မိစ္ဆာ နှစ်ဖော်။
Vol. 43 Ch. 592
နောက်ဆုံးတွင် တစ်ဖက် လူမှာ မည်သို့ မည်ပုံ တိုက်ခိုက် ခဲ့ကြောင်းပင်၊ အဘိုးအိုက မသိ လိုက်ချေ။
ဓား အလင်းကို မြင်လိုက် ချိန်၌ အဆိုပါ လူငယ်မှာ၊ ကျောခိုင်း ထွက်ခွာ သွား နှင့်ပြီ ဖြစ်သည်။
ဤသည်မှာ နောက်ဆုံး မြင်ကွင်း မျှသာ ဖြစ်ပြီး၊ အသက်မဲ့ နေသော ခန္ဓာကိုယ် နှစ်ခြမ်း သည်သာ၊ သဲပြင် ပေါ်သို့ တအိအိ ကျလာ၏။
လမ်းလွဲ ကျင့်ကြံသူ များဖြင့်၊ မိတ်ဖွဲ့ရန် စိတ်ကူး မရှိ သောကြောင့်၊ လင်းယွန်မှာ တွေဝေ နေခြင်း မရှိ ခဲ့ချေ။
ပန်းသင်္ချိုင်း ဓားကို ဓားသေတ္တာထဲ ထည့်လိုက်ပြီး၊ ထိုနေရာမှ ရိပ်ခနဲ ပေျာက်ကွယ် သွားခဲ့ သည်။
သူထွက် သွားပြီး မကြာခင်၊ အညိုရောင် ပုရွက်ဆိတ် ကြီးများ၊ သဲပြင် အတွင်းမှ တိုးထွက် လာကာ၊ အဖိုးအို၏ အလောင်းအား အရိုးပါ မကျန်၊ ဝါးမြို လိုက်တော့သည်။
လူထောင်ပေါင်း များစွာ ဝင်ရောက် လာသဖြင့် တိတ်ဆိတ် နေသော သဲကန္တာ ရကို လှုပ်ရှား သက်ဝင် လာစေ၏။
ထို့ပြင် သဲသောင်ပြင် အနှံ့ အနီရောင် သွေးကွက် များဖြင့် ရှုပ်ပွ နေပေသည်။ နတ်ဆိုး သားရဲများ လက်၌ သေဆုံး သူများထက်၊ လူသားချင်း သတ်ဖြတ် ခံရ သည်မှာ ပို၏။
အထူး သဖြင့် စိမ့်ရေကန် တစ်ကန် အနီးတွင်၊ မရေ မတွက် နိုင်သော လူသေ အလောင်းများ ပြန့်ကျဲ နေသည်။
ရုပ်အလောင်း အများ စုမှာ၊ ဆိုးရွားစွာ ဖြတ်တောက် ခံထား ခဲ့ရပြီး၊ သွေးများ အဆက် မပြတ် စီးထွက် နေ၏။
များပြား လွန်းသော သွေးကွက် များကြောင့်၊ သွေးညှီ နံ့များ လှိုင်လှိုင် ထွက်ပေါ် နေလေ သည်။
စိမ့် ရေကန် အလယ်၌ မြူများ ဝိုင်းရံ နေသော ပန်း တစ်ပွင့် ရှိပြီး၊ ထိုမြင်ကွင်းကို သူနှင့် မသက်ဆိုင် သကဲ့သို့ လျစ်လျူရှု ထား၏။
ဂရု တစိုက် ကြည့်မိမည် ဆိုပါက၊ ရစ်သိုင်း နေသည့် အဆိုပါ မြူ များမှာ၊ နဂါးကြီး တစ်ကောင် အသွင်၊ ပေါင်းဖွဲ့ နေခြင်း ဖြစ်လေ သည်။
၎င်းမှာ ပြင်ပ နယ်မြေ များတွင်၊ ရှားပါး ရတနာ ဖြစ်သည့် ‘နဂါး အသွင် ပြောင်းခြင်း’ ဆေးပင် ဖြစ်သည်။
အဆိုပါ ဆေးဘက်ဝင် အပင် ဘေးတွင်၊ ကြောက်ရွံ့ တုန်လှုပ် နေသော လူတစ်စု ရှိနေ ၏။
