မင်းက အရည် အချင်း မပြည့် မီဘူး။
Vol. 43 Ch. 591
ကောင်းကင် ပြည်နယ် အကယ်ဒမီမှာ၊ မုန်တိုင်းထဲ ဝင်ရောက် ပြီးနောက် မကြာ မီတွင် လူစု ကွဲသွား ကြသည်။
မုန်တိုင်းမှာ အားပျော့ သွားသော်လည်း၊ လျှော့တွက်၍ မရ သေးချေ။ ခန္ဓာ ကိုယ်သို့ သဲနုများ ရိုက်ခတ် လာသည့် ခံစား ချက်မှာ၊ ကြောက်မက်ဖွယ် ကောင်းလေသည်။
သဲမှုန် များကြောင့်၊ အမြင် အာရုံကို အနှောက် အယှက် ဖြစ်စေသည်။ လမ်းကြောင်း လွဲသွားကာ၊ သဲ မုန်တိုင်းထဲ လွင့်စင်ကုန် သူ များလည်း ရှိပေသည်။
ဓား အရှိန် အဝါကို ဖွင့်လျက်၊ လင်းယွန် တစ်ယောက် သဲမုန်တိုင်း အတွင်း ဖြည်းညှင်းစွာ ဖြတ်လျှောက် လာမိ၏။
ပတ်ဝန်း ကျင်ရှိ၊ မှုန်ဝါး နေသော ပုံရိပ် အပေါ်၊ သဲကွဲစွာ မြင်နိုင် ဖို့ရန်၊ မူလ စွမ်းအင် လောင်းထည့်ကာ၊ မျက်ဝန်း များကို မှေးကျဉ်း အာရုံ စိုက် လိုက်သည်။
သို့သော် ထိုပုံရိပ် များကို၊ သဲမုန်တိုင်းက ချက်ချင်း ဝါးမျို သွားသောကြောင့်၊ သဲကွဲစွာ မမြင် လိုက်ရချေ။
မိုလင်းနှင့် အတူ ကျန်သူများ အားလုံး ပျောက်ကွယ်၏။ နောက်ဆုံးတွင် ၎င်းတို့ကို ရှာဖွေရန် စွန့်လွှတ် လိုက်ရသည်။
ကျပန်း ဦးတည်ရာ တစ်ရပ်ကို ပေါ့ပေါ့ တန်တန် ရွေးချယ်ပြီး ရှေ့ဆက် လာခဲ့၏။
အရှိန် အဟုန်ဖြင့် တိုးထွက် သွားခြင်းမျိုး မဟုတ် သော်လည်း၊ သတိ မထား နိုင်ခင် မှာပင်၊ လူများ စွာအား ဖြတ်ကျော် လာမိသည်။
များမကြာခင် အမြင် အာရုံများ ပြက်ထင် လာပြီး၊ မျက်စိ တဆုံး ကျယ်ပြန့် လွန်းသော သဲပြင် ကြီးအား မြင်လိုက် ရ၏။
သဲ စီးကြောင်း များက နေရာ အနှံ့တွင်၊ အဆက် မပြတ် သိမ်မွေ့စွာ ရွေ့လျား နေသဖြင့်၊ အချို့သော အထင်ကရ နေရာ များမှ လွဲ၍၊ တည်နေရာကို ဆုံးဖြတ် ရန်မှာ ခက်ခဲ ပေသည်။
သဲကန္တာရ အတွင်း အပူ ချိန်မှာ၊ များစွာ မြင့်မား လှ၏။ ၎င်းကို ခရမ်းရောင် နန်းတော်နှင့် အထက် သည်သာ၊ ခံနိုင်သော အရာ ဖြစ်သည်။
နေရာ အနှံ့တွင် ပေါင်းပင် များနှင့် ဆူးချုံ အချို့ ပေါက်ရောက် နေသေး သောကြောင့်၊ လုံးဝ ကျတ်တီးမြေ အဖြစ် မဆိုနိုင် သေးချေ။
ဦးတည်ချက် မရှိဘဲ၊ နှစ် နာရီကြာ ခရီးဆက် နေမိ ရာမှ၊ ခြေလှမ်းကို ရုတ်တရက် ရပ်တန့် လိုက်သည်။
