ဘက်ပေါင်းစုံမှ စုစည်းမှု။
Vol. 43 Ch. 589
သွေးတောင်ပံ ခန်းမနှင့် သဏ္ဍာန် သုံးပါး စံအိမ်တို့ ထွက်ခွာ သွားပြီးနောက်၊ အကယ် ဒမီမှာ၊ အနည်းငယ် ငြိမ်သက် သွားခဲ့သည်။
သို့သော် ဤဖြစ်ရပ်မှာ အကယ်ဒမီ အတွက် အစသာ ရှိသေးကြောင်း၊ သတိ ပေးချက် ဖြစ် လာ၏။
တကယ့် စိန်ခေါ် မှုမှာ၊ မြောက်ပင်လယ်၌ စောင့်ကြို နေမည်ကို လူတိုင်း သိလေသည်။
နောက်ထပ် ရက်အနည်းငယ် အတွင်း၊ အဖွဲ့ပေါင်း များစွာဖြင့်၊ ထပ်မံ တွေ့ဆုံ ခဲ့သော်၊ ခရီး စဉ်မှာ ချောမွေ့ နေဆဲ ဖြစ်သည်။
တစ်ပတ် အကြာတွင် တိမ်မီးလျှံ တောင်တန်းမှ အောင်မြင်စွာ ထွက်ခွာလာ နိုင်ခဲ့ ၏။
သူတို့ ရှေ့မှ သဲသောင်ပြင် ကြီးကို ကြည့်ကာ၊ မြောက်ပင်လယ် ရောက်ပြီဟု သိရှိ လိုက်ကြ သည်။
မိုးကုပ် စက်ဝိုင်း အဆုံးတိုင်၊ ဖြန့်ကြက် ထားသော လိမ္မော်နှင့်၊ နီညိုရောင် အဆင်း သဏ္ဍာန် သဲပြင် ကြီးကို ငေးမော မိကုန်၏။
အဆုံး မရှိသော သဲပင်လယ် ကြီးမှာ၊ ပန်းချီကား တစ်ချပ်လို လွမ်းမောဖွယ် မြင်ကွင်း တစ်ရပ် ဖြစ်လေသည်။
လေပြေများ ဖြတ်တိုက် သွားချိန်တွင်၊ အေးမြခြင်း မရှိဘဲ၊ ဆန့်ကျင်ဘက် အနေဖြင့် ပူပြင်းသော အငွေ့ အသက် ကိုသာ ရရှိ လာ၏။
“ ဒီနေရာက ဘာကြီးလဲ ...၊ ငါတို့ သဲပင်လယ် ကိုတောင် မရောက် သေးဖူး အရမ်း ပူနေတယ်။ ”
နဖူး ပေါ်ရှိ ချွေးများကို သုတ်ယူ လိုက်ပြီး မူချန်က ဆိုသည်။ ခန္ဓာကိုယ်ထဲ တိုးဝင် လာသော၊ အပူ စွမ်းအင် များကို ကာကွယ်ရန်၊ မူလ စွမ်းအင်အား လှည့်ပတ် လိုက်ရ၏။
လေထု အတွင်းရှိ အပူ စွမ်းအင် များကြောင့်၊ လူတိုင်း အတွက် အဆင် မပြေဖြစ် လာပြီး၊ မူချန် နည်းတူ မူလ စွမ်းအင်ကို လှည့်ပတ် လိုက်ရ သည်။
ကျင့်ကြံမှု မြင့်မားသော သူ တစ်ဦးပင်၊ ဤနေရာ၌ ကြာကြာ မနေ နိုင်ချေ။
မြောက်ပင်လယ်မှာ စစ်မြေပြင် တစ်ခု ဖြစ်သောကြောင့် စစ်ပွဲ အပြီးတွင်၊ မြေပြို ကျကာ သဲကန္တာရ တစ်ခု ဖြစ်လာခြင်း ဖြစ်၏။
ရွှေခေတ် ကုန်သွား သော်လည်း၊ ၎င်းတို့ တည်ရှိ ခဲ့ကြောင်းကို ခြေရာ လက်ရာများ အရ၊ အတည်ပြု နိုင်ဆဲ ပေပင်။
