လမ်းကြောင်းပေါ်သို့
Vol. 9 Ch. 137
အိမ်ပြန်ရောက်သောအခါ အိုက်က အိမ်မှာမရှိနေတာကို တွေ့ရတာကြောင့် လင်းရှန် အံ့သြသွားခဲ့သည်။
"ကလေးက ဘယ်သွားတာလဲ"
လင်းရှန်သည် ဧည့်ခန်းစားပွဲပေါ်ရှိ အစာဗူး အလွတ်ကို ကြည့်လိုက်သည်။
အခုတော့ ပိုက်ဆံအတွက် စိတ်ပူစရာ မလိုတော့ဘဲ အိုက်ရဲ့အစားအသောက် တွေလည်း ပိုကောင်းလာသည်။
သူမစားနေတဲ့ ကြောင်အစာ စည်သွပ်ဘူးကို ပိုစျေးကြီးတဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ "ဝူယွမ်"နဲ့ ပြောင်းလဲလိုက်သည်။ ထိုအရာ၏ ပေါက်ဈေးမှာ တစ်ဗူးလျှင် ဝိညာဉ်ဒင်္ဂါး ၅,၀၀၀ ဖြစ်ပြီး ၎င်းသည် ဝိညာဉ်သားရဲအသား၏ ပေါက်ဈေးထက် များစွာသာလွန်သည်။
သို့ရာတွင် တိုးတက်ခြင်းအဆင့်ဝိညာဉ်ရေးရာ သားရဲများအတွက် ဤစည်သွတ်ဗူးကြောင်အစာမျိုးသည် ကျင့်ကြံမှုစွမ်းရည်ကို တိုးမြင့်လာစေတဲ့ အကျိုးသက်ရောက်မှုရှိသည် ။
ဧည့်ခန်းထဲတွင် ခဏထိုင်ပြီးနောက် လင်းရှန်သည် လသာဆောင်တွင် အနည်းငယ် လှုပ်ရှားနေသည်ကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ အိုက်က လသာဆောင်ပေါ်ကနေ ခုန်ဆင်းလာတာကို တွေ့လိုက်ရသည်။
ဧည့်ခန်းထဲတွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ကောင်မလေးက လျင်မြန်စွာ သဘောပေါက်လိုက်သည်။ သူမက မျှော်ကြည့်လိုက်ပြီး လင်းရှန် ကိုမြင်တော့ ချက်ချင်းပင် အံ့အားသင့်စွာ အော်လိုက်သည်။
"လင်းရှန် ပြန်လာပြီပဲ”
လင်းရှန်ကပြုံးပြီး အိုက် ခေါင်းကို ပွတ်သပ်လိုက်သည်။
"မင်းဘယ်တွေရောက်နေတာလဲ?"
"ငါ ကြောင်ဗိုလ်ချုပ်ကို သွားတွေ့သေးတယ်။" အိုက်က ခေါင်းမော့ပြီး “ဒါပေမယ့် သူက တစ်ခုခုနဲ့ အလုပ်ရှုပ်နေပုံပဲ။ သူက ငါနဲ့ ကစားဖို့ အချိန်မရှိဘူးဆိုတော့ ငါက ပြန်လာရတာ။”
ခေတ္တနားပြီးနောက် အိုက်က စိတ်လှုပ်ရှားစွာ ပြောသည် ။
"လင်းရှန်း… ဒီတစ်ခါ မင်းငါ့ကို မြို့ပြင်ကိုခေါ်အုံးဖို့လား"
မြို့ပြင်က နောက်ဆုံးပြန်လာတဲ့ အချိန်မှာ လင်းရှန်က သူ့အတွက် ကြောင်စာ စည်
သွတ်ဘူး တံဆိပ်ကို ပြောင်းလိုက်သည်။ သူသည် ဗူးခွံအများအပြားကို တစ်ကြိမ်တည်းပင် ဝယ်ယူခဲ့ပြီး သူမအား စည်သွပ်ဘူးခွံများကို ကြိုက်သလိုစားလို့ရတဲ့ ပျော်ရွှင်စရာ ဘဝမှာ နေထိုင်ခိုင်းခဲ့သည်။
