စစ်ပွဲဖြစ်ပွားခြင်း (၁)
Vol. 9 Ch. 141
နဂါးချောက်နက်တောင်တန်းမှ ထွက်ခွာပြီးနောက် ဉာဏ်အလင်းရခြင်းအဆင့် ကျားနတ်ဆိုးသည် သူ့ကို မဖမ်းမိကြောင်း သိလိုက်သောအခါ လင်းရှန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် သူစိတ်မလျှော့ဘဲ ဆက်ပြေးသည်။
နဂါးမြို့တော်ကိုပြန်ရောက်မှပဲ သူစိတ်သက်သာရာရသွားသည်။
သူစိတ်လျှော့လိုက်တာနဲ့ နောက်ကျောပေါ်မှအဝတ်အစားတွေက အေးစက်နေတဲ့ချွေးတွေနဲ့ ရွှဲနေပြီဆိုတာ လင်းရှန် ချက်ချင်းသိလိုက်ရသည်။
“အဲဒါက တကယ် နီးကပ်နေတာ၊ အရည်ပျော်ခြင်း လမ်းကြောင်းအဆင့်ကြောင့် မဟုတ်ရင် ငါအဲဒီမှာသေသွားမှာ”
ထိုကျားနတ်ဆိုးသည် မည်မျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို သတိရသောအခါ လင်းရှန်မှာ ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေဆဲဖြစ်သည်။
ဒါပေမယ့် အဲဒီနောက်မှာတော့ သူ့ရင်ဘတ်ထဲမှာ ပီတီဖြစ်လာမိသည်။
ထိုကဲ့သို့ အစွမ်းထက်သော ကျားနတ်ဆိုးကို အရည်ပျော်ခြင်း လမ်းကြောင်းအဆင့်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သေးသည်။ အဲ့တာကတော့ လမ်းကြောင်းအဆင့် ကိုယ်ခံပညာဘယ်လောက် အစွမ်းထက်သလဲ ဆိုတာပင် ။
"ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွေဆို အဲ့တစ်ချက်တည်းနဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်မရှိလောက်ဘူး”
" လမ်းကြောင်းအဆင့် ကိုယ်ခံပညာကတောင် အရမ်းအားကောင်းနေပြီ ဆိုရင် အဲ့ထက်ပိုမြင့်တဲ့ အဆင့်တွေကို ဖြတ်ကျော်ပြီးရင် ဘယ်လောက် အစွမ်းထက်လိုက်မလဲ"
လင်းရှန်သည် လမ်းကြောင်းအဆင့်ထက်ပိုမြင်တဲ့ အဆင့်ကို ခန့်မှန်းနေသည်။
ဤတိုက်ပွဲတွင် သူသည် မျက်လုံးဖြူ ဝိညာဉ်ကျား ၄၀ ကျော်ကို သတ်ခဲ့သည်။ ၎င်းတို့ထဲတွင် တိုးတက်ခြင်း နှောင်းပိုင်းအဆင့် သားရဲများ မပါပဲ မနေပေ။ ရလဒ်အနေဖြင့် သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်၏ အကျိုးသက်ရောက်မှုသည် နှစ်ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့ပြီး သူ၏ ကျင့်ကြံမှုအဆင့်နှင့် ဆင်နတ်ဘုရားစွမ်းရည်သည် ၈% နှင့် ၁၂% အသီးသီး တိုးလာခဲ့သည်။
ဤအချိန်တွင် လင်းရှန်၏ ကျင့်ကြံမှုအဆင့သည် ဆဌမအဆင့် ၊ ၉၇ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် သတ္တမအဆင့် ကိုဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
နိုင်ယန်းကျောင်းကို ပြန်ရောက်ပြီးတဲ့နောက်မှာ သူ့ပတ်ဝန်းကျင်သည် ယခင်ကနှင့် မတူကြောင်း သိသိသာသာ ခံစားခဲ့ရသည်။
တပည့်များသည် သူတို့၏ ခြေလှမ်းများကို အရေးတကြီးအာရုံစူးစိုက်များမှုနဲ့အတူ အလျင်အမြန် သွားလာနေကြပြီး မျက်နှာများပေါ်တွင် စိတ်မသက်မသာမှုနှင့် စိတ်လှုပ်ရှားမှုများ ရှိနေကြသည်။
စစ်ပွဲကြီးတစ်ခု လာနေပြီဟု ထင်ရသည်။
လင်းရှန် မျက်လုံးများသည် မှိတ်တုပ်မှိတ်တုပ်ဖြစ်သွားပြီး အရည်အသွေးခန်းမသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသည်။
မစ်ရှင်ခန်းမသို့ ရောက်သောအခါတွင် လူအများနှင့် ပြည့်နှက်နေကျ ခန်းမကြီးသည် ယခုအခါ တိတ်ဆိတ်နေပြီး အေးစက်နေသည်ကို တွေ့ရတာကြောင့် လင်းရှန်က အံ့သြသွားသည်။ လူမရှိသလောက်ပင်။
ကျောင်းယုသည် ကောင်တာနောက်တွင် တာဝန်ကျနေသည်။ လင်းရှန်ကို မြင်သောအခါ သူမက အံ့အားသင့်စွာ ကြည့်နေမိသည်။
"အကို လင်း၊ အကိုအဆင်ပြေနေလို့ ဝမ်းသာလိုက်တာ။"
လင်းရှန်က ထင်တာ သေချာနေပေမယ့် သူက ဆက်မေးနေတုန်းပင်။
“ကျောင်းက ခါတိုင်းနဲ့ နည်းနည်း ကွဲထွက်နေတယ်နော်။ နဂါးချောက်နက်တောင်တန်းမှာ ဖြစ်ပျက်ခဲ့တာတွေကြောင့်လား”
ကျောင်းယု၏ လှပသော မျက်နှာသည် လေးနက်သွားပြီး သူမက ခေါင်းညိတ်ပြလိုက်သည် ။
"ဟုတ်တယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်က ကျားမျိုးနွယ်၊ ဝက်ဝံမျိုးနွယ်နဲ့ စပါးအုံးမျိုးနွယ်တွေက နဂါးချောက်နက်တောင်တန်းရဲ့ ကျင့်ကြံသူအားလုံးကို တိုက်ခိုက်ဖို့ ဝိညာဉ်ရေးရာသားရဲအများအပြားကို ပူးတွဲစေလွှတ်ခဲ့တာ။ ညီမတို့ ကျောင်းက တပည့် တော်တော်များများလည်း အဲ့မှာ မလွတ်မြောက်နိုင်ဘဲ အသေအပျောက် များကြတယ်”
မျှော်လင့်ထားသည့်အတိုင်းပင်
လင်းရှန်၏ နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားသည်။
ကံကောင်းထောက်မစွာပဲ သူသည် နဂါးချောက်နက်တောင်တန်း၏ နက်ရှိုင်းရာသို့ မသွားဘဲ တစ်ခုခုမှားနေပြီဟု သိလိုက်ပြီးနောက် ချက်ချင်းထွက်ခွါလာခဲ့သည်။ မဟုတ်ရင် အကျိုးဆက်တွေက မှန်းဆလို့ မရပေ။
"ဂိုဏ်းသုံးခုက ဘာပြောလဲ" လင်းရှန်က မေးလိုက်သည်။
စီရင်စုသုံးခုသည် ထိုကဲ့သို့သော အရေးကြီးကိစ္စရပ်ကို သေချာပေါက် တုံ့ပြန်မှာဖြစ်သည်။
“ဂိုဏ်းသုံးခုစီရင်စုက တိုက်ပွဲသတိပေးချက်ထုတ်ပြန်ထားတယ်။ နတ်ဆိုးဂိုဏ်းသုံးခုကိုသတ်ဖို့ ဆယ်ရက်အတွင်း နဂါးချောက်နက်တောင်တန်းကို ချီတက်တော့မယ်လို့ သတိပေးချက်ထုတ်ပြန်ထားတယ်။ ကျောင်းအုပ်ကြီးကလည်း တပည့်တွေကို စုစည်းဖို့ အမိန့်ထုတ်ထားတယ်။ ကြာရှည်စွာအသက်ရှုခြင်း အဆင့်နဲ့ အဲ့ဒီအထက်အဆင့် တပည့်အားလုံးက တိုက်ပွဲမှာ ပါဝင်ဖို့ ဆယ်ရက်အတွင်း လူစုထားရမှာ”
မျှော်လင့်ထားသလိုပဲ ယန်ကျုံးရီ ပြောတာ မှန်သည်။
နောက်ဆုံးတွင် နဂါးမြို့တော်နှင့် နတ်ဆိုးဂိုဏ်းသုံးခုကြား၌ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
လင်းရှန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဒါတောင် သူက တိုက်ပွဲမှာ ပါဝင်ဖို့ စိတ်ဝင်စားသူ မဟုတ်ပေ။ဒါပေမဲ့ သူက နည်းနည်းတော့ စောင့်မျှော်နေမိသည်။
တကယ်တော့ စစ်ပွဲက အန္တရာယ်များပေမယ့် ဆုလာဘ်ကလည်း မယုံနိုင်လောက်အောင်ပင်။
သူရနိုင်တဲ့ အရည်အသွေးအမှတ်တွေကသိသာသည် ။ ပိုအရေးကြီးတာက သူသည် ဝိညာဉ်ရေးရာ သားရဲအများအပြားကို သတ်ပြီး သူ၏ခွန်အားကို လျင်မြန်စွာတိုးပွါးစေဖို့ သတ်ဖြတ်ခြင်းကိုအားပေးသည့်စွမ်းရည်ကိုလှုံ့ဆော်ဖို့ပင်။
ကြီးမားသောတိုက်ပွဲတစ်ခုပြီးတဲ့နောက်မှာ သူ၏ ကျင့်ကြံမှုသည် အခြားအဆင့်တစ်ခုကို ကျော်ဖြတ်သွားနိုင်သည်။ သို့မဟုတ် အခြား လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်ကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
“ဆယ်ရက် လိုသေးတယ်။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ကြာရှည်စွာ အသက်ရှုခြင်း သတ္တမအဆင့်အထိ မြှင့်ပြီး တားမြစ်ထားတဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာကိုလည်း လမ်းကြောင်းအဆင့်အထိ ကျင့်ကြံဖို့ အချိန်ရပါသေးတယ်”
မကြာသေးမီက လမ်းကြောင်းအဆင့် ကိုယ်ခံပညာ၏ စွမ်းအားကို သေချာစွာ စစ်ဆေးတွေ့ရှိခဲ့သည်။
လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နှစ်ခုကို လက်ထဲတွင်ကိုင်ထားတာကြောင့် လင်းရှန်သည် အလွန်အန္တရာယ်များသော တိုက်ပွဲတစ်ခုတွင် ရှိနေလျှင်တောင် သူ့ဘာသာ ကာကွယ်ရန် လုံလောက်သော ခွန်အားရှိနေမည်ဟု ခံစားမိသည်။
စိတ်ထဲတွင် စီစဉ်နေရင်း လင်းရှန်က နှောင့်နှေးမနေဘဲ မစ်ရှင်ဘက်သို့ လှည့်လိုက်သည်။
သူသည် နဂါးချောက်နက်တောင်တန်းမှ ပစ္စည်းအများအပြားရရှိခဲ့ပြီး တိုက်ပွဲ မစ်
ရှင်ငါးခုမှာ ခြောက်ခုကို ပြီးမြောက်ခဲ့သည်။ နောက်ဆုံးတွင် သာမန်အရည်အသွေးအမှတ် ၂၃ ခုနှင့် အရည်အသွေးအမှတ် ၄၃၈ မှတ် ရရှိခဲ့သည်။
“အဲဒီတုန်းက သတ်ခဲ့တဲ့ ကျားတွေရဲ့ ကျောရိုးတွေကို ပြန်ယူဖို့ အချိန်မရှိတာကတော့ ဝမ်းနည်းစရာပဲ ။ မဟုတ်ရင် နောက်ထပ် သာမန်အရည်အသွေးအမှတ် ၄၀လောက်ကို ငါရမှာ”
လင်းရှန်က အနည်းငယ် ဝမ်းနည်းသွားသည်။
မျက်လုံးဖြူ ဝိညာဉ်ကျားများသည် သာမန်မဟုတ်ပေ။
နဂါးချောက်နက်တောင်တန်းတွင် နှစ်လနီးပါး လေ့ကျင့်ပြီးနောက် သူသည် မျက်လုံးဖြူ ဝိညာဉ်ကျား လေးကောင်ကိုသာ တွေ့ခဲ့ရသည်။
ထို့အပြင် သူတို့အားလုံးက တစ်ကောင်တည်းသာ ဖြစ်သည်။ ကျားနှစ်ကောင် အတူတူ ပေါ်လာတာမျိုး တစ်ခါမှ မဖြစ်ဖူးပေ။
ကျားမျိုးနွယ်သည် လူသားကျင့်ကြံသူများကို တိုက်ခိုက်ရန် မျက်လုံးဖြူ ဝိညာဉ်ကျားအများအပြားကို စေလွှတ်ခဲ့သည်။ လေးနှစ်မှ ငါးနှစ်လျှင်သာ ထို့အဖြစ်အပျက်မျိုး တစ်ကြိမ် ဖြစ်တတ်သည်။
ကျောင်းယုကိုကျေးဇူးတင်ပြီးနောက် လင်းရှန်သည် မစ်ရှင်ခန်းမမှ ချက်ချင်းထွက်ခွာပြီး လဲလှယ်ရေးခန်းမသို့ သွားခဲ့သည်။
ယခုတစ်ကြိမ် ရရှိခဲ့သော အရည်အသွေးအမှတ်များ၊ ယခင်က စုဆောင်းငွေများနှင့် ဤလတွင် ရရှိခဲ့သော သာမန်အရည်အသွေးအမှတ်ငါးခုကြောင့် လင်းရှန်သည် ယခုအခါ စုစုပေါင်း သာမန်အရည်အသွေးအမှတ် သုံးဆယ်နဲ့ အရည်အသွေးအမှတ် (၅၀၀)ကျော် ရရှိခဲ့သည်။
လင်းရှန်သည် ကိုယ်ခံပညာရပ်များကို လဲလှယ်ရန်အတွက် ဤအရည်အသွေးအမှတ်များအားလုံးကို အသုံးပြုရန် ပြင်ဆင်ခဲ့သည်။
အရည်ပျော်ခြင်းနဲ့ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာမှလွဲ၍ ရွှေ့လျားမှု လမ်းကြောင်းအဆင့် ကိုယ်ခံပညာနှင့် ဓားနည်းစနစ်တစ်ခုစီကို ကျင့်ကြံရန် အဆင်သင့်
ဖြစ်နေပြီပင်။
ရွေ့လျားမှု နည်းစနစ်ကို အရင်လုပ်ရမည်။
အတိအကျပြောရလျှင် အရိပ်သည် နေမီးတောက်လက်ဝါးထက် အနည်းငယ်
သာလွန်သည်။ သို့ပေမဲ့ အရည်ပျော်ခြင်း သို့မဟုတ် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ အားကောင်းသော ကိုယ်ခံပညာထက်တော့ များစွာနိမ့်ကျသည်။
ထို့ကြောင့် လင်းရှန်သည် အရိပ်ကို ကိုယ်ခံပညာပေါင်းစပ်မှု၏ အဓိကကိုယ်ခံပညာအဖြစ် အသုံးပြုရန် အစီအစဉ်မရှိပေ။ ယင်းအစား သူသည် ပိုမိုအားကောင်းသော ကိုယ်ခံပညာကို ရွေးချယ်ရန် စီစဉ်ခဲ့သည်။