← Chapters

အကြံ အစည်။

Vol. 43 Ch. 593

အကြံ အစည်။

Vol. 43 Ch. 593

သဲကန္တာရ ထဲရှိ ချိုင့်ဝှမ်း တစ်နေ ရာတွင်၊ အဘိုးအို တစ်ဦးနှင့် လူငယ် တစ်ဦးတို့ မျက်နှာ ချင်းဆိုင် တိုက်ခိုက် နေကြ၏။

အဘိုးအိုမှာ လမ်းလွဲ ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး၊ အထွတ် အထိပ် ယန် အဆင့် ခွန်အားကို ပိုင်ဆိုင် ထားသည်။

သို့သော် သူ ရှေ့ရှိ လူငယ်မှာ၊ ဓား မဆွဲဘဲ ရင်ဆိုင် လာသော ကြောင့် ဒေါသ ထွက်နေ ရ၏။

ပြင်းထန် လွန်းသော လက်ဖဝါးချက် များက၊ သူ့ဆီ ထပ်မံ ဦးတည် လာပြန်ရာ၊ အလျင် အမြန် ခုခံ လိုက်ရ ပြန်သည်။

လင်းယွန်သာ ရှိနေ ပါက၊ အဆိုပါ လူငယ်မှာ ဘိုင်လိရွှမ် ဖြစ်သည်ကို သတိပြု မိမည် ဖြစ်၏။

ဓားနန်းတော်၏ အသန် မာဆုံး ပါရမီရှင် တစ်ဦး ဖြစ်သည်။ ယခုမူ တိမ်ယံ သုံးဆင့် ဂိုဏ်း၌၊ စောင့်ကြည့် ခံရသော အထက် တန်းစား တစ်ဦး ဖြစ်လာ၏။

ဘိုင်လိရွှမ်မှာ သူတော်စင် ခန္ဓာ အပြင်၊ ဓားတာအို ၌လည်း၊ အတော်ပင် ခရီးရောက် ခဲ့သည်။

သို့သော် သူ့ ပြိုင်ဘက်အား ဓား မဆွဲဘဲ၊ ဆိုးရွားသော အခြေ အနေထိ၊ တွန်းပို့ ထားနိုင် ခဲ့၏။

“ မင်း ...၊ တိမ်မီးတောက် သစ်သီးကို ရပြီ မဟုတ်လား၊ ဘာလို့ ငါ့ကို တိုက်ခိုက် နေရ တာလဲ။ ”

ရင်ဘတ်ကို ဆုပ်ကိုင် ထားကာ၊ ရှုပ်ထွေးသော အမူ အရာဖြင့်၊ လမ်းလွဲ အဘိုးအိုက မေးလိုက် သည်။

“ တိမ်မီးတောက် သစ်သီးကြောင့် မင်းကို ငါ သတ်ချင် တာ မဟုတ်ဘူး၊ မင်းကို အသက် ရှင်ခွင့် ပေးလိုက်ရင်၊ တိမ်ယံ သုံးဆင့် ဂိုဏ်းမှာ၊ နေခဲ့တဲ့ အချိန် သုံးလကို၊ ငါ ဖြုန်းတီးရာ ရောက်လိမ့်မယ်။ ”

ဘိုင်လိရွှမ်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။ မကြာ သေးမီ ကမှ အလယ် အလတ် ယန် အဆင့်သို့ ဝင်ရောက် နိုင်ခဲ့ သောကြောင့်၊ အဘိုးအိုနှင့် သူ့ ကြားတွင် ကြီးမားသော ကွာဟချက် တစ်ခု ရှိနေ သေးသည်။

အဘိုးအို အတွက်မူ၊ အနိုင် မယူနိုင် လျှင်ပင်၊ ထွက်ပြေး ရန်မှာ ခက်ခဲခြင်း မရှိချေ။ သို့သော် ဤလူငယ်မှာ သူ့ကို ထွက်သွားခွင့် မပေးဟု၊ အံ့ဩ စရာ ကောင်းအောင် ဆိုလာ၏။

“ ဘယ်လောက်တောင် မောက်မာ လိုက်တဲ့ ကောင်လဲ၊ မင်းငါ့ကို တားနိုင်မယ် ထင်လား။ ”

