မျက်လုံးစိမ်း ဖုတ်ကောင်များ။
Vol. 43 Ch. 596
ခြေသံ နီးကပ်လာ သည်နှင့် အမျှ၊ ဂိုရှုမှာ ပို၍ တွေဝေ လာ၏။
လင်းယွန်နှင့် ဆက်လက် တိုက်ပွဲဝင် နေပါက၊ ဤခြေသံ ရှင်ကို အခွင့် အရေး ပေးရာ ရောက်ပေမည်။
နောက်ဆုံးတွင် တိမ်နဂါး အဆင့်ရှိ၊ ပါရမီရှင် များမှာ မည်သူမျှ ရက်ရက် ရောရော၊ ယဉ်ကျေး နေလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် လင်းယွန်ကို သတ်ချင် သော်လည်း၊ ယခု ချိန်၌ မဖြစ် အောင့်အည်း သည်းခံ ထားရ ပေတော့မည်။
ခြေသံ ပိုင်ရှင်မှာ ဂိုရှုထက် အားနည်းမည် မဟုတ်ကြောင်း၊ လင်းယွန် ပြောနိုင်၏။ ၎င်းတို့ နှစ်ဦးသာ လက်တွဲရန် ဆန္ဒ ရှိနေ ပါက၊ ဒုက္ခ ရောက်ရ ပေလိမ့်မည်။
သို့သော် တိမ်နဂါး များမှာ သူတို့ကိုယ် သူတို့၊ လူ တကာထက် သာလွန် သည်ဟု၊ အမြဲတမ်း ခံယူ ထား တက်ကြ၏။
ဤသို့ မောက်မာ လွန်းသော ခံယူချက် များကြောင့်၊ အဆင့် မရှိသူ တစ်ဦးကို ဖြေရှင်း ရန်၊ သဘာဝ အတိုင်း လက်တွဲမည် မဟုတ်ချေ။
ယင်းမှာ ဂုဏ်ယူဖွယ် လုပ်ရပ် မဟုတ်ကြောင်း၊ လူတိုင်းပြော နိုင်သည်။ သို့သော် ယုတ္တိ ဗေဒ ကျသော တွေးခေါ် ဆင်ခြင် မှု များကို ခဏ ဘေးချိတ်ကာ၊ အဆိုးဆုံး အတွက် ပြင်ဆင် မှုများ ပြုလုပ် လိုက်၏။
နှစ်ဦးသား လက်ချင်း ချိတ်ခဲ့ လျှင်ပင်၊ နက်နဲယင် ရေကို စွန့်လွှတ် နိုင်မည် မဟုတ် ကြောင်း၊ သေချာ လေပြီ။
ဤအခိုက်တွင် လင်းယွန်ကို အကဲခတ် နေသော ဂိုရှု၏ မျက်လုံးများ တောက်ပ လာပြီး၊
“ မင်း ဘယ်သူလဲ ဆိုတာ ငါသိပြီ၊ မင်းက ပန်းသင်္ချိုင်း ဓားသမား လင်းယွန်ပဲ။ ”
-ဟု ဆိုလိုက်၏။
လင်းယွန်က နှုတ်ဆိတ်ကာ၊ အဖြေပြန် မပေးခဲ့ချေ။ အရာရာကို တွက်ဆ နေမိသည်။
“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ဓားတာအို အပေါ် ခရီးရောက် နေတဲ့သူ သိပ်မရှိ ပါဘူး၊ မင်းရဲ့ အသက် အရွယ်နဲ့ ကျင့်ကြံမှု အရ၊ ဆောင်းကျန်ကို အနိုင်ယူ နိုင်ခဲ့တဲ့ ပန်းသင်္ချိုင်းက လွဲလို့၊ အခြားသူ မဖြစ် နိုင်ဘူး။ ”
ဂိုရှုက ယုံကြည်ချက် ရှိရှိ ပြုံးကာ ဆို၏။
