← Chapters

ပြိုင်ဘက် မရှိသော သခင့်ဓား။

Vol. 43 Ch. 602

ပြိုင်ဘက် မရှိသော သခင့်ဓား။

Vol. 43 Ch. 602

လက်သီးက လေခွင်း လာချိန်တွင်၊ သူတော်စင် ဂီတ သံများကို လူတိုင်း ကြားလိုက် ရသည်။

ဓား စွမ်းအင်ကို ကြမ်းရှသော စွမ်းအင်နှင့် ပေါင်းစပ် လိုက်ရာ၊ ကြောက်စရာ ကောင်းသည့် သားရဲကြီး တစ်ကောင် ကဲ့သို့ လွင့်ထွက် သွား၏။

လန်းဟွာယုက ဓားဆွဲကာ၊ ရင်ဆိုင် လိုက်သော်လည်း၊ လက်သီးကို မယှဉ် နိုင်ခဲ့ချေ။ သူ အပါဝင် လင်းဇီယွမ်ပါ အဝေးသို့ လွင့်စင် သွား၏။

အဆိုပါ ရလဒ်ကြောင့်၊ လူအုပ် ကြီးမှာ လင်းယွန် အပေါ် ပြန်လည် စူးစမ်း လာကြ သည်။

လန်းဟွာယုနှင့် လင်းဇီယွမ်တို့ နှစ်ဦးက မိုလင်း အပေါ် အုပ်စုဖွဲ့ ရိုက်နှက် နေသည်ကို၊ တွေ့လိုက် ရသော အခါတွင်၊ လင်းယွန်၏ ဒေါသမှာ၊ ဆုံးခန်း တိုင်သွားပြီ ဖြစ်သည်။

ဤမျှ အရှက် မဲ့သော အထက် တန်းစား များကို မတွေ့ဖူး ခဲ့ချေ။ ထို့ကြောင့် မိုလင်း ရှေ့သို့၊ တဟုန်ထိုး ပြေးဝင် လိုက်ခြင်း ဖြစ် သည်။

“ လင်း ယွန်။ ”

လွင့်စင် လာသော အဟုန်ကို၊ လျော့ချရန် နောက်သို့ ခြေလှမ်း များစွာ ဆုတ်ခွာ လိုက်ပြီး၊ ဝင်ရောက် စွက်ဖက်လာ သူကို မော့ကြည့် လိုက်၏။

ကျန်းယွမ် ရောက်လာ သည်ဟု၊ ထင်ခဲ့ကြ သော်လည်း၊ ထိုထက် ပို၍ ပျိုမြစ် လွန်းသော အသွင်ကြောင့်၊ အံ့သြသွား ကြလေသည်။

၎င်းတို့ နှစ်ဦးမှာ တိမ်နဂါး အဆင့်တွင် အောက်ခြေ မျှသာ ရှိသော်လည်း၊ အဆင့် မရှိသူ များကို ငုံကြည့် နိုင်ဆဲ ဖြစ်၏။

ကျန်းယွမ် ကဲ့သို့သော အုပ်စိုးသူ အင်အားစု၏ အဓိက တပည့် တစ်ဦးသာ သူတို့ မျက်လုံးထဲ ရောက်နိုင် သည်။

လင်းယွန် ဆိုသည်မှာ မဟာချင် အင်ပါယာမှ လာသော ဓားသမား တစ်ဦး မျှသာ ဖြစ်၏။ ဆောင်းကျန်ကို အနိုင်ယူ ခဲ့သော် ငြားလည်း၊ သူတို့ မျက်လုံးထဲ မဝင်နိုင် သေးချေ။

အစောပိုင်း ထိတ်လန့် မှုများ ပျောက်ကွယ် သွားပြီးနောက်၊ လန်းဟောင်ယု၏ နှုတ်ခမ်း ပေါ်တွင် အပြုံး တစ်ပွင့် ဝင်ရောက် လာသည်။

