← Chapters

ထွက်သွား။

Vol. 44 Ch. 605

ထွက်သွား။

Vol. 44 Ch. 605

လင်းယွန်က ဂျီဝူယီကို ဖြည်းညှင်းစွာ မော့ကြည့် လိုက်၏။ သူ့မျက်လုံး များတွင်၊ ကြောက်ရွံ့ မှုများ ရှိ မနေချေ။

မထီ လေးစား နိုင်သော အမူအရာ များသာ ရှိချေသည်။ ဤသည်မှာ ပန်းသင်္ချိုင်း ဆိုသော ဓားသမား တစ်ယောက်၏၊ လေးစားဖွယ် ရပ်တည် ချက်များ ပေပင်။

အကြည့် နှစ်စင်း လေထဲ၌ တိုက်မိ သွားပြီး၊ သတ္တု ရိုက်သံများ ထွက်ပေါ် လာ၏။

ထို့ကြောင့် လူတိုင်းက စိတ်လှုပ်ရှား လာသည်။ ဂျီဝူယီ ဆိုသည်မှာ ပြင်ပ အဆင့်တွင် တတိယ နေရာ၌ ရပ်တည် ထားနိုင်သော၊ သားသတ် သမား တစ်ဦး ဖြစ်၏။

အဆင့် (၈၇) ရှိ ပါရမီရှင် တစ်ဦး ကိုပင်၊ တစ်စုံ တစ်ရာ ဝင်ရောက် ပြောဆို ခြင်းကြောင့်၊ ခွျင်းချက် မရှိ မျက်လုံး များ ဖောက်ထုတ် ပစ်ခဲ့ သည်။

သူ့လက်၌ သေဆုံး သူတိုင်းမှာ၊ လက်တုန့် ပြန်ရန်ပင်၊ စိတ်ကူး မရှိခဲ့ ကြချေ။ အကြောက် တရားက လူတိုင်း ရင်ထဲတွင်၊ အမြစ်တွယ် နေခဲ့ သည်မှာ ကြာပြီ ဖြစ်သည်။

သို့သော် တစ်စုံ တစ်ဦးက၊ ‘မင်းကိုယ်မင်း ဘာထင်နေ လဲဟု’ မထီမဲ့မြင် မေးလာ ခဲ့၏။

ဤသို့သော လေသံ၊ ဤသို့သော အဓိပ္ပါယ် မျိုးဖြင့်၊ ရန်ကောင်း၊ ချင်းအန်၊ ပီယွဲ့နှင့် ရှားယွင်ရှောင် တို့ပင် မေးခွန်း ထုတ်ရန် မဝံ့ ကြပေ။

လင်းယွန် ဘေးနားရှိ ကျန်သူ များက၊ အလွန် ကြောက်လန့် သွားကုန်၏။ ကျန်းယွမ် မှာမူ ဂျီဝူယီ ရောက်ရှိလာ ကတည်းက၊ သတ္တိများ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။

ရန်ကောင်းနှင့် တစ္ဆေ မီးတောက် ဂိုဏ်းမှ တပည့် များက ဤမြင်ကွင်းကို စိတ်ဝင် တစား လာ၏။

အမှန်တိုင်း ဝန်ခံ ရပါလျှင်၊ ဘိုင်လိရွှမ်ပင် လင်းယွန်ကို ထိတ်လန့် တကြား လှမ်းကြည့် လိုက်မိပြီ ဖြစ်သည်။

“ ဒီကောင် သေပြီ၊ မင်း သူ့ကို အနိုင် ယူဖို့ အခွင့် အရေး မရှိတော့ တဲ့အတွက်၊ စိတ် မကောင်း ပါဘူး။ ”

ရှားယွင်ရှောင်က ပြုံးကာ ဆိုသည်။ ဘိုင်လိရွှမ်မှာ သူ့စကား အပေါ်၊ တုန့်ပြန် နိုင်ခြင်း မရှိ ခဲ့ချေ။

တစ်ချိန်က အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေတွင်၊ ယွဲ့ဝေဝေအား ကယ်တင်ရန်၊ သူ့ လက်ဝါးရှေ့ ခုန်ဆင်း လာသော ပုရွတ်ဆိတ် တစ်ကောင်ကို၊ ပြန်မြင်ယောင် လာမိသည်။

