ဖုတ်ကောင် များကို သတ်ခြင်း။
Vol. 43 Ch. 597
ငွေရောင် ဓား အလင်း ခုနစ် လက်က၊ ဖုတ်ကောင် အဘိုးအိုကို နံရံ ပေါ်တွင် ချိတ်ဆွဲ ပစ်လိုက်သည်။
ယင်းကြောင့် အခန်း တစ်ခန်းလုံး တုန်ခါ သွားပြီး၊ ယန်းဖန်နှင့် ဂိုရှုကို ထိတ်လန့် သွားစေ ၏။
( ဒါ ... ရှန် ရှင်း ဓားလား။ )
ဓား ရည်ရွယ် ချက်မှာ အစွမ်း ထက်ကြောင်း သူတို့ သိထား သော်လည်း၊ ဤမျှ အစွမ်းထက် လိမ့်မည်ဟု မထင်ခဲ့ ကြပေ။
“ အောင်မြင် သွားတာလား။ ”
လင်းယွန် ကိုယ်တိုင်ပင် အံ့အားသင့် သွားရ၏။ သို့သော် မပေါ့ဆ ရဲချေ။ မြစိမ်းရောင် ဖုတ်ကောင် များကို၊ ဤမျှ ကိုင်ရ တွယ်ရ လွယ်ကူလိမ့် မည်ဟု မထင်ချေ။
ချိတ်ဆွဲ ခံထား ရသော ဖုတ်ကောင် အဘိုးအိုမှာ၊ ရုတ်တရက် အစိမ်းရောင် မီးလျှံများ တောက်လောင် လာပြီး၊ ချုပ်နှောင် မှုမှ ချက်ချင်း ရုန်းထွက် သွား၏။
အစိမ်းရောင် အရည်များ စီးကျရာ မြေပြင်၌၊ အနက်ရောင် မီးခိုးများ တငွေ့ငွေ့ ထွက်ပေါ် လာ၏။
“ သတိထား၊ အဲဒါ အလောင်း အဆိပ်ပဲ၊ အဆိပ် မိသွားရင် ဖြေရှင်း ရတာ အတော့်ကို ခက်ခဲ တယ်။ ”
ယန်းဖန်က ဖုတ်ကောင် အဘိုးအို နှစ်ဦးကို၊ ကြာပွတ်ဖြင့် ရိုက်နှက် လိုက်ပြီး၊ နောက်သို့ တွန်းပို့ နေလျက်ဖြင့် သတိ ပေး လိုက်သည်။
သို့သော် ကြာပွတ်မှာ ဖုတ်ကောင် အဘိုးအို များနှင့် ထိတွေ့ သွားချိန်၌၊ မီးပွား များသာ ဖြစ်ပေါ် လာတော့၏။
“ ဘယ်လောက်တောင် စိတ်ရှုပ် စရာ ကောင်းလိုက်လဲ။ ”
နောက်ဆုံးတွင် ဒေါသ တကြီး အော်ဟစ် လိုက်ပြီး သူ့ခန္ဓာ ကိုယ်အား၊ လျှပ်စီး တစ်စ ကဲ့သို့ ပြေးထွက် သွားကာ၊ လက်သီး များဖြင့် ထိုးနှက် လိုက်သည်။
ပေါက်ကွဲသံ များနှင့် အတူ၊ လက်သီးချက် များက ဖုတ်ကောင် အဘိုးအို များကို နောက်သို့ တွန်းပို့ နိုင်ခဲ့သည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင် လက်သီးပေါင်း ရာနှင့်ချီ ထုတ်ဖော် လိုက်၏။
မြန်ဆန် လွန်းသော အဟုန်ကြောင့်၊ လေထဲတွင် လက်သီး ရိပ်များ ပြည့်နှက် သွားသည်။
နောက်ထပ် ပြင်းထန်သော ပေါက်ကွဲမှု များနှင့် အတူ၊ ဖုတ်ကောင် အဘိုးအို များကို နံရံသို့ လွင့်စင် သွားစေ၏။
“ သေ ကြ စမ်း ... ။ ”
ဂိုရှု မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ လာပြီး၊ သူ့ တိုက်ခိုက်မှု များကို၊ မြှင့်တင် လိုက်သည်။
အရှိန် အဝါမှာ ကန့်သတ် ချက်သို့ ရောက်ရှိ လာချိန်၌၊ ဘယ် လက်သီးဖြင့် ဖုတ်ကောင် အဘိုးအို၏ ဦးခေါင်းအား ထိုးချ လိုက်တော့၏။
တစ်ဖက်တွင် ဒဏ်ရာ များမှ၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာနေသော ဖုတ်ကောင် အဘိုးအိုကို ကြည့်ပြီး၊ လင်းယွန်မှာ မျက်မှောင်ကြုတ် လိုက်မိသည်။
ဖုတ်ကောင် များ၏ ပြန်လည် ကောင်းမွန်နိုင် နှုန်းမှာ၊ ထိတ်လန့် စရာ ကောင်းနေ ပေ၏။
၎င်းတို့၏ ကိုယ်ထည်မှာ သံမဏိ နံရံ တစ်ချပ်နှင့် တူပြီး၊ အဝတ် ဓားဖြင့် ရိုက်ခတ် မိချိန်၌ ဆူညံသံ များသာ၊ ထွက်ပေါ် လာခဲ့ သည်။
“ ဘယ်လောက်တောင် ဒုက္ခပေး လိုက်လဲ။ ”
မူလ စွမ်းအင်ကို ကြာပွတ် ထဲသို့ လောင်းထည့်ကာ၊ ယန်းဖန်က ကျိန်းဆဲ လိုက်ပြန်၏။ ပြင်းထန် လွန်းသော ရိုက်ချက် များကြောင့်၊ ဖုတ်ကောင် များမှာ အနားသို့ မကပ်နိုင် တော့ချေ။
တိုးကပ်ရန် ကြိုးစား ချိန်တိုင်းတွင်၊ ကြာပွတ်ဖြင့် အတင်း အကြပ် ဆုတ်ခွာ ခိုင်းလေ သည်။
“ ဟိတ် ... ။ ”
ရုတ်တရက် ဖုတ်ကောင် အဘိုးအို တစ်ဦး၏ လည်ပင်းကို ကြာပွတ်နှင့် ရစ်ပတ်ကာ၊ အော်ဟစ် ကြုံးဝါးလျက် လွှင့်ပစ် လိုက်သည်။
ပစ်ထုတ် ခံရသော ဖုတ်ကောင် အဘိုးအိုမှာ၊ သူ့ အဖော် အဘိုးအိုနှင့် ဝင်တိုက် မိ သွားပြီး၊ နှစ်ဦးသား အတူ တကွ၊ လွင့်စင် သွား၏။
သို့သော် ချက်ချင်းပင်၊ ထရပ် လာပြန် သည်။
တစ်ချိန်တည်း မှာပင်၊ နံရံ ပေါ်သို့ ကန်ထုတ် လိုက်သော ဖုတ်ကောင် အဘိုးအိုက၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာသောကြောင့်၊ ဂိုရှု တစ်ယောက် တုန်လှုပ် ခြောက်ခြား သွား၏။
လင်းယွန် မှာမူ တိုက်ပွဲ များထံ လှည့် မကြည့်နိုင် အားဘဲ၊ သူ့ရှေ့ရှိ ဖုတ်ကောင် အဘိုးအိုကို အဝတ်ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်း နေခဲ့သည်။
သူတို့ သုံးယောက်၏၊ တဖုန်းဖုန်း ထိုးကြိတ် ကန်ကေျာက် ခံနေ ရသော ဖုတ်ကောင်များ၊ လွင့်စင်မှု ဒဏ်ကြောင့်၊ နံရုံကြီး ပြိုကျ သွား၏။
“ ဒါက မဖြစ် နိုင်ဘူး၊ သူတို့ရဲ့ ခံစစ်နဲ့ ပြန်လည် ကောင်းမွန် နှုန်းက ကြောက်စရာ ကောင်းလွန်းတယ်၊ ငါတို့ အခု ထွက်သွားမှ ရမယ်၊ ... ”
“ ... မဟုတ်ရင် ခြေကုန် လက်ပန်း ကျပြီး သေတာပဲ အဖက်တင် လိမ့်မယ်၊ ယန်းဖန် မင်း ဘယ်လို မြင်လဲ။ ”
သူ့ လက်သီး များမှာ ပြင်ထန် လှသော်လည်း၊ ဖုတ်ကောင် အဘိုးအို များပေါ်၊ အရာ မထင် ခဲ့ချေ။ ထို့ကြောင့် ဂိုရှုက ယန်းဖန်ဘက် လှည့်ကာ၊ အော်ဟစ် လိုက်ခြင်း ဖြစ်သည်။
အပျက် အစီးပုံ အတွင်းမှ၊ တွားသွား တက်လာသော ဖုတ်ကောင် များကို ကြည့်လိုက် ပြီး၊ လင်းယွန်မှာ တုန့်ဆိုင်း နေခဲ့သည်။
ရှန်ရှင်းဓား အပြည့် အစုံကို ထုတ်ဖော်သင့် မသင့်၊ ဝေခွဲ မရ ခဲ့ချေ။
ဖုတ်ကောင် များမှာ အစွမ်းထက် ရုံမျှ မကဘဲ၊ ပြန်လည် ရှင်သန် နိုင်စွမ်း မှာလည်း၊ ထိတ်လန့် စရာ ကောင်းလေ သည်။
ချက်ချင်း မသတ်နိုင် ခဲ့သော်၊ ထပ်မံ ရှာဖွေရန် အဖြေ မရှိ တော့ချေ။ သို့သော် ၎င်းကို စမ်းကြည့်ရန် ဆုံးဖြတ် လိုက်သည်။
ယန်းဖန်နှင့် ဂိုရှုမှာ တိမ်နဂါးများ ဖြစ်သောကြောင့်၊ သဘာဝ အတိုင်း ကိုယ်ပိုင် ဝှက်ဖဲများ ရှိနိုင်၏။
သူ့အား ကူညီမည် မဟုတ်ချေ။ အကယ်၍ ဖုတ်ကောင် များကို တစ်စုံ တစ်ရာ မလုပ်ဆောင် နိုင်ပါက၊ ထွက်သွား ရမည့် လူမှာ၊ သူသာ ဖြစ်သည်။
တစ်ချိန်တည်း မှာပင်၊ ရှန်ရှင်း ဓားအား ထုတ်ဖော် လိုက်ချိန်၌၊ ၎င်းတို့ နှစ်ဦးမှ စိတ်ပြောင်းကာ၊ အုပ်စု ဖွဲ့လာ မည်ကို၊ သူ စိုးရိမ် နေမိ ပြန်သည်။
“ ဖုတ်ကောင် တွေကို ချက်ချင်း သတ်မှ ရမယ်၊ မဟုတ်ရင် မလွယ်ဘူး၊ ဒီလေးကောင်ကို ငါ ခဏ ထိန်းထားမယ်၊ လင်းယွန် ... မင်းရဲ့ ရှန်ရှင်း ဓားကို သုံးပြီး ဖုတ်ကောင် တွေရဲ့ ခံစစ် အလွှာကို ခွဲပါ၊ ပြီးတာနဲ့ ဂိုရှုက ဝင် သတ် ...။ ”
ယန်းဖန်က ဒေါသ တကြီးဖြင့်၊ ဖုတ်ကောင် အဘိုးအို များကို ကြည့်ကာ၊ ဆိုလိုက်သည်။ ဤမသာ လေးကောင်မှာ သူ့အား၊ အမှန်ပင် ခေါင်းကိုက် လာစေ၏။
“ အင်း ...၊ ငါ အဆင် ပြေတယ်။ ”
လင်းယွန်က ခေါင်းညိတ် လက်ခံ လိုက်သည်။
“ ငါ လည်း အဆင် ပြေတယ်၊ ဒါပေမယ့် ယန်းဖန် မင်းက သူတို့ လေးယောက် လုံးကို ထိန်းထား နိုင်ပါ့ မလား။ ”
ဂိုရှုက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ၊ မေးလိုက်သည်။ အစီ အစဉ် ကောင်း သော်လည်း၊ ဖုတ်ကောင် လေးကောင်ကို ချုပ်နှောင်ရန် ကြိုးစား ခြင်းမှာ၊ လွယ်ကူမည် မဟုတ်ပေ။
“ ... ကြည့်။ ”
စကားဆုံး သည်နှင့် ယန်းဖန်က ကြားပွတ်ကို စတင် အားယူ လိုက်၏။
“ မိစ္ဆာ ကြာပွတ် — မြွေ တစ်ကောင် ‘က’ ခုန်ခြင်း။ ”
အထွတ် အထိပ် ယန်အဆင့်၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ပေါက်ကွဲ ထွက်ပေါ် လာသော ကြောင့်၊ ဆံပင်များ တဖျပ်ဖျပ် လွင့်လာ သည်။
ထိုရောင်ဝါမှာ ယင်-ယန် အဆင့်နှင့် နီးကပ် လာချိန်၌၊ အခန်း တစ်ခန်း လုံးအား ဖုံးအုပ် ပစ် လိုက်၏။
မရေတွက် နိုင်သော ကြာပွတ် ရိုက်ချက် များက၊ ရွှေရောင် မြွေပွေးများ သဖွယ်၊ လင်းယွန် အနား တစ်ဝိုက်တွင် ကခုန် လာ တော့သည်။
ထို့ကြောင့် ဂိုရှု သည်လည်း ထိတ်လန့် တုန်လှုပ် လာခဲ့ပြီး၊ ကြာပွတ် ရိုက်ချက် များကို ရှောင်ရန်၊ ရွေ့လျားမှု နည်းစနစ်အား ထုတ်ဖော် လိုက် ရ၏။
“ ယန်းဖန် ...၊ မင်း ဘာလုပ် နေတာလဲ။ ”
ဒေါသ တကြီး လှမ်းအော် လိုက်သော်လည်း၊ ရပ်တန့် သွားခြင်း မရှိဘဲ၊ ကြာပွတ် များက အရှိန် ပြင်းစွာ ပြေးဝင် လာပြန်သည်။
ကြာပွတ်ကို ရှောင်တိမ်း နေလျက်ဖြင့်၊ နှစ်ယောက်သား ခန်းမထဲ လှည့်ပတ် ကြည့် လိုက်သည်။
ဖုတ်ကောင် လေးကောင်မှာ၊ ကြာပွတ် ရိုက်ချက် များကြောင့်၊ ခန်းမ အလယ်သို့ စုဝေး ရောက်ရှိ နေလေပြီ။
များ မကြာမီ ကြာပွတ်၏၊ နောက်ဆက်တွဲ ပုံရိပ် များက မြွေများဖြင့်၊ ယှက်လုပ် ထားသော လှောင်အိမ်ကြီး တစ်လုံး ကဲ့သို့၊ ဖုတ်ကောင် များအား ပိတ်လှောင် ပစ်လိုက် သည်။
လှောင်အိမ် အတွင်း၌၊ ဖုတ်ကောင်များ ရုန်းကန် နေချိန်တွင်၊ လင်းယွန်မှာ ကောင်းကင်ကို ခုန်တက် သွားပြီး၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ်ကို ချန်ရစ် လိုက်သည်။
လင်းယွန် ကိုးယောက် ပေါင်းစပ် သွားပြီးနောက်၊ အဝတ်ဓားမှာ လင်းလက် လာကာ၊ ဖုတ်ကောင် အဘိုးအို များထံ တိုးဝင် သွားသည်။
ဖုတ်ကောင် အဘိုးအို လေးယောက်၏ ရင်ဘတ်တွင် ကြီးမားသော ပြတ်ရှ ဒဏ်ရာများ ရရှိ လာခဲ့ လေသည်။
ထို့ကြောင့် ၎င်းတို့ကို လေးဦးမှာ၊ နာကျင် မှုကို ခံစား လာရ ဟန်ဖြင့်၊ ပြင်းထန်စွာ ရုန်းကန် လာတော့၏။
သို့သော် ကြာပွတ်များ အတွင်းမှ သူတို့ မလွတ်မြောက် မီတွင် လျှပ်စီးကြောင်း တစ်ခု၊ ထပ်မံ ကျရောက် လာပြန်သည်။
“ မိုးကြိုး လက်ဝါး — ကြယ်တာရာ ကွဲအက်ခြင်း။ ”
လင်းယွန်နှင့် အတူ ဂိုရှု၏ တိုက်ခိုက်မှု များ ဆက်တိုက် ဝင်ရောက် သွားပြီးနောက်၊ ဖုတ်ကောင် များကို အပိုင်း အစများ အဖြစ်၊ ပြောင်းလဲ ပစ်လိုက်သည်။
