မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။
Vol. 44 Ch. 604
မူချန် မျက်နှာ ပေါ်ရှိ ထိတ်လန့်မှု များကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် နားလည် ပေးနိုင် ၏။
ဂျီဝူယီ ပတ်၀န်း ကျင်ရှိ လူသတ် အငွေ့ အသက် များက၊ အလွန် ကြောက်စရာ ကောင်း သောကြောင့် ဖြစ်သည်။
တစ်ဖက် လူမှာ အထွတ် အထိပ် ယန် အဆင့်၌ ရှိနေ ခဲ့ပြီး၊ သူ့ ခွန်အားကို ထူးခြားသော နည်းလမ်းဖြင့် မြှင့်တင် ထားပုံ ရ၏။
ဥပမာ အားဖြင့်၊ ဓား ရည်ရွယ်ချက် အပေါ်၊ ဒေါသနှင့် သွေးယူရန် ကြံရွယ်ခြင်း မျိုးမှာ၊ ကောင်းမွန် သော ရွေးချယ်မှု တစ်ရပ် မဟုတ် ချေ။
သို့သော် နှင်းဆီ ပန်းချီ ကားကို ဆုပ်ကိုင် ထားနိုင်သည့် လင်းယွန် အတွက်မူ၊ ပြဿနာ မရှိဟု ဆို နိုင်သည်။
ဤမျှ ကြောက်စရာ ကောင်းသော ရွေးချယ်မှုမျိုး၊ လူတိုင်း လုပ်ရဲမည် မဟုတ်ချေ။ ၎င်းမှာ ရှည်လျားပြီး၊ နှေးကွေးသော လမ်းစဉ် တစ်ရပ် ဖြစ် လေသည်။
အခန့် မသင့်ပါက ဒေါသကြောင့်၊ နှလုံးသား တစ်ခုလုံး ညစ်နွမ်းကာ၊ ကျင့်ကြံခြင်း လမ်းမှ သွေဖယ် သွားနိုင်မည်။
လူတိုင်းက မတူ ညီသော လမ်းကို လျှောက်မည် ဖြစ်သောကြောင့်၊ သွေးခန်းမ အနေ ဖြင့်လည်း သတ်ဖြတ်ခြင်း လမ်းစဉ်ကို၊ လျှောက်လှမ်း ကြ သည်မှာ အံ့သြ စရာ မရှိချေ။
ဂျီဝူယီ၏ သတ်ဖြတ်ခြင်း ရောင်ဝါမှာ၊ လူတိုင်းထက် ပိုပြင်း ထန်ပြီး၊ လမ်းလွဲ ကျင့်ကြံ သူများ ထက်ပင်၊ ကျော်လွန် နေပေသည်။
သူ့ ထံမှ တစ်ချက် ကြည့်ဖြင့်၊ လူတိုင်း၏ နှလုံးသား ထဲတွင်၊ ကြောက်ရွံ့မှုများ ပေါက်ပွား လာ စေမည် ဖြစ်သည်။
ထို့ကြောင့် ရန်ကောင်းမှ လွဲ၍ သူ့ကို ယှဉ်နိုင် မည့်သူ မရှိဟု၊ ယူဆ ထားကြခြင်း ဖြစ်လေရာ၊ မူချန် အပေါ် အပြစ် မတင် သာချေ။
“ ချင်းအန်နဲ့ ပီယွဲ့ လည်း လာပြီ။ ”
တစ်ဦးမှာ ရှေးဟောင်း ဆေဘာဓား တစ်လက်ကို၊ ကေျာ၌ သိုင်းသွယ် ထားပြီး၊ ပိန်သွယ်သော ကိုယ်ဟန် ရှိသည်။
ကျန်သူ တစ်ဦး၏ မျက်လုံး များမှာ၊ မြွေမျက်လုံး များ ကဲ့သို့ ကြက်သွေးရောင် အလင်းများ တောက်ပ နေ၏။
