← Chapters

အထက်အိမ်တော် တပည့် (၂)

Vol. 9 Ch. 145

အထက်အိမ်တော် တပည့် (၂)

Vol. 9 Ch. 145

ပင်မခုံပေါ်ရှိ အထက်အိမ်တော်မှ တပည့်သုံးယောက်တောင် သူ့ကို လှမ်းကြည့်ကြသည်။

“ဒါက ဂျူနီယာ ညီလေးလင်းပဲ ဖြစ်ရမယ်” ဟု ရှဲ့ကျင့်ရှန်က ရုတ်တရက်ပြောရင်း ပြုံးပြသည်။

လင်းရှန်က သူ့လက်ကို အေးဆေးစွာ ဆုပ်ကိုင်လိုက်ပြီး "မင်္ဂလာပါ စီနီယာအစ်ကိုရှဲ့”

“ဒီနေရာမှာ စည်းမျဥ်းစည်းကမ်းတွေ မလိုပါဘူး”

ရှဲ့ကျင့်ရှန်က ပြုံးပြီး နွေးထွေးသော အမူအရာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ညီလေးလင်းက မယုံနိုင်လောက်အောင် အရည်အချင်းရှိတာပဲ။ ဆရာကြီးကတောင် ချီးကျူးတယ်။ ရှေ့လျှောက် အကိုတို့ မကြာခဏတွေ့ဖို့ လိုတော့မှာပဲ”

လင်းရှန် အံ့အားသင့်သွားသည်။ “ အကိုရှဲ့ရဲ့ ဆရာကြီး က…”

မူချွမ်ဟွာက ရုတ်တရက် ပြောလေ၏ " ညီလေးလင်း၊ မင်းမသိသေးဘူး မလား။ အကိုရှဲ့က မင်းကို အနက်ရောင်အဆင့်တပည့်အဖြစ် ရာထူးတိုးမြှင့်ပေးထားတဲ့ ဆရာကြီးစစ်လက်အောက်မှာ ပညာသင်ကြားနေတာ”

လင်းရှန်က နားလည်သွားပြီး အနည်းငယ် အံ့သြသွားသည်။

ကျောင်းသည် ဆရာများအား အဓိကတပည့်များ ခေါ်ယူတာကို တားမြစ်ထားတာမျိုး မရှိသော်လည်း ထိုသို့သော အရာများသည်ဖြစ်လေ့ဖြစ်ထနည်းသည် ။

အဘယ်ကြောင့်ဆိုသော် ဆရာသည် ကျောင်း၏ အဆင့်မြင့် ထိပ်တန်းအဖွဲ့ဝင် တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့သည် ကျောင်းမှ တပည့်တစ်ဦးကို ကိုယ့်တပည့်အဖြစ် ခေါ်ယူခဲ့မည်ဆိုပါက မျက်နှာသာပေးမှုနှင့် တရားမျှတမှုတို့နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိလာနိုင်သည်။ ဒါက ဝေဖန်မှုကို ဆွဲဆောင်သလို ဖြစ်တာကြောင့် ဆရာအနည်းငယ်သာ ဤအရာကို လုပ်ကြသည်။

အဲဒါကြောင့် လင်းရှန်က အစတုန်းက မတွေးမိတာပင်။

ဒီအကြောင်းကို လူတော်တော်များများ မသိခဲ့ကြပေ။ အနည်းဆုံးတော့ သူပတ်မေးရင်တောင် အဲ့ဒါကို ကြားရမှာမဟုတ်ပေ။

"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် အကိုမူ”

မူချွမ်ဟွာကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် လင်းရှန်က ရှဲ့ကျင့်ရှန်ကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော် စောင့်နေပါမယ် အစ်ကိုရှဲ့”

လင်းရှန်က သူ၏ ခင်မင်ရင်းနှီးမှုကို အသိအမှတ်ပြုသဖြင့် ရှဲ့ကျင့်ရှန်က

ပြုံးလိုက်သည်။

လင်းရှန်နှင့် ခင်မင်ရင်းနှီးအောင်နေတာက သူ့ဆရာက လင်းရှန်ကို မြှင့်တင်ပေးထားတာကြောင့်သာ မဟုတ်ဘဲ လင်းရှန်က သူလို သာမန်မိသားစုမှ ဖြစ်သောကြောင့် ဖြစ်သည်။

