အင်ပါရီယန် သင်္ချိုင်း ဂူ ။
Vol. 44 Ch. 606
“ တံဆိပ်က ပွင့်သွားတာ၊ ငါတို့ ကံကောင်း တယ်။ ”
ကျန်ယွမ်မှာ သားသတ် သမားကို ရင်ဆိုင်ရန်၊ ယုံကြည်ချက် မရှိ သောကြောင့် ချွေးများ သုတ်ကာ၊ သက်ပြင်း ချလျက် ဆိုလိုက် သည်။
ငရဲမှ လွတ်မြောက် လာ သကဲ့သို့၊ ခံစား လိုက် ရ၏။
“ ဂျီဝူယီက ရက်စက် လွန်းတယ်၊ ဒါပေမယ့် ဒီလို လုပ်ဖို့ သူ့မှာ၊ လုံလောက်တဲ့ ခွန်အား ရှိတယ်။ ”
“ လူ တော်တော် များများက၊ ဒီလို ကြောက်စရာ ကောင်းတဲ့ ရောင်ဝါမျိုး မရရှိ နိုင်ဘူး။ ”
ကောင်းကင်ဓား ဂိုဏ်းမှ အခြားသော တပည့်များ ကလည်း၊ ပင့်သက် ရှိုက်ကာ ဆိုသည်။
“ အဲ့ဒီ အတွက် ... ၊ ကျေးဇူးတင် ပါတယ် အစ်မ မို။ ”
အဖွဲ့ ထဲတွင် လင်းယွန်မှာ၊ အတည် ငြိမ်ဆုံး ဖြစ်ပြီး၊ မိုလင်းကို ပြုံးကာ စကားဆို လိုက် သည်။
သတ်ဖြတ်ခြင်း တံဆိပ် ခုနစ်ခု မရှိ လျှင်ပင်၊ ရှန်ရှင်း ဓားဖြင့် ဂျီဝူယီ အရှိန် အဝါကို ရင်ဆိုင် နိုင်၏။
“ ငါ အဆင်ပြေ ပါတယ်၊ ဒါပေမယ့် နောင်မှာ ဒီလောက်ထိ စိတ်မြန် လက်မြန် မလုပ်မိ ပါစေနဲ့၊ ... ”
“ ... ဂျီဝူယီကို တစ်ချိန် တုန်းက တိန်နဂါးတွေ အုပ်စု ဖွဲ့ပြီး သတ်ဖို့ ကြိုးစား ခဲ့ဖူးတယ်၊ မအောင်မြင် ခဲ့ဘူး၊ လေးနှစ်ကြာ သွားပြီ ဆိုတော့ သူက ပိုသန်မာမှာ သေချာတယ်။ ”
မိုလင်းက လေးနက်သော အမူ အရာဖြင့်၊ သတိ ပေးလိုက်သည်။
တစ်ခုခု ပြောချင် ခဲ့သော်လည်း၊ မိုလင်းမှာ သူ့ အပေါ် စိတ်ပူ နေမှန်း သိလိုက် ပြီမို့၊ စကား တစ်ခွန်းမှ ထပ်မဆို မိတော့ချေ။
ဂျီဝူယီက ခွန်အားကို အပြည့်အဝ မထုတ်ခဲ့ သကဲ့သို့၊ လင်းယွန် သည်လည်း ထိုနည်း လည်းကောင်း ပင် ဖြစ်သည်။
သူ့ အနေဖြင့် ၎င်းအား ရင်ဆိုင် ရပါက၊ အနိုင် ရရန်၊ (၄၀%) အခွင့် အရေး ရှိသည်။
တစ်ဖက် လူမှ သူ့အား အလွယ် တကူ အနိုင်ယူ နိုင်မည်ဟု ယူဆ ခဲ့သည်မို့၊ သဘာဝ အတိုင်း ငြိမ်သက် နေမည် မဟုတ်ချေ။
“ စိတ်မကောင်း ပါဘူး၊ ငါ့ကြောင့် ဒီလို ဖြစ်ရတာ ...။ ”
-ဟု မူချန်က ဆိုသည်။
အစောပိုင်း အချိန်က ဒူးထောက် လုနီးနီး၊ သူ့ အခြေ အနေကို၊ ပြန် သတိရ သွားကာ ရှက်စိတ် ဝင်လာ မိသည်။
လင်းယွန်သာ ဝင်ရောက် ကူညီခြင်း မရှိခဲ့ ပါသော်၊ ဒူးထောက် နေရပြီး ဖြစ်သည်။
