← Chapters

မုန်တိုင်း မတိုင်မှီ ငြိမ်သက်ခြင်း (၂)

Vol. 66 Ch. 920

မုန်တိုင်း မတိုင်မှီ ငြိမ်သက်ခြင်း (၂)

Vol. 66 Ch. 920

လွန်ခဲ့သည့် မိနစ် အနည်းငယ် ခန့်က...

ပုံရိပ် နှစ်ခုမှာ လင်းရှန်းရှဲ့၏ ခြံဝန်းကလေးထဲတွင် ရှိနေခဲ့ကြ၏။ သူတို့က လင်းရှန်းရှဲ့နှင့် လင်းမင်တို့ပင် ဖြစ်လေသည်။ လင်းမင်၏ အော်ရာက ယခင်ကထက် ပိုမို၍ မြင့်တက်လာခဲ့ကာ ဝိညာဥ် စွမ်းအင် အငွေ့အသက်များကိုပင် ထုတ်လွှတ် နေခဲ့လေသည်။

သူက မူလလှံတံကို ကိုင်ရင်း မတ်တပ်ရပ် နေခဲ့ကာ မျက်လုံးများကို မှိတ်ထားခဲ့၏။ သူ၏ အသက်ရှူသံများက စည်းချက် ညီညီနှင့် အလွန်ပင် တည်ငြိမ်နေသည်။ လင်းရှန်းရှဲ့မှ မလှမ်းမကမ်းမှ နေ၍ တည်ငြိမ်သော မျက်ဝန်းများနှင့် လင်းမင်ကို လေ့လာ နေခဲ့သည်။

တစ်ခဏ ကြာပြီးနောက်၌ လင်းမင်၏ အော်ရာက ‌ပေါက်ကွဲသွားကာ ဖုန်မှုန့်များ၊ လေများ လွင့်ပျံ သွားခဲ့သည်။ မကြာခင်မှာပင် ၎င်းက တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွား၏။ လင်းမင်က မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ လှပစွာ ပြုံးနေသည့် လင်းရှန်းရှဲ့ကို တွေ့မြင်လိုက်ရလေသည်။

နွေးထွေးသည့် ခံစားချက်များမှာ သူ့နှလုံးသား အတွင်းမှ စီးထွက်လာခဲ့၏။

“လေးလတည်းနဲ့ ပထမ အဆင့်ကိုတောင် ရောက်သွားပြီပဲ...”

မိန်းကလေးက အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်သည်။ လင်းမင် ဂုဏ်ယူစွာ တုန့်ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူမက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ နင် ဆက်ပြီး ကြိုးစားရမယ်... ခုက ပထမဆုံး ခြေလှမ်းပဲ ရှိသေးတာ”

စီနီယာ အမ ဘာကို ဆိုလိုကြောင်း သဘောပေါက်လိုက်ရာ လင်းမင်က ခေါင်းညိတ်လိုက်၏။ သူ၏ မီးခိုးရောင် မျက်လုံးများက ပိုမို၍ လေးနက်သွားသည်။

“မူလဝိညာဥ် နည်းလမ်းက တကယ် အံ့အားသင့်စရာ ကောင်းတယ် စီနီယာ အမ... အဲဒါက စိတ်နဲ့ အတွေးတွေကို သန့်စင်ပေးတဲ့ အပြင် ဝိညာဥ် အင်အားကိုပါ တိုးတက်အောင် ကူညီပေးနိုင်တယ်...”

မူလဝိညာဥ် နည်းလမ်း...

၎င်းက ပရမတ် ကျောက်စိမ်းဂိုဏ်းတွင် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ချန်ရစ်ခဲ့သည့် အမွေအနှစ်များ အနက် သူ့ ကျင့်ကြံခြင်း အခြေခံဖြင့် ကျင့်ကြံနိုင်သည့် နည်းလမ်း အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ လင်းရှန်းရှဲ့က စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ် လိုက်၏။

လင်းမင်က ရွှင်လန်းစွာဖြင့် ရယ်မောလိုက်၏။

“အဲဒါကလည်း စီနီယာ အမပေးတဲ့ အဆင့်ရှစ် အဆင့်မြင့် ဝိညာဥ် မီးလျှံ ဆေးရည် ကြောင့်ပါ... မဟုတ်ရင် ကျွန်တော် အချိန် ပိုယူရမှာ သေချာတယ်”

“...”

