← Chapters

မြောက်ပင်လယ် သို့ ဝင်ရောက်ခြင်း။

Vol. 43 Ch. 590

မြောက်ပင်လယ် သို့ ဝင်ရောက်ခြင်း။

Vol. 43 Ch. 590

တိမ်ယံ သုံးဆင့် ဂိုဏ်းမှာ၊ လူအနည်း ငယ်သာ စေလွှတ် ထားပြီး၊ နိမ့်ကျသော အသွင်ကို ဆောင်ယူ ထားသည်။

သို့သော် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး၏ အုပ်စိုးသူ ကိုးဦး အနက်မှ၊ တစ်ဦး အနေ ဖြင့်၊ ခပ်လျှိုလျှို နေသည့်တိုင် အာရုံ စူးစိုက်မှု အများ အပြားကို ဆွဲဆောင် နေဆဲ ဖြစ်သည်။

လူတိုင်း ရင်ဘတ် ပေါ်တွင် တိမ်လွှာ သုံးခု ပုံ သဏ္ဍာန် ရေးထိုး ထားသော အပြာရောင် အ၀တ် အစား များကို၊ ဝတ်ဆင် ထား၏။

အုပ်စိုးရှင် တပည့် များ တွင်သာ တွေ့ရှိ ရတက် သည့် လွှမ်းမိုး ချုပ်ကိုင်မှု အငွေ့ အသက်များ ရစ်သိုင်း နေကြ လေပြီ။

အဖွဲ့ကို ဦးဆောင် နေသူမှာ၊ ဆံနွယ် များကို ခရမ်းရောင် ဆံညှပ်ဖြင့် သေသပ်စွာ သိမ်းယူ ထားပြီး၊ ငွေဆံထိုး တစ်ချောင်း ထိုးစိုက် ထား၏။

လက်ထဲ၌ ဓားရှည် တစ်ချောင်းကို ကိုင်ဆောင်လျက် ကြွရွသော ကိုယ်ဟန်မျိုး ရှိ လေသည်။

“ တိမ်ယံ သုံးဆင့် ဂိုဏ်းက တကယ်ပဲ သူ့ကို ပို့လိုက် တာလား …”

မိုလင်းက ထိုသူကို ကြည့်ကာ၊ အံ့သြ သွား၏။ ပြီးနောက် အားလုံး သိစေရန်၊ ဝေမျှ ပေးသည်။

“ သူက ရှားယွင်ရှောင်၊ တိမ်နဂါး အဆင့် (၅၇)မှာ ရှိတယ်။ ”

ဆိုလို သည်မှာ ရှားယွင်ရှောင် အနေဖြင့်၊ ပြင်ပ အဆင့်၌၊ အဆင့် (၇) ဖြစ်သည်။

ထို့ကြောင့် ဂျီဝူယီနှင့် ရန်ကောင်း တို့ သည်လည်း၊ ရှားယွင်ရှောင်ကို အချိန် အတော် ကြာ စိုက်ကြည့် လာကြ၏။

ရှားယွင်ရှောင် တစ်ယောက် သန်မာ သည်ကို မေးခွန်း ထုတ်စရာ မလိုချေ။

အကြည့် တစ်ချက် အဝေ့တွင်၊ တစ်ဖက် အဖွဲ့ ထဲရှိ မျက်နှာသိ တစ်ယောက်ကို မြင်လိုက် ရသောကြောင့်၊ လင်းယွန်မှာ အံ့အားသင့် သွား သည်။

ယင်းကို သတိ ထားမိ သွားသော ကျန်းယွမ်က ပြုံးလိုက်ပြီး၊

“ အဲဒါ ဘိုင်လိရွှမ် ... ၊ မင်း လိုပဲ မဟာချင် အင်ပါယာ ထဲက လာတာ၊ သူ့မှာ သူတော်စင် ခန္ဓာ ရှိတာကြောင့်၊ အုပ်စိုးရှင် အများ စုက၊ သူ့ အတွက် တိုက်ခိုက် လုနီးနီး ဖြစ်ခဲ့ ဖူးတယ်၊ ... ”

