ဉာဏ်အလင်းရခြင်းအဆင့်ဝိညာဉ်ရေးသားရဲ (၁)
Vol. 9 Ch. 139
“အဲဒါ… မျက်လုံးဖြူ ဝိညာဉ်ကျားပဲ”
လင်းရှန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပဲ မျက်လုံးဖြူကျား ခုနစ်ကောင်၊ ရှစ်ကောင်ထက်မနည်းကို တိုက်ခိုက်ခဲ့ဖူးပြီး ထိုကဲ့သို့သော အသံများကို သူအလွန်ရင်းနှီးနေပြီဖြစ်သည်။ ချက်ချင်းပင် သူတို့ကို မှတ်မိသည်။
အံ့သြဖို့ကောင်းတာက အဝေးကလာတဲ့ ဟိန်းသံတွေက အတော်လေး ကျယ်လောင်သည်။
ထိုအသံအရ ကျားကောင်ရေ ရာနှင့်ချီရှိနိုင်သည်။
"ဘာဖြစ်တာလဲ?"
တစ်နည်းအားဖြင့် လင်းရှန်သည် ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။
နဂါးချောက်နက်တောင်တန်းကို သူဝင်ပြီးကတည်းက ဒီလိုခံစားချက်မျိုး ပထမဆုံးအကြိမ် ခံစားဖူးတာပင်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လင်းရှန်သည် သူ၏ သိချင်စိတ်ကို ထိန်းကာ အခြေအနေကိူ စုံစမ်းရန် ကိုယ်ပွားကို ဆင့်ခေါ်လိုက်သည်။ သူသည် အိုက်ကို သားရဲ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး သားရဲဟိန်းသံ၏ ဆန့်ကျင်ဘက်သို့ ပြေးသွားလေသည်။
ဘာပဲဖြစ်ဖြစ် ဆင်နတ်ဘုရားနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့ ၆၀% သာ လိုတော့သည်။ သူသည် ကျောင်းသို့ ပြန်သွားပြီးနောက် နှစ်ရက် သို့မဟုတ် သုံးရက်ကြာအောင် တိတ်တိတ်ဆိတ်ဆိတ်ကျင့်ကြံလိုက်မယ်ဆိုလျှင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ဒီမှာ စွန့်စားနေဖို့ မလိုပေ။
ဒီမှာ တစ်ခုခု တကယ်ဖြစ်ခဲ့လျှင် သူငိုရလိမ့်မည်ပင်။
လင်းရှန်သည် ဖီရွန်တောင်ပေါ်သို့ ရောက်သောအခါ နောက်ဘက်မှ လေထဲတွင် လွင့်ထွက်နေသော တစ်စုံတစ်ရာ၏ အသံကို ကြားလိုက်ရသည်။
သူ့ပခုံးကနေ ကျော်ကြည့်လိုက်တော့ ယောက်ျားနှစ်ယောက်နဲ့ အမျိုးသမီးတစ်
ယောက် စီးနင်းနေတဲ့ ဝိညာဥ်သားရဲတစ်ကောင်က သူ့ဆီ ပျံသန်းလာတာကို တွေ့လိုက်ရသည်။ သူတို့သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ထိတ်လန့်နေပုံရသည်။
ပျံသန်းနေရင်းနဲ့ သူတို့သုံးယောက်က ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်လိုက်ဖမ်းနေသလိုမျိုး သူတို့ရဲ့ ပခုံးပေါ်ကနေခဏခဏ ကြည့်နေကြသည်။
ရုတ်တရက် ကောင်မလေးက လင်းရှန်ကို တွေ့သွားပြီး သူမမျက်နှာက အနည်းငယ် ဖျော့တော့သွားသည် ။
သူမက “ပြေး! ငါတို့နောက်မှာ မျက်လုံးဖြူဝိညာဉ်ကျားတွေ အများကြီးရှိတယ်”
တကယ်တော့ ကောင်မလေးက သူ့ကို သတိပေးနေစရာ မလိုပေ။ လင်းရှန်သည် ၎င်းတို့နောက်ရှိ မီတာ ၇၀၀၊ ၈၀၀အကွာမှ မရေမတွက်နိုင်သည့် အဖြူရောင်သားရဲများကို မြင်နိုင်ပြီး အရှိန်အဟုန်နဲ့ သူတို့ဦးတည်ရာဆီသို့ အပြေးအလွှား လာနေကြသည်။ လမ်းတစ်လျှောက်ရှိ သဲတွေနဲ့ ကျောက်စရစ်ခဲတွေ လွင့်ပျံနေတာကြောင့် မြင်ကွင်းက တော်တော်ကို လှသည်။