စကားဆုံး သည်နှင့် လှည့်၍ ပြေးတော့ သည်။

“ ငါ့ လက်ဖဝါးကို ခံယူပြီး၊ မင်း ထွက်ပြေး နိုင်ခဲ့ရင်၊ ငါက လူ ရယ်စရာ သတ္တဝါ တစ်ကောင် ဖြစ်လာ တော့ မှာပေါ့။ ”

နောက်ဆုံးတွင် သူ့ ဓားကို ဆွဲထုတ် လိုက်ပြီး၊ အဘိုးအိုအား ခုတ်ပိုင်း ချလိုက်သည်။

နောက်ဆက်တွဲ ဓားချက် တစ်ချက်ကို တွဲလျက် ထုတ်ဖော် လိုက်ကာ၊ ရင်ဘတ်ထဲ ထိုးသွင်း လိုက်၏။

“ သေ တော့ ..... ။ ”

နာကျင်စွာ အော်ဟစ် နေသော အဘိုးအိုအား အခွင့် အရေး မပေး တော့ဘဲ၊ တောက်လျှောက် လိုက်ပါ လာပြီး၊ ဓားဖြင့် လည်ချောင်းထဲ ထိုးသွင်း ပစ်သည်။

ချက်ချင်းပင် ဓားအား ပြန်ဆွဲ နှုတ်ကာ၊ လေထဲ ဝေှ့ယမ်းလျက် သွေးများ ခါထုတ် ပစ် လိုက်၏။

ပြီးနောက် ဓားအိမ်ထဲ ပြန်သိမ်း နေစဉ် မှာပင်၊ ကောင်းကင်မှ လူရိပ် တစ်ရိပ် ဆင်းသက် လာကာ၊

“ မင်းကို ရှာရ ခက်လိုက်တာ၊ မဆိုးဖူး အထွတ် အထိပ် ယန် အဆင့်က လမ်းလွဲ ကျင့်ကြံသူ ကိုတောင်၊ သတ်ပစ် နိုင်ပြီ။ ”

-ဟု ဆို လာလေသည်။

ထိုလူရိပ်မှာ ဘိုင်လိရွှမ်၏ စီနီယာ အစ်ကို ရှားယွင်ရေှာင် ဖြစ်ပြီး၊ တိမ်ယံ သုံးဆင့် ဂိုဏ်းမှ အမာခံ တပည့် တစ်ဦး ဖြစ်လေသည်။

ရှားယွင်ရှောင်မှာ တိမ်နဂါး အဆင့်တွင် (၅၇) ၌ ရပ်တည် ထားနိုင်၏။

“ ဒါက လမ်းလွဲ ကျင့်ကြံသူ တစ်ယောက် လေးပါ၊ လေလွင့် ကျင့်ကြံသူ အဆင့် မှာတောင် မရှိသေး ပါဘူး။ ”

ဘိုင်လိရွှမ်က တည်ငြိမ်စွာ တုန့်ပြန် မိလေသည်။ လမ်းလွဲ ကျင့်ကြံသူ များတွင်၊ ‘လေလွင့် ကျင့်ကြံသူ အဆင့်’ ဟု ခေါ်သော၊ အဆင့် သတ်မှတ်ချက် တစ်ခု ရှိ၏။

တိမ်နဂါး အဆင့် ကဲ့သို့ပင်၊ ၎င်း အဆင့် ဝင်သူများ သည်သာ၊ လမ်းလွဲ လောက၏ အသန် မာဆုံး ပါရမီရှင်များ ဖြစ်သည်။

“ မင်းက အရမ်း နှိမ့်ချ တက် တာပဲ။ ”

ရှားယွင်ရှောင်က ပြုံးကာ ဆို လိုက်သည်။ ဘိုင်လိရွှမ် နှင့် ပတ်သတ်၍၊ သူ့၌ အကောင်းမြင် စိတ်ရှိ၏။

ခန့်မှန်း ချက်များ အရ၊ တစ်စုံ တစ်ရာ အတိမ်း အစောင်း မရှိ ပါက၊ သွေးစွန်းသော ဧည့်ခံ ပွဲတွင် တောက်ပ နေမည်မှာ သေချာ သည်။

“ ငါ ... လင်းယွန်ကို တွေ့ခဲ့တယ်။ ”