ထို့ကြောင့် စိတ်လှုပ်ရှား သွား၏။ ဤ အရူးကို မသတ်နိုင် ခဲ့ပါက၊ ဂျီဝူယီ တစ်ယောက် မကြာခင် နောင်တ ရပေ လိမ့်မည်။

“ ဒီကောင်က ကျားရှေ့ မှောက်လျက် ‘လဲ’ တာပဲ၊ အသက်ရှင် ရတာ ညီးငွေ့ နေပြီ ထင်တယ်။ ”

“ သူ့ စိတ်ထဲ တစ်ခု ခုတော့၊ လွဲချော် နေတာပဲ ဖြစ်မယ်။ ”

တိမ်ယံ သုံးဆင့် ဂိုဏ်း၏ တပည့် များက၊ အထင် အမြင် သေးစွာဖြင့် လှောင်ပြောင် လိုက် ကြသည်။

ချင်းအန်နှင့် ပီယွဲ့ပင် စိတ်ဝင် တစား လှမ်းကြည့် လာ၏။

“ ... သွား ပြီ။ ”

“ လန်းဟွာယုကို သတ်နိုင် ရုံနဲ့၊ သူက အောက်ခြေ လွတ်သွားပြီ၊ အဲ့ဒီ လန်းဟွာယု ဆိုတာ ဂျီဝူယီ ရှေ့မှာ၊ ရပ်ဖို့တောင် အရည် အချင်း မရှိဘူး။ ”

“ ဂျီဝူယီရဲ့ ဒေါသကို အခြေ ခံပြီး သုံးသပ် ရရင်၊ ကောင်းကင်ဓား ဂိုဏ်းနဲ့ ကောင်းကင် ပြည်နယ် အကယ်ဒမီ ကိုတောင် ပျံ့နှံ့ သွားမှာ ဆိုးရ တယ်။ ”

“ ဘယ်သူ သိနိုင် မလဲ၊ ချန်းဟောင်ကို သူတို့ သတ်လိုက် တာလည်း ဖြစ်နိုင်တယ်။ ”

ပတ်ဝန်း ကျင်မှ သုံးသပ် ချက်များကို၊ လင်းယွန်က လျစ်လျူရှု ထား၏။ ဓားရည်ရွယ် ချက်နှင့် မူလ စွမ်းအင်ကို ပေါင်းစပ်ကာ၊ တစ်ဖက် လူကို စောင့်ကြည့် နေခြင်း ဖြစ်သည်။

“ ရဲရင့်တဲ့ လူတွေကို ငါ သဘော ကျတယ်၊ ပုရွတ်ဆိတ် တွေကို သတ်ရတာ ပျင်းလာပြီ။ ”

ရုတ်တရက် အံ့သြ နေရာမှ၊ ဂျီဝူယီက ပြုံးရယ် လာ၏။ ဤနေရာ၌ သည်လေသံ မျိုးဖြင့်၊ သူ့အား ပြောရဲသူ မရှိချေ။

သူ့ အပြုံးတွင် ပြင်းစွာ သတ်ဖြတ် လိုသည့်၊ ရည်ရွယ်ချက် များကို လူတိုင်း မြင်နိုင်သည်။

ကျန်းယွမ်နှင့် မိုလင်း တို့ကို တစ်ချက် ကြည့်လိုက် ပြီးနောက်၊ ဂျီဝူယီ၏ လေသံမှာ ပြောင်းသွားပြီး၊

“ စိတ်မကောင်း စရာ ပါပဲ၊ မင်းရဲ့ စကား လုံးတွေ အတိုင်း၊ မင်းမှာ ခွန်အားရှိ နေဖို့တော့ လိုတယ်၊ ဒီနေ့ မင်းတို့တွေ တစ်ယောက်မှှ အသက် ရှင်မယ် မထင်နဲ့။ ”

“ မင်း စမ်းကြည့်လို့ ရတယ်၊ ငါ့ ဘေးမှာ ရှိတဲ့ သူတွေနဲ့၊ မင်း ဘေးမှာ ရှိတဲ့ သူတွေ ဘယ်သူ အရင်သေ မလဲ ဆိုတာ ...။ ”