နိုင်ယန်းကျောင်းကဲ့သို့ သြဇာကြီးမားသော မိသားစုများ၏ တပည့်များသာ ကြီးစိုးသည့်နေရာ၌ သာမန်တပည့်များ အချင်းချင်းအနေနဲ့ ရင်းနှီးဖို့ ပိုလွယ်သည်။

ရှဲ့ကျင့်ရှန်နဲ့လင်းရှန်တို့သည် ခင်မင်ရင်းနှီးမှုချင်း ဖလှယ်နေကြသည်ကို မြင်လိုက်ရသောအခါ တပည့်များစွာက မနာလိုဖြစ်နေကြသည်။

ရှဲ့ကျင့်ရှန်သည် အထက်အိမ်တော်၏ တပည့်ဖြစ်ပြီး စစ်ယွမ်ဖေ၏တပည့်ဖြစ်သည်။ လင်းရှန်က သူနဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ခဲ့မယ်ဆိုရင် အနာဂတ်တွင် ကျောင်းမှာ အားကိုးရမယ့် သစ်ပင်ကြီးတစ်ပင်ရှိလာမှာ သေချာသည်။

အားလုံးထိုင်နေတာကိုမြင်တော့ ရှဲကျင့်ရှန်က ကြန့်ကြာမနေတော့ပေ။ သူသည် ကန့်သတ်ချက် တိုကင်တစ်ခုကို ထုတ်ကာ ၎င်းကိုအသက်သွင်းရန် ဝိညာဉ်ရေးအနှစ်သာရကို ထိုးသွင်းခဲ့သည်။

နောက်တစက္ကန့်တွင် စေတီတော်သည် တဟုန်ထိုး တုန်လှုပ်သွားသည်။ စေတီတော်

အောက်ခြေမှာ တိမ်တွေစုလာပြီး စေတီတော်ကို တဖြေးဖြေး မြင့်တက်လာစေသည်။ ခဏအကြာတွင် ၎င်းသည် ကောင်းကင်ယံမှ ပေတစ်ထောင်သို့ ရောက်ရှိသွားသည်။ ထို့နောက် တိမ်များကိုဖြတ်ကျော်ကာ နဂါးချောက်နက်တောင်တန်းဆီသို့ ပျံသန်းသွားခဲ့သည်။

စေတီတော်တစ်ဝိုက်တွင် အခင်းအကျင်းများ ပြုလုပ်ထားသည်။ ၎င်းကို အသက်သွင်းပြီးသည်နှင့် ဉာဏ်အလင်းရခြင်း ဝိညာဉ်သားရဲများပင်လျှင် ဘာမှ လုပ်မရတော့ပေ ။ တပည့်များသည် အလယ်တွင်ထိုင်ပြီး တိုက်ခိုက်နိုင်သည်။ သို့မဟုတ် နောက်ဆုတ်သွားနိုင်သည်။ သူတို့ ကြိုက်သလို လာလို့ သွားလို့ရလေသည်၊

စေတီတော်သည် အလွန် မြန်ဆန်လေသည်။ ပျံသန်းနေစဉ်တွင် လေသည် အဆက်မပြတ် မြည်လာသည်။ သို့သော် လေပြင်းတိုက်ခတ်မှုကြောင့် အတွင်းမှ လူများကို လုံးဝမထိခိုက်စေပေ။

ခဏအကြာတွင် ကြီးမားလှသော တောင်တန်းများသည် အမြင်အာရုံထဲတွင် ပေါ်လာချေသည်။

ရှဲ့ကျင့်ရှန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တပည့်တစ်ယောက်က ပြင်ဆင်ထားတဲ့ စန္ဒကူးသစ်သား မျက်နှာပြင်ကို ချက်ချင်းထုတ်ကာ လူတိုင်းရဲ့အလယ်မှာ ချထားလိုက်သည်။

