← Chapters

ပြီးပြည့်စုံခြင်း

Vol. 66 Ch. 918

ပြီးပြည့်စုံခြင်း

Vol. 66 Ch. 918

ဝေ့ဝူယင် စတင် တံခါးပိတ် ကျင့်ကြံသည့်နေမှ စ၍ လေးလတိုင်တိုင် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ ရှန့်ထို ညီလာခံ ကျင်းပရန် နေ့ရက်မှာလည်း လျှင်မြန်စွာပင် ချဉ်းကပ် လာနေခဲ့လေပြီ ဖြစ်သည်။ ခေတ်သစ် တစ်ခုအား အဓိပ္ပာယ် ဖွင့်မည့် ထိုနေ့ရက် မရောက်ခင် အချိန် နှစ်လခန့်မျှသာ လိုပေ‌တော့သည်။

ညီလာခံက ရိုးရှင်းမည် မဟုတ်ကြောင်း ကြိုတင် သိကြလေရာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ မြေကြီး ရှန့်ထိုများမှာ ဆွေးနွေးမည့် ခေါင်းစဉ်များကိုပင် ကြိုတင် ပြင်ဆင် နေကြပြီ ဖြစ်လေသည်။

ကြယ်ကွင်းပြင်၏ အထက်တန်းလွှာ ကျင့်ကြံသူ အသိုင်းအဝိုင်းတွင် ထိုကိစ္စနှင့် ပတ်သက်၍ စိတ်မလှုပ်ရှားသူ တစ်ယောက်တစ်လေမှ မရှိကြချေ။ အထူးသဖြင့် ရွေးချယ်ခံများပင်။ ရွေးချယ်ခံများ အတွက် စံနှုန်း အသစ်များမှာ သူတို့၏ ဂုဏ်သတင်းနှင့် နေရာများကို ကျိန်းသေပင် ခြိမ်း‌ခြောက်လိမ့်မည် ဖြစ်သည်။ အချို့ဆိုလျှင် ရာထူးနှင့် အကျိုးခံစားခွင့်များ ဆုံးရှုံးသွားမည်ကိုပင် ကြောက်လန့် နေကြသည်။

ထာဝရ အစည်းအရုံးမှာ သူတို့၏ ဖိတ်ခေါ်မှုများကို ပိုမို၍ တိုးချဲ့နေကာ အကယ်၍ မြေကြီးရှန့်ထိုများ မရှိလျှင်ပင် ရွေးချယ်ခံများကို ဓမ္မ ကာကွယ်သူများနှင့် အတူ ခေါ်ဆောင်လာဖို့ပင် ခွင့်ပြုထားကြသည်။ ထာဝရ အစည်းအရုံးက ညီလာခံတွင် လူငယ် ရွေးချယ်ခံလေးများ အတွက် အမျိုးမျိုးသော အခွင့်အရေးများကိုပါ ဖန်တီးပေးမည်ဟု ကြေညာထားသည်။ သူတို့ အနေဖြင့် မလွဲချော်သင့်ပေ။

ထိုမျှသာ မကသေးချေ။ သူတို့က တန်ခိုးရှင် နတ်မိမယ်နှင့် တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်ဝင်များကိုလည်း ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ထား၏။ ရွေးချယ်ခံ ဟုတ်သည် ဖြစ်စေ... မဟုတ်သည် ဖြစ်စေ... ထိုအသက်အတွင်း ပြည့်မှီလျှင် သူတို့မှာ တက်ရောက်နိုင်လိမ့်မည် ဖြစ်သည်။

ထိုသတင်းများက ကြယ်ကွင်းပြင် တစ်ခုလုံးကို လှိုင်းများ ပမာ ရိုက်ခတ် သွားခဲ့သည်။ အထူးသဖြင့် တန်ခိုးရှင် နတ်မိမယ်နှင့် တန်ခိုးရှင် သူရဲကောင်း သတ်မှတ်ချက်ဝင်များကိုပါ ဖိတ်ခေါ်ခြင်းက လူငယ်ပိုင်းကို ပိုမို စိတ်ဝင်စား သွားစေခဲ့သည်။

ဤသို့နှင့် မြေကြီး ရှန့်ထိုများသာ မက လူငယ် ရွေးချယ်ခံ များစွာပါ ရှန့်ထို ညီလာခံကို တက်ရောက်ရန် စိုင်းပြင်း နေကြပြီ ဖြစ်လေတော့သည်။

...