သူတို့ မျက်ဝန် များမှာ၊ နဂါး အသွင် ပြောင်းခြင်း၊ ဆေးပင် ဘေးတွင် ရပ်နေသော လူငယ် ထံမှ မခွာ ရဲကြချေ။
ထိုလူငယ်မှာ အနက်ရောင် ဝတ်ရုံကို ၀တ်ဆင် ထားပြီး၊ လက်ထဲရှိ ဓားထံမှ သွေးများ ပျစ်တွဲစွာ စီးကျ နေ၏။
ဤသည်မှာ သားသတ် သမားဟု နာမည်ပြောင် ပေးခံ ထားရသော၊ ပြင်ပ အဆင့် (၅၃)ရှိ၊ ဂျီဝူယီ ဖြစ်သည်။
ထိတ်လန့် နေသော ဤလူအုပ်မှာ၊ နဂါး အသွင် ပြောင်းခြင်း ဆေးပင် အတွက်၊ အချင်းချင်း တိုက်ပွဲ ဝင်နေ ခဲ့ကြ ချိန်တွင်၊ သားသတ် သမား ရောက်ရှိ လာခြင်း ဖြစ်လေ သည်။
ထို့နောက်တွင် မျက်စိ တစ်မှိတ် အတွင်း၊ လူပေါင်း များစွာကို သတ်ပစ်ကာ၊ ရက်စက်သော နိဒါန်းဖြင့် ဖွင့်လှစ် လာခဲ့သည်။
“ ဂျီဝူယီ ...၊ ငါတို့ နဂါး အသွင် ပြောင်းခြင်း ဆေးပင်ကို စွန့်လွှတ် ပါ့မယ်၊ မင်း ငါတို့ကို အသက် ရှင်ခွင့် ပေးလို့ ရမလား"
“ သခင်လေး ဂျီ၊ မင်းက တိမ်နဂါး အဆင့်ရဲ့ ပါရမီရှင် တစ်ယောက်ပါ၊ ငါတို့နဲ့ အတူ မင်းရဲ့ အဆင့် အတန်းကို နှိမ့်ချဖို့ မလိုဖူး မဟုတ်လား။ ”
“ နဂါး အသွင် ပြောင်းခြင်း ဆေးပင်ကို မင်း လိုချင်မှန်း မသိခဲ့ လို့ပါ။ ”
“ ငါတို့ကို ခွင့်လွှတ်ပါ။ ”
ကျန်ရစ်သူ တိုင်းက၊ အသက် ရှင်ခွင့် ရရန် အမျိုးမျိုး တောင်းပန် လာသည်။
“ နဂါး အသွင် ပြောင်းခြင်း ဆေးပင်က ငါ့အပိုင်ပဲ၊ မင်းတို့ရဲ့ ခွင့်ပြု ချက်ကို တောင်းဖို့ လိုအပ် သေးလို့လား ... ကျွတ် ... ကျွတ် ...။ ”
ဂျီဝူယုက ထူးဆန်းစွာ ပြုံးလိုက်ပြီး သူ့မျက်လုံးများ တောက်ပ လာသည်။
“ မင်း တို့ကို၊ အသက် ရှင်ဖို့ အခွင့် အရေး ပေးရမယ် ဟုတ်လား၊ ကောင်းပြီ ... မင်းတို့မှာ အသက် သုံးရှိုက်စာ အချိန် ရမယ်၊ ငါ့ဓားကို ကျော်လွှား နိုင်ရင်၊ မင်းတို့ အသက်တွေ ချမ်းသာ လိမ့်မယ်။ ”
“ ပြေး ... ။ ”
လူအုပ်မှာ တစ်စက္ကန့်မျှ တုန့်ဆိုင်း မနေဝံ့ တော့ဘဲ၊ ထွက်ပြေး လိုက်ကြသည်။ အသက် သုံးရှိုက်စာ ပြည့်သည်နှင့် ဂျီဝူယီက ခေါင်းမော့ လာပြီး၊
“ အချိန် ကျပြီ။ ” -ဟု ဆိုလိုက် ၏။
မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားကာ၊ ကြောက်မက်ဖွယ် အေးစက် ခြင်းများ၊ အစား ထိုးလာသည်။
သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို အပြည့် အ၀ ထုတ်ဖော် လိုက်သောကြောင့် လက်ထဲရှိ ဆေဘာဓားမှာ၊ ကြက်သွေးရောင် အဆင်းများ ဖြာထွက် သွား၏။။
ဆေဘာဓားကို လှန်လိုက် သည်နှင့်၊ ကြက်သွေးရောင် အလင်း တစ်စ ပျံထွက် သွားကာ၊ မီတာ တစ်ထောင် ပတ်လည်ရှိ အရာ အားလုံး အပေါ်၊ ဖုံးအုပ် ပစ်လိုက် တော့သည်။
“ ဘာဖြစ် တာလဲ၊ လှုပ်လို့ မရ တော့ဘူး ...။”
“ ဘာကြီးလဲ၊ ဘာလို့ ငါ့ခြေထောက် တွေက ရွေ့ မရတော့ တာလဲ။ ”
“ သေစမ်း ... ။ ”
သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ ခန္ဓာ ကိုယ်ထဲ တိုးဝင် လာသော ကြောင့်၊ လူတိုင်း ထိတ်လန့် ကုန်လေ သည်။
တစ်ဆက်တည်း မှာပင် စူးရှသော ကြက်သွေးရောင် ဓား အလင်းများ ထပ်မံ ရောက်ရှိ လာ၏။
အော်ဟစ် သံ များနှင့် အတူ၊ သက်မဲ့ အလောင် ကောင်များ မြေပြင် ပေါ်သို့ လဲကျ လာသည်။ ဂျီဝူယီ ဓားကို မည်သူမျှ မဟန့်တား နိုင်ခဲ့ ချေ၊။
သို့သော် လူသေ အလောင်းများ ကြားတွင် တွားသွားရန် ကြိုးစား နေသူ တစ်ဦး ကျန်ရှိ နေခဲ့၏။
“ နုံအ လိုက်တာ။ ”
ဂျီဝူယီက ရက်စက်စွာ ပြုံးလိုက်သည်။ သူ့ စကား ဆုံးသည်နှင့်၊ တွားသွား နေသူ၏ မျက်နှာနှင့် ခန္ဓာကိုယ် ပေါ်၌၊ ကြက်သွေးရောင် ကြိုး တစ်ချောင်း ဖြစ်ပေါ် လာတော့သည်။
ထိူလူမှာ မီတာ ရာဂဏန်း အထိ လွင့်စင် သွားရပြီး၊ နာကျင် မှုကြောင့် အသံပင် မထွက် နိုင်တော့ ချေ။
“ လူတိုင်း သေနေပြီ၊ မင်းက ဘာလို့ သူတို့ကို နှောက်ယှက် ချင်နေရ တာလဲ၊ ... ဟား ဟား ဟား။ ”
နဂါး အသွင် ပြောင်းခြင်း ဆေးပင်ထံ၊ ပြန်လှည့် လာစဉ် ဂျီဝူယီက ရယ်မော လိုက် လေသည်။
ထိုအခိုက် အတန့် မှာပင်၊ အပင် တစ်ဝိုက်တွင် မြူမှုန်များ ပို၍ ရစ်သိုင်း လာပြီး၊ လေထဲ စိမ့်ဝင် လာ၏။
မြေပြင် တစ်ခုလုံး ပြင်းစွာ တုန်ခါစ ပြုလာ သောကြောင့်၊ ဂျီဝူယီက ကျင့်ကြံရန် ထိုင်ချ လိုက်သည်။
သိပ်သည်းသော မြူများ အတွင်း၌၊ ရုန်ကြွ နေသည့် အဆင်း သဏ္ဍာန် များကို၊ ဝိုးတဝါး မြင် နိုင်၏။
