← Chapters

စစ်ပွဲဖြစ်ပွားခြင်း (၂)

Vol. 9 Ch. 142

စစ်ပွဲဖြစ်ပွားခြင်း (၂)

Vol. 9 Ch. 142

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် လင်းရှန်သည် သူလိုချင်တာကို အမြန်ရွေးချယ်ခဲ့သည်။

တိမ်တိုက် နဂါး စည်းချက် … အဲ့တာက သာမန်အရည်အသွေးအမှတ် (၁၀)ခု ကုန်ကျမည်ဖြစ်သည်။

လဲလှယ်ရန် လိုအပ်သော အရည်အသွေးအမှတ်များအရ ၎င်းသည်

အရည်ပျော်ခြင်းထက် အနည်းငယ်သာလွန်သော ရွေ့လျားမှု တစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။ အရည်ပျော်ခြင်းက သာမန်အရည်အသွေးအမှတ် (၈)ခုသာ လိုအပ်သည်။

ကိုယ်ခံပညာနဲ့ပတ်သက်ပြီး ဖော်ပြချက်အရ တိမ်တိုက် နဂါး စည်းချက် ကို အသုံးပြုပြီးသည်နှင့် ကောင်းကင်ယံမှ နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားနိုင်မည်ဖြစ်သည်။ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပါက မြေပြင်မှ ပေ (၁၀၀)ကျော်အထိ ခုန်လွှား တက်နိုင်သည်။ ပြင်ပအရာဝတ္ထုများကို အားမကိုးဘဲ ပေတစ်ထောင် ပျံသန်းနိုင်သည်။ ပျံသန်းတဲ့ စွမ်းအားကို သုံးသလိုမျိုးပင်။

ထိုဖော်ပြချက်တစ်ခုတည်းနဲ့တင် ကိုယ်ခံပညာက အရိပ်ထက် ပိုမိုအားကောင်းသည်။

ထို့ကြောင့် လင်းရှန်သည် ၎င်းကို လဲလှယ်ခဲ့သည်။

စည်းမျဉ်းများအရ လမ်းကြောင်းအဆင့်ကိုယ်ခံပညာနည်းစနစ်တစ်ခုသည် ကိုယ်ခံပညာနည်းစနစ်များကို ပေါင်းစပ်ရန်လိုအပ်သည်။

ထို့ကြောင့် တိမ်တိုက် နဂါးစည်းချက်နှင့် အရိပ်အပြင် လင်းရှန်သည် နောက်ထပ် ရွေ့လျားခြင်း နည်းစနစ်သုံးမျိုးကို ရွေးချယ်ခဲ့သည်။

ကြယ်ပွင့် ရွေ့လျားခြင်း ၊သာမန်အရည်အသွေးအမှတ် နှစ်ခု

ရွှေရောင်ငန်း နည်းစနစ်၊သာမန်အရည်အသွေးအမှတ် သုံးခု

ခြေရာမကျန် နည်းစနစ်၊ သာမန်အရည်အသွေးအမှတ် လေးခု

လဲလှယ်ပြီးသည့်နောက်တွင် လင်းရှန်မှာသာမန်အရည်အသွေးအမှတ် အနည်းငယ်သာ ကျန်တော့သည်။

အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် သူ၏ အရည်ပျော်ခြင်းအဆင့်ကို တိုးမြှင့်ရန်အတွက် နောက်ထပ် လက်ဖဝါးနည်းစနစ်သုံးမျိုးကို လဲလှယ်ခဲ့သည်။

ဒီအချိန်မှာ သူရထားသမျှ သာမန် အရည်အသွေးအမှတ်တွေကို အသုံးချပြီးပြီပင်။

ထို့နောက် လင်းရှန်သည် အရည်အသွေး ခန်းမမှ မထွက်ခွာမီ နောက်ထပ်

အရည်အသွေးအမှတ် (၅၀၀)ကို အသုံးပြု၍ မူလဆေးလုံးကို လဲလှယ်ခဲ့သည်။

အရည်အသွေးခန်းမမှ ထွက်လာသည်နှင့် တပြိုင်နက် စက္ကူကြိုးကြာသည် ပျံလာပြီး သူ့ရှေ့တွင် ဖြည်းညှင်းစွာ ရပ်သွားသည်။

လင်းရှန်သည် မျက်ခုံးပင့်ကာ စက္ကူကြိုးကြာကို ဖမ်းရန် လက်ကို လှမ်းဆွဲလိုက်သည်။ မကြာမီတွင် စာရွက်က လိပ်ထွက်လာပြီး ယန်ကျုံးရီ၏ အသံ ထွက်လာကာ လင်းရှန်ကို ညအိမ်မက်ကလပ်သို့ လာရန် ပြောလေသည်။

တိုက်ဆိုင်စွာပင် လင်းရှန်သည်လည်း စစ်ပွဲအကြောင်းမေးချင်သောကြောင့် ပျော်သွားခဲ့သည်။

နာရီဝက်လောက်ကြာတော့

လင်းရှန်သည် ညအိမ်မက် ကလပ် အဝင်ဝတွင် ပေါ်လာသည်။

သူ့ကို အံ့အားသင့်စေတာက အဝင်ဝမှ အစောင့်အရေအတွက်သည် သူအရင်ရောက်တဲ့ အကြိမ်တွေထက် သိသိသာသာ ပိုများနေသည်။

ထွားကျိုင်းသော အစောင့်အကြပ် အများအပြားသည် အလှည့်ကျ လှည့်ပတ်နေကြသည်။ သူတို့၏ စူးစူးရှရှ အကြည့်များက ဖြတ်သွားသူတိုင်းကို အေးဆေးပေးမသွားပေ။

ကံကောင်းထောက်မစွာပင် လင်းရှန်က ပုံမှန်ဖောက်သည်အဖြစ် သတ်မှတ်လို့ရသည်

။တံခါးနားက စားပွဲထိုးက သူ့ကို ချက်ချင်းမှတ်မိပြီး ဘာမေးခွန်းမှ မမေးဘဲ ဝင်ခွင့်ပြုလိုက်သည်။

စားပွဲထိုးဦးဆောင်မှုနဲ့ လင်းရှန်သည် တတိယထပ်ကို ရောက်လာသည်။

အဲ့တာက သီးသန့်အခန်းဖြစ်ခဲ့သည်။ ယန်ကျုံးရီနဲ့ စုနျန်တို့သည် အထဲမှာ သူ့ကို စောင့်နေပြီဖြစ်သည်။

စားပွဲထိုးထွက်သွားပြီးနောက် လင်းရှန်သည် ညအိမ်မက်ကလပ်အကြောင်း သိချင်စွာ မေးလိုက်သည်။

“အဲဒါကို ငါလည်း သိပ်သေချာ မသိဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကလပ်ကို ကျူးကျော်တိုက်ခိုက်ခံရတဲ့ပုံပဲ။အစောင့်အကြပ်တွေလည်း ဒဏ်ရာရသွားလို့

လုံခြုံရေးကို တိုးမြှင့်ထားတာ”

ယန်ကျုံးရီက ပခုံးတွန့်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

“ဒီအကြောင်း မပြောဘဲ နေရအောင်။ လင်း၊ နဂါးမြို့တော်နဲ့ နတ်ဆိုးမျိုးနွယ်သုံးခုက စစ်ပွဲစတော့မှာကို ကြားမိလား”

လင်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ " ငါ ဒီနေ့ပဲ နဂါးချောက်နက်

တောင်တန်းကနေ ပြန်လာခဲ့တာ”

ယန်ကျုံးရီနဲ့ စုနျန်တို့က ထိတ်လန့်သွားကြသည်။

"နတ်ဆိုး မျိုးနွယ်သုံးခုထဲက နတ်ဆိုးတပ်ကို တွေ့ခဲ့လား။"

"တွေ့ခဲ့တယ်။ မျက်လုံးဖြူ ဝိညာဉ်ကျားတွေနဲ့ဉာဏ်အလင်းရခြင်း အဆင့် ကျားနတ်ဆိုး…’အဲဒါ့ကနေအခုထိတောင် စိတ်သက်သာရာ မရသေးဖူး ။” လင်းရှန်က သက်ပြင်းချလိုက်သည်။