ဖြတ်ကျော် လာသော ပေါင်းပင် တစ်ပင်ကို၊ ပြန်ကြည့်ကာ၊ စစ်ဆေး ဖို့ရန် ဆုံးဖြတ် မိ၏။
“ မှုန်နံ့သာ ပန်း။ ”
ယင်းမှာ ပေါင်းပင် တစ်ပင် မဟုတ်ဘဲ၊ ရနံ့ ထူးသော ပန်းပင် တစ်မျိုး ဖြစ်ကြောင်း သိလိုက် ရသည်။
အပွင့်မှာ သွယ်လျပြီး မီတာ တစ်ထောင် အထိ ကြီးထွား လာနိုင်၏။ သို့သော်၊ ငါးနှစ် လုံးလုံး ဝိညာဉ် စွမ်းအင်နှင့်၊ ရေ စွမ်းအင်များ ရရှိ နေရန် လိုအပ် ပေသည်။
ရေ စွမ်းအင် မရှိ သောကြောင့်၊ ဤနေရာတွင် ပေါင်းပင် တစ်ပင် ကဲ့သို့ ရှင်သန် လာရခြင်း ဖြစ်သည်။
ပန်းပွင့် ချိန်တွင် အဖြူ၊ အဝါ၊ အပြာနှင့်၊ ခရမ်းရောင် စသည့် အမျိုး မျိုးသော အရောင်များ ပါရှိ တက်၏။
သို့သော် ပွင့်ပြီး နှစ်ရက် အကြာတွင်၊ ညှိုးနွမ်း သွားပေမည်။ ၎င်း နှစ်ရက်ကြာ ပွင့်ဖို့ ရန်ပင် များစွာ အားထုတ် ရသည်။
ထို့ကြောင့် ဤပန်းမှာ ဆေးဖော်စပ် ရာ၌၊ ထူးထူး ခြားခြား သက်ရောက်မှု ရှိပေ၏။
သဲ ကန္တာရတွင် ရှားပါးမည် မဟုတ် သော်လည်း၊ အခြားသော နေရာ များတွင်၊ တွေ့ရှိရန် မလွယ်ကူ နိုင်ချေ။
တိုက်ဆိုင်စွာ ၎င်းထံ ပြေးဝင် လာမိ သောကြောင့်၊ သင့်လျော်သော ရိတ်သိမ်းမှု ဖြစ်လာ ပေသည်။
သဲကန္တာရ ကြီးထဲတွင်၊ ရှေးဟောင်း ရတနာများ အပြင်၊ ထူးဆန်းသော အပင် များစွာ ရှိ၏။
ဆိုလို သည်မှာ၊ သဲပင်လယ် အတွင်း ဝင်ရောက် လာသော သူတိုင်း၊ ၎င်းတို့ကို ရရှိနိုင် မည်ဟု အဓိပ္ပါယ် ရသည်။
ပန်း ပွင့်ဖို့ရန် အချိန် အနည်းငယ် လိုသေး သည့် အတွက်၊ အရေး တကြီး လုပ်စရာ မရှိ သောကြောင့်၊ အနီးတွင် ထိုင်ချ လိုက်သည်။
ထို့နောက် စတင် ကျင့်ကြံကာ စောင့်ဆိုင်း နေမိ၏။ သုံးရက် အကြာ၌ လှိုင်း ဖျော့ဖျော့များ ထုတ်လွှတ် လာသည်ကို သတိပြု မိလာသည့် အတွက်၊ မျက်လုံးများ ပြန်ဖွင့် မိသည်။
လျင်မြန်စွာ ကြီးထွား လာသော မှုန်နံ့သာ ပန်းကို တစ်ချက် ကြည့်လိုက်၏။
ကြည့်နေ ဆဲမှာပင်၊ အရောင် လေးမျိုး ပါရှိသော ပွင့်ချပ်များ ဖြစ်တည် လာခဲ့သည်။ ပန်းပွင့် လာချိန်၌ ပူပြင်းသော သဲကန္တာရ အတွင်း၊ လန်းဆန်း စေသည့် ရနံ့များ ပျံ့နှံ့ သွား၏။
ပန်းအား ခူးကာ ဓားသေတ္တာထဲ ထည့်လိုက် သည်။ ဓားသေတ္တာ ပြန်ပိတ် လိုက်ချိန်တွင်၊ လေထဲရှိ ပန်း ရနံ့များ လုံးဝ ပေျာက်ကွယ် သွား လေသည်။