၎င်းတို့ နှစ်ဦး အနေဖြင့်၊ ပြင်ပ အဆင့်တွင် ထိပ်တန်း ဆယ်ယောက် အတွင်း ဝင်နိုင် သောကြောင့်၊ လူများ စွာ၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင် နိုင်ခဲ့သည်။
သူတို့ နှစ်ဦးအား လင်းယွန်က၊ ကောင်းစွာ မှတ်မိ နေ၏။ နောက်ဆုံးတွင် အဆင့် မဝင်သော သူများ ကိုသာ မက၊ တိမ်နဂါး အချင်းချင်း ကိုပင်၊ မောက်မာစွာ ပြုမူ တက်ကြ သူများ ဖြစ်သည်။
ပီယွဲ့ကို ဦးစွာ ကြည့်လိုက်၏။ ရှေးဟောင်း ဆေဘာ ဓားမှာ၊ ငရဲတိမ်လွှာ ဓား ကဲ့သို့ စကြာဝဠာ လက်ရာ တစ်ခု ဖြစ်သည်။
ဖုံးကွယ်ထား သော်လည်း၊ ကြောက်စရာ ကောင်းသော ဆေဘာဓား ရည်ရွယ်ချက်ကို၊ ပီယွဲ့ ထံမှ ခံစား နိုင်၏။
ပြီးနောက် သူ့ဘေးရှိ ချင်းအန်ထံ အကြည့် ရွေ့လိုက် သည်။ မျက်လုံး များတွင် ကြက်သွေးရောင် အလင်းများ တောက်ပ နေပြီး၊ ယန်းဖန် ကဲ့သို့ပင်၊ ကြာပွတ် တစ်ချောင်းကို လက်၌ ခွေကိုင် ထား၏။
ယန်းဖန်ကို ‘ကြက်သွေးရောင် ကြာပွတ် မိစ္ဆာ သခင်’ ဟု ခေါ်ဆိုပြီး၊ ချင်းအန်အား ‘ကြက်သွေးရောင် စပါးအုံး မြွေ’ အဖြစ် အသိ အမှတ်ပြု ထားကြ သည်။
ဆိုလို သည်မှာ သူ၏ ကြာပွတ်သည်၊ စပါးအုံး မြွေတစ်ကောင် ကဲ့သို့ အဆိပ်ပြင်း သည်ဟု အဓိပ္ပါယ် ရ၏။
ချင်းအန်နှင့် ပီယွဲ့မှာ၊ ပြင်ပ အဆင့်တွင် ထိပ်ဆုံး ဆယ်ဦး အတွင်း၊ ဝင်ရောက် ထားနိုင် ပြီး၊ အတူ လက်တွဲ ထားခြင်းဖြင့်၊ လူတိုင်း အပေါ် လျစ်လျူရှု ထားနိုင် သည်မှာ၊ သဘာဝ ပေပင်။
“ ရှားယွင်ရှောင်လည်း လာပြီ။ ”
တိမ်နဂါး အဆင့် (၅၇)တွင် ရှိသော၊ ရှားယွင်ရှောင်သည် တိမ်ယံ သုံးဆင့် ဂိုဏ်း၏၊ ပါရမီရှင် လူငယ် တစ်ဦး ဖြစ်သည်။
၎င်းတို့ ငါးဦးမှာ လက်ရှိ အချိန်၌၊ အသန်မာဆုံး သူများ ဖြစ်ကြောင်း မေးခွန်း ထုတ်စရာ မလိုချေ။
“ ဟိုမှာ ... ဂိုရှု။ ”
“ ယန်းဖန် ရောပဲ။ ”
“ ကျွမ်းကျင် သူတွေ ပိုများ လာပြီ။ ”
တိမ်နဂါးများ ပို၍ စုရုံး လာသည် နှင့်အမျှ၊ အင်ပါရီယန် ကြယ်ပုလဲကို မည်သူ ရရှိ မည်အား၊ ဆွေးနွေး သံများ ဆူညံ လာသည်။