“ ... နောက်ဆုံးတော့ သူ့ကို တိမ်ယံ သုံးဆင့် ဂိုဏ်းက အကြီး အကဲ တစ်ဦးက၊ တပည့် အဖြစ် ကောက်ယူ ခဲ့တယ်။ ”

ဇိုယန် သို့မဟုတ် စီရွှယ်ယီ ဖြစ်မည်ဟု ထင်ထားမိ သော်လည်း၊ ဂျိန်းယီမှာ ဘိုင်လိရွှမ်ကို ရည်ညွှန်း ခဲ့ခြင်း ဖြစ်သော ကြောင့်၊ စိတ်ပျက် သွားသည်။

သူနှင့် ဘိုင်လိရွှမ်မှာ တူညီသော ဂိုဏ်းမှ ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ နှစ်ဦး ကြားတွင် ကောင်းမွန်သော ဆက်ဆံရေး မရှိ ခဲ့ကြပေ။

သူ့ အနေဖြင့် ဘိုင်လိရွှမ်ကို ရိုက်နှက်ပြီး ဖြစ်ရာ၊ ဒေါသပြေ သွားပြီ ဖြစ်သော်လည်း၊ တစ်ဖက် လူ၏ အတွင်း စိတ်အား၊ မသိ ရသေး ချေ။

ယခုမူ တိမ်ယံ သုံးဆင့် ဂိုဏ်းတွင် လျင်မြန်စွာ ကြီးထွား လာခဲ့ပြီး၊ အလယ် အလတ် ယန် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ထို့အပြင် သူ့ ဆီမှ ထွက်လာသော အရှိန် အဝါမှာ မူချန် ထက်ပင် ပြင်းထန် လှ၏။ ယင်းကို အံ့သြခြင်း မရှိချေ။

သူတော်စင် ခန္ဓာကို ပိုင်ဆိုင် ထားသော ဘိုင်လိရွှမ် အတွက်၊ ဤသည်မှာ အစသာ ဖြစ် သည်။

“ ငါသာ အမှတ် မမှားရင်၊ သူ မင်းကို ရှုံးခဲ့ ဖူးတယ် မဟုတ်လား။ ”

ကျန်းယွမ်က လင်းယွန်ကို ကြည့်ကာ ဆို လိုက်သည်။

“ မင်းက ... ဘိုင်လိရွှမ်ကို အနိုင်ယူ ခဲ့တာ လား၊ ... ”

သူ့ စီနီယာ စကားကို မယုံကြည် ဟန်ဖြင့်၊ မူချန်က မျက်ခုံးပင့် လိုက်ပြီး၊

“ ... ဘိုင်လိရွှမ်က၊ ဆောင်းကျန် ထက်တောင် ပို နာမည်ကြီး သေးတယ်။ ”

-ဟု ရေရွတ် လိုက်၏။

အံ့သြ နေသော မူချန်ကို လျစ်လျူရှုကာ၊ လင်းယွန် တစ်ယောက် နှုတ်ဆိတ် နေခဲ့သည်။

သို့သော် မူချန်၏ ထိတ်လန့် တုန်လှုပ် မှုမှာ၊ လျင်မြန်စွာ ပျောက်ကွယ် သွားပြီး ချက်ချင်းပင် ပြုံးရယ် လာကာ၊

“ ဒါပေမယ့် အဲဒါက အတိတ် ပါပဲ၊ အခု မင်းတို့ နှစ်ယောက်က အဆင့် နှစ်ဆင့် ကွာနေ ပြီ၊ လှုပ်ရှားမှု အနည်းငယ်နဲ့ မင်းကို အလွယ် တကူ အနိုင်ယူ နိုင်လိမ့်မယ်၊ ... ”

