လမ်းကြောင်း (၂)
Vol. 9 Ch. 138
သူတို့က သိုလှောင်ကျောက်စိမ်းပြားများကို အသုံးပြုနေကြဆဲ ဖြစ်တာကြောင့် သိုလှောင်မှုနေရာသည် အလွန်အကန့်အသတ်ရှိနေသည်။
ကျောက်စိမ်းပြားထဲမှ နေရာကာရန်အတွက် ဝိညာဉ်သားရဲတစ်ကောင်ကို သတ်လိုက်တိုင်း ထိုနေရာမှာတင် ခွဲခြမ်းစိပ်ဖြာပြီး ပိုလျှံနေသော အတွင်းအင်္ဂါများကို စွန့်လွှတ်ကာ အဖိုးတန် အသားများ၊ အရိုးများနှင့် အင်္ဂါအစိတ်အပိုင်းကိုသာ ချန်ထားကြသည်။
ထိုအခိုက်အတန့်တွင် သူတို့ထဲမှ တစ်ယောက်က ရုတ်တရက် ခေါင်းကို မော့ကာ ရှုပ်ယှက်ခတ်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"တစ်ခုခု ကြားကြလား"
ဒါကိုပြောပြီးတာနဲ့ ကျန်တဲ့နှစ်ယောက်က လုပ်နေတာတွေကို ချက်ချင်းရပ်လိုက်ပြီး ပတ်ပတ်လည်ကို သတိနဲ့ကြည့်လိုက်သည်။
နဂါးချောင်နက်တောင်တန်းသည် အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ သတိမထားမိရင် အသက်ဆုံးရှုံးမည်ပင်။ ထို့ကြောင့် တောင်တန်းသို့ ဝင်ရောက်လာသူတိုင်းသည် သတိနဲ့ လှုပ်ရှားရသည်။
သို့သော်လည်း အချိန်အတော်ကြာအောင် ငြိမ်သက်စွာ စောင့်ဆိုင်းပြီးတဲ့အထျ သူတို့နှစ်ဦးသည် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။ စကားစပြောသော သူတို့၏အဖော်ကိုပင် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
နောက်မှ သူက ပခုံးတွန့်ပြီး “ ငါ အတွေးလွန်နေတာလည်း ဖြစ်နိုင်တယ်…”
သူစကားမဆုံးခင်မှာပဲ လေပြင်းများ ရုတ်တရတ် တိုက်ခတ်လာတာကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်တွေ ယိမ်းနွဲ့သွားပြီး သစ်ရွက်တွေ များစွာကြွေကျကုန်သည်။
ဝေါင်း
ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က ဟိန်းဟောက်နေပြီး မျက်လုံးဖြူ ဝိညာဉ်ကျားတစ်ကောင်က ခုန်ထွက်လာကာ ၎င်းတို့သုံးယောက်ရှေ့သို့ ဆင်းသက်လာသည်။
ဝိညာဉ်သားရဲ၏ ရုတ်တရက်အသွင်အပြင်က သူတို့သုံးယောက်ကို ထိတ်လန့်သွားစေပြီး သူတို့မသိစိတ်က တိုက်ခိုက်မည့်ပုံစံကို အသင့်ပြင်ထားကြသည် ။
သို့သော် အသိပြန်ဝင်လာသောအခါ သုံးယောက်လုံး ဝမ်းသာသွားကြသည်။
နောက်ထပ် မျက်လုံးဖြူ ဝိညာဉ်ကျား။
ဤသည်မှာ ကြီးမားသော သာမန် အရည်အသွေးအမှတ်များပင်
သူတို့ အရမ်းကံကောင်းသည်။
သူတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အချင်းချင်း နားလည်မှုဖြင့် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။ သူတို့က မျက်လုံးဖြူ ဝိညာဉ်ကျားကို ဝိုင်းထားကြသည်။
သို့သော် လမ်းတစ်ဝက် ရောက်သောအခါ ရုတ်တရက် သားရဲအော်သံများကို ကြားလိုက်ရသည်။ နောက်ထပ် လေပြင်းအချို့ တိုက်ခတ်လာပြီး မျက်လုံးဖြူဝိညာဉ်ကျားလေးကောင် ခုန်ထွက်လာကာ ၎င်းတို့ သုံးဦးကို လောဘကြီးစွာ စိုက်ကြည့်နေသည်။
ဒီအချိန်မှာ သူတို့မျက်နှာပေါ်က ပျော်ရွှင်မှုတွေက အေးခဲသွားပြီး အရောင်ဖျော့သွားသည်။