သို့သော် ထိုအခိုက် အတန့်တွင်၊ သိပ်သည်း လွန်းသော သတ်ဖြတ်ခြင်း၊ ရည်ရွယ်ချက် တစ်ခု ပျံ့လွင့် လာ၏။
ထို့ကြောင့် ၎င်း ရည်ရွယ်ချက် ထုတ်ဖော် လိုက်သော၊ ဂျီဝူယုထံ ထိတ်လန့် စွာဖြင့်၊ ချက်ချင်း လှည့်ကြည့် လိုက်ကြသည်။
ဂျီဝူယီ၏ အေးစက်သော အမူ အရာမှာ၊ ကြောက်စရာ ကောင်းအောင် ငြိမ်သက် နေပြီး၊ မျက်ဝန်းများ မှိတ်ချ ထားခဲ့သည်။
ထိုအမူ အရာ အရ၊ တံဆိပ် မပွင့်ခင်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ တစ်ပွဲ စတင် တော့မည် ဟုပင်၊ ထင်မြင် လာမိ၏။
သူ့ဘေး ပတ်ပတ် လည်ရှိ၊ တပည့်ငယ် များကပင်၊ ဆိုးရွားသော အမူ အရာများ ပြသ ထားသည်။
“ ငါ့ရဲ့ ... ညီငယ် ချန်းဟောင်ကို တစ်ယောက် ယောက် တွေ့မိလား။ ”
ဂျီဝူယီက မျက်လုံးများ ပြန်ဖွင့် လိုက်ပြီး၊ တည်ငြိမ်စွာ မေးမြန်း လာ၏။ သူ့ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ပြတ်ပြတ် သားသား ကြားရ စေသည်။
ထိုမေးခွန်းကြောင့် လူတိုင်း၊ ထိတ်လန့် သွား ကုန်၏။ ဂျီဝူယီ၏ ဂျူနီယာ ညီ တစ်ယောက်ကို၊ ထိရဲ လောက်အောင် ရဲရင့် သူမှာ၊ မည်သူ ဖြစ်နိုင် မည်အား၊ တွေးတော မိလာ လေသည်။
ချန်းဟောင်၏ ခွန်အားဖြင့်၊ သင်္ချိုင်း နယ်မြေ အတွင်း၌ သွားလာ ရှင်သန်ရန် ပြဿနာ မရှိ သင့်ပေ။
ထို့ကြောင့် ဂျီဝူယီက လူအုပ်ကို၊ လှည့်ပတ် ကြည့်လိုက် သည်။ ပြင်းပြ လွန်းသော သတ်ဖြတ် လိုခြင်း အာသီသ များကြောင့်၊ လူတိုင်း အမြန် ငုံ့လိုက် မိ၏။
သွေးခန်းမ တပည့် များ ခြံရံလျက်၊ လူအုပ် အတွင်း တစ်လှမ်းခြင်း လှမ်းဝင် လာပြီး၊ ကြုံရာ ကျပန်း လူငယ် တစ်ယောက်ကို လှမ်းဆွဲ ယူ လိုက်သည်။
“ မင်း ... ချန်းဟောင်ကို မြင်ဖူးလား။ ”
“ ငါ ... ငါ မသိဘူး။ ”
ထိတ်လန့် တုန်ယင်စွာ ပြန်ဖြေ လာသော ထိုလူငယ်၏ ဦးခေါင်းကို တိုးကာ၊ ဆုပ်ကိုင် လိုက်သည်။
“ ငါ ... ငါ တကယ် မသိ တာပါ။ ”
သို့သော် ဂျီဝူယီက စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ သူ့ လက်ကို အားယူကာ ထိုလူငယ် ၏၊ ဦးခေါင်းအား ဆွဲလှည့် ပစ်လေသည်။
“ ဂျွတ် .... ”