“ မင်းကို သိစေတဲ့ အတွက်၊ ငါ့ကိုယ်ငါ ဂုဏ်ယူ မိပါတယ်။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“ ဒါပေမယ့် ငါ့ကို မင်းရဲ့ ဓားရည်ရွယ် ချက်နဲ့ အနိုင်ယူ နိုင်မယ်လို့၊ ထင်နေရင် မင်းက ‘နုံအ’ လွန်းတယ် လို့ပဲ သတိပေး ပါရစေ။ ”
သို့သော် ဂိုရှုမှ ခေါင်းယမ်းကာ၊ နှိမ့်ချ စကား ဆိုလာ၏။
“ အင်း ... ၊ ငါလည်း အဲ့ဒီလို မြင်ပါတယ်။ ”
လင်းယွန်က ပြုံးလိုက်သည်။ ဂိုရှုကို အနိုင်ယူ ရာတွင်၊ ရှန်ရှင်း ဓားကို အသုံး ပြုရန် စိတ်ကူး မရှိ ချေ။
သို့သော် ဂိုရှု မသိသော အရာမှာ၊ ပြီးပြည့် စုံနေသော ရှန်ရှင်း ဓား၏ စွမ်းအား ဖြစ်သည်။ ထို့အပြင် ဓားရည်ရွယ် ချက်မှာ၊ သူ၏ တစ်ခု တည်းသော ဝှက်ဖဲ မဟုတ်ပေ။
နှစ်ယောက် စလုံးက တစ်ယောက်ကို တစ်ယောက် ရှိန်နေ ကြပြီး၊ ပြိုင်ဘက်၏ အစွမ်း အစအား၊ အသိ အမှတ်ပြု မိသည်။
တစ်ချိန် တည်း မှာပင် သူတို့ စောင့်မျှော် နေသော ခြေသံက၊ ပို၍ ကျယ်လောင် လာ၏။ နောက်ဆုံး၌ ရပ်တန့် သွားတော့သည်။
“ သူ ပဲ။ ”
အသစ် ရောက်ရှိ လာသော ခြေသံ ရှင်ကို မော့ကြည့် လိုက်ပြီး၊ ဂိုရှု မျက်နှာမှာ ပြောင်းလဲ သွားသည်။
“ ကြက်သွေးရောင် ကြာပွတ် သခင် ယန်းဖန်။ ”
ဂိုရှု ထံမှ အသိ အမှတ် ပြုသံကြောင့်၊ လင်းယွန်က လှည့်ကြည့် လိုက်သည်။ မိုလင်း ထံမှ ဤအမည်ကို ကြားထား ဖူးပေ၏။
ယန်းဖန်မှာ မိုးပြာ စီရင်စုရှိ၊ ကြက်သွေးရောင် ဂိုဏ်း၏ ပထမ တပည့် ဖြစ်သည်။
၎င်းတို့မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ ကြာပွတ် များကို ကျွမ်းကျင်စွာ အသုံးပြု နိုင်သည့် တစ်ခုတည်းသော ဂိုဏ်း ပေပင်။
ယန်းဖန်မှာ တိမ်နဂါး အဆင့် (၆၇)တွင် ရပ်တည် နိုင်ခဲ့ပြီး၊ ဂိုရှုထက် အနည်းငယ် အားကောင်း ၏။
သွယ်လျသော ကိုယ်ဟန်ဖြင့်၊ မျက်ဝန်းများမှာ မြွေတစ်ကောင် ကဲ့သို့ စူးရှ ပေသည်။
ယန်းဖန်က ခန်းမ အဝင် ဝတွင် ရပ်လိုက်ပြီး၊ အနီရောင် ကြာပွတ် တစ်ချောင်းကို ခွေလျက် ဆုပ်ကိုင် ထားသည်။
အခန်း အတွင်း တိုက်ပွဲ ဖြစ်ထား ပုံရ သောကြောင့်၊ လင်းယွန်နှင့် ဂိုရှု တို့ကို တစ်ချက် ကြည့်ကာ၊ နက်နဲယင် ရေထံသို့ ခေါင်းမော့ သွား၏။