ပန်း သင်္ချိုင်း ဓားမှာ၊ အထွတ် အထိပ် တော်ဝင် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သော ကြောင့်၊ ၎င်းကို အဆင့်မြှင့် တင်ရန် အတွက် အခွင့် အရေး တစ်ရပ် ရလေပြီ။
မှုန်နံ့သာ ပန်း များကို လုံလုံ လောက်လောက် စုဆောင်း နိုင်ပါက၊ ပြီးမြောက် နိုင်မည် ဖြစ်သည်။
သို့သော် ဓား သေတ္တာ ပိတ်လိုက် ချိန်တွင် မျက်ဝန်း တစ်စုံက၊ သူ့အား စိုက်ကြည့် နေသည်ကို သတိထား မိလိုက် သည်။
ယင်းမှာ ပန်း ရနံ့မှ ဆွဲဆောင် ခံထား ရသော နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်၏။
ထို့နောက်တွင် မီတာ တစ်ရာကျော် နီးပါး ရှည်သော၊ မြွေကြီး တစ်ကောင် သဲလွှာ အတွင်းမှ တိုးထွက် လာသည်။
ယင်းကို ဂရု မစိုက်ဘဲ တစ်ချက်သာ ကြည့်လိုက်ပြီး၊ လက်သီးဖြင့် ပစ်လိုက် သည်။
ဆေးကြိုအိုး (၂၅) လုံးနှင့် ညီမျှသော စွမ်းအင်များ ပေါက်ကွဲ သွားပြီး၊ နတ်ဆိုး သားရဲ ကို နောက်ပြန် လွင့်စင် သွားစေ၏။
မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသော အခါတွင်၊ အဆိုပါ သားရဲမှာ တုံ့ဆိုင်း မနေဘဲ၊ တိုက်ခိုက်ရန် ထပ်မံ ပျံသန်း လာပြန် သည်။
“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ ... ”
လက်သီးတွင် ဓား ရည်ရွယ် ချက်များ ပေါင်းစပ် လိုက်ကာ၊ နတ်ဆိုး သားရဲ ကောင်၏ ဝမ်းဗိုက်အား၊ ဓား တစ်လက် ကဲ့သို့ ထိုးဖောက် ပစ်လိုက်၏။
ခြောက်သွေ့ နေသော သဲသောင်ပြင် ပေါ်၌၊ အနီရောင် သေွးများ စွန်းထင်း လာတော့သည်။
ဓား သေတ္တာကို ကျောတွင် ပြန်ပိုး လိုက်ပြီး၊ နတ်ဆိုး သားရဲ ကောင်၏ အလောင်းအား ဖြတ်ကေျာ် ပျံသန်း လိုက်သည်။
အလောင်းနှင့် အနည်းငယ် အကွာသို့ ရောက်ချိန်တွင်၊ သားရဲ ခန္ဓာ ကိုယ်မှာ ရုတ်တရက် ဆိုသလို အပိုင်းပိုင်း ပေါက်ကွဲ သွားတော့၏။
ခရီးစဉ် တစ်လျှောက်၊ မှုန်နံ့သာ ပန်း များစွာကို ထပ်မံ တွေ့ရှိ ခဲ့သည်။ နှစ်ရက် အတွင်း မှာပင် ပန်း ခြောက်ပွင့် ရရှိ လာ၏။
အတွင်းသို့ လျှောက်လှမ်း သွားလေလေ၊ နတ်ဆိုး သားရဲ များ၏ ခွန်အားမှာ အားကောင်း လေလေ ဖြစ်သည်။
ကြမ်းတမ်းသော ပတ်ဝန်း ကျင်တွင်၊ ရှင်သန် ခဲ့ရ ခြင်းကြောင့် ယင်းသည် အဓိပ္ပါယ် ရှိလှ၏။
ကန္တာရ မြွေပေွး တိုင်းမှာ၊ မာကြောသော အရေ ခွံများ ရှိရုံ သာမက၊ အဆိပ်ပြင်း လှပေ သည်။ ထို့ကြောင့်၊ ၎င်းတို့အား ကိုင်တွယ်ရန် ဓားအား အသုံးပြု ခဲ့ရ ၏။
ထို့ပြင် ငါး တစ်ကောင် ကဲ့သို့၊ သဲကန္တာရ အတွင်း၌ သွက်လက်စွာ ကူးခတ်နိုင် သောကြောင့်၊ ကိုင်တွယ် ရာတွင်၊ အချိန် အနည်းငယ် ပေးခဲ့ ရသည်။
ဆက်လက် လျှောက်လှမ်း နေ လျက်မှ၊ သူ့ရှေ့ရှိ မှုန်နံ့သာ ပန်း တစ်ပွင့်ကို မြင်လိုက် ချိန်တွင်၊ အံ့အား သင့်စွာ ရုတ်တရက် ရပ်တန့် လိုက်မိ ၏။
ဤပန်းမှာ လမ်းတစ်လျှောက် သူ ခူးဆွတ် ခဲ့သော ပန်းများထက် ပို၍ လှပေသည်။ ပေါင်းပင် များနှင့် လုံးဝ မတူချေ။
အတွေးထဲ နစ်မျော နေစဉ် မှာပင်၊ ပန်းက ရုတ်တရက် ပွင့်လာ ခဲ့၏။ ၎င်းထံမှ အနီ၊ အဖြူ၊ အပြာ၊ အဝါ၊ အစိမ်း၊ ခရမ်းရောင်နှင့် စိမ်းပြာရောင် တို့ ထုတ်လွှတ် လာလေသည်။
“ ဒါက ခုနစ်သွယ် မှုန်နံ့သာ ပန်းပဲ။ ”
စိတ်လှုပ်ရှား စွာဖြင့် တီးတိုး ရေရွတ် လိုက်သည်။ အဘယ်ကြောင့် ဤမျှ ရှားပါး လှသည်ကို သဘောပေါက် သွားသည်။
ရောင်စင် ခုနစ်သွယ် ကြောင့်၊ ဖြစ်ပေါ် လာသော ရုန်းရင်း ဆန်ခတ် မှုမှာ၊ သဲကန္တာရ ထဲရှိ ပတ်ဝန်း ကျင်မှ၊ လူ အနည်းငယ်ကို ဆွဲဆောင် နိုင်ခဲ့သည်။
ထို့ကြောင့် သူတို့က ပန်း ရှိရာ ဆီသို့၊ ဦးတည် လာကြ၏။
“ ခုနစ်သွယ် မှုန်နံ့သာ ပန်း တစ်ပွင့့်ပဲ၊ ကံကောင်း လိုက်တာ။ ”
“ ဟီး ဟီး၊ ဒါက သာမန် မှုန်နံသာ ပန်း တွေထက် ရှားပါးတဲ့ ပန်းဘုရင်ပဲ၊ အဖိုး မဖြတ် နိုင်ဘူး။ ”
“ ကံကောင်း တယ်၊ အင်ပါ ရီယန် သင်္ချိုင်း မရောက်ခင် မှာတောင်၊ ဒီလို ရတနာတွေ တွေ့နေ ရပြီ။ ”
ရောက်ရှိ လာသော အဖွဲ့မှာ၊ အခြားသော စီရင်စု တစ်ခုရှိ၊ အမည်ခံ အုပ်စိုးရှင် တပည့်များ ဖြစ်၏။
သူတို့ တစ်ဦး ချင်းစီတွင်၊ သင့်လျော်သော ကျင့်ကြံမှု များရှိနေ ကြသည်။ ထို့ကြောင့် လင်းယွန်၏ တည်ရှိ မှု အပေါ်၊ လုံးလုံး လျားလျား လျစ်လျူရှု ထား၏။
“ နေပါဦး ...၊ ဒီပန်းမှာ ပိုင်ရှင် ရှိနေပြီ။ ”
လင်းယွန်က ထိုအဖွဲ့ကို ကြည့်ကာ၊ အသိပေး လိုက်သည်။
“ ဟုတ် လား ...၊ ဘယ်မှာလဲ။ ”
“ ယန် အဆင့် မှာတောင်၊ မရှိတဲ့ မင်းလို ပုရွက်ဆိတ် တစ်ကောင်က ပိုင်တယ် လို့တော့ မင်း မပြောဖူး မဟုတ်လား။ ”