ရဲရင့်သော စိန်ခေါ် သံကြောင့်၊ လူအုပ် ကြီးက တုန်လှုပ် သွားသည်။ ဤလင်းယွန်မှာ သားသတ် သမားနှင့်၊ ရက်စက် မှုခြင်း ပြိုင်ဆိုင် လိုပုံ ရ၏။

“ အခု ... မင်း အရင်းဆုံး သေမဲ့ သူပဲ။ ”

ဂျီဝူယီက ကောင်းကင်သို့ ပျံတက် သွားပြီး သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များကို ထုတ်ဖော် လိုက်၏။

“ ဂျီဝူယီက လှုပ်ရှားပြီ။ ”

“ ဒီလင်းယွန်က မောက်မာ လွန်းတယ်။ ”

ကြည့်နေဆဲ မှာပင်၊ ဂျီဝူယီ၏ သတ်ဖြတ်ခြင်း ရောက်ဝါ များက လင်းယွန် အပေါ်၊ ပြိုကျ သွားသည်။

စီနီယာ အစ်ကို လုကို၊ လျင်မြန်စွာ အနိုင်ယူ လိုက်ရ သည့် အကြောင်း ရင်းမှာ၊ ဤ သတ်ဖြတ်ခြင်း ရောင်ဝါ၏ ဖိအားကြောင့် ဖြစ်လေ သည်။

“ တောင်ကြီး တစ်လုံးကို၊ ဖြိုချ ချင် နေတဲ့ ခါချဉ် ကောင်လေး တစ်ကောင် ပဲ၊ ဟား ဟား ဟား။ ”

ဂျီဝူယီက ပြုံးရယ်ပြီး၊ လက်ဖဝါးကို ဖိချ လိုက်ချိန်၌၊ ပြင်းထန် လွန်းသော သတ်ဖြတ်ခြင်း အရှိန်အဝါ များက၊ ပြေးထွက် လာ၏။

“ ဒီကောင် ... ၊ တကယ် ဒေါသ ထွက်နေ ပြီ။ ”

ရန်ကောင်း မျက်နှာမှ အပြုံးများ ပျောက်ကွယ် သွားပြီး၊ သက်ပြင်းချ လိုက်သည်။

တစ်ဖက်တွင် ရှားယွင်ရှောင်က၊ ခေါင်းယမ်း လိုက်မိ၏။

သို့သော် လင်းယွန် မှာမူ၊ ဘယ်လက်ဖြင့် တံဆိပ် များကို ဖန်တီးလျက်၊ သူ့အပေါ် ပြိုကျ လာသော အကန့် အသတ်မဲ့ သတ်ဖြတ်ခြင်း ရောင်ဝါကို တွန်းထုတ် ပစ်သည်။

သူ့ထံမှ ထွက်ပေါ် လာသော ရောင်ဝါမှာ၊ ဂျီဝူယီ နီးပါး ထိတ်လန့်ဖွယ်ရာ မရှိ သော်လည်း၊ သမုဒ္ဒရာကြီး တစ်စင်း ကဲ့သို့ တည်ငြိမ် လွန်းနေ ၏။

၎င်းမှာ သဘာဝ အားဖြင့် သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု ဖြစ်သည်။ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို ခုနစ်ဆ ပွားကာ၊ ရှန်ရှင်း ဓား ဖြင့်၊ ထိန်းချုပ် ပြီးနောက်၊ လက်သီး တစ်ချက် ပစ်ထုတ် လိုက်သည်။

ထိုအချိန်တွင် တောင်ကြီး တစ်လုံး ကဲ့သို့၊ မြဲမြံစွာ ရပ်နေဆဲ ဖြစ်သော တစ်ဖက် လူ၏ အသွင် အပြင်ကြောင့်၊ ဂျီဝူယီမှာ မျက်မှောင် ကြုတ် သွားရ၏။

“ ဒါ က ... ။ ”

ဤမျှ အားကောင်းသော သတ်ဖြတ်ခြင်း အငွေ့ အသက် များဖြင့်၊ ပြန်လည် တုန့်ပြန် လာလိမ့် မည်ဟု မမျှော်လင့် ထားချေေ။

