← Chapters

အမှောင် ထဲက ခြေသံ။

Vol. 43 Ch. 594

အမှောင် ထဲက ခြေသံ။

Vol. 43 Ch. 594

“ လူတိုင်း မှုန်နံ့သာ ပန်း သုံးပွင့်ကို ချန်ထားခဲ့၊ မဟုတ်ရင် ဒီနေရာ ကနေ အသက် ရှင်လျက် ထွက်သွားဖို့ မမျှော် လင့်နဲ့။ ”

မှုန်နံ့သာ ပန်း အကြောင်း လူတိုင်း သိကြ သော်လည်း၊ ၎င်း တို့ကို မည်သူမျှ ရည်ရွယ်ချက် ရှိရှိ၊ ရှာဖွေမည် မဟုတ်ချေ။

သဲ ကန္တာရ၏ နေရာ တိုင်းတွင်၊ ရှေးဟောင်း ရတနာ များကို တွေ့မြင် နိုင်သောကြောင့်၊ ပန်း တစ်ပွင့်ကို ရှာဖွေ ခြင်းဖြင့်၊ အချိန် ဖြုန်းခြင်းသာ ဖြစ်သည်ဟု ယူမိ ကြ၏။

သို့သော် သူတို့ ရှေ့ရှိ ဓားကို ကိုင်ဆွဲ ထားသော လူငယ်က၊ အလယ် အလတ် ယန် အဆင့်မှ ကျင့်ကြံသူ နှစ်ဦးကို အနိုင် ယူပြပြီး၊ မှုန်နံ့သာ ပန်း များကို ရှာဖွေရန် အတင်း အကြပ် တောင်းဆို လာခဲ့သည်။

“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ငါ တို့မှာ အဲဒီ အတွက် အချိန် မရှိဘူး။ ”

“ မင်း အတွက် မှုန်နံ့သာ ပန်း တွေကို ရှာပေး ရအောင် ငါတို့ အားလုံးက၊ အရူး တွေလို့ မင်းထင် နေလား။ ”

“ ငါတို့ရဲ့ သိုလှောင်အိတ်တွေ ထားခဲ့ ရမှာ လား၊ အိပ်မက်မက် မနေနဲ့။ ”

“ သွားရအောင် ဒီအရူးကြောင့်၊ နှောင့်နှေး မခံနဲ့။ ”

ထို့နောက်တွင် လူတိုင်း ရွေ့လျားမှု နည်းစနစ် များကို အသုံး ပြုကာ ကောင်းကင်သို့ ပျံတက် သွားကြသည်။

ဤမျှ များပြား လှသော လူအုပ်ကို၊ တစ်ဦးတည်း ခွန်အားဖြင့်၊ ဟန့်တား နိုင်လိမ့် မည်ဟု၊ မယုံ ကြည်ချေ။

“ မင်းတို့ ဒီကို ရောက်လာပြီး မှတော့ ထွက်သွားဖို့ အိပ်မက် မက်မနေနဲ့။ ”

အပြုံး တစ်ပွင့် နှင့် အတူ၊ လက်ဝေ့ ယမ်းကာ၊ သတ်ဖြတ်ခြင်း တံဆိပ်များကို ဖန်တီး လျက်ဖြင့် လင်းယွန်က ဆိုသည်။

သူတို့ အားလုံးကို ပြန်လည် ထွက်ခွာခွင့် ပြုမိခဲ့ မိသော်၊ နှမျော စရာ ကောင်းနိုင် ပေမည်။

နောက်ဆုံးတွင် ပန်းသင်္ချိုင်း ဓားဖြင့်၊ ၎င်းတို့ ရောက်ရှိ လာရန် အားထုတ် ထားခဲ့ ရခြင်း ဖြစ်သည်။

တံဆိပ်များ ထွက်ပေါ် လာ သည်နှင့်၊ သတ်ဖြတ် လိုသော ရောင်ဝါများ ချက်ချင်း ထွက်ပေါ် လာကာ၊ လူတိုင်းအား ဖုံးအုပ် ပစ် လိုက်သည်။

