← Chapters

ကြယ်ရောင်စုံ ကောင်းကင်။

Vol. 43 Ch. 600

ကြယ်ရောင်စုံ ကောင်းကင်။

Vol. 43 Ch. 600

“ မင်းရဲ့ ဓား အတွက်၊ တောင်းပန် ပါတယ်။”

အရိုးသာ ကျန်ရှိ တော့သည့်၊ မူချန့် ဓားကို ကြည့်ပြီး ပြောလိုက်သည်။

ပျက်စီး သွားသော ဓား၏ မူလကို သူ နားမလည် နိုင်သော်လည်း၊ ရတနာ ဓားတစ်လက် ဖြစ်ကြောင်း၊ ပြောနိုင်သည်။

“ အာ ... ”

မူချန်က လန့်ဖျပ် လာပြီး၊

“ အဲဒီ အတွက် စိတ်မပူ ပါနဲ့ ...။ ”

အချိန် အတော်ကြာ တွေဝေ ပြီးနောက်၊ ခက်ခက် ခဲခဲ ဆုံးဖြတ် လိုက်ဟန်ဖြင့်၊

“ မင်းရဲ့ အကူ အညီ အတွက်၊ ကျေးဇူး တင်ပါတယ်။ ”

-ဟု ဆိုလိုက်၏။

လင်းယွန် အပေါ်၊ နှိမ့်ချ ပြောဆို ဖူးသည့်၊ စကား များကြောင့်၊ သဘာဝ အတိုင်း ရှက်ရွံ့ နေခြင်း ဖြစ်သည်။

သို့သော် တစ်ဖက် လူတွင်၊ ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိ သည်ကို သတိပြု မိလိုက်ပြီး၊ စိတ် သက်သာရာ ရသွား၏။

လင်းယွန်နှင့် သူ့ကြား၊ ခွန်အား ကွာခြား ချက်မှာ၊ များစွာ ကြီးမားသည် ဟူသော အချက် ကို၊ သူ လက်မခံ နိုင်သေးချေ။

“ လင်းယွန် ... မင်းက အရင် ထဲက သန်မာ နေတာလား။ ”

နှလုံးသားက၊ အလျှော့ မပေး လိုသောကြောင့် မေးမြန် လိုက်သည်။ ဤမတိုင်မီ လင်းယွန်၌ ယင်းသို့ သန်မာခြင်း မရှိ ပါက၊ သူ အတွက် ပိုကောင်း လာမည်မှာ၊ သံသယ ဖြစ်စရာ မလိုချေ။

သို့သော် လင်းယွန်က ခေါင်းမော့ လာပြီး၊

“ မြောက်ပင်လယ်မှာ ငါ နည်းနည်း ကံကောင်း ခဲ့တယ်၊ မဟုတ်ရင် ယန် အဆင့်ကို တက်ရောက် နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ယင် အဆင့်နဲ့ ဆိုရင်တောင်၊ သူတို့ သုံးယောက်ကို သတ်ပစ် ဖို့က၊ ဓား သုံးချက်ပဲ လိုတယ်။ ”

“ ဒါက မဖြစ် နိုင်ဘူး။ ”

မူချန် ထိတ်လန့် တကြား ငြင်းဆန် လိုက်သည်။ တစ်ဖက် လူမှာ ထိုအချိန် တည်းကပင်၊ သူ့ထက် သန်မာ သည်ဟု အဓိပ္ပါယ် ရ၏။

“ မင်း ငါ့ကို မယုံ ဖူးလား။ ”

လင်းယွန်က သူ့ ဓားကို အနည်းငယ် ထုတ်လွှတ် ပြလိုက်သည်။ ဓားနယ်မြေ အတွင်း ရောက်ရှိ သွား သကဲ့သို့၊ ပတ်ဝန်းကျင် တစ်ခုလုံး ဓားမြည် သံများ ဖုံးလွှမ်း သွား၏။

“ ရှန်ရှင်းဓား အလယ် အလတ် ကျွမ်းကျင်မှု။ ”

မူချန်၏ ရေရွတ် သံကို လင်းယွန်က ခေါင်းညိတ် ရုံဖြင့်သာ တုန့်ပြန် လိုက်သည်။

“ ဒါဆို ရင်တော့ အမှန် ပါပဲ။ ”

ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးကာ၊ ငြိမ်သက် သွား တော့သည်။ တစ်ဖက် လူ၏ ဓားရည်ရွယ် ချက်နှင့် ပတ်သက်ပြီး၊ ခန့်မှန်းချက် အချို့ ရှိခဲ့ သော်လည်း၊ အတည်ပြု နိုင်ချိန်၌၊ တုန်လှုပ် ရဆဲ ဖြစ်သည်။

ဓားသမား တစ်ယောက် အနေဖြင့်၊ ဤသည်မှာ မည်သည့် အရာကို ဆိုလိုကြောင်း၊ သဘာဝ ကျကျ သူ သိ၏။

ကောင်းကင် ဓားဂိုဏ်း တွင်ပင်၊ ရှန်ရှင်း ဓားကို ပို၍ ကျွမ်းကျင်စွာ ဆုပ်ကိုင်ထား နိုင်သူ သုံးဦးသာ ရှိသည်။

ထို့ကြောင့် လင်းယွန်အား ထပ်မံ ကြည့်ရှု လိုက်ချိန်တွင်၊ အသွင် အပြင် အနည်းငယ် ပြောင်းလဲ သွားသည်ဟု ထင်မြင် လာ မိ၏။

ယခု အချိန်၌ တိမ်နဂါး အဆင့်၊ ပါရမီရှင် များထက် နိမ့်ကျခြင်း မရှိ တော့ချေ။ အတွေး များကို ပြန်လည် ကောက်ယူ လိုက်ပြီး နောက်၊

“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ... သူတို့ကို သတ်လိုက် ရုံနဲ့၊ ဒါက ပြီးသွား မယ်လို့ ငါ မထင်ဘူး၊ ... ”

“ ... သူတို့က အုပ်စိုးရှင် တပည့်တွေ ကိုတောင် မျက်စိထဲ မရှိ တာကြောင့်၊ ဂျီဝူယီသာ ဒီကိစ္စကို လိုက်ခဲ့မယ် ဆိုရင်၊ ... ။ ”

“ စိတ်မပူ ပါနဲ့၊ သူတို့က သေနေ ပါပြီ၊ ငါအခု ဒီမှာ ရပ်နေတယ်၊ ပြီးတော့ တရား ခံကို ရှာတွေ့ဖို့ ဂျီဝူယီ အတွက်၊ မလွယ် ပါဘူး။ ”

လင်းယွန်က တုန်လှုပ်ခြင်း မရှိဘဲ၊ စကား ဖြတ်ပြော လိုက်သည်။

“ အင်း ... ဒါက အဓိပ္ပာယ် ရှိတယ်၊ ဒီနေရာ ကနေ မြန်မြန် ထွက်ရအောင်။ ”

မူချန်မှာ စိုးရိမ် နေဆဲ ဖြစ်ပြီး၊ ဆက်နေ ဖို့ရန် မဝံ့ တော့ချေ။ ထိုအချိန်တွင် အလင်း တိုင်ကြီး တစ်တိုင်၊ ကောင်းကင်ပေါ် ထိုးတက် လာ၏။

ထိုအလင်းတိုင် အတွင်း၌ ကြယ်ရောင်စုံ လင်းလက် နေသော ရှေးဟောင်း သင်္ချိုင်း တစ်ခု ကောက်ကြောင်းကို လှမ်းမြင် နိုင်သည်။

“ အင်ပါ ရီယန် သင်္ချိုင်း။ ”

၎င်းအား မြင် သည်နှင့်၊ မူချန်က ဟစ်အော် လိုက်၏။ ဤဖြစ်စဉ် ကြောင့် ဖြစ်ပေါ် လာသော လှိုင်းမှာ၊ ကြီးမား လှချေသည်။

အင်ပါရီယန် အုတ်ဂူကို ပိတ်ထားသည့်၊ တံဆိပ်မှာ အားပျော့ လာပြီး၊ ယင်း ဖြစ်စဉ်ကို ထုတ်ဖော် လာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်၌ ကြယ်ရောင်စုံ ကောင်းကင်ကို ထွန်းလင်း တောက်ပ စေသော ကြယ်ကြီး တစ်စင်း ရှိ၏။

“ အဲဒါ ကြယ်တာရာ ပုလဲ။ ”

လင်းယွန် တစ်ယောက် မှင်တက် နေစဉ်၊ မူချန်က လေးနက်သော အသံဖြင့် ပြောလိုက် သည်။

“ ကြယ် ပုလဲ ဆိုတာ ဘာလဲ။ ”