လင်းယွန် ရောက်ရှိ လာ သောကြောင့်၊ ဤနေရာ၌ တစ်ထိုင်တည်း သတ်သွား နိုင်၏။

“ လင်းယွန် ဒီနေရာက အရင် ထွက်သွားပါ၊ လန်းဟွာယုက မင်းကို လွယ်လွယ်နဲ့ လွှတ်မှာ မဟုတ်ဘူး ...။ ”

မိုလင်းက လင်းယွန်အား သတိ ပေးလာ၏။ လန်းဟွာယုမှာ မည်သို့သော လူမျိုး ဖြစ်သည် ကို၊ သူမ သိပြီး သည်အခွင့် အရေးအား၊ လက်လွှတ် ခံမည် မဟုတ်ချေ။

“ မင်း ဒီကို ရောက်လာပြီး မှတော့ ...၊ ထွက်သွားဖို့ စိတ် မကူးနဲ့။ ”

လန်းဟွာယု အေးစက်သော အသံဖြင့် ဆိုလိုက်သည်။ ပြီး လင်းယွန်ကို တစ်ချက် ပြန်ကြည့်ကာ၊

“ မင်းက တကယ့်ကို ကြောက်စရာ ကောင်းတဲ့ ကောင်ပဲ၊ လွန်ခဲ့တဲ့ သုံးလ လောက်က ခရမ်းရောင် နန်းတော် နယ်မြေ မှာတောင် မရှိသေး ဖူးလို့ ငါကြားတယ်၊ ... ”

“ ... ကြည့်ရတာ မြောက်ပင်လယ်မှာ အလုပ် ဖြစ်ထား ပုံပဲ၊ ဒါပေမယ့် မင်း ငါ့ဆီ ပြေးလာ မိတဲ့ အတွက် စိတ်မကောင်း ပါဘူး။ ”

ထို့နောက် လင်းဇီယွမ်ကို လှည့်ကြည့်ကာ၊

‘သတ် ...၊ ’ -ဟု ညာသံ ပေးလိုက် ၏။

လင်းဇီယွမ်က ကောက်ကျစ်စွာ ရယ်မော လိုက်ပြီး၊ သူ့ လက်သီးကို ထုတ်ပစ် လိုက်သည်။

ခန္ဓာကိုယ် ပေါ်တွင်၊ ခရမ်းရောင် အရှိန်အဝါ များ ပွင့်ထွက် လာချိန်၌၊ လက်သီးမှာ တစ်ဖက် လူပေါ် ကျရောက် သွား၏။

“ သေ လိုက် တော့ ...။ ”

သဲ သောင်ပြင်မှာ တုန်ခါ လာသောကြောင့်၊ လူအုပ် ကြီးက ထိတ်လန့် သွားသည်။ ဤလက်သီး အရ၊ လေဟာနယ်ပင် ကွဲအက် သွားပုံ ရ၏။

“ သ တိ ထား ... ။ ”

မိုလင်းက ထိတ်လန့်စွာ အော်ဟစ် လိုက် သည်။

“ ငါ ပြောဖို့ ကျန်သွားတယ်၊ ဒီနေ့ မင်းအသက် ရှင်လျက် ထွက်သွား နိုင်လိမ့်မယ် မထင်နဲ့။ ”

လင်းဇီယမ်က သဘောကျစွာ ရယ်မော လိုက်ပြီး၊ နှာခေါင်းရှုံ့ ကာ ဆို၏။

စွမ်းအင် လှိုင်းများ သက်ရောက် လာ ချိန်တွင်၊ ဓားသုတ္တန်ကို လျင်မြန်စွာ လှည့်ပတ် လိုက်သောကြောင့်၊ ခရမ်းရောင် နန်းတော်၌ မူလ စွမ်းအင် များဖြင့်၊ ပြည့်နှက် လာသည်။

နက်နဲယင် ရေကို အသုံး ပြုပြီး၊ ယန် အဆင့်သို့ ရောက်ရှိ သွားသဖြင့်၊ ခန္ဓာ ကိုယ်မှာ လုံးဝ ပြောင်းလဲ သွားခဲ့သည်။

