← Chapters

မူချန်၏ စိုးရိမ်မှု။

Vol. 44 Ch. 603

မူချန်၏ စိုးရိမ်မှု။

Vol. 44 Ch. 603

သခင့်ဓား- မိုးကြိုးမှာ၊ သဘာဝ အတိုင်း ကြောက်စရာ ကောင်းပေ၏။ ယင် အဆင့် ဖြင့်ပင်၊ ကျင့်ကြံမှု မြင့်မားသော သူများကို သတ်ပစ် နိုင်ခဲ့ သည်။

ယခုမူ ကနဦး ယန် အဆင့်သို့ ရောက်ရှိ လာပြီ ဖြစ်၏။ ထို့ပြင် ဓားသုတ္တန်မှာ ဒဿမ အဆင့်သို့ ရောက်ရှိ ထားပြီးနောက်၊ ရှန်ရှင်း ဓား ကိုလည်း ပြီးပြည့်စုံ ခဲ့သည်။

ကြက်သွေးရောင် မီးတောက်များ ပြိုကျ လာသောကြောင့်၊ လန်းဟွာယု မျက်နှာမှာ၊ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ လျင်မြန်စွာ နောက်ပြန် ဆုတ်လိုက် ရ၏။

သို့သော် ငွေရောင် ဓား အလင်းမှာ၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ရင်ဘတ်ပေါ် ထိမှန် သွားဆဲ ဖြစ်သည်။

ပြတ်ရှ ရာများ ဖြစ်ပေါ် လာပြီး၊ သွေးများ ဖွားခနဲ ပန်းထွက် ကုန်၏။ မြင့်မားသော ကျင့်ကြံ မှုသာ မရှိ ပါက၊ ဤဒဏ်ရာ ဖြင့်ပင်၊ သေဆုံး သွားနိုင်သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ဓား ဒဏ်ရာမှာ ပြင်းထန် လွန်းသောကြောင့်၊ မျက်နှာ တပြင်လုံး ဖြူဖျော့ သွားရ၏။

“ ဒီ ဓား ပဲ၊ လာပြန်ပြီ ... ။ ”

အကယ်ဒမီ ငါးခု ပြိုင်ပွဲတွင်၊ အသုံး ပြုခဲ့ ဖူးသော ဤတိုက်ခိုက် မှုကို ထပ်မံ အသုံး ပြုလာ သည့် အတွက်၊ မိုလင်း တစ်ယောက် အံ့သြ သွားသည်။

ထို့စဉ်က ပြိုင်ဘက်ကို နှစ်ပိုင်း ခွဲပစ် သကဲ့သို့၊ တိမ်နဂါး ပါရမီရှင် လန်းဟွာယု ကိုလည်း၊ ခွဲနိုင်လု နီးပါး ပေပင်။

“ အစ်ကို လန်း ... ။ ”

လင်းဇီယွမ်မှာ စိုးရိမ် တကြီး ရှေ့သို့ လှမ်းတက် လာ၏။ လန်းဟွာယု ဒဏ်ရာကို အနီးကပ် မြင်လိုက် ရချိန်၌၊ သူ့မျက်နှာ တစ်ပြင်လုံး မည်းမှောင် သွားပြီး၊ အသက် ပြင်းပြင်း ရှူရှိုက် လိုက်မိသည်။

ပြတ်ရှရာ အောက်၌ နံရိုးများ ကျိုးကြေ သွားကာ၊ အတွင်း အင်္ဂါ များတွင် အက်ကြောင်း များ ထင်ဟပ် နေ၏။

“ သွား ရ အောင်။ ”

လန်းဟွာယုက လင်းယွန်ကို စူးစူး စိုက်စိုက် တစ်ချက် မော့ကြည့် ပြီးနောက်၊ ထွက်သွားရန် ဆုံးဖြတ် လိုက်သည်။

သည်ဓားမှာ သူ့ အသက်ကို မသတ်နိုင် သော်လည်း၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ စေ ခဲ့သည်။