လင်းရှန်းရှဲ့၏ မျက်နှာထက်ရှိ အပြုံးက တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားသည်။ ထိုစကားလုံးများက သူမ အသက်ကို စကားလုံး အနည်းငယ်ဖြင့် ကယ်တင်ခဲ့သည့် လူငယ်၏ မျက်နှာကို ပြန်လည် မြင်ယောင် လာစေခဲ့သည်။ အတွင်းပိုင်းစိတ်တစ်ခုလုံးက ဆူနာမီလှိုင်း လှုပ်ခတ်သွားသလို သူမ ခံစားလိုက်ရ၏။ ထိုဆေးလုံးမှာ သူ့ထံမှ လာခြင်းပင် ဖြစ်သည်။ သူမ ၎င်းကို အစွန်းလေးဖက် နန်းတော် တစ်ခုမှ ဝယ်ယူ လာခဲ့ခြင်း ဖြစ်သည်။ ထိုနန်းတော်များကို စီတက ဦးစီးနေခြင်း ဖြစ်လေရာ သူမ အတွက် မူလဇစ်မြစ်ကို ခန့်မှန်းရန် သိပ်မခက်ခဲခဲ့ပါချေ။

လူငယ်၏ ချောမောသော ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း မဟာ ပုရောဟိတ်၏ စကားလုံးများကို သူမ ‌နောက်တစ်ကြိမ် ပြန်လည် ကြားယောင် လာမိ၏။ မိန်းကလေး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း လိုက်မိသည်။

“ဘာလို့လဲ...”

လင်းမင်မှာ လင်းရှန်းရှဲ့၏ တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားကာ မေးလိုက်၏။ လင်းရှန်းရှဲ့က ရှုပ်ထွေး ပွေလီနေသည့် အတွေးများကို လေပူတစ်ချက်နှင့် အတူ ပြန်လည် မှုတ်ထုတ်လိုက်သည်။

“ဘာမှ မဟုတ်ပါဘူး..”

သူမက အဖြေပေးလိုက်ကာ ပြန်လည် ပြုံးဖို့ ကြိုးစားလိုက်၏။ လင်းမင် တစ်ခုခု မူမမှန်နေကြောင်း ခံစားလိုက်ရသည်။

ဝရုန်း...

ရုတ်တရက် ဝန်းကျင် တစ်ခုလုံးမှာ တုန်ရီသွားကြ၏။ သူတို့မှာ အနီးဆုံး၌ ရှိနေကြလေရာ တုန်ခါမှုကို အခြားလူများထက် ပိုမို ရှင်းလင်းစွာ ခံစားလိုက်ရပေသည်။

“လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေး...”

လင်းရှန်းရှဲ့၏ မျက်လုံးများက အကန့်အသတ် ရောက်သည် အထိ ကျဉ်းမြောင်းသွားကာ တည်နေရာ တစ်ခုကို လှမ်းကြည့်လိုက်လေသည်။ လောကသခင် အဆင့် ကပ်‌ဘေးက အဘယ်ကြောင့် ထိုမျှ ကြီးမား နေရသနည်း။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ...

ယခုရက်ပိုင်း၌ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ပုံမှန် မဟုတ်စွာပင် လှုပ်ရှား တက်ကြွ နေခဲ့ကြ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရှန့်ထို ညီလာခံကို တက်ရောက်ရန် ရင်ခုန် စိတ်လှုပ်ရှာစွာဖြင့် ပြင်ဆင် နေကြသည်။ သို့သော်လည်း ညီလာခံနှင့် ပတ်သက်၍ ထူးထူးခြားခြား သတင်း ထုတ်ပြန်မှု၊ လှုပ်ရှားမှု မရှိပဲ ငြိမ်သက်နေသည့် အဖွဲ့အစည်း တစ်ခု ရှိနေခဲ့ပေသည်။ ၎င်းကတော့ အဆုံးမဲ့ ကောင်းကင်၏ အုပ်စိုးသူ အင်ပါယာ မျိုးနွယ်ပင်။

လွန်ခဲ့သည့် လေးလအတွင်း အင်ပါယာ ထျန်းမျိုးနွယ် အတွက် ရှန့်ထို ညီလာခံထက် ပိုမို အရေးကြီးသည့် ခေါင်းစဉ် တစ်ခု ရှိနေခဲ့၏။ ၎င်းက ‘ရှန့်ထိုဖန်ဆင်းရှင်’ ဟူ၍ပင်။

ရှန့်ထိုဖန်ဆင်းရှင်...