၎င်းကို သိရှိ ထားပုံ မရသော လင်းယွန်ကို ကြည့်ပြီး၊ မူချန် ရင်ထဲ မေးခွန်းများ ပြည့်နှက် လာသည်။

လင်းယွန် အတွက်မူ၊ မိုလင်းမှ နက်နဲယင် ရေကိုသာ ထုတ်ဖော် ပြောကြား ခဲ့ပြီး၊ ၎င်းကို ချန်လှပ် ခဲ့ရသော အကြောင်း ရင်းအား၊ ခန့်မှန်း နေမိ၏။

နောက်ဆုံးတွင် မူချန်က အနည်းငယ် တုံ့ဆိုင်း သွားပြီး၊

“ ဒါက လျှို့ဝှက်ချက် မဟုတ် ပါဘူး၊ တိမ်နဂါး အဆင့်က သူတွေ အထွတ် အထိပ် ယန် အဆင့်မှာ ပိတ်မိ နေတာကို၊ မင်း သတိ ထား မိတယ် မဟုတ်လား။ ”

ထိုအချင်း အရာကို၊ အနည်းငယ် စဉ်းစား ပြီးနောက်၊ လင်းယွန်က ခေါင်းညိတ် လိုက်သည်။

ဂျီဝူယီ၊ ရန်ကောင်း၊ ယန်းဖန်နှင့် ဂိုရှုတို့ အားလုံးမှာ၊ အထွတ် အထိပ် ယန် အဆင့်၌ ရှိနေ ကြ၏။

လွန်ခဲ့သော လေးနှစ် ကတည်း ကပင်၊ အထွတ် အထိပ်ယင် အဆင့်နှင့် ကနဦး ယန် အဆင့်တွင် ရှိနေ ကြပြီး၊ သူတို့၏ အရည်အချင်း များအရ၊ ယင်-ယန် အဆင့်ကို ဖြတ်ကျော်သွား သင့်မည်မှာ၊ ကြာပြီ ဖြစ်သည်။

ယင်-ယန် အဆင့်သို့ ထိုးဖောက် ဝင်ရောက် ရန်မှာ၊ လွယ်ကူသော အရာ မဟုတ်ချေ။ လူ အများ အပြားမှာ ၎င်းတွင် အချိန် အတော် ကြာအောင် ပိတ်မိ နေတက် ကြသည်။

သို့သော် ပါရမီ ရှင်များ အတွက်မူ၊ ပြဿနာ မဖြစ် သင့်ချေ။ ထို့ကြောင့် မူချန်၏ ရှင်းပြချက် အောက်တွင်၊ အခြေ အနေကို အကြမ်းဖျင်း နားလည် လာမိသည်။

ထို့ပြင် ယင်-ယန် အဆင့်၌ သိုင်းဝိညာဉ်မှာ၊ အရေး ကြီးပေ၏။

ရည်မှန်း ချက်ကြီး သူတိုင်းက၊ ယန် အဆင့်သို့ အောင်မြင်မှု မပြု လုပ်မီ၊ သိုင်းဝိညာဉ် များကို နက်နဲ အဋ္ဌမ အဆင့် အထိ၊ မြှင့်တင်ရန် ကြိုးစား ကြမည် ဖြစ်သည်။

ပြင်ပ အဆင့် သတ်မှတ် ချက်ရှိ၊ ထိပ်ဆုံး ခုနစ်ယောက်မှာ၊ ၎င်းတို့၏ သိုင်းဝိညာဉ် များကို မြေကြီး အဆင့် အထိ မြှင့်တင် ထား၏။

“ ကြယ်ပုလဲက သိုင်းဝိညာဉ်ကို အဆင့် မြှင့်ပေး နိုင်တယ်လို့ မင်း ပြောချင် နေတာလား။ ”

လင်းယွန်က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ၊ မေးလာ သောကြောင့်၊ မူချန်မှာ ခေါင်းညိတ် ပြပြီး၊ ကြယ်ကြီးကို ညွှန်ပြ လိုက်၏။၊

“ ဝိညာဉ် စွမ်းအင် ဆိုတာ၊ နေနဲ့ လရဲ့ အနှစ် သာရ ပဲ၊ အင်ပါရီယန် နယ်ပယ်ကို ရောက်ပြီးတဲ့ နောက်မှာတော့၊ ဝိညာဉ် စွမ်းအင် အစား ကြယ်စွမ်းအင်ကို တိုက်ရိုက် စုပ်ယူ နိုင်ပါ တယ်၊ ... ”

