ခက်ခဲသော အခြေအနေ။
Vol. 43 Ch. 601
လင်းယွန် မှန်းဆ ထား သလို ပေပင်။ ကောင်းကင်ပေါ် ထိုးတက် နေသော အလင်း တိုင်မှာ၊ လူတိုင်း အာရုံအား စွဲဆောင် သွားခဲ့ သည်။
“ အင်ပါရီယန် သင်္ချိုင်း တံဆိပ်၊ ပွင့် လာပြီ။ ”
“ စိတ်ဝင်စား စရာပဲ။ ”
“ ရှေးဟောင်း သင်္ချိုင်း ကနေ၊ အင်ပါရီယန်ရဲ့ အမွေ အနှစ်ကို အရ မယူ နိုင်ခဲ့ ရင်တောင်၊ ရတနာ တစ်ခု ဒါမှ မဟုတ် နှစ်ခုလောက် ရနိုင်ရင်၊ ခရီး ထွက်လာရ ကျိုး နပ်မှာပါ။ ”
ဖြစ်စဉ်ကို မြင်သူတိုင်း ရင်ခုန် လာကြ၏။
ဂျီဝူယီက ဓားမှ သွေးများကို ညင်သာစွာ သုတ်ယူ လိုက်ပြီး၊ ခြေရင်း အောက်တွင် သေဆုံး နေသော အလောင်း များကို ပြန်ကြည့် သည်။
ထိုအချိန် မှာပင် ရုတ်တရက် ကြယ်ရောင်စုံ လင်းလက် နေသော ကောင်းကင် ကြီးကို လှမ်းမြင် လိုက်ရ၏။
ကြောက်စရာ ကောင်းသော အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်ပြီး၊ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ၊
“ နောက်ဆုံးတော့ အချိန် ကျပြီ၊ မဟုတ်ရင် ပျင်းရ နေရ လိမ့်မယ်၊ ကြယ်ပုလဲက ငါ့ကို စိတ် မပျက် စေဖို့ မျှော်လင့် ပါတယ်၊ အခု လောလောဆယ် သွေးခန်းမရဲ့ တပည့် တွေကို အရင် ကြည့်ရအောင် ...။ ”
ထိပ်ဆုံး ဆယ်ဦး အနေဖြင့် အခြားသူ များထက်၊ ပို၍ အားသာချက် ရှိမည်ကို အဆင့် သတ်မှတ် ထားသော အထက် တန်းစား များပင် သိကြ သည်။
နောက်ဆုံးတွင် ကြယ်ပုလဲမှာ၊ ၎င်းတို့၏ အန္တိမ ပန်းတိုင်သာ ဖြစ်ပြီး၊ အခြား အရာများ အတွက်၊ အချိန်ကုန် ခံ နေစရာ မလိုချေ။ (အန္တိမ= နောက်ဆုံး)
ယို့ယွင်း စုတ်ပြတ် နေသော အပျက် အစီးများ ကြားတွင်၊ တစ္ဆေ မီးတောက် ဂိုဏ်း၏ တပည့် အများ အပြားက၊ ရန်ကောင်း အနား စုရုံး လာကြ၏။
ရန်ကောင်းမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်ကို၊ ထုတ်လွှတ် လိုက်သော အခါ၊ တခြား သူများအား စိတ် မသက် မသာ ဖြစ်လာ စေသည်။
မိစ္ဆာ နှစ်ပါး အနက် တစ်ပါး ဖြစ်သော၊ သူ၏ သတ်ဖြတ်ခြင်း ရောင်ဝါမှာ၊ ဂျီဝူယီထက် အားနည်းမည် မဟုတ်ချေ။
“ စီနီယာ အစ်ကို၊ အင်ပါရီယန် သင်္ချိုင်း ပေါ်လာ ပြီ။ ”
“ စီနီယာ အစ်ကိုရဲ့ အရည် အချင်းနဲ့၊ အင်ပါရီယန် အမွေ အနှစ်ကို ရယူဖို့က၊ ပြဿနာ ရှိလာမှာ မဟုတ်ဘူး။ ”
