← Chapters

အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်

Vol. 66 Ch. 917

အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်

Vol. 66 Ch. 917

ဝေ့ဝူယင်...

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများဖြင့် တလက်လက် တောက်ပနေကာ မှော်ဆေးအိုးထဲရှိ အရည်များကို စိုက်ကြည့် နေခဲ့သည်။ ၎င်းတို့က မျက်နှာပြင်ထက်တွင် စိမ်းပြာရောင် အဆင်း ရှိသော်လည်း အတွင်းပိုင်းတွင်တော့ ငရှဉ့်လေးများ ကဲ့သို့ အလင်း ရောင်စဉ်တန်းများမှာ လူးလွင့် ကူးခတ် နေကြသည်။ ထိုငရှဉ့် ကဲ့သို့ အလင်းရောင်စဉ်တန်းများမှာ အဖြူရောင် အဆင်း ရှိကြသော်လည်း တစ်ခါတစ်ရံ အရွယ်အစား၊ ပုံပန်း သဏ္ဌာန် အမျိုးမျိုး အဖြစ် ပြောင်းလဲ နေခဲ့ကြသည်။

မှော်ဆေးအိုးဆီ လက်လှမ်းလိုက်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ပိုမိုကာ တောက်ပလာခဲ့၏။

“အကန့်အသတ်မဲ့ ကွဲပြားမှုတွေနဲ့ ငါ့ရဲ့ ပထမဆုံး အထူးပြု ထုတ်ကုန်... အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်...”

ထိုနာမည်ကို ကြားသည်နှင့် လောကကြီးမှာ နောက်တစ်ကြိမ် တုန်ရီသွားခဲ့ပြန်၏။

“ဒြပ်စင် ရွှေ့ပြောင်းခြင်း...”

ဝေ့ဝူယင် နာမည်ကို ထပ်ဖြည့်လိုက်၏။ ထို့နောက် သူက လက်စွပ်ထဲမှ ပုလင်း တစ်ခုကို ထုတ်ယူကာ ဆေးရည်ကို ထည့်သွင်းလိုက်သည်။

အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်... ဒြပ်စင် ရွှေ့ပြောင်းခြင်း

ထိုအရာက အဆင့်ကိုး ထုတ်ကုန် တစ်ခု ဖြစ်သည်။ အဆင့်နိမ့် အရည်အသွေးတွင်သာ ရှိသည့်တိုင် ၎င်းက ပြီးပြည့်စုံ သွားပြီ ဖြစ်သည်။ ထိုဆေးရည်အား ဖန်တီးရန် အတွက် ဝေ့ဝူယင် အကြိမ် များစွာ စမ်းသပ် ကြိုးစား ခဲ့ရသည်။

ယခုတွင်တော့ ၎င်းက ပြည့်စုံ သွားခဲ့ပြီ ဖြစ်သည်။ အစစ်အမှန် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်လာခဲ့ချေပြီ ဖြစ်သည်။

ဂီး...

ပိုင်လင်က ပျော်ရွှင်ဟန်ဖြင့် တစ်ချက် တွန်ကြူးလိုက်၏။ နှစ်လ... ထိုအဂ္ဂိရတ် ထုတ်ကုန် အသစ်ကို ဖော်စပ်ရန် သူတို့ နှစ်လတိုင်တိုင် အချိန်ယူ ခဲ့ရသည်။

ထိုအတောအတွင်း အကြိမ်ပေါင်း များစွာ ကျရှုံးခဲ့သည်။ ဝေ့ဝူယင် ဒေါသထွက်သည့် အချိန်များကို သူမ တွေ့ခဲ့ရသည်။ သို့သော်လည်း... သခင်ဖြစ်သူမှာ ဘယ်တော့မှ အရှုံးမပေးခဲ့။ လေးစားမှုများမှာ သူမ၏‌ ရွှေသွေးရောင် မျက်ဝန်းများ အတွင်း တလက်လက် တောက်ပလာခဲ့၏။