“ ရောက်လာပြီး မှတော့ ခဏ နေပါဦး ...၊ မင်း အသက် ရှင်လျက် ထွက်မသွား နိုင်ဖူးလို့ ပြောခဲ့တာ မေ့နေ ပြီလား။ ”

လင်းယွန် လက်ထဲရှိ ဓားမှာ၊ ရုတ်တရက် အပိုင်း အစ များအဖြစ် ပေါက်ကွဲ သွားချိန်တွင်၊ အေးစက်စွာ လှမ်းပြော လိုက်သည်။

လက် နှစ်ဖက်ကို၊ ရင်ဘတ် ရှေ့ ကြက်ခြေခတ် သဏ္ဍာန် ယှက်သိုင်း လိုက်ပြီး၊ ဓားသုတ္တန်အား အရူး အမူး ဖြန့်ကျက် လိုက်၏။

ခန္ဓာကိုယ် အတွင်းမှ၊ ရှန်ရှင်းဓား ထွက်ပေါ် လာကာ၊ ပေါက်ကွဲ သွားသော ဓား အပိုင်းအစ များအား၊ သူ့ ပတ်ဝန်း ကျင်၌၊ အေးခဲ ပစ်လိုက် သည်။

ဓား တစ်လက်လုံး ကျိုးကြေ သွားပြီး ဖြစ်သော်လည်း၊ လင်းယွန်က လန်းဟွာယုကို လွှတ်ချင်ပုံ မရ သေးချေ။

ထို့ကြောင့် လူတိုင်း ရှုပ်ထွေး သွားပြီး၊ လင်းယွန်ထံ လှမ်းကြည့် လိုက်ကြ သည်။

လင်းယွန်က ပန်းပွင့်လွှာ တစ်ချပ်ကို ခူးဆွတ် နေသ ကဲ့သို့၊ မျောနေသော အပိုင်း အစ များထဲမှ ဓားကျိုး တစ်စအား၊ လှမ်းယူ လိုက်၏။

၎င်းကို လက်ညိုးနှင့် လက်မကြား၊ ညှပ်ကိုင် လိုက်သော အခါတွင်၊ ကျန် အပိုင်းအစ များမှာ၊ ဖုန်မှုန့်များ အဖြစ်သို့ ပေါက်ကွဲ သွားကုန် သည်။

သိပ်သည်း ထားသော ဓားရောင်ဝါက၊ အားလုံးကို အစိတ်စိတ် အမြွှာမြွှာ ပြောင်းလဲ ပစ်လိုက်ခြင်း ဖြစ်၏။

ပြီးနောက် ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ ဓားကျိုးဖြင့် ပစ်ထုတ် လိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဓားကျိုး အပိုင်း အစက ဦးခေါင်းခွံ အတွင်း ထိုးဖောက် ဝင်ရောက် သွား၏။

လန်းဟွာယု အနေဖြင့်၊ ပြန်လှည့် ကြည့်ချိန်ပင် မရှိ ခဲ့ချေ။ နဖူးမှ ဖောက်ထွက် သွားသော၊ ဓားကျိုး အပိုင်း အစကို လိုက်ပါ ကြည့်ရှု မိပြီးနောက်၊ လင်းဇီယွမ် တစ်ယောက် တိတ်ဆိတ် သွားမိ၏။

တုန်လှုပ် ချောက်ချား နေစဉ်၊ လန်းဟွာယု ခန္ဓာကိုယ် အတွင်းမှ၊ ဓား အလင်းများ ထွက်ပေါ် လာကာ၊ အပိုင်းပိုင်း ဖြတ်တောက် ပစ်လိုက် တော့သည်။

ပေါက်ကွဲမှု အဟုန်ကြောင့်၊ အနားရှိ လင်းဇီယွမ်ကို လွင့်စင် သွားစေ၏။ မြေပြင်ပေါ် ရောက်သည်နှင့်၊ လင်းယွန်ကို ပြန်လှည့် မကြည့်ရဲ တော့ဘဲ၊ ဒယိမ်း ဒယိုင်ဖြင့် ထပြေး သွားလေပြီ။