“ အမိန့်သာ ပေးပါ၊ အသက်စွန့် ပြီး လိုက်နာ ပေးပါ့မယ်။ ”
တပည့် အနည်း ငယ်က၊ ရန်ကောင်းကို မျက်လုံး တောက်တောက် များဖြင့် ကြည့်ကာ ဆို လိုက်သည်။
အင်ပါရီယန် သင်္ချိုင်းမှ၊ မည်သည့် အရာကို မဆို ရယူရန်၊ ရန်ကောင်း အပေါ် အားကိုး ရမည်ဟု သူတို့ သိရှိ ထား၏။
ရန်ကောင်းက မထီတရီ ပြုံးလိုက်ပြီး၊
“ ဟဲ ဟဲ၊ အဲဒါကို စိတ်မပူနဲ့၊ ကြယ်ပုလဲက လွဲလို့၊ တခြား ဘာမှ ငါ မလိုဘူး၊ သင်္ချိုင်း ထဲမှာ ငါ့ကို ဆန့်ကျင် ဝံ့ရင်၊ သေခြင်းထက် ပိုဆိုးတဲ့ အရာတွေ၊ သူတို့ သိအောင် ပြောပြ ပေးမယ်။ ”
စကားဆုံး သည်နှင့် အင်ပါရီယန် သင်္ချိုင်း ထွက်ပေါ်ရာ အရပ် ဆီသို့၊ တဟုန်ထိုး ပြေးထွက် သွားလေ သည်။
***
ထိုအချိန်တွင် လူငယ် နှစ်ဦးက၊ သဲသောင် ခုံများ ကြားတွင် ရပ်လျက်၊ ကောင်းကင်ပေါ် မော့ကြည့် နေ၏။
၎င်းတို့ နှစ်ဦး အနက် တစ်ဦးမှာ၊ ပိန်သွယ်သော ကိုယ်ဟန်ဖြင့်၊ ရှေးဟောင်း ဆေဘာဓား တစ်လက်ကို နောက်ကျောတွင် ပိုးလွယ် ထားသည်။
ကျန်တစ်ဦးမှာ ကြက်သွေးရောင် တောက်ပ နေသော မျက်ဝန်း များဖြင့် မထီတရီ ပြုံး နေ၏။
၎င်းတို့ နှစ်ယောက်မှာ၊ ပီယွဲ့နှင့် ချင်းအန် ဖြစ်ပြီး၊ တိမ်နဂါး အဆင့် (၅၈)နှင့် (၅၉) ၌ ရှိသည်။
နှစ်ဦး စလုံးမှာ၊ ပြင်ပ အဆင့်တွင် ထိပ်တန်း ဆယ်ဦး စာရင်း ဝင်ကာ၊ တစ်ချိန်လုံး အတူရှိ နေခဲ့သည်။
“ ငါတို့ရဲ့ အသန်မာဆုံး ပြိုင်ဘက် တွေက၊ ဂျီဝူယီနဲ့ ရန်ကောင်းပဲ။ ”
ပီယွဲ့က ကြယ်ပွင့် များကို အမှတ် တမဲ့ ရေတွက် နေလျက်ဖြင့်၊ ဆိုလိုက်၏။
“ သူတို့က ကြောက်စရာ ကောင်းပေမယ့် ငါတို့ အတူ လက်တွဲ နေသရွေ့ ပြဿနာ မရှိ ပါဘူး၊ တကယ်ကြောက် ရမဲ့ သူက တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့ ရှားယွင်ရှောင်ပဲ၊ သူ့မှာ ရှန်ရှင်း ဓား တစ်လက် ရှိတယ်။ ”
“ အဲဒီ လူရဲ့ ခွန်အားနဲ့ ၊ သူသာ ထက်ရှတဲ့ ဓား တစ်လက်ကို၊ အမှန် တကယ် ဆုပ်ကိုင်ထား နိုင်ရိုး မှန်ရင် ဒုက္ခဖြစ် လိမ့်မယ်။ ”
ပီယွဲ့က ခေတ္တရပ် လိုက်ပြီး၊ အေးစက်စက် အမူ အရာဖြင့်၊
“ ဒါပေမယ့် ငါတို့က အလွယ် တကူ အနိုင် ယူလို့ ရတဲ့သူ မဟုတ်ဘူး၊ ကြယ်ပုလဲ အတွက် သူ ပြိုင်ချင်တယ် ဆိုရင် စဉ်းစားရ လိမ့်မယ်။ ”