အကယ်၍ ပိုင်လင်၏ အတွေးများကို အခြား အဂ္ဂိရတ် အာဏာရှင်များသာ ကြားပါက သွေးများပင် အန်ကြလေမလား မပြောတတ်ပါချေ။ နှစ်လ အတွင်း အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် အသစ် တစ်ခု စမ်းသပ် ဖော်စပ်ခြင်း... ထိုအရာက ယုံကြည်နိုင်စရာ မကောင်းသည့် အမြန်နှုန်း ဖြစ်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ အဂ္ဂိရတ် အာဏာရှင်များစွာမှာ သူတို့ ဘဝ တစ်လျှောက်လုံး ရင်းလျှင်ပင် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် အသစ် တစ်ခုကို စမ်းသပ် ဖန်တီးနိုင်ခြင်း မရှိကြပါချေ။

ဝေ့ဝူယင်ကတော့ စိတ်လှုပ်ရှားဟန် ရ၏။ သူက အနားယူခြင်းပင် မရှိပဲ ရှန့်ထို လက်စွပ်ထဲမှ နောက်ထပ် ရင်းမြစ်များကို ထုတ်ယူလိုက်သည်။

“အများကြီး ထပ်လုပ်ကြမယ်...”

တိကျ သေချာသည့် ဆေးညွှန်းကို ရရှိခဲ့ပြီ ဖြစ်လေရာ သုံးဆယ့် သုံးသွယ် ကောင်းကင် ဆေးဖော်စပ်ခြင်း နည်းလမ်းကို သူ အသုံးပြုတော့မည် ဖြစ်သည်။

ဆေးရည်၏ အာနိသင်ကတော့ စမ်းသပ်စရာ မလိုလောက်အောင် သေချာ နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ဒြပ်စင် အခြေပြု ဝိညာဥ်များ၏ ဝိညာဥ်အလင်းကို အလွန် လျှင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိသည်။ အထူးသဖြင့် အိုရီ အတွက် ကွက်တိပင် ဖြစ်သည်။

အကယ်၍ ဆေးဖော်စပ်ရာ၌ အခြား အမျိုးအစား အဆုံးမဲ့ ဝိညာဥ် တာအို အရိုးပြာများကို အသုံးပြုလျှင် အာနိသင်မှာလည်း ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ ထိုကြောင့်ပင် သူက အကန့်အသတ်မဲ့ ပြောင်းလဲခြင်း ဆိုသည့် နာမည်ကို ထည့်သွင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို‌ဆေးရည်များကို အသုံးပြု၍ ကုန်ခမ်းနေသည့် သူ၏ ဝိညာဥ်အလင်းများကို ပြန်လည် ဖြည့်တင်း နိုင်လိမ့်မည် ဖြစ်သည်။

အဆုံးမဲ့ တာအို ဝိညာဥ် အရိုးပြာ အကြောင်း တွေးရင်း ဝေ့ဝူယင်မှာ ပိုမို စိတ်လှုပ်ရှား လာခဲ့၏။ ၎င်းအား တီထွင်နိုင်ခဲ့ခြင်းမှာ သူ့ဘဝ အတွက် အဖိုးမဖြတ်နိုင်သည့် ဆုလာဘ် တစ်ခုပင် ဖြစ်သည်။ ၎င်းက အာရုဏ်ဦး ဝိညာဉ် ဆေးရည်ကိုသာ မက... အာရုဏ်ဦး နေမီးတောက် ဆေးလုံး အပေါ်တွင်ပါ များစွာသော သက်ရောက်မှုများကို ဖြစ်ပေါ် စေခဲ့သည်။

ထုတ်ကုန် အသစ်များ အပေါ် စိတ်လှုပ်ရှား နေသည့် တစ်ချိန်တည်းတွင်ပင် ဝေ့ဝူယင် အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်ရသည်။ သူ၏ အာဏာရှင် အဖွဲ့သားများမှာ အခြေပြုမှု မရှိသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကိုသာ သောက်သုံးခဲ့ရသည်။ လောကသခင် အဆင့်ကို မတက်ရောက်နိုင်သေးသူများမှာ ကံကောင်းထောက်မစွာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည့်တိုင် တက်ရောက်ပြီးသူများကတော့ လွဲချော် သွားတော့မည် ဖြစ်သည်။

ဘုန်း...