“ အောင်မြင်ပြီ။ ”
ဂိုရှုမှာ ကြမ်းပြင် ပေါ်သို့၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ပြန်ပြုတ် ကျသွား၏။
နှုတ်ခမ်း များ၌ အပြုံး တစ်ပွင့် တွဲခို နေပြီး၊ သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက်သည်။ ဤတိုက်ပွဲမှာ မလွယ်ကူ ခဲ့ချေ။
ယန်းဖန်က သက်တောင့် သက်သာ အမူ အရာဖြင့်၊ ခေါင်းညိတ် လိုက်သည်။
ဂိုရှုသာ လျင်မြန်မှု မရှိ ပါက၊ အဘိုးအို လေးဦးကို ဆက်လက် ချုပ်နှောင် နိုင်တော့မည်၊ မဟုတ်ကြောင်း သူ သိသည်။
သို့သော် အဘိုးအို ဦးခေါင်းပြတ် များက တွန့်လိမ် လာပြီး၊ ခန္ဓာကိုယ် အစိတ် အပိုင်းများ ပြန်လည် ဖြစ်ပေါ် လာ၏။
“ သေစမ်း ... ။ ”
ဂှိုရှုနှင့် ယန်းဖန် တို့၏ မျက်နှာ များတွင်၊ စိတ်ပျက် ထိတ်လန့်ဟန်၊ အထင်းသား ဖြစ်ပေါ် လာသည်။
အဘိုးအို များမှာ ဦးခေါင်း လေးလုံးသာ ကျန်ရှိတော့ သော်လည်း၊ ပြန်လည် ရှင်သန် လာပြန်၏။
ထိုအချိန်တွင် ဓားရောင်ခြည် တစ်စ လင်းလက် လာပြီး၊ လျင်မြန်စွာ ပြန်လည် ပျောက်ကွယ် သွားခဲ့ သည်။
မြန်လွန်းသော အဟုန်ကြောင့်၊ ဂိုရှုနှင့် ယန်းဖန်မှာ အံ့သြ ခြင်းကို မထိန်းနိုင် ခဲ့ချေ။
ဓား ရောင်ခြည်များ ပျောက်ကွယ် သွားသော အခါတွင်၊ လင်းယွန် လက်ထဲရှိ၊ အဝတ်ဓားမှာ၊ ဖုတ်ကောင် လေးကောင်၏ ဦးခေါင်းထဲ ဖေါက်ဝင် နေပြီ ဖြစ်သည်။
“ ကွဲ ...။ ”
ထို့နောက် ဦးခေါင်း လေးလုံး တစ်ပြိုင် နက်တည်း ပေါက်ကွဲ သွားကုန်၏။
“ ဒါ ... ။ ”
ယန်းဖန်နှင့် ဂိုရှုမှာ၊ လင်းယွန်ကို မယုံကြည် နိုင်စွာ ငေးကြည့် လိုက်မိ ကြသည်။ အချိန် အတော် ကြာမှ သာလျှင်၊ တုန်လှုပ် ခြောက်ခြား ခြင်းမှ ပြန်လည် နှိုးထ လာခဲ့၏။
ယန်းဖန်က ကြာပွတ်ကို သိမ်းဆည်းပြီး၊ ရှေ့တိုး လာကာ၊ ခေါင်းတလားကို ညင်သာစွာ ပုတ်လိုက်သည်။
ထို့နောက် ကျောက်စိမ်းတုံး သုံးတုံးကို၊ ဂရု တစိုက် ထုတ်ယူ လိုက်၏။ ကျောက်စိမ်းတုံး များမှာ သဘာဝ အတိုင်း ရှေးဟောင်း နည်းစနစ်များ ဖြစ်ပေသည်။
ယန်းဖန်က သိုင်းခန်းမဟု ယူဆ ထားခဲ့ သည်မှာ မမှား ခဲ့ချေ။ ကျောက်စိမ်းတုံး များမှာ၊ လှုပ်ရှားမှု နည်းစနစ်၊ ရွေ့လျားမှု နည်းစနစ်နှင့် ကျင့်ကြံမှု နည်းစနစ်များ ဖြစ်လေသည်။