စန္ဒကူးသစ်သား မျက်နှာပြင်ပေါ်တွင် ရှုခင်းမြေပုံတစ်ခုရှိနေ၏ ။ ထိုနေရာသည်နဂါးချောက်နက် တောင်တန်း၏ အနေအထားဖြစ်သည်။

ပထမအကြိမ် နဂါးချောက်နက်တောင်တန်းသို့ သွားသည့် တပည့်တွေကို အရည်အသွေးခန်းမကပေးတဲ့ မြေပုံနဲ့ မခြားနားပေ။ သို့သော် ရှဲ့ကျင့်ရှန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ရောင်စုံအခိုးအငွေ့များသည် မြေပုံအထက်တွင် ချက်ချင်းပေါ်လာပြီး တောင်ထိပ်များအဖြစ်သို့ လျင်မြန်စွာ စုစည်းသွားသည်။

ဂရုတစိုက်လေ့လာကြည့်လျှင် ဤဆက်စပ်နေသော တောင်များသည် အမှန်တကယ်ပင် နဂါးချောက်နက်တောင်တန်း၏ သုံးဖက်မြင်ပုံ ဖြစ်သည်။

ယခုအချိန်တွင် စေတီတော်သည် နဂါးချောက်နက်တောင်တန်းသို့ ဝင်ရောက်ပြီး တောင်တန်းတစ်ခုအပေါ်၌ ရပ်တန့်နေခဲ့သည်။

ရှဲ့ကျင့်ရှန်က လက်ညိုးဖြင့် ညွှန်ပြလိုက်ရာ စန္ဒကူးသား မျက်နှာပြင်ထက်တွင် တောင်တန်းတစ်ခု၏ ပုံရိပ်သည် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ အဲ့တာက စေတီအောက်က တောင်ကြီးပင်။

တစ်ချိန်တည်းမှာပင် ပဲပိစပ်အရွယ် အလင်းဘောလုံး ရာပေါင်းများစွာသည် လေထဲတွင် ထွက်ပေါ်လာသည်။

၎င်းတို့သည် အနီရောင်နှင့် အဝါရောင်အစက်များ ဖြစ်ကြပြီး အချို့မှာ ပိုမိုနက်

မှောင်ကာ အချို့က ကျလင်းလက်နေကြသည်။ အများစုမှာ အဝါရောင်ဖြစ်ပြီး နှစ်ဆယ်ခန့်လောက်သာ အနီရောင်ဖျော့ဖျော့ဖြစ်သည်။ တောင်စောင်းဘက်မှ အနီစက်တစ်ခုက အနည်းငယ်ပို၍ မဲမှောင်နေ၏။

ဘေးမှာရပ်နေတဲ့ တပည့်က လှည့်ပတ်ကြည့်ရင်း ပြောလေ၏။

“စီနီယာ အကို အမများ ဒီတောင်ကို လီကျန့် တောင်လို့ ခေါ်ပါတယ်။ အဲ့နေရာမှာ တိုးတက်ခြင်း အလယ်အလတ်အဆင့် ဝိညာဉ်သားရဲ တစ်ကောင်၊ အစောပိုင်းအဆင့် ၂၃ ကောင်နဲ့ဝိညာဉ်နိုးကြားခြင်းအဆင့် ဝိညာဉ်သားရဲ ၈၆ ကောင် ရှိပါတယ်”

ရှဲ့ကျင့်ရှန်က ခေါင်းညိတ်ပြပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူက ပြုံးပြီးပြောလေ၏။

“ဘယ်ဂျူနီယာညီလေး ဒါမှမဟုတ် ဂျူနီယာညီမက ပထမတိုက်ပွဲကို စဖို့ ဆန္ဒရှိလဲ”

သူစကားဆုံးသည်နှင့် အဆုံးတွင်ထိုင်နေသော အဝါရောင်အဆင့် တပည့်တစ်ဒါဇင်

ခန့်သည် လူအုပ်ထဲမှ ထွက်လာကြသည်။

ကောင်းကင်အဆင့်၊ မြေကမ္ဘာအဆင့်နှင့် အနက်ရောင်အဆင့်ရှိ တပည့်များသည် စကားမပြောဘဲ ငြိမ်သက်စွာ ထိုင်နေကြသည်။