မိုးကုပ် စက်ဝိုင်း အစပ် ဆီမှ၊ အနက်ရောင် မုန်တိုင်း ကြီးကို မြင်လိုက် ရချိန်တွင်၊ လင်းယွန် တစ်ယောက် တုန်လှုပ် သွားရသည်။
“ ဘယ်လောက်တောင် အားပြင်း လိုက်တဲ့ သဲမုန်တိုင်း ကြီးလဲ။ ”
၎င်း၏ ဦးတည် ရာသို့၊ တန်ယုက လိုက်ပါ ကြည့်ရှု ပြီးနောက်၊
“ မြောက်ပင်လယ် ထဲမှာ၊ သဲမုန်တိုင်း တွေကို မကြာ ခဏတွေ့ နိုင်တယ်၊ ဒါပေမယ့် လတိုင်း သဲမုန်တိုင်း လုံးဝ မရှိတဲ့ နေ့၊ တစ်နေ့တော့ ရှိတယ်၊ မဟုတ်ရင် ကောင်းကင် ဝိညာဉ် နယ်ပယ်က၊ ကျွမ်းကျင် သူတွေတောင် ဝင်ဝံ့မှာ မဟုတ်ဘူး။ ”
“ ဒီလောက်တောင် ကြောက်စရာ ကောင်း တာလား။ ”
ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူများ ကိုပင်၊ ကြောက်လန့် စေသော သဲ မုန်တိုင်း များ အနေဖြင့်၊ မည်မျှ အားကောင်း နေမည်ကို စိတ်ကူး မယဉ် နိုင်ပေ။
“ ငါတို့ အဲဒီကို ရောက်ရင် မင်း သိပါ လိမ့်မယ်၊ အခု စခန်း ချဖို့ နေရာ ရှာရအောင်။ ”
တန်ယု၏ ဦးဆောင်မှု အောက်တွင် မြောက်ပင်လယ် ဆီသို့ ဦးတည်သွား ခဲ့သည်။ နှစ်နာရီ ကြာမြင့် ပြီးနောက်၊ ကြောက်စရာ ကောင်းသော သဲမုန်တိုင်း များကို ရှင်းရှင်း လင်းလင်း မြင်လာ ရ၏။
မည်သူ မဆို စိတ်ကူး ထားနိုင် သည်ထက်၊ ပို၍ ပြင်းထန် လေသည်။ သဲမုန်တိုင်း များမှာ၊ တောက်လောင် နေသော ဥက္ကာပျံ ကြီး များနှင့် အလား သဏ္ဍာန် တူ၏။
မည်သူ မဆို ဂရု မစိုက်ဘဲ ဝင်ရောက် သွားခဲ့သော်၊ အကျိုးဆက် များကို မှန်းဆ၍ ရနိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့် ဆိုသော် ကောင်းကင် ဝိညာဉ် ပညာရှင် များကိုပင်၊ ပြာချ နိုင်သော ကြောင့် ဖြစ်လေသည်။
ကောင်းကင် ဝိညာဉ် နယ်ပယ် အောက်ရှိ ကျင့်ကြံ သူတိုင်းမှာ၊ မုချ သေရ ပေမည်။
အချိန်များ ကုန်လွန် လာသည်နှင့် အမျှ၊ အခြားသော အဖွဲ့စည်း အသီးသီး မှာလည်း၊ သဲမုန်တိုင်း အစပ်သို့ တရွေ့ရွေ့ လာရောက် စုရုန်း လာလေသည်။
၎င်းတွင် နေသာ စီရင်စု၏ ဂိုဏ်းခွဲများ သာမက၊ အခြားသော စီရင်စု များရှိ ဂိုဏ်းပေါင်း များစွာလည်း ပါ၀င် လေသည်။