ထိုအသုံးအနှုန်းမှာ ထျန်းမူယန်တို့နှင့် အတူ ပြန်ပါလာသည့် နာမ်စား တစ်ခုပင် ဖြစ်သည်။ သေအံ့မူးမူး ဖြစ်နေသည့် မာ့ကျန်းက မည်သို့မည်ပုံ လျှို့ဝှက်အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ရရှိကာ မြေကြီး ရှန့်ထို အဆင့်ကို ဝင်ရောက် သွားခဲ့ကြောင်း သတင်းများမှာ လျှင်မြန်စွာပင် ပျံ့နှံ့ နေခဲ့လေသည်။ ကြားရသမျှက မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

ယခုဆိုလျှင် ဝေ့ဝူယင် ဖန်တီးခဲ့သည့် မြေကြီးရှန့်ထို နှစ်‌ယောက် ရှိသွားခဲ့ပြီ ဖြစ်သည်။ တစ်ယောက်က သူ၏ အဂ္ဂိရတ် စစ်သည်တော် ဖြစ်ကာ နောက်တစ်ယောက်ကတော့ မာ့ကျန်းပင် ဖြစ်သည်။

ရှေးခေတ်က ရှန့်ထိုဖန်ဆင်းရှင် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ကြသူများ ရှိခဲ့ကြသော်လည်း ဝေ့ဝူယင်မှာ ပထမဆုံး ပိုင်ဆိုင်ခဲ့သည့် သေမျိုး ကျင့်ကြံသူ ဖြစ်သည်။ ထိုလျှို့ဝှက် လောကအဆင့် ဆေးရည်ကို ဖန်တီးခဲ့သူက သူ ကိုယ်တိုင် မဟုတ်တာ သေချာသည့်တိုင် ထိုအချက်ကပင် သူ့၌ ကြီးမားသော နောက်ခံ ရှိနေကြောင်း ထင်ရှားစေသည်။

လက်ရှိ၌ ထျန်းမူယန်မှာ ရွှေ၊ ငွေများဖြင့် တန်ဆာဆင်ထားသော အလွန် ကြီးကျယ် ခမ်းနားသည့် နန်းတော် ခန်းမကြီး တစ်ခုထဲတွင် ရှိနေခဲ့သည်။ ၎င်းက မဟာကောင်းကင်ဘုံ ဟု ခေါ်သည့် လောကနယ်မြေ တစ်ခု အတွင်း တည်ရှိကာ အင်ပါယာ ဧကရာဇ် အဖြစ် ထျန်းမူယန် အုပ်စိုးသည့် ပိုင်နက်လည်း ဖြစ်သည်။

သူက အလွန် ကြီးမားသည့် ပုလ္လင်ကဲ့သို့ ထိုင်ခုံကြး ထက်တွင် ထိုင်နေခဲ့သည်။ ထိုပုလ္လင်၏ အထက်တွင်တော့ ကလေး လက်သီးဆုပ် အရွယ် ရှိမည့် နေကြယ် ကိုးစင်းမှာ ထွန်းတောက်နေ၏။ ၎င်းတို့က ထူးဆန်းသော ပတ်လမ်း တစ်ခုနှင့် အတူ လှည့်ပတ်နေကာ လှပသည့် ရောင်စဉ်များကို ခန်းမ အတွင်း ဖြန့်ကျက်ပေး နေခဲ့လေသည်။

ထျန်းမူယန်၏ အမူအရာက ပျင်းရိ လေးတွဲနေကာ မျက်လုံးများမှာ အတွေးများနှင့် အတူ ရီဝေနေ၏။ သူ၏ လက်ထဲတွင်တော့ အဆုံးမဲ့ ကောင်းကင် အင်ပါယာ အကြံပေး ပို့ထားသည့် ဝိညာဥ်ကျောက်စိမ်း တစ်ခုကို ကိုင်ထားခဲ့သည်။ ကျောက်စိမ်း အတွင်း၌ အင်ပါယာ ကောင်းကင်ချီ နည်းလမ်း၏ မူလနှင့် တန်ဖိုးတို့ အပါအဝင် အမျိုးမျိုးသော အချက်အလက်များကို ဖော်ပြထားခြင်း ဖြစ်၏။

အင်ပါယာ အကြံပေး၏ စကားအရ ဆိုလျှင် ထိုနည်းလမ်းမှာ...