"ငါးကောင်တောင်”
ကျားငါးကောင်၏ အေးစက်ပြီး ပြင်းထန်သော အကြည့်များအောက်တွင် ကျင့်ကြံသူ သုံးဦးသည် ရူးမတတ် တုန်လှုပ်သွားကြသည်။
ကျားနှစ်ကောင်ကို သူတို့ရှိသမျှနဲ့တိုက်မည်ဆိုလျှင်တောင် ခက်ခက်ခဲခဲ တိုက်ရမည်ပင်။
ကျားသုံးကောင်ရှိလျှင် အနည်းဆုံး သူတို့ လွတ်မြောက်နိုင်သည်။
သို့သော်လည်း ကျားငါးကောင်နှင့်ဆို ထွက်ပြေးဖို့ အခွင့်အလမ်းမှာ အလွန်နည်းပါးလှသည်။
"ဟဲဟဲ၊ ငါတွေ့ခဲ့တာကို ကြည့်အုံး၊ လူသား ကျင့်ကြံသူ သုံးဦး။”
အသံက တိုးပြီး ကြမ်းတမ်းသည်။
အရပ်ရှည်ရှည်နဲ့ အသွင်အပြင်သည် မျက်လုံးဖြူ ဝိညာဉ်ကျားများနောက်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူ့နောက်ကျောသည် နေရောင်ခြည်ကို မျက်နှာမူထားတာကြောင့် အရိပ်တစ်ခု ဖုံးလွှမ်းနေသည်။
၎င်းသည် ဖြူဖျော့သောမျက်လုံးများနှင့် နောက်ကျောတွင် ကျယ်ပြန့်သောအတောင်ပံတစ်စုံပါသည့် အနက်ရောင်ကျားနတ်ဆိုးဖြစ်သည်။
သူ့လက္ခဏာများကို ကြည့်ရုံဖြင့် ဤနေရာမှ အခြားကျားများနှင့် မတူတာကို သတိထားမိမည်ပင်။
တစ်ခုတည်းသော ခြားနားချက်မှာ လူကဲ့သို့ ဖြောင့်ဖြောင့်တန်းတန်း လမ်းလျှောက်သွားခြင်း ဖြစ်သည်။
အရပ်သုံးမီတာမြင့်သော ခန္ဓာကိုယ်သည် တည့်တည့်ရပ်နေ၏။ ၎င်း၏ ခြေလက်များသည် အနည်းငယ် သေးသွားသော်လည်း ပိုရှည်ကြသည်။ ၎င်းလက်ချောင်းများ၏ အဆုံးရှိ ချွန်ထက်သော လက်သည်းများသည် နေရောင်အောက်တွင် သတ္တုများလို တောက်ပနေသည်။
ကျားနတ်ဆိုးကို တွေ့လိုက်သည်နှင့် ကျင့်ကြံသူ သုံးဦးသည် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။ သူတို့ လည်ချောင်းမှ တုန်တုန်ယင်ယင် အော်ဟစ်သံကိုပင် မနည်း ညှစ်ထုတ်လုနီးပါး ဖြစ်ခဲ့သည်။
“ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်သားရဲ…”
ဝိညာဉ်သားရဲများသည် ဖြောင့်မတ်စွာ လျှောက်လှမ်းရင်း လူ့ဘာသာစကားကို ပြောနိုင်မည် မဟုတ်သော်လည်း ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်သားရဲများကတော့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ကျားနတ်ဆိုး၏ အသွင်အပြင်သည် ကျင့်ကြံသူ သုံးဦး၏ နောက်ဆုံး မျှော်လင့်ချက်ကို ချေမှုန်းပစ်လိုက်သည်။
သူတို့မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်မှုများ ချက်ချင်း ပေါ်လာသည်။
သူတို့၏ အမူအရာများကို ကြည့်ပြီး ကျားနတ်ဆိုးသည် လူသားနှင့်တူသော ရက်စက်ကြမ်းကြုတ်မှုနှင့် ပျော်ရွှင်မှုကို ထုတ်ဖော်ပြသခဲ့သည်။
“မုန့်တွေ ငါ့ဆီရောက်ပြီဆိုတော့ ငါရပ်နေလို့မရတော့ဘူး ။ ငါ ဗိုက်ဆာနေပြီ။"
ဒီလိုပြောလိုက်တာနဲ့ ကျင့်ကြံသူသုံးယောက်ရဲ့ အမူအရာတွေ ပြောင်းသွားသည်။
သို့သော် သူတို့ မတုံ့ပြန်မီတွင် ရုတ်တရက် သူတို့ရှေ့မှ ပုံသဏ္ဍာန်တစ်ခုက လင်းလက်သွားသည်ကို ခံစားလိုက်ရသည်။ ကျားနတ်ဆိုးသည် ၎င်း၏နေရာမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