“ ဂိုရှု ...၊ မင်း တကယ်ပဲ ယင် အဆင့်က၊ ပုရွတ်ဆိတ် တစ်ကောင် ကိုတောင်၊ မကိုင်တွယ် နိုင်ဖူးပဲ၊ သူ့ကို ဝေစု ပေးမို့လား။ ”
“ ဟုတ်တယ် ...၊ သူ ဝေစု ရသင့်တယ်။ ”
“ ဘာကို အခြေ ခံပြီး၊ သေချာ နေရ တာလဲ။ ”
“ သူ့မှာ ရှန်ရှင်းဓား ရှိတယ်၊ အင်ပါရီယန် သင်္ချိုင်း မရောင်ခင်၊ လက်သွေးဖို့ ဆန္ဒ ရှိနေတယ် ဆိုရင်တော့၊ မင်း စမ်းကြည့်လို့ ရတယ်။ ”
ဂိုရှုက ပြုံးကာ ဆိုလိုက်သည်။
“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ ဒါဆို ငါတို့ သုံးယောက် ခွဲယူ လိုက် ရအောင်။ ”
ယန်းဖန်က ပြတ်သားစွာ တုန့်ပြန် လိုက်သည်။ တစ်ဖက် လူတွင် ရှန်ရှင်းဓား ရှိကြောင်း အတည်ပြု ပြီးနောက်၊ ချက်ခြင်းပင် ဆုံးဖြတ်ချက် ချနိုင် ခဲ့သည်။
သို့သော် လင်းယွန်ကို ကြည့်ပြီး၊ မယုံကြည် နိုင်သေးပေ။ ငယ်ငယ် ရွယ်ရွယ်ဖြင့် ဓားတာအို၌၊ ဤမျှ ခရီးရောက် နေသူမျိုး တွေ့ရှိရန် ရှားချေပြီ။
လင်းယွန် မှာမူ သဘာဝ အတိုင်း၊ သဘော တူ လိုက်၏။ သူ့ အတွက်သာ လုံလောက် ပါက၊ နက်နဲယင် ရေ အားလုံးကို မလို အပ်ချေ။
ထို့နောက်တွင် သုံးယောက်သား ပုလင်း ကိုယ်စီ ထုတ်ယူကာ ခွဲဝေ လိုက်ကြသည်။
ဤအတော အတွင်း ဂိုရှုနှင့် ယန်းဖန်မှာ၊ မနာလို စိတ်ဖြင့်၊ လင်းယွန်အား ကြည့်နေ မိ၏။
နောက်ဆုံးတွင် သူတို့ နှစ်ယောက် အနေဖြင့်၊ ယန်အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်ရာ၊ တိုက်ရိုက် အကျိုး မရှိ နိုင်တော့ချေ။
အခြားသော အရင်း အမြစ်များ ဖြင့်သာ လဲလှယ် နိုင်မည်။ တစ်ဖက်တွင် လင်းယွန်မှာ၊ အသုံး ပြုရန်၊ အသင့် လျော်ဆုံး ဖြစ်နေ ချေ သည်။
၎င်းကို သန့်စင် ခြင်းဖြင့်၊ အုပ်စိုးရှင် အင်အားစု အသီးသီး၏ အထက် တန်းစား တပည့်များ ကိုပင် ချန်ထား နိုင်မည် ဖြစ်သည်။
ဥပမာ အားဖြင့် လက်ရှိ ဂိုရှုကို၊ မကြာခင် နောက်တွင် ထားခဲ့ နိုင်မည်မှာ၊ သေချာသည်။
၎င်းကို သန့်စင် ပြီးနောက်၊ လူသစ် တစ်ယောက်လို ပြန်လည် မွေးဖွား လာမည်ကို ဂိုရှု သိသည်။
သို့သော် လင်းယွန်ကို သတ်ရန်မှာ ထင်သလောက် မလွယ် ကူသောကြောင့်၊ သူ့ကိုယ် သူသာ သနား နေမိသည်။