“ ... ဒါပေမယ့် မင်းသာ ကောင်းကင်ဓား ဂိုဏ်းကို ဝင်ခဲ့ရင်၊ သူ့ကို အမီ လိုက် နိုင်မှာ သေချာတယ်၊ မဟုတ်ရင် သူ့ နောက်ကျော ကိုပဲ ကြည့်နေ ရလိမ့်မယ်။ ”

မူချန်က လင်းယွန်ကို ကြည့်ကာ၊ ဆိုလိုက်သည်။ သူ့စကားလုံး များမှာ ကြမ်းလှ သော်လည်း၊ ၎င်းသည် အမှန် တရား ဖြစ်၏။

“ ပြင်ပ အဆင့် အများ စုကို၊ အမည်ခံ အုပ်စိုးရှင် တွေရဲ့ တပည့်ကြီး တွေက သိမ်းပိုက် ထားတာကို သတိပြု မိတယ် မဟုတ်လား၊ ထိပ်ဆုံး ဆယ်ယောက် အပါ အဝင် အတွင်း အဆင့် တွေကိုတော့၊ အုပ်စိုးရှင် တပည့် တွေက သိမ်းပိုက် ထားတယ်။ ”

ကျန်းယွမ်က ပြုံးကာ ဝင်ရောက် ဖြည့်စွက် လိုက်သည်။

“ အင်အား ကြီးတဲ့ ဂိုဏ်းတွေ ကပဲ ဘိုင်လိရွှမ်လို ပါရမီရှင် တစ်ယောက်ကို ပျိုးထောင် ပေးနိုင် ပါတယ်၊ အခု ... ”

“ ... သူက တိမ်နဂါး အဆင့်ကို ယှဉ်ပြိုင်ဖို့ အရည် အချင်း ပြည့်မီ နေပြီ၊ မင်းမှာလည်း အရည် အချင်းတွေ ရှိတယ်၊ ဒါပေမယ့် တူးဖော် မဲ့သူ မရှိ သေးဘူး၊ မင်းသာ ဆန္ဒ ရှိရင် ဘိုင်လိရွှမ်ကို အမီ လိုက်နိုင် ပါလိမ့်မယ်။ ”

ကျန်းယွမ် စကားကို လင်းယွန်က မတုန့်ပြန် ခဲ့ချေ။

“ ကြည့်ရတာ တိမ်ယံ သုံးဆင့် ဂိုဏ်းက၊ သူတို့ရဲ့ မျိုးဆက်သစ် တွေကို ဒီပွဲမှာ ချပြပြီး၊ ကောင်းကင် ဓားဂိုဏ်းနဲ့ တူညီတဲ့ အတွေး အမြင်တွေ ရှိနေ ပုံရတယ်၊ ... ”

“ ... သူတို့က ဘိုင်လိရွှမ်ရဲ့ နာမည်ကို ဒီအခွင့် အရေး ကနေ ပြန့်ပွားအောင် လုပ်ဖို့ ရည်ရွယ် ထားတယ်။ ”

မိုလင်းက ဝင်ရောက် သုံးသပ် လိုက်၏။ သူမ စကားကို လင်းယွန်က ခေါင်းညိတ် ထောက်ခံ လိုက်သည်။

သူ၏ ဓားရည်ရွယ် ချက်မှာ ပထမ အဆင့် ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့ ရောက်ရှိ နေပြီ ဖြစ်သည်။

သူသာ ဆန္ဒ ရှိပါက၊ တိမ်နဂါး အဆင့် ပါရမီရှင် များကို၊ ယှဉ်နိုင် မည်ဟု၊ ယုံကြည် ၏။

သူ့တွင် သေမင်း လက်သီး ခုနစ်ချက်၊ ဆည်းဆာ အလင်းဓား၊ ဖီးနစ် မီးလျှံ ပန်းချီနှင့် ကိုးကြိမ် နီးနီး လည်ပတ် နိုင်တော့မည့်၊ ခရမ်းရောင် ဓား အစီရင် ရှိလေသည်။