နောက်တစက္ကန့်တွင် စမ်းရေတွင်းသံကဲ့သို့ ပွက်ပွက်ဆူညံနေသော အသံတစ်ခုထွက်ပေါ်လာသည်။
ညာဘက်တွင် ရပ်နေသော ကျင့်ကြံသူ နှစ်ယောက်သည် ရုတ်တရက် မျက်နှာများ နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။ သူတို့ လှည့်ကြည့်လိုက်တော့ ဘယ်ဘက်မှာရှိတဲ့ သူတို့ရဲ့ အဖော်က ခေါင်းမပါတဲ့ အလောင်းဖြစ်သွားတာကို တွေ့လိုက်ရတာကြောင့် အံ့ဩသွားကြသည်။ ကျိုးပြတ်နေသော လည်ပင်းမှ သွေးပူများ စီးကျလာပြီး သူတို့၏ မျက်နှာတွေကို စင်ကုန်သည်။
(၇) မီတာအကွာအဝေးမှာတော့ ကျားနတ်ဆိုးသည် ရက်စက်သောအပြုံးဖြင့် ဦးခေါင်းကိုကိုင်ထားသည်။ ဦးခေါင်းကို သူ့ပါးစပ်နား ကပ်ပြီး ကိုက်လိုက်သည်။ အနီရောင်နှင့် အဝါရောင် အရာများသည် နေရာအနှံ့ ပြန့်ကျဲနေသည်။
“အရသာရှိလိုက်တာ၊ အရမ်းအရသာရှိတာပဲ၊ ငါလူ့အသားကို စားခဲ့ရတာ အတော်ကြာနေပြီ”
ကျားနတ်ဆိုးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ဦးခေါင်းတစ်ခုလုံးကို အနည်းငယ် ကိုက်ရုံဖြင့် အကုန် ကုန်သွားကာ အသားနှင့်အရိုးများပါ ကြေမွသွားသည်။ ထို့နောက် ကျန်ရှိသော ကျင့်ကြံသူ (၂)ဦးကို သနားစရာကောင်းသော အပြုံးများဖြင့် လှမ်းကြည့်ကာ ရှေ့သို့ ခုန်တက်သွားသည်။
"အား”
သနားစရာကောင်းတဲ့ အော်ဟစ်သံတွေက တောအုပ်အထက် ကောင်းကင်မှာ ပဲ့တင်ထပ်နေသည်။
ခဏအကြာတွင် ကျားနတ်ဆိုးသည် ၎င်း၏ဗိုက်ဝိုင်းလေးကို ကျေနပ်စွာ ပွတ်
သပ်ပြီး ပါးစပ်ထောင့်မှ သွေးများကို ကြမ်းကြမ်းတမ်းတမ်း သုတ်လိုက်သည်။
“လူသား ကျင့်ကြံသူတွေရဲ့ အသားက အရင်ကလို အရသာရှိနေတုန်းပဲ။ သူတို့က ကြာရှည်စွာ အသက်ရှုခြင်း အဆင့်မှာပဲ ရှိနေတာကတော့ သနားစရာပဲ။ တောက်ပတဲ့ဝင်ပေါက်အဆင့်မှာဆိုရင် ပိုအရသာရှိမှာ သေချာတယ်။”
ကျားနတ်ဆိုးသည် ပြုံးဖြဲဖြဲလုပ်နေပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်တွင် အမှတ်ရနေသည့် အမူအရာ ပေါ်လာသည်။ တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများ၏ အသားကို အမှန်တကယ် မြည်းစမ်းလိုက်သလိုပင်။
ခဏအကြာတွင် ၎င်း၏အမူအရာပြောင်းသွားပြီး မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းပြီး အော်လိုက်သည်။
“သွားတော့ ကောင်လေးတွေ။ မိုင်တစ်ရာအတွင်းက လူသားအားလုံးကို သတ်ပစ်”
“ဝေါင်း”
ကျားဟိန်းသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော မျက်လုံးဖြူ ဝိညာဉ်ကျားများသည် ကျားနတ်ဆိုးနောက်ကွယ်ရှိ တောအုပ်ထဲမှ ခုန်ထွက်ကာ ရေလွှမ်းမိုးသကဲ့သို့ လမ်းကြောင်းအားလုံးကို ပျံ့လွင့်သွားခဲ့သည်။
"မြောင်”
အိုက်က ပျင်းရိစွာ သမ်းလိုက်သည်။ သူမသည် မှိန်းနေသော လင်းရှန်ကို ကြည့်ကာ မျက်လုံး မှိတ်ရင်း တစ်ရေးအိပ်လိုက်သည်။