၎င်း သဏ္ဍာန် များမှာ၊ နဂါး အသွင် ဖွဲ့စည်း နေသော ဝိညာဉ် စွမ်းအင် များဖြစ်သည်။
ယင်းကို စုပ်ယူ သန့်စင် ခြင်းဖြင့်၊ ယင်-ယန် အဆင့်သို့၊ အချိန် မရွေး တက်လှမ်း နိုင်မည် ဖြစ်ကြောင်း ပြောနိုင်သည်။
သို့သော်၊ ဂျီဝူယီက မူလ စွမ်းအင်များ ကိုသာ အဆက် မပြတ် သန့်စင်ရန် အာရုံ စိုက်ထားပြီး၊ အောင်မြင်မှု တစ်ခု ရယူရန် ဆန္ဒ ရှိပုံ မရချေ။
နဂါး သဏ္ဍာန် မြူများအား၊ အကုန် အစင် စုပ်ယူ လိုက် ပြီးနောက်၊ ပတ်ဝန်း ကျင်ရှိ ကြက်သွေးရောင် အရှိန် အဝါ များကို ပြန်ရုပ် သိမ်း လိုက်သည်။
မူလ စွမ်းအင်ကို သန့်စင် ခြင်းဖြင့်၊ သူ၏ အရှိန် အဝါမှာ ပို၍ အားကောင်း လာ၏။
မျက်လုံးကို ဖွင့်ကြည့် လိုက်ချိန်၌ သွေးရောင် လွှမ်းနေသော ဓား တစ်လက် ကဲ့သို့ မြင်ရ သူတိုင်းကို ထိတ်လန့် သွားစေမည် ဖြစ်သည်။
ထို့နောက် လက်ကို ဖြန့်ကာ၊ ရောင်စင် ခုနစ်သွယ် ပါရှိ နေသော ပင့်ကူ တစ်ကောင်အား၊ ထုတ်ယူ လိုက်သည်။
၎င်းမှာ နက်နဲ သတ္တမ အဆင့်ရှိ၊ သွေးရောင်ခြည် ပင့်ကူ ဖြစ်၏။
“ ထိပ်တန်း ဆယ်ယောက်က၊ ယင်-ယန် အဆင့်ကို မတက် လှမ်းနိုင် သေး ပေမယ့်၊ အထွတ် အထိပ် ယန် အဆင့်ကို ရောက်နေ ကြပြီ၊ ... ”
“ ... ငါသွား ရမယ့် လမ်းက အရှည်ကြီး ရှိသေးတယ်၊ ဆေးဘက်ဝင် အပင် တွေနဲ့ မူလ စွမ်းအင်ကို၊ သန့်စင် ရတာ နှေးကွေး လိုက်တာ၊ အင်ပါရီယန် ကြယ်ပုလဲ အတွက် တိုက်ပွဲဝင် ရတော့မယ့် ပုံပဲ။ ”
ဂျီဝူယီက စိတ်ပျက် လက်ပျက် ရေရွတ် လိုက်သည်။
သူ စကားပြော နေစဉ်၊ သွေးရောင်ခြည် ပင့်ကူက အလောင်းများ အပေါ်၊ တွားသွား တက်ရောက် လိုက်ပြီး၊ မုန်းတီးမှု များကို စုပ်ယူ လေသည်။
ခန်းခြောက် လုနီးနီး၊ အခြားသော စိမ့်ရေကန် တစ်ကန်တွင်၊ သွေးများ စီးဆင်း နေခဲ့ပြီး၊ အော်ဟစ် သံများ ဆူညံ နေ၏။
ဆယ်ဖြင့် ချီသော လူများမှာ၊ အသက် အတွက် အော်ဟစ် ပြေးလွှား နေခြင်း ဖြစ်သည်။
“ မင်းတို့ ... လွတ်မြောက် နိုင်မယ် ထင်နေလား၊ ဟား ဟား ဟား ... ။ ”
သူတို့ နောက်မှ၊ လှောင်ပြောင် ရေရွတ်သံ တစ်သံ ထွက်ပေါ် လာသည်။
၎င်းတို့ မှာ နတ်ဆိုး တစ်ကောင် ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းသော လူငယ် တစ်ဦးနှင့်၊ ထိပ်တိုက် တွေ့ဆုံ မိခဲ့ခြင်း ဖြစ်၏။
ဝှက်ဖဲ များ ထုတ်ဖော် ခုခံ ခဲ့သော်လည်း၊ ထိုလူငယ်၏ အလွယ် တကူ သတ်ခြင်း ခံနေ ရမြဲ ဖြစ်သည်။
ခေျာက်ချားဖွယ် ရယ်မော သံကြီး နှင့် အတူ၊ ဓားအား ဝှေ့ယမ်း လိုက်သော်လည်း၊ ဓား အလင်းမှာ ထွက်ပေါ် လာခြင်း မရှိ ခဲ့ချေ။
ယင်း အစား စွမ်းအင် အတက် အကျ လှိုင်းများသာ ပြေးထွက် လာ၏။ သဏ္ဍာန်မဲ့ လှိုင်းများက လူအုပ် ကြားထဲ ပျံ့နှံ့ သွားကာ၊ လူတိုင်းကို သတ်ပစ် လိုက်တော့သည်။
သတ်ပွဲ ဆင်နွှဲ နေသော အဆိုပါ လူငယ်မှာ၊ တိမ်နဂါး အဆင့် (၅၄) ၌ ရှိသည့်၊ သရဲဓား ရန်ကောင်း ဖြစ်သည်။
ရန်ကောင်းက ဟိုဟို သည်သည် လျှောက်လှမ်း လိုက်ပြီး၊ အသက်ရှင် ကျန်ရစ်သူ ရှိ မရှိ စစ်ဆေး လိုက်၏။
သေဆုံး ကုန်မှန်း သေချာမှ သာလျှင်၊ ခေါင်း တစ်ချက် ညိတ်လိုက်ပြီး၊
“ ဒီလူယုတ်မာ တွေက ငါ့ရဲ့ နဂါးမောက်သီးကို ဖျက်ဆီးဖို့၊ သတ္တိရှိ တယ်လား။ ”
-ဟု ကျိန်ဆဲ လာ၏။
နဂါး မောက်သီးမှာ ပြင်းထန်သော တိုက်ပွဲ ကြောင့် ပျက်စီး သွား ရပြီ ဖြစ်သည်။ နဂါး မောက်သီး အသုံး ဝင်ပုံကို၊ သိရှိ ထားသော ရန်ကောင်းမှာ၊ ဒေါသ ထွက်ရုံသာ တက်နိုင် ခဲ့၏။
ထို့ကြောင့် ရက်စက်စွာ သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်။ သူနှင့် ဂျီဝူယီကို မိစ္ဆာ နှစ်ဖော် အဖြစ် လူသိ များကြသည်။
နှစ်ဦး စလုံးမှာ လမ်းလွဲ ကျင့်ကြံ သူများ မဟုတ်ကြ သော်လည်း၊ လူသတ်သည့် အချိန်၌၊ တွန့်ဆုတ်ခြင်း မရှိ ခဲ့ကြချေ။
မြင်သူ တိုင်းကို သတ်ရုံမျှ မက၊ သူတို့ အချင်း ချင်းပင်၊ သတ်ရန် အချိန်ပြည့် ချောင်းမြောင်း နေတက်သည်။
“ ဦးတည်ချက် ပြောင်းပြန် ပြီလား...။ ”
ရန်ကောင်းက မျက်မှောင် ကြုတ်ကာ ရေရွတ် လိုက်၏။
သူရပ် နေသော မြေပြင်မှာ သဲစီးကြောင်း တစ်ခု ဖြစ်ပြီး၊ အချိန်တိုင်း ဦးတည်ရာ ပြောင်းလဲ နေတက်သည်။
“ ဒီလို ယုတ်ညံ့တဲ့ နေရာမှာ၊ အင်ပါရီယန်ရဲ့ သင်္ချိုင်း ဂူကို ဘယ်လိုများ ရှာရမှာ ပါလိမ့်။ ”
***