ချိပ်ပိတ်ထားသည့် အခန်း အတွင်း၌ ဝေ့ဝူယင်မှာ မျက်လုံးများကို မှိတ်ကာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင် ထား၏။ ထိုနေရာ၌ ဆက်စပ်မှု စစ်အလံ မရှိတော့သလို ဒြပ်စင် ဥဿုံ နေကြတ် မှော်ဆေးအိုးလည်း မရှိတော့ချေ။ ကြယ်တာရာ ဝိညာဉ်များမှာလည်း သူတို့၏ ကိုယ်ပိုင် နေရာများကို ပြန်လည် ဝင်ရောက် သွားကြပြီ ဖြစ်လေသည်။ ပိုင်လင်နှင့် ဝေ့ဝူယင်တို့မှ လွဲ၍ အခန်းတစ်ခုလုံးမှာ ထူးဆန်းစွာပင် တိတ်ဆိတ် နေခဲ့၏။

ထို့နောက် ရုတ်ချည်း ဆိုသလိုပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပွင့်ဟ သွားခဲ့၏။

ဘုန်း... ဘုန်း...

ပတ်ဝန်းကျင် တစ်ခုလုံးက ထူးဆန်းစွာ တုန်ရီလာကာ အာကာသလှိုင်းများက အခန်းတစ်ခုလုံး ပြည့်နှက် သွားသည်။ ဝေ့ဝူယင်မှာ လက်ဟန်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်၏။ အချိန်နှင့် အမျှ သူ၏ မျက်သား ဖြူဖြူများပင်လျှင် စတင် အသွင်ပြောင်းလာကာ ငွေရောင် ပင်လယ်ကြီး တစ်ခု သဖွယ် ပြောင်းလဲ သွားခဲ့သည်။

ထိုဖြစ်စဉ်က မိနစ် အနည်းငယ် ကြာမြင့်ခဲ့ကာ ဝေ့ဝူယင် လက်ဟန်ကို ရုတ်သိမ်းလိုက်သည်နှင့် ပြန်လည် အဆုံးသတ် သွားခဲ့၏။

“မယုံကြည်နိုင်စရာပဲ...”

ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။

“ဒီလောက်ကြီးလည်း မဟုတ်ပါဘူး...”

ခရာတိုက မတုန့်မဆိုင်းပင် တုန့်ပြန်လသည်။ သူက ဝေ့ဝူယင်၏ စကားကို သဘောမတူသည်မှာ ရှင်းလင်းလှပေသည်။

ဝေ့ဝူယင် ခါးသီးစွာဖြင့် ပြုံးလိုက်မိ၏။

“ဘာကြောင့် အာကာသ ပဲ့တင်သံလှိုင်း ဆယ့်သုံးခု မဖြစ်လဲ ဆိုတာကိုတော့ ငါလည်း အံ့သြနေတာ... အစတုန်းကတော့ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိတဲ့ အာကာသ ဆန်းကြယ် ပဲ့တင်သံ ဆေးလုံးရဲ့ အကျိုး သက်ရောက်မှုက ဝိညာဥ် နတ်ဘုရား ဆေးရည်နဲ့ တူလိမ့်မယ်လို့ ငါလည်း ထင်ထားခဲ့တာကွ... ဒါပေမဲ့ ပဲ့တင်သံလှိုင်းတွေက ဆယ့်သုံးခု ဖြစ်မလာပဲ တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားလိမ့်မယ် လို့ ဘယ်လို ထင်ထားခဲ့မှာလဲ”

ထိုအပြောင်းအလဲက ဝေ့ဝူယင်ကို အံ့အားသင့်စေခဲ့ကာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် သူ၏ ဗဟုသုတများကို နောက်တစ်ဆင့်သို့ ချဲ့ထွင်ပေးနိုင်ခဲ့သည်။

“ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီက ဆင်တူသလို ရှိပေမဲ့ လုံးဝ ခြားနားတယ်... မတူညီရတဲ့ အကြောင်းပြချက်တွေကတော့ အမျိုးမျိုး ကွဲပြားနိုင်တယ်... တစ်ဆင့်ချင်းစီကို ရောက်ရှိဖို့ အတွက် မတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့တောင် ဆုံးဖြတ်နိုင်ချေ ရှိတယ်”

ဧဒင်က ထိုခေါင်းစဉ်နှင့် ပတ်သက်သည့် ကိုယ်ပိုင် ယုံကြည်ချက်များကို ရှင်းပြလိုက်သည်။ သူ၏ အတွေးများက ဝေ့ဝူယင်နှင့် ဆင်တူ၏။

