စစ်ပွဲဖြစ်ပွားခြင်း (၃)
Vol. 9 Ch. 143
ဂိုဏ်းချုပ်က သူတို့ကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် ပင်မတိုက်ပွဲတွင် ပါဝင်ရန် ခန့်အပ်ခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ဒါက အရည်အသွေးရမှတ်တွေရဖို့ အခွင့်အရေးကောင်းပဲ။
ဆယ်ရက်လောက် ကျန်ပါသေးတယ်။ ငါတို့ အပြည့်အဝ ပြင်ဆင်ထားရမယ်။”
ထိုအချိန်တွင် ယန်ကျုံးရီက ပြုံးပြီး စုနျန်ကို ကြည့်လိုက်သည်။
“အဲဒါကို ပြောရရင် လင်းကို ကျေးဇူးတင်ရမယ် ။ ဒီတစ်ကြိမ်မှာ ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို တက်လှမ်းနိုင်လို့ ငါ့မိသားစုမှာ နာမည်ရခဲ့တယ်။ ပြီးတော့ အလယ်အလတတန်းစား မှော်လက်နက်တစ်ခုကိုလည်း ရခဲ့တယ်။ ဒီစစ်ပွဲမှာ ငါသေချာပေါက် ပိုရလိမ့်မယ်”
စုနျန်၏ မျက်လုံးများတွင် မနာလိုမှုများနဲ့ တောက်ပနေသည်။
သူသည်လည်း မိသားစုမှ ပံ့ပိုးပေးသော အမာခံတပည့်တစ်ဦးဖြစ်သော်လည်း သူ့မိသားစု၏ အမွေအနှစ်သည် ယန်မိသားစုထက် များစွာ နည်းသည်။ ထို့ကြောင့် သူ့တွင် နေသုံးစင်း အဆောင်ဓား တစ်လက်သာရှိသည်။
လင်းရှန်က ပြုံးပြီး ဘာမှပြန်မပြောပေ။
သူသည် အဆင့်စိန်ခေါ်မှုတွင် နေခြောက်စင်း အဆောင်ဓားနှင့် ယန်စွမ်းအားဝတ်ရုံကို အသုံးပြုထားတာ ဖြစ်သည်။ စုနျန်နဲ့ ယန်ကျုံးရီက ဒါကို ရှင်းရှင်းလင်းလင်း သိထားတာမို့ တခြားဘာမှ ပြောနေစရာ မလိုပေ။
"ဒီမှာ”
ယန်ကျုံးရီသည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ကျယ်လောင်စွာပြောသည် ။
"ငါတို့ စစ်မြေပြင်မှာ အောင်မြင်ပြီး အမှတ်များများရပါစေ။ ချီးယား”
လင်းရှန်နဲ့ စုနျန်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်သည် ။ ခွက်ကိုလည်း မြှောက်ထားကြသည်။
"ချီးယား”
သုံးယောက်သား ဖန်ခွက်ကိုတိုက်ကြတော့ ချွင်ခနဲ အသံထွက်လာသည်။
မူလဆေး၏အကူအညီဖြင့် လင်းရှန်သည် ထိုညက ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်သို့ ရောက်သွားသည်။
နောက်ထပ်နှစ်ရက်အကြာတွင် သူ၏ ဆင်နတ်ဘုရားနည်းစနစ်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဆင်နတ်ဘုရားနည်းစနစ်နှင့် ပေါင်းစပ်ပြီးနောက် တားမြစ်ထားသော ရွှေရောင်
ချပ်ဝတ်တန်ဆာသည် မျှော်လင့်ထားသည့်အတိုင်း လမ်းကြောင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ချေသည်။
[အမည်-လင်းရှန်]
[စွမ်းရည် :ကျွမ်းကျင်တတ်မြောက်မှု]
[အဆင့်- ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်၊ ၂၀ %]
[ကျင့်ကြံနည်းစနစ်- ရွှေရောင်ကျီးကန်းကျမ်း (အထူးကျွမ်းကျင်အဆင့် ၆၈%), အရည်ပျော်ခြင်း (လမ်းကြောင်းအဆင့်၀%),တားမြစ်ထားသော ရွှေရောင်
ချပ်ဝတ်တန်ဆာ ( လမ်းကြောင်းအဆင့် ၀%)…]
[ကိုယ်ပွားအရေအတွက်- ၆ (၂၈%)]
ကျင့်ကြံရေးခန်းအလယ်တွင် တင်ပျဉ်ခွေထိုင်နေရင်း တစ်စုံတစ်ခုကို တွေးတောနေစဉ် လင်းရှန်၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများ ချက်ချင်း တောက်ပလာသည်။
အံ့သြစရာကောင်းတာက ဒီအချိန်မှာမှောင်မိုက်နေတဲ့ ရွှေရောင်အလင်းတန်းသည် အရင်ကနဲ့ လုံးဝမတူတော့ပေ။ ၎င်းသည် ပါးလွှာသောအလွှာမဟုတ်တော့ဘဲ မှုန်ဝါးဝါးနဲ့ ထင်သာမြင်သာရှိသော သံချပ်ကာပုံစံဖြစ်သည်။
လင်းရှန်သည် အနက်ရောင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပုံရသည်။ သူ့တစ်ကိုယ်လုံးက ဖျက်ဆီးလို့မရနိုင်တဲ့ အသွင်အပြင်ရှိပြီး သူ့ကို ခမ်းနားထည်ဝါစေသည်။