လည်ပင်းရိုး ကျိုး သွားသော အသံမှာ၊ ကျယ်လောင်စွာ ထွက်ပေါ် လာပြီး၊ သူ့ အဖော် များကို ကြောက်ရွံ့ ကုန်စေ၏။ မည်သူမျှ အသံ မထွက် ရဲကြ တော့ချေ။
“ ဒီမှာ ... တစ်ယောက် ယောက်က၊ ငါ့ညီကို သတ်ဖို့ သတ္တိ ရှိပြီး၊ ခွေး တစ်ကောင်လို ပုန်းနေ တုန်းလား၊ စိတ်မပူ ပါနဲ့၊ ငါမင်းကို ရအောင် ရှာမှာပါ။ ”
ထိတ်လန့်ဖွယ် ခြိမ်းခြောက်သံနှင့် အတူ၊ သွေးခန်းမ၏ တပည့်များ လိုက်ပါလျက်၊ လူအုပ် ထဲ တစ်လှမ်းခြင်း၊ တိုးဝင် လာခဲ့သည်။
လမ်း တစ်လျှောက် တစ်ယောက်ပြီး တစ်ယောက် အဆက် မပြတ် ဆွဲယူ သတ်ဖြတ် ပစ်ကာ၊ မုဆိုး တစ်ဦးလို အမဲလိုက် နေ၏။
ပြင်းထန် လွန်းသော ဂျီဝူယီ၏ သတ်ဖြတ်မှု ရောင်ဝါ အောက်တွင် မည်သူ ကမျှ၊ လက်တုံ့ ပြန်ရန် စိတ်ကူး မရှိခဲ့ ကြချေ။
အကြည့် တစ်ချက် ဖြင့်ပင်၊ သွေးစီးဆင်း မှုများ ရပ်တန့် ကုန်ကြ၏။
ရန်ကောင်း၊ ရှားယွင်ရှောင်တို့ ကဲ့သို့သော၊ သူများမှာ ဂျီဝူယီကို တားဆီးနိုင် သော်လည်း၊ အင်ပါရီယန် သင်္ချိုင်း ပွင့်တော့မည် ဖြစ်ရာ၊ မည်သူမျှ လက်ဝင် မလျှိုချင် ကြပေ။
ယင်းအစား မျောက်ပွဲကြည့် နေရ သကဲ့သို့၊ ပြုံးရယ်လျက် စောင့်ကြည့် လာကုန်၏။
“ စီနီယာ အစ်ကို လု၊ ငါ့ကို ကယ်ပါ။ ”
ဂျီဝူယီ၏ ဖမ်းယူခြင်း ခံထား ရသော လူငယ်တစ်ဦးက၊ တိမ်နဂါး အဆင့် (၈၃)ရှိ၊ သူ့ စီနီယာကို၊ အကူ အညီတောင်း လိုက်သည်။
သူ့ ဂျူနီယာ ထံမှ၊ အကူအညီ တောင်းသံကြောင့်၊ စီနီယာ အစ်ကို လုမှာ၊ မျက်နှာ ပျက်ယွင်း သွားသည်။
အခြား သူများ မသိနိုင် သော်လည်း၊ သွေးစွန်းသော ဧည့်ခံပွဲကို တက်ရောက်ထား ဖူးသူ တစ်ဦး အနေဖြင့်၊ ဂျီဝူယီ မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ သူ သိသည်။
“ အစ်ကို ဂျီ၊ ငါ့ကို မျက်နှာသာ ပေးပါလား၊ ငါ့ရဲ့ ဂျူနီယာက ချန်းဟောင်ကို တစ်ခါမှ မမြင် ဖူးဘူး ဆိုတာ၊ မင်းကို ငါ အာမ ခံနိုင် ပါတယ်။ ”
အဆုံးတွင် အံကြိတ်ကာ၊ စီနီယာ အစ်ကို လုက၊ ဝင်ရောက် ပြောဆို လာသည်။ တိမ်ဂါး အဆင့် ပါရမီရှင် တစ်ယောက် အနေ ဖြင့်၊ သူ့ ဂျူနီယာ အပေါ်၊ လျစ်လျူရှု ခြင်းငှာ မစွမ်း နိုင်ချေ။