အဆိုပါ ဖြစ်ရပ် များမှာ၊ စက္ကန့်ပိုင်း အတွင်း ဖြစ်ပွား သွားခြင်း ဖြစ်၏။ လူတိုင်း သတိဝင် လာချိန်၌၊ လင်းယွန် တစ်ယောက်သာ ရပ်လျက် ကျန်ရှိ နေခဲ့ တော့သည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်း လိုက်လဲ၊ သူက တိမ်နဂါး အဆင့် ပါရမီရှင် နှစ်ယောက်ကို အနိုင်ယူ နိုင်ခဲ့တယ်။ ”

“ သူ ဘယ်သူလဲ။ ”

“ အဲဒါ လင်းယွန်၊ မြောက်ပိုင်း နှင်းစံအိမ်က ဆောင်းကျန်ကို အနိုင်ယူ ခဲ့တဲ့ မဟာချင် အင်ပါယာက ဓားသမားပဲ။ ”

“ ဒီကောင်က ဘီလူး တစ်ကောင်ပဲ၊ ဆောင်းကျန်ကို အနိုင်ယူ နိုင်ခဲ့ တာဖြင့် တစ်လ ရှိသေးတယ်၊ အခု လန်းဟွာယုကို သတ်နိုင် နေပြီ။ ”

မည်သို့ ပင် ဆိုစေ ကာမူ တိုက်ပွဲ အပြီးတွင်၊ တစ်ဦးသေ ဆုံးပြီး၊ တစ်ဦး ဒဏ်ရာ ပြင်းစွာ ရရှိ သွားကာ၊ ပြီးဆုံး သွားခဲ့သည်။

မျှော်လင့် ချက်ကို၊ ကျော်လွန် သွားသော လင်းယွန် အပေါ်၊ အကြည့်များ ဆက်တိုက် ဆိုသလို ကျဆင်း လာ၏။

လင်းယွန် သေမည်ဟု မျှော်လင့် ခဲ့ကြ သော်လည်း၊ ကစား ပွဲမှာ ချက်ချင်း လှည့်သွား သည်။

ဤအခိုက် အတန့်တွင် ကောင်းကင် ပြည်နယ် အကယ်ဒမီနှင့် ကောင်းကင်ဓား ဂိုဏ်းမှ တပည့် အချို့၊ ပျံဝဲ ရောက်ရှိ လာ၏။

ကျန်းယွမ်နှင့် လျူယွမ်ယန် တို့က၊ မိုလင်းကို ကူညီရန် ၎င်းတို့အား ဦးဆောင်ကာ၊ ပြေးလာ ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ခရီးရောက် မစိုက်ပင်၊ ကျန်းယွမ်က ပတ်ဝန်း ကျင်ကို ဝေ့ကြည့်ပြီး၊

“ ဘာဖြစ် တာလဲ။ ” -ဟု မေးလိုက်၏။

လင်းယွန်၏ ဓားရည်ရွယ် ချက်က၊ သူ့အား အဝေး မှပင် ဆွဲဆောင် နိုင်ခဲ့သည်။ သို့သော် သူ ရောက်ရှိ လာချိန်၌၊ တိုက်ပွဲမှာ ပြီးဆုံး သွားပုံ ရလေပြီ။

“ ငါ ...၊ လင်းဇီယွမ်နဲ့ လန်းဟွာယု ဆီကို ပြေးသွား မိတယ်၊ သူတို့ နှစ်ယောက် လုံးက၊ ငါ့ကို အုပ်စု ဖွဲ့လာ ကြတယ်။ ”

-ဟု မိုလင်းက ရှင်းပြ လိုက်၏။

“ ဒီကောင်တွေ ... ၊ တိမ်မီးလျှံ တောင်တန်း မှာတည်းက၊ သင်ခန်းစာ တစ်ခု သင်ပေး လိုက် သင့်တယ်၊ ငါတို့ အင်ပါရီယန် သင်္ချိုင်းထဲ ရောက်ရင်၊ သူတို့ကို မလွှတ် တော့ဘူး။ ”