တစ်ချိန်တည်း မှာပင်၊ နေရာ အနှံ့ ပျံ့ကျဲ နေသော လူပေါင်း များစွာက၊ ကောင်းကင်ကို မော့ကြည့်ကာ၊ မဆိုင်း မတွ ပြေးလာ ကြသည်။
အင်ပါရီယန် ပုလဲကြောင့်၊ အဆင့် သတ်မှတ် ခံထား ရသော အထက် တန်းစားများ ကြား တွင်ပင်၊ တိုက်ပွဲများ ရှိလာ မည်ကို၊ မည်သူ မဆို ပြော နိုင်၏။
ထိုအခြေ အနေ အပေါ်၊ အခွင့် ကောင်းယူ လိုလျှင်၊ လုံလောက်သော သန်မာမှု ရှိ မရှိကို စဉ်းစား ရပေမည်။
ကြယ်ရောင်စုံ ကောင်းကင်မှာ၊ ဝေးကွာ နေသေး သော်လည်း လင်းယွန်က မူချန်နှင့် အတူ၊ လျှောက်လှမ်း လာခဲ့သည်။
အလျင် စလို မရှိ ခဲ့ပေ။ တံဆိပ် ပွင့်လာပြီ ဖြစ်သော်လည်း၊ အလုံးစုံ ပျောက်ကွယ် သွားရန် အတွက်၊ အချိန် အနည်းငယ် ယူရ ပေဦးမည်။
ထို့အပြင် တံဆိပ် လုံးဝ ပျောက်ကွယ်သွား လျှင်ပင်၊ လုံလောက်သော ခွန်အား မရှိဘဲ၊ ဝင်ရောက်ရန် ကြိုးစား သူတိုင်း သေဆုံး ရမည် ဖြစ်၏။
ရတနာ ဆိုသည်မှာ၊ သန်မာ သူများ အတွက်သာ ပြင်ဆင် ထားကြောင်း မည်သူ မဆို ပြောနိုင် သည်။
ထို့ကြောင့် လုံလောက်အောင် သန်မာ နေသ၍ နောက်ကျ လျှင်ပင်၊ ဆုံးရှုံး နိုင်မည် မဟုတ် ချေ။
သုံးရက် အကြာတွင်၊ အလင်း တိုင်ကြီး ထံသို့ ရောက်ရှိ လာခဲ့၏။ ပတ်ပတ် လည်၌ ကျိုင်းကောင် များကဲ့သို့၊ လူအုပ် ကြီးမှာ ဝိုင်းအုံ နေကြ လေပြီ။
နှစ်ယောက်သား ကောင်းကင်ဓား ဂိုဏ်းနှင့် အကယ်ဒမီမှ အဖော် များကို လှည့်ပတ် ရှာဖွေ လိုက်၏။
သူတို့၏ ခွန်အားဖြင့် လမ်းခရီး၌ ပြဿနာ တစ်စုံ တစ်ရာ မရှိ နိုင်ချေ။
တံဆိပ် ပွင့်ခြင်း ဖြစ်စဉ် ပြီးမြောက်ရန်၊ စောင့််ဆိုင်း နေကြစဉ်၊ ရုတ်ရုတ် သည်းသည်း အခြေ တစ်ခုကို၊ လူ အများက သတိထား မိ လာ၏။
မြောက်ပင်လယ်တွင် သွေးမြေ ကျခြင်းမှာ၊ သာမာန် ဖြစ်ရိုး ဖြစ်စဉ် မျှသာ ဖြစ်သော်လည်း၊ ဤတစ်ကြိမ် လူတိုင်း အာရုံကို စွဲဆောင် စေသည့်၊ အကြောင်းရင်း တစ်ရပ် ရှိနေ၏။
လက်ရှိတွင် လူငယ် နှစ်ဦးက၊ အမျိုးသမီး တစ်ဦးကို၊ အတူ တွဲလျက် တိုက်ခိုက် နေခဲ့သည်။
အမျိုး သမီးမှာ ထက်ရှသော အသွင်အပြင် ရှိပြီး၊ မီးလျှံ ရူရ် များဖြင့်၊ သူ့ ပတ်ဝန်း ကျင်ကို သိုင်းခြုံ ကာကွယ် ထား၏။
သူမ၏ ရုပ်ရည် မဆိုနှင့်၊ တိုက်ပွဲဝင် စွမ်းအား သည်ပင်၊ လူတိုင်း အာရုံကို ဆွဲဆောင်ရန် ထိုက်တန် ပေသည်။