ထို့အပြင် ဒရာကိုဖီ နည်းစနစ် တွင်လည်း အောင်မြင် မှုများ ရရှိ ခဲ့ပြီး၊ အလို ရှိသည့် အချိန် တိုင်း၊ ယန် အဆင့်ကို ဝင်ရောက် နိုင်မည် ဖြစ်သည်။

လူတိုင်း မျှော်လင့်ထား သည်ထက် ပိုသော ဝှက်ဖဲများ ပေပင်။ ယင်းကို ထုတ်ပြရန် ဆန္ဒ မရှိ သောကြောင့်၊ ကျန်းယွမ် အနေဖြင့် သူ့ကို လျှော့တွက် နေမိခြင်း ဖြစ်သည်။

မူချန် အတွက်မူ ဘိုင်လိရွှမ်ကို အနိုင်ယူ နိုင်ခဲ့ခြင်း ဟူသော ဖြစ်ရပ်မှာ၊ အတိတ်သာ ဖြစ်သည်ဟု ယူဆ ထားပုံ ရ၏။

ယခု အချိန်ထိ ဘိုင်လိရွှမ် အပေါ် အနိုင် ယူရန်၊ လင်းယွန်တွင် ယုံကြည်ချက် ရှိနေဆဲ ဖြစ် ကြောင်း၊ သူ မသိချေ။

လင်းယွန် အနေဖြင့်၊ လူအချို့ အထင်ကြီး စေရန် အတွက်၊ မလို အပ်ဘဲ သူ့ ဝှက်ဖဲများ ချပြ နေမည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

ကျန်းယွမ်က လင်းယွန်၏ တုံ့ပြန် မှုကို မြင်သော အခါ ကူကယ် ရာမဲ့စွာ၊ ခေါင်းယမ်း လိုက်သည်။

ထိုအချိန် မှာပင် နောက်ထပ် မြင်းစီး လူတစ်စု ထပ်မံ ရောက်ရှိ လာ၏။ မိုလင်းက ၎င်းတို့ကို မြင်သော အခါတွင်၊ မျက်ခုံးအား ပင့်တင်ကာ၊

“ ပြင်ပ အဆင့် ...၊ ထိပ်ဆုံး ဆယ်ယောက် ထဲက နောက်ထပ် နှစ်ယောက်။ ”

-ဟု ဆိုလိုက်၏။

သူမ အံ့ဩ နေစဉ်မှာပင်၊ လူငယ် နှစ်ဦး မြင်း ပေါ်မှ ခုန်ဆင်း လာသည်။

ဦးစွာ ခုန်ဆင်း လာ သူမှာ သေးသွယ်သော ရုပ်ခန္ဓာကို ပိုင်ဆိုင် ထားပြီး၊ ရှေးဟောင်း ဓားရှည် တစ်လက်ကို သိုင်းလွယ် ထား၏။

ကျန် တစ်ဦးမှာ အဆိပ် ပြင်းသော စပါးအုံး မြွေ တစ်ကောင် ကဲ့သို့၊ ကြက်သွေးရောင် မျက်ဝန်း များကို ပိုင်ဆိုင် ထားလေသည်။

“ မိုးပြာ စီရင်စုက သစ်ပြာတောရဲ့ အမာခံ တပည့် ပီယွဲ့၊ ပြင်ပ အဆင့် (၅၈)၊ သူ့ ကျောက ဓားရှည်ကို ‘ငရဲ တိမ်လွှာဓား’ လို့ ခေါ်တယ်၊ အစွမ်း ထက်တဲ့ စကြာဝဠာ လက်နက် တစ်ခုပဲ၊ ... ”