နေသာ စီရင်စုမှ ပထမဆုံး ရောက်ရှိလာ သူမှာ ဖျက်ဆီးခြင်း ဓားခန်းမ ဖြစ်၏။ ၎င်းတို့ အဖွဲ့တွင် ကျွမ်းကျင်သူ များစွာ ရှိပြီး၊ အများ စုမှာ ယန် အဆင့်၌ ဖြစ်လေသည်။
သူတို့ နှစ်ဖွဲ့ စလုံးမှာ၊ အမည်ခံ အုပ်စိုး ရှင်များ ဖြစ်ကြ သော်လည်း၊ အကယ်ဒမီတွင် ယန် အဆင့် တပည့် အများကြီး မရှိချေ။
“ ဟမ် ...။ ”
ဖျက်ဆီးခြင်း ဓားခန်းမ၏ ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ အထက် တန်းလွှာ လေးဦး ထဲမှ တစ်ဦး ဖြစ်သော လုချန်းရီကို၊ သတိ ထားမိ လိုက်၏။
ငရဲ နယ်မြေ၌ လင်းယွန်နှင့် တစ်ကြိမ် တွေ့ဆုံ ခဲ့ဖူးသည်။ ထိုတွေ့ဆုံ မှုတွင် ဓား ခန်းမ သို့ မ၀င် ရောက်ခြင်း အတွက် နောင်တရ မည်ဟု ပြောကြား ခဲ့၏။
လုချန်းရီ အနေဖြင့် အကြည့် တစ်စုံကို ခံစား မိသောကြောင့်၊ ခေါင်းမော့ ရှာဖွေ လိုက်သည်။
အကြည့် ပိုင်ရှင်မှာ၊ လင်းယွန် ဖြစ်မှန်း သိလိုက် လိုက်ရ ချိန်တွင်၊ အနည်းငယ် ပြုံးမိ သွားကာ၊ ခေါင်းညိတ် ပြ လိုက်မိ၏။
“ သူ ... မရှိ ရင်သာ၊ အံ့သြ စရာပါ၊ ဒါပေမယ့် ဒီခရီး စဉ်မှာ တိမ်နဂါး အဆင့်၊ ကျွမ်းကျင် သူတွေ အများကြီး ရှိတဲ့ အတွက်၊ စိတ်ပျက်သွား မှာကို ငါ ကြောက်မိတယ် ...။ ”
လုချန်းရီက တီးတိုး ရေရွတ် လိုက်သည်။ လင်းယွန်နှင့် သူ့ ကြားတွင် နက်ရှိုင်းသော ဆက်ဆံ ရေးမျိုး မရှိ ချေ။
ဤနေရာတွင် ကြီးကျယ် ခမ်းနားသော ပါရမီရှင် အများ အပြား ရှိသည်။ ထို့ကြောင့် ဆောင်းကျန်ကို အနိုင်ယူ ထားသော်လည်း၊ မည်သူမျှ ဂရုစိုက် နေကြမည် မဟုတ်ချေ။
သို့သော် လင်းယွန်မှာ ၎င်းအား စိတ် မ၀င် စားခဲ့ပေ။ ဖျက်ဆီးခြင်း ဓားခန်းမ ဆီမှ၊ အကြည့်ကို ရုတ်သိမ်းကာ၊ မျက်ဝန်းများ မှိတ်ချ လိုက်၏။
ဤနေရာရှိ ကျွမ်းကျင်သူ တိုင်းမှာ၊ အထွတ် အထိပ် ယန် အဆင့်တွင် ဖြစ်ကြပြီး၊ ကျန်းယွမ်ထက် အားနည်းသူ မရှိေချ။
ထို့ပြင် ယင်-ယန် အဆင့်နှင့် ထိတွေ့ နေသော လူငယ် အချို့ပင် ရှိနေ၏။ ၎င်းတို့ ထံမှ ထုတ်လွှတ် လိုက်သော အရှိန် အဝါမှာ၊ ယင်-ယန် အဆင့် အကြီးအကဲ များထက် အားနည်းခြင်း မရှိချေ။