တစ်ဖက် လူကို မြင်တွေ့ ခဲ့ရ ချိန်၌၊ တည်ငြိမ် မှုအား ဆက်ထိန်း ဖို့ရန်၊ အတော်ပင် ကြိုးစား ခဲ့ရ သည်။

သူတို့ နှစ်ဦးမှာ တစ်ဦးကို တစ်ဦး မြင်ခဲ့ ကြသော်လည်း၊ အတွေးချင်း မတူ ခဲ့ကြချေ။

ရှားယင်ရှောင်က ပြုံးပြီး၊

“ ငါ သူ့ကို မြင်ဖူး ပါတယ်၊ စိတ်မပူ ပါနဲ့၊ သူ မင်းကို အနိုင်ယူ နိုင်မယ့် နည်းလမ်း မရှိတော့ ပါဘူး၊ မင်းက တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့ တပည့် တစ်ဦး ဖြစ်လာ တာကြောင့်၊ ... ”

“ ... သူ့ထက် ပိုပြီး မြန်မြန် ဆန်ဆန် ကြီးထွား လာမှာ သေချာ ပါတယ်၊ ဒီခရီး စဉ်က မင်းကို ကျော်ကြား စေရုံသာ မကဖူး၊ ကြယ်ပုလဲ ကိုလည်း မင်းအတွက် ရည်ရွယ် ထားပါတယ်။”

ရှားယွင်ရှောင်၏ နှစ်သိမ့် ပေးမှုကြောင့်၊ ဘိုင်လိရွှမ်မှာ ငြိမ်သက် သွားပြီး၊ သက်ပြင်း တစ်ချက် ချကာ၊

“ ဒါပေမယ့် ...၊ သူ ပေးခဲ့တဲ့ ဒဏ်ရာက အရမ်း နက် လွန်းတယ်၊ အမှန်တော့ ငါ့မှာ ကြောက်စရာ ဘာမှ မရှိ ပါဘူး၊ တိမ်နဂါး အဆင့်က ကျွမ်းကျင်သူ တွေနဲ့ ယှဉ်ရင်၊ သူက ပစ်မှတ် အဆင့်မှာ မရှိ တော့ပါဘူး။ ”

“ ဒါ အမှန်ပဲ၊ သူ့ဆီ ရောက် သွားခဲ့ရင် သင်ခန်းစာ တစ်ခု သင်ပေး ရုံနဲ့ လုံလောက် ပါပြီ၊ သူ့ကို အာရုံ စိုက်မနေ ပါနဲ့ သွားရအောင်၊ အင်ပါရီယန်ရဲ့ သင်္ချိုင်းက အဝေးကြီး လိုသေးတယ်။ ”

ရှားယွင်ရေှာင်က ပြုံးကာ ပုခုံး ပုတ်လိုက် သည်။

တစ်ချိန်တည်း မှာပင် သူတို့ ပြောနေ ကြသော လင်းယွန်က၊ ရှေးဟောင်း ဂိုဏ်း တစ်ခု၏ အပျက် အစီး များထံ ရောက်ရှိ နေသည်။

ပြိုကျ နေသော အဆောက် အအုံ၏ အသွင် အပြင်မှာ ရင်သပ် ရှုမောဖွယ် ကောင်းနေမြဲ ပေပင်။

အချိန်၏ တိုက်စား မှုကို ကြံ့ကြံ့ ခံပြီး၊ အချို့သော လက်ရာ များကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့၏။

ခန်းမ တစ်ခု အတွင်းသို့ ဝင်ကာ၊ လင်းယွန်က ဓား သေတ္တာကို အောက်ချ လိုက်သည်။

ပြီးနောက် ဓားသေတ္တာအား ဖွင့်ချ လိုက်၏။ သင်းပျံ့သော ပန်း ရနံ့များ လွင့်ပျံ့ လာပြီး၊ စိတ်အား လန်းဆန်း သွားစေသည်။

မှုန်နံ့သာ ပန်းပွင့်ပေါင်း သုံးဆယ် ကျော်မှာ၊ သေတ္တာ တစ်ဝက် နီးနီး နေရာ ယူထား လေသည်။

ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်ပြီး၊ ကိုယ်ထည် ပေါ်ရှိ ရူရ် များအား စစ်ဆေး ကြည့် လိုက်၏။