“ ... သူ့ဘေးက လူငယ်က ချင်းအန်၊ သူ့ရဲ့ လက်နက်က အရိုး ကြာပွတ်၊ ပြင်ပ အဆင့် (၅၉)။ ”

မိုလင်း၏ ရှင်းပြ ချက်ကို နားထောင် နေလျက်ဖြင့်၊ လင်းယွန်မှာ လေးနက်သော အတွေးများ ဝင်ရောက် လာခဲ့သည်။

ထိပ်ဆုံး ဆယ်ဦးမှာ၊ အထွတ် အထိပ် ယန် အဆင့်တွင် ရှိနေ ကြပြီး၊ သူတို့ ဆီမှ ယိုစိမ့် နေသော ရောင်ဝါ များက၊ ယင်-ယန် အဆင့် အကြီး အကဲ များထက် နိမ့်ကျခြင်း မရှိချေ။

ဤလူ များမှာ မြောက်ပင်လယ် အတွင်း၌၊ သေချာပေါက် တောက်ပ နေပေမည် ဖြစ်ကြောင်း သူပြော နိုင်၏။

မြောက်ပင်လယ် ခရီး စဉ်မှာ တိမ်နဂါး အဆင့်တွင် ရှိသော ပါရမီရှင်များ အတွက် စင်မြင့် တစ်ခု ဖြစ်သည်။

အခြားသော ပါရမီရှင် များမှာ၊ ၎င်းတို့ ကဲ့သို့ မျက်စိ ကျစရာ မဟုတ် သော်လည်း၊ အားနည်း သည်ဟု မဆို လိုချေ။

အောက်ခြေ အဆင့်ရှိ လန်းဟွာယု သည်ပင်၊ ကောင်းကင်ဓား ဂိုဏ်း၏ အမာခံ တပည့် တစ်ဦးကို၊ တိုက်ခိုက်ရန် သတ္တိရှိ နေသည်။

“ ဟီး ဟီး ၊ ဒီမှာ လူတွေ တကယ်များ တာပဲ။ ”

ပီယွဲ့က လူအုပ်ကို ဝေ့ကြည့်ကာ၊ ပြုံးလျက် ဆို၏။ ဆန့်ကျင်ဘက် အနေဖြင့််၊ ချင်းအန်က၊

“ တိမ်နဂါး အဆင့်က မိတ်ဆွေဟောင်း တွေက လွဲပြီး၊ ဒီမှာ ငါ့ အာရုံကို ဖမ်းစား နိုင်တဲ့ သူ တစ်ယောက်မှ မရှိ ပါဘူး၊ အင်ပါရီယန် သင်္ချိုင်းက ရတနာတွေ အတွက်၊ ပြိုင်ဆိုင် ရမယ် ထင်နေတာ၊ အမှိုက်တွေ ပါပဲလား။ ”

“ အဲဒါကို သိပ်ပြီး သေချာ မနေ နဲ့ဦး၊ ရှုံးနေမှ ရှက်ဖို့ ကောင်းသွား လိမ့်မယ်။ ”

ပီယွဲ့က ရယ်ကာ မောကာဖြင့်၊ သတိ ပေးလိုက် သည်။

“ ဒီလို ဖြစ်လိမ့် မယ်လို့ မင်း ထင်လား။ ”

ချင်းအန်က ပြုံးကာ ပြန်လှည့် မေး လာ၏။

“ မ ထင် ပါ ဘူး၊ ဟား ဟား ဟား။ ”

တိမ်နဂါး အဆင့် မဝင်သော လူတိုင်း အပေါ်၊ နှိမ့်ချ ရှုမြင် ဟန်ဖြင့် နှစ်ယောက်သား ရယ်မော လိုက် ကြသည်။

ဤနေရာ၌ သူတို့ နှစ်ဦးတည်း ရှိနေ သကဲ့သို့ ပြောဆို ပြုမူ နေကြ ပေ၏။ လေသံကို အနည်းငယ် လျှော့ချ ရန်ပင်၊ စိတ်ကူး ရှိပုံ မရချေ။