တစ်စုံ တစ်ဦး အနေဖြင့်၊ သူရဲကောင်း တစ်ဦး အဖြစ်၊ ဝင်ရောက် စွက်ဖက် နိုင်သော်လည်း၊ သူမ၏ ပြိုင်ဘက် များကို ကြည့်ကာ၊ သက်ပြင်း ချမိ ကြမည် ဖြစ်သည်။
၎င်းလူငယ် နှစ်ဦးက လန်းဟွာယုနှင့် လင်းဇီယွမ် ဖြစ်ပြီး၊ အမျိုး သမီးမှာ မိုလင်း ဖြစ်၏။
“ ဒါ ... သွေးတောင်ပံ ခန်းမရဲ့ လန်းဟွာယု နဲ့၊ သဏ္ဍာန် သုံးပါး စံအိမ်က လင်းဇီယွမ်ပဲ၊ အို့ ... သူတို့ နှစ်ယောက်က ကောင်းကင် ပြည်နယ် အကယ်ဒမီက မိုလင်း အတွက်၊ တကယ် ပူးပေါင်း နေတာပဲ ...။ ”
“ လူမိုက်တွေ၊ မိုလင်းကို သတ်လိုက်ရင်၊ မို မိသားစု ဆိုတာ အလွယ် တကူ ဖြေရှင်း လို့ ရတဲ့ အင်အားစု မဟုတ်ဘူး။ ”
“ ဟုတ်တယ် မို မိသားစုက၊ ကောင်းကင် ပြည်နယ် အကယ်ဒမီရဲ့၊ အကူ အညီတောင် မလို အပ်မှာ သေချာတယ်။ ”
“ သူတို့ မဝံ့ ပါဘူး၊ ဒါက အမည်ခံ အုပ်စိုးရှင်တွေ ကြားက ရန်ငြိုးကြောင့်၊ မိုလင်းကို အရှက်ခွဲ ရုံလေးပါ။ ”
စုဝေး နေကြသော လူအုပ် ကြီးက၊ လန်းဟွာယုနှင့် လင်းဇီယွန် တို့နှစ်ယောက်၊ အရှက် မရှိ ပုံကို ဩချ မိ လေသည်။
သို့သော် ၎င်းတို့ နှစ်ဦးမှာ၊ တိမ်နဂါးများ ဖြစ်သောကြောင့်၊ မည်သူမျှ ဝင်ရောက် စွက်ဖက် ဝံ့ခြင်း မရှိပေ။
“ လန်းဟွာယု၊ မင်းက ဒီလောက် နှစ်တွေ ကြာလာ တာတောင်၊ ဘာမှ တိုးတက် မလာ ပါလား၊ ငါ့ကို ရိုက်နှက်ဖို့ အကူ အညီလို နေတဲ့ သူရဲဘောကြောင် တစ်ယောက်ပဲ။ ”
မိုလင်းက အေးစက်စွာ နှာခေါင်း ရှုံ့ လိုက်၏။
“ မင်းကို သင်ခန်းစာ ပေးဖို့ စိတ်ကူး ရှိပြီး သားပါ၊ ဒါပေမယ့် မမျှော်လင့် ထားတဲ့ ပြဿနာ တွေကို ရှောင်နိုင်ဖို့၊ ညီလေး လင်းရဲ့ အကူ အညီ ကို၊ လက်ခံ လိုက်တာပဲ၊ တိမ်မီးလျှံ တောင်တန်း မှာ တုန်းက မင်းနဲ့ အတူ၊ ကျန်းယွမ် ရှိနေလို့ ကံကောင်းတယ် မှတ်ပါ။ ”
လန်းဟွာယုက ဟက်ဟက် ပက်ပက် ရယ်မော လိုက်လေသည်။
“ စိတ်မပူ ပါနဲ့၊ ငါမင်းကို မသတ် ပါဘူး၊ ဒါပေမယ့် အင်ပါရီယန် သင်္ချိုင်းထဲ ကိုတော့ မင်း ဝင်ခွင့် မရှိ တော့ဘူး။ ”
ဂိုဏ်းနှစ် ဂိုဏ်း၏ ရန်ငြိုး များကြောင့်၊ မိုလင်းအား တစ်ယောက်တည်း တွေ့လိုက် ရချိန်တွင်၊ အခွင့် အရေးကို သဘာဝ အတိုင်း လက်လွှတ် ခံမည် မဟုတ်ချေ။
ထို့အပြင် ၎င်းအား ဖယ်ရှား ပြီးနောက်၊ လင်းယွန်ကို သတ်ဖြတ် ရာ၌လည်း လွယ်ကူ သွားမည် ဖြစ်သည်။