“ ဒါကို ငါယူမယ်။ ”
လင်းယွန်က ရွေ့လျားမှု နည်းစနစ်အား၊ မှတ်တမ်းတင် ထားသော ကျောက်စိမ်း တုံးကို လှမ်းယူကာ ပြောလိုက်သည်။
“ ဒီလှုပ်ရှားမှု နည်းစနစ်ကို ငါ ယူမယ်။ ”
ဂိုရှု မှာမူ လင်းယွန်းထက် နောက်မကျ စေဘဲ၊ ကေျာက်စိမ်းတုံး တစ်တုံး လှမ်းယူ မိ၏။
ယန်းဖန် အနေဖြင့်၊ ရွေးချယ် စရာ မရှိ ခဲ့ချေ။ သို့သော် ၎င်းသည်ပင်၊ တန်ဖိုး အမြင့် ဆုံးကို ရရှိ ခဲ့ကြောင်း၊ သေချာပေါက် ပြောနိုင်သည်။
ရှေးကျသော ကျင့်ကြံမှု နည်းစနစ်မှာ၊ ဓားသုတ္တန်နှင့် နှိုင်းယှဉ်၍ မရနိုင် သော်လည်း၊ ယနေ့ခေတ် နည်းစနစ် များထက် များစွာ အားကောင်း နေသေးသည်။
အခြား တစ်ဖက်တွင် လင်းယွန်နှင့် ဂိုရှုတို့၊ နှစ်ဦး စလုံးမှာ ၎င်းတို့နှင့် အသင့် တော်ဆုံး နည်းစနစ် များကို ရွေးချယ် ခဲ့ကြ သောကြောင့် အရှုံးပေါ် သည်ဟု မဆို သာချေ။
ထို့အပြင် ယန်းဖန်မှာ သည်နေရာသို့ ဦးဆောင် လာသူ ဖြစ်ပြီး၊ ဖုတ်ကောင် လေးကောင်ကို ထိန်းပေး ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဤခွဲဝေ မှုတွင်၊ သဘာဝ အတိုင်း အသာစီး ရရှိ သင့်ပေ၏။
“ နှုတ်ဆက် ပါတယ်။ ”
သဘော တူညီမှု ရရှိ ပြီးနောက်၊ နှုတ်ဆက်ကာ လင်းယွန်က လှည့်ထွက် သွားသည်။
နှစ်ယောက်သား စကား ပြောရန် ခေါင်းပြန် မော့လာ ချိန်၌၊ လင်းယွန် တစ်ယောက် တံခါးဝ ရောက်သွားပြီ ဖြစ်၏။
“ ခဏ နေပါဦး ။ ”
ရုတ်တရက် ယန်းဖန်က ဟန့်တား လိုက်ပြန်သည်။ ယင်းကြောင့် သူ့ဘေးရှိ ဂိုရှုမှာ၊ အသင့် အနေ အထားဖြင့်၊ လင်းယွန်အား လှမ်းကြည့် လိုက်လေသည်။
မကြာ သေးမီ ကပင် ၎င်းတို့ သုံးဦးမှာ၊ ရန်သူ များကို အတူတကွ သတ်ရန် လုပ်ဆောင် ခဲ့ကြ သည်။
ယခုမူ ယန်းဖန်နှင့် ဂိုရှုမှာ၊ လင်းယွန်ကို သတ်ပစ်ရန် ရည်ရွယ် ချက်ဖြင့်၊ လှမ်းကြည့် လာသည်။
လင်းယွန်က လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက်၏။ ခြေတစ်လှမ်း ဆက်လှမ်း ရုံဖြင့်၊ အခန်း ထဲမှ ထွက်သွား နိုင်ပြီ ဖြစ်သည်။
သို့မဟုတ် တစ်စုံ တစ်ရာ ပြောင်းလဲ သွားပါက၊ အလွတ် တကူ ထွက်ပြေး နိုင်စေရန် ကျောပေးလျက် အနေ အထား ဖြင့်လည်း၊ ရင်ဆိုင် နိုင်သည်။
သို့သော် လင်းယွန်က သက်ပြင်း တစ်ချက် ချကာ၊ မျက်နှာချင်း ဆိုင်ရန်၊ ပြန်လှည့် ကြည့်လိုက် လေသည်။
***