အာကာသ ဆန်းကြယ် ပဲ့တင်သံ ဆေးလုံးမှာ ကြယ်တာရာ ကပ်ဘေးကို နောက်တစ်ကြိမ် မဖန်တီးသလို စုပ်ယူ သန့်စင်နိုင်သည့် နောက်ထပ် ပုံရိပ်ယောင် ဝိညာဥ် စွမ်းအင်များကိုလည်း ထောက်ပံ့ မပေးချေ။

၎င်းက ခန္ဓာကိုယ် အတွင်းရှိ အာကာသ စွမ်းရည်၏ အရည်အသွေးနှင့် အရေအတွက်တို့ကိုသာ အကျိုးသက်ရောက်စေကာ အာကာသ အမှတ်အသား၊ အာကာသ အကျဉ်းထောင်၊ အာကသ အာရုံ၊ အာကာသ ရွှေ့ပြောင်းခြင်း စသည့် အာကာသ စွမ်းရည်များကိုသာ တိုးတက် စေနိုင်စွမ်း ရှိသည်။

သာလွန်ခြင်း အဆင့် ဆေးရည်ကို စုပ်ယူလိုက်သော အခိုက်၌ အာကာ စွမ်းရည်များ တိုးတက်လာရုံမျှသာ မက အာကာသ ပဲ့တင်သံလှိုင်း ဆယ်ခုမှာလည်း တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားခဲ့သည်။ ဝေ့ဝူယင်က ၎င်းကို “အာကာသ ဆုံမှတ်လှိုင်း” ဟု နာမည် ပေးခဲ့၏။

လက်ရှိ၌ ကြယ်တာရာ ဝိညာဥ် လေးခုလုံးမှာ အာကာသ ပဲ့တင်သံ အဆင့်၏ အကန့်အသတ်ကို ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... အာကာသ ဆုံမှတ်လှိုင်း လေးခု အတွင်းရှိ အာကာ စွမ်းအင်များက ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်နှင့် နှိုင်းယှဉ်လျှင်တော့ များစွာ လိုအပ်နေသေးသလို ဝေ့ဝူယင် ခံစားရသည်။ ထို့ကြောင့်ပင် ခရာတိုမှာ အာကာသ ဆုံမှတ်လှိုင်းများကို သိပ်အထင်မကြီးသလို ပြောခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ အာကာသ ပဲ့တင်သံ အဆင့်မှာ အံ့သြစရာ ကောင်းသည့်တိုင် ဟင်းလင်းပြင် တာအို၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ခု ဖြစ်သည့် အာကာသ တစ်ခုတည်း အပေါ်တွင် အာရုံစိုက်ခြင်း ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဘုရင်၏ ဟင်းလင်းပြင် စွမ်းအင်နှင့် အာကာသ ဆုံမှတ်လှိုင်းတို့ ပေါင်းစပ်လိုက်သော အခိုက်၌ အာကာသ ရွှေ့ပြောင်းခြင်းတို့ ကဲ့သို့ စွမ်းရည်များက နှစ်ဆ မက ပိုမို အစွမ်းထက် သွားသည်ကတော့ အသေအချာပင် ဖြစ်သည်။

“စမ်းသပ်ကြည့်လိုက်ရအောင်...”

ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ သူ့နှလုံးသားဆီမှ ဟိန်းသံ ဖျော့ဖျော့ကို ကြားလိုက်ရကာ ခရာတို၏ ဟင်းလင်းပြင် စွမ်းအင်များက စီးထွက်လာသည်။ လောကသင်္ကေတများမှာ အပြန်အလှန် ချိတ်ဆက်သွား၏။ ထို့နောက် အချိန်တစ်စက်မျှ ဖြုန်းတီးခြင်း မပြုပဲ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ထိုနေရာမှ ပျောက်ကွယ် သွားခဲ့တော့သည်။

ပိုင်လင်၏ မျက်လုံးများက ပြူးကျယ်သွားကာ ဝပ်နေရာမှ ထရပ်၍ ဟိုဟိုဒီဒီ ကြည့်လိုက်၏။ သို့သော်လည်း သူမ ဝေ့ဝူယင်ကို တွေ့မြင်နိုင်ခြင်း မရှိပါချေ။

“ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလဲ...”

