← Chapters

ကနဦး ယန် အဆင့်။

Vol. 43 Ch. 599

ကနဦး ယန် အဆင့်။

Vol. 43 Ch. 599

ဓားသုတ္တန်မှာ ဒဿမ အဆင့်သို့၊ ရောက်ရှိ သွားသောကြောင့် ငရဲပန်း တစ်လွှာကို ထပ်မံ သန့်စင် ရုံဖြင့်၊ အဆင့်ချိုး ဖြတ်ခြင်း ပြီးမြောက် မည် ဖြစ်သည်။

သို့သော် သူ့ စိတ်ကူးမှာ၊ ယန် အဆင့်ကို နက်နဲယင် ရေဖြင့် ဖြတ်ကျော်ရန်၊ ဆန္ဒ ရှိနေခြင်း ဖြစ်သည်။

နောက်ဆုံး၌ မြောက်ပင်လယ်တွင်၊ ခွန်အား သည်သာ အရရာရာ ဖြစ်၏။ ယန်းဖန် နှင့် ဂိုရှု တို့၏ ခွန်အားကို၊ မြင်တွေ့ ပြီးနောက်၊ ၎င်းအား ပို၍ နားလည် လာခဲ့ သည်။

သူတို့ နှစ်ဦးမှာ တိမ်နဂါး အဆင့် (၆၀) နှင့် (၇၀) ကြားတွင်သာ ရှိနေ သော်လည်း၊ အလွန် အစွမ်းထက် နေပြီ ဖြစ်သည်။

ထိပ်ဆုံး ဆယ်ဦး အနေဖြင့်၊ မည်မျှ အားကောင်း မည်ကို၊ စိတ်ကူးပင် မယဉ်နိုင် တော့ချေ။

ကျင့်ကြံမှု အရ ၎င်းတို့နှင့် ကြီးမားသော ကွာဟချက် တစ်ခု ရှိနေ သည်ကြောင့်၊ ရှန်ရှင်း ဓားအား အပြည့်အဝ နားလည် မထား ပါက၊ တစ်ချက် လှုပ်ရုံဖြင့် ရှုံးနိမ့် သွားပေမည်။

ထို့ကြောင့် ကွာဟ ချက်ကို လျော့ချရန်၊ ဤအခွင့် အရေးကို အသုံးချ ရမည် ဖြစ်သည်။

ထိုင်ချ လိုက်ပြီး မျက်လုံး များကို ဖြည်းညှင်းစွာ မှိတ်ချ လိုက်၏။ ခန္ဓာကိုယ် အတွင်း ဓားသုတ္တန်ကို ဖြန့်ကျက်ကာ၊ ငွေရောင် ဓား အလင်းဖြင့် သိုင်းခြုံ ထားမိသည်။

တစ်ချိန်တည်း မှာပင်၊ ကျောက်စိမ်း ပုလင်း တစ်လုံး သူ့ရှေ့ ပျံဝဲ တက်လာပြီး၊ ရုတ်တရက် အက်ကွဲ သွား၏။

နက်နဲယင် ရေများ လေထဲ ပျံဝဲ လာချိန်တွင်၊ ဓားရည်ရွယ် ချက်ကို ထုတ်ကာ၊ ဦးစွာ သန့်စင်ပစ် လိုက်သည်။

၎င်းတို့အား တိုက်ရိုက် သန့်စင်ရန် အလျင် စလို မလုပ်ဆောင် ခဲ့ပေ။ မြေအောက် နန်းတော်၌ အနက်ရောင် စွမ်းအင်များ နေရာ အနှံ့၊ ပျံ့ကျဲ နေသည်ကို သတိထား မိသည်။