“ဒါက တားမြစ်ထားတဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာ လမ်းကြောင်း အဆင့်ပဲ…”
လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။
သူသည် ၎င်းကို လက်သီးများဖြင့် ထိုးရန်ကြိုးစားခဲ့သော်လည်း သတ္တုနှင့် တိုက်မိသည့် အသံကဲ့သို့ ပြတ်သားတဲ့ အသံထွက်လာခဲ့သည်။
“ကောင်းလိုက်တာ”
လင်းရှန်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများသည် အံ့ဩမှုများနဲ့ တောက်ပနေသည်။
သူသည် တိုက်ခိုက်ရေးတွင် စမ်းသပ်မှု မပြုလုပ်ရသေးသော်လည်း တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ လမ်းကြောင်းအဆင့်၏ အစွမ်းထက်သော ခုခံမှုကို ခံစားနေရနေပြီ ဖြစ်သည်။
“နောက်ထပ်က ရွေ့လျာမှုနည်းစနစ်တွေကို ပေါင်းစပ်ဖို့ အချိန်ရောက်ပြီ။ ငါ့ရဲ့ အရည်ပျော်ခြင်းကိုလည်း ဆက်ပြီး တိုးတက်အောင် လုပ်ရအုံးမယ်”
လင်းရှန်သည် သူ့ဘေးက လျှို့ဝှက်စာအုပ်ကို ကြည့်လိုက်သည်။
“နဂါးချောက်နက်တောင်တန်းကို မသွားသေးခင်မှာ ရှစ်ရက်လောက် အချိန်ရပါသေးတယ်။ အဲ့တာက ကိုယ်ခံပညာကို ကျင့်ကြံဖို့တော့ နောက်ကျနေပြီ ။ အရင်ဆုံး အစပြုသူအဆင့်ကို ရောက်အောင် လုပ်ပြီး စစ်မြေပြင်ကျမှ သတ်ဖြတ်မှုကို အားပေးခြင်းကိုသုံးရမယ်။"
လင်းရှန်သည် လျင်မြန်စွာ တွေးတောလိုက်သည်။ သူသည် ကိုယ်ပွားခြောက်ခုလုံးကို ဆင့်ခေါ်ပြီး လျှို့ဝှက်လက်စွဲစာအုပ်ကို ဖတ်ခိုင်းသည်။
ဆင်နတ်ဘုရားနည်းစနစ်တွင် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် လင်းရှန်တွင်ရှိသော ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာ အရေအတွက်သည် (၁၄) အထိ တိုးလာသည်။
တွေးခေါ်မှုစွမ်းရည်၏ သက်ရောက်မှုသည် ကိုယ်ခံပညာ ကျင့်ကြံမှုအရှိန် +၁၄၀% နှင့် ကိုယ်ခံပညာစွမ်းအား +၇၀% အထိ တိုးလာသည်။
ပင်ကိုယ်စွမ်းရည်အရ ၎င်းသည် သာလွန်ကိုယ်ခံပညာထက် သာလွန်ခဲ့ပြီး
သန့်စင်သော ယန်ခန္ဓာကိုယ်နီးပါး ကောင်းမွန်ခဲ့သည်။
ဒါ့အပြင် ကိုယ်ခံပညာ ကျင့်ကြံမှုတစ်ခုတည်းအနေနနဲ့ ပြောရရင် တွေးခေါ်မှုသည် သန့်စင်သော ယန်ခန္ဓာကိုယ်ထက် ပိုအသုံးဝင်တာ သေချာသည်။
လင်းရှန်ရွေးချယ်ခဲ့သော ကိုယ်ခံပညာများထဲတွင် သန့်စင်သော ယန်ခန္ဓာကိုယ်နဲ့
သက်ဆိုင်သော အရေအတွက်က အလွန်နည်းပါးသည်။ သန့်စင်သော ယန်ခန္ဓာကိုယ်က အခန်းကဏ္ဍအားလုံးကို မပါဝင်နိုင်ပေ။
ထို့ကြောင့် လင်းရှန်သည် ဤရက်အနည်းငယ်အတွင်း ကိုယ်ခံပညာကို ကျင့်ကြံသောအခါ အများစုကို တွေးခေါ်မှုသို့ ပြောင်းခဲ့သည်။
သူ့နှင့် လူခြောက်ယောက်၏ အပြည့်အ၀ ကြိုးစားအားထုတ်မှုအောက်တွင် ကိုယ်ခံပညာနားလည်သဘောပေါက်မှုသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ သူက တစ်နေ့ကို ကိုယ်ခံပညာတစ်ခုနှုန်း ကျင့်ကြံနေသလိုပင်။
တိမ်တိုက်နဂါးစည်းချက်သည် ကျင့်ကြံရန် ပိုခက်ခဲသည်။ အစပြုသူအဆင့်ရောက်ဖို့ နှစ်ရက်လောက် အချိန်ယူရသည်။
နဂါးချောက်နက်တောင်တန်းသို့ လေ့လာရေးခရီးမစမီ တစ်ရက်အလိုတွင် ရွေ့လျားမှုနည်းစနစ်လေးခုနှင့် လက်ဖဝါးနည်းစနစ်သုံးခုစလုံးသည် အစပြုသူအဆင့်သို့ရောက်ရှိခဲ့သည်။
ထို့အပြင် လင်းရှန်သည် ပျက်စီးသွားသော ယန်စွမ်းအား ဝတ်ရုံကို ပြင်ရန် သူ၏ဝိညာဉ်ရေးအနှစ်သာရကို အသုံးပြုခဲ့ရသေးသည်။ နောက်ဆုံးတော့ သူသည် တိုက်ပွဲမစတင်မီတွင် မှော်လက်နက်ကို မူလအခြေအနေသို့ရောက်အောင် ပြန်လည်
ပြုပြင်နိုင်ခဲ့သည်။
ထိုအချိန်တွင် လင်းရှန်သည် လိုအပ်သော ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ထားပြီးဖြစ်သည်။ သူသည် ထိုနေ့ကိုသာ စောင့်နေသည်..