လေဆင်နှာမောင်းရှေ့မှာတော့ ကျင့်ကြံသူအချို့ကတတ်နိုင်သမျှ မြန်မြန်ပြေးကြသည်။
ကံမကောင်းစွာပဲ သူတို့က ကျားတွေလောက် မမြန်ပေ။ သိပ်မကြာမီမှာပင် သူတို့သည် လေဆင်နှာမောင်းထဲပါပြီး နစ်မြုပ်သွားကြသည်။
နေရာအနှံ့ သွေးတွေ စီးကျလာသည်။
တုန်လှုပ်သွားပြီး လင်းရှန်က အမြန်ခြေလှမ်းအဆောင်ကို ထုတ်ယူကာ ခြေထောက်ပေါ်တွင် ပုတ်ပြီး အသက်သွင်းလိုက်သည်။ ထို့နောက် အရိပ်ကို အသက်သွင်းကာ တတ်နိုင်သမျှ မြန်မြန်ပြေးခဲ့သည်။
အနည်းဆုံး လေပွေ အခုတစ်ရာထက်မနည်း ၎င်းတို့ကို လိုက်နေသည်ဆိုတာက ကျားအကောင်ရေတစ်ရာရှိသည်ဟု ဆိုလိုတာပင်။
လင်းရှန်သည် မည်မျှပင် ယုံကြည်မှုရှိပါစေ၊ ရာနှင့်ချီသော တိုးတက်မှုအဆင့် ဝိညာဉ်သားရဲများကို ကိုင်တွယ်နိုင်သည်ဟု မပြောနိုင်ပေ။
လူသုံးယောက်၏မျက်နှာကို ကြည့်ခြင်းအားဖြင့် ကျားများကသာ ၎င်းတို့ကို လိုက်ဖမ်းနေသည့်အရာမဟုတ်ပေ။
ကျားများသည် မပျံသန်းနိုင်ဘဲ ၎င်းတို့သုံးယောက်တွင် ပျံသန်းနိုင်သော ဝိညာဉ်သားရဲတစ်ကောင်ရှိသည်။ သူတို့ဘာကြောင့် ဒီလောက်ထိ ဒဏ်ရာတွေ ပြင်းထန်ရတာလဲ။
“တကယ်လို့ ဒါသာ သိခဲ့ရင်၊ ပျံသန်းနေတဲ့ ဝိညာဉ်သားရဲနဲ့ လဲလှယ်ခဲ့ပါတယ်။ ချိုကြီးနဲ့သမင်တွေက တောထဲမှာ မြန်မြန်မပြေးနိုင်ဘူး”
လင်းရှန်က ခေါင်းခါလိုက်သည်။
နောက်ဆုံးတွင် အမြန်ခြေလှမ်းအဆောင်နှင့် အရိပ်တို့သည် လေကိုစီးနေသော ကျားများကို မကျော်လွန်နိုင်ပေ။
မကြာခင်မှာပင် လင်းရှန်သည် လေပြင်းနဲ့တိုက်မိသွားသည်။
ကျား လေး၊ ငါးကောင်က ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး သူ့ကိုတိုက်ခိုက်ကြသည်။
ကောင်းကင်ပေါ်က လူသုံးယောက်က ဒါကိုကြည့်ဖို့တောင် မတတ်နိုင်ပေ။
သူတို့အတွက်ကတော့ ကျားတွေဖမ်းမိတဲ့ လင်းရှန်က ကျင့်ကြံသူတွေအားလုံးလိုပဲ အဆုံးသတ်သွားလိမ့်မည်ဟု ထင်ကြသည်။
ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေက သူတို့မျှော်လင့်ထားတာထက် ကျော်
လွန်သွားသည်။
ကျားများကို ရင်ဆိုင်ရာတွင် လင်းရှန်သည် မတုန်မလှုပ်ဖြစ်နေသည်။ ထို့နောက် သူ၏ဓားဖြင့် ခုတ်ထစ်လိုက်သည်။
ချက်ချင်းပင် ဓားအလင်းသည် ကောင်းကင်သို့ လွင့်ပျံသွားပြီး မရေမတွက်နိုင်သော အနီရောင် ဓါးသွားများက မုန်တိုင်းကဲ့သို့ လွင့်ထွက်လာကာ ကျားများကို တိုက်ခိုက်ကြသည်။
ကျားများသည် တိုးတက်ခြင်း အစောပိုင်းအဆင့် သားရဲများသာဖြစ်ပြီး သန့်စင်သော ယန်ခန္ဓာကိုယ်မှ မြှင့်တင်ထားသည့် အထူးယန်စွမ်းအားဓားသွားကို ခံနိုင်ရည်မရှိပေ။ သွေးအငွေ့များအဖြစ်သို့ မပြောင်းမီ သူတို့၏ ခန္ဓာကိုယ်မှ သွေးများ ထွက်ကျလာသည်။