တိမ်နဂါး အဆင့် ပါရမီရှင် တိုင်းတွင်၊ ၎င်းတို့ နှစ်ဦး ကဲ့သို့ တူညီသော အတွေးမျိုး ရှိလေ သည်။ ယင်းကို ထုတ်ဖော် ပြောဆိုကြ သူနှင့်၊ မပြောသူ သာ ကွာ ပေ၏။

“ သူတို့က အရင်လို မောက်မာ နေ တုန်း ပါပဲ၊ ဒါပေမယ့် ဒါက အတွင်း အဆင့် ပါရမီရှင် တစ်ယောက်မှ၊ မလာ လို့သာ အခုလို မောက်မာ ရဲ တာပါ၊ ... ”

“ ... လွန်ခဲ့တဲ့ လေးနှစ်က၊ နန်းဂွန်း ဝမ်းယုရဲ့ လက်မှာ ဆိုးဆိုး ရွားရွား ရှုံးနိမ့် ခဲ့တာကို သတိရ မိသေး တယ်။ ”

မိုလင်းက စိတ်ပျက် လက်ပျက်ဖြင့်၊ ဝေဖန် လိုက်သည်။ သည်နှစ်ယောက်မှာ အနည်းငယ် ရမ်းကား နေပေ၏။

“ အရင် အနားယူ ရအောင်၊ သူတို့ကို ‘ရန်’ မစတာ အကောင်းဆုံး ပါပဲ၊ မဟုတ်ရင် ဒုက္ခ ဖြစ် လိမ့်မယ်။ ”

တန်ယူက အားလုံးကို သတိ ပေးလို ဟန်ဖြင့်၊ ဆိုသည်။

မောက်မာ သူများမှာ သွေးဆာ နေသော သားသတ် သမား များထက်၊ ပြိုင်ဘက် အပေါ် ညှဉ်းပန်း နှိပ်စက် ရသည်ကို ပို နှစ်သက် ၏။

သတ်ဖြတ်ခြင်း လမ်းစဉ်ကို ဦးတည်ခြင်း မရှိ သော်လည်း၊ တစ်စုံ တစ်ဦး အပေါ်၊ ညှဉ်းပန်း နှိပ်စက်ရန် အဆုံး မရှိသော နည်းလမ်းများ ရှိလေ သည်။

ထို့ကြောင့် သွေးဆာ နေသူ များနှင့်၊ မောက်မာ သူများ အနက် မည်သူက ပိုကြောက် စရာ ကောင်းမည်ကို ပြောရ ခက်ပေသည်။

များ မကြာခင် ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့မှာ၊ ယာယီတဲ များ အတွင်း၌ ငြိမ်သက် ကုန်ကြ၏။

လင်းယွန် တစ်ယောက် တဲ အတွင်း၌ တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံ နေခဲ့သည်။

အထွတ် အထိပ် ယင် အဆင့်သို့ ရောက်ရှိ ပြီး နောက်တွင်၊ ဆက်လက် တိုးတက်ရန် နည်းလမ်း မရှိ သောကြောင့်၊ စိတ်ရှုပ် နေရ၏။

သို့သော်၊ ထို ဒေါသအား ဖြေနိုင်ရန် ဓားသုတ္တန်တွင်၊ ဤအချိန်ကို အသုံးပြု နိုင် ပေမည်။

သူ့ ခန္ဓာကိုယ် အရည် အသွေးမှာ၊ ဘိုင်လိရွှမ် မဆိုနှင့် မူချန် ကိုပင် မမှီချေ။ သို့သော် လုံ့လ စိုက်ထုတ်မှု ချင်း ယှဉ်ပါက၊ ၎င်းတို့ နှစ်ဦးထက် နိမ့်ကျခြင်း မရှိကြောင်း သူ ပြောနိုင်သည်။