အိုရီက သုန်မှုန်စွာဖြင့် ‌ရေရွတ်လိုက်၏။ တစ်စက္ကန့်မျှ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ သူ ရှိနေခဲ့သည့် နေရာ အတိအကျတွင်ပင် ပြန်လည် ပေါ်လာခဲ့သည်။ သူ၏ ဘယ်ဘက် မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက် သွား၏။

သူ အသုံးပြုလိုက်သည့် စွမ်းရည်က အာကာသ ပေါင်းစပ်ခြင်းပင် ဖြစ်သည်။ ထိုစွမ်းရည်ဖြင့် အသက် လက္ခဏာ၊ အော်ရာ၊ ရုပ်ခန္ဓာ တည်ရှိမှု အားလုံးကို အာကာသနှင့် တစ်သားတည်း ဖြစ်အောင် ပေါင်းစပ် နိုင်သည်။ ပိုင်လင်လို ဟင်းလင်းပြင် သားရဲ တစ်ကောင်ပင် အနား၌ ရှိနေသည့် သူ့ကို အာရုံ မခံနိုင်ခဲ့ချေ။

ဝေ့ဝူယင် ကျေနပ်စွာ ပြုံးလိုက်မိ၏။ လွန်ခဲ့သည့် တစ်လ အတွင်း သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ သာလွန်ခြင်း အဆင့် အကာသ ဆန်းကြယ် ပဲ့တင်သံ ဆေးလုံးကိုသာ သောက်သုံးခဲ့ခြင်း မဟုတ်ချေ။ သာလွန်ခြင်း အဆင့် မူလ အလင်း ရင်းမြစ် ဆေးရည်နှင့် မြေဆွဲအားထု မြှင့်တင်ခြင်း ဆေးလုံးများ အပါအဝင် သာလွန်ခြင်း အဆင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကိုပါ သောက်သုံးခဲ့ပြီး ဖြစ်သည်။

သာလွန်ခြင်း အဆင့် မူလ အလင်း ရင်းမြစ် ဆေးရည်နှင့် မြေဆွဲအားထု မြှင့်တင်ခြင်း ဆေးလုံးများကတော့ သူ့အတွက် အကျိုးသက်ရောက်မှု မရှိသလောက် ဖြစ်သည်။ ကြယ်တာရာ ဝိညာဥ် ‌လေးခုစလုံး၏ မူလ ဝိညာဉ်အလင်းများမှဦ အစောကတည်းကပင် အကန့်အသတ်ကို ‌ရောက်ရှိပြီး ဖြစ်သည်။

အခြား ကျင့်ကြံခြင်း အစိတ်အပိုင်းများနှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း၌ မြေဆွဲအား ဗဟိုထုကတော့ တစ်ခုသာ ရှိပေသည်။ ၎င်းကို ကြယ်တာရာ ဝိညာဥ် လေးခုက မျှဝေ ပိုင်ဆိုင် ကြပေသည်။ သို့သော်လည်း... ထိုမြေဆွဲအား ဗဟိုထုမှာ လေးခု ပေါင်းစပ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် ခံစား၍ ရပေသည်။

တစ်ချိန်တည်း၌ သာလွန်ခြင်း အဆင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးများမှလည်း နယ်မြေ မျိုးစေ့ လေးခုကို ဖန်တီး ပေးခဲ့သည်။

ဝေ့ဝူယင်မှာ သူ့ ပြိုင်စံရှား ကျင့်ကြံခြင်း အခြေခံများက အကျိုးသက်ရောက်မှုကို သိချင်မိရာ သိချင်မိရာ ကောင်းကင် ‌ကျောက်စိမ်း ဝိညာဥ် အရိုးပြာဖြင့် ဖော်စပ်ထားသည့် ရိုးရိုး အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကိုသာ အသုံးပြုခဲ့သည်။

အာရုဏ်ဦး နယ်မြေ မျိုးစေ့များ ဖွဲ့စ့ည်းလာသည့် အချိန်တွင်တော့ ၎င်းတို့မှာ ဆေးလုံးမှ တစ်ဆင့် ထူးဆန်းသော အင်အားဖြင့် ကြယ်တာရာ ဝိညာဉ်များနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ် သွားကြသည်။ ထို့နောက် သူတို့၏ အတွင်းပိုင်းမှ ဝိညာဥ် အလင်းများကို ထုတ်ယူကြကာ ဖြစ်စဉ် အတွင်း ပေါင်းစပ်ကြသည်။ ဤနည်းဖြင့် နယ်မြေ မျိုးစေ့များမှာ မူလ ဝိညာဥ်အလင်းများကို ‌ရောင်ပြန်ဟပ်၍ ဖွဲ့စည်း လာကြသည်။

ပျက်သုဉ်းခြင်း ဆေဘာ နယ်မြေ မျိုးစေ့...

ရွှေ့ပြောင်းခြင်း ဒြပ်စင် နယ်မြေ မျိုးစေ့...

ခုနစ်သွယ် ရင်းမြစ် နယ်မြေ မျိုးစေ့...

အသွင်သဏ္ဌာန်မဲ့ ကောင်းကင် နယ်မြေ မျိုးစေ့...