ရူရ် များ သုံးပုံ တစ်ပုံ အထိ၊ လင်းလက် နေပြီ ဖြစ်သည်။ ရူရ် အကုန် လုံးသာ အသက်ဝင် လာပါက၊ စကြာဝဠာ အဆင့်သို့ ရောက်ရှိ လာမည် ဖြစ်၏။

ပန်းသင်္ချိုင်း ဓားကို စကြဝဠာ လက်နက် အဖြစ် အဆင့် မြှင့်တင် နိုင်ခဲ့ ပါက၊ သူ့အတွက် ဝှက်ဖဲ တစ်ချပ် တိုးပွား လာမည်ကို၊ သံသယ ဖြစ်စရာ မရှိချေ။

“ ရူရ် တွေ လင်းဖို့၊ သုံးပုံ နှစ်ပုံလောက် ကျန်နေ သေးတယ်၊ ငါ နည်းလမ်း ရှာရမယ်။ ”

ယင်းကို အကောင် အထည် ဖော်ရန် အတွက်၊ မှုန်နံ့သာ ပန်းများ သည့်ထက် ပို၍ လိုပေသည်။

တစ်ယောက် တည်းဖြင့် ဤပမာဏကို ရှာဖွေ ရန်မှာ ခက်ခဲလွန်း နေ သေးသည်။

လက်ရှိ အရှိန် အဟုန် အရ၊ အင်ပါရီယန် သင်္ချိုင်းထံ မရောက် ရှိမီ၊ ပန်းသင်္ချိုင်း ဓားအား၊ အဆင့်မြှင့် တင်နိုင်မည် မဟုတ်ပေ။

သို့သော် ရုတ်တရက် စိတ်ကူး အချို့ ရရှိ လာကာ၊ မျက်ဝန်းများ တောက်ပ လာ၏။ သည့်နောက် ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်သည်။

မျက်လုံး များကို ဖြည်းညှင်းစွာ မှိတ်ချ လိုက်ပြီး၊ ဓားသုတ္တန်အား ဖြန့်ကျက် မိသည်။ မူလ စွမ်းအင်များ လှိုင်းထ လာချိန်၌၊ ဓားထံ လောင်းချ လိုက်၏။

ပန်းသင်္ချိုင်း ဓား အသံမြည် လာချိန်တွင်၊ မူလ စွမ်းအင်ကို ကန့်သတ်ချက် အထိ တွန်းပို့ လိုက်ပြီး၊ မျက်လုံးများ ပြန်ဖွင့်ကာ၊ ရုတ်တရက် ကောင်းကင်ပေါ် ထိုးရွယ် ပစ်၏။

ငွေရောင် အလင်းတန်း တစ်ခု ပြေးထွက် လာပြီး၊ ကောင်းကင်ပေါ် ထိုးတက် သွားသည်။

ပန်းသင်္ချိုင်း ဓားကို အားယူ လွှဲယမ်းကာ၊ မြေကြီး ထဲသို့ ထိုးချ လိုက်၏။ ဓားကိုယ် ထည်မှာ ပြင်းထန်စွာ တုန်ခါ လာပြီး၊ စွမ်းအင် လှိုင်းများ ထုတ်လွှတ် တော့သည်။

သဏ္ဍာန်မဲ့ လှိုင်းများကြောင့်၊ အနီးရှိ အဆောက် အအုံ အချို့ ပြိုကျ လာ၏

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားရည်ရွယ် ချက်လဲ၊ ရှေးဟောင်း ရတနာ တစ်ပါး ဖြစ်ရမယ်။ ”

“ ထိတ်လန့်စရာ ကောင်းလိုက်တာ ...။ ”

“ သွား ရအောင် အဲဒီကို။ ”

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ငွေရောင် အလင်းတန်း ဆီကို လူရိပ်များ အပြေး အလွှား ရောက်ရှိ လာကြသည်။

ပတ်ဝန်းကျင် အပျက်အစီး ပုံများ အတွင်း၊ ရတနာကို လှည့်ပတ် ရှာဖွေ လိုက်ကြ၏။

ပန်းသင်္ချိုင်း ဓားမှာ၊ ခိုင်မာသော သမိုင်းကြောင်း ရှိခဲ့သည်။ ရှေးဟောင်း ရတနာ တစ်ပါး မဟုတ် ခဲ့လျှင်ပင်၊ ထိုရတနာ များနှင့် နှိုင်းယှဉ် နိုင်၏။