နှစ်ယောက် တစ်ယောက် ရင်ဆိုင် နေရ သောကြောင့်၊ ဝိညာဉ် ရေးရာ တိုက်ပွဲဝင် စွမ်းအား များကို ကန့်သတ်ချက် အထိ တွန်းတင် လိုက်၏။
သတိ လက်လွတ် မခံဝံ့ ခဲ့ပေ။ ပတ်ဝန်း ကျင်၌ ဝိညာဉ် ရေးရာ ပန်းချီကား ကိုးချပ် ရုတ်တရက် ထွက်ပေါ် လာ၏။
ယင်းမှာ သဘာဝ အတိုင်း၊ တတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား တစ်ချပ် ဖြစ်သော၊ ဖီးနစ် မီးလျှံ ဖြစ်သည်။
သေမင်း ပန်ချီကား တစ်ချပ်မှာ၊ ဤမျှ ထိတ်လန့် စရာကောင်း လိမ့်မည်ဟု လန်းဟွာယုက မထင် ထားချေ။
မိုလင်း၏ ကျင့်ကြံ မှုမှာ၊ ဆိုးရွားစွာ နိမ့်ကျ နေသော်လည်း၊ ဝိညာဉ် ရေးရာ ရူရ် များ အပေါ်၊ အောင်မြင်မှုက တုန်လှုပ် ချောက်ချား စရာ ပေပင်။
သို့သော် နှစ်ယောက် စလုံးက၊ လှောင်ပြောင် ရယ်မော လိုက်ပြီး တိုက်ခိုက်ရန် အားယူ လိုက်သည်။၊
“ တိမ်သဏ္ဍာန် လက်သီး — ငရဲ တိမ်လွှာ။ ”
လင်းဇီယွမ်က လက်သီး တစ်ချက် ပစ်ထုတ် လိုက်၏ ။ လက်သီးနှင့် အတူ မီးပင်လယ်ကြီး တစ်ခု၊ ကပ်ညိ ပါဝင် လာလေပြီ။
“ ဟား ... ဟား ... ဟား ..... ။ ”
တစ်ဖက်တွင် ‘သွေးသောက် ဓား သုတ္တန်’ ကို ကန့်သတ် ချက်သို့ တွန်းထုတ် လိုက်ပြီး၊ လန်းဟွာယုက ရယ်မော လိုက်၏။
အနီရောင် သွေး လက်ဝါးကြီး တစ်ဖက် ဖြစ်ပေါ် လာပြီး၊ လက်သည်း များကို ဖွင့်ယူ လိုက်သည်။
လက်သည်း ကြီးနှင့် မီးပင်လယ်မှာ၊ ဝိညာဉ် ရေးရာ ပန်းချီ ကားကို စုတ်ဖြဲ ပစ်၏။ ချက်ချင်းပင် ဖီးနစ် မီးလျှံ ပန်းချီ ကား၌၊ အက်ကြောင်းများ ထွက်ပေါ် လာသည်။
“ ဒါက ဆိုးတယ်၊ မိုလင်း ရှုံးလိမ့်မယ်။ ”
ယင်းကို သတိထား မိသော လူအုပ် ကြီးမှာ၊ ခေါင်းယမ်း လိုက်၏။ ပန်းချီကား ကွဲသွား သည်နှင့်၊ မိုလင်း တစ်ယောက် ဒဏ်ရာ ပြင်းထန်စွာ ရမည်ကို၊ သူတို့ ပြောနိုင်သည်။
ကြည့်နေဆဲ မှာပင် ဖီးနစ် ငှက်က၊ နောက်ဆုံး အော်သံ ပြုလျက် အပိုင်းပိုင်း ကွဲထွက် သွား၏။
သို့သော် ဆက်လက် တိုးဝင် လာချိန်တွင်၊ မိုလင်း အစား အပြာရောင် လူရိပ် တစ်ရိပ်အား မြင်လိုက် ရသည်။
“ မင်းတို့က ငါ့ အစ်မ ကြီးကို ထိဝံ့ ကြလား၊ ငရဲ ဆိုတာ ဘာလဲ ငါပြမယ်။ ”
ထို့နောက် အပြာဝတ် လူငယ်က၊ လက်သီး တစ်ချက် ပစ်ကာ၊ လန်းဟွာယုတို့ နှစ်ယောက် ကို၊ “ ထွက်သွား” ဟု မောင်းထုတ် လိုက်လေ သည်။
***