ထိုအရှိန် အဝါများ ဖုံးအုပ် သွား ချိန်၌၊ ပျံသန်း နေသော သူများမှာ ရွေ့လျားရန် ခက်ခဲ လာပြီး၊ စိမ့်တွင်းထဲ ထိုးကျ သွား သကဲ့သို့ ခံစား လိုက်ရ သည်။

“ ဟင့် အင်း၊ မ ဟုတ်ဘူး။ ”

“ အရမ်း လေးလာပြီ၊ ငါ လှုပ်မရ တော့ဘူး။ ”

“ သေ စမ်း ...။ ”

ပျံသန်း နေသူ တိုင်းမှာ၊ ထိတ်လန့်စွာ ရုန်းကန် လိုက်သော်လည်း၊ လွတ်မြောက် သွားခြင်း မရှိ ခဲ့ချေ။

သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု ဖြစ်ပေါ် လာ သည်နှင့်၊ လင်းယွန်က လက်သီးဖြင့် ထိုးချ လိုက်သည်။

ထွက်ပြေးရန် ကြိုးပမ်း နေသူများ အားလုံး ပြန်လည် ပြုတ်ကျ လာပြီး၊ မြေပြင် ပေါ်၌ သွေးအန် ကုန်၏။

အနားရှိ အဆောက် အအုံ များပင်၊ ထိုလက်သီး ချက်ကြောင့် ဖုန်မှုန့် အဖြစ်သို့၊ ပြောင်းလဲ သွားတော့ သည်။

ဖုန်မှုန်များ လွင့်ပါး သွားချိန်တွင်၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပို ထားသော၊ အပြာဝတ် လူငယ် တစ်ဦးက၊ ကြီးစိုးစွာ ထွက်ပေါ် လာသည်။

ဤလူငယ်မှာ လူပေါင်း များစွာကို သွေးအန် စေရန် အတွက်၊ လက်သီး တစ်ချက်သာ အသုံးပြု ခဲ့၏။

သတ်ဖြတ်ခြင်း တံဆိပ် များမှာ၊ လူတစ်ဦး အပေါ် သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို ခုနစ်ဆ တိုးစေ နိုင်သည်။

ဤသည်မှာ ဆတိုးကိန်း တစ်ခုလို တစ်မှ နှစ်၊ နှစ်မှ လေး၊ လေးမှ ရှစ် စသည့် နှုန်းဖြင့်၊ ခုနစ်ကြိမ် တိုင်တိုင် တိုးလာခြင်း ဖြစ်၏။

ထို့ကြောင့် ရှန်ရှင်း ဓားကို မဆို စလောက် ပေါင်းထည့် လိုက်ချိန်တွင်၊ မီတာ အနည်းငယ် အတွင်း လင်းယွန် ကြီးစိုးရာ နယ်မြေ ဖြစ်လာ သည်။

သို့သော် လင်းယွန်က ပေါ့ပေါ့ ပါးပါးပင် လက်သီး တစ်ချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။ ခွန်အား အပြည့် နှင့်သာ တိုက်ခိုက် လိုပါက၊ မည်သူမျှ အသက် ရှင်မည် မဟုတ်ချေ။

“ နေ ... နေပါဦး၊ ငါ့မှာ မှုန်နံ့သာ ပန်းတွေ ရှိပါတယ်။ ”

ဒူးထောက် နေသော လူလတ်ပိုင်း အရွယ် အမျိုးသားက လင်းယွန်၏ လက်သီး ချက်အား မြင်တွေ့ ပြီးနောက်၊ တုန်ယင် နေသော လက်ဖြင့်၊ မှုန်နံ့သာ ပန်း သုံးပွင့်ကို အမြန် ထုတ်ယူ ပေးလိုက်သည်။

“ မင်း ... ထွက်သွားလို့ ရပြီ။ ”

လင်းယွန်က ပြုံးကာ ခွင့်ပြု လိုက်သည်။

လူလတ်ပိုင်း အရွယ် အမျိုး သားက ချက်ချင်းပင် သက်သာရာ ရသွားကာ၊ အမြန် ထရပ် လိုက်၏။

တစ်ဖက်တွင် အဝါဝတ် လူငယ်မှာ အံကြိတ် လိုက်ပြီး၊

“ ငါ့မှာ တစ်ပွင့်ပဲ ရှိတယ်။ ”- ဟု ဆိုလိုက်၏။

“ ဒါဆို ...၊ မင်းရဲ့ သိုလှောင်အိတ်ကို ထားခဲ့ပြီး၊ ပန်းနဲ့ လာပြန် ရွေးပါ။ ”