ကျန်းယွမ် မျက်လုံး များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ ထင်ဟပ် လာ၏။ သို့သော် မိုလင်းက ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးကာ၊

“ မင်းမှာ ဒီ အခွင့် အရေး မရှိတော့ တဲ့ အတွက် စိတ်မကောင်း ပါဘူး။ ”

-ဟု ဆိုလာ၏။

ယင်းကြောင့်၊ ကျန်းယွမ်မှာ အံ့သြသွား သော်လည်း၊ ပြန်လည် မေးခွန်း ထုတ်ရန် မချိန် မရ ခဲ့ချေ။ မူချန်က ဝင်ရောက် ရှင်းပြ လာ၏။

“ အစ်ကိုကျန်း ... ၊ လန်းဟွာယုကို လင်းယွန်က သတ်လိုက်ပြီ၊ လင်းဇီယွမ် ကတော့ ထွက်ပြေး သွားတဲ့ အတွက်၊ ပြန်လာ ရဲတော့မယ် မထင်ဘူး။ ”

ထိုစကားကြောင့်၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာနေ သည့်၊ လင်းယွန်ကို ကြည့်ပြီး၊ ကျန်းယွမ် တစ်ယောက် နှုတ်ဆိတ် သွားသည်။

၎င်းကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ ထားခြင်း ရှိပါက၊ ယုံနိုင်မည် မဟုတ်ပေ။ သူနှင့် လင်းယွန် တို့ကြား ကွာဟ ချက်မှာ၊ များပြားလှ လေသည်။

ကျန်းယွမ် သည်သာ မက၊ ကျန်သူများ မှာလည်း၊ မူချန် ထံမှ ကြားလိုက် ရသည့် စကား အတွက် ထိတ်လန့် သွားပြီး၊ လင်းယွန် ကို လှည့်ကြည့် လိုက်ကြ၏။

လန်းဟွာယု အပေါ်၊ ခြေတစ်လှမ်း တွန်းထုတ် နိုင်ရုံဖြင့်၊ တစ်ဖက် လူအား ခေါ်ယူရန် ဝံ့ကြွားစွာ ကြိုးပမ်း ခဲ့သည်။

ယင်းကို ပြန်ပြောင်း သတိရ လာမိသော အခါတွင်၊ ကျန်းယွမ် တစ်ယောက် ရှက်ရွံ့ စိတ်များ၊ ၀င်ရောက် လာ၏။

တစ်ချိန်တည်း မှာပင် သူ့ ကမ်းလှမ်းချက် များက၊ လင်းယွန်အား မသွေးဆောင် နိုင်ရသည့် အကြောင်း ရင်းကို နားလည် သွားသည်။

လန်းဟွာယု ကဲ့သို့သော တစ်စုံ တစ်ယောက်သည်၊ လင်းယွန် မျက်လုံးထဲ ဝင်ခဲ့ ပုံ မရချေ။

“ လင်းယွန်၊ မင်းက ... ငါ့ကို တကယ် ထိတ်လန့် စေတာပဲ။ ”

ကျန်းယွမ်က အဆင် မပြေ ဟန်ဖြင့်၊ ပြုံးကာ ဆို လိုက်သည်။

“ ဒါက ပြဿနာ မရှိ ပါဘူး။ ”

လင်းယွန်က ခေါင်းညိတ် လိုက်၏။ လန်းဟွာယုနှင့် လင်းဇီယွမ် တို့မှာ၊ အမှန် တကယ်ပင် သန်မာသော သူများ ဖြစ်သည်။

ယန် အဆင့်သို့ တက်ရောက် ရာတွင်၊ အောင်မြင်မှု မရရှိ ခဲ့ပါက၊ ရင်ဆိုင်ရန် အခက် အခဲ အချို့ ရှိလာ နိုင်ပေမည်။

သို့သော် ၎င်းတို့ နှစ်ယောက်မှာ၊ ဂိုရှုနှင့် ယန်းဖန် တို့ထက် အများကြီး အားနည်း ချေ၏။

ထို့ကြောင့် ယန် အဆင့် ရောက်ရှိပြီး၊ ရှန်ရှင်း ဓားနှင့် ပေါင်းစပ် လိုက်ချိန်တွင်၊ သူ့ မျက်လုံးထဲ ဝင်ရန် မဆင့်မမှှီ တော့ခြင်း ဖြစ်သည်။

ပြီးပြည့် စုံသော ဓား တစ်လက်ဖြင့်၊ သူ့ အမည်ကို တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တခွင်၊ ပျံ့နှံ့ စေပေ တော့မည်။

ထိုအချိန်တွင် သူ ဆိုသည်မှာ၊ အဆင့် သတ်မှတ် ချက်ရှိ၊ တိမ်နဂါး များထက် နိမ့်ပါး နိုင်မည် မဟုတ် တော့ချေ။

လျူယွမ်ယန်က လင်းယွန်ကို တစ်ချက် ကြည့် လာပြီး၊

“ လင်းယွန်၊ မင်း အရပ် ပိုမြင့် လာတယ်။ ”

-ဟု ဆိုလိုက်၏။

“ ဟုတ်တယ် အစ်မလျူ ပြောမှပဲ၊ ငါ သတိထား မိလာတယ်။ ”

လွန်ခဲ့သည့် ရက် အနည်းငယ် ကထက် အရပ်ရှည် လာသည်ကို၊ လျူယွမ်ယန် စကား ကြောင့်၊ လူတိုင်း သတိထား မိလိုက် သဖြင့်၊ စူးစမ်း လာကြသည်။

“ မင်း ... ”

တစ်စုံ တစ်ရာ တွေးမိ သွားပုံ ရသော မိုလင်းက၊ မျက်လုံးများ လင်းလက် သွားကာ၊ လင်းယွန်ထံ ပြန်ကြည့် လိုက်၏။

လင်းယွန်က သူမ၏ သံသယ များကို အတည်ပြုသည့် အနေဖြင့်၊ ခေါင်းညိတ် ပြလိုက် သည်။

ထို့ကြောင့် မျှော်လင့်ထား သကဲ့သို့၊ လင်းယွန် တစ်ယောက် နက်နဲယင် ရေကို ရရှိ ခဲ့ကြောင်း၊ သိရှိသွား သဖြင့် ပြုံးသွား မိလေ သည်။

“ အစ်မ ... မင်း ဒဏ်ရာက ဘယ်လို နေလဲ။ ”

လန်းဟွာယု တို့နှင့် ရင်ဆိုင် ချိန်၌၊ ဖီးနစ် မီးလျှံ ပြိုကျ သွား သည်ကို သတိရ သွားကာ၊ လင်းယွန်က မိုလင်း အပေါ်၊ အနည်းငယ် စိုးရိမ် သွားမိသည်။

“ အရေး မကြီးဘူး၊ ခဏ အနားယူ လိုက်ရင် အဆင်ပြေ သွားလိမ့်မယ်၊ အင်ပါရီယန် သင်္ချိုင်းရဲ့၊ တံဆိပ်က အပြီး မသတ် သေး ပါဘူး။ ”

ကြယ်ရောင်စုံ ကောင်းကင်ကို မော့ကြည့်ပြီး၊ မိုလင်းက ပြန်ဖြေ လိုက်သည်။

“ ဒါဆို မင်း အခု အနားယူ သင့်တယ်၊ ငါတို့ မင်းကို စောင့်ရှောက် ပေးမယ်။ ”

ကျန်းယွမ်က အဖွဲ့ကို ဦးဆောင် လိုက်၏။

“ ကောင်းပြီ။”

ထို့ကြောင့် လူတိုင်းက မိုလင်းကို ကာကွယ် ရန်၊ ဝိုင်းထား လိုက်ကြ တော့သည်။

အချိန်ကြာ လာသည်နှင့် အမျှ လူအုပ်မှာ၊ ပို၍ များပြား လာသည်။ အဆင့် သတ်မှတ်ချက် အတွင်းရှိ၊ ထူးချွန် ထက်မြက် သူများ စုစည်း လာသောကြောင့်၊ လေထု သည်လည်း တဖြည်းဖြည်း ပြောင်းလဲ သွား၏။