ထို့ကြောင့် ဤလူများ၏ အမြင်မှာ၊ မှားယွင်း သည်ဟု မဆို သာချေ။

အချိန် အနည်း ငယ် ကြာပြီးနောက်၊ ပန်းသင်္ချိုင်းဓား ထံသို့ တစိုက် မတ်မတ် ပျံသန်း လာသော လူ နှစ်ယောက်အား တွေ့လိုက် ရသည်။

နှစ်ယောက်သား အလွန် သတိထား နေကြ ဟန်ဖြင့်၊ ပန်းသင်္ချိုင်း ဓားကို တွေ့လိုက် ရသော အခါတွင်၊ မျက်လုံးများ တောက်ပ လာသည်။

သို့သော် သူတို့ နှစ်ယောက်မှာ ချက်ချင်း မလှုပ်ရှား ခဲ့ကြ ချေ။ တစ်ယောက်ကို တစ်ယောက် သတိ ကြီးစွာ လှမ်းကြည့် လိုက် သည်။

အဝါဝတ် လူငယ်မှာ အမည်ခံ အုပ်စိုးရှင် ဂိုဏ်း၏ အမာခံ တပည့် တစ်ဦး ဖြစ်ပြီး၊ အလယ် အလတ် ယန် အဆင့် ကျင့်ကြံ မှုကို ပိုင်ဆိုင် ထား လေသည်။

ကျန်တစ်ဦးမှာ လူ လတ်ပိုင်း အရွယ် လမ်းလွဲ ကျင့်ကြံ သူ တစ်ဦး ဖြစ်၏။ သူတို့ အချင်းချင်း သတိ အပြတ် မခံဘဲ၊ ပန်းသင်္ချိုင်း ဓားကို စောင်းကြည့် လာကြသည်။

အပျက် အစီး များကြောင့် အမှုန် အမွှား အချို့ ဖုံးလွှမ်း ထားသော်လည်း၊ ယင်းမှာ အပြစ် အနာ အဆာ ကင်းသော ဓားတစ်လက် ဖြစ်ကြောင်း၊ မြင် နိုင်သည်။

ဤရတနာ နှင့်ပင် လာရကျိုး နပ်ပေ၏။

နှစ်ယောက်သား စိတ် လှုပ်ရှားစွာ စောင့်ကြည့် နေချိန် မှာပင်၊ နောက်ထပ် လူ တစ်ယောက် ရှိနေ သေးကြောင်း သတိ ပြုမိ သွားသည်။

အဝါဝတ် လူငယ်က အနည်းငယ် အံ့အားသင့် သွားပြီး မျက်မှောင် ကြုတ်ကာ၊ ကြည့် လိုက်သည်။

“ မင်းက ဒီရှေးဟောင်း ဓားကို ရှာတွေ့ သူ ထင်တယ်၊ ဒါပေမယ့် မင်း အခု ထွက်သွားလို့ ရ ပြီ။ ”

သူ ပြောနေစဉ် မှာပင်၊ ပန်းသင်္ချိုင်း ဓားကို မြင်ပြီး၊ လူ အများ အပြား ထပ်မံ ရောက်ရှိ လာ၏။

“ ဒါက တကယ်ပဲ ရှေးဟောင်း ဓား တစ်လက်ပဲ။ ”

“ ဓားရည်ရွယ် ချက်က၊ နှစ်တွေ ဒီလောက် ကြာတာတောင်၊ တည်ရှိ နေတုန်းပဲ၊ ဒီဓားမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိရမယ်။ ”

“ အတိတ်က တိုက်ပွဲက တကယ်ပဲ ကြောက်စရာ ကောင်းခဲ့ လိမ့်မယ်၊ မဟုတ်ရင် အဲဒါကို တော်ဝင် အဆင့်ထိ လျှော့ချ စေမှာ မဟုတ်ဘူး။ ”

ပတ်ဝန်းကျင်၌ ဆွေးနွေး သံများ ဆူညံ လာသည်။

“ ဘာလို့ မင်းက ဒီမှာ ရှိနေ သေးတာလဲ။ ”

လင်းယွန် မလှုပ်ရှား သည်ကို မြင်သော အခါတွင်၊ လူလတ်ပိုင်း အရွယ် အမျိုးသားက ထပ်မံ ဟိန်းဟောက် လိုက်သည်။

