← Chapters

Winner လင်းယွန်။

Vol. 43 Ch. 598

Winner လင်းယွန်။

Vol. 43 Ch. 598

ယန်းဖန်နှင့် ဂိုရှု တို့က မူလ စွမ်းအင်များ ဖြန့်ကျက်ကာ၊ လင်းယွန် အပေါ် အသေးစိတ် စောင့်ကြည့် နေမိ၏။

နှစ်ဦး စလုံးမှာ ငြိမ်သက်စွာ ရပ်နေ ခဲ့ကြ သော်လည်း၊ မျက်ဝန်း များ၌ ပြင်းပြသော သတ်ဖြတ် လိုခြင်း၊ ရည်ရွယ် ချက်များ ထင်ဟပ် နေသည်။

လင်းယွန် ပြန်လှည့် ကြည့်လာ ချိန်၌၊ ထိုရည်ရွယ်ချက် များကို၊ ကောင်းစွာ ဖုံးကွယ် ပစ် လိုက်၏။

သူတို့၏ ကျွမ်းကျင် မှုများ အရ၊ ဆုံးဖြတ်ချက် ချပြီး သည့်နှင့််၊ အပြင်းထန် ဆုံးသော လှုပ်ရှားမှု များကို စက္ကန့်ပိုင်း အတွင်း၊ စတင် နိုင်မည် ဖြစ်သည်။

ထို့ကြောင့် လင်းယွန်က မည်သို့ တုန့်ပြန် လာမည်ကို၊ နှစ်ဦးသား သိချင်စိတ် ပြင်းပြ လာခြင်း ဖြစ်၏။

ယန်းဖန် ဟန်တား မှုမှာ၊ ပုံမှန် လေသံ ဖြင့်သာ ဖြစ်ပြီး၊ သတိ မထား မိပါက အန္တရာယ် ရှိနေ ကြောင်းကို၊ သိရှိ နိုင်မည် မဟုတ်ချေ။

တစ်ဖက် လူမှာ ပေါ့လျော့ နေမှန်း သိသည်နှင့်၊ သူတို့ နှစ်ဦးမှ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များနှင့်၊ စတင် ကြမည် ဖြစ်၏။

၎င်းတို့ အနေဖြင့်၊ တိမ်နဂါးများ ဖြစ်သော်လည်း၊ လင်းယွန် ကဲ့သို့ ပါရမီရှင် တစ်ဦးနှင့်၊ ယှဉ်ပြိုင် ရာတွင် အစစ အရာရာ သတိထား ရမည် ဖြစ်သည်။

“ ဘာ အတွက် လဲ။ ”

သို့သော် လင်းယွန်က တည်ငြိမ်စွာ ပြန်လှည့်လာပြီး၊ ယန်းဖန်ကို ရင်ဆိုင် လိုက်လေ သည်။

ချက်ချင်း ထွက်ပြေး ဖို့ရန်၊ ရွေးချယ်ခြင်း မရှိ သကဲ့သို့၊ ကျောပေးလျက် အနေ အထား ဖြင့်လည်း၊ မရင်ဆိုင် ခဲ့ခြင်း မရှိချေ။ ယင်းအစား မျက်နှာခြင်း ဆိုင် လာ၏။

တစ်ဖက် လူမှာ၊ သူ၏ သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်ကို ခံစား မိလိုက် သည်ဟု၊ ယူဆ မိလာ သောကြောင့်၊ ယန်းဖန် မျက်နှာ ပေါ်ရှိ အပြုံးမှာ ပျောက်ကွယ် သွားခဲ့သည်။

အနားရှိ ဂိုရှု မျက်လုံး များတွင် အေးစက်သော အလင်းရောင် တစ်စ တောက်ပ လာပြီး၊

“ ဘာမှ မဟုတ် ပါဘူး၊ ညီအစ်ကို ယန်းက မင်းရဲ့ ကျောက်စိမ်း တုံးကို စိတ်ဝင်စား နေတယ်၊ မင်းက ဘာလို့ ငါတို့နဲ့ အတူ၊ လာပြီး မကြည့် ရတာလဲ။ ”