သစ်ပင်၏အရိပ်အောက်မှာတော့ လင်းရှန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်နှာပြင်ကို စစ်ဆေးရန် အာရုံစိုက်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့က နဂါးချောက်နက် တောင်တန်းမှာ တစ်လကျော်
လောက် နေခဲ့ကြပြီးပြီပင်။
ဝိညာဉ်ရေးရာသားရဲများကို အမဲလိုက်ခြင်းအပြင် အိုက်နှင့်အတူ ရတနာများကိုပါ ရှာဖွေခဲ့သည်။
ကံမကောင်းစွာပဲ နောက်ဆုံးအကြိမ်လောက် ကံမကောင်းခဲ့ပေ။ ရွှေရောင်သဲတိမ်တိုက်ကဲ့သို့သော ရတနာများကိုတော့ ရှာမတွေ့ခဲ့ပေ။ သာမန်ထက်ပိုသော သဘာဝရတနာအချို့ကိုသာ ရှာတွေ့ခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည် ပမာဏများစွာ စုဆောင်းမိလာခဲ့သည်။
အိုက်သည် ရူးကြောင်ကြောင်နိုင်သော်လည်း ရတနာများကို အမဲလိုက်သောအခါတွင် သူမသည် အလွန်ယုံကြည်အားကိုးရသူဖြစ်သည်။
သဘာဝရတနာများသည် လင်းရှန် လေ့ကျင့်ရေးခရီးစဉ်၏ ဒုတိယပန်းတိုင် သာဖြစ်သည်။ သူ့အား အဓိပျော်ရွှင်စေသည့်အရာမှာ ကိုယ်ခံပညာများ တိုးတက်လာခြင်းပင်ဖြစ်သည်။
ဤကာလအတွင်းတွင် လင်းရှန်သည် ပုံစံတစ်ခုကို ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိခဲ့သည်။
သတ်ဖြတ်ခြင်းကို အားပေးသော စွမ်းရည်၏ အကျိုးသက်ရောက်မှုသည် ဝိညာဉ်သားရဲကို သတ်ဖို့ လင်းရှန်အသုံးပြုသည့် ကိုယ်ခံပညာနှင့် အကြီးအကျယ်ဆက်စပ်နေသည်။
ဥပမာအားဖြင့် ဝိညာဉ်သားရဲကို သတ်ခြင်းဖြစ်စဉ်တွင် သူသည် ကြေးလက်ကိုင်တူကိုယ်ခံပညာကို အစမှအဆုံးအထိ အသုံးပြုပြီး စွမ်းရည်သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်လောက်အောင် ကံကောင်းပါက ကြေးတူ၏ ကျင့်ကြံမှုတိုးတက်ဖို့ အခွင့်အလမ်းက မြင့်မားသည်။
ဒါကိုသိပြီးနောက် လင်းရှန်သည် ကိုယ်ခံပညာများစွာ အသုံးပြုမှုကို သတိရှိရှိနဲ့ ထိန်းချုပ်လာခဲ့သည်။ တိုက်ပွဲတွင် အဆင့်မြှင့်တင်ရန်လိုအပ်သည့် ကိုယ်ခံပညာအနည်းငယ်ကိုသာ အသုံးပြုဖို့ ကြိုးစားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း အချိန်အနည်းငယ်အတွင်း သူ၏စွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။
တစ်လအတွင်း ကြေးလက်ကိုင်တူ၊ အရိုးသတ္တုနည်းစနစ်နဲ့ မဟာကျောက်တုံးကျမ်းအားလုံးသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ လင်းရှန်သည် ၎င်းတို့ကို တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်းတို့တွင် ပေါင်းစပ်ထားသည်။
အခုလေးတင်ပဲ ကောင်းကင်သက်တံ့လက်ဝါးသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားပြီဖြစ်သည်။
[အမည်-လင်းရှန်]
[စွမ်းရည်:ကျွမ်းကျင်တတ်မြောက်မှု]
[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ဆဌမအဆင့် ၊ ၈၉%]
[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း ကျမ်းဂန် (အထူးကျွမ်းကျင်အဆင့် ၇၅%)၊ အရည်ပျော်ခြင်း (ပြီးပြည့်စုံခြင်းအဆင့် ၇၅%)၊ တားမြစ်ထားသော ရွှေရောင်