မကြာခင်မှာပင် ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခုနှင့် အတူ မှော်ဆေးအိုး အတွင်းမှ စိမ်းပြာရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြန်၏။ ဒုတိယ တစ်ကြိမ် ဆေးဖော်စပ်မှုမှာလည်း အောင်မြင် သွားခဲ့ပြန်ပြီ ဖြစ်လေတော့သည်။

...

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်...

ဝေ့ဝူယင်မှာ ပျင်းရိပျင်းတွဲဖြင့် ပိုင်လင်၏ ခန္ဓာကိုယ်ကို လှဲမှီထားခဲ့သည်။ သူ၏ လက်ထဲတွင်တော့ မှတ်စု စာအုပ် တစ်အုပ်နှင့် မှင်တံ တစ်ခု ရှိနေခဲ့သည်။ သူက အမျိုးမျိုးသော လက်ဟန် ချိပ်စည်း သဏ္ဌာန်များ၊ စွမ်းအင် စီးဆင်းမှုများ၊ သင်္ကတများ၊ စာလုံးကလေးများကို ချရေး နေခဲ့ခြင်းပင် ဖြစ်လေသည်။ စာအုပ်က တစ်ဝက်ကျော် နေခဲ့ပြီ ဖြစ်ကာ စာမျက်နှာပေါင်း ငါးဆယ်လောက် ရှိနေခဲ့ချေပြီ ဖြစ်သည်။

နာရီ အနည်းငယ် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ ပြီးစီးသွားကာ မှတ်စုစာအုပ်ကို အစအဆုံး တစ်ကြိမ် ပြန်စစ်ဆေးလိုက်၏။ ထို့နောက်... သူ့ မျက်နှာထက်၌ စိတ်ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ပိုင်လင်က မျက်လုံးများကို ဖွင့်ကာ မေးလိုက်သည်။

“ပြီးသွားပြီလား...”

ဝေ့ဝူယင်က ညင်သာစွာပင် စာအုပ်ကလေးကို ပြန်ပိတ်လိုက်သည်။

“ဟုတ်တယ်...”

စာအုပ်ကလေး၏ အဖုံးတွင်တော့ ခုနစ်ရောင်ခြယ် ဝိညာဥ် အလင်း၊ အဂ္ဂိရတ် စွမ်းအင်တို့ဖြင့် ရောစပ် ရေးသားထားသည့် ခေါင်းစဉ် တစ်ခု ရှိနေခဲ့လေသည်။ ၎င်းက “အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်” ဟု အဓိပ္ပာယ် ရလေ၏။

ကိုယ်တိုင် ဖန်တီးထားသည့် ဒုတိယမြောက် အဂ္ဂိရတ် ထုတ်ကုန်တွင်လည်း အာရုဏ်ဦး ဆိုသည့် နာမည်ကို ထည့်သွင်း အသုံးပြုရန် ဝေ့ဝူယင် ဆုံးဖြတ်ခဲ့သည်။ ထိုအရာက အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဆိုသည့် သူ့နာမည်ကို ကိုယ်စားပြုနိုင် ပေလိမ့်မည်။

အာရုဏ်ဦး အာဏာရှင် အင်ပါယာ...

ထိုအရာက သူ ကိုယ်တိုင် ရွေးချယ်ခဲ့သည့် နာမည်တော့ မဟုတ်ချေ။ သူ မွေးဖွား ကြီးပြင်းခဲ့ရာ ကြယ်တာရာ နယ်မြေက အရိုးရှင်းဆုံးသော ခံစားချက်တို့ဖြင့် ထိုကဲ့သို့ နာမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ထိုနေ့ကို သေသေချာချာပင် မှတ်မိနေသေးသည်။ ထိုနေ့၌ ရာစုနှစ်၏ အကြီးကျယ်ဆုံးသော အဂ္ဂိရတ် တိုက်ပွဲကို ကျင်းပခဲ့ကာ သူ ချင်ကူးယဥ်ကို အနိုင်ယူနိုင်ခဲ့သည်။ ထိုပြိုင်ပွဲ အပြီးတွင် သူ၏ နာမည်ကို အော်ဟစ် အားပေးမှုများက ဂြိုဟ်တစ်ခုလုံးကို သိမ့်သိမ့်တုန် စေခဲ့သည်။