မူလ စွမ်းအင် ပမာဏ အရ၊ လင်းယွန်မှာ လင်းဇီယွမ်ထက် မည်သည့် နည်းနှင့်မျှ အားနည်း မည် မဟုတ် ချေ။

အဝတ် အစားများ တဖျပ်ဖျပ် ခတ်လာ ချိန်တွင်၊ လင်းယွန်က ကောင်းကင်သို့၊ ခုန်တက် လာပြီး လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက် သည်။

လက်သီးတွင် ဆေးကြိုအိုး သုံးဆယ်၏ ခွန်အား သာ မက၊ ငွေရောင် ဓားကြိုး တစ်ချောင်းပင် ပါရှိ လေသည်။

လက်သီး နှစ်လုံးက ရက်စက် ကြမ်းကြုတ်သော သားရဲကြီး နှစ်ကောင် ထိပ်တိုက် တွေ့ဆုံသွား သကဲ့သို့၊ ပေါက်ကွဲ လာ၏။

တစ်ဖက်လူ အပေါ် အသာစီး ရယူ နိုင်ခြင်း မရှိ သောကြောင့်၊ လင်းဇီယွမ်မှာ အံ့ဩ သွားရ သည်။

“ အလယ် အလတ် ရှန်ရှင်းဓားပဲ။ ”

ဤမြင်ကွင်းကို မြင်သော အခါ၊ လန်းဟောင်ယု တစ်ယောက် မျက်မှောင်ကြုတ် လိုက်မိသည်။ လင်းယွန် လက်သီး ထဲတွင် ဓားကြိုး တစ်ချောင်း မျှသာ ပါရှိ သော်လည်း၊ ၎င်း စွမ်းအားကို သူ သိနိုင်၏။

နောက်ဆုံးတွင် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ ရှန်ရှင်း ဓားကို အလယ် အလတ် ကျွမ်းကျင်အောင် ဆုပ်ကိုင် ထားနိုင်သော၊ လူငယ် ဆယ်ဦးထက် ပို၍ မရှိချေ။

အသက် ဆယ့်ရှစ်နှစ် အရွယ် လူငယ် တစ်ယောက် အနေဖြင့်၊ ဤမျှ အထိ မည်ကဲ့သို့ ရောက်ရှိ လာခဲ့ သည်ကို တွေးယူ မိ၏။

သူ၏ ရှန်ရှင်း ဓားသည် ပင်လျှင်၊ ကနဦး အဆင့်သို့ မရောက် ရှိမီ၊ သွားရန် အကွာ အဝေး အနည်းငယ် လိုနေ သေးသည်။

ဆယ်ကြိမ်ခန့် လှုပ်ရှားမှုခြင်း ဖလှယ် လိုက်ကြ ပြီးနောက်၊ လင်းယွန်၏ လက်သီး များက လင်းဇီယွမ်ထက် အားမနည်းကြောင်း သိလိုက် ရသည်။

ထို့ကြောင့် အထင် သေးသော အကြည့်ဖြင့်၊ လင်းယွန်က လင်းဇီယွမ်ကို ငုံ့ကြည့် မိ၏။

အဘယ့်ကြောင့် တိမ်နဂါး အဆင့် သတ်မှတ်ချက်တွင်၊ နောက်ဆုံး ၌သာ ရပ်တည် နေရ သည်ကို သိလိုက် ရသည်။

ဤလင်းဇီယွမ်မှာ၊ ယန်းဖန် မဆိုနှင့် ဂိုရှု အမြီး ဆွဲရန်ပင်၊ မထိုက် တန်ချေ။

“ မင်း ... ။ ”

ပြိုင်ဘက် မျက်လုံးများ ထဲရှိ၊ အထင်သေး ရိပ်များကို မြင်လိုက် ရသော အခါ၊ လင်းဇီယွမ် မျက်နှာမှာ ပျက်ယွင်း သွား၏။