တစ်ယောက် ယောက်မှ၊ စကားပြော လာသောကြောင့်၊ သူ့လက် ထဲရှိ လူကို လွှတ်ချ လိုက်ပြီး၊ ဂျီဝူယီက ပြန်လှည့် ကြည့် လာသည်။
“ ဒီကောင်က ငါ့ ညီကို မမြင် ဖူးတာ သေချာ တယ်လား၊ မင်းကတော့ ချန်းဟောင်ကို မြင်ဖူး တယ်ပေါ့၊ ဒါဆို မင်းမျက်လုံး တွေကို ဖောက်ထုတ် လိုက်ပါ ။ ”
“ အစ်ကို ဂျီ၊ မင်း နောက်နေ တာပဲ ဖြစ်ရ မယ်။ ”
စီနီယာ အစ်ကို လု ဆိုသူမှာ၊ စကား ထစ်အ သွားပြီး၊ မျက်နှာ မည်းကျ သွား၏။
“ ချွင် ..... ။ ”
ရုတ်တရက် သွေး ခန်းမမှ တပည့် လေးယောက် ပြေးဝင်လာ သောကြောင့်၊ စီနီယာ အစ်ကို လုက မျက်ခုံး ပင့်ကာ၊ ဓားကို ဆွဲထုတ် လိုက်သည်။
ထုတ်လွှတ် လာသော အရှိန် အဝါကြောင့်၊ စီနီယာ အစ်ကိုလု မည်မျှ သန်မာ မည်ကို လူတိုင်း ခန်းမှန်း နိုင်၏။
သွေး ခန်းမ၏ တပည့် လေးယောက် မဆို နှင့်၊ ဂျီဝူယီ ကိုယ်တိုင် ဝင်ရောက် လာလျှင်ပင်၊ သူ့ အသက်ကို အလွယ် တကူ ရယူ နိုင်မည် မဟုတ်ချေ။
သို့သော် ယင်းမှာ သူတို့ အထင် မျှသာ ဖြစ်ပြီး၊ ဂျီဝူယီက ကြက်သွေးရောင် ဓား အလင်း ကို၊ ရုတ်တရက် တောက်ထုတ် လာသည်။
“ ဝှစ် ..... ။ ”
ဓားအလင်းက လျင်မြန် လွန်းသော အဟုန် ဖြင့်၊ စီနီယာ အစ်ကို လု၏ ညာဖက် လက်ကို ပုခုံး အရင်းမှ ဖြတ်ချ ပြစ်လိုက်သည်။
ဂျီဝူယီ သန်မာ သည်ဟု လူတိုင်း သိရှိထား ကြသော်လည်း၊ တိမ်နဂါး တစ်ဦးကို အလွယ် တကူ လက်ဖြတ် နိုင်လိမ့် မည်ဟု မထင် ထားမိ ချေ။
“ အား ..... ။ ”
စီနီယာ အစ်ကို လုမှာ၊ မြေပြင် ပေါ်တွင် ဒူးထောက် ကျသွားပြီး၊ နာကျင်စွာ ညည်းညူ သွားရသည်။
လွယ်လင့် တကူ ရှုံးနိမ့် သွားသော၊ စီနီယာ အစ်ကိုလု၏ ဖြစ်ရပ် ကြောင့်၊ သူ့အဖော် များမှာ ချက်ချင်း နောက်ဆုတ် ကုန်သည်။
နှုတ်ခမ်းများ လှုတ်ယမ်း လာပြီး၊ တစ်ခု ခုကို ပြောချင် မိသော်လည်း၊ စကား တစ်ခွန်းမှ ထွက်ကျ မလာ ခဲ့ချေ။
“ ငါ့ ညီကို မြင်ဖူးတဲ့၊ မင်းရဲ့ မျက်လုံးတွေ မရှိ တော့တာ အကောင်း ဆုံးပဲ။ ”
ဂျီဝူယီက တည်ငြိမ်စွာ ဆိုသည်။ ယင်းကြောင့် သွေးခန်းမ၏ တပည့် များက၊ လျင်မြန်စွာ လုပ်ဆောင် လာကြ၏။