နက်နဲယင် ရေကို ခွဲဝေပြီး ချိန်တွင်၊ လင်းယွန်က လှည့်ကာ ထွက်သွား မိ၏။ ဤလူ နှစ်ယောက် အပေါ်၊ သတိ ထားနေ ရသည် ဖြစ်ရာ၊ အခန်း ထဲ၌ ဆက် မနေချင် တော့ချေ။
“ နေ ပါ ဦး။ ”
ရုတ်တရက် ဟန်တား သံကြောင့်၊ အခန်းဝ ရောက်နေပြီ ဖြစ်သော လင်းယွန်က ရပ်လိုက် သည်။
ရုတ်တရက် ဆိုလာသော ယန်းဖန်ကို တစ်ချက် ကြည့်ကာ၊ ဂိုရှု၏ အငွေ့ အသက်များ ပြောင်းလဲ သွားသည်။
အခန်း အတွင်း လေထုမှာ ချက်ချင်းပင် တင်းမာ လာ၏။ ယန်းဖန်သာ လင်းယွန်ကို တိုက်ခိုက် ခဲ့ပါက၊ သူ့ အတွက် သတင်းကောင်း ပေပင်။
“ ဘာ အတွက် လဲ။ ”
လင်းယွန်က လှည့် မကြည့်ဘဲ၊ တည်ငြိမ်စွာ ပြန်မေး လိုက်သည်။
“ ရှန်ရှင်း ဓားကို ဆုပ်ကိုင် ထား နိုင်မှတော့၊ မင်းက လင်တွဲဖို့ အရည် အချင်း ပြည့်မီပါတယ်၊ ဒီမှာ ရှေးဟောင်း နည်းစနစ်တွေ ထားတဲ့ မြေအောက် ခန်း တစ်ခန်း ရှိတယ်၊ မင်းစိတ်ဝင် စားလား။ ”
ယန်းဖန်က စူးစမ်း ဟန်ဖြင့် မေးလာ၏။
“ ဒါက လမ်းဆုံး နေပြီ မဟုတ်လား၊ ဒီမြေအောက် နန်းတော်ကို ဘယ်မှာ ရှာရ မှာလဲ။ ”
အံ့ဩ သွားဟန်ဖြင့်၊ ဂိုရှုက မျက်ခုံး ပင့်ကာ၊ ပြန်မေး လိုက်သည်။ ပို၍ သေချာအောင် အခန်း အတွင်း ဝေ့ကြည့် လိုက်၏။
“ ဟား ...ဟား ... ဟား ...၊ ဒါက အဆုံးသတ် နေပြီ ထင်လို့လား။ ”
“ ရွှပ် ..... ။ ”
ယန်းဖန်က ရယ်မော လာပြီး၊ လက်ထဲရှိ ကြာပွတ်ကို နံရံဆီ ဦးတည် ရိုက်ချ လိုက်သည်။
ပေါက်ကွဲ သံကြီး ထွက်ပေါ် လာကာ၊ နံရံကို ဖုံးအုပ် ထားသော ဝိညာဉ် ရေးရာ အစီရင်များ လင်းလက် သွားလေပြီ။
အချိန် ကြာလာ သည်နှင့် အမျှ၊ အစီရင်မှာ အားနည်း လာသော်လည်း၊ ယန်းဖန်က ကြာပွတ် ရိုက်ချက် များကို လျော့မချ ခဲ့ချေ။
“ ရွှပ် ရွှပ် ရွှပ် ..... ။ ”
ကြာပွတ် နောက်ကွယ်မှ စွမ်းအားကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် တိတ်တဆိတ် တုန်လှုပ် နေမိသည်။
ယန်းဖန်၏ မူလ စွမ်းအင်မှာ၊ သူ့ထက် အားကောင်း ပေ၏။ ဓား ရည်ရွယ် ချက်များ ပေါင်းထည့်ကာ၊ ရင်ဆိုင် ရလျှင်ပင်၊ ၎င်းကို အနိုင်ယူ နိုင်ရန် ယုံကြည်ချက် မရှိချေ။
“ ငါနဲ့ လိုက်ခဲ့။ ”
အစီရင် ပေျာက်ကွယ် သွားချိန်၌၊ လျှောက်လမ်း တစ်ခု ထွက်ပေါ် လာပြီး၊ ယန်းဖန်က ဦးဆောင် ဝင်ရောက် သွားသည်။