စကားကို ပေါ့ပါး ဆိုလိုက်ပြီး၊ ပြုံးရွှင်သော အမူ အရာဖြင့်၊ ရှေ့ နှစ်လှမ်း လှမ်းတက် လာခဲ့ သည်။

အကြပ် အတည်းမှ လွတ်မြောက် သွားဟန်ဖြင့်၊ ယန်းဖန်က ဂိုရှု စကားများ အတိုင်း အပြုံးကာ၊ ခေါင်းညိတ် လိုက်သည်။

“ ငါတို့ ကျောက်စိမ်းတုံး တွေကို မျှဝေ ရအောင်၊ ငါ့ လက်ထဲက နည်းစနစ်ကို မင်းလည်း စိတ်ဝင်စား မယ်လို့၊ ငါ ယုံကြည် တယ်။ ”

-ဟု ဆိုလိုက်၏။

လင်းယွန် မျက်နှာမှာ၊ မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ၊ မျက်ခုံးပင့် တင်လိုက်ပြီး၊

“ ဒါပေါ့ ...၊ ဒါပေမယ့် မင်းက ငါ့ ကျောက်စိမ်း တုံးကို ကြည့်ချင်တယ် ဆိုရင် တော့၊ မင်းကိုယ်တိုင် လာခဲ့ဖို့ ဖိတ်ခေါ် ပါတယ်။ ”

ယန်းဖန်ကို စကား လှမ်းပြော နေစဉ်၊ ရှေ့နှစ်လှမ်း တိုးလာသော၊ ဂိုရှုအား တစ်ချက် လှမ်းကြည့် လိုက်၏။

ထိုအကြည့်ကြောင့် ဂိုရှုမှာ၊ နောက်တစ်လှမ်း မတက်ဝံ့ တော့ချေ။ သူ့ စိတ် ထဲ၌ မရေတွက် နိုင်သော ဓားမြည် သံများ၊ ရုတ်တရက် ဆူညံစွာ ထွက်ပေါ် လာသောကြောင့် ဖြစ်သည်။

နောက်တစ်လှမ်း တက်ဝံ့ ပါက၊ ဓား ရည်ရွယ် ချက်များ သူ့ထံ ပြိုကျ လာမည်ဟု၊ ခံစား လိုက်ရ ၏။

စိတ်ထဲမှ သူ့ကိုယ်သူ ကျိန်ဆဲ လိုက်ပြီး၊ နောက်ထပ် ခြေ တစ်လှမ်းပင် မလှမ်း ဝံ့တော့ ချေ။

ယန်းဖန် မှာမူ လင်းယွန်မှ သူ့အား၊ ပြန်လှည့် ရင်ဆိုင် လိုက်ချိန် ကတည်း ကပင်၊ တွန့်ဆုတ် သွားခဲ့ခြင်း ဖြစ်သည်။

“ အစ်ကို ယန်း၊ မင်း ခြေထောက်မှာ ဒဏ်ရာ ရခဲ့ တာလား၊ ဒီလို ဆိုမှတော့ ငါ လာခဲ့မယ်။ ”

လင်းယွန်က ပြောင်ပြောင် တင်းတင်း လှောင်ပြောင် လိုက်ပြီး၊ ယန်းဖန် ဆီကို ဦးတည် လိုက်သည်။

“ ဒီမှာ ရပ် ...။ ”

ရုတ်တရက် ယန်းဖန်၏ အမူအရာ ပြောင်းလဲ သွားပြီး၊ လျှင်မြန်စွာ ဟန့်တား လိုက်မိသည်။

သို့သော် ပြုံးနေသော လင်းယွန်ကို မြင်ပြီးနောက်၊ သူ အရမ်း စိတ်စော ခဲ့မှန်း၊ သတိထား မိသွား၏။

“ အခု ပြန်စဉ်းစား ကြည့်တော့ ...၊ ဒါလည်း အဆင်ပြေ ပါတယ်၊ မင်း ထွက်သွား လို့ရပြီ၊ ငါ စိတ်မဝင် စားတော့ဘူး။ ”

-ဟု ဆို လိုက်သည်။

ထို့နောက် လင်းယွန်မှာ၊ ယန်းဖန်နှင့် ဂိုရှုကို တစ်လှည့်ဆီ ပြန်ကြည့်ပြီး၊ ကျောခိုင်း ထွက်ခွာ သွားတော့ ၏။

လင်းယွန် ပျောက်ကွယ် သည်နှင့်၊ တင်းကြပ် နေသော လေထုမှာ ပြေလျော့ လာခဲ့သည်။ နှစ်ဦးသား အတော်ပင်၊ သက်တောင့် သက်သာ ပြန်ဖြစ် လာ၏။

လင်းယွန်နှင့် စကား အနည်းငယ် ပြောခြင်းမှာ၊ မထူး ဆန်းဟု ထင်ရ သော်လည်း၊ မည်မျှ ပြင်းထန် ခဲ့သည်ကို သူတို့သာ သိသည်။

“ ဒီကောင်က ကြောက်စရာ ကောင်း လွန်းတယ်၊ တကယ်ပဲ သူ့ဘဝကို လောင်းကြေး ထပ်ပြီး၊ ငါ တို့ကို အနိုင်ယူ နိုင်မယ်လို့၊ ယုံကြည် နေတာလား။ ”

လင်းယွန်က သူတို့ နှစ်ယောက်နှင့်၊ ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ် ခဲ့သောကြောင့်၊ ဂိုရှုမှာ ထိတ်လန့် သွားခြင်း ဖြစ်သည်။

သတ်ဖြတ် လိုသော ရည်ရွယ်ချက် များကို ခံစား မိပြီး နောက်တွင်ပင်၊ တစ်ဖက် လူမှာ တည်ငြိမ် နေဆဲ ဖြစ်၏။ ယင်းက သူတို့ကို တွန့်ဆုတ် သွားစေသည်။

“ ငါတို့ရဲ့ အသက်ကို လောင်းကြေး ထပ်ရအောင် ရူးစရာလား၊ ဒဏ်ရာ ကြီးကြီး မားမား ရနိုင် ချေမျိုး ရှိရင် တောင်မှ၊ လက်ခံ နိုင်တဲ့ အရာ မဟုတ်ဘူး။ ”

အချိန် အတော်ကြာ တိတ်ဆိတ် နေပြီး နောက်၊ ယန်းဖန်က ဆိုသည်။

အင်ပါရီယန် အမွေ အနှစ်နှင့်၊ ကြယ်ပုလဲ အတွက်သာ၊ ဤနေရာသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ အဓိကနှင့် သာမညကို မခွဲခြား နိုင်အောင်၊ ရူးသွပ် နေသူ မဟုတ်ချေ။

ထို့အပြင်၊ ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားသော ဓားသမား တစ်ယောက် အပေါ်၊ လျှော့ မတွက် မိစေရန် သက်ကြီး စကားများ၊ ကြားထား ဖူး ပေသည်။

(သက်ကြီး စကား၊ သက်ငယ်ကြား။)

“ သတ္တိ တစ်ခု တည်းကို အခြေ ခံပြီး၊ သူ့ဓားကို သွေးယူ ထားပုံပဲ၊ အံ့သြ စရာတော့ မရှိ ပါဘူး။ ”

ဂိုရှုက နားလည် သွားဟန်ဖြင့်၊ ခေါင်းညိတ် လိုက်သည်။ အချက် အလက် များကို အခြေခံ ရမည် ဆိုပါလျှင်၊ လင်းယွန်မှာ ဖိအားပေး ခံရသူ ဖြစ်သင့် သော်လည်း၊ အသက်ကို လောင်းကြေး ထပ်ကာ၊ ရှင်းရှင်း လင်းလင်း လုပ်ဆောင် သွားခဲ့သည်။

သူတို့ နှစ်ဦး စလုံး၏ နှလုံးသား ထဲရှိ ချို့ယွင်း ချက်အား၊ လင်းယွန်က ဆုပ်ကိုင် သွားခြင်းဟု ဆိုရ ပေမည်။

“ ဓား ရူး ...။ ”

ယန်းဖန်က ခေါင်းကို ခါယမ်း လိုက်ပြီး၊

“ ဒီနှစ်တွေ ထဲမှာ ထက်မြက် သူတွေ ပိုများ လာတယ်၊ ဒီတစ်ကြိမ် သွေးစွန်းသော ဧည့်ခံပွဲ ပြီးရင်၊ မင်းနဲ့ငါ ပြင်ပ အဆင့်မှာ၊ ဆက်နေနိုင် ဦးမလား ဆိုတာ မသေချာ တော့ဘူး။ ”