ထို့အပြင် လန်းဟွာယု သေဆုံး ခြင်းမှ၊ လင်းယွန် ကဲ့သို့ ပုန်းအောင်း နေသော နဂါးများ ရှိနိုင် မည်ဟု၊ လူတိုင်း ယူဆ လာမိ ကြလေပြီ။

“ သရဲဓား ရန်ကောင်း လာပြီ။ ”

တစ္ဆေ မီးတောက်ဂိုဏ်း ရောက်လာ ချိန်၌၊ လူတိုင်း အာရုံကို ချက်ချင်း ဆွဲဆောင် သွားခဲ့ သည်။

ထို့အပြင် ရန်ကောင်းမှာ သူ့ နာမည်ဖြင့် လိုက်ဖက်အောင်၊ မြောက်ပင်လယ် အတွင်း၌ လူများ စွာကို မြေမြှပ် ပစ်ခဲ့ သေးပေ၏။

“ ဂျီဝူယီ လည်း လာပြီ။ ”

ခရမ်းရောင် အဝတ် အစားဖြင့်၊ လူငယ် တစ်ယောက် ရောက်ရှိ လာချိန်တွင်၊ လေထု ထဲ၌ အေးစိမ့်သော အငွေ့ အသက်များ ထွက်ပေါ် လာသည်။

လူတိုင်းကို တုန်လှုပ် ချောက်ချား စေသော အကြည့်ဖြင့်၊ ပတ်ဝန်းကျင်အား ပေါ့ပေါ့ ပါးပါး ပင်၊ ဝေ့ကြည့် သွားခဲ့သည်။

သားသတ်သမား တစ်ယောက် ထံမှ၊ အကြည့်ကို မည်သူ မဆို၊ ခံယူ ချင်မည် မဟုတ် ချေ။ ထို့ကြောင့် လူတိုင်း ခေါင်းငုံ့ လိုက် ကြ၏။

ဂျီဝူယီ ရောက်ရှိ လာသည်နှင့်၊ မူချန် တစ်ယောက် စိတ်မသက် မသာ ဖြစ်သွားကာ၊ မျက်နှာ တပြင်လုံး သွေးဆုတ် ဖြူဖျော့ သွား လေသည်။

“ ဘာမှား လို့လဲ။ ”

ကျန်းယွမ်က သတိထား မိသွား သောကြောင့်၊ မျက်မှောင် ကြုတ်လျက် လှည့်မေး လိုက်သည်။

တုန်ယင် သော လေသံဖြင့်၊ သူ့အား ကယ်တင်ရန် တစ္ဆေ မီးတောက် ဂိုဏ်းသားများ အပေါ်၊ သတ်ဖြတ် ခဲ့ ပုံကို၊ မူချန်က ခပ်တိုးတိုး ကပ်ပြော လိုက်၏။

ထိုစကားကို ကြားသော အခါတွင်၊ ကျန်းယွမ် မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ မျက်ဝန်း များ၌ ကြောက်ရွံ့မှုများ ထင်ဟပ် လာ တော့သည်။

“ လင်းယွန်က သဲလွန်စ မကျန်အောင် လုပ်ခဲ့ ပြီးပြီ၊ ဒါကြောင့် ဘယ်သူမှ သိမှာ မဟုတ်လို့၊ ဒါကို မင်း ထပ်မပြော မိပါ စေနဲ့။ ”

မူချန်က ခေါင်းညိတ်ပြ လိုက်၏။ သို့သော် သက်တောင့် သက်သာ ခံစား ချက်များ၊ ရှိ မလာ တော့ဘဲ၊ နှလုံးသား တစ်ခုလုံး တင်းကြပ် လေးကန် နေခဲ့ ချေပြီ။

***

All Chapters