“ ဒီလို မြေအောက် နန်းတော် တွေမှာ၊ ရုပ်သေး ရုပ်တွေ သေချာပေါက် ရှိလိမ့်မယ်၊ မင်းတို့ နှစ်ယောက် သတိထား၊ ... ”
“ ... ဓားရည်ရွယ် ချက်က ဒီရုပ်သေး တွေနဲ့ ရင်ဆိုင်ဖို့ အဆင်ပြေ ပေမယ့်၊ မင်း အတွက် ကတော့ ဒါကို ကျော်ဖြတ် နိုင်ပါ စေလို့ပဲ၊ ဆုတောင်း ပေးနိုင်တယ်။ ”
ယန်းဖန်က သူ့ အကြည့်ကို ဂိုရှု ထံ၌ အဆုံး သတ်ကာ၊ ရယ်ဟဟ ဆိုလိုက်သည်။
“ ဟမ့် ... ၊ မင်းက ငါ့ကို ငုံ့ကြည့်နေ တာလား။ ”
ဂိုရှုက ဒေါသ တကြီး ဟစ်အော် လိုက်သော်လည်း၊ သတိ ပိုထား လာသည်။ ထို ရုပ်သေးများ မည်မျှ အစွမ်းထက် မည်ကို သူ သိ၏။
အပြာရောင် နေမင်း လျှို့ဝှက် နည်မြေနှင့် ကြာမိစ္ဆာ နယ်မြေ များတွင်၊ ရုပ်သေးရုပ် များဖြင့်၊ တိုက်ခိုက် ဖူးခဲ့ပြီး မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ လင်းယွန် သိသည်။
သို့သော် ယန်းဖန် စကား များက၊ သူ့အား စူးစမ်းလို စိတ်များ တဖွားဖွား ဖြစ်ပေါ် လာစေ ၏။ အကယ် ၍သာ ၎င်းနည်းစနစ် များကို ရနိုင် ခဲ့ပါလျှင်၊ စွန့်စား ရကျိုး နပ်ပေမည်။
ဥမင် လိုဏ်ခေါင်း တစ်လျှောက်၊ ကြောက်စရာ ကောင်းလှအောင် မှောင်မိုက် နေပေသည်။ နံရံ တစ်ဖက် တစ်ချပ် စီရှိ၊ ညလင်း ပုလဲများ သည်သာ တစ်ခု တည်းသော အလင်းရောင် ဖြစ်၏။
ဤခရီးမှာ ဓားသွားပေါ် ‘က’ နေ မိ သကဲ့သို့၊ ခံစား လာရပြီး၊ သူတို့ သုံးဦး လုံးကို ထိတ်လန့် လာ စေသည်။
“ ဥမင် အဆုံးမှာ၊ လမ်းခွဲတွေ ရှိနေတယ်။ ”
ဂိုရှုက အဆုံးကို မျှော်ကြည့်ကာ ဆို၏။
“ ဒါဆို လမ်းခွဲ ကြရအောင်။ ”
လမ်းသုံး လမ်းကို ကြည့်ပြီး၊ ယန်းဖန်က အကြံ ပြုလာ၏။ ထို့နောက် သက်ဆိုင်ရာ လမ်း အသီး သီးသို့၊ ဝင်ရောက် ပျောက်ကွယ် သွားကြ သည်။
ဘယ်ဘက် လမ်းထဲရှိ ဂိုရှုက ညင်သာစွာ ကျိန်ဆဲ လိုက်ပြီး၊ ဆက်လက် တိုးဝင် လာခဲ့ ၏။ သရဲ တစ္ဆေ များကို သူကြောက် ပေသည်။
လင်းယွန် မှာမူ အလယ် လမ်းကို ရွေးချယ် လိုက်သောကြောင့်၊ အဆုံးတွင် ကျောက်တုံး များဖြင့် ပိတ်ထားသော အခန်း တစ်ခန်းအား တွေ့ရှိ လိုက်ရသည်။