ရတနာ အတွက် တိုက်ပွဲ မဝင်မီ၊ တက်နိုင် သမျှ၊ လူ အချို့အား မောင်းထုတ်ရန် အဝါဝတ် လူငယ်နှင့်၊ တိတ်တဆိတ် နားလည်မှု ရရှိ ခဲ့သည်။

သို့မဟုတ် ပါက တိုက်ပွဲ မည်မျှ၊ ဆင်နွှဲ ရ မည်ကို၊ မသိ နိုင်ချေ။

သို့သော် လင်းယွန်က သူတို့ နှစ်ဦးထံ မျက်နှာ မူကာ၊ ပြုံးရယ် လိုက်ပြီး၊

“ ဒီဓားကို ငါပိုင်တယ်၊ အခုလို ခေါ်လိုက် ရတဲ့ အကြောင်းရင်းက၊ မင်းတို့ အားလုံးရဲ့ အကူ အညီ လိုတာ ကြောင့်ပဲ။ ”

ရုတ်တရက် လင်းယွန်၏ စကား များကြောင့်၊ အဝါဝတ် လူငယ်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ စိတ်ရှုပ်ထွေး သွားကြ သည်။

“ ငါ့ ကို မယုံ ဖူးလား။ ”

ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်ပြီး၊ လင်းယွန်က ပြုံးကာ မေးဆက် ပြ လိုက်သည်။

ပျံဝဲ သွားသော ပန်း သင်္ချိုင်း ဓားကို ကြည့်ပြီး၊ လူလတ်ပိုင်း အရွယ် အမျိုးသားမှာ၊ ရှေ့သို့ အလျင် အမြန် ပြေးလိုက် သွားခဲ့သည်။

“ ဒီဓားက မင်း အပိုင် ဆိုရင်တောင်၊ အခု မဟုတ်တော့ ပါဘူး။ ”

“ မင်းလို ယင် အဆင့်က ပုရွတ်ဆိတ် တစ်ကောင်က၊ ဒီဓားကို ပိုင်ဆိုင်ဖို့ အရည် အချင်း မရှိဘူး။ ”

လမ်းလွဲ သိုင်းသမားက စတင် လှုပ်ရှား လာသည်နှင့်၊ အဝါဝတ် လူငယ်မှာ တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့သည်။

သူတို့ နှစ်ဦး၏ သတ်ဖြတ် လိုခြင်း၊ အရှိန် အဝါ များက လင်းယွန်ထံ ဦးတည် လာတော့ ၏။

သို့သော် ပန်းသင်္ချိုင်း ဓားမှာ၊ အလင်းရောင် တစ်ချက် လက်သွားပြီး၊ သွေးစီးကြောင်း နှစ်ခု ပန်းထွက် လာ၏။

ရင်ဘတ်ကို ဆုပ်ကိုင်လျက်၊ နှစ်ယောက်သား ပြန်လည် လွင့်စင် သွားသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ဒူးထောက် လျက် အနေ အထားဖြင့်၊ လင်းယွန်အား မယုံကြည် နိုင်စွာ မော့ကြည့် လိုက်ကြ၏။

တစ်ဖက် လူမှာ မည်သို့ တိုက်ခိုက်လိုက် သည်ကို၊ သူတို့ မမြင် လိုက်ရချေ။

ထို့နောက် လင်းယွန်က လူအုပ် ကြီးထံ ဝေ့ကြည့် လိုက်၏။ သူ့ အကြည့်ကို လက်ခံ ရရှိ သူတိုင်းမှာ၊ အရေပြားများ ယားယံ သွားလေ သည်။

“ လူတိုင်း မှုန်နံ့သာ ပန်း သုံးပွင့်ကို ချန်ထားခဲ့၊ မဟုတ်ရင် ဒီနေရာ ကနေ အသက် ရှင်လျက် ထွက်သွားဖို့ မမျှော် လင့်နဲ့၊ ပန်း မရှိတဲ့ သူတွေ ကတော့၊ သိုလှောင် အိတ်တွေ ထားခဲ့ပြီး၊ ပန်းသုံး ပွင့်နဲ့ လာပြန် ရွေးပါ။ ”

***

All Chapters