လူငယ် တစ်ယောက်က လင်းယွန်ကို တစ်ချက် ကြည့်ကာ၊ ပြက်ရယ်ပြု လာသည်။
“ ဟား ဟား ဟား ...။ ”
စကား ဆုံးသည်နှင့် လေးယောက်သား ဟက်ဟက် ပက်ပက် ရယ်မော လိုက်ကြပြီး၊ လင်းယွန်ကို အရူး တစ်ယောက်လို ပြန်ကြည့် လိုက်၏။
ယင် အဆင့် ၌သာ ရှိသော ချာတိတ် တစ်ယောက် အနေဖြင့်၊ သူတို့ ထံမှ ပန်းကို တောင်းယူရန်၊ သတ္တိ မရှိဟု ထင်သည်။
သို့သော် ရယ်သံများ ရုတ်တရက် တိတ်ဆိတ် သွားပြီး၊ မျက်နှာ ပေါ်၌ ကြောက်ရွံ့ မှုများ အစားထိုး လာ၏။
မြေပြင်တွင် လဲကျ သေဆုံး နေသော လူလေးယောက်ကို ကြည့်ကာ၊ ရင်းနှီးဟန် ရသည်ဟု တွေးနေစဉ် မှာပင်၊ အသိ စိတ်များ ပျောက်ကွယ် သွားခဲ့သည်။
“ အပြောင်း အလဲ တချို့ ရှိပုံ ရတယ်။ ”
လက်ထဲရှိ သွေးစွန်း နေသော ပန်းသင်္ချိုင်း ဓားကို ပြန်ကြည့်ကာ၊ လင်းယွန်က ရေရွတ် လိုက်သည်။
ဓား မဆွဲဘဲ ၎င်းတို့ လေးယောက်ကို ဖြေရှင်း နိုင်သော်လည်း၊ ဤမျှ လွယ်ကူ လိမ့်မည် မဟုတ် ချေ။
ထို့ပြင် ဓားကို အသုံးပြု ရခြင်းမှာ၊ ပန်းသင်္ချိုင်း ဓား အနေဖြင့်၊ တိုးတက်မှု ရှိမရှိ သိလို သောကြောင့် ဖြစ်သည်။
ယခု မူကား ထင်ထား သည်ထက် ပို၍ ကျေနပ်ဖွယ် ကောင်းနေ။ သို့သော် မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြုလျက်၊ လျင်မြန်စွာ ချဉ်းကပ် လာသော ပုံရိပ် တစ်ရိပ်ကို သတိထား မိလိုက်သည်။
“ အထင်ကြီး စရာပဲ၊ မင်းက ကနဦး ယန် အဆင့် ကျင့်ကြံသူ လေးယောက်ကို သတ်နိုင် ခဲ့တယ်၊ အလယ် အလတ် ယန် အဆင့်က တစ်စုံ တစ်ယောက်တောင်၊ ဒါကို မစွမ်း ဆောင်နိုင်ဘူး၊ ... ”
“ ... အထွတ် အထိပ် ယင် အဆင့်က မင်းလို လူက၊ ဒါကို အောင်မြင်အောင် လုပ်နိုင် ခဲ့တဲ့ အတွက်၊ ငါ သဘော ကျတယ်။ ”
အသက် ခုနစ်ဆယ် ကျော်ခန့် ရှိသော အဖိုအို တစ်ဦးက သဲပြင်ပေါ် ဆင်းသက် လာပြီး၊ ခေါင်းညိတ်ကာ ဆိုသည်။
သူ့ နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် ဆင်မြန်း ထား သော်လည်း၊ မျက်ဝန်း များ၌ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ ပြည့်နှက် နေသည်။
သူစကား ပြောနေစဉ်၊ မီတာ (၃၀၀)ခန့် ရှည်လျားသော ကန္တာရ မြွေပွေး တစ်ကောင် သဲပြင် အောက်မှ တိုးထွက် လာပြီး၊ ခုနစ်သွယ် မှုန်နံ့သာ ပန်း ဆီသို့ ဦးတည် သွား၏။