ကျောက်တုံး များကို တွန်းဖယ် လိုက်သည်နှင့်၊ ကျောက်ခေါင်း တလား တစ်လုံးမှ လွဲ၍၊ ဗလာကျင်း နေသော အခန်းလွတ် တစ်ခန်းသာ တွေ့ရှိ လိုက်သည်။
ယင်းကြောင့် ခေါင်းယမ်းကာ၊ နောက်ပြန်ဆုတ် လာမိ၏။ လမ်းဆုံ ပြန်ရောက် သည်နှင့်၊
“ ဘာ တွေ့ လဲ။ ”
-ဟု ယန်းဖန်က ဆီးကြို မေးလာသည်။
“ ကျောက် ခေါင်း တလား ကြီး။ ”
လင်းယွန်က ရိုးသားစွာ ပြန်ဖြေ ပေးလိုက်သည်။ ယန်းဖန်မှာ ပခုံး တွန့်ပြီး ပြုံးလာ၏။
“ ကြည့်ရတာ ငါတို့ ... ကံမကောင်း ဖူးထင်တယ်၊ သွား ရအောင် ဂိုရှု ပြန်မလာ သေးပုံ ထောက်ရင်၊ တစ်ခုခုပဲ။ ”
သို့သော် ဤအခိုက် အတန့်တွင် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွား နေသကဲ့သို့၊ ဆူညံ သံများ ထွက်ပေါ် လာ၏။
တစ်ချိန်တည်း မှာပင် ဥမင်လမ်း တစ်ခုလုံး တုန်ခါ သွားသည်။
“ ဒီကောင် ကံကောင်း နေပုံ ရတယ်၊ သေပြီလား သွားကြည့် ရအောင်။ ”
ယန်းဖန်၏ မျက်လုံးများ တောက်ပ လာကာ၊ လင်းယွန် ထံမှ တုန့်ပြန် မှုကို မစောင့် တော့ဘဲ၊ လျင်မြန်စွာ ပြေးထွက် သွားသည်။
အခန်း အတွင်းသို့၊ ရောက်ရှိ လာချိန်၌၊ စောင့်ကြို နေသော မြင်ကွင်း အရ၊ အနည်းငယ် အံ့သြ သွားသည်။
အခန်း အလယ်တွင် ဖျာ လေးချပ် ရှိနေပြီး၊ ထိုဖျာများ ပေါ်တွင် ခေါင်းငုံ့ ထိုင်နေသော အဘိုးအို သုံးဦး ရှိ၏။
တစ်ဖက်တွင် ဂိုရှုမှာ အဖိုးအို တစ်ဦးနှင့် တိုက်ခိုက် နေသည်။ အဘိုးအို၏ လှုပ်ရှားမှု များက၊ တောင့်တင်း လှသော်လည်း မြန် ပေ၏။
အဘိုးအို တဝိုက်တွင်၊ မှုန်မှိုင်း နေသော အနက်ရောင် စွမ်းအင် များဖြင့် ဖုံးလွှမ်း နေပြီး၊ မျက်ဝန်း များမှာ အစိမ်းရောင် ဖြစ်နေသည်။
ပြင်းထန်သော တိုက်ခိုက် မှုများကြောင့်၊ ဂိုရှု တစ်ယောက် မရှူနိုင် မကယ်နိုင် အခြေ အနေ မျိုးဖြင့်၊ ပတ်ပြေး နေရသည်။
သူ့ လက်သီး များက ဖုတ်ကောင် အဘိုးအိုကို၊ ဟန့်တား နိုင်ခြင်း မရှိ ခဲ့ချေ။ အနည်းငယ် တွန်းထုတ် နိုင်ရုံသာ ရှိ လေသည်။
ဖုတ်ကောင် အဖိုးအို မှာမူ၊ အလွန် ရက်စက် ကြမ်းကြုတ်ပြီး၊ တိုက်ခိုက်မှု များကို ပို၍ အရှိန်မြှင့် လာ၏။
“ မြန်မြန် ငါ့ကို ကူညီဦး။ ”