“ ပြဿနာ မရှိ ပါဘူး၊ ငါက သူ့ ညီကို သတ်ခဲ့ တဲ့သူ ဆိုတော့ သဘာဝ အတိုင်း ငါပဲ ဖြေရှင်း ရမှာပါ။ ”
“ ဒါပေမယ့် မင်း ငါ့ကို ကယ်တင်ဖို့ အတွက်၊ လုပ်ခဲ့ ရတာ ... ။ ”
“ အကြောင်း ပြချက်က အရေး မကြီး ပါဘူး၊ သူ့ကို ဂျီဝူယီရဲ့ ညီမှန်း သိလို့ ငါ သတ်လိုက်တာ၊ သွားရအောင် ငါတို့ နောက်ကျ နေပြီ။ ”
“ အလျင်လို နေဖို့ မလို ပါဘူး၊ ဝင်ခွင့် စမ်းသပ် ချက်တွေ ရှိပါ သေးတယ်၊ မဟုတ်ရင် သေဆုံး သွားတဲ့ အင်ပါရီယန်က သူ့အတွက် အနှောက် အယှက် ဖြစ်စေမဲ့ အရာ တွေကို၊ လိုချင်မှာ မဟုတ် ပါဘူး။ ”
ကျန်းယွမ်က ကျိုင်းကောင် များလို ပြေးလွှား ဝင်ရောက် နေသော လူအုပ်ကို ကြည့်ကာ၊ သူ့ အမြင်ကို ဝေမျှ လာသည်။
ကျင့်ကြံသူ တိုင်းက၊ ၎င်းတို့၏ အမွေအား အရည် အချင်းရှိ သူများ ကိုသာ၊ လက်ဆင့်ကမ်း လိုကြ သောကြောင့် သူ့စကား များမှာ၊ အဓိပ္ပာယ် ရှိသည်။
ထိုကြောင့် သူတို့ အဖွဲ့မှာ၊ အလျင် လိုခြင်း မရှိဘဲ၊ စကား တပြော ပြောဖြင့် ခရီး ဆက်လာ ခဲ့ ကြ၏။
ခဏ အကြာတွင် သဲသောင်ပြင် ပေါ်၌၊ ခမ်းနားသော တံခါး တစ်ချပ်အား တွေ့မြင် လိုက် ရသည်။
တံဆိပ်မှာ ချိုးဖျက် ခံလိုက် ရသောကြောင့် တံခါးက ပွင့်နေပြီ ဖြစ်သည်။ အထဲသို့ လှမ်းဝင် သွား သူတိုင်း၏၊ အငွေ့ အသက်များ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
ကွဲလွဲ နေသာ နယ်မြေကြီး တစ်ခု အဖြစ်၊ သီးခြား ဖြစ်တည် နေပုံ ပေပင်။ ကျန်းယွမ် ပြော သည်မှာ မှန်ကြောင်း၊ သတိပြု မိလာ၏။
အင်ပါရီယန် သင်္ချိုင်းသည် အခြားသော မြေအောက် နန်းတော် များနှင့် မတူဘဲ၊ မည်သည့် အရာ ကိုမှ အလွယ် တကူ ရယူ နိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင်၊ အင်ပါရီယန် သင်္ချိုင်း အပြင် ဘက်၌ ရေလှိုင်းများ ဖြစ်ပေါ် လာတော့သည်။
လှိုင်းတစ်ခု ဖြစ်ပေါ် လာတိုင်း၊ နေရပ် တစ်နေရာသို့ ပို့ဆောင် နေသည့် ပုံရိပ် များကို ဝိုးတဝါး လှမ်းမြင် နေရ၏။
“ သူတို့က စမ်းသပ်မှု မအောင် မြင်လို့၊ ပြန်ပို့ခံ ရတဲ့ သူတွေပဲ ဖြစ်မယ်၊ ကြည့်ရတာ အင်ပါရီယန် သင်္ချိုင်းမှာ၊ အစစ် အမှန် ခွန်အား ကို၊ အားကိုး ရတော့မယ့် ပုံပဲ။ ”