သူ့အနေဖြင့် ဤမျှ ရိုးရှင်းသော အမှား မျိုးကို ကျူးလွန် မိမည် မဟုတ်ချေ။

ခဏ ကြာ ပြီးနောက်၊ နက်နဲယင် ရေများမှ၊ စိမ်းညို့သော အလင်း ရောင်များ ထုတ်လွှတ် ကာ၊ ပုလဲ တစ်လုံး ကဲ့သို့ တောက်ပ လာ၏။

ဤသည်မှာ အနက်ရောင် စွမ်းအင် များကို ဖယ်ရှား ပြီးသည့် လက္ခဏာ ပေပင်။ ထို့ကြောင့် မျက်လုံးများ ပြန်ဖွင့်ကာ၊ ရေစက် များကို စုပ်ယူ မျိုချ လိုက်၏။

ရေစက်လေး များက ပါးစပ်ထဲ စီးဝင် သွားပြီး၊ စွမ်းအင် အငွေ့ အသက်များ မြင့်တက် လာသော ကြောင့်၊ အဝတ် အစားများ တဖျပ်ဖျပ် ခတ်သွားသည်။

တစ်ချိန်တည်း မှာပင် ထုတ်လွှတ် ထားသော အရှိန် အဝါ များက၊ ယန်အဆင့် နားသို့ ချဉ်းကပ် လာ၏။

စက္ကန့် ပိုင်း အတွင်း၊ ခန္ဓာကိုယ် အနှံ့ နက်နဲယင် ရေများ ပျံ့နှံ့ သွားကာ၊ ဆဲလ်တိုင်း ဖောင်းကြွ ရောင်ရမ်း လာသည်။

ကြံ့ခိုင် သန်စွမ်းသော ကိုယ်လုံး ကိုယ်ပေါက် ဖြင့်ပင် နာကျင် ကိုက်ခဲ မှုကို ခံစား နေရဆဲ ပေပင်။

မူလ စွမ်းအင်များ ချက်ချင်း ပြည့်လျှံ လာသောကြောင့်၊ ခရမ်းရောင် နန်းတော် သည်လည်း၊ စတင် ပြန့်ကား လာတော့၏။

ကျယ်လောင်သော အသံများ အဆက် မပြတ် ထွက်ပေါ် နေပြီး၊ ကြွက်သားများ ကြီးထွား အသွင်ပြောင်း နေပေပြီ။

အဝတ် အစား များက ကွဲထွက် ကုန်ကာ၊ မကြုံ စဖူးသော နှုန်းဖြင့်၊ မူလ စွမ်းအင်များ ပွက်ပွက် ဆူ လာ၏။

ဤသည်မှာ အလွန် ရှားပါး လှပြီး၊ အုပ်စိုး ရှင်များ တွင်သာ တွေ့ရ နိုင်သော အကြောင်း ရင်းလည်း ဖြစ်လေသည်။

ရုပ်ခန္ဓာ ပြောင်းလဲ မှုမှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွား ပြီးနောက်၊ ငေွရောင် ဓားစွမ်းအင် များကို စတင် သန့်စင် တော့သည်။

ခဏ အကြာတွင်၊ မူလ စွမ်းအင်များ စုရုန်း လာပြီး၊ ယခင် ကထက် ပို၍ ရုန်းကြွ လာ၏။

ဓားသုတ္တန်ကို တစ်ပတ် အပြည့် လှည့်ပတ် ပြီး ချိန်၌၊ ခန္ဓာကိုယ် ပြောင်းလဲ မှုမှာ၊ လုံးဝ ရပ်တန့် သွားကာ၊ နာကျင် မှုများ ပျောက်ကွယ် ကုန်သည်။

ထိုအချိန်တွင် ကြာပန်း တစ်ပွင့် ပွင့်လာ သကဲ့သို့၊ အတွင်းပိုင်း ပြောင်းလဲမှုများ စတင် လာတော့၏။

ယင်မှ ယန်သို့ တက်ရောက် ခြင်းမှာ၊ ထင်ထား သည်ထက် ပို၍ ချောမွေ့ နေခဲ့ လေပြီ။

ဤအကြိမ် မတိုင်မီ၊ ချိုးဖြတ် ဝင်ရောက်မှု တိုင်း၌၊ ပြင်းထန်သော အဟုန်ဖြင့်၊ အရှိန်အဝါများ ပေါက်ကွဲ လာတက်သည်။

ယခု ကဲ့သို့ ညင်သာ တိတ်ဆိတ် မှုမျိုး မရှိ ခဲ့ချေ။ ယန် အဆင့်သို့ တက်လှမ်း ခြင်းမှာ၊ လုပ်ရိုး လုပ်စဉ် တစ်ခုလို၊ ထင်မြင် လာစေ၏။

နှစ် နာရီကြာ ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ကာ၊ အသက် ပြင်းပြင်း ရှူလိုက်သည်။ ကနဦး ယန် အဆင့်သို့ အောင်မြင်စွာ ဖြတ်ကေျာ် နိုင်ခဲ့ လေပြီ။

ခြေထောက်ပေါ် ဖြည်းဖြည်းချင်း ထရပ် လိုက်သည်။ စုတ်ပြဲ နေသော အဝတ် အစား များမှ လွဲ၍၊ သူ့အတွက် ထူးခြးသော အပြောင်း အလဲ မရှိ ခဲ့ချေ။

သို့သော် သတိထား မိပါက၊ အရပ် အနည်းငယ် မြင့်လာကာ၊ ကြွက်သားများ ဖောင်းကြွ လာသည်ကို တွေ့ကြ ရပေမည်။

ကြွက်သား များ၌၊ ပေါက်ကွဲ စွမ်းအားများ ပြည့်နှက် လာပြီး၊ ကျောက်စိမ်းတုံး တစ်တုံး ကဲ့သို့ ကြည်လင် တောက်ပ နေ၏။

“ စိတ်ဝင်စား စရာပဲ၊ နက်နဲယင် ရေက ငါ့နှလုံး သားကို တကယ် နှစ်ခြိုက် စေတယ်။ ”

ညာဘက် လက်သီးကို ဆုပ်လျက်၊ သွေးကြောများ ထဲရှိ ကြမ်းရှသော စွမ်းအင် များကို ခံစား လိုက်သည်။

ဆေးလုံး များနှင့် ဆေးဖက်ဝင် အပင် အများအပြားကို သန့်စင် ခဲ့ချိန်၌၊ ယခု ကဲ့သို့ နှစ်ခြိုက် အားရ မှုမျိုး မရှိ ခဲ့ချေ။

ကနဦး ယန်အဆင့် အရှိန် အဝါကို၊ ထုတ်လွှတ် ကြည့်လိုက်သော အခါ၊ ငွေရောင် မူလ စွမ်းအင်၌၊ နွေးထွေးမှု အချို့ ရှိနေကြောင်း သတိထား မိလာသည်။

ဤသည်မှာ မူလ စွမ်းအင်ကို ပြီးပြည့် စုံသော အသွင် ကူးပြောင်းမှု လုပ်နိုင် ပြီဟု၊ ဆိုလိုခြင်း ဖြစ်၏။

အောင်မြင်မှု ရယူ ခြင်းဖြင့်၊ ခွန်အား အနည်းဆုံး (၅၀%) ခန့် တိုးလာ ခဲ့သည်။

ရုတ်တရက် မြေပြင်ပေါ် ထိုးချ လိုက်ရာ၊ မီတာ တစ်ရာ နက်သော ချိုင့်ဝှမ်းကြီး တစ်ခု ဖြစ်ပေါ် လာပြီး၊ မီတာ တစ်ထောင် နီးပါး ကျယ်ပြန့် လေ၏။

လက်ရှိ ခွန်အားကြောင့် ထိတ်လန့် တုန်လှုပ် သွားသော်လည်း၊ တစ်ချိန် တည်း မှာပင် စိတ်လှုပ် ရှားမှု များဖြင့် မျက်ဝန်းများ တောက်ပ လာသည်။

“ နက်နဲယင် ရေ အပေါ်၊ ငါ တကယ် လျှော့တွက် မိခဲ့ ပုံပဲ၊ ငါ့ရဲ့ တိုက်ပွဲဝင် စွမ်းအားက၊ (၇၀%) ကနေ (၈၀%) အထိ တိုးလာပြီ၊ ... ”

“ ... အခု အချိန်မှာ၊ ရှန်ရှင်း ဓားကို မသုံးဘဲ နဲ့တောင်၊ မူလ စွမ်းအင် သက်သက်နဲ့ ဂိုရှုကို ရင်ဆိုင်ဖို့ စိုးရွံ့ နေစရာ မရှိတော့ ပါဘူး။။ ”

ကျေနပ် စွာဖြင့်၊ ရေရွတ်လိုက် ပြီးနောက်၊ အဝတ်အစား အသစ် တစ်စုံ ထုတ်လဲကာ၊ ကောင်းကင်ပေါ် ခုန်တက် ပျောက်ကွယ် သွား တော့သည်။

သို့သော် ရုတ်တရက်၊ ကြောက်စရာ ကောင်းသော သဲမုန်တိုင်း တစ်ခုက၊ သူ့ထံ တိုးဝင် လာ၏။

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ အကန့် အသတ်ထိ တွန်းပို့ လိုက်သည်နှင့်၊ ရွှေကျီးကန်း တံဆိပ် ထွက်ပေါ် လာကာ၊ အလင်းတန်း အသွင် ပြောင်းလဲ ပြေးထွက် ပစ်လိုက်သည်။

ထို့နောက် သဲမုန် တိုင်းဖြင့်၊ ဝေးရာ အရပ်ရောက်မှ သာလျှင်၊ လက်နှစ်ဖက်ကို ဆန့်ခွဲကာ၊ သောင်ပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်၏။

ယင်းမှာ မလှမ်း မကမ်း ဆီ၌ တိုက်ပွဲ တစ်ပွဲအား၊ သတိ ထားမိ လာသောကြောင့် ဖြစ်သည်။

တိုက်ပွဲက ပြင်းထန် လှပြီး လူ သုံးဦးမှာ၊ ငယ်ရွယ် လွန်းသော လူငယ် တစ်ဦးကို ဝိုင်းရံ တိုက်ခိုက် နေခဲ့ခြင်း ပေပင်။

အဝိုင်း ခံထား ရသော လူငယ်၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ အထင် ကြီးစရာ ကောင်းလှ သော်လည်း၊ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေပြီ ဖြစ်သည်။

အုပ်စုဖွဲ့ သူ သုံးဦးကို မြင်ဖူး သလို ရှိပြီး၊ အဝိုင်း ခံထား ရသော လူငယ် ထံသို့ အကြည့် အရောက်တွင်၊ မျက်ခုံးပင့် လိုက် မိသည်။

လူငယ်က၊ ရန်သူ နှစ်ဦးနှင့် အာရုံစိုက် ရုန်းကန် နေချိန်တွင်၊ ကြက်သွေးရောင် ဝတ်ဆင် ထားသော ကျန်တစ်ဦးက ရုတ်တရက် မြွေပွေး တစ်ကောင် ကဲ့သို့၊ ဝင်ရောက် တိုက်ခိုက် လာတက်သည်။

သူတိုက်ခိုက် လိုက်တိုင်း၊ လူငယ်မှာ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား တက်၏။

“ မင်းက ကောင်းကင် ဓားဂိုဏ်းက ပါရမီရှင် တစ်ယောက်လား၊ သိပ် အထင်ကြီး စရာလည်း မရှိ ပါလား။ ”

အလစ်ဝင် တိုက်သော ကြက်သွေးရောင် ဝတ်ရုံဖြင့်၊ လူငယ်က ဆိုလိုက်သည်။

အဝိုင်းခံ ရသော လူငယ်မှာ၊ ကောင်းကင်ဓား ဂိုဏ်း၌၊ အထက် တန်းစား တစ်ဦး အဖြစ် အဆင့် သတ်မှတ် ခံထား ရသော မူချန် ဖြစ်၏။

အသက် ဆယ့်ရှစ် နှစ်ဖြင့်၊ ယန် အဆင့်သို့ တက်ရောက် ထားနိုင်သော ရှားပါး ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။

“ ကမ္ဘာ ကြီးက ...၊ တကယ့်ကို ကျဉ်းကျဉ်း လေးပဲ။ ”

ထိုမြင်ကွင်းကို ကြည့်ပြီးနောက်၊ လင်းယွန်က ရေရွတ် လိုက်၏။ သို့သော် ၎င်းမှာ အံ့ဩ စရာ မရှိချေ။

မြောက်ပင်လယ်သည် ကျယ်ပြန့် သော်လည်း၊ အဆုံးတွင် အနှေးနှင့် အမြန်ဆို သလို၊ အချင်းချင်း ပြန်ဆုံ မိကြမည် ဖြစ်သည်။

မူချန်က သူ့ နာမည်ကို ဤခရီးတွင် တည်ဆောက်ရန် ရည်ရွယ် လာ ခဲ့သော်လည်း၊ ယခု ချိန်၌ အသက် အန္တရာယ် ဖြင့်ပင်၊ ရင်ဆိုင် နေရပြီ ဖြစ်၏။

ကြက်သွေးရောင် အ၀တ် အစားဖြင့်၊ ခိုးဝင် တိုက်ခိုက် နေသူမှာ၊ အဖွဲ့ ခေါင်းဆောင် ဖြစ်ပုံ ရပြီး၊ သွေးခန်းမ၏ အမာခံ တပည့် ဖြစ်သည်။

သူသာ အမှတ် မမှား ပါက၊ ဤကြက်သွေးရောင် လူငယ်မှာ ‘သားသတ် သမား ဂျီဝူယီ’ ဘေးတွင်၊ ရပ်နေခဲ့ သူ တစ်ဦး ပေပင်။

“ ဘယ်လောက် တောင် အရှက်မဲ့ လိုက်လဲ၊ မင်းသာ ခိုးကြောင် ခိုးဝှက် မတိုက်ခိုက် ဖူးဆိုရင်၊ ငါ့ကို အနိုင်ယူ နိုင်မယ် ထင်လား၊ ဒီနေ့ မင်းငါ့ကို သတ်နိုင် ခဲ့ရင်တောင်၊ ငါ့ရဲ့ စီနီယာ အစ်ကိုက၊ လက်စားချေ ပေးလိမ့်မယ်။ ”

မူချန်က ရိုင်းစိုင်းသော အမူ အရာဖြင့် တစ်တစ် ခွခွ ကျိန်ဆဲ ပစ်လိုက်သည်။ သဘာဝ ရတနာ သစ်သီး တစ်လုံးကို ရှာတွေ့ ခဲ့ပြီး၊ ခူးဆွတ် နေစဉ် မှာပင်၊ အလစ်ဝင် တိုက်ခိုက် ခံလိုက် ရခြင်း ဖြစ်သည်။

ထို့နောက် မတုံ့ပြန် နိုင်မီ၊ သူ့အား ဝိုင်းလာကြ တော့၏။ ၎င်းတို့အား သစ်သီး ပေးခြင်းဖြင့် ရှင်သန် နိုင်မည်ဟု ထင်မြင် ခဲ့ သော်လည်း၊ သူ့ကို လွှတ်လို ပုံ မရချေ။