ယန်ကျုံးရီနဲ့ စုနျန်တို့သည် ထိုင်ခုံမှ ခုန်ဆင်းလုနီးပါးပင်။

“ဟာ…ဉာဏ်အလင်းရခြင်းအဆင့် ကျားနတ်ဆိုးကို မင်းတွေ့ခဲ့ရတာလား။ မင်း ဘယ်လို လွတ်မြောက်အောင် လုပ်ခဲ့တာလဲ"

ယန်ကျုံးရီက လင်းရှန်ကို စိုက်ကြည့်နေသည်။ လင်းရှန်မှာ ဒဏ်ရာအနာတရမရှိတာကို မြင်

လိုက်ရတော့ ယန်ကျုံးရီက ချက်ချင်းဆိုသလို ထူးဆန်းတဲ့အမူအရာ ပေါ်လာသည်။

လင်းရှန်သည် ကြွားလုံးထုတ်နေတာ မဟုတ်နိုင်ပေ။ သူ့ရဲ့ လက်ရှိ နာမည်ကောင်းကြောင့် ဒီလိုမျိုး လုပ်စရာ မလိုပေ။

ပြီးတော့ လင်းရှန်က ဟန်ဆောင်ပြရတာကို နှစ်သက်တဲ့ လူတစ်ယောက်တော့ မဟုတ်ပေ။

သို့သော် ယန်ကျုံးရီက ပို၍ ထိတ်လန့်သွားသည်။

အဲဒါက ဉာဏ်အလင်းရခြင်းအဆင့် ဝိညာဉ်ရေးရာသားရဲပင်။

ကြာရှည်စွာ အသက်ရှုခြင်းအဆင့် တပည့် တစ်ဦးသည် ထိုသို့သော ဝိညာဉ်ရေးရာသားရဲနှင့် ကြုံတွေ့ပါက ပုံမှန်ဆို သေကြပေလိမ့်မည်။

သို့သော်လည်း လင်းရှန်သည် အောင်မြင်စွာ လွတ်မြောက်သွားရုံသာမကဘဲ

ဒဏ်ရာရပုံလည်း မပေါ်ပေ ။ သူတို့ ဘယ်လိုမထိတ်လန့်ဘဲနေမလဲ။

စုနျန်သည် မယုံနိုင်စရာ သတ္တဝါအချို့ကို ကြည့်နေသလိုမျိုး လင်းရှန်ကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

"ငါ ကံကောင်းခဲ့တာပါ” လင်းရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး အကြောင်းအရာကို ပြောင်းလိုက်သည် ။ "ယန်၊ စစ်ပွဲနဲ့ပတ်သက်တဲ့ သတင်းတစ်ခုခု ကြားဖူးလား"

ယန်ကျုံးရီက အသိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည် ။ “ ငါ ပတ်မေးပြီးပြီ။ နတ်ဆိုး မျိုးနွယ်သုံးစုနဲ့ စစ်ပွဲမှာ ဂိုဏ်းကြီး သုံးခုက မျိုးနွယ်စုတစ်ခုဆီကို တာဝန်ယူရမှာ။ နေကိုးစင်းဂိုဏ်းရဲ့ ပစ်မှတ်က ကျားမျိုးနွယ်ပဲ”

“တိုက်ပွဲစတာနဲ့ ဂိုဏ်းရဲ့အဓိကတပ်ဖွဲ့က ကျားမျိုးနွယ်ရဲ့သားရဲတွင်းကို တိုက်ခိုက်ဖို့ နဂါးချောက်နက်တောင်တန်းထဲကို တည့်တည့်သွားလိမ့်မယ်။

ငါတို့ကျောင်းက လုပ်ဆောင်ရမဲ့ အရာက ကျားမျိုးနွယ်ရဲ့ အစွန်အဖျားမှာ ရှိတဲ့ဝိညာဉ်သားရဲတွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ဂိုဏ်းရဲ့အဓိကအင်အားစုတွေ သားရဲတွင်းကို သွားတဲ့လမ်းမှာ ရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ တာဝန်ရှိတာ”

ဤအစီအစဉ်ကြောင့် လင်းရှန်နဲ့ စုနျန်ကသက်ပြင်းချနိုင်ခဲ့သည်။

သူတို့သည် ကျားမျိုးနွယ်၏ အဓိက အင်အားစုကို ရင်ဆိုင်ရန် မလိုအပ်သည်မှာ ကောင်းသောအချက်ဖြစ်သည်။

အမှန်တော့ အဲ့တာက အဓိပ္ပါယ်ရှိသည်။ နေကိုးစင်းဂိုဏ်းသာ အသိစိတ်မလွတ်ဘူးဆိုရင် ကျောင်းက တပည့်တွေကို ကျားမျိုးနွယ်ရဲ့တွင်းထဲကို အတူတူ မတိုက်ခိုက်ခိုင်းပေ။ အများစုက တပည့်တွေကို အစွန်အဖျားမှာ စောင့်ခိုင်းပြီး အသေးလေးတွေကို ရှင်းလင်းရေး လုပ်ခိုင်းတာပင်။

သေချာတာက အသေးအမွှားလေးတွေကို ရှင်းပစ်ရမယ်ဆိုရင်တောင် မစ်ရှင်က ခက်ခဲနေတုန်းပင်။

နောက်ဆုံးတွင် တိုးတက်ခြင်းအဆင့် သို့မဟုတ် ဉာဏ်အလင်းရခြင်း အဆင့် ဝိညာဉ်သားရဲများသည် နေကိုးစင်းဂိုဏ်း၏ ကျင့်ကြံသူများနဲ့ ကျားမျိုးနွယ်နှင့် နှိုင်းယှဉ်ပါက အသေးအမွှားများသာဖြစ်သည်။

ကျောင်း၏တပည့်များအတွက်ကတော့ သူတို့သည် ခက်ခဲသောရန်သူဖြစ်နေဆဲပင်။

"ပြီးတော့ ကျောင်းက စီစဉ်မှုတွေလည်း လုပ်ထားတယ်။"

ယန်ကျုံးရီက ဆက်ပြောသည် ။

“အချိန်တန်ရင် တပည့်တွေကို အဖွဲ့သုံးဖွဲ့ခွဲမှာ၊ အဖွဲ့တစ်ခုစီကို ဆရာ နှစ်ယောက်နဲ့ အထက်အိမ်တော်က တပည့် သုံးဦးတို့က ဦးဆောင်မှာ။ သူတို့က နေရာပေါင်းစုံကနေ တောင်တွေပေါ်က သားရဲတွေကို ရှင်းလင်းကြမှာ”

“အထက်အိမ်တော်မှာ တပည့်ဆယ်ယောက် ရှိတာ မဟုတ်ဘူးလား။ ကျန်တဲ့ နစ်ယောက်ကဘယ်မှာလဲ" စုနျန်က စိတ်ဝင်တစား မေးသည်။

"မင်းက စီနီယာအကို ရှန်ကျဲနင်ကိုပြောချင်တာ မလား။ သူက ငါတို့နဲ့ မဟုတ်ဘူး။ သူက ဂိုဏ်းရဲ့အဓိကလူတွေနဲ့ တောင်တန်းရဲ့ နက်နဲရာကို ဝင်ရောက်မယ်လို့ ကြားတယ်” ဟု ယန်ကျုံးရီက ပြောသည်။

လင်းရှန် အမူအရာက ပြောင်းသွားသည်။

ရှန်ကျဲနင်အကြောင်းကို ယခင်က သူကြားဖူးသည်။

သူသည် နိုင်ယန်း၏ ထိပ်တန်းတပည့် ဆယ်ယောက်၏ အကြီးအကဲဖြစ်ပြီး ထင်ရှားသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။

ထိပ်တန်းမိသားစုမှ မဟုတ်သူတစ်ဦးက အထက်အိမ်တော်ရှိ တပည့်ဆယ်ယောက်ထဲမှ ထိပ်တန်းတပည့်အဖြစ် နေရာကို အခိုင်အမာ သိမ်းပိုက်နိုင်ခဲ့ပုံအရ အလွန်ထက်မြက်သူဖြစ်ရမည်။

All Chapters