ကျန်းယွမ်က စိတ်ပျက် လက်ပျက်ဖြင့် သက်ပြင်း ချကာ ဆို လိုက်သည်။ လင်းယွန်၏ ခွန်အားကို မြင်ပြီးနောက်၊ အကူ အညီ ရမည်ဟု မျှော်လင့် ထားမိခြင်း ဖြစ်သည်။
သို့သော် ထို မျှော်လင့် ချက်များ၊ ယိုစီး သွား ရလေပြီ။
“ သွားရအောင်။ ”
မိုလင်းက ခေါင်းညိတ်ပြီး၊ လောဆော် လိုက်သည်။ ထို့နောက်တွင် သူတို့ အဖွဲ့မှာ၊ တံခါးမှ တဆင့် ဝင်ရောက် သွားတော့၏။
အတွင်း၌ ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင် နေသည်။ သိပ်မကြာခင် မှာပင်၊ စူးရှသော အလင်းရောင် ထွက်ပေါ် လာသော ကြောင့်၊ မျက်လုံးများ မှိတ်ချ လိုက်ရ၏။
အလင်းများ တဖြည်းဖြည်း မှိန်ဖျော့ လာချိန်၌၊ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိ တော့သည်ကို သတိ ထားမိသည်။
“ ငါတို့ကို နေရာစီ ပို့ဆောင် လိုက်ပုံပဲ၊ ... ။ ”
ကျရှုံး သူ များကို ဖယ်ရှား နေသော စွမ်းအင် အတက် အကျ လှိုင်းများ အရ၊ ဤနေရာ၌ မိုလင်း နှင့် အဖွဲ့မှာ၊ အန္တရာယ် မရှိ နိုင်ချေ။
ရှေ့သို့ မျှော်ကြည့် လိုက်သော အခါတွင်၊ လမ်းကြောင်း တစ်ခုအား၊ မှိန်ပျပျ လှမ်းမြင် လိုက် ရ၏။
တဖြည်းဖြည်း လျှောက်လှမ်း လာနေစဉ်၊ လမ်းဆုံး၌ ပိတ်လျက် ရပ်စောင့် နေသော၊ သံချပ်ကာ ရုပ်သေးရုပ် တစ်ရုပ်အား တွေ့ရှိ လိုက်သည်။
ရုပ်သေးက တိုက်ပွဲဝင် ချပ်ဝတ် တစ်ထည်၊ ဝတ်ဆင် ထားကာ၊ လှံရှည် တစ်စင်းအား ကိုင်ဆောင် ထား၏။
“ အဲဒီမှာ ရပ် ... ။ ”
တရွေ့ရွေ့ ချဉ်းကပ် လာသော လင်းယွန်ထံ၊ လှံဖြင့် ထိုးညွှန်ကာ၊ ရုပ်သေးက ဟန့်တား လာ ၏။ လင်းယွန်က ရုပ်သေး ရုပ်ကို ကြည့်ကာ၊ ချက်ချင်း ရပ် လိုက်သည်။
“ သင်္ချိုင်းမှာ အဆင့် ကိုးဆင့် ရှိတယ်၊ အဆင့် တစ်ခု ချင်းစီမှာ စမ်းသပ်မှု တစ်ခု ရှိတယ်၊ စမ်းသပ် မှုကို အောင်မြင် မှသာ သခင့် အမွေကို၊ ရှာဖွေဖို့ အရည် အချင်း ပြည့်မီတယ်၊ ... ”
“ ... သခင့်ရဲ့ အမွေနဲ့၊ ကြယ်ပုလဲက အဆင့်ကိုးမှာ ရှိတယ်၊ အဲဒါကို လိုချင်ရင် ငါ့ကို အရင် ဖြတ်ကျော်ပါ။ ”
ရုပ်သေးက၊ သတ္ထု ဆန်ဆန် အသံ အက်အက် ဖြင့် ရှင်းပြ လာ၏။
ဤရုပ်သေးတွင် ဉာဏ်ရည် ဉာဏ်သွေး အနည်းငယ် ရှိနေပြီး၊ အချို့ကို ပြန်လည် မှတ်မိ နေပုံ ရသည်။
“ မင်းက ပထမဆုံး စစ်ဆေး သူလား။ ”
“ ငါ ... ။ ”