ဂိုရှုက လင်းယွန်နှင့် ယန်းဖန်ကို မြင်သည်နှင့်၊ အော်ဟစ် တောင်းဆို လိုက်သည်။ ထိုအချိန် မှာပင် ထိုင်နေမြဲ ဖြစ်သော အဘိုးကြီး သုံးယောက်က ခေါင်းမော့ ကြည့်လာ၏။
သူတို့၏ မျက်လုံး များတွင်၊ သွေးဆာ နေသော ရည်ရွယ်ချက် များဖြင့် ပြည့်နှက် နေသည်။
မျက်ဆန် များမှာ အစိမ်းရောင် တောက်ပ နေပြီး၊ အခန်း တစ်ခန်းလုံးကို ဝေ့ကြည့် လာ၏။ လင်းယွန်ကို မြင်သော အခါ၊ လွှမ်းမိုး ချုပ်ကိုင် လိုသော အရိပ် အယောင်များ၊ ထုတ်လွှတ် လိုက်သည်။
ထို့နောက်တွင် လင်းယွန်၏၊ အသက်ရှူ သံများ လေးကန် လာပြီး၊ နွံထဲ ပြုတ်ကျ သွား သကဲ့သို့ ခံစား လိုက်ရ၏။
ယင်းကြောင့် ဂိုရှု တစ်ယောက် မရှူနိုင် မကယ်နိုင် ဖြစ်နေ ရသည့် အခြေ အနေကို၊ နားလည် သွားမိသည်။
ဤဖုတ်ကောင် များမှာ ယခင်က သူကြုံတွေ့ ခဲ့ရ ဖူးသည့် ဖုတ်ကောင် များနှင့်၊ မတူတော့ ပုံရ ၏။
ဖုတ်ကောင် အများစု မျက်ဆန်မှာ အနက်ရောင် များသာ ဖြစ်ပြီး၊ ယခု ကဲ့သို့ စိမ်းစို နေခြင်းမျိုး မရှိချေ။
“ ဟား ဟား ဟား ...၊ မြစိမ်းရောင် ဖုတ်ကောင် လေးကောင် ထဲကို၊ ပြေးလာ မိတာ ကံကောင်း လိုက်တာ။ ”
ယန်းဖန်က ကြာပွတ်ကို လေထဲ ရိုက်ချ လိုက်ပြီး၊ သဘော ကျစွာ ရယ်မော လိုက်၏။
လင်းယွန်၏ မျက်လုံး များတွင်၊ အကန့် အသတ်မဲ့ ဓား ရည်ရွယ်ချက် များဖြင့် တောက်ပ လာကာ၊ အသိ စိတ်ကို လွှမ်းမိုးရန် ကြိုးစား လာသော၊ မိစ္ဆာ အရှိန် အဝါ များကို တွန်းထုတ် ပစ် လိုက်သည်။
တစ်ချိန်တည်း မှာပင် ဗီဇ သိစိတ် အရ၊ ဘေး တစ်ဖက်သို့ ချက်ချင်း ရွေ့လျား လိုက်၏။
“ ဝှစ် ..... ။ ”
မူလ ရပ်နေ ခဲ့သော နေရာသို့၊ အနက်ရောင် လျှပ်စီး တစ်စလို၊ လက်သည်း တစ်ဖက် ကျရောက် သွားသည်။
“ ဘယ်လိုတောင် မြန်လိုက်လဲ။ ”
လင်းယွန်မှာ ထိတ်လန့် သွားသည်။ အနည်းငယ် နှောက်နှေး ရုံဖြင့်၊ ထက်ခြမ်းခွဲ ခံရပေ လိမ့်မည်။
ယင်းကြောင့် သူ့အဝတ် အစားမှ ဝတ်ရုံစ တစ်စကို ဖြဲယူကာ၊ မူလ စွမ်းအင် လောင်းထည့် လိုက်ပြီး၊ ပြန်လည် ရင်ဆိုင် လိုက်၏။
“ ရွှပ် ..... ။ ”
အဝတ်ဓား ထံမှ ဓားအလင်း ခုနစ်လက် လျင်မြန်စွာ ပြေးထွက် သွားပြီး၊ ဖုတ်ကောင် အဘိုးအိုကို နံရံ၌ ထိုးစိုက် ပစ်လိုက် တော့၏။
***