လင်းယွန်က အဝါဝတ် လူငယ်၏ သိုလှောင်အိတ်ကို မဆိုင်း မတွ ဖြုတ်ယူ လိုက်ကာ၊ ဆိုသည်။

နိုင်ထက် စီးနင်း ဆန်သော အပြု အမူကြောင့်၊ အဝါဝတ် လူငယ်က ဒေါသ ထွက်လာပြီ၊ လင်းယွန်အား လက်ညိုးထိုး လိုက်သည်။

“ မင်း ... ။ ”

သို့သော် လင်းယွန်၏ အကြည့်ကြောင့်၊ သူ့ စကားကို ချက်ချင်း မျိုချ လိုက်ရသည် ။

“ ငါ ...၊ သူတို့ကို လိုက်ရှာ ပေးမယ်။ ”

အဆုံးတွင် သူ့ ဒေါသကို မျိုသိပ်ကာ၊ မှုန်နံ့သာ ပန်းအား ရှာဖွေရန် လက်ခံ လိုက်သည်။ ၎င်းကို လက်ခံ ခြင်းဖြင့်၊ ဒူးထောက် နေရသော အဖြစ် ဆိုးမှ လွတ်မြောက် နိုင်ပေမည်။

ထို့ပြင် ဤအတော အတွင်း၊ လင်းယွန်ကို အချိန် အတော်ကြာ တွေ့ ရ တော့မည် မဟုတ် ချေ။

အသန်မာဆုံး ကျင့်ကြံသူ နှစ်ယောက်မှ အရှုံးကို လက်ခံ လိုက်လေရာ၊ ကျန်သူများ မှာလည်း နာခံမှု ရှိရှိဖြင့်၊ မှုန်နံသာ ပန်း ရှာရန် ထွက်ခွာ သွားကြသည်။

ဤနည်းဖြင့် နှစ်ရက် အတွင်း မှာပင်၊ မှုန်နံ့သာ ပန်းပေါင်း တစ်ရာ နီးပါးကို စုဆောင်း နိုင်ခဲ့၏။

ဓားသေတ္တာကို ဖွင့်ကာ၊ ပန်းပွင့် များကို စီထည့် လိုက်သည်။ ခဏချင်း မှာပင် ပန်းရနံ့ များက၊ ပန်းသင်္ချိုင်း ဓားထံသို့ စီးဝင် လာသည် ကို မြင်လိုက် ရ၏။

“ အင်ပါရီယန် သင်္ချိုင်း မရောက် ခင်မှာ၊ မင်းက စကြာဝဠာ အဆင့်ကို ရောက်ရှိ သင့်တယ်။ ”

တောင့်တ ဟန်ဖြင့် ရေရွတ် လိုက်သည်။ ပန်းသင်္ချိုင်း ဓားအား ထိုအဆင့်သို့ မြှင့်တင် နိုင်ပါက၊ အလုံးစုံ အသွင် ပြောင်းသွားမည် ဖြစ်၏။

ထို့နောက်တွင် အလင်းတန်း အသွင် ပြောင်းလဲကာ၊ သူ ရပ်နေရာမှ ပျောက်ကွယ် သွားခဲ့ သည်။

မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြုကာ၊ စုတ်ပြတ် နေသော အဆောက် အဦး များကို နေရာ အနှံ့တွင် တွေ့မြင် နေရ၏။

လျှို့ဝှက် နယ်ပယ် များစွာတွင်၊ ဤကဲ့ သို့သော အလားတူ မြင်ကွင်း များကို၊ သူ မြင်ခဲ့ရ ဖူးပေသည်။

သို့သော် ၎င်းတို့အား မြင်ရချိန် တိုင်း၌၊ ထိတ်လန့် ခြင်းငှာ ထိန်းချုပ်ရန် မတက်နိုင် ခဲ့ပေ။

ရွှေခေတ်မှာ မည်မျှပင် တန်ခိုးကြီး လှသော်လည်း၊ အဆုံး၌ ပျက်စီး ရပေသည်။ လောက၌ မြဲသော အရာ ဟူ၍ မရှိချေ။

လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို အသုံး ပြု၍ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ အပျက် အစီး များကို ဖြတ်ကျော် သွားလိုက် သည်။

လမ်းတစ်လျှောက်၊ ပြန့်ကျဲ နေသော ကျင့်ကြံသူ များစွာကို တွေ့မြင် လိုက်ရ၏။

အချို့ နေရာ များ၌ တိုက်ပွဲ များပင် ဖြစ်ပွား နေသည်။ သို့သော် ၎င်းတို့အား လျစ်လျူရှုကာ၊ ခရီးဆက် လာမိသည်။

အပျက် အစီးပုံ တစ်ခုကို ဖြတ်ပျံ ပြီး ချိန်တွင်၊ တစ်စုံ တစ်ရာကို သတိထား မိသွား ကာ၊ မျက်နှာ ပြောင်းလဲ သွား၏။

နောက်ပြန် ဆုတ်လိုက်လျက်၊ အပျက် အစီးပုံ အနားသို့ ခုန်ဆင်း လိုက်သည်။

ပတ်ဝန်း ကျင်ရှိ သဲပြင် များက၊ အပျက် အစီးပုံ အတွင်းသို့၊ ဖြည်းညှင်းစွာ စီးဝင် နေ သောကြောင့်၊ ဂရု မစိုက်သော် သတိ ပြုမိ မည် မဟုတ်ချေ။

သူ့ ခန့်မှန်းချက်များ အရ ဤ အရာမှာ၊ မြေအောက် ဥမင် တစ်ခု ဆီသို့ ဦးတည် သွား သင့်သည်။

လက်ကို ဝှေ့ယမ်းကာ အပျက် အစီး များအား ဖယ်ရှား ပစ်လိုက်၏။ ထို့ကြောင့် မြစ်ရေများ ကဲ့သို့၊ မြေအောက် ဥမင် အတွင်း၊ စီးဝင် နေသော သဲများကို မြင်လိုက် ရသည်။

မြောက် ပင်လယ်မှာ၊ စစ်မြေပြင် ဖြစ်သောကြောင့်၊ မြေအောက် ဥမင် တစ်ခု ရှိနေ ခြင်း အပေါ်၊ အံ့သြ နေစရာ မရှိချေ။

မြေအောက် ဥမင် များ၏ သဘော သဘာဝ အရ၊ အဆောက် အဦး များဖြင့် ဆက်စပ် နေတက်ပြီး၊ ရတနာ များစွာနှင့်၊ အန္တရာယ် များ သည်လည်း၊ ယှဉ်တွဲ ရှိနေ တက်လေသည်။

ထို့ကြောင့် အနည်းငယ် တုံ့ဆိုင်း သွားမိ သည်။ ပြီးနောက်၊ ဥမင်ထဲ ခုန်ချ ပစ်လိုက်၏။ ရေတံခွန်ထဲ ထိုးကျသွား သကဲ့သို့ သဲစီးကြောင်း နှင့်အတူ မျောပါ သွားသည်။

ယင်းမှာ တည်နေရာ ပြောင်း အစီရင် တစ်ခုထဲ ဖြတ်ကျော် သွားလာ နေခြင်းဖြင့်၊ သဏ္ဍာန် တူ၏။

သဲစီးကြောင်း နှင့်အတူ ဥမင် တစ်လျှောက် မျောပါ လာစဉ်၊ မျှော်လင့် ချက်များ တဖွားဖွား ဖြစ်ပေါ် လာခဲ့သည်။

အချိန် အနည်းငယ် ကြာ ပြီးနောက်၊ သဲစီးကြောင်းမှာ အဆုံးသတ် သွားပြီး၊ မြေပြင် ပေါ်သို့ ပြုတ်ကျ လာ၏။

သဲစီးကြောင်း များမှာ ကောလဟာလ များကဲ့သို့ ဆန်းပြား လှပြီး၊ သူ့ကို မည်သည့် နေရာ ခေါ်ဆောင် လာခဲ့မှန်း မသိ နိုင်ချေ။

ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်း နေသောကြောင့်၊ အသားကျ စေရန် အချိန် တော်ယူ ခဲ့ရသည်။

အမှောင် ထဲ၌ မျက်လုံးများ ကျင့်သားရ လာချိန်တွင်၊ ပြန်လည် ပြုပြင် ထားသော သဘာဝ ဥမင် တစ်ခုအား၊ သတိ ထားမိ လာ၏။

ဥမင် နံရံ နှစ်ဖက် စလုံးကို အေးစိမ့်သော ကျောက်သား များဖြင့် ပြုလုပ် ထားပြီး၊ ပြင်ပ လေထုကို သိသိ သာသာ ဆန့်ကျင် နေသည်။

ခပ်ဝေးဝေး အရပ် ဆီမှ မှိုင်းပျပျ အလင်းရောင် အချို့ တိုးဝင် နေသည်ကို လှမ်းမြင် လိုက်ရသည်။

လက်ရှိ နေရာမှာ အရာ အားလုံး ရှုပ်ပွ နေပြီး၊ တစ်စုံ တစ်ဦးမှ ရှာဖွေ ခံထား ရသော အခန်း တစ်ခန်း ဖြစ်လေသည်။

လောလော လတ်လတ် သေဆုံး ထားပုံ ရသော ရုပ်အလောင်း နှစ်လောင်း ကိုလည်း သတိ ထားမိ လာ၏။

ယင်းကြောင့် စိတ်ပျက် ခြင်းငှာ မထိန်း နိုင်ခဲ့ချေ။ ဆိုလို သည်မှာ သူ့အတွက် ဤနေရာ တွင်၊ မည်သည့် အရာမျှ မကျန် တော့ဟု အဓိပ္ပါယ် ရလေသည်။

သို့သော် ဤအခိုက် အတန့်တွင်၊ ဝေးကွာ လှသော အရပ် ဆီမှ၊ စွမ်းအင် လှိုင်းများ အဖျားခတ် ရောက်ရှိ လာသည်။

“ ဒီမှာ လူနည်းနည်း ရှိပုံ ရတယ် …”

လင်းယွန်က တိုက်ပွဲ ဆီသို့ မျှော်ကြည့်ကာ၊ ညည်းညူ လိုက်မိ၏။

နောက်ဆုံးတွင် ဥမင် အဆုံးသို့ ရောက်ရှိ လာပြီး၊ မျက်နှာကျက်၌ ညလင်း ပုလဲ များဖြင့် အလှဆင် ထားသော ခန်းမကြီး တစ်ခုအား တွေ့ရှိ လိုက်သည်။

ခန်းမ အတွင်း၌ လူ ပေါင်းများစွာ တိုက်ခိုက် နေကြ၏။ ခန်းမ တစ်နေရာတွင်၊ အစိမ်းရောင် ကျောက်စက် ပန်းဆွဲ ကြီး တစ်ခု ရှိသည်။

ကျောက်စက် ပန်းဆွဲ တစ်ခု လုံးမှာ၊ အစိမ်း ရောင်များ တောက်ပ နေပြီး၊ ပြောင်လက်သော အရည်များ ဖြည်းညှင်းစွာ စီးကျ နေလေပြီ။

၎င်း၏ အဆုံး၌ စီးကျ လာသည့် အရည် များဖြင့် ပြည့်လျှံ နေသော၊ ကျောက်စိမ်းခွက် တစ်ခွက် ရှိသည်။

“ ပ လောက် ... ။ ”

အရည် တစ်စက် စီကြောင့် လွင့်ကန် ထွက် လာသော ရေမှုန်ရေမွှား များမှာ၊ အခန်း အတွင်း လေထု ထဲ၌ ပျံ့လွင့် နေပြီး၊ ရှုရှိုက် မိသူ တိုင်းကို လန်းဆန်း မူးဝေ လာစေ ၏။

ယင်းမှာ နက်နဲယင် ရေ ဖြစ်ကြောင်း၊ အတည် ပြုနိုင် သဖြင့်၊ လင်းယွန် မျက်ဝန်းတွင်၊ အလင်းရောင် တောက်ပ သွားသည်။