“ မင်းက မင်းရဲ့ ပြိုင်ဘက်တေွ ကိုတောင် အနိုင် မယူ နိုင်ဘဲနဲ့၊ ကိုယ့်ကိုကိုယ် ပါရမီ ရှင်လို့ ခေါ်ဝံ့ သလား၊ ငါ့ရဲ့ စီနီယာ အစ်ကို ရှေ့မှာ၊ မင်းရဲ့ စီနီယာ အမှိုက် ကျန်းယွမ်က၊ ဘာကောင်မှ မဟုတ် ပါဘူး၊ ဟား ... ဟား ... ဟား ... ။ ”

ကြက်သွေးရောင် လူငယ်က၊ သူ့လက် ဖဝါးကို မူချန့် ရင်ဘတ် ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချ လိုက်ပြန်၏။

ဤတစ်ကြိမ်တွင် နံရိုးများ ကျိုးသွားကာ၊ သွေး တစ်လုတ် အန်လျက် မူချန် တစ်ယောက် ဓားတခြား လူတခြား လွင့်စင် သွားရသည်။

“ မင်းက အုပ်စိုးရှင်ရဲ့ တပည့် တစ်ဦး ဖြစ်ရင်တောင်၊ ငါ့ဆီ ပြေးလာ မိရင် အသတ်ခံ ရမှာ ပါပဲ။ ”

ကြက်သွေးရောင် လူငယ်က မူချန် ခေါင်းကို လက်ဖဝါးဖြင့် ရိုက်ချကာ အဆုံးသတ် ပစ်လိုက် သည်။

သို့သော် အပြာရောင် လူရိပ် တစ်ရိပ် ကောင်းကင်မှ ရုတ်တရက် ဆင်းသက် လာပြီး၊ ထိုလက်ဖဝါး ချက်အား ပိတ်ဆို့ လိုက်၏။

ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရသော ကြက်သွေးရောင် လူငယ်၏ နှုတ်ခမ်း ထောင့်တွင် သွေးများ စီးကျလာ ခဲ့သည်။

ရပ်ကြည့် နေမိသည့် ကျန် လူငယ် နှစ်ယောက် သည်ပင်၊ ကြက်သွေးရောင် လူငယ် နောက်သို့၊ သွားရောက် စုဝေး လိုက်ကြ၏။

သုံးယောက်သား ရင်ပေါင် တန်းကာ၊ ဝင်ရောက် စွက်ဖက် သူကို မော့ကြည့် မိသည်။

“ လင်း ယွန် ... ။ ”

သူ့ရှေ့ ရပ်နေသော အပြာရောင် လူရိပ်၊ နောက်ကျောကို ကြည့်ပြီး၊ မူချန်က အံ့သြ သွား၏။

လမ်းတလျှောက် လင်းယွန် အပေါ် အကောင်း မြင်စိတ် မရှိ လေရာ၊ ဤသို့ ကယ်တင် လာလိမ့် မည်ဟု မထင်ထား မိချေ။

သို့သော် ပို၍ အရေးကြီး သည်မှာ၊ နှစ်ယောက် အတူ လက်တွဲ ထားပါက၊ သူ အသက် ရှင်ခွင့် ရနိုင် ပေမည်။

“ နောက်တစ်ယောက် သေဖို့၊ ရောက်လာ တာလား။ ”

ဟန့်တား လာ သူမှာ၊ ကနဦး ယန်အဆင့် တွင်သာ ရှိနေကြောင်း မြင်လိုက် ရသည်နှင့်၊ ကြက်သွေးရောင် လူငယ်က ပြုံးကာ ဆိုသည်။

“ ဘယ်သူ သေမလဲ ဆိုတာ၊ မသေချာ သေးပါဘူး။ ”

လင်းယွန်က မူချန့် ဓားကို ကောက်ကိုင် လိုက်ပြီး၊ ထီမထင် ဟန်ဖြင့် တုန့်ပြန် လိုက်၏။

ဓားကို ကိုင်လိုက် ချိန်တွင်၊ သာမန် မဟုတ်ကြောင်း သူ ပြောနိုင်သည်။ သို့သော် ထူးဆန်းသော ခန္ဓာ ကိုယ်ကြောင့်၊ သည်ဓားကို နှစ်ကြိမ်ပင် ခုတ်ပိုင်းခွင့် မရှိချေ။