သို့သော် အနား မရောက်ခင် မှာပင်၊ နှစ်ခြမ်းခွဲ ခံလိုက် ရသည်။ ဓား မဆွဲဘဲ ကန္တာရ မြွေပွေး များကို ကိုင်တွယ် ဖြေရှင်း ရာတွင်၊ အခက် အခဲ ရှိမည် ဖြစ်သော်လည်း၊ အဘိုးအိုက ၎င်းကို လက်ညှိုး တစ်ချက်ဖြင့် သတ်နိုင် ခဲ့၏။
ယင်းမှာ လမ်းလွဲ သိုင်းသမား အဘိုးအို၏ ခွန်အားနှင့် ပတ်သတ်ပြီး၊ မေးခွန်း ထုတ်စရာ မရှိအောင် သက်သေ ပြပြီး ဖြစ်လေပြီ။
လမ်းလွဲ ကျင့်ကြံသူများ အတွင်းပင်၊ ဤအဘိုးအိုမှာ ပျော့ညံ့သူ တစ်ဦး မဟုတ် နိုင် ချေ။
သို့သော် အဘိုးအိုကို စိုက်ကြည့် နေသော လင်းယွန်၏ မျက်နှာတွင် ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိဘဲ၊ ငြိမ်သက် နေခဲ့သည်။
ယင်းကြောင့် လမ်းလွဲ အဘိုးအိုမှာ၊ မျက်ခုံး ပင့်လျက် အနည်းငယ် စိတ်ပျက် သွားမိ၏။
နောက်ဆုံးတွင်၊ လင်းယွန်ကို ခြိမ်းခြောက်ရန် ကြိုးစား ခြင်းမှာ၊ မအောင်မြင် ခဲ့ချေ။ ကြည့်ရ သည်မှာ ဗျူဟာ ပြောင်းရ တော့မည့် ပုံရ၏။
“ ငါ့ကို အထင် မလွဲ ပါနဲ့၊ ပန်းတွေကို စိတ် မဝင်စား ပါဘူး၊ ဒီကန္တာရ ထဲမှာ ကြောက်စရာ ကောင်းတဲ့ လမ်းလွဲ ကျင့်ကြံ သူတွေ ရှိတယ်၊ ပြီးတော့ ... ”
“ ... ပြင်ပ အဆင့် ထိပ်ဆုံး ဆယ်ယောက်က၊ ဘယ်လောက် ရက်စက် တက်လဲ ဆိုတာ မင်း သိလား၊ ငါတို့ချင်း ဘာလို့ လက် မတွဲ ရတာလဲ။ ”
ခုနစ်သွယ် မှုန်နံ့သာ ပန်းကို၊ အမှန်ပင် စိတ်မဝင် စားခဲ့ပေ။ သူ စိတ်ဝင်စား သည်မှာ၊ လင်းယွန် ဖြစ်၏။
လင်းယွန် ကဲ့သို့ မာန ကြီးသော လူငယ် မျိုးကို လှည့်စား ရာတွင်၊ သူကိုယ်သူ ယုံကြည်မှု ရှိလေ သည်။
သူ့ အကြံ အစည်မှာ လင်းယွန်ကို သတ်ပစ် ပြီး၊ ရတနာများ ဖြစ်သည့် ပန်းသင်္ချိုင်း ဓား အပါ အဝင်၊ အရာ အားလုံး ယူဆောင်ရန် ဖြစ်၏။
အဘိုးအိုမှာ ပြုံး နေခဲ့ သော်လည်း၊ လောဘ ကြောင့်၊ မျက်ဝန်းများ ဂနာ မငြိမ် ဖြစ်လာ သည်။
“ ငါနဲ့ လက်တွဲဖို့ မင်းမှာ အရည် အချင်း မပြည့်မီ သေးပါဘူး။ ”
လင်းယွန်က ပြတ်သားစွာ ပြန်ဖြေ ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားကို တစ်ချက် လွှဲယမ်း ပစ်ကာ၊ တုန့်ဆိုင်းခြင်း မရှိ လှည့်ထွက် သွားခဲ့ သည်။
***