ရုပ်သေးက ပြန်မဖြေ ခဲ့ဘဲ၊ ရှေ့သို့ တိုးလာကာ အလယ် အလတ် ယန် အဆင့်၊ အရှိန် အဝါကို ထုတ်လွှတ်ပြီး၊ လှံဖြင့် ထိုးချ လာ၏။
ရုပ်သေး ခွန်အားမှာ၊ ကျန်းယွမ်ထက် နိမ့်ကျခြင်း မရှိကြောင်း ချက်ခြင်း နားလည် လိုက်သည်။
သို့သော် ရုပ်သေး ဆိုသည်မှာ၊ သက်မဲ့ တစ်ခု မျှသာ ဖြစ်ချေသည်။ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန်၏ သေစေ နိုင်သော ဆုံမှတ်များ ဆီသို့၊ လှံချက် ပေါင်း များစွာ၊ ထိုးသွင်း လာခဲ့၏။
ထိုတိုက်ခိုက်မှု များကို ရင်ဆိုင်ရန်၊ လင်းယွန် တစ်ယောက် ချက်ချင်း နောက်ပြန် ဆုတ်ပေး လိုက် ရသည်။
ထပ်မံ ဆုတ်ခွာရန်၊ နေရာ မရှိ တော့သည့် အခါတွင်၊ မျက်လုံးများ စူးရှစွာ တောက်ပ လာပြီး၊
“ မင်းကို အနိုင် ယူဖို့ အချိန် တန်ပြီ။ ”
-ဟု ဆိုလိုက်၏။
ရုပ်သေး၏ လှံနည်း စနစ်တွင်၊ ချို့ယွင်း ချက်အား ရှာတွေ့ လာပြီ ဖြစ်ရာ၊ လှံရှည်အား ရုတ်ချည်း လှမ်းဆွဲ လိုက်သည်။
ရုပ်သေးက လှံကို ယမ်းခါလျက်၊ ရုန်းထွက် လိုက်သော်လည်း၊ လင်းယွန်၏ ဆုပ်ကိုင် မှုမှ မလွတ်မြောက် ခဲ့ချေ။
“ ဒါက ငါ့ရဲ့ ခွန်အား၊ အကုန် မဟုတ် သေးဘူး။ ”
လင်းယွန်က ဓားသုတ္တန်အား၊ ဖြန့်ကျက် လိုက်ပြီး၊ လှံကို ရုပ်သေးရုပ် ဆီမှ ဆွဲယူကာ၊ ပြန်လည် ထိုးသွင်း ပစ်၏။
“ ဖယ် ... ။ ”
လှံရှည်က ရုပ်သေး ရင်ဘတ်အား၊ ဖောက်ထွက် သွားသည်။ ချပ်ဝတ်မှာ၊ မာကေျာပုံ ရသော်လည်း၊ ရှန်ရှင်း ဓားဖြင့် အားဖြည့် ထားသော လှံကို မဟန့်တား နိုင် ခဲ့ချေ။
ရင်ဘက် ပေါ်ရှိ ကြီးမား လှသော အပေါက် ကြီးကြောင့်၊ မြေပြင်ပေါ် ဒူးထောက်ကာ ပြုတ်ကျ သွားသည်။
“ ဒါက မခက် ပါလား။ ”
လှံကို ကောက်ယူ စစ်ဆေး ပြီးနောက်၊ ခေါင်းညိတ်ကာ ရေရွတ် လိုက်သည်။ ဤလှံမှာ ရှေးဟောင်း လက်ရာ တစ်ခု ဖြစ်ရ ပေမည်။
ပန်းသင်္ချိုင်း ဓားကို ယခု အချိန်၌၊ အသုံး ပြုနိုင်ခြင်း မရှိ သေးသည် ဖြစ်ရာ၊ သည်လှံအား အစားထိုး အသုံးပြု နိုင်ချေသည်။
ဤစမ်းသပ် မှုတွင် စိန်ခေါ်မှု မရှိ သော်လည်း၊ လူ အများမှာ အဘယ်ကြောင့် ညည်းညူ ကျရှုံးခဲ့ ကြသည်ကို၊ နားမလည် နိုင် တော့ချေ။
“ အား ... ၊ သူ့ ချပ်ဝတ်က အရမ်း မာတယ်။ ”
“ ဒါက ငါ့ထက် ပိုမြင့်တဲ့ ကျင့်ကြံမှု ရှိ နေတာ ပဲ။ ”