ဒီလိုတိုက်ပွဲမျိုးကို ကျောင်းရဲ့ တပည့်တွေဟာ နားလည်ပြီးသားပင်။

လာရောက်သူတိုင်းက အရည်အသွေးအမှတ်များရယူရန် ဤနေရာ၌ ရှိနေကြသည်။ လူအနည်းငယ်ကို အမှတ်ယူခွင့်ပေးမည့်အစား အကျိုးအမြတ်ကို မျှဝေဖို့က လူတိုင်း၏ဆန္ဒဖြစ်သည်။

နဂါးချောက်နက်တောင်တန်း၏ အပြင်ဘက်တောင်တန်းများရှိ နတ်ဆိုးများသည် ယေဘုယျအားဖြင့် အားနည်းကြသည်။ ထုံးစံအတိုင်း သူတို့သည်

အရည်အသွေးအမှတ် အချို့ရစေရန် ဒါကိုကိုင်တွယ်ဖြေရှင်းနိုင်မည့် အဝါရောင်အဆင့် တပည့်များကို လွှတ်မည်ဖြစ်သည်။

ပိုနက်ရှိုင်းလာလေလေ၊ သူတို့ကြုံတွေ့ရတဲ့ နတ်ဆိုးတွေက အားကောင်းလာလေပင်။ အဲ့ဒီအခါကျ ရာထူးကြီးတဲ့ တပည့်တွေက တိုက်ရမှာပင်။သို့မှသာ အရည်အသွေး

အမှတ်များ ရရှိနိုင်မည်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဂျူနီယာ ညီလေး ညီမလေးများ”

ရှဲကျင့်ရှန်သည် ၎င်းတို့၏ တောင်းဆိုမှုများကို ပြုံးပြုံးလေးနဲ့ပေးရင်း သူ့လက်ကို မြှောက်လိုက်သည်။

ချက်ချင်းပင် တစ်စုံတစ်ဦးသည် ချောမွေ့ပြီး အပြစ်အနာအဆာကင်းသော ကျောက်စိမ်းတိုကင်များကို ပေးအပ်ခဲ့သည်။

အဲ့တာကို အရည်အသွေး တိုကင်ဟုခေါ်သည်။ ၎င်းသည် နိုင်ယန်းကျောင်းနှင့် နေကိုးစင်းဂိုဏ်းမှ တပည့်များသတ်ခဲ့သော နတ်ဆိုးအရေအတွက်ကို မှတ်တမ်းတင်ရန်အတွက် အသုံးပြုသည့် ပစ္စည်းဖြစ်သည်။

တပည့်တစ်ဦးသည် ဝိညာဉ်သားရဲကိုသတ်သည့်အခါတိုင်း ၎င်း၏သွေးအနှစ်သာရကို ထုတ်ယူပြီး ကျောက်စိမ်းတိုကင်ထဲသို့ ထိုးသွင်းရမည်ဖြစ်သည်။ နတ်ဆိုးသားရဲ အားကောင်းလေ၊ သွေးအနှစ်သာရ များများ ထုတ်ယူနိုင်လေဖြစ်သည်။

ထို့နောက် တပည့်သည် အရည်အသွေးခန်းမသို့ တိုကင်နဲ့သွားကာ သွေးအနှစ်သာရအလိုက် အရည်အသွေးအမှတ်ကို တိုင်းတာပေးမည် ဖြစ်သည်။

အဝါရောင်အဆင့် တပည့်များသည် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် တိုကင်များကို ယူကြသည်။ ထို့နောက် စေတီအစွန်းဘက်သို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်သွားကြသည်။ တိမ်တွေပေါ် ခုန်ဆင်းပြီး တောင်ပေါ်ကို သွားကုန်ကြသည်။