“ ငါတို့ ဘာလို့ မြောက်ပင်လယ် ထဲမှာ၊ ရှိနေရ တာလဲ ဆိုတာ မင်းမေ့ နေပြီလား၊ ငါသာ မမှားရင် မင်း အရင်က ယင်-ယန် အဆင့်ကို ဖြတ်ကျော် နိုင်ခဲ့ ပါတယ်။ ”

ဂိုရှုက ပြုံးကာ ဆိုလိုက်သည်။

“ ဂျီဝူယီနဲ့ ရန်ကောင်းတို့ အနားမှာ၊ ရှိနေတဲ့ နောက်တော့၊ ကြယ်ပုလဲကို ရဖို့က မလွယ်တော့ ပါဘူး။ ”

ဂိုရှု စကား အပေါ်၊ တိုက်ရိုက် တုန့်ပြန် ခြင်းမျိုး မရှိဘဲ၊ ယန်းဖန်က တုံ့ပြန် လာခဲ့သည်။

***

ယန်းဖန် တို့နှင့် လမ်းခွဲ လိုက် ပြီးနောက်၊ လင်းယွန်က ထွက်ပေါက်ကို စတင် ရှာဖွေ မိသည်။ လမ်း တစ်လျှောက်တွင် လူသေ အလောင်း များစွာကို တွေ့ကြုံ ခဲ့ရ၏။

ထိုမြင်ကွင်းကို ကြည့်ပြီး၊ သက်ပြင်းချ လိုက်ကာ၊

“ ရတနာ တစ်ခုပေါ် လာတိုင်း၊ သေဆုံး မှုတွေ ရှိလာ တက်တာ သဘာဝ ပါပဲ။ ”

-ဟု ညည်းတွား လိုက်သည်။

ဥပမာ အားဖြင့်ဆို ရသော်၊ ဖုတ်ကောင် များကို သတ်ရန် ပူးပေါင်းခဲ့ သော်လည်း၊ ‘မိုးကြိုး’ ကို မြင် ပြီးနောက်တွင်၊ သူ့အား မြေပွေး တစ်ကောင် အဖြစ်၊ ယူဆ လာကြသည်။

သို့သော် ၎င်းတို့၏ တွက်ဆ မှုမှာ၊ မှားယွင်း သွား ခဲ့သည်။ ဤလမ်းကို ရွေးချယ် လိုက်သည့် အတွက်၊ သူ့တွင် တွန့်ဆုတ် နေစရာ အကြောင်း မရှိေချ။

လမ်း မရှိတော့ ပါက၊ ဓားဆွဲကာ ခွဲဖွင့် ရပေ မည်။ အတွေးထဲ နစ်မြုပ် နေလျက်ဖြင့်၊ ဥမင် အဆုံးသို့ ရောက်ရှိ လာ၏။

ပိတ်ထားသော တံခါး ချပ်ကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် လိုက် မိသည်။

“ တံ ခါး လား ...။ ”

လမ်း တလျှောက် အခန်းပေါင်း များစွာ ကြုံတွေ့ ခဲ့ရ သော်လည်း၊ ဤကဲ့သို့ တံခါး တစ်ချပ် မရှိ ချေ။

ယင်းမှာ အနည်းငယ် အံ့သြ စရာ ကောင်းနေ သောကြောင့်၊ တွေဝေ နေချိန် မှာပင်၊ တံခါးက ရုတ်တရက် ပွင့်လာပြီး၊ တစ်စုံ တစ်ရာ ပြေးထွက် လာတော့၏။

ထိုတစ်စုံ တစ်ရာ၏ အသွင် အပြင်ကို ရှင်းရှင်း လင်းလင်း မမြင်နိုင် ခဲ့သော်လည်း၊ မျောက်ဝံ သို့မဟုတ် ဖုတ်ကောင်များ ဖြစ်ကြောင်း ခန့်မှန်း နိုင်သည်။