“ ရင်းနှီးတဲ့ မျက်နှာတွေ အများ ကြီးပဲ ...။ ”
မိုလင်းက လေးနက်သော အမူ အရာဖြင့်၊ သက်ပြင်း ချကာ ဆိုလိုက်သည်။
“ မိုလင်း ... ၊ မင်းက ငါထက် သူတို့နဲ့ ပို ရင်းနှီး တယ် မဟုတ်လား၊ သူတို့ အကြောင်း ငါတို့ကို ဘာလို့ မဝေမျှ ရတာလဲ။ ”
ကျန်းယွမ်က ပြုံးကာ မေးလိုက်သည်။ သွေးစွန်းသော ဧည့်ခံ ပွဲတွင်၊ ပါဝင်ခဲ့ ဖူးသော မိုလင်း အတွက်၊ မျက်နှာသိ များစွာ ရှိနေ သည်မှာ သဘာဝ ပေပင်။
မိုလင်းက ခေါင်းညိတ် လိုက်ပြီး၊
“ ဟုတ်တယ်၊ သူတို့ အားလုံးက ပြင်ပ အဆင့်ရဲ့ ကျွမ်းကျင်သူ တွေပဲ၊ ပြင်ပ အဆင့်ရဲ့ အနိမ့်ဆုံး သူတိုင်း ကတောင်၊ အထွတ် အထိပ် ယန် အဆင့်မှာ ရှိတယ်။ ”
“ ပြင်ပ အဆင့်မှာ အဆင့် (၇၀) အတွင်း ဝင်နိုင်တဲ့ သူတိုင်းက ကြောက်စရာ ကောင်းတယ်၊ လွန်ခဲ့တဲ့ သုံးနှစ် ထဲက သူတို့ အားလုံး၊ ယန် အဆင့်ကို ရောက်နေ ကြပြီ ဆိုတာ၊ ငါ မှတ်မိ နေသေးတယ်၊ ... ”
“ ... ပြင်ပ အဆင့်ရဲ့၊ ထိပ်ဆုံး ဆယ်ဦး ဆိုရင်၊ သူတို့ကို ပြင်ပ အဆင့်က ဘယ်သူမှ မတွန်းလှန် နိုင်တာ သေချာတယ်။ ”
မူချန်က သူ့နှုတ်ခမ်း များကို လျာဖြင့် သပ် လိုက်ပြီး၊
“ သူတို့က အထွတ် အထိပ် ယန် အဆင့် ခွန်အား မျိုးနဲ့၊ မင်းပြော သလို တကယ်ပဲ ကြောက်စရာ ကောင်းလား။ ”
“ သွေးစွန်းသော ဧည့်ခံ ပွဲကို၊ မတက်ရောက် ဖူးပဲနဲ့၊ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ ဆိုတာ ...၊ မင်း တွေးကြည့် နေရုံနဲ့ မရဘူး၊ ... ”
“ ... ကျင့်ကြံမှု အဆင့်ကို ကြည့်ပြီး၊ တစ်စုံ တစ်ယောက်ရဲ့ ခွန်အားကို ခန့်မှန်း ခြင်းက၊ အမြဲတမ်း မှန်ကန်တဲ့ နည်းလမ်း မဟုတ်တာ လူတိုင်း အသိပါ၊ ... ”
“ ... တူညီသော ကျင့်ကြံမှု အချင်းချင်း၊ တွန်းလှန် နိုင်စွမ်း မရှိ သူတွေ ရှိသလို၊ အထက် အဆင့်က ပြိုင်ဘက် တွေကို တိုက်ထုတ် နိုင်တဲ့၊ ခမ်းနားတဲ့ ပါရမီရှင် တွေလည်း ရှိတယ်၊ ... ”
“ ... မင်းက ကောင်းကင် ဓားဂိုဏ်းက ဖြစ်ကောင်း ဖြစ်နိုင် ပေမယ့်၊ မင်းရဲ့ ခွန်အားနဲ့ သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ ပါဝင်ဖို့ အရည် အချင်းတောင် မရှိသေး ပါဘူး။ ”
