← Chapters

မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း (၃)

Vol. 66 Ch. 921

မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း (၃)

Vol. 66 Ch. 921

ထျန်းမူယန်၏ စိတ်များက ပိုမို ခက်ထန်လာလေရာ ကိုယ်လုပ်တော်ကို ကိုင်နေသည့် လက်များမှာ ပိုမို ကြမ်းတမ်း လာ၏။ ကိုယ့်ကိုယ်ကို ပါရမီရှင် တစ်ယောက် အဖြစ် ယုံကြည်ချက် ရှိသည့်တိုင် ထျန်းမူယန် ကိုယ့်အကန့်အသတ်ကို နားလည်ပေသည်။ သူ လောကရှန့်ထို အဆင့်ကို ဘယ်တော့မှ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။

ကျင့်ကြံခြင်း၌ ခြေတစ်လှမ်းချင်းစီတိုင်းမှာ အလွန် ခက်ခဲလှသည်။ သူ၏ အသက်က မငယ်တော့ချေ။ သူက ထာဝရ ဧကရာဇ် မရောက်ခင်၊ ထျန်းမျိုးနွယ် အင်ပါယာ မဖြစ်ခင် ကတည်းက လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ သူက ညီဖြစ်သူ အဆုံးမဲ့ ကောင်းကင် အင်ပါယာထက် ပိုမို၍ပင် အသက်ကြီးသူ ဖြစ်သည်။

သူက မာ့ကျန်းထက် ပိုမို၍ ငယ်ရွယ်သည့်တိုင် မြေကြီး ခြေချမှုက သူ့ကို အကြမ်းဖျဉ်း သက်တမ်း နှစ် သုံးထောင်ခန့်သာ ချီးမြှင့်ခဲ့သည်။ လျှို့ဝှက် ဝိညာဥ် အဆင့်မှ သေမျိုးတစ်ပိုင်း အရှင် အဆင့် ဖြစ်လာတုန်းက ရရှိခဲ့သည့် သက်တမ်းပင်လျှင် ထိုထက် များပြားသည်။

ကောင်းကင်က မျှတသည့်တိုင် ရက်စက်သည်။ ၎င်းက မြေကြီးရှန့်ထို အဆင့်နှင့် သေမျိုး တစ်ပိုင်း အရှင် အဆင့် အကြားမှ ကွာခြားမှုကို ခပ်ပါးပါးဟုသာ သတ်မှတ်ခဲ့ဟန် ရသည်။ မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှန် သူတို့ ပေးဆပ်ခဲ့ရသမျှက မတန်လှချေ။

လက်ရှိ၌ ဝိညာဉ်သက်တမ်း ၃၃၀၀၀ တွင် သူ ၂၈၀၀၀ အထိ နေထိုင်ခဲ့ပြီးပြီ ဖြစ်သည်။ သူ့သက်တမ်းက မာ့ကျန်းထက် ပိုမို များပြားသေးသည့်တိုင် အခွင့်အရေးကတော့ အလွန်ပင် နားပါး လွန်းလှသည်။ ဝေ့ဝူယင် ဆိုသည့် နောက်ခံနှင့် အတူ မာ့ကျန်းမှာ လက်ကျန် သက်တမ်း အတွင်း လောကရှန့်ထို တစ်ပါး ဖြစ်လာနိုင်ချေ ရှိသည်။

အဂ္ဂိရတ် ရှန့်ထို ဆိုသည့် လူများ မည်မျှ တစ်ကိုယ်ကောင်း ဆန်သည်ကို တွေးရင်း ထျန်းမူယန် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ သူ့အတွက် ဘယ်တုန်းကမှ ထုတ်ကုန် တစ်ခု ဖော်စပ် မပေးခဲ့ဖူးချေ။ အမှန်အတိုင်း ဝန်ခံရပါက လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကျော် အတွင်း သူ သစ္စာ ရှိရှိ အမှုထမ်းနေသည့် အင်ပါယာ မျိုးနွယ်ထံမှ လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် ထုတ်ကုန် တစ်ခုကိုမှ သူ မရဖူးချေ။

အကယ်၍ ထာဝရ ဧကရာဇ်ကြောင့်သာ မဟုတ်ပါက သူ လျှို့ဝှက် မြေကြီး အထွတ်အထိပ် ထုတ်ကုန်များကို စားသုံးဖူးမည် မဟုတ်သလို မြေကြီး ရှန့်ထို တစ်ယောက်ပင် ဖြစ်လာခဲ့လိမ့်မည် မဟုတ်‌ချေ။