သတိ ရှိနေ ပြီမို့၊ လက်သီး များဖြင့်၊ ဆီးကြို ထိုးချ လိုက်၏။ လက်သီးချက် များကြောင့်၊ ထိုတစ်စုံ တစ်ရာမှာ ပြန်လည် လွင့်စင် သွားသည်။

ထရပ် နိုင်ခြင်း မရှိ တော့ဘဲ၊ ငြိမ်သက် သွားမှ သာလျှင်၊ အခန်းထဲ ဖြည်းညှင်းစွာ တိုးဝင် လိုက်၏။

အခန်း အတွင်းရှိ၊ ဝိညာဉ် စွမ်းအင် အတက် အကျကို ချက်ချင်း ခံစား လိုက်ရသည်။

ယင်းကို မစဉ်းစား နိုင်ခင်၊ အခန်း အလယ်ရှိ အနက်ရောင် ခေါင်းတလားမှာ၊ ပေါက်ကွဲ သွားပြီး၊ ဖုတ်ကောင် များစွာ ပျံဝဲ ထွက်လာ၏။

အရေ အတွက်မှာ နှစ်ဆယ်ခန့် ရှိ သော်လည်း၊ မြစိမ်းရောင် ဖုတ်ကောင်များ ကဲ့သို့၊ အစွမ်း မထက် တော့ချေ။

“ ဒေါသ တရား၊ လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”

သေမင်း လက်သီး ခုနစ်ချက်မှ၊ လှုပ်ရှားမှု နှစ်ခုကို ဆက်တိုက် ထုတ်လိုက်ပြီး၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်အား၊ ထုတ်ဖော် လိုက်၏။

“ ခိုကိုး ရာမဲ့ စေသော လက်သီး၊ ပဲ့တင် ထပ်ခြင်း။ ”

တွဲလုံးများ ဆက်တိုက် ထုတ် လွှတ် လိုက်ပြီး၊ အခန်း တွင်းရှိ ဖုတ်ကောင် များကို ခဏချင်း မှာပင် ရှင်းလင်း ပစ်လိုက်သည်။

လက်သီး များကြောင့် အခန်း နံရံ များ၌၊ အက်ကြောင်းများ ပင့်ကူ မျှဉ်များ သဖွယ် ပျံ့နှံ့ လာ၏။

“ ဒီလို နေရာ မျိုးက၊ တကယ့်ကို စိတ်ပျက် စရာ ပါပဲ။ ”

အခန်း အတွင်း လှည့်ပါတ် ရှာဖွေ ပြီးနောက်၊ သက်ပြင်းချ လိုက်သည်။ မည်သည့် အရာမျှ မရှိ ခဲ့ချေ။

သေဆုံး နေသော ဖုတ်ကောင် များကို ပြန်ကြည့်ကာ၊ ခေါင်းညိတ် လိုက်၏။ ၎င်းတို့မှာ အလွန်ပင် အားနည်း လှသောကြောင့်၊ တစ်စုံ တစ်ရာ မရှိ သည်မှာ အံ့သြ စရာ မဟုတ် တော့ချေ။

အဆုံးတွင် ပြန်လည် ထွက်ခွာ လာမိ၏။ တစ်ရက် ခွဲကြာ ပြီးနောက်၊ ဥမင် လိုဏ်ခေါင်း အတွင်း တိုးဝင် နေသော၊ အလင်း ရောင်ကို မြင်လိုက် ရသည်။

ထိုထွက်ပေါက်မှ တဆင့်၊ သဲသောင်ပြင် ပေါ်သို့ ပြန်လည် တိုးထွက် လာ နိုင်ခဲ့၏။

သောင်ပြင်ပေါ် ခြေချ နိုင်သည်နှင့်၊ ဥမင် လိုဏ်ခေါင်း အဝအား ပြန်လှည့် ကြည့်လိုက်ရာ၊ သဲများ ဖြည်းညှင်းစွာ ဝါးမျို နေသည်ကို တွေ့လိုက် ရသည်။

ဤမြေအောက် နန်းတော်တွင် အခြားသော ထွက်ပေါက်များ ရှိ မရှိကို သူ မသိပေ။ မရှိ ခဲ့သော် ယန်းဖန်နှင့် ဂိုရှုတို့ ခမျာ၊ အချိန် အနည်းငယ် အကြာ၊ ပိတ်မိ နေပေ လိမ့်မည်။