မူချန်ကို မော့ကြည့်ပြီး၊ မိုလင်းက အားမနာတမ်း ဝေဖန် လိုက်သည်။
“ ဟုတ်လား ... ဒါဆို မြောက်ပင်လယ်ကို ရောက်တဲ့ အခါ၊ သူတို့ရဲ့ ခွန်အားကို ငါ ခံစား ကြည့်မယ်။ ”
တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာသော မျက်ဝန်း များဖြင့်၊ မူချန်က ဆို၏။
သူ့ ကိုယ်သူ ယုံကြည်မှု ရှိလှသည် ဖြစ်ရာ၊ ဤခရီးစဉ်ကို အခွင့် အရေး တစ်ရပ် အဖြစ်၊ သတ်မှတ် ထားသည်။
ကောင်းကင် ဓားဂိုဏ်း၏၊ အထက် တန်းစား တစ်ဦး အနေဖြင့်၊ သူ့ကိုယ်သူ အမြဲတမ်း ဂုဏ်ယူ နေတက် သည်။
သို့သော် လင်းယွန်က မူချန်ကို လျစ်လျူရှု လိုက်ပြီး၊
“ အစ်မမို ...၊ ငါတို့ သတိထား ရမယ့် သူတွေ ရှိလား။ ”
-ဟု မေးလိုက်၏။
မိုလင်းက ခေါင်းညိတ်ကာ၊ အရှေ့ကို မျှော်ကြည့် လိုက်သည်။ မျက်ဝန်းများ ထဲတွင်၊ ကြောက်ရွံ့မှုများ တဖျပ်ဖျပ် ခတ်လာ ပြီး၊
“ ဟိုး ... မှာကြည့်၊ အနက်ရောင် ဝတ်ထားတဲ့ လူငယ်က၊ သွေးခန်းမရဲ့ ဂျီဝူယီပဲ၊ သူ့ အသက်က (၂၂)နှစ် ရှိပြီ၊ တိမ်နဂါး အဆင့် (၅၃) မှာ ရှိတယ်၊ ... ”
“ ... သူ့ ဓားက လန်းဟွာယုထက် ပို ကြောက်စရာ ကောင်းတယ်၊ သူက သန်မာ ရုံသာ မကဘူး၊ ရက်လည်း ရက်စက်တယ်၊ ... ”
“ ... ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ အနည်းဆုံး လူ တစ်ရာလောက် သတ်ခဲ့တယ်၊ ဒါကြောင့် သူ့ကို သားသတ် သမား လို့ နာမည်ပြောင် ပေးထားတယ်။ ”
ဤသည်မှာ နာမည် တစ်ခု မျှသာ ဖြစ်သော် လည်း၊ ဓားသမား တစ်ဦး အတွက် မည်သည်ကို ဆိုလိုကြောင်း လင်းယွန် သိသည်။
ဓား တစ်လက် မည်မျှပင် ထက်ရှ စေကာမူ၊ သားသတ် သမား လက်ထဲရှိ၊ ဓား တစ်လက်ထက် ပို၍ ကြောက်စရာ ကောင်းနိုင်မည် မဟုတ်ချေ။
မူချန်နှင့် ကျန်သူ များက လူတစ်စု ဝန်းရံ ထားသော အနက်ဝတ် လူငယ်ကို ကြည့်လိုက် ကြသည်။
ထိုလူငယ်မှာ လူအုပ်ထံ သာမန်ကာ လျှံကာ၊ ဝေ့ကြည့် ခဲ့သော်လည်း၊ ၎င်းအကြည့် သည်ပင် လူတိုင်းအား ခြိမ်းခြောက် နိုင်ခဲ့၏။