ထျန်းမူယန်၏ လက်များက ပိုမို မြန်ဆန်လာကာ မွမ်းကြပ်နေသည့် အသံများမှာ ပိုမို ကျယ်လောင်လာ၏။ တစ်ခဏကြာပြီးနောက် သူ့ ခန္ဓာကိုယ် တစ်ခုလုံးရှိ အကြောများက ပြေလျော့သွားကာ စိတ်တစ်ခုလုံး ပေါ့ပါး သွားသည်။ ထျန်းမူယန် လက်ကို ပြန်ရုတ်လိုက်ကာ ခေါင်းကို မော့၍ လှပသည့် မျက်နှာကျက်ကို ငေးကြည့်လိုက်၏။

“ရှန့်ထို ဖန်ဆင်းရှင်...”

ဝေ့ဝူယင်၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်ရင်း သူ ခပ်တိုးတိုး ရေရွတ်လိုက်မိလေတော့၏။ ထိုလူငယ်က ထာဝရ ဧကရာဇ်နှင့် တကယ်ပဲ ပတ်သက်နေသလော။

ထိုအခိုက်၌... ဝေ့ဝူယင်၏ အလားအလာနှင့် ပတ်သက်၍ တွေးတောနေခဲ့သူက ထျန်းမူယန် တစ်ယောက်တည်း မဟုတ်ပါချေ။ ယန်ချောင်ယွီနှင့် ထျန်းလင်းယုတို့ အပါအဝင် ထိုနေ့၌ မျက်မြင်တွေ့ခဲ့ရသူ အားလုံး အလားတူပင် တွေးတော နေမိကြခြင်း ဖြစ်သည်။

သို့သော်လည်း အားလုံးထဲ၌ ထျန်းမူယန်ကတော့ အတွေး အများဆုံးပင် ဖြစ်သည်။ “ကောင်းကင် အင်ပါယာ ထျန်းမူယန်” ဟူသည့် နာမည် ဂုဏ်ပုဒ်ကို တွေးတောရင်း သူ့မျက်လုံးများက မီးများအလား တဝင်းဝင်း တောက်ပ လာခဲ့၏။

ဟူး...

ထိုအခိုက်တွင်ပင် ဟင်းလင်းပြင် တုန်လှုပ်သွားသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ မျက်နှာကျက်ကို ထွင်းဖောက်၍ ကြည့်လိုက်၏။

“လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေးလား... ဘာလို့ ဒီလောက်တောင် ပြင်းထန်ရတာလဲ...”

ပုံမှန်အားဖြင့် လောကသခင် အဆင့် ကပ်ဘေးများသာ သာမန်သာ ဖြစ်သည်။ မည်သူမှ သတိမထားမိပဲ ပြီးဆုံးသွားတာ များပေသည်။

“မဟုတ်မှ လွဲရော... ဝေ့ဝူယင်...”

ထျန်းမူယန်၏ မျက်လုံးများမှာ တောက်ပသွား၏။ သူက ချက်ချင်းပင် ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ပျောက်ကွယ် သွားတော့၏။ အခန်း အတွင်း၌ ပါးစပ် တစ်ခုလုံး အရည်များ ပြည့်လျှံ၍ မောပန်း နွမ်းနယ်စွာ လှဲလျောင်းနေသော မိန်းမငယ်လေး တစ်ယောက်သာ ကျန်ရစ်ခဲ့ပေတော့သည်။

ထို့ကဲ့သို့ ရွေ့လျား သွားသည်က ထျန်းမူယန် တစ်ယောက်တည်း မဟုတ်ချေ။ ဝေ့ဝူယင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်၌ ရှိနေကြောင်း သိထားကြသည့် လူအားလုံး လိုလို အဆုံးမဲ့ ကောင်းကင် နယ်မြေမှ ထွက်ခွာကာ ကပ်ဘေး အော်ရာ ထွက်ပေါ်လာရာ အရပ်ကို ပျံသန်း နေကြခြင်း ဖြစ်လေသည်။

အဘယ်ကြောင့်နည်း...