ထို့ကြောင့် မူလ စွမ်းအင်ကို အကန့် အသတ်ထိ တွန်းတင် လိုက်ပြီး၊ လင်းယွန်ထံ လက်သီး နှစ်လုံးဖြင့် စုံပစ် ထည့် လိုက်သည်။

သို့သော် ဦးတည် ရာကို ထိမှန် သွားခြင်း မရှိဘဲ၊ အထပ်ထပ် ဖွဲ့စည်း ထားသော ခရမ်းရောင် အကြေးခွံ များ ပေါ်သာ၊ ကျရောက် သွား၏။

ထိုခရမ်းရောင် အကြေးခွံ များတွင်၊ ရွှေရောင် အဆင်းများ ယှက်သွယ် နေပြီး၊ ယင်းမှာ သတ္တမ အဆင့်သို့ ရောက်ရှိ သွားသော ဒရာကိုဖီ ချပ်ဝတ် ဖြစ်လေသည်။

ယင်းမှာ အသွင်ပြောင်း ပြီးနောက် စစ်မှန်သော ရှေးဟောင်း သားရဲ တစ်ကောင်နှင့် ပို၍ တူ လာ၏။

လက်သီး ပြန်လည် ဆုတ်ခွာ သွားသည်နှင့်၊ ခရမ်းရောင် ချပ်ဝတ်က ချက်ချင်း ပျောက်ကွယ် သွားသည်။

လက်သီးမှာ ဒုက္ခပေး နိုင်စွမ်း မရှိကြောင်း သိလိုက် ချိန်၌၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ် လိုခြင်း အသိကို လင်းယွန်မှ ထုတ်လွှတ် လိုက်၏။

“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက် —လောင်ကျွမ်း နေသော ကောင်းကင်ကြီး။ ”

ရှေ့ တစ်လှမ်းတိုး လိုက်ပြီး၊ သူနှင့် လင်းဇီယွမ် အကြား အကွာ အဝေးကို ပိတ်ပစ် လိုက်သည်။

ပြင်းထန် လွန်းသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များက၊ ကောင်းကင်ကို မှောင်မိုက်သွား စေပြီး၊ လင်းဇီယွမ်ပေါ် ပြိုကျ သွား၏။

အမှောင် ထဲ၌ လက်သီးများ ထိမှန်ကာ၊ သွေးအန်လျက် နာကျင်စွာ ညည်းညူ သံနှင့် အတူ၊ မီတာ ရာဂဏန်း အကွာထိ လွင့်စင် သွားရသည်။

“ သေ ...။ ”

နောက်ထပ် ဟောက်သံ တစ်သံ ထွက်ပေါ် လာပြီး၊ လင်းယွန်က တိုက်ခိုက် မှုများက၊ ဆက်တိုက် ဆိုသလို ကျရောက် လာ၏။

ကြောက်လန့် စွာဖြင့်၊ အသက် အတွက် တွားသွား ပြေးရန် လင်းဇီယွမ် ပြင်လိုက် ချိန် မှာပင်၊ ပုံရိပ် တစ်ရိပ် တိုက်ပွဲ အတွင်းသို့ ဝင်ရောက် လာခဲ့သည်။

ဝင်ရောက် လာသည့် လန်းဟွာယု ကြောင့်၊ လင်းယွန်မှာ ချက်ချင်း ဆုတ်ခွာ ပေးလိုက် ရ၏။ ဤသည်ပင် အနည်းငယ် နောက်ကျ နေသေး သည်။

ကြက်သွေးရောင် မြူများဖြင့် လင်းယွန်ကို ကန့်သတ် ထားသောကြောင့်၊ သူ့ တိုက်ခိုက် မှုကို ရှောင်တိမ်း နိုင်မည် မဟုတ်ဟု၊ အပိုင် တွက်ဆ ထား၏။