ကျန်းယွမ်က ခေါင်းညိတ် လိုက်ပြီး၊
“ သူက တကယ့်ကို ...၊ ကြောက်စရာ ကောင်းတဲ့ လူပဲ။ ”
ကောင်းကင် ဓားဂိုဏ်း၏ အမာခံ တပည့် တစ်ဦး အနေဖြင့်၊ အသိ အမှတ် မပြုဘဲ မနေ နိုင်ချေ။
မိုလင်း ပြောသလိုပင် လန်းဟွာယုထက် ပို၍ ကြောက်စရာ ကောင်းကြောင်း လက်ခံ မိ၏။
ဂျီဝူယီက ပေါ့ပေါ့ ပါးပါး တစ်ချက် မျှသာ ကြည့်ခြင်း ဖြစ်သော်လည်း၊ ကျောရိုး တစ်လျှောက် အေးစိမ့်် သွားစေသည်။
မိုလင်းက အခြားသူ တစ်ဦးထံ၊ အကြည့် လွှဲလိုက်ပြီး၊
“ အဲဒီ လူက ရန်ကောင်၊ သူ့ကို သရဲဓား ရန်ကောင် လို့လည်း ခေါ်ကြတယ်၊ ကြမ်းကြုတ် မှုက ဂျီဝူယီထက် မနိမ့်ဘူး၊ တိမ်နဂါး အဆင့် (၅၄) မှာ ရှိတယ်၊ သူတို့ နှစ်ဦးက မဟာ ရန်ဘက်တွေ ... ။ ”
ထိုနှစ်ယောက်ကို လင်းယွန်က၊ တစ်ချက် စစ်ဆေး ကြည့်လိုက်ရာ၊ သိပ်သည်း လွန်းသော လူသတ် ငွေ့အား ခံစား လိုက်ရသည်။
လမ်းလွဲ ကျင့်ကြံသူ များသာ မဟုတ် ပါက၊ ဤမျှ သိပ်သည်းသော သတ်ဖြတ် လိုသည့် ရောင်ဝါကို တွေ့ရခဲ ပေမည်။
လင်းယွန် အနေဖြင့် ပြတ်သားသူ တစ်ဦး ဖြစ်ပြီး၊ လမ်း တစ်လျှောက်တွင် လူများ စွာအား သတ်ပစ် ခဲ့သည်။
ယင်းသည်ပင် ၎င်းတို့ နှစ်ဦးကို မှီပုံ မရချေ။ သို့သော် သတ်ဖြတ်ခြင်း တံဆိပ် ခုနစ် ခုဖြင့်၊ ၎င်းရောင်ဝါကို ရင်ဆိုင် နိုင်မည်ဟု ယုံကြည်၏။
ထိုအချိန် မှာပင် မြောက်ဘက် အရပ် ဆီမှ၊ လူတစ်စု ထပ်မံ ရောက်ရှိ လာသည်။ သူတို့ ရောက်ရှိ လာသောကြောင့်၊ လူတိုင်း၏ အာရုံမှာ ချက်ချင်း ပြောင်းလဲ သွားသည်။
ကျန်းယွမ်က လှည့်ကြည့် လိုက်ပြီး၊ “ တိမ်ယံ သုံးဆင့် ဂိုဏ်းပဲ။ ” -ဟု ဆို လိုက်၏။
တိမ်ယံ သုံးဆင့် ဂိုဏ်းမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အုပ်စိုးရှင် တစ်ပါး ဖြစ်သည်။
တိမ်ယံ သုံးဆင့် ဂိုဏ်း၌၊ မဟာချင် အင်ပါယာမှ ဓားသမား တစ်ယောက် ရှိသည်ဟု ဆိုထားသော ဂျိန်းယီ စကားကို၊ လင်းယွန်က သတိ ရသွား၏။
ထိုဓားသမား သည်နေ့ ပါလာ မည်ဟု ထင်သည်။ ယင်းကြောင့် သူ့ အကြည့် များကို၊ တိမ်ယံ သုံးဆင့် ဂိုဏ်းထံ ပို့လွှတ် လိုက်မိ၏။
***