အောင်မြင် မှုများ အပေါ်၊ ယစ်မူး နေခြင်း မရှိဘဲ၊ အချိန်ပြည့် ကျင့်ကြံ အားထုတ် နေရန်သာ ဆန္ဒ ရှိချေ၏။

မျက်စိ တစ်မှိတ် အတွင်း သုံးရက် ကုန်ဆုံး သွား ခဲ့သည်။ သဲမုန်တိုင်းမှာ အလွန် အားနည်း လိုက်လာပြီး၊ ယခင်က ကဲ့သို့ ကြောက်စရာ မရှိ တော့ချေ။

နောက်ထပ် နှစ်ရက် အကြာတွင် လုံးဝ အားပေျာ့ လာကာ၊ အနက်ရောင် သဲမုန်တိုင်း မှသည် အဝါ ရောင်သို့၊ စတင် ပြောင်းလဲ လာ၏။

ဤသည်မှာ မြောက်ပင်လယ် ထဲသို့ ဝင်ရောက်ရန် အခွင့် အရေး ဖြစ်ကြောင်း လူတိုင်း သိသည်။

ထို့ကြောင့် တန်ယုက အဖွဲ့ကို စုစည်းကာ၊ ဝင်ရောက်မည့် သူတိုင်းကို ထပ်မံ သတိ ပေး လိုက်၏။

“ ငါအရင် သွားလိုက်မယ်။ ”

သွေးခန်းမမှ ဂျီဝူယီက ကြက်သွေးရောင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ သဲမုန်တိုင်းထဲ ဦးစွာ ပြေးဝင် သွားခဲ့သည်။

ထို့နောက်တွင် လူတိုင်းက ကျိုင်းကောင်များ သဖွယ်၊ သဲမုန်တိုင်း အတွင်း ပြေးဝင် ကုန်ကြ တော့၏။

“ သွား ရအောင်။ ”

ကျန်းယွမ်က ကောင်းကင်ဓား ဂိုဏ်းမှ အခြား တပည့်များ နှင့်အတူ၊ သဲမုန်တိုင်း ထဲသို့ ပျံသန်း ဝင်ရောက် သွားသည်။

“ အင်ပါရီယန် သင်္ချိုင်း ...၊ မင်း ငါ့ကို စိတ်မပျက် စေဖို့ မျှော်လင့် ပါတယ်။ ”

သဲမုန်တိုင်းကို မျှော်ကြည့်ကာ၊ လင်းယွန်က ရေရွတ် လိုက်သည်။

“ လန်းဟွာယု ...၊ အကြီး အကဲ တိမ်မိစ္ဆာရဲ့ ညွှန်ကြား ချက်ကို မှတ်မိ သေးရဲ့လား။ ”

သွေးတောင်ပံ ခန်းမ၏ ကောင်းကင် ဝိညာဉ် နယ်မြေ အကြီး အကဲက၊ သဲပင်လယ် ထဲသို့ ပျံသန်း သွားသော၊ လန်းဟွာယုကို စကား လှမ်းပြော လိုက်သည်။

“ အဲဒါကို စိတ်မပူ ပါနဲ့၊ သူက တိမ်နဂါး အဆင့် ပါရမီရှင် တွေနဲ့ ယှဉ်လျှင် ဘာမှ မဟုတ် ပါဘူး၊ ငါတွေ့ရင် သူ့ကို သတ်ပေးမယ်၊ နောက်ဆုံးတော့ တိမ်မိစ္ဆာရဲ့ ဆုကြေးကို ငါလည်း စိတ်ဝင်စား ပါတယ်။ ”

လန်းဟွာယု ပျောက်ကွယ် သွားသော်လည်း၊ ထီမထင် နိုင်သော ပြန်ဖြေ သံမှာ၊ လေထုထဲ လွင့်ဝဲ ကျန်ရစ် ခဲ့လေသည်။

***

All Chapters