လွန်ခဲ့သည့် လေးလ... ဒြပ်စင် နယ်မြေမှ ထွက်ခွာသွားသည် ဆိုသည့် နောက်ပိုင်း ဝေ့ဝူယင်ကို မည်သူမှ ရှာဖွေ မတွေ့ရှိတော့ခြင်းကြောင့်ပင်။ ဝူယုမှာ မာ့ကျန်းနှင့် အတူ ပေါ်လာခဲ့သော်လည်း ဝေ့ဝူယင်ကတော့ ယနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့အပြင် သူတို့ ဝေ့ဝူယင်ကို တွေ့ရှိလိုရသည့် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ရှိပေသည်။

တစ်ချိန်တစ်ခါတုန်းက ထာဝရ ဧကရာဇ်မှာ ရောက်ရှိလာကာ ကြယ်တာရာ နယ်မြေ တစ်ခုလုံး အတွက် အပြောင်းအလဲများကို ယူဆောင် လာခဲ့သည်။ သို့သော်လည်း သူတို့မှာ နောက်ကျနေခဲ့ကြကာ ထိုပုဂ္ဂိုလ်ကြီး ပျောက်ကွယ် မသွားခင် အချိန် အထိ လူအနည်းငယ်သာ အခွင့်အလမ်းကောင်းများ ရရှိခဲ့သည်။ ယခုတွင်တော့ ဒုတိယမြောက် ထာဝရ ဧကရာဇ် ပေါ်လာနေခဲ့ပြန်ပြီ ဖြစ်သည်။ ထိုအခွင့်အရေးကို သူတို့ မည်ကဲ့သို့ လက်လွှတ်ခံရတော့မည်နည်း။

ထျန်းမူယန်မှာ အော်ရာ ရင်းမြစ်ရှိရာသို့ ပျံသန်းရင်း အခြား ပုံရိပ် နှစ်ခုကိုလည်း သတိထားမိလိုက်၏။ သူတို့က ယန်ချောင်ယွီနှင့် ထျန်းလင်းယုတို့ ဖြစ်ကြောင်း သူ ချက်ချင်းပင် မှတ်မိလိုက်လေတော့သည်။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အပြင်ဘက်၌ အလွန် သေးငယ်သည့် သီးခြား လောကနယ်မြေ ကလေး တစ်ခု ရှိ၏။ ၎င်းကို အမျိုးမျိုးသော အကာအကွယ် အလွှာများဖြင့် ဝန်းရံထားကာ ဖုံးကွယ်ခြင်း အစီအရင်၊ ဝင်္ကပါ အသီးသီးဖြင့်လည်း ဝန်းရံ ရစ်ပတ်ထားပေသည်။

ထိုလောကနယ်မြေ တစ်ခုလုံးက အလွန်တရာ လှပလှသည့် ဥယျာဉ် တစ်ခု ဖြစ်ကာ ကြယ်တာရာ အထွတ်အထိပ် အဆင့်၊ လျှို့ဝှက် အဆင့် သစ်သား အခြေပြု ရင်းမြစ်များဖြင့် ပြည့်နှက် နေ၏။ ဥယျာ၏ အထက် ကောင်းကင်တွင်တော့ ရှစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပနေသည့် နေကြယ် တစ်ခု ရှိပေသည်။

နေကြယ်မှ ထုတ်လွှတ်နေသည့် ရှစ်ရောင် အနက် ခုနစ်ရောင်က အဂ္ဂိရတ် တာအို၏ ရောင်စဉ် ခုနစ်သွယ်ကို ကိုယ်စားပြုကာ အဋ္ဌမမြောက် အရောင်မှာ ကျန်ရောင်စဉ်များကို လွှမ်းခြုံထား၏။ ၎င်းက လျှို့ဝှက် အလင်းရောင်ပင် ဖြစ်လေသည်။

ဥယျာဉ် အတွင်းရှိ အချို့ နေရာများ၌ အစိမ်းရောင် တလက်လက် တောက်ပနေသည့် ရေကန်များ ရှိကာ ၎င်းတို့က ကြွယ်ဝလှသည့် သစ်သား စွမ်းအင်၊ ရေစွမ်းအင်များနှင့် ရောနှော ဆက်သွယ် ထားပေသည်။ ထိုရေကန်များမှာ ဥယျာဉ် အတွင်းရှိ စိုက်ခင်းများကို သဘာဝ ရေရင်းမြစ် ပံ့ပိုးပေးနေကာ လျှို့ဝှက် အဆင့် ထုတ်ကုန်များ ကြီးထွား တိုးတက်အောင် ကူညီပေးနေ၏။