ယင်းကြောင့်၊ ခွန်အား (၃၀%) ကိုသာ အသုံး ပြုခဲ့ မိသည့် အတွက်၊ နောင်တများ နှလုံးသား၊ အပြည့် ပေါက်ပွား လာခဲ့သည်။

နောက်ဆုံးတွင် တစ်ဖက် လူ အပေါ်၊ သူ လျှော့တွက် နေမိဆဲ ဖြစ်၏။

“ ထွက် သွား ... ။ ”

လက်ဖဝါးနှင့် လက်သီး ထိတွေ့ သွားချိန်တွင်၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် နှစ်ခု ထိပ်တိုက် တွေ့ဆုံ သွားကာ၊ ပေါက်ကွဲ သံများ ဖြစ်ပေါ် လာသည်။

ထိုပေါက်ကွဲ သံများ ပျောက်ကွယ် သွားပြီးနောက်၊ လူတိုင်း အတွက် မယုံကြည် နိုင်ဖွယ် မြင်ကွင်းက စောင့်ကြို နေခဲ့ ၏။

ဂျီဝူယီ တစ်ယောက် လင်းယွန်၏ လက်သီးကြောင့်၊ လွင့်စင် သွားခြင်း ဖြစ်သည်။ ဒဏ်ရာ ရရှိ သွားခြင်း မရှိ သော်လည်း၊ ဤသက်ရောက် မှုမှာ၊ လူတိုင်း ထိတ်လန့်ရန် လုံလောက် လေသည်။

“ ဒီကောင် မသေ ဖူးလား။ ”

ဆံပင်များ လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ၊ တစ်လှမ်းပင် ဆုတ်ခွာခြင်း မရှိ ခဲ့သော လင်းယွန်ကို မှင်တက်စွာ ကြည့်လိုက် ကြသည်။

ဂျီဝူယီ လက်ဝါးမှ စွမ်းအင် များကြောင့်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် များ၊ တဆတ်ဆတ် တုန်ခါ ကျန်ရစ် ခဲ့၏။

“ ငါ့ ကောင်းကင် ... ။ ”

“ မယုံနိုင် စရာပဲ၊ သူက ဂျီဝူယီရဲ့ သတ်ပစ် လိုတဲ့ ရည်ရွယ် ချက်ကို အမှန် တကယ် ခုခံနိုင် ခဲ့တယ် ...။ ”

“ ဒါတင် မကဘူး၊ ဂျီဝူယီရဲ့ လက်ဖဝါး ကိုတောင်၊ ပိတ်ဆို့ ပစ်လိုက်တယ်။ ”

“ အကုန်တော့ မဟုတ် သေးပါဘူး၊ ဒါက ဂျီဝူယီရဲ့ ခွန်အား သာဆိုရင်၊ အဓိပ္ပာယ် မရှိဘူး ... ။ ”

ရလာဒ် အပေါ် သံသယ ဝင်ကုန်ကာ၊ ဝေဖန် သံများ အနည်းငယ် ဆူညံ လာ၏။

သို့သော် ဤ အခိုက် အတန့်တွင်၊ ဂျီဝူယီ ထံမှ ကြက်သွေးရောင် အလင်းများ ဖြာထွက် လာပြီး၊ ယန် အဆင့်ကို ကေျာ်လွန် နေသည့်၊ အရှိန် အဝါများ ပေါက်ကွဲ ထွက် လာသည်။

ထိုအချိန်တွင်ပင် ပတ်ဝန်းကျင်မှ အသံများ တိတ်ကျ သွားပြီး၊ မည်သူမျှ မသံ မထွက် ရဲကြ တော့ချေ။

“ မင်း ရှေ့ဆက် လှမ်းဝံ့ရင်၊ အင်ပါရီယန်ရဲ့ အမွေကို လက်လွတ် ရလိမ့် မယ်လို့၊ ငါ အာမခံတယ်။ ”

လင်းယွန်က ခရမ်းရောင် ဓား အစီရင်ကို ဖွင့်တော့မည့် အချိန်မှာပင်၊ မိုလင်း တစ်ယောက် အနား တက်လှမ်း လာပြီး၊ ဆိုလိုက်၏။