“အဲဒါက အရေး မကြီးဘူး...”

ထျန်းမူထျန် အတွေးများကို ဖြတ်တောက် ပစ်လိုက်၏။ ထို့နောက် သူက လက်ထဲရှိ ဝိညာဥ် ကျောက်စိမ်းကို ချိုးဖဲ့ကာ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။ သူ့ မျက်လုံးများထဲရှိ ရီဝေမှုများမှာ ချက်ချင်းပင် ရှင်းလင်း သွားခဲ့၏။

“နောက်ထပ် ထာဝရ ဧကရာဇ် တစ်ယောက်...”

ထျန်းမူယန် တီးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူက အောက်သို့ ငုံ့ကာ ရှည်လျားလှပသည့် ဆံနွယ်များနှင့် ခေါင်းကလေးကို ငုံ့ကြည့်လိုက်သည်။ သူ၏ စိတ်များက ပိုမို တက်ကြွလာကာ လက်တစ်ဖက်ဖြင့် ဆံပင်များကို ဆောင့်ဆွဲ၍ ခပ်ကြမ်းကြမ်း ရှေ့တိုး နောက်ဆုတ် လုပ်လိုက်၏။

“အ... အား...”

မွမ်းကြပ်နေသည့် အသံများနှင့် ခပ်တိုးတိုး ညီညူးသံများမှာ အောက်ရှိ မိန်းကလေး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူမက သူ၏ ကိုယ်လုပ်တော်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

မကြာခင် ထျန်းမူယန်၏ အတွေးများက မူလနေရာသို့ပင် ပြန်လည်သွား၏။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ အင်ပါယာ အကြံပေး ပြောသလောက် အထင်ကြီးစရာ မကောင်းသလို သူ ခံစား ရသည်။ ဝေ့ဝူယင်နှင့် ဝူယုတို့၏ တစ်ယောက်နှင့် တစ်ယောက် အကြည့်များ၊ အပြုအမူများကို သူ ယခုတိုင် မှတ်မိနေပေသေးသည်။ သူတို့က ထိုနည်းလမ်ကို အမှိုက်တစ်စလို လွှင့်ပစ်ခဲ့ကြခြင်းဖြစ်သည်။

“ဝေ့ဝူယင်... မင်းက ဘယ်သူလဲ...”

သူ၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းလာခဲ့၏။ သူ မေးခွန်းကို ကိုယ့်ဘာသာ စိတ်ထဲမှ ပြန်ဖြေ လိုက်မိသည်။ ဝေ့ဝူယင်မှာ မာ့ကျန်းကို ထုတ်ကုန် တစ်ခုတည်းဖြင့်ပင် မြေကြီး ရှန့်ထို ဖြစ်စေခဲ့သူ ဖြစ်သည်။ တတိယ ခြေချခြင်းတွင် ကျရှုံးခဲ့သည့် ဝူယု ကဲ့သို့ လူတစ်ယောက်ကို မြေကြီး ရှန့်ထို အဆင့်ထိ ရောက်အောင် ပြန်ဆွဲ‌‌ခေါ်နိုင်ခဲ့သူ ဖြစ်သည်။

ခန္ဓာကိုယ် ပျက်စီးထားသည့် လူတစ်ယောက်က မြေကြီး ရှန့်ထို အဆင့်ကို ပြန်လည် တက်လှမ်း နိုင်ခဲ့ခြင်း... အမှန်အတိုင်း ဝန်ခံရပါက သူ ကိုယ်တိုင် ထိုကဲ့သို့ လုပ်နိုင်ရန် ယုံကြည်ချက် မရှိချေ။

ဝေ့ဝူယင်က သူ့ကို ဘာတွေ ထောက်ပံ့ပေးခဲ့လို့နည်း။ မာ့ကျန်းတုန်းလိုပင် လျှို့ဝှက် လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုခုများလော။

***

All Chapters