ဘုန်း ဘုန်း
ရိုက်ခတ်သံအနည်းငယ် ထွက်ပေါ်လာပြီး အလောင်း လေး၊ ငါးလောင်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့သည် မည်းနက်ကုန်ပြီး အသက်မရှုကြတော့ပေ။
လင်းရှန်၏ တိုက်ခိုက်ချက်ကြောင့် လေထဲမှ လူသုံးယောက်က အံသြသွားရုံသာမကဘဲ လေပွေသည်လည်း အနည်းငယ် နှေးကွေးသွားပုံရသည်။ လင်းရှန်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျားများအားလုံး ထိတ်လန့်နေတာ သိသာသည်။
နှောင့်နှေးမှုကို အခွင့်ကောင်းယူပြီး လင်းရှန်
သည် အမြန် ပြေးသွားခဲ့သည်။
အသိပြန်ဝင်လာတော့ ကျားတွေက ဒေါသတကြီးနဲ့ ဖြစ်နေသည်။ ၎င်းတို့က ဟိန်းဟောက်ပြီး လင်ရှန်းနောက်ကို လိုက်ကြပြန်သည်။
တောထဲတွင် ပြင်းထန်စွာ လိုက်နေကြသည်။
မျက်လုံးဖြူ ကျားများသည် လင်းရှန်ကို ဖမ်းမိခါနီးတိုင်း ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် သေဆုံးသွားကြရပြန်သည်။ ထို့နောက် လင်းရှန်က လွတ်မြောက်သွားပြန်သည်။
လိုက်ဖမ်းစဉ်အတွင်း လင်းရှန်၏လက်အောက်တွင် သေဆုံးခဲ့သော မျက်လုံးဖြူကျား အရေအတွက်မှာ (၃၀)ကျော်အထိ တိုးလာခဲ့သည်။
ကျားတွေက သတိမထားမိပေမယ့် အပေါ်စီးက စိုက်ကြည့်နေတဲ့ ကျင့်ကြံသူ သုံးယောက်ကတော့ ပြတ်ပြတ်သားသား မြင်လိုက်ရသည်။ သူတို့က အံသြသွားကြသည်။
"ဒီကောင်က အရမ်းရက်စက်တာပဲ၊ တိုးတက်ခြင်း အဆင့် မျက်လုံးဖြူကျားတွေက သူ့ရိုက်ချက် တစ်ချက်ကိုတောင် မခံနိုင်ဘူး။ သူက ဒီအတိုင်းပဲ သတ်လိုက်တာ။”
“အဲဒါထက် ပိုတယ်။ မျက်လုံးဖြူ ကျားတွေကို ကြည့်။ သူတို့၏ တိုက်ခိုက်မှုတွေက အဲ့လူ အရေပြားကိုတောင် မခြစ်နိုင်ဘူး။ သူက အစွမ်းထက်တဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာကို ကျင့်ကြံထားတာ၊ ဒါမှမဟုတ် အတော်လေး အစွမ်းထက်တဲ့ ခံစစ် လက်နက်ကိရိယာကို ကိုင်ဆောင်ထားတာနေမယ်”
"ဒီနှုန်းနဲ့ဆို သူတကယ်လွတ်မြောက်နိုင်လိမ့်
မယ်”
“သူက အထူးယန်စွမ်းအားဓားသွားကို အသုံးပြုနေတယ်လို့ ထင်တာပဲ။ ဒီအသက်အရွယ်နဲ့ဆို သူက နိုင်ယန်းကျောင်းက တပည့်ပဲနေမှာ။ ထူးဆန်းတာက အဲဒီမှာ ကောင်းကင်အဆင့် တပည့်အများစုကို ငါ သိပါတယ်။ သူတို့ထဲမှာ ဒီလိုလူရှိပုံမပေါ်ဘူးလားလို့”
လူငယ်နှစ်ဦး ဆွေးနွေးနေစဉ်တွင် ၎င်းတို့အနားရှိ မိန်းကလေးက သည်းမခံနိုင်တော့ဘဲ ပြောဆိုခဲ့သည်။
"နင်တို့တွေ ဒီလောက်တောင် ဂရုမစိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ အမြန်မပြေးရင် ကျားတွေက ငါတို့ကို နောက်တစ်ကြိမ် ဖမ်းမိလိမ့်
မယ်”
ကျားများဟု ပြောလိုက်သောအခါ လူငယ်နှစ်ဦး တုန်လှုပ်ခြောက်ခြားသွားကြသည်။