ကြက်သွေးရောင် မြူခိုး များမှာ၊ မြွေပွေး တစ်ကောင် ကဲ့သို့ အဆိပ် ပြင်းသော ‘သွေးဆာ နေသော ဓားစွမ်းအင်’ ဖြစ်သည်။

“ သေ လိုက် တော့ ...။ ”

လန်းဟွာယုမှာ ပို၍ ပြတ်သား လှပြီး၊ လင်းယွန်ကို လွတ်မြောက်ခွင့် ပေးလိုခြင်း မရှိကြောင်း သိသာ နေ၏။

ဓား မဆွဲဘဲ၊ ဤတိုက်ခိုက် မှုကို ရင်ဆိုင်ရန်၊ လင်းယွန်၌ နည်းလမ်း မရှိချေ။

“ မင်းကို ကြောက်စရာ ကောင်းလိမ့် မယ်လို့ ငါ ထင်ခဲ့တာ၊ မင်းက အမှိုက် တစ်စ ပါပဲ၊ ဒီလောက် လေးနဲ့ မင်းကိုယ်မင်း ပန်းသင်္ချိုင်း လို့ ခေါ်ဝံ့ သလား၊ ဘယ်လို လူပြက် မျိုးလဲ ... ဟမ့်။ ”

သူ၏ တိုက်ခိုက် မှုများ အောက်တွင် အဆက် မပြတ် ဆုတ်ခွာ နေရသော လင်းယွန်ကို ကြည့်ပြီး၊ သဘော ကျစွာ ရယ်မော လိုက်၏။

ရှန်ရှင်း ဓားကို အလယ် အလတ် ကျွမ်းကျင်မှု ရရှိ ထားလျှင်ပင်၊ သူ့ လက်၌ သေရ ပေမည်။

“ သွေးမြူ လောင် ကျွမ်းခြင်။ ”

လန်းဟွာယု ဓား ထံမှာ၊ ကြက်သွေးရောင် မြူများ တိုးထွက် လာပြီး၊ မီးတောက်များ အသွင် ပေါင်းစပ် လာ၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ၎င်းမီးတောက် များက လင်းယွန်အား ဝါးမျို ပစ်လိုက် ၏။

အရှင် လတ်လတ်၊ ငရဲ ကျခြင်းနှင့် တူ လေပြီ။ ဓားချက် များမှာ မြန်ဆန် လွန်းပြီး၊ လူတိုင်း သတိ မထား နိုင်ခင်၊ လင်းယွန် အပေါ် ဖုံးလွှမ်း သွားပြီ ဖြစ်သည်။

သို့သော် ကြက်သွေးရောင် မီးတောက် များကို ဖြတ်ပြီး၊ စူးရှသော ဓားမြည် သံများ တိုးထွက် လာ၏။

ထို့နောက် တိုက်ပွဲ အတွင်းသို့၊ ဓား တစ်လက် တဟုန်ထိုး ပြေးဝင် သွားသည်။

တိုက်ပွဲနှင့် အနီးဆုံး အရပ် ဆီမှ၊ ဓားသမား တစ်ဦးက ပျံသန်း နေသော ဓားကို မြင်လိုက် ချိန်တွင်၊ မျက်နှာ ပျက်သွားပြီး၊ သူ့ ခါးအား ပြန်စမ်း လိုက်၏။

သူ့ ဓားမှာ ကြက်သွေးရောင် မီးတောက်များ ထဲသို့ ရောက်ရှိ သွားသည်နှင့်၊ ငွေရောင် အလင်းတန်း အသွင် ပြောင်းလဲ သွားသည်။

“ သခင်ဓား — မိုးကြိုး။ ”

ထို့နောက်တွင် ကြက်သွေးရောင် မီးတောက်များ အတွင်းမှ၊ အရာ အားလုံးကို လောင်ကျွမ်း ပစ်နိုင်သော၊ လျှပ်စီး တစ်စ ခွဲဖွင့် တိုးထွက် လာ တော့သည်။

***

All Chapters