ယင်းသည်ပင် ဤလူပြက် သုံးကောင်အား အတွက်၊ လုံလောက် နေပြီ ဖြစ်သည်။

“ လင်းယွန် စိတ် မစောနဲ့ ...၊ သူက ဂျီဝူယီရဲ့ ဂျူနီယာပဲ၊ ရှင်သန်ဖို့ အတွက် ငါတို့ အတူတူ လက်တွဲမှ ရမယ်။ ”

သူ့ဓားကို ကောက်ကိုင် လိုက်သော လင်းယွန်ကြောင့်၊ မူချန်က အလောတကြီး အော်ဟစ် သတိပေး လိုက်သည်။

“ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”

“ ဟဲ ဟဲ၊ ဒီလို မောက်မာတဲ့ လူငယ် တွေကို သတ်ရတာ အရသာ ရှိတယ်။ ”

“ မင်း ငါတို့ကို ဘာလုပ် နိုင်မလဲ ကြည့် ရအောင်။ ”

သွေးခန်းမ၏ တပည့် သုံးယောက်က လင်းယွန် အပေါ် ပျက်ရယ်ပြု လိုက်ကြကာ၊ တိုက်ခိုက်ရန် ပြေးဝင် လာ၏။

“ သေ လိုက် တော့ ... ။ ”

တစ်ချိန်တည်း မှာပင်၊ လင်းယွန် သည်လည်း ရှေ့သို့ ခြေတစ်လှမ်း တိုးသွားပြီး၊ ဓားဖြင့် ပိုင်းချ ပစ်လိုက်သည်။

ထို့နောက်တွင် ဓား ရည်ရွယ်ချက်များ ပါရှိသည့် ငွေရောင် ဓား အလင်းများ ပြေးထွက် သွားကာ၊ ပတ်ဝန်းကျင် တစ်ခု လုံးကို လွှမ်းခြုံ လာလေသည်။

ငွေရောင် ဓားအလင်း များက၊ မီတာ တစ်ထောင် နီးပါး ရှည်လျားသော ပြတ်ရှရာ ကြီး တစ်ခုအား ဖြစ်ပေါ် လာစေ၏။

လင်းယွန် လက်ထဲမှ ဓားကျိုးကျ သွားချိန်တွင်၊ သွေးခန်းမ တပည့် များမှာ၊ အပိုင်းပိုင်း ကွဲထွက် သွားတော့သည်။

“ မင်း ... ။ ”

သုံးယောက်ကို တစ်ချက် တည်းဖြင့် သတ်လိုက်သည့် မြင်ကွင်းကြောင့်၊ မူချန် တစ်ယောက် အသံ မထွက် နိုင်တော့ချေ။

ကြီးစိုး နိုင်လွန်းသော တစ်ဖက် လူ၏ အရှိန်အဝါကို မော့ကြည့်ကာ၊ ထိတ်လန့် သွားမိ သည်။

ကံတရား ကြောင့်သာ ဆောင်းကျန် အပေါ်၊ အနိုင်ယူ နိုင်ခဲ့ခြင်း ဖြစ်မည်ဟု၊ ယူဆထား မိသော တစ်ဖက် လူ ထံမှ၊ ဤအရာကို မမျှော်လင့် ထားမိချေ။

ယင်းမှာ သူ့ မျက်နှာအား ဖြတ်ရိုက်ခြင်း မည်ပေ၏။ ရင်ဘတ်ကို ထိမှန် ထားသော လက်ဝါး ထက်ပင်၊ ပို၍ နာကျင်ဖွယ် ကောင်းလေသည်။

***

All Chapters