သို့သော် လက်ရှိ အခြေ အနေမှာ မလုံခြုံ သေးပေ။ ထို့ကြောင့် လက် နှစ်ဖက်ကို ဆန့်ခွဲကာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့် ပြေးထွက် သွားလိုက်သည်။

အချိန် အတော်ကြာ ပြေးလွှား ပြီးနောက် ကျောက်တုံးကြီးများ ပျံ့ကျဲ နေသော နေရာသို့၊ အရောက်တွင် ပြေးလွှား ခြင်းကို ရပ်နား မိ၏။

သတိကြီး စွာဖြင့် ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်ကာ၊ နက်နဲယင် ရေကို ထုတ်ယူ လိုက် သည်။

“ ယန် အဆင့်ကို ရယူဖို့၊ အချိန် တန်ပြီ။ ”

အစောပိုင်း ကာလများ ၌ပင်၊ အောင်မြင် မှုကို ရယူ နိုင်ပြီး ဖြစ်သော်လည်း၊ နက်နဲယင် ရေကို စောင့်နေ ခဲ့ခြင်း ဖြစ်သည်။

ကနဦး ယန် အဆင့်ကို၊ နက်နဲယင် ရေဖြင့် တက်ရောက် ပြီးနောက်၊ အင်ပါရီယန် သင်္ချိုင်း သို့ ဝင်ရောက် လာသော တိမ်နဂါး များအား၊ ရင်ဆိုင် နိုင်မည်ဟု မျှော်လင့် မိသည်။

ထိုစဉ်က ယန်းဖန်နှင့် ဂိုရှု တို့မှာ သတ်ဖြတ် လိုသော ရည်ရွယ်ချက် ထုတ်ဖော် ပြသ လာခဲ့ သည်။

ပန်း သင်္ချိုင်း ဓားကို အဆင့် မြှင့်တင်ခြင်း ဖြစ်စဉ်မှာ၊ အရေး ကြီးသော အခိုက် အတန့်တွင် ရှိမနေ ပါက၊ ၎င်းတို့ နှစ်ယောက်နှင့် ကွာခြားချက်၊ သိပ် ကြီးမားမည် မဟုတ်ချေ။

သို့မဟုတ်သော် ဤသို့ လွယ်လွယ်ဖြင့် ဖြေဖျောက်ကာ၊ ပြန်လည် ထွက်ခွာ လာမိမည် မဟုတ်ကြောင်း သူပြော နိုင်သည်။

နောက်တစ်ကြိမ် တွေ့ဆုံ ချိန်၌ ၎င်းတို့ နှစ်ဦး အပေါ်၊ သင်ခန်းစာ တစ်ခု သင်ပေးရန် စိတ်ကူး လိုက်၏။

ကျောက်စိမ်းတုံးနှင့် ပတ်သက် ၍မူ၊ ၎င်းအား သင်ယူရန် အလျင် လိုခြင်း မရှိ သေးချေ။ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းမှာ၊ လက်ရှိ နယ်ပယ်ကို ကျော်လွန် သွားချိန်တွင်၊ အသုံးဝင် တော့မည် မဟုတ်ချေ။

သို့သော် သရုပ်ဖော် အဆင့်တွင် ရှိနေ သောကြောင့်၊ ယခု အချိန်၌ လုံလောက် ဦးမည် ဖြစ်သည်။

မြောက်ပင်လယ်မှ ထွက်ခွာသွား ပြီးနောက် တွင်သာ၊ လေ့လာ သင်ယူရန် ဆုံးဖြတ် လိုက် သည်။

ရှေးဟောင်း နည်းစနစ် တစ်ရပ် ဖြစ်လေရာ၊ သူအား စိတ်ပျက် စေမည် မဟုတ်ကြောင်း ယုံကြည် သည်။

ကျောက်စိမ်း ပုလင်းကို ကြည့်ပြီး၊ မျက်လုံးများ တောက်ပ လာကာ၊

“ ငါ့ကို စိတ်မပျက် စေဖို့ မျှော်လင့် ပါတယ်။ ”

-ဟု ရေရွတ် လိုက်လေသည်။

***

All Chapters