ဝေ့ဝူယင် အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဆိုသည့် နာမည်ကို အမှန်တကယ် သဘောကျသည်။ သည်အတိုင်း နာမည်လှခြင်းကြောင့် မဟုတ်ပဲ ၎င်းနောက်ကွယ်၌ ပါဝင်နေသည့် အဓိပ္ပာယ်များကြောင့်ပင်။ အာရုဏ်ဦး... ထိုအရာက ခေတ်သစ် တစ်ခုကို ရည်ညွှန်းပေသည်။ အာဏာရှင်နှင့် အင်ပါယာ ဆိုသည့် အသုံးအနှုန်းများကတော့ ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း အဆင့်နှင့် အုပ်စိုးသူ စသည့် အဓိပ္ပာယ်များကို ရည်ညွှန်းပေသည်။ ခေတ်သစ်တစ်ခု၏ အုပ်စိုးသူ... မည်မျှ ခမ်းနားလိုက်သနည်း။

သို့သော်လည်း... မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ သူ၏ နာမည်က ရယ်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။ အကယ်၍ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကြောင့်သာ မဟုတ်ပါက အများစုမှာ အဆင့်နိမ့် သေမျိုး အဂ္ဂိရတ် အာဏာရှင်လေး တစ်ယောက်က ထိုမျှ ကြီးကျယ် ခမ်းနားသည့် နာမည်ကို သုံးရကောင်းလား ဆိုကာ လှောင်ပြောင် ရယ်မောနေလောက်သည်။ ယခုတွင်တော့ သူက ရှန့်ထိုဖန်ဆင်းရှင် တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထိုနာမည်နှင့် မထိုက်တန်ဟု မည်သူမှ စောဒက တက်ရဲတော့မည် မထင်ချေ။

“သခင့်ရဲ့ ဒုတိယမြောက် အဂ္ဂိရတ် ထုတ်ကုန်နော်...”

ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ ဝေ့ဝူယင်က အပြုံးဖြင့်ပင် ခေါင်းညိတ်လိုက်သည်။

“နောက်ပြီး ပထမဆုံး ဆေးရည်...”

အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာသည့် နေ့မှ စ၍ တစ်နေ့တစ်ချိန်တွင် ကိုယ်ပိုင် ဆေးလုံး၊ ဆေးပြား၊ ဆေးတောင့်နှင့် ဆေးရည်တို့ကို ဖော်စပ်နိုင်ရမည်ဟု ဝေ့ဝူယင် ရည်မှန်းချက် ထားခဲ့ဖူးသည်။ ယခုတွင်တော့ သူက ဆေးလုံးနှင့် ဆေးရည်တို့ကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် နှစ်ခု စလုံးမှာ အဆင့်ကိုး အထွတ်အထိပ် အဆင့်များ ဖြစ်ကြပေသည်။

နောက်ထပ် ထုတ်ကုန် နှစ်မျိုးစလုံး အတွက်လည်း ဝေ့ဝူယင် စဉ်းစားထားတာများ ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ပိုမို အရေးကြီးသည့် လုပ်စရာများ သူ့ထံတွင် ရှိပေသေးသည်။ ဝေ့ဝူယင် ခေါင်းကို မော့ကာ လေပေါ် ပျံဝဲနေသည့် ပုံရိပ် ငါးခုကို ကြည့်လိုက်သည်။ အနားလေးဖက်မှ စိန်ပွင့် သဏ္ဌာန် ဝန်းရံနေသည့် ပုံရိပ်လေးခုကတော့ သူ၏ ကြယ်တာရာ ဝိညာဥ် လေးခုပင် ဖြစ်သည်။ သူတို့က အလံငယ်လေး တစ်ခုကို ဝန်းရံကာ ဝိညာဥ်အလင်းများကို ပို့လွှတ် နေကြခြင်းပင် ဖြစ်လေ၏။