သိပ်မကြာခင်မှာပဲ

သားရဲအော်သံများနှင့် တိုက်ပွဲမှ အော်ဟစ်သံများသည် အောက်မှထွက်လာသည်။

နာရီဝက်လောက်ကြာတော့ အဝါရောင်အဆင့် တပည့် ဒါဇင်လောက်က မျှော်စင်ကို ပြန်လာခဲ့သည်။

လူတိုင်း ဒဏ်ရာတွေ ရခဲ့ပေမယ့် သူတို့ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ရှိနေသည်။

မူလက ကြည်လင်ပြတ်သားနေသော ကျောက်စိမ်းတိုကင်များထဲတွင် သွေးနီရောင်ပုံစံများက ပိုးကောင်များကဲ့သို့ ကူးခတ်နေသည်။ ထိုအရာက ဝိညာဉ်သားရဲများကိုသတ်ပြီးနောက် ၎င်းတို့စုပ်ယူခဲ့သော သွေးအနှစ်သာရဖြစ်သည်။

နိုင်ယန်းကျောင်း၏ စည်းမျဉ်းများအရ သွေးအနှစ်သာရနှင့် ပြည့်နေသော တိုကင်တစ်ခုကို သာမန်အရည်အသွေးအမှတ် နှစ်ဆယ်ဖြင့် လဲလှယ်နိုင်သည်။

သာမန်အရည်အသွေးအမှတ်ထက် နည်းသောသူများကို အရည်အသွေးအမှတ်များ ပေးသည်။

ထိုသို့သောတိုက်ပွဲများ ပြီးတဲ့နောက်မှာ ဤအဝါရောင်အဆင့်တပည့်များသည် အနည်းဆုံး သာမန်အရည်အသွေးအမှတ် နှစ်ခု သို့မဟုတ် သုံးခုကို ရရှိမည်ဖြစ်သည်။

အရင်တုန်းက သူတို့သတ်ခဲ့တဲ့ နတ်ဆိုး အရေအတွက်နဲ့ တူခဲ့ရင်တောင် ယခင်ရခဲ့တာတွေက ယခု သူတို့ ရရှိထားတာရဲ့ ထက်ဝက်လောက်တောင် ရှိမှာ မဟုတ်ပေ။

ဒါကလည်း တပည့်များ တိုက်ပွဲတွင် ပါဝင်ရန် စိတ်အားထက်သန်ကြသည့် အဓိကအကြောင်းရင်း ဖြစ်သည်။

စစ်ပွဲအတွင်း ဝိညာဉ်သားရဲများကို သတ်ဖြတ်ခြင်းမှ ရရှိသော အရည်အသွေး

ရမှတ်များသည် ပုံမှန်ထက်ပိုများသည်။

တောင်ကိုရှင်းလင်းပြီးနောက် စေတီတော်သည် ရှေ့သို့ ဆက်လက်ပျံသန်းခဲ့သည်။

နောက်တစ်တောင်ပေါ်ရောက်မှ စေတီက ရပ်တန့်လေ၏။ စားပွဲပေါ်ရှိ မြေပုံသည် တောင်ပေါ်ရှိ နတ်ဆိုးများ၏ အရေအတွက်နှင့် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို ဖော်ပြထားတာ ဖြစ်သည်။

ယခုအချိန်တွင် ၎င်းတို့သည် နဂါးချောက်နက်တောင်တန်း၏ အစွန်အဖျားတွင် ရှိနေသေးသည်။ သူတို့ကြုံတွေ့ခဲ့ရတဲ့ နတ်ဆိုး သားရဲတွေက ယေဘုယျအားဖြင့် မသန်မာပေ။ အများစုမှာ တိုးတက်ခြင်း အလယ်အလတ်အဆင့်တွင်သာ ရှိကြသည်။ ထို့ကြောင့် လမ်းတစ်လျှောက် တိုက်ခိုက်သူများသည် အနက်ရောင် အဆင့်တပည့်များနှင့် အဝါရောင်အဆင့် တပည့်များသာ ဖြစ်ကြသည်။

လင်းရှန် အပါအဝင် ကောင်းကင်အဆင့်နှင့် မြေကမ္ဘာအဆင့်မှတပည့်များသည် အစမှအဆုံးအထိ ထိုင်နေကြရသည်။