အိုက်အနေနဲ့ သုခဘုံမှာ ရှိနေသလို ခံစားရသည်။ သူမသည် အတော် ပျော်ရွှင်ရသည်။
ထို့ကြောင့် လေ့ကျင့်ရေးဆင်းသောအခါတွင် သူမသည် လင်းရှန်ထက်ပင် ပို၍ စိတ်အားထက်သန်နေခဲ့သည်။
"ဟုတ်တယ် ။ ပြင်ဆင်ထား။ ခဏနေ ငါတို့ ထွက်သွားမယ်။"
"တကယ်လား? အဲဒါအရမ်းကောင်းတယ်”
အိုက်က အရမ်းပျော်သွားသည်။
“ပြင်ဆင်စရာ မလိုဘူး။ အခုထွက်လိုက်
ရအောင်”
အိုက်၏ စိတ်အားထက်သန်သောအမူအရာကိုကြည့်ရင်း လင်းရှန်က ရယ်လိုက်သည်။
ဒီကလေးက တကယ်နားလည်လွယ်သည်။
ထို့ကြောင့် လူနှင့်ကြောင်သည် အိမ်မှထွက်ကာ မြို့ပြင်သို့ အမြန်ထွက်ခဲ့သည်။
သူပထမဆုံးအကြိမ် နဂါးချောက်နက်တောင်တန်းကိုရောက်သည်နှင့် နှိုင်းယှဉ်ပါက လင်းရှန်သည် သိသိသာသာတိုးတက်လာခဲ့သည်။
သူ့ရဲ့ လေ့ကျင့်မှု တိုးတက်လာရုံသာမကဘဲ ပြီးပြည့်စုံခြင်းအဆင့်ထက်ကို ကျော်နေတဲ့ အစွမ်းထက်တဲ့ ကိုယ်ခံပညာနှစ်ခုလည်း ရှိနေသည်။
ထို့ကြောင့် သူသည် နဂါးချောက်နက်တောင်တန်း၏ အပြင်ဘက် ဧရိယာနဲ့တင် မကျေနပ်တော့ပေ။ အဲဒီအစား သူက ပိုနက်တဲ့နေရာကို စူးစမ်းခဲ့သည်။
ထုံးစံအတိုင်း လမ်းတစ်လျှောက်တွင် တွေ့ကြုံရသည့် ဝိညာဉ်ရေးသားရဲများသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်သည်။ တိုးတက်မှုအဆင့်ထက်နိမ့်သော ဝိညာဉ်ရေးရာသားရဲများ မရှိသလောက်ဖြစ်ပြီး တိုးတက်မှုနှောင်းပိုင်းအဆင့်များပင် ရှိသေးသည်။
သို့သော် လင်းရှန်က လုံးဝမကြောက်ပေ။
သူ၏ လက်ရှိ ခွန်အားနဲ့ဆို ဉာဏ်အလင်းရခြင်း အဆင့်ရှိတဲ့ ဝိညာဉ်သားရဲနှင့် မကြုံသရွေ့ သူ့ဘဝသည် အန္တရာယ်ရှိမည်မဟုတ်ပေ။
ဒီအတွက် အရမ်းစိုးရိမ်နေစရာ မလိုပေ။
ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်သားရဲများသည် ထင်ထင်ရှားရှားမနေတဲ့အပြင် အလွန်အစွမ်းထက်သည်။ အများစုမှာ နတ်ဆိုးမျိုးနွယ်၏ ကျောရိုးဖြစ်ပြီး အပြင်သို့ မထွက်ရကြပေ။
သာမာန် ကျင့်ကြံသူများအနေနဲ့ မတော်တဆ ကြုံဖို့နေနေသာသာ တမင်တကာ ရှာဖွေလျှင်ပင် မတွေ့နိုင်ပေ။
အကယ်၍ တစ်ယောက်ယောက်က ဒီလိုသားရဲတစ်ကောင်ဆီ ပြေးသွားခဲ့ရင် သူအနေနဲ့ ကံမကောင်းတာပဲ ဖြစ်လိမ့်မည်။
လင်းရှန်သည် ကြာရှည်စွာအသက်ရှုခြင်းဆဌမအဆင့်သို့ ဖြတ်ကျော်ပြီးနောက် သူ့ကိုယ်ပွါးများ၏ သုံးစွဲမှုသုညအကွာအဝေးသည် မီတာ (၄၀၀)ခန့်အထိ တိုးလာခဲ့သည်။