ဝေ့ဝူယင် ဆွံ့အ သွားခဲ့ရသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ သာလွန်ခြင်း အဆင့် အရည်အသွေးမှာ ဝိညာဥ် အလင်းကို ထုတ်ယူကာ ၎င်းနှင့် ကိုက်ညီသည့် နယ်မြေ မျိုးစေ့ တစ်ခု ဖန်တီးပေးခြင်းပင် ဖြစ်လေသည်။ ထိုရှာဖွေ တွေ့ရှိမှုက ဝေ့ဝူယင်ကို အလွန်ပင် အံ့သြသွားစေခဲ့သည်။ ၎င်းက အတုအယောင် နယ်မြေမျိုးစေ့ မဟုတ်တော့ချေ။ အစစ်အမှန် နယ်မြေ မျိုးစေ့ တစ်ခုဟုပင် ဆိုနိုင်နေပြီ ဖြစ်သည်။

ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ လက်ရှိ၌ သူ ပိုင်ဆိုင်ထားသည့် ဝိညာဥ်ကွင်းများ၊ အာကာသ ပဲ့တင်သံလှိုင်း၊ မူလ အလင်း ရင်းမြစ်၊ မြေဆွဲအား ဗဟိုထုတို့မှာ ကိုယ်စီကိုယ်စီ အကန့်အသတ်ကို ရောက်ကြပြီ ဟု ဆိုနိုင်ပေသည်။ ထို့အပြင် သွေးမျိုးဆက် ခန္ဓာ၊ စိတ်စွမ်းအင်၊ အမတေ စွမ်းအင်တို့မှာလည်း ဆက်လက် တိုးတက် နိုင်စရာ မရှိတော့ချေ။ ထို့အပြင် ၎င်းတို့ အားလုံးကို သူ နယ်မြေ မျိုးစေ့ တစ်ခုဖြင့် ဆက်သွယ် ထားခဲ့ပြီး ဖြစ်သည်။

“ဘာမှ မကျန်တော့ဘူး...”

ဧဒင်က မှတ်ချက် ချလိုက်၏။

“ဟုတ်တယ်... အားလုံး ကုန်ပြီ... ကုန်ပြီ... ရေး...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ ၎င်း၏ ကြယ်တာရာ အမြုတေက အနည်းငယ် တုန်ရီနေသည်။

“ကလန့်...”

ဘုရင်က စိတ်ကျေနပ်သည့် အသံတစ်ခု ထုတ်လွှတ်လိုက်၏။

ဘာမှ မကျန်တော့ချေ။ ဤသည်က အဆင့်တက်ရေး အစီအစဉ်များများကို ဆွေးနွေးရတော့မည့် အချိန် ဖြစ်ပေသည်။

“ဟမ်...”

ရုတ်တရက်... ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ နှလုံးသားထဲ၌ ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်နေသလို သူ ခံစားလိုက်ရသည်။ ပုံမှန် လူသား တစ်ယောက်၏ နှလုံးထက် သုံးဆမျှ ကြီးမားသည့် သူ့နှလုံးသားက သဘာဝ မကျစွာ တဒိတ်ဒိတ် ခုန်နေသည်။

“ခရာတို...”

ဝေ့ဝူယင် ခေါ်လိုက်၏။ ခရာတိုက ပြန်မထူးချေ။ ထူးဆန်းသော ခံစားချက်က ပိုမို ပြင်းထန်လာ၏။ ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာသည်။ တစ်ခုခုတော့ မှားယွင်းနေချေပြီ ဖြစ်သည်။

“ဟီး... ဟီး...”

ရယ်သံ... ထိုရယ်သံကို သူ သိပေသည်။

“ဟား... ဟား... အိုရီ... သွားတော့... သွားတော့...”

ခရာတို၏ ကျေနပ် အားရနေသည့် ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“နေဦး...”

ဝေ့ဝူယင် တားဆီးရန် ‌အော်ဟစ်လိုက်၏။ သို့သော်လည်း ကြယ်တာရာ ဝိညာဥ် လေးခုမှာ ပူးပေါင်းကာ အတူတကွ လှုပ်ရှား နေကြပြီ ဖြစ်လေသည်။ ခန္ဓာကိုယ် အတွင်းရှိ တစ်စုံတစ်ရာက ကွဲအက်သွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။

“နေဦး... ငါတို့ စကားပြောဖို့ သဘောတူ...”

စကားမဆုံးခင်မှာပင် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးနှင့် ကြယ်တာရာ ဝိညာဥ်များက စတင် တောက်ပလာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။

“ချီးပဲ...”

လောကတစ်ခုလုံးကား စတင် ပြောင်းလဲလာခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters