← Chapters

တိုက်ပွဲ။

Vol. 43 Ch. 595

တိုက်ပွဲ။

Vol. 43 Ch. 595

ခြေ သံများ နီးကပ် လာသည်နှင့် အမျှ၊ အမှောင် ထဲ၍သာ ဆက်နေရန် ဆုံးဖြတ် လိုက် သည်။

ကျွမ်းကျင်သူ တစ်ဦး ရောက်ရှိ လာပြီ ဖြစ်ကြောင်း၊ နားလည် လိုက်၏။ ထို့ကြောင့် လက်တစ်ကမ်း ရောက်နေသော ရတနာအား၊ နှမျော တသစွာ လှမ်းကြည့် မိသည်။

သို့သော် ခြေသံ ပိုင်ရှင်မှာ တိမ်နဂါး တစ်ကောင် ဖြစ်လျှင်ပင်၊ နက်နဲယင် ရေအား၊ စွန့်လွှတ်ရန် နည်းလမ်း မရှိချေ။

ဆုံးဖြတ် ပြီးချိန်၌၊ အခန်း ထဲသို့ လူရိပ် တစ်ရိပ် လှမ်းဝင် လာသည်ကို တွေ့လိုက် ရ၏။ ထိုလူရိပ်မှာ ကျောက်တိုင်ကြီး တစ်တိုင် ကဲ့သို့ မြင့်မားသော အရပ်မျိုး၊ ပိုင်ဆိုင် ထားလေသည်။

မီးခိုးရောင် ဝတ်ရုံဖြင့် ကြံ့ခိုင်သော အသွင် ရှိသော်လည်း၊ လေပြေ လေးညှင်းလေး များလို ညင်သာစွာ ရွေ့လျား လာခြင်း ဖြစ်၏။

၎င်း ပုံရိပ်၏ နောက်ကျောကို ကြည့်ရုံ ဖြင့်ပင်၊ မည်သူ မဆို ဖိအား များစွာ ခံစား ရမည် ဖြစ်သည်။

“ ဒါက တကယ့်ပဲ ...၊ နက်နဲယင် ရေကိုး ... ၊ ဒါပေမယ့် နှမျော စရာ ကောင်းလိုက်တာ ...။ ”

ထိုလူငယ်က ကျောက်စိမ်း ခွက်ကို ကြည့်ပြီး၊ တိုးညှင်းစွာ ရေရွတ် လိုက်သည်။

ခန်းမ ထဲရှိ ပြင်းထန်သော တိုက်ပွဲ များက၊ ထိုအသံ ကြောင့် ငြိမ်သက် သွားကာ၊ လူငယ်ထံ ပြန်လှည့် ကြည့် လာ ကြသည်။

ဂိုဏ်းသား တံဆိပ်ပင် မပါသော မီးခိုးရောင် ဝတ်ရုံကို မြင်လိုက် ရသော အခါတွင်၊ လူအုပ်မှာ မျက်ဝန်းများ အရောင်တောက် လာ၏။

“ ထွက်သွားစမ်း ...၊ ငရဲ ဆိုတာ ... ဘာလဲ မင်း သိချင် နေတာလား။ ”

“ မင်း ဘယ်သူလဲ ဆိုတာ အရေး မကြီးဘူး၊ မင်းက ငါတို့ဆီ ကနေ နက်နဲယင် ရေကို ယူချင် ရင်တော့ ... ။ ”

“ ဒီကောင့်ကို အရင် သတ်ရအောင်။ ”

လူတိုင်းက မီးခိုးရောင် လူငယ်ကို လူသေ တစ်ယောက်လို ရှုမြင်လာ ကြ၏။

ထိုလူအုပ်ကို ကျောခိုင်းကာ၊ နက်နဲယင် ရေထံ စိုက်ကြည့် နေသော မီးခိုး ရောင်၀တ် လူငယ်က၊ နှုတ်ခမ်း တွန့်ရုံ ပြုံး လိုက်လေ သည်။

ပြီး ရုတ်တရက် လှည့်ကာ၊ လက်သီးဖြင့် ထိုးချ လိုက်၏။ မူလ စွမ်းအင်များ လက်သီးကို သိုင်းခြုံ လာကာ၊ လျှပ်စီး တစ်စလို ပြေးထွက် သွားသည်။

“ သေ ကြ စမ်း ...။ ”

ရိုက်နှက်ရန် ရှေ့သို့ ပြေးတက် လာသော သိုင်းသမား ရှစ်ဦးမှာ၊ ရုတ်တရတ် ပျံသန်း နေသည့် လက်သီး ကြီးကြောင့် အံ့အားသင့် သွား ကြသည်။

ခုခံ ကာကွယ်ချိန် မရှိ တော့ဘဲ၊ သွေး မြူများ အဖြစ်သို့ ချက်ချင်း ပြောင်းလဲ ပျောက်ကွယ် သွား တော့သည်။

လက်သီး နောက်ကွယ်ရှိ စွမ်းအင် များမှာ၊ ဤမျှဖြင့် မရပ် ခဲ့ဘဲ၊ ဆက်လက် တိုးဝင် လာပြီး၊ ကျန်ရှိ နေသော လူအုပ်ကို သွေးအန်လျက် လွင့်စင် သွားစေ၏။

“ တိမ်နဂါး အဆင့် ကျွမ်းကျင်သူ။ ”

“ မြန်မြန် ... ဒီ နတ်ဆိုးက တိမ်နဂါး အဆင့် (၇၈)က မိုးကြိုး လက်ဝါး ဂိုရှု ပဲ။ ”

“ သွား ... မြန်မြန် ။ ”

အင်ပါရီယန် သင်္ချိုင်း နယ်မြေတွင်၊ တိမ်နဂါး များနှင့် တွေ့ဆုံ ရပါက၊ ချက်ချင်း လှည့်ပြေးရန် သူတို့ကိုယ် သူတို့၊ အမြဲတမ်း သတိ ပေးနေ ခဲ့ဖူးသည်။ သို့မဟုတ် ခဲ့သော် ရလဒ်မှာ၊ မပြောင်း လဲသော သေခြင်းသာ ဖြစ်၏။

ဂိုရှုမှာ သတ်ရန် ရည်ရွယ်ချက် မရှိ သောကြောင့်၊ ကျန်ရစ် သူတိုင်း အသက် ရှင်လျက် လွတ်မြောက် သွားကြ၏။

တိမ်နဂါး အဆင့် ပါရမီရှင်၊ တစ်ဦး အနေဖြင့် ပုရွက်ဆိတ် များကို သတ်ခြင်းဖြင့်၊ ဂုဏ်ယူ နေစရာ ရှိမည် မဟုတ်ချေ။

ထို့ထက် ပို၍ ခိုင်မာသော အကြောင်း ပြချက်မှာ၊ တစ်စုံ တစ်ယောက် ရောက်ရှိ လာခဲ့ သောကြောင့်၊ ဖြစ်သည်။

ထပ်မံ ရောက်ရှိလာ သူမှာ၊ ဓား သေတ္တာ တစ်လုံးကို ထမ်းပိုးပြီး၊ ဟောင်းနွမ်း နေသော အပြာရောင် ဝတ်ရုံအား ဆင်မြန်း ထားလေ သည်။

ထို့ပြင် တစ်ဖက် လူထံမှ လာသော အရှိန် အဝါမှာ၊ သူ့အား အနည်းငယ် စိတ်အနှောက် အယှက် ဖြစ်စေ သည်ကို၊ ဝန်ခံ ရပေမည်။

ရင်ဘက် ပေါ်ရှိ ဂိုဏ်း တံဆိပ်ကို အကဲခတ် ပြီးနောက်၊ မျက်မှောင်ကြုတ် လိုက်၏။ ယင်းကို မသိ သော်လည်း၊ တိမ်နဂါး အဆင့်မှ ပါရမီရှင် တစ်ဦး မဟုတ်ကြောင်း၊ သူပြော နိုင်သည်။

“ တိမ်းနဂါး တွေနဲ့ တွေ့ရင်၊ ချက်ချင်း ထွက်ပြေး ရမယ် ဆိုတာ၊ မင်းရဲ့ စီနီယာ တွေက သတိ မပေးခဲ့ ဖူးလား၊ ဘယ်က လာလဲ ဆိုတာ ပြောပါ၊ မင်း အသက်ကို လွှတ်ပေးဖို့၊ ငါစဉ်းစား ပေးမယ်။ ”

ယင်းမှာ အဓိပ္ပါယ် ရှိပေ၏။ ယန်အဆင့် ၌ပင် မရှိသော တစ်စုံ တစ်ယောက် အပေါ်၊ မည်သူ မဆို ယဉ်ကျေး နေမည် မဟုတ် ချေ။

“ မင်း စိတ်ပျက်သွား မှာကို ငါ ကြောက် မိတယ်၊ ငါက အုပ်စိုးရှင် ကိုးပါးနဲ့ မပတ်သတ် ပါဘူး၊ ဒါပေမယ့် မင်းစိတ်ဝင် စားရင်တော့ စမ်းကြည့် လို့ ရတယ်။ ”

လင်းယွန်က တည်ငြိမ် စွာဖြင့် ပြန်ဖြေ လိုက်၏။ တိမ်နဂါး များ မည်မျှ အစွမ်း ထက် မည်ကို သူလည်း သိချင် ပေသည်။

အဆိုပါ တုန့်ပြန် မှုကြောင့်၊ ဂိုရှု တစ်ယောက် အံ့သြ သွားရသည်။ တစ်ဖက် လူမှာ သူ့အား တိမ်နဂါး အဆင့်မှ၊ ပါရမီရှင် တစ်ဦး ဖြစ်မှန်း၊ ရှင်းရှင်း လင်းလင်း သိရှိ ထားသည်။

သို့သော် သူ့ကို ရင်ဆိုင်ရန် ယုံကြည်ချက် နေဆဲ ပေပင်။ ကြည့်ရ သည်မှာ သည်လူ၌ ဝှက်ဖဲ အချို့ ရှိနေပုံ ရ၏။

အချက် အလက်များ အပေါ်၊ လျင်မြန်စွာ သုံးသပ် ဆင်ခြင် လိုက်ပြီးနောက်၊ လင်းယွန်ကို တစ်ချက် ပြန်ကြည့် မိသည်။

ဤသည်မှာ အမှန် ဖြစ်နိုင်၏။ ထို့ကြောင့် ခေါင်းညိတ်ကာ၊

“ ငါ့ လက်ဝါးကို ယူ ...။ ”

-ဟု ဆိုပြီး၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေသော လက်ဖဝါးဖြင့်၊ ရုတ်တရက် ရိုက်ချ လိုက်သည်။

ဝှက်ဖဲများ ရှိနေခဲ့ လျှင်ပင်၊ သည်လက်ဖဝါး အောက်၌ အသက်ရှင် နိုင်မှသာ၊ စကားဆက် ပြောရန် အရည် အချင်း ပြည့်မှီ နိုင်၏။

ကောင်းကင်မှ စွမ်းအင် လက်ဖဝါးကြီး ကျဆင်း လာချိန်တွင်၊ ခန်းမထဲ လျှပ်စီးများ လက်စ ပြုလာပြီး၊ ကြမ်းပြင် အနှံ့ အက်ကြောင်း များစွာ ဖြစ်ပေါ် လာခဲ့သည်။

ယင်းမှာ အလယ် အလတ် ယန်အဆင့်ရှိ၊ တစ်ဦး တစ်ယောက်၏ အသက်အား ချက်ချင်း နှုတ်ယူ နိုင်သည်။

ပြိုင်ဘက် လက်ဖဝါး ချက်ကြောင့်၊ လေပြင်းများ ဖြစ်ပေါ် လာပြီး၊ လင်းယွန်၏ ဆံပင် များကို ဝဲပျံ လာစေသည်။

ပါးပြင် ပေါ်၌ အနည်းငယ် စပ်ဖျင်းဖျင်း ခံစား လိုက်ရ သော်လည်း၊ ကြံ့ကြံ့ခံ နေခဲ့သည်။

တစ်စုံ တစ်ယောက် အမြင်၌၊ ပြိုလဲ တော့မည့်၊ သစ်ခြောက်ပင် တစ်ပင် ကဲ့သို့၊ ထင်မြင် လာစေ၏။

သို့သော် သူ့ အကြည့် များမှာ၊ ယခင် ကထက် ပို၍ စူးရှ လာပြီး၊ ရေှးဟောင်း သားရဲကြီး တစ်ကောင် အသွင်၊ ကြမ်းရှသော အငွေ့ အသက်များ ထုတ်လွှတ် လိုက်သည်။

ကြမ်းရှသော စွမ်းအင်နှင့် ဓားရည် ရွယ်ချက် ပေါင်းစပ် သွားချိန်တွင်၊ လက်ဖဝါး ကြီးကို၊ ရင်ဆိုင်ရန် မျက်နှာ မူ လိုက်၏။

ထို့နောက် လက်သီးနှင့် လက်ဖဝါး တွေ့ဆုံ သွားပြီး၊ ခန်းမ အတွင်း၌ ပေါက်ကွဲ သံများ ဆူညံ လာကာ၊ နံရံ အနှံ့ အက်ကွဲကြောင်း များ ပြန့်ကျဲ သွားသည်။

နှစ်ယောက်သား ခြေလှမ်း များစွာ ဆုတ်ခွာ လိုက်ရ ပြီးနောက်၊ အသက်ပြင်းပြင်း ရှူရှိုက် လိုက်ကြ ၏။

ဂိုရှုက ထိတ်လန့် စွာဖြင့် ပြိုင်ဘက်ကို၊ ပြန်ကြည့် လိုက်သည်။ တစ်ဖက် လူ၏ လက်သီးတွင် ဓား ရည်ရွယ်ချက်၊ ရုပ်ခွန် အားနှင့်၊ မူလ စွမ်းအင် တို့ကို ကောင်းစွာ ပေါင်းစပ် ထားနိုင်သည်။

ဤနည်းဖြင့် ကျင့်ကြံမှု ကွာဟ ချက်ကို အမှီလိုက်နိုင် ခဲ့၏။ သို့မဟုတ် ပါက သူ၏ လက်ဖဝါးကို ရင်ဆိုင် နိုင်စရာ၊ နည်းလမ်း မရှိ ချေ။

ထို့ကြောင့် စိုးထိတ် လာပြီး၊ ပြိုင်ဘက်ကို အသက် ရှင်ခွင့် ပေးရန် မဖြစ် နိုင်တော့ကြောင်း၊ သိလာ ရသည်။

ယခု ချိန်၌ မသတ် ခဲ့ပါက၊ အနာဂါတ်တွင် ကပ်ဆိုး တစ်ခု ဖြစ်လာ နိုင်ပေမည်။

“ မင်း သေ စမ်း ...။ ”

ဝန်းကျင်ရှိ လူသတ် လိုသော ဆန္ဒများ ပွက်ပွက် ဆူလာ သည်နှင့် အမျှ၊ ဂိုရှုမှာ ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင် အသွင်၊ ပြောင်းလဲ လာတော့သည်။

ရေှ့ တစ်လှမ်း လှမ်းယူ လိုက်ရုံဖြင့်၊ ကြမ်းပြင် တစ်ခုလုံး တုန်ခါ သွားရ၏။ ထို့နောက်တွင် လင်းယွန်ထံ ဦးတည်ကာ၊ လက်ဝါး ချက်များ ရိုက်ထုတ် လာလေသည်။

၎င်းလက်ဝါးမှာ ရိုးရှင်း လွန်း သော်လည်း၊ ပေါ့ပေါ့ တန်တန် ရင်ဆိုင် မိပါက၊ အထွတ်အထိပ် ယန် အဆင့် သည်ပင်၊ ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရနိုင် ပေမည်။

ပြင်းထန် လွန်းသော လေပြင်း များကြောင့်၊ လင်းယွန် တစ်ယောက် အချိန် မရွေး လွင့်ထွက် သွားတော့ မည်ဟု ထင်မြင် လာစေသည်။

ဓား ဆွဲခြင်းဖြင့်၊ ဤလက်ဝါး အပေါ်၊ အလွယ် တကူ ဖြေရှင်း နိုင်၏။ သို့သော် ပန်းသင်္ချိုင်း ဓားမှာ၊ အဆင့် မြှင့်တင်ခြင်း လုပ်ငန်း စဉ်၌၊ နစ်မြုပ် နေဆဲ ဖြစ်သောကြောင့်၊ ထိုအတွေးအား လွှတ်ချ လိုက်ရသည်။

၎င်းကို နှောက်ယှက် ခဲ့ပါက၊ ကြိုးစားထား သမျှ အရာ အားလုံး၊ မြောင်းထဲ ရောက်သွား ပေ လိမ့်မည်။

တစ်ဖက်တွင် ဓား မဆွဲဘဲ၊ အဆိုပါ လက်ဝါးကို တားဆီးရန် မဖြစ် နိုင်ကြောင်း သူ သိသည်။

ထို့ကြောင့် နီးစပ်ရာ အဝတ်စုတ် တစ်ထည်ကို ဆွဲယူ လိုက်ပြီး၊ ရုတ်တရက် ရင်ဆိုင် မိ၏။

မူလ စွမ်းအင်ကို အဝတ်စုတ် အတွင်း၊ လောင်းထည့် လိုက်သည်နှင့်၊ ချက်ချင်း ဆန့်ထွက် သွားကာ၊ ဂူရှုထံ ပြေးဝင် သွားသည်။

“ ချွမ် ... ။ ”

အထည် တစ်စ ဖြစ်ကြောင်း၊ ထင်ရှားနေ သော်လည်း၊ ၎င်းကို ထိုးသွင်း လိုက်သော အခါ ဓား တစ်လက် ကဲ့သို့၊ အသံ ထွက်ပေါ် လာ၏။

ထို့ကြောင့် ခန်းမကြီး ထဲတွင်၊ ဓား ရောင်ခြည်များ ချက်ချင်း ပျံ့ကျဲ လာတော့ သည်။

လက်ဝါးအား တောင်ကြီး တစ်လုံးဖြင့်၊ ခိုင်းနှိုင်း ရပါက၊ အဝတ် စုတ်မှာ အရာ အားလုံး အပေါ်၊ ဖောက်ထွင်း ဝင်ရောက် နိုင်သော၊ ‘လ’ ရောင်ခြည်များ အဖြစ် ဆိုရ ပေမည်။

ပေါက်ကွဲ သံကြီး ထွက်ပေါ် လာ ပြီးနောက်၊ ၎င်းတို့ နှစ်ဦးမှာ နောက်ပြန် ဆုတ်လိုက် ရ၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လှုပ်ရှားမှုပေါင်း ဆယ်ကြိမ် တိတိ ထပ်မံ၊ ဖလှယ် လိုက်ကြသည်။

တစ်စထက် တစ်စ ပို၍ ပြင်းထန် လာပြီးနောက်၊ များ မကြာခင် လင်းယွန် လက်ထဲရှိ အဝတ် စုတ်မှာ၊ အပိုင်းပိုင်း ကွဲထွက် သွား၏။

ပေါက်ကွဲ မှုများ ဆီမှ တုန်လှုပ်ဖွယ် လှိုင်းများကြောင့်၊ နှစ်ယောက်သား ပြိုင်တူ နောက်ပြန် ဆုတ်လိုက် ရသည်။

ဂိုရှု ခန္ဓာ ကိုယ်တွင် ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေပြီး၊ လက်ရှိ အသွင် အပြင် အရ၊ ကြောက်မက်ဖွယ် ကောင်းနေ လေသည်။

သို့သော် ဒဏ်ရာ အားလုံးမှာ၊ အပေါ်ယံ ပြတ်ရှရာ များသာ ဖြစ်ပေသည်။

တစ်ဖက်တွင် သွေးများ ယိုစီးကျ နေသော ညာလက် အပေါ် လျစ်လျူရှုကာ၊ လင်းယွန်က မြဲမြံစွာ ရပ်နေ၏။

အဝတ်စုတ် ဆိုသည်မှာ၊ အဝတ်စုတ် တစ်ခု မျှသာ ဖြစ်လေပြီ။ ဓား တစ်လက်ဖြင့် ယှဉ်နိုင် စရာ၊ နည်းလမ်း မရှိပေ။

ထို့ကြောင့် ပြိုင်ဘက်ကို နှိမ်နှင်း လိုပါက၊ ဝှက်ဖဲ အချို့အား ထုတ်ယူ ရပေမည်။

ဂိုရှု ဆိုသူမှာ တိမ်နဂါး တစ်ကောင် ဖြစ်သောကြောင့်၊ သူ နှစ်ဦးကြား ကွာခြား ချက်သည်၊ ကျင့်ကြံမှု တစ်ခုတည်း မဟုတ်ချေ။

လင်ယွန် တစ်ယောက် အံ့သြ နေစဉ် မှာပင်၊ ဂိုရှု သည်လည်း တုန်လှုပ် သွားရ၏။

အထွတ် အထိပ် ယင်အဆင့် တွင်သာ ရှိသော၊ တစ်စုံ တစ်ဦး အနေဖြင့်၊ ဤမျှ အထိ တွန်းပို့ နိုင်စရာ နည်းလမ်း မရှိချေ။

သူ ဆိုသည်မှာ လင်းယွန် ကဲ့သို့၊ လူ ဆယ်ယောက် ရှိလျှင်ပင်၊ အလွယ် တကူ ကိုင်တွယ် ဖြေရှင်း နိုင် သော၊ တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦး ဖြစ်သည်။

ဤသည်ပင် တစ်ဖက် လူအား သတ်ရန်၊ ဆုံးဖြတ် ချက်အား ပို၍ ခိုင်မာ လာစေ၏။ သို့သော် ပြိုင်ဘက်မှာ ဝှက်ဖဲများ မသုံး ရသေး ကြောင်းကို၊ သတိရ လာ မိပြန်သည်။

တစ်ချိန်လုံး ထမ်းပိုး ထားသော ဓား သေတ္တာ ကိုပင်၊ လုံးဝ မထိ ခဲ့ချေ။

အထူး သဖြင့် နက်နဲယင် ရေကို ရယူ ပြီးနောက်၊ အင်ပါရီယန် ဂူ မရောက်ခင်၊ ပွဲပန်း သွားမည် ကိုလည်း စိုးရိမ်မိ လာ ပြန်၏။

ဂိုရှု တစ်ယောက် အရာရာ အပေါ်၊ ချင့်ချိန် တွက်ဆ နေဆဲ မှာပင်၊ ခန်းမထံ လျှောက်လှမ်း လာသော ခြေသံ တစ်စုံကို ကြားလိုက် ရသည်။

ဤမျှ လက်လွတ် စပယ် နိုင်လွန်းသော ခြေသံမျိုး အရ၊ တိမ်နဂါး အဆင့် ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း၊ သူပြော နိုင်၏။

ထို့ကြောင့် နှစ်ယောက်သား၊ မျက်နှာများ ချက်ချင်း ပြောင်းလဲ သွားတော့သည်။

***

All Chapters