ကိုယ်ပွားတစ်ခုသည် လင်းရှန်နဲ့ မီတာ (၂၀၀၀)အကွာအဝေးအထိမှာ ငါးမိနစ်ခန့် နေနိုင်သည်။
သို့သော်လည်း အကွာအဝေးကို မီတာ ၃၀၀၀ တိုးလိုက်တဲ့အခါ ၎င်း၏တည်ရှိမှု ကြာချိန်သည် တစ်မိနစ်ခန့်အထိ သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။
ထို့ကြောင့် လင်းရှန်သည် ဝိညာဉ်ရေးရာသားရဲများကို အမဲလိုက်ရန် သတ်ဖြတ်ခြင်းကိုအားပေးသည့် စွမ်းရည်ရှိသော ကိုယ်ပွါးကိုဆင့်မခေါ်ခဲ့ပေ။
မီတာ (၄၀၀)သကွာဝေးသည့်အချိန်တွင် သူ၏ပင်မခန္ဓာကိုယ်နှင့်ကိုယ်ပွါးကို ဝိညာဉ်သားရဲ ရှာဖွေဖို့အတွက်နဲ့ ခွဲထုတ်ရန်မလိုအပ်ပေ။အဲ့တာက သူ့ကိုယ်ပွား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်သလို ဖြစ်မည်ပင်။
ဖြတ်သွားသော ကျင့်ကြံသူအချို့က မတော်တဆ တွေ့တာမျိုးလည်း ဖြစ်နိုင်သည်။
ခံနိုင်ရည်ကို အဆက်မပြတ်ကုန်ဆုံးစေပြီး ကြာချိန်အလွန်တိုတောင်းသည်ဟု ယူဆတာကြောင့် လင်းရှန်သည် ကိုယ်ပွားကို နောက်ထပ်အကွာအဝေးသို့ ပို့မည့် ဤအကြံကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်သည်။
တစ်နေကုန်သည့်အထိ ကိုယ်ပွါးများ၏ သုံးစွဲမှုသည် ယခင်ကထက် များစွာနည်းလာခဲ့သော်လည်း သက်တောင့်သက်သာသွားလာရန်တော့ အလှမ်းဝေးနေဆဲဖြစ်သည်။
လင်းရှန်သည် အမှန်တကယ် ကျင့်ကြံသူ သခင်ဖြစ်လာမှသာ ဒါကို လုပ်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။
ဘုန်း
ဝိညာဉ်ရေးရာ သားရဲ၏ကြီးမားသောခန္ဓာကိုယ်သည် အဝေးမှပြုတ်ကျလာပြီး မီတာ ၂၀ ကျော်အကွာရှိ သစ်ပင်တစ်ပင်ကို ထိမှန်သွားသည်။
တိုက်မိတဲ့ အင်အားက ထူထပ်တဲ့ သစ်ပင်ရဲ့ ပင်စည်ကို ခါးကနေ ချိုးဖျက်သွားပြီး ဝိညာဉ်ရေးရာသားရဲထံမှ သနားစရာကောင်းတဲ့ အော်ဟစ်သံ ထွက်လာကာ မြေကြီးပေါ် လဲကျသွားသည်။
သူ ပြန်မထနိုင်ခင်မှာပဲ ထက်မြက်တဲ့ ဓားမီးတောက်ပေါင်းများစွာက လေထုကို ဆုတ်ဖြဲပြီး တိုက်ခိုက်ခဲ့သည် ။ ဝိညာဉ်ရေးရာသားရဲ၏နဖူး၊ လည်ပင်းနှင့် နောက်ကျောတို့ကို တစ်ချိန်တည်းနီးပါး ထိမှန်သွားသည်။
သနားစရာကောင်းတဲ့ အော်ဟစ်သံတွေက ရုတ်တရက် ရပ်သွားသည်။
ဝိညာဉ်ရေးရာသားရဲသည် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့သည်။
ဝိညာဉ်ရေးရာသားရဲ အမှန်တကယ် အသက်ဆုံးရှုံးသွားကြောင်း အတည်ပြုပြီးတဲ့နောက် ၎င်းကို ဝိုင်းရံထားသော လူသုံးဦးက သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဟင်းးး ဒီ တိုးတက်ခြင်းနှောင်းပိုင်း အဆင့် ဝိညာဉ်ရေးရာသားရဲက တကယ်ကို ကိုင်တွယ်ရခက်တယ်။ ငါတို့သုံးယောက်က ကြာရှည်စွာအသက်ရှုခြင်း ပဉ္စမနဲ့ ဆဋ္ဌမအဆင့်လောက်မှာရှိနေတာတောင် ဒီသားရဲကို ငါတို့မသတ်နိုင်သလောက်ပဲ။”
“ကျေနပ်တော့၊ မျက်လုံးဖြူ ဝိညာဉ်ကျားက သာမန် ဝိညာဉ်သားရဲ မဟုတ်ဘူးလေ၊ ဒီဝိညာဉ်ရေးရာသားရဲမျိုးက ထူးဆန်းတဲ့ အသွေးအသားရှိပြီး ယေဘုယျအားဖြင့်တော့ တူညီတဲ့အဆင့်ရှိတဲ့ ဝိညာဉ်သားရဲတွေထက် ပိုပြင်းထန်တယ်။ ငါတို့ အဲဒါကို သတ်ပစ်နိုင်တာကကို ကိစ္စကြီး ဖြစ်နေပါပြီ။”
“ဒီအကြောင်း မပြောနဲ့တော့။ အရေခွံခွာပြီး အရိုးတွေကို ထုတ်ကြ။ တိုးတက်ခြင်းနှောင်းပိုင်းအဆင့် မျက်လုံးဖြူ ဝိညာဉ်ကျားမှာ ရတနာကောင်းတွေ အများကြီး ရှိတယ်”
ထိုစကားကြားတော့ သူတို့ သုံးယောက်က ချက်ချင်း လန့်သွားသည်။
မျက်လုံးဖြူ ကျားတစ်ကောင်ကို သတ်ခြင်းသည် သာမန်အရည်အသွေးအမှတ် ၁ခုတော့ ရနိုင်သည်။
ဤကျားကတော့ တိုးတက်ခြင်းနှောင်းပိုင်းအဆင့်တွင် ရှိသည်။ ဆုကြေးက ပိုမြင့်ပြီး
သာမန်အရည်အသွေးအမှတ် ၃ခုထိ ရနိုင်သည်။
သက်သေအဖြစ် တင်ပြဖို့ ကျားကျောရိုးမှ လွဲ၍ ကျန်ရှိသော အသား၊ အရိုးနှင့် သွေးများကလည်း အရည်အသွေးအမှတ်များစွာ ရမည် ဖြစ်သည်။
သူတို့ သုံးယောက် အညီအမျှ ခွဲရင်တောင် ပမာဏ အတော်များနေပြီပင်။
သူတို့သုံးဦးသည် ကျားအလောင်းကို စတင်ခွဲခြမ်းစိပ်ဖြာခဲ့ကြသည်။
“ဒီတစ်ခေါက် ပြန်သွားတဲ့အခါ သိုလှောင်အိတ်တစ်လုံးနဲ့ လဲလှယ်ရမယ်။ ဒါမှမဟုတ်
ရင်လည်း နောက်ကျ အလောင်းတွေကို အချိန်တိုင်း ခွဲစိပ်နေရလိမ့်မယ်။ အဲ့တာက အချိန်ဖြုန်းရာကျတယ်”
“သိုလှောင်အိတ်တစ်ခုကသာမန်
အရည်အသွေးအမှတ် ၃ခုတောင် ။ အဲ့အတွက်နဲ့ ပိုက်ဆံအများကြီးအကုန် မခံနိုင်
ပါဘူး။ ဒီ သာမန်အရည်အသွေးအမှတ် တွေနဲ့ငါ့ကျင့်ကြံမှု တိုးမြင့်အောင် မူလဆေးလုံးအနည်းငယ်ကို လဲလှယ်ရမယ်”
သုံးယောက်သား အလုပ်ရှုပ်နေတာတောင် စကားအနည်းငယ် ပြောဖြစ်ကြသည် ။