သူမ ထံမှ၊ အေးစိမ့်သော ရွှေရောင် အငွေ့ အသက်များ တဖြည်းဖြည်း စိမ့်ထွက် လာကာ၊ ပိတုန်းရောင် ကေသာမှာ၊ ဟုတ်ခနဲ ပွင့်ထွက် သွား၏။

ကနဦး မြင့်မြတ်သော စွမ်းရည်။ သူမ ထံမှ အငွေ့ အသက် များကြောင့်၊ လူတိုင်း စိတ် ထဲ၌၊ ဤစကားစု ထွက်ပေါ် လာသည်။

ရန်ကောင်က ပြုံးလိုက်ပြီး၊

“ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့ မိုလင်းက၊ အသက် ငယ်ငယ်နဲ့ မြင့်မြတ်သော စွမ်းရည်ကို၊ ဆုပ်ကိုင်ထား နိုင်တယ်လို့ ကြားမိ တယ်၊ သားသတ် သမားနဲ့ ယှဉ်ရင် ဒါက ဘယ်လောက် အထိ၊ သန်မာ မလဲ ဆိုတာ သိချင် သား။ ”

ယခု အချိန်၌ ခက်ခဲ သွားပြီမှန်း၊ သိလိုက် ရသော ကြောင့်၊ ဂျီဝူယီ မျက်နှာမှာ၊ မည်းမှောင် သွား၏။

လင်းယွန် ဖြစ်စေ၊ မိုလင်း ဖြစ်စေ၊ ထုတ်လွှတ် ထားသော ရောင်ဝါများ အရ၊ အလွယ် တကူ ကိုင်တွယ် ဖြေရှင်း နိုင်မည့် သူများ မဟုတ်ကြောင်း၊ သူပြော နိုင်သည်။

ထို့ကြောင့် တိုက်ပွဲ ဖြစ်ပွား ပြီးနောက်၊ ဒဏ်ရာ ရရှိခဲ့ ပါက၊ ကြယ်ပုလဲကို သဘာဝ အတိုင်း၊ စွန့်လွှတ် ရပေ လိမ့်မည်။

အခြေ အနေ အရပ်ရပ် အပေါ်၊ သုံးသပ် နေစဉ် မှာပင်၊ အလင်း တိုင်ကြီး ထံမှ စူးရှသော အလင်းများ၊ တိုးထွက် လာပြီး၊ လေဟာနယ် မတည် မငြိမ် ဖြစ်လာ၏။

“ တံဆိပ် ပွင့်သွားပြီ။ ”

အင်ပါရီယန် သင်္ချိုင်း၊ ပတ်ပတ် လည်ရှိ လူအုပ် ကြီးက၊ အာမေဋိတ် သံများ နှင့့်အတူ ကောင်းကင်ပေါ် မော့ကြည့် လိုက်ကြသည်။

“ သွား ရ အောင်။ ”

ချင်းအန်နှင့် ပီယွဲ့ က၊ ဦးစွာ ပျံသန်း သွား၏။ ၎င်းတို့ နောက်မှ ရှားယွင်ရှောင်နှင့် ရန်ကောင်း တို့ လိုက်ပါ သွားလေသည်။

ဂျီဝူယီပင် ကောင်းကင်ကို မော့ကြည့်ကာ၊

“ မင်းကို အင်ပါရီယန် သင်္ချိုင်းမှာ မတွေ့ရ စေနဲ့၊ မဟုတ်ရင် သေခြင်းထက် ပိုဆိုးတဲ့ အရာကို ငါ ပြောပြမယ်။ ”

စကားဆုံး သည်နှင့် ကြက်သွေးရောင် အလင်းတန်း အသွင်၊ ပြောင်းလဲ ပြေးထွက် သွား တော့၏။

ဂျီဝူယီ ထွက်သွား မှ သာလျှင်၊ ကျန်းယွမ်နှင့် တခြား သူများက၊ အသက် ပြင်းပြင်း ရှိုက်လိုက် ကြသည်။

ထိတ်လန့် စိတ်ကြောင့်၊ တစ်ချိန်လုံး အသက်ရှူ ရန်ပင်၊ မေ့နေ ခဲ့ကြ လေသည်။

***

All Chapters