ဤသည်မှာ အင်ပါရီယန် သင်္ချိုင်း ဖြစ်နိုင် ပေမည်။ သို့သော် ယင်းကို ချက်ချင်း ငြင်းဆန် မိ ပြန်၏။

အင်ပါရီယန် တစ်ပါး၏ သင်္ချိုင်းဂူ ဆိုပါက၊ ကြောက်စရာ ကောင်းသော အရှိန် အဝါများ ရှိနေ သင့် ပေမည်။

ဖြစ်နိုင် သည်မှာ နက်နဲယင် ရေကို ပိုင်ဆိုင် ထားသော ဂိုဏ်းကြီး တစ်ဂိုဏ်း မျှသာ ဖြစ်နိုင် သည်။

အင်ပါရီယန် သင်္ချိုင်း ဂူနှင့် မယှဉ်နိုင် သော်လည်း၊ ဤဂိုဏ်း ကြီးမှာ မြင်သလောက် မရိုးရှင်း လှချေ။

“ ထွက်သွား စမ်း ...၊ နက်နဲယင် ရေကို ငါက အရင်ဆုံး ရှာတွေ့ ခဲ့တဲ့ သူပဲ။ ”

“ အမှိုက် ... မင်းက ဒီလို ရတနာကို ပိုင်ဆိုင်ဖို့၊ အရည် အချင်း ပြည့်မီ တယ်လို့ ထင်နေ လား။ ”

“ သေ လိုက် ... ။ ”

တိုက်ပွဲမှာ ပြင်းထန်သော အခြေ အနေသို့၊ ထပ်မံ ရောက်ရှိ သွားသည်။ အချင်းချင်း ကျိန်ဆဲ နေကြပြီး၊ ရက်စက် ကြမ်းကြုတ်မှု များကို ထုတ်ဖော် လာကြ ၏။

ကျောက်စိမ်း ခွက်ကို လှမ်းကြည့်ကာ၊ လင်းယွန် တစ်ယောက် အတွေးနက် သွားသည်။ အမှောင် ထဲမှ အခြေ အနေကို၊ ဆက်ပြီး စောင့်ကြည့်ရန် ရွေးချယ် လိုက်၏။

ကျောက်စိမ်းခွက်မှာ နက်နဲယင် ရေမှ သိပ်သည်းဆ ကို ခံနိုင်ရည် ရှိသောကြောင့်၊ ထူးခြားသည့် ရတနာ တစ်ခု ဖြစ်ရ ပေမည်။

အကျိုး အမြတ် အတွက်၊ ငါးစာ ချဖို့ စီစဉ် နေချိန် မှာပင်၊ တိုးညှင်းသော ခြေသံ တစ်စုံကို အဝေး ဆီမှ ကြားလိုက် ရ၏။

ထို့နောက်တွင် ခြေသံ တစ်စုံနှင့်၊ သူ့ နှလုံး ခုန်သံမှာ၊ တစ်ထပ်တည်း စည်းချက် ညီလာ၏။ တရွေ့ရွေ့ နီးကပ် လာသည်နှင့် အမျှ နှလုံး ခုန်နှုန်း သည်လည်း တိုး၍ လာ လေသည်။

အဆုံးတွင် ခြေသံ ရပ်တန့် သွားပြီး၊ နှလုံးသား တစ်ခုလုံး ပေါက်ထွက် မတက် တုန်ခါ သွားရ၏။

တစ်ချိန်တည်း မှာပင် ခန်းမ ထဲသို့၊ ကျွမ်းကျင်သူ တစ်ဦး ရောက်ရှိ လာပြီ ဖြစ်ကြောင်း၊ နားလည် လိုက်သည်။

လေးနက်သော အမူ အရာဖြင့်၊ ညင်သာစွာ ဆုတ်ခွာ မိ၏။ ဤလူကို ပို၍ သတိ ထားရ ပေမည်။

သူ့ လက်ထဲမှ နက်နဲယင် ရေများ လွတ်ထွက် သွားသည်ကို၊ သိလိုက် ရသဖြင့် ကူကယ်ရာ မဲ့စွာ ပြုံးလိုက် မိတော့သည်။

***

All Chapters