လျှို့ဝှက် အလင်း‌ရောင်၊ လျှို့ဝှက် အဆင့် ရေများ၏ ပံ့ပိုးမှုနှင့် အတူ အပင်များ၏ ကြီးထွားနှုန်းနှင့် အရည်အသွေးမှာ ကြောက်မက်ဖွယ် ကောင်းအောင်ပင် မြင့်မားလှပေသည်။

ထို‌လောကနယ်မြေ ကလေး၏ အလယ်တည့်တည့်တွင်တော့ သစ်သားများဖြင့် တည်ဆောက်ထားသည့် ရိုးရှင်းသော နန်းတော် တစ်ခု ရှိနေခဲ့၏။ အဆောက်အအုံမှာ အလွန်တရာ ခမ်းနားခြင်း မရှိလှပဲ အရွယ်အစား အားဖြင့်လည်း သေးငယ် လှပေသည်။ သို့သော်လည်း အသန့်စင်ဆုံး မြူနှင်းများမှာ နန်းတော်၏ ဝန်းကျင် တစ်လျှောက်ဝယ် ပြန့်ကျဲ နေ၏။ ၎င်းတို့မှာ မှော်ဆေးအိုး တစ်ခုမှ ထွက်ပေါ်လာခြင်း မဟုတ်ပဲ သည်အတိုင်း လောကကြီးက ပိုင်ဆိုင်ထားသည့် အရာများပင် ဖြစ်သည်။

နန်းတော်ကို လျှို့ဝှက် သင်္ကေတ သုံးခုဖြင့် ဖွဲ့စည်းထားသည့် ဝင်္ကပါ တစ်ခုဖြင့် ဝန်းရံထား၏။ အကယ်၍ ဝူယုသာ ဤနေရာတွင် ရှိပါက ထိုလျှို့ဝှက် သင်္ကေတများကို ချက်ချင်းပင် မှတ်မိလိမ့်မည် ဖြစ်သည်။ ၎င်းတို့က သမုဒ္ဒရာ၊ ဆက်သွယ်မှုနှင့် ပြောင်းလဲခြင်း သင်္ကေတများပင်။

နန်းတော်၏ အနီးအနား တစ်နေရာတွင်တော့ အမြစ်ရိုင်းများနှင့် အကိုင်းအခက်များ ဝန်းရံနေသည့် ငွေရောင် ကျောက်ဖြာ တစ်ခု ရှိနေခဲ့၏။ ၎င်းက အကြမ်းဖျဉ်း ပေနှစ်ဆယ်ခန့် ကျယ်ကာ ရှစ်ပေခန့် အလျား ရှိလိမ့်မည် ဖြစ်သည်။ အမြင့်ကတော့ ခြောက်ပေခန့် ရှိကာ လေးဖက် လေးတန်တွင် လှေကားများ ရှိ၏။

ဟူး... ဟူး...

ပုံရိပ် တစ်ခုက ဖြည်းညင်းစွာပင် ထိုကျောက်ဖြာထက်၌ ပေါ်လွင်လာခဲ့၏။ သူမက မိန်းကလေး တစ်ယောက် ဖြစ်၏။

သူမက ရှည်လျားသည့် အပြာရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ မိုးပြာရောင် မျက်ဝန်းများမှာ လူတိုင်းအား အသက်ရှူ မှားသွားအောင် ပြုစားနိုင်စွမ်း ရှိ၏။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက ထိုမိန်းကလေးမှာ ထျန်းမူယန် ခေါ်ဆောင်လာသည့် မိန်းကလေး ကောင်းချီးခံ ထျန်းရှောင်လုပင် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။

မိန်းကလေးက ထိုပတ်ဝန်းကျင်နှင့် အကျွမ်းဝင်နေသည့် အလား ပေါ်လာပြီးသည်နှင့် ချက်ချင်းပင် သစ်သား နန်းတော်ငယ် ရှိရာသို့ လျှောက်လှမ်း သွားခဲ့သည်။ နန်းတော် တံခါးရှေ့သို့ အရောက်၌ သူမ၏ မျက်ဝန်းများက လျှို့ဝှက်သော အလင်းများနှင့် ပြည့်နှက် သွားသည်။ သူမ ရောက်ရှိကြောင်း မကြေညာရသေးခင်မှာပင် အသံတစ်ခုမှာ အတွင်းပိုင်းမှ ထွက်ပေါ်လာခဲ့၏။

“အခြေအနေ ဘယ်လိုလဲ...”

***

All Chapters