“ အား ..... ။ ”
ကျယ်လောင် လွန်းသော အော်ဟစ် သံကို လျစ်လျူ ရှု လိုက်ပြီး၊ ဂျီဝူယီက ပတ်ဝန်းကျင် အပေါ်၊ ဝေ့ကြည့် လိုက်သည်။
“ ဒါက ငါ့ကို နှောက်ယှက်တဲ့ သူတွေရဲ့ ရလဒ်ပဲ။ ”
သူ့ စကားကြောင့် အားလုံးက၊ ထိတ်လန့် စွာဖြင့်၊ ခေါင်းငုံ သွားကြ သည်။
ကျန်းယွမ်နှင့် ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့မှာ၊ ထိတ်လန့် စိတ် များကို အလျင် အမြန် ငြိမ်းသက် လိုက်ရ၏။
အထူး သဖြင့် မူချန်၏ မျက်နှာမှာ၊ ဖျော့တော့ လာစဉ်၊ ကံဆိုး စွာဖြင့် ဂျီဝူယီ လှည့်ကြည့် ချိန်နှင့် ဆုံသွားသည်။
သူ့ ဦးတည် ရာသို့၊ လျှောက်လှမ်း လာနေသော ဂျီဝူယီကို မရဲ တရဲ ပြန်ကြည့်ပြီး၊ နှလုံးသား တစ်ခုလုံး တဆတ်ဆတ် ခုန်လာ၏။
“ ငါ ... ငါ သူ့ကို တစ်ခါမှ မတွေ့ ဖူး ပါဘူး။ ”
မူချန်က တုန်ယင် စွာဖြင့် ငြင်းဆန် လိုက်သည်။
“ ငါ မမေးရ သေးပဲနဲ့၊ မေးလိမ့် မယ်လို့ ... ၊ မင်း ဘယ်လို သိနေ ရတာလဲ။ ”
ဂျီဝူယီက သူ့ အနားတွင် ရပ်လိုက်ပြီး၊ အေးစက်စွာ ဆိုသည်။ ထို့ကြောင့် ထိတ်လန့် သွားပြီး၊ မျက်နှာ တပြင်လုံး ဖွေးတက် သွား၏။
“ ငါ ... ။ ”
“ ဒူးထောက် ...။ ”
ဂျီဝူယီက အော်ငေါက် လိုက်သည်။ ယင်းကို မလွန်ဆန် ဝံ့တော့ဘဲ၊ မူချန် တစ်ယောက် ဒူးများ ကွေးညွတ် ကျသွား၏။
သို့သော် လက်တစ်ဖက်က၊ သူ့ ပခုံးပေါ် ကျရောက် လာပြီး၊ အသာ အယာ ပြန်ဆွဲ ယူပေး လာသည်။
မူချန် အပေါ် သက်ရောက် နေသော ဖိအား များအား၊ ကူညီ ဖယ်ရှား ပေးလိုက် ပြီးနောက်၊ လင်းယွန်က ဂျီဝူယီကို စိုက်ကြည့်ကာ၊
“ ဒီ နေရာမှာ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ... ဟမ့်။ ”
-ဟု ငေါက်သံဖြင့် မေးခွန်း ထုတ်လိုက် လေသည်။
သူ့အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ပေါက်ကွဲ အားပြင်းသော ဗုံး တစ်လုံး ကဲ့သို့၊ လူအုပ် ကြီးအား ထိတ်လန့် သွားစေ သည်။
ထို့နောက် လူတိုင်းက၊ လင်းယွန် အပေါ် မျက်လုံး ပြူးလျက် ပြန်လှည့် ကြည့်မိ လာကြ ၏။
***