၎င်းသည် လူသားကျင့်ကြံသူများနှင့် ဝိညာဉ်ရေးသားရဲများ အကြား ခြားနားချက်လည်းဖြစ်သည်။

လူသားကျင့်ကြံသူများတွင် ကိုယ်ခံပညာ၊ လက်နက်များနှင့် အဆောင်များ ပါရှိသော်လည်း ဝိညာဉ်ရေးရာသားရဲအများစုသည် တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ဗီဇနှင့် ခြေသည်းများကိုသာ အားကိုးနိုင်ကြသည်။ ထို့ကြောင့်ကျင့်ကြံမှု အဆင့်များ တူညီရင်တောင် လူသား ကျင့်ကြံသူများသည် အဆုံးတွင်အနိုင်ရကြသည်။

အဆင့် ၂မှ ၃အတွင်းရှိ အဝါရောင်အဆင့် တပည့်တစ်ဦးသည် သာမန် တိုးတက်ခြင်းအလယ်အလတ်အဆင့် ဝိညာဉ်သားရဲတစ်ကောင်နှင့် ယှဉ်ပြိုင်နိုင်သည်။

အထူးသွေးသားဖြစ်သော မျက်လုံးဖြူ ဝိညာဉ်ကျားလို ဝိညာဉ်ရေးရာသားရဲများကိုတော့ တူညီသောအဆင့်ရှိသည့် လူသား ကျင့်ကြံသူများက တိုက်ကြသည် ။

၎င်းတို့သည် နယ်မြေရှင်းလင်းရေးပုံစံကို ဆက်လက်လုပ်နေကြသည်။

စေတီသည် သုံးရက်ဆက်တိုက်နဂါးချောက်နက်တောင်တန်း၏ အပြင်ဘက်

စွန်းမှ အနောက်ဘက်သို့သာ လှည့်လည်ခဲ့သည်။ ၎င်းသည် ပတ်ဝန်းကျင်

တောင်တန်းများရှိ ဝိညာဉ်ရေးရာသားရဲအားလုံးကို သတ်လုနီးပါးဖြစ်ခဲ့သည်။

လင်းရှန်သည် သူ့စိတ်ထဲတွင် တွက်ချက်နေသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း သူတို့သည် အနည်းဆုံး သားရဲကောင်ရေ နှစ်ထောင်မှ သုံးထောင်အထိ သတ်ဖြတ်ခဲ့သည်။

သို့သော် ၎င်းတို့ထဲမှ ၇၀% ကျော်သည် ဝိညာဉ်နိုးကြားခြင်းအဆင့် ဝိညာဉ်ရေးရာသားရဲများသာ ဖြစ်သည်။

တိုးတက်မှုအဆင့် ဝိညာဉ်သားရဲများသည် သေးငယ်သောအစိတ်အပိုင်းလောက်သာ ပါဝင်လေသည်။

၎င်းတို့ထဲမှာမှ မျက်လုံးဖြူ ဝိညာဉ်ကျားများက အနည်းငယ်မျှသာ ပါသေးသည်။ သုံးဆယ်ကနေ လေးဆယ်လောက်ပဲရှိသေး၏။

လင်းရှန် ထိုနေ့မြင်လိုက်ရသော မျက်လုံးဖြူ ဝိညာဉ်ကျားအုပ်စုကြီးသည်

ထိုအခြေအနေကြောင့် တောင်ဘက်သို့ လှည့်သွားသည်ကို မြင်လိုက်ရလျှင် လင်းရှန် အံ့ဩသွားမည်ပင်။

လေးရက်မြောက်တဲ့နေ့မှာတော့ တပည့်တွေက မနက်စာစားပြီး ထုံးစံအတိုင်း ကိုယ်ခံပညာကွင်းထဲမှာ စုကြလေ၏ ။ အထက်အိမ်တော်မှ သုံးယောက်က ခဏတဖြုတ် ဆွေးနွေးပြီး နောက်ဆုံးမှာတော့ တောင်၏ နက်နဲရာသို့ သွားကြဖို့ အမိန့်ပေးလိုက်သည်။

All Chapters