်းမလိုနေရာမျိုးမှာ တာဝန်ကျနေတဲ့ ကျောင်းယုက သူ့ထက် ပိုအချက်အလက်စုံပုံရသည်။ ဒီအကြောင်းကို သူသိတာ အံ့သြစရာတော့ မဟုတ်ပေ။

ဒီကိစ္စက ကျောင်းမှာ အတော်လေးကို တုန်လှုပ်သွားခဲ့တာမလို့ ပြောစရာတောင်မလိုပေ။

ကျောင်းယုက ပြုံးလိုက်သည်။ လင်းရှန်ကို မစ်ရှင်စာရင်းသွင်းရန် ကူညီနေစဉ်တွင် သူမသည် လင်းရှန်အား ရံဖန်ရံခါ ကြည့်နေတတ်ပြီး သူမ၏မျက်လုံးများတွင် အံ့အားသင့်မှုများနဲ့ပြည့်နှက်နေသည်။

လင်းရှန်သည် မြေကမ္ဘာအဆင့် တပည့်အဖြစ်သို့ တိုးမြှင့်သွားကြောင်း ကြားလိုက်ရသောအခါ သူမ မည်မျှထိ ထိတ်လန့်သွားသည်ကို ဘယ်သူမှမသိပေ။

သူမက အံသြသွားသည်။

မကြာသေးမီကပင် လင်းရှန်သည် အနက်ရောင်အဆင့်တပည့်အဖြစ် နေရာကို ဆက်ထိန်းနိုင်ပါ့မလားဟု သူမ စိုးရိမ်နေသေးသည်။

လင်းရှန်သည် မြေကမ္ဘာအဆင့် တပည့်ဖြစ်လာမည်ဟု မည်သူက ထင်မည်နည်း။

ကျောင်းသို့ဝင်ရောက်ပြီး သုံးလအကြာတွင် မြေကမ္ဘာအဆင့် တပည့်တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရခြင်းသည် ကျောင်းယု၏နားလည်မှုထက် ကျော်လွန်သွားခဲ့သည်။

အစပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်ပုံပေါက်သော ဤစီနီယာအကိုကို အခုတော့ ပို၍ပင် နားလည်နိုင်စွမ်း မရှိတော့ပေ။

သိပ်မကြာခင်မှာပဲ

မစ်ရှင် စာရင်းသွင်းခြင်း ပြီးမြောက်ခဲ့သည်။

မစ်ရှင်ကို စာရင်းသွင်းပြီးသောအခါ ကျောင်းယုသည် ရုတ်တရက် တစ်ခုခုကို တွေးပြီး လင်းရှန်ကို သတိပေးလိုက်သည်။

“စကားမစပ် စီနီယာ အကိုလင်း၊ လေ့ကျင့်ရေးက ပြန်လာတဲ့ အခြားတပည့်တွေပြောတာတော့ မကြာသေးမီကမှ နဂါးချောက်နက် တောင်တန်းအပြင်ဘက်မှာ ဝိညာဉ်ရေးရာသားရဲတွေ ရှိနေတဲ့ပုံပဲ။ သွားတဲ့အခါ သတိထားဖို့ မမေ့နဲ့နော်”

လင်းရှန်က အနည်းငယ် အံ့အားသင့်သွားသည်။ ယန်ကျုံးရီက သူ့အား ပြောခဲ့ဖူးတာကို ပြန်သတိရပြီး သူ့မျက်လုံးများပေါ်တွင် တွေးတောနေတဲ့ အကြည့်များ တောက်ပလာသည်။

သို့သော် သူသည် လျင်မြန်စွာ အသိပြန်ဝင်လာပြီး ကျောင်းယုကို ပြုံးပြလိုက်သည်။

"ဟုတ်လား။ ကျေးဇူးပဲနော်”

"ရပါတယ်။"

ကျောင်းယုက တောက်ပစွာ ပြုံးပြီး လင်းရှန် မစ်ရှင်ခန်းမထဲကနေ ထွက်သွားတာကို ကြည့်နေသည်။

အရည်အသွေးခန်းမမှ ထွက်ခွာပြီးနောက် လင်းရှန်သည် မြို့မှ ချက်ချင်း ထွက်ခွါတာမျိုးမရှိပေ။ ယင်းအစား သူသည် သစ်သားအဆောက်အအုံသို့ ပြန်သွားပြီး ကိုယ်ခံပညာငါးခုကို အစပြုသူအဆင့်သို့ ရောက်ရန် ကျင့်ကြံခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် မစ်ရှင်များစွာကို လက်ခံခဲ့သည်။ အဆောင်၏ အချိန်ကန့်သတ်ချက်မှာ နှစ်လဖြစ်သောကြောင့် ရက်အနည်းငယ် နှောင့်နှေးနေတာက ပြဿနာမရှိပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွားသည်။

သူတတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီးနောက်မှာတော့ ကိုယ်ခံပညာငါးခုသည် အစပြုသူအဆင့်သို့ အောင်မြင်စွာရောက်ရှိခဲ့သည်။

မျက်နှာပြင်ပေါ်ရှိ ကျင့်ကြံနည်းစနစ်ကော်လံတွင် နောက်ထပ်ကိုယ်ခံပညာငါးခု ပေါ်လာတာကို ကြည့်လိုက်ရင်း လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် သူ၏ ကိုယ်ခံပညာအဆင့်ကို မြှင့်တင်ရန်အတွက် သတ်ဖြတ်ခြင်းစွမ်းရည်ကို အားကိုးရမည်ဖြစ်သည်။

နှောင့်နှေးမှုမရှိဘဲ လင်းရှန်က နိုင်ယန်းကျောင်းမှ ချက်ချင်းထွက်ခွာကာ အရှေ့ခရိုင်ရှိ သူ၏အိမ်သို့ ပြန်လာခဲ့သည်။

မကြာသေးမီကမှ သူသည် သဘာဝရတနာများကို ရောင်းချပြီး ဝိညာဉ်ဒင်္ဂါးများနဲ့လဲလှယ်ဖို့အတွက် စစ်မှန်သော ကိုယ်ခံပညာစျေးဆိုင်သို့ သွားခဲ့သည်။ ထိုကရတဲ့ဝိညာဉ်ဒင်္ဂါးနဲ့ ဗီလာကို အရစ်ကျ ဝယ်ယူခဲ့သည်။

အခုတော့ ဒီအိမ်ကြီးက သူ့အိမ်ပင်။

ကြာရှည်စွာ အသက်ရှုခြင်းအဆင့်သို့ ချီတက်ပြီးနောက် လင်းရှန်သည် ငွေကြေးအတွက် စိတ်ပူစရာမလိုတော့ပေ။

သိုလှောင်အိတ်ထဲက သဘာဝရတနာမှန်သမျှကို စစ်မှန်သော ကိုယ်ခံပညာစျေးဆိုင်တွင် ဝိညာဉ် ဒင်္ဂါးပေါင်း ထောင်ပေါင်းများစွာနဲ့ ရောင်းချနိုင်သည်။

ဒါကြောင့် ကျင့်ကြံသူများသည် လူ့အဖွဲ့အစည်း၏ လှေခါးထိပ်တွင် ရှိနေရခြင်းပင်။

ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်မြင့်လေ၊ ငွေအပေါ်မှီခိုမှု နည်းပါးလေဖြစ်သည်။

သူတို့ရရှိသော အစိတ်အပိုင်း တစ်ခုသည် သာမန်လူများအဖို့ ဘဝတစ်လျှောက်လုံး ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့လျှင်ပင် မည်သည့်အခါမျှ မရရှိနိုင်သော အရာ ဖြစ်နိုင်သည်။

ပိုက်ဆံက သူတို့အတွက် နံပါတ်တစ်ခုသာပင်။

သူတို့တကယ်စိတ်ဝင်စားတဲ့အရာတွေကတော့ ငွေနဲ့ဝယ်လို့ရတဲ့ အရာမဟုတ်ပေ။

ဥပမာအားဖြင့် မှော်လက်နက်များ၊ အဆင့်မြင့်ဆေးလုံးများနှင့် အဆင့်မြင့်ကိုယ်ခံပညာနည်းပညာများ။

ဒီအရာတွေကို စျေးကွက်ထဲမှာ ဖြန့်ကျက်ထားတာမျိုး မရှိပေ။ အဓိက ဂိုဏ်းကြီး သုံးခုနှင့် ၎င်းတို့နဲ့ဆက်စပ်ကျောင်းများတွင် ပါဝင်တာမှ လွဲ၍ ငွေမည်မျှသုံးစွဲပါစေ ၊ အခြားသော သာမန် နည်းလမ်းများဖြင့် ၎င်းတို့ကို ရရှိဖို့

မဖြစ်နိုင်ပေ။

ကျင့်ကြံသူများ၏ကမ္ဘာတွင် လည်ပတ်နေသောငွေကြေးသည် ဝိညာဉ်င်္ဒဂါးများမဟုတ်ဘဲ အခြားတန်ဖိုးကြီးသောအရာများဖြစ်သည်။

ဥပမာအားဖြင့် နိုင်ယန်းကျောင်းတွင် အရည်အသွေးအမှတ်များသည် ငွေကြေးဖြစ်သည်။

လင်းရှန်သိသလောက်တော့ နေကိုးစင်းဂိုဏ်းတွင် အသုံးအများဆုံး ငွေကြေးမှာ အမြုတေကျောက်တုံးများဖြစ်သည်။

ဥပမာအားဖြင့် သူရရှိသော အနှစ်သာရကျောက်တုံးအပိုင်းအစများ..

All Chapters