၎င်းတို့၏ ပတ်လည်တွင်တော့ ဒါဇင်နှင့် ချီသည့် ပုလင်း အလွတ်များနှင့် အရည် အပြည့်ရှိသည့် ပုလင်းများမှာ ဝန်းရံနေကြသည်။ ၎င်းတို့က အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည် ပုလင်းများ ဖြစ်သည်မှာ သံသယ ရှိစရာ မလိုပါချေ။

အဆင့်ကိုး အထွတ်အထိပ် အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်များမှာ ဝိညာဥ်အလင်းများကို ပြန်လည် ဖြည့်တင်းပေးသည့် နေရာ၌ စဉ်စားထားသည်ထက်ပင် ပိုမို ထိရောက်လွန်းလှသည်။ ၎င်းတို့၏ အရည်အသွေးက အဆင့်မြင့် ဖြစ်နေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ပုံမှန်အားဖြင့် ဝိညာဥ်အလင်းများကို မူလအလင်း ရင်းမြစ်ထဲမှ ပြန်လည် ဖြည့်တင်းရခြင်း ဖြစ်လေရာ အလွန်ပင် နှေးကွေးလှသည်။

မူလအလင်းရင်းမြစ်...

ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်ကို ဝင်ရောက်ပြီးသည်နှင့် ကျင့်ကြံသူတိုင်းမှာ အသေးစား အရွယ် မူလ အလင်း ရင်းမြစ်များကို လက်ခံ ရရှိကြသည်။ ကောင်းကင် ကပ်ဘေးအား ရင်ဆိုင် ကျော်ဖြတ်နေစဉ် အတွင်း ၎င်းက ဖွဲ့စည်းသွားခြင်း ဖြစ်နိုင်ပေသည်။ ဝေ့ဝူယင်၏ မူလအလင်း ရင်းမြစ်များမှာ သာမန် ကျင့်ကြံသူများထက် ပိုမို ကြီးမားသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် အကန့်အသတ် ရှိနေမြဲ ဖြစ်ပေသည်။

အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်ကို တီထွင် ရရှိခဲ့ပြီး နောက်တွင် ကျင့်ကြံခြင်း စံနှုန်းများက နောက်တစ်ကြိမ် ပြောင်းလဲ သွားပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။အကာသ စွမ်းရည်များ အပြင် အလင်း စွမ်းရည်များကို ခန္ဓာကိုယ် အမြန်နှုန်းအား မြှင့်တင်ရန်၊ ကြယ်တာရာ အမတေများ စီးဆင်းနှုန်းအား တိုးမြှင့်ရန် အသုံးပြုနိုင်ပေသည်။ ထိုအရာက ဝင်္ကပါ အစီအရင်များ ခင်းကျင်းခြင်း၊ ကျင့်စဉ် တိုက်ခိုက်မှုများ -ဖော်ထုတ်ခြင်းတို့တွင် အလွန် အသုံးဝင်ပေသည်။ ထိုနည်းဖြင့် တိုက်ပွဲများတွင် နှာတစ်ဖျားစာ အသာစီး ယူနိုင်လိမ့်မည် ဖြစ်သည်။

“မြန်မြန်လုပ်... မင်းတို့ ပြီးရင် စကြမယ်...”

ဝေ့ဝူယင် ပြောလိုက်၏။ နောက်ဆုံး၌ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကို သန့်စင်ကာ သတ္တမမြောက် ကြယ်တာရာ ကပ်ဘေးကို စိန်‌ခေါ်ရန် ဝေ့ဝူယင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်လေသည်။

ကြယ်တာရာ ဝိညာဥ်များမှာ ပိုမို တောက်ပလာကြ၏။ သူတို့က ဝိညာဉ်အလင်းများစွာကို ဆက်စပ်မှု စစ်အလံ အတွင်း အရှိန်အဟုန်နှင့် ပိုမို သွန်းလောင်းလိုက်ကြသည်။ သူတို့ စိတ်လှုပ်ရှား နေခဲ့ကြပြီ ဖြစ်လေသည်။

***

All Chapters