ချပ်ဝတ်တန်ဆာ (ပြီးပြည့်စုံခြင်းအဆင့် ၇၅%) ၊ ကောင်းကင်သက်တံ့လက်ဝါး (ပြီးပြည့်စုံခြင်းအဆင့်)၊ ဆင်နတ်ဘုရားနည်းစနစ် ( အထူး ကျွမ်းကျင်အဆင့် ၃၅%)
[ကိုယ်ပွားအရေအတွက်- ၆ (၂၇%)]
“နောက်ဆုံးတော့ ငါဖြတ်ကျော်သွားပြီ”
လင်းရှန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ကောင်းကင်သက်တံ့လက်ဝါး ပြီးပြည့်စုံခြင်းအဆင့်ကို အရည်ပျော်ခြင်းထဲ ပေါင်းလိုက်သည်။
ချက်ခြင်းပင် “အရည်ပျော်ခြင်း (၇၅%)” ဟူသော စကားလုံးများသည် ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် ရုတ်တရက် "အရည်ပျော်ခြင်း (၀%)" ဖြစ်လာခဲ့သည်။
လင်းရှန်သည် ရုတ်တရက် သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး မရေမတွက်နိုင်သော ထိုးထွင်းသိမြင်ဥာဏ်များနှင့် နားလည်မှုများသည် ဒီရေကဲ့သို့ တိုးထွက်လာသည်။ အရည်အသွေးအရဖြစ်စေ ၊ အရေအတွက်အရဖြစ်စေ ၎င်းတို့သည် ယခင်ကိုယ်ခံပညာအဆင့် ဖြတ်ကျော်မှုများကို ကျော်လွန်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လင်းရှန်သည် ဤအချက်အလက်ကို ချေမွခဲ့သည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"ဒါဆိုဒါက လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်ပဲ”
လင်းရှန်သည် ခံစားချက်များနဲ့ ဖုံးလွှမ်းသွားသည်။
တကယ့်တိုက်ပွဲမှာ မစမ်းသပ်ရသေးပေမယ့် လမ်းကြောင်းအဆင့် ကိုယ်ခံပညာရဲ့ အစွမ်းက ပြီးပြည့်စုံခြင်း အဆင့်ကို ကျော်လွန်နေတယ်ဆိုတာ သူ့စိတ်ထဲက အချက်အလက်တွေကနေ ကောင်းကောင်းနားလည်ပြီးသားပင်။
အကယ်၍ ပြီးပြည့်စုံခြင်း အဆင့်သည် ကိုယ်ခံပညာ သတ်မှတ်ချင်အတွင်းသာ ရှိနေပါက လမ်းကြောင်းအဆင့် ကိုယ်ခံပညာရပ်သည် မှော်စွမ်းအားနှင့် ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
၎င်းသည် တောက်ပသော ဝင်ပေါက်အဆင့်နှင့်ကျင့်ကြံသူသခင်များကဲ့သို့ပင်။
"ကိုယ်ခံပညာတွေ အများကြီးကို အလကား ပေါင်းထားတာ မဟုတ်ဘူး”
လင်းရှန်သည် ဝမ်းသာအားရမှုများဖြင့် ပြည့်နေသည်။
ပိုလို့တောင် အံ့ဩမိတာက လမ်းကြောင်းအဆင့် ကိုယ်ခံပညာသည် တကယ်ပဲ ဆက်လက်တိုးတက်နိုင်တာပင်။
"ငါက နောက်ကျ ဘယ်အဆင့်ထိ ရောက်မလဲလို့ အခုကတည်းက တွေးကြည့်နေမိတယ်”
အတွေးတွေကို ခဏလောက် လွှတ်ထားလိုက်ပြီးနောက် လင်းရှန်က အသိပြန်ဝင်လာကာ အိုက်ကို ထခိုင်းလိုက်သည်။ သူသည် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့အတွက် ဆင်
နတ်ဘုရားနည်းစနစ်ကို တိုးမြှင့်ရန် ဝိညာဉ်သားရဲများကို ဆက်လက်ရှာဖွေခဲ့သည်။
တစ်ချိန်တည်းမှာပဲ သူသည် အရည်ပျော်ခြင်း လမ်းကြောင်းအဆင့်၏ စွမ်းအားကိုလည်း စမ်းသပ်နိုင်သည်။
လင်းရှန် သွားခါနီးတွင် အဝေးမှ သားရဲဟိန်းသံကို ရုတ်တရက် ကြားလိုက်ရသည်။