“ ... အင်ပါရီယန် တစ်ပါး သေဆုံးရင်၊ သူရဲ့ ခန္ဓာ ကိုယ်မှာ ရှိတဲ့ ကြယ်စွမ်းအင် တွေက၊ ပုလဲ အသွင် ပေါင်းစပ် သွားတယ်၊ ဟိုမှာ ကြည့် ... အဲဒီ တစ်ခုပဲ၊ ... ”

“ ... ဒါပေမယ့် သူ့ဘေးက ပုလဲတွေ မှာလည်း၊ သင့်လေျာ်တဲ့ အကျိုး သက်ရောက် မှုတွေ ရှိပါ သေးတယ်။ ”

“ အင်း ... ငါ နားလည်ပြီ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊

“ အင်ပါရီယန်ရဲ့ အုတ်ဂူမှာ၊ အဖိုး တန်ဆုံး အရာက အမွေ မဟုတ် သလို၊ နက်နဲယင် ရေလည်း မဟုတ်ဘူး၊ အဲ့ဒါက ကြယ်ပုလဲ။ ”

ထို့ကြောင့် ဂျီဝူယီနှင့် ပြင်ပ အဆင့် ထိပ်ဆုံး ဆယ်ယောက်မှာ၊ ကြယ်ပုလဲ အတွက် တိုက်ပွဲ ဝင်ကြ ပေမည်။

ယင်းကို မိုလင်းက စိုးရိမ် နေပုံ ရကာ၊ ဤအချင်း အရာအား ချန်လှပ်ရန် ဆုံးဖြတ် ထားခြင်း ဖြစ်နိုင်၏။

ကြယ်ရောင်စုံ ကောင်းကင် ကြီးကို မော့ကြည့်ပြီး၊ အတွေးများ ဝင်ရောက် လာခဲ့ သည်။

ဤသည်မှာ၊ အင်ပါရီယန် အလောင်းမှ ထွက်လာသော သဘာဝ ဖြစ်စဉ်ကြီး ပေပင်။

( ဒါက တစ်ကယ်ပဲ အင်ပါရီယန် တစ်ယောက်ရဲ့၊ ခွန်အားလား အံ့သြ စရာပဲ။ )

လူတစ်ယောက် သေဆုံး ပြီးနောက် တွင်ပင်၊ သည်မျှ အစွမ်း သတ္တိများ ရှိနေသေး သည်ကို သူ မယုံနိုင် သေးချေ။

အသက်ရှင် နေချိန်၌၊ မည်မျှ အစွမ်းထက် မည်ကို သိချင် သွား၏။ ယင်းမှာ လူတိုင်း လေးစား ရသော ဖြစ်တည် မှုမျိုး ဖြစ်ချေမည်။

တစ်ဆက်တည်း မှာပင်၊ အနာဂတ်၌ ထိုကဲ့ သို့သော ခွန်အားမျိုး၊ ပိုင်ဆိုင် ရမည်ဟု ကတိ ပြုလိုက်သည်။

ပန်းသင်္ချိုင်း ဓားက သူ့ အတွေး များကို ခံစား လာမိ ဟန်ဖြင့်၊ စိတ် လှုပ်ရှားစွာ မြည်သံ ပြုလာ ၏။

အချိန်ကြာ မြင့်စွာ ထွက်ခွင့် မရသည့် အတွက်၊ စိတ်တို နေပုံ ပေပင်။ သို့သော် ၎င်းကို အသုံး ပြုရန် အလျင် လိုခြင်း မရှိချေ။

စကြဝဠာ လက်ရာ အဖြစ် အဆင့် မြှင့်တင် ပြီးနောက် မှသာ၊ ထိုဆန္ဒကို ဖြည့်ဆည်း ပေးမည် ဖြစ်သည်။

ထိုအတွေးကို ကျေနပ် သွားဟန်ဖြင့်၊ ပြန်လည် ငြိမ်သက် သွားသောကြောင့်၊ ပြုံးပြီး အကြည့်ကို ရုတ်သိမ်း လိုက်၏။

“ သွား ရ အောင်။ ”

ဤဖြစ်စဉ် အရ တိမ်နဂါး များကို၊ ဆွဲဆောင် နိုင်မည်မှာ သေချာ လေပြီ။

***

All Chapters