“ ဂူထဲကို ဝင်ဖို့ ငါ့မှာ၊ တကယ် အရည် အချင်း မရှိ ဖူးပဲ။ ”
အဆိုပါ အဟန့် အတားမှာ၊ တိမ်နဂါးများ အတွက်၊ စာဖွဲ့ဖွယ် မရှိ သော်လည်း၊ လူ အများ စုမှာ စမ်းသပ် မှုကို၊ အောင်မြင်ခြင်း မရှိ ကြချေ။
ထို့ကြောင့် ပထမ စစ်ဆေးမှု ပြီးဆုံး ချိန်၌၊ လူတစ်ဝက် နီးပါး ဖယ်ရှားခြင်း ခံခဲ့ ရ၏။
၎င်း ဖယ်ရှားခြင်း ခံရ သူ များကို မြောက်ပင်လယ် နယ်နိမိတ် အစပ် ဆီသို့၊ တိုက်ရိုက် ပို့ဆောင် ပေးခဲ့သည်။
“ အင်ပါရီယန် တံဆိပ် ပွင့်သွားပြီ ထင်တယ်။ ”
“ နောက်ဆုံးတော့ စမ်းသပ်မှု စတင် လာပြီပေါ့။ ”
“ ဒါက အင်ပါရီယန် သင်္ချိုင်းမှာ၊ သန်မာတဲ့ သူတွေသာ အခွင့်အရေး ရှိတယ်လို့၊ ဆိုလို တာပဲ မဟုတ်လား။ ”
“ နောက်ဆုံး ဘယ်သူက ရယ်မော နိုင်သူ ဖြစ် မလဲလို့ တွေးမိတယ်၊ ဒါက သန်မာ သူတွေ ကြီးစိုးရာ ပွဲပဲ။ ”
“ ဒါက ပြောစရာ မလို ပါဘူး၊ ပြင်ပ အဆင့်မှာ ထိပ်ဆုံး ဆယ်ဦးပဲ၊ အရည် အချင်း ပြည့်မှီတယ် ဆိုတာ လူတိုင်း သိနေ တာပဲ။ ”
စမ်းသပ်မှု မအောင်မြင် သူများကို ကြည့်ပြီး၊ အပြင်၌ စောင့်မျှော် နေကြသော၊ အကြီးအကဲ များမှာ စိတ်လှုပ်ရှား လာ ကြ၏။
တစ်ချက် ကြည့် ရုံဖြင့်၊ အဖြစ် အပျက် များကို အကြမ်းဖျင်း တွေးယူ နိုင်သည်။
ပထမ စမ်းသပ် မှုကို အောင်မြင်ပြီး နောက်တွင်၊ နေရာ အနှံ့ ရှာဖွေ ခဲ့ သော်လည်း၊ မည်သည့် ရတနာ ကိုမျှ မတွေ့ ရတော့ချေ။
သာမန် ဆေးလုံး များမှာ၊ အခြား သူများ အတွက် တန်ဖိုး ရှိနိုင် သော်လည်း၊ သူ့ အတွက် အသုံး မဝင် သည်မှာ ရှင်း ချေ၏။
တုန့်ဆိုင်းခြင်း မရှိဘဲ၊ ဒုတိယ အဆင့်သို့ တိုက်ရိုက် လှမ်း သွားမိသည်။ ဒုတိယ အဆင့် ရောက်သော အခါ၊ ငွေရောင် ရုပ်သေး နှစ်ရုပ် ထွက်ပေါ် လာ၏။
သူတို့၏ ကျင့်ကြံ မှုမှာ၊ ပထမ ရုပ်သေးနှင့် အဆင့် တူ၌ ရှိသော်လည်း၊ ချပ်ဝတ်တွင် ဝိညာဉ် ရေးရာ ရူရ်များ၊ တောက်ပ နေ လေသည်။
“ အခုတော့ ခက်ပြီ ... ။ ”
သံချပ်ကာ ချပ်ဝတ် များမှာ၊ စကြာဝဠာ လက်ရာများ ဖြစ်ကြောင်း၊ သူ ပြော နိုင်၏။
ဒုတိယ စမ်းသပ်မှု ဖြင့်ပင်၊ ဤမျှ ခက်ခဲ နေပြီ ဖြစ်ရာ၊ နဝမမြောက် အဆင့် စစ်ဆေး မှုမှာ၊ မည်မျှ ခက်ခဲ မည်ကို စိတ်